ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၂ ရက် ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၂၂ ရက် ၂၀၂၄) −
Quad ထိပ်သီးအစည်းအဝေး ကန်သမ္မတ မွေးရပ်မြေမှာကျင်းပ၊ ဦးကျော်မိုးထွန်းကို ကုလမှာ ကိုယ်စားပြုမှု သက်တမ်းတိုးရေး တောင်းဆို၊ ရာဂီမုန်တိုင်း ရေဘေး ၃၈၀ ကျော်သေဆုံးတဲ့ သတင်းတွေနဲ့အတူ အပတ်စဥ်အစီအစဉ်တွေ တင်ပြထားပါတယ်။
ဦးကျော်မိုးထွန်း ကုလ- မြန်မာကိုယ်စားပြု သက်တမ်းတိုးရေး တောင်းဆို
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို သံအမတ်ကြီးအဖြစ် နောက်တနှစ်သက်တမ်းတိုးဖို့မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီကနေ့ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ စုဝေးဆန္ဒပြကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပိုမို နားလည် သိရှိဖို့နဲ့ မြန်မာစစ်တပ်ကို ပိုပြီးထိရောက်တဲ့ ဖိအားတွေ ပေးနိုင်ဖို့အတွက် သံအမတ်ကြီးကို ဆက်လက်အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ပြောဆိုကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ မခင်ဖြူထွေး နယူးယောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
အာရှနိုင်ငံရေး
တရုတ်လေယဉ်တင်သင်္ဘောဂျပန်အချုပ်အခြာရေပိုင်နက်ထဲဝင်ရောက်ခဲ့တဲ့အတွက်ဂျပန်ကကန့်ကွက်ပါတယ်ထိုင်ဝမ်ကိုစစ်လက်နက်ရောင်းတဲ့အတွက်ဆိုကာအမေရိကန်ကုမ္ပဏီတချို့ကိုတရုတ်ကဒဏ်ခတ်လိုက်ပါတယ်တရုတ်မှာဂျပန်ကလေးငယ်တဦးသေဆုံးပြီးနောက်ဂျပန်နိုင်ငံသားတွေသတိနဲ့နေကြဖို့ဂျပန်အစိုးရကသတိပေးပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ နောက်တနှစ် ဆက်ပြီး ကိုယ်စားပြုခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုတဝန်းက မြန်မာတွေ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်အနီးမှာ စုဝေး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
အားကစားနဲ့ စိတ်ဒဏ်ရာတွေ ကုစားမယ်
စစ်ပွဲပဋိပက္ခတွေကြောင့် စိတ်ဒဏ်ရာမျိုးစုံ ရထားကြတဲ့ ကလေးငယ်တွေအတွက် အားကစားနဲ့ စိတ်ဒဏ်တွေ ပြေလျော့အောင် ကုစားပေးနေတဲ့ မဲဆောက်အိမ်အကြောင်း Frontier Myanmar ရဲ့ ဒို့အသံ အစီအစဉ်မှာ တင်ပြထားပါတယ်။
သတင်းမှား သတင်းတု အန္တရာယ်
ပုံဖျက်ထားတဲ့သတင်း အန္တရာယ်နဲ့ ပတ်သက်လို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ် ကို ဦးတင်မောင်သန်း မေးမြန်းတင်ပြထားပါတယ်။
နျူးကလီးယား လက်နက်ပပျောက်ရေး
လူသားတွေအပါအဝင် သက်ရှိအားလုံးအတွက် အန္တရာယ်ကြီးလှတဲ့ နျူးကလီးယားလက်နက်တွေ ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိနေပါပြီလဲ။ ဒီလိုလက်နက်တွေ လျော့နည်းပပျောက်သွားအောင် ဘယ်လို ကြိုးပမ်းနေကြသလဲဆိုတာနဲ့ ပတ်သက်လို့ မညိုညိုလွင်က သတင်းတွေထဲက သုတမှာ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၁၊ ၂၀၂၄
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၁၊ ၂၀၂၄
