စာလွှာ-Sar Hlwar

စာလွှာ-Sar Hlwar ပြည်သူနဲ့ အမြဲရှိနေမှာ စာလွှာ..

ကောလင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်များ NUG ရဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့  ဆက်သွယ် ပူးပေါင်းဖို့ ဖိတ်ခေါ်အများပြည်...
19/11/2023

ကောလင်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကဘဏ်များ NUG ရဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်သွယ် ပူးပေါင်းဖို့ ဖိတ်ခေါ်

အများပြည်သူ ပိုင်ဆိုင်မှုများ မဆုံးရှုံးစေဖို့ ဝင်ရောက် စစ်ဆေးမည်

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ထဲက ပုဂ္ဂလိက ဘဏ်များအပေါ် လုံခြုံရေးစောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ဆေးမှာ ဖြစ်လို့ ဘဏ်တာဝန်ရှိသူများ ဆက်သွယ်ကြဖို့ NUG ၏ပြည်ထဲရေးဝန်ကြီးဌာန၊ ခရိုင်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။

ကောလင်းမြို့အတွင်း လတ်တလော ကမ္ဘောဇဘဏ်၊ ဧရာ၀တီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တို့ လတ်တလော မှာ တိုက်ပွဲတွေကြောင့် ပိတ်သိမ်းထားခဲ့ရတာပါ။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုး သား ညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီဖြစ်ပါတယ်

ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုအတွက် ငွေ ကြေး ဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဘဏ်များ၏ လုံခြုံရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် အများ ပြည် သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟို ဘဏ်၏ ကြေညာချက်အမှတ်(၁/၂၀၂၃) နှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- ကောလင်းမြို့တွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကဘဏ်များ

လက်နက်ချ အညံ့ခံရန်ပြောသော်လည်း မချသည့် ဒုံးညိုစခန်းကို (၂၇)နာရီအတွင်း AA တိုက်ခိုက်သိမ်းပိုက်ရခိုင်ပြည်၊ မောင်တောမြို့နယ...
17/11/2023

လက်နက်ချ အညံ့ခံရန်ပြောသော်လည်း မချသည့် ဒုံးညိုစခန်းကို (၂၇)နာရီအတွင်း AA တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင််စီ လက်အောက်ခံ ဒုံးညိုနယ်ခြားစောင့် တပ်စခန်းကို ယနေ့နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ဒုံးညိုစခန်းကို မတိုက်ခိုက်မီ ရက္ခိုင့်တပ်တော် (AA)ဘက်မှ လက်နက်ချ အညံ့ခံရန် ပြောကြားခဲ့သော်လည်း မလိုက်နာသည့်အတွက် နိုဝင်ဘာ (၁၆)ရက်နေ့ ၊ နံနက် (၁၀)နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ထိုတိုက်ပွဲ စတင်ပြီး မကြာခင်အချိန်အတွင်း မိုးများသည်းထန်စွာ ရွာသွန်းခြင်း၊ ရန်သူ့ လက်နက်ကြီးများ ပစ်ကူခြင်း၊ လေကြောင်းပစ်ကူများ စစ်ကောင်စီဘက်မှ စစ်ကူပေးနေသည့်ကြား၌ပင် တိုက်ပွဲဆက်လက်ဖော်ဆောင်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AA ထုတ်ပြန်ချက်က ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ သုံ့ပန်း (၁၈)ဦး ၊ လက်နက်အလက် (၄၀)နှင့်အတူ စစ်အသုံးအဆောင်အမြောက်အမြား သိမ်းဆည်းရမိကာ ရက္ခိုင့်တပ်တော် (AA)ဘက်မှလည်း အထိအခိုက် အကျအဆုံးရှိခဲ့ပြီး အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိခဲ့ချေ။

နိုဝင်ဘာ (၁၆) ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA)မှ ပေါက်တောမြို့မ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးအချို့နှင့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများသိမ်းပိုက်နိုင်ခဲ့သည်။

လင်းနွေဦး

ဓာတ်ပုံ- AA Info Desk

နောင်ချိုမြို့နယ်တိုက်ပွဲကြား  ဗိုက်ခွဲ ကလေးမွေးမိခင် အကူအညီလိုအပ်စိုင်းဟန်လင်း၊ ၂၀၂၃ နိုဝင်ဘာလ ၁၇ ရက် သျှမ်းပြည် နောင်ခ...
17/11/2023