ကုလသမဂ္ဂ အထွေထွေညီလာခံ အချိန်ကိုက် အမေရိကန်နဲ့ ဗြိတိန်မှာ မြန်မာတွေဆန္ဒပြ၊ မန္တလေးတိုင်းမှာ တိုက်ပွဲတွေဖြစ်၊ မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက် လုံခြုံရေးတိုးထား၊ အစ္စရေးတိုက်ခိုက်မှု Hezbollah ခေါင်းဆောင် ၂ ယောက်သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း (စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၄)
မြန်မာနိုင်ငံအနှံ့ ရေဘေးလိုအပ်တဲ့နေရာများ အကူအညီ ရောက်ရှိဖို့လိုအပ်၊ ကိုးကန့်တပ် MNDAA က NUG နဲ့ မပူးပေါင်းဟု ကြေညာ၊ စသည် တပတ်အတွင်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေ၊ ကိုးကန့်တပ်ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ဖိအားနဲ့ရင်ဆိုင်နေပုံရဟု အကဲခတ်ပြောကြား မေးမြန်းခန်းနဲ့ လယ်ယာစီးပွားသတင်းတွေကို ၂၀၂၄၊ စက်တင်ဘာ ၂၁ ရက်၊ စနေနေ့ ဗွီအိုအေတပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ NUG နဲ့ မကင်းနိုင်ဟု နိုင်ငံရေးအကဲခတ်သုံးသပ် "မေးမြန်းခန်း"
MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်သဘောကျ NUG၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းကင်းနေမယ်ပြောပေမဲ့ လက်တွေ့လုံးဝ အဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိုင်ဘဲ စစ်ရေးဗျူဟာ သေချာစဉ်းစားဖို့လိုတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာဆိုင်ရာအကြံပေး Thomas Keanက ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။
ရေဘေးသင့် မိုးစပါးနဲ့ ယာခင်းများ ပြန်ထူထောင်ရန်ခက် “လယ်ယာစီးပွားသတင်း”
ယာဂီ မုန်တိုင်းဒဏ်ကြောင့် မိုးစပါးစိုက်ခင်းတွေအပါအဝင် ယာသီးနှံဧကပေါင်း သိန်းချီပြီး ရေလွှမ်းမိုးခံရလို့ ပျက်ဆီးကုန်တာကြောင့် ပြန်လည်ထူ ထောင်ဖို့ ခက်ခဲသွားပြီလို့ တောင်သူတွေက ပြောပါတယ်။ တပတ်အတွင်း သီးနှံဈေးနှုန်းအပါအဝင် လယ်ယာစီးပွားသတင်းတွေကို စုစည်းပြီး Farmer Times Media က တင်ဆက်ပေးထားပါတယ်။
မြန်မာရေဘေး ထပ်ကြုံရနိုင် “တပတ်အတွင်းသတင်း”
မြန်မာနိုင်ငံနောက်ထပ် မိုးသက်လေပြင်းအန္တရာယ် ရှိ၊ ရေဘေးအကူအညီပေးရေး ခက်ခဲမှု စစ်ကောင်စီချောမွေ့အောင် စီစဉ်ဖို့ ကန်တောင်းဆို၊ MNDAA ကိုးကန့်တပ်ဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဖို့မရှိဟုပြောဆိုစသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာ့အရေးနိုးဆော်သူ ဒေါ်မီမီဝင်းဘတ်ကို East-West Center ဂုဏ်ပြု
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေး ကြိုးပမ်းဆောင်ရွက်နေသူ ဒေါ်မီမီဝင်းဘတ်ကို အမေရိကန်အခြေစိုက် East-West Center အဖွဲ့ကြီးက စက်တင်ဘာလ ၈ ရက်နေ့က ဂုဏ်ပြုခဲ့ပါတယ်။ ဒီအကြောင်း အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
သုတပဒေသာ အင်္ဂလိပ်စာ
"made of " vs "made from" ဘယ်လိုကွာခြားသလဲ။ "made with" vs "made out of" ဘယ်လိုခွဲခြားမလဲ။
VOA အင်္ဂလိပ်စာအစီအစဉ်တွေကို burmese.voanews.com နဲ့ VOA Burmese News အင်တာနက်စာမျက်နှာတွေမှာ လေ့လာနိုင်ပါတယ်။
"made with" vs "made out of" 45s
သုတပဒေသာ အင်္ဂလိပ်စာ
#EnglishinGeneral #VOABurmese #PhrasalMade #MyaThazinAung
မြန်မာ့အရေး ကုလ ပိုထိရောက်အောင်လုပ်ဆောင်ဖို့လိုအပ် (သံအမတ်ကြီးဦးကျော်မိုးထွန်း)
ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် သူ့ကို နောက်တနှစ် ဆက်ပြီး အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အခုထက်ပိုပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေး ဆောင်ရွက်ဖို့ လိုအပ်သလို ဒီအတွက် တွန်းအားပေး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ နယူးယောက်မြို့က မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မခင်ဖြူထွေးက တွေ့ဆုံ မေးမြန်းထားပါတယ်။
Springfield ဟေးရှန်း အသိုင်းအဝိုင်း ထိတ်လန့်တုန်လှုပ်
*Springfield ဟေးရှန်း အသိုင်းအဝိုင်း ထိတ်လန့်တုန်လှုပ်*
အိုဟိုင်းယိုးပြည်နယ် Springfield မြို့မှာ နေထိုင်တဲ့ ဟေတီနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတွေဟာ ဒေသခံ အမေရိကန်တွေရဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်တွေ၊ ခွေးတွေကို စားတယ်လို့ ရီပတ်ဘလစ် သမ္မတလောင်း Donald Trump နဲ့ ဒုသမ္မတလောင်း JD Vance တို့က စွပ်စွဲ ပြောကြားလိုက်တာကြောင့် ဒေသခံတွအပေါ် ဘယ်လောက်ထိရိုက်ခတ်ခဲ့ပါလဲ။ ဗုံးဖေါက်ခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြားက ကျောင်းတွေ ဖွင့်နိုင်အောင် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဘယ်လို ကိုင်တွယ််နေပါလဲ။ သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
#americana #2024Election
******************************
အိုဟိုင်းယိုးပြည်နယ် Springfield မြို့မှာ ဟေတီနိုင်ငံက လာရောက် အခြေချနေထိုင်ကြသူတွေဟာ ခုအခါမှာ အသက်ဘေးအန္တရယ်အတွက် စိုးရိမ်နေကြရပါတယ်။ ရီပတ်ဘလစ်ကန် ဒုသမ္မတလောင်း JD Vance က ဟေတီ
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ သတင်းယူဖို့ ရောက်နေတဲ့ မခင်ဖြူထွေးက ဒီနှစ် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ကမ္ဘာ့အရေး မြန်မာ့အရေး ဘာတွေဆွေးနွေးကြဖို့ ရှိသလဲဆိုတာ သတင်းပေးပို့ထားပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ တိုက်ရိုက်သတင်းပေးပို့ချက်
ဒီနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ ဆုံတွေ့ကြတဲ့အခါ နိုင်ငံတကာ အရေးနဲ ပတ်သက်လို့ ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေး ဆွေးနွေးကြဖို့ ရှိနေပါလဲ။ ဘယ်လိုအကြောင်းအရာတွေက အဓိကလွှမ်းမိုးနိုင်ဖွယ် ရှိပါလဲ။ နယူးယောက်မြို့ ကုလဌာနချုပ်မှာ ရောက်နေတဲ့ မခင်ဖြူထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၀၊ ၂၀၂၄
ဗွီအိုအေ မြန်မာညချမ်း၊ စက်တင်ဘာ ၂၀၊ ၂၀၂၄
မြန်မာ့အရေးပါဝင်မယ့် ကုလအထွေထွေညီလာခံ၊ ရေဘေးအကူအညီချောမွေ့စေဖို့ မြန်မာအာဏာပိုင်တွေကို အမေရိကန်တောင်းဆို၊ ရန်ကုန်မှာ လူငယ်တွေ လျှပ်တပြက်ဆန္ဒပြ၊ အစ္စရေးနဲ့ Hezbollah အပြန်အလှန် တိုက်ခိုက် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။