နောင်ချိုမြို့နယ်တိုက်ပွဲကြား ဗိုက်ခွဲ ကလေးမွေးမိခင် အကူအညီလိုအပ်

စိုင်းဟန်လင်း၊ ၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်

သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ခွဲစိတ်မွေးဖွားစ မိခင်၏ ဒဏ်ရာပိုးဝင်မှုကြောင့် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ခွဲစိတ်မွေးဖွားစ မိခင်သည် အသက် ၂၉နှစ်အရွယ်သာရှိပြီး တိုက်ပွဲမဖြစ်ခင် ရက် ၂၀တွင် ကလေးကို ဗိုက်ခွဲပြီးမွေးဖွားခဲ့ရသူတစ်ဦးဖြစ်သည်။

ထိုမွေးဖွားပြီးနောက်ပိုင်း အောက်တိုဘာ ၂၀ရက်တွင် သူမနေထိုင်သည့် နောင်ချိုမြို့နယ်အတွင်းတိုက်ပွဲ ဖြစ်ပွားကာ ထွက်မပြေးနိုင်ဘဲ ၎င်းတို့နေအိမ်အတွင်း ပုန်းခိုနေစဉ် လက်နက်ကိုင်တပ်စွဲ့တစ်ခုမှ ဝင်ရောက်တွေ့ရှိသွားပြီး အဆိုပါနေအိမ်မှ ထွက်ခွာသွားရန် ဖိအားပေးခဲ့သည်။

ထိုနေအိမ်မှ ထွက်မသွားပါက သေနတ်ဖြင့် ပစ်ခတ်မည်ဟု ဆိုကာ ခြိမ်းခြောက်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်
လာခဲ့ရကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

သူကရွာထဲမှာ ဒီလိုလိုနေနေတာ။ သူများတွေလိုလည်း မပြေးနိုင်ဘူး။ ကလေးလည်း ငယ်သေးတယ်၊ ဒဏ်ရာလည်း ဖြစ်တယ်ဆိုတော့ ရွာထဲမှာနေနေတဲ့အချိန် စစ်သားတွေ ထွက်ဖို့လာပြောတာပေါ့။ နင်တို့မပြေးရင် ပစ်မယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီးပြောတော့ ထွက်ပြေးလာရတာ ဟု ၎င်းကိုသွားရောက် ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုအချိန်တွင် ဗိုက်ခွဲကလေးမွေးဖွားရသည့် ဒဏ်ရာက မကျက်သးပေ။ ထိုဒဏ်ရာမကျက်ဘဲ ထွက်ပြေးတိမ်းရှောင် လာရသဖြင့် ချုပ်ထားသော ချုပ်ရိုးဖြည်သွားပြီး ပိုးဝင်သဖြင့် ဆေးကုသေနေရကြောင်း၊ ၎င်း၏ မွေးကင်းစ ကလေးငယ်လည်း အသားဝါ ဖြစ်နေကြောင်း သွားရောက်ကူညီသူက ရှင်းပြသည်။

မွေးပြီးတဲ့ ၂၀ ရက်နေ့ ကျော်တဲ့အချိန်က သူတို့ရွာမှာ တိုက်ပွဲဖြစ်တယ်။ ပြေးလွှားရင်းနဲ့ ချုပ်ရိုးက အကုန်ပြန် ဖြေသွားတာ။ သူတို့စစ်ရှောင်ဆိုတော့ စစ်ရှောင်စခန်းမှာလည်း သွားနေသေးတယ်။ သွားနေတဲ့အချိန်မှာ ဂရုမစိုက်မိတော့ အထဲမှာ ပိုးနည်းနည်းဝင်သွားတယ်။ ပစ္စည်းတွေ၊ ဘာတွေက သယ်သေးတယ်။ သူ့က ကလေးကလည်း အသားဝါ နည်းနည်းဝင်နေတယ်။ သူ့အမေကိုတော့ ဒဏ်ရာကိုမနေ့က ပြန်ချုပ်ထားတယ် ဟု သွားရောက်ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် (နိုဝင်ဘာလ ၁၅ ရက်)တွင်လည်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသည် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် မိသားဝင် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေးငယ် ၁ ဦးနှင့် မိခြင်ဖြစ်သူတို့ ၂ ဦးထိခိုက် ဒဏ်ရာရရှိသည်။

လက်ရှိ နောင်ချိုမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ရှောင် စုစုပေါင်း ၂ ထောင်မှ ၃ ထောင်အထိ ရှိနေသည်။


#စစ်ကောင်စီ #အမျိုးသမီး #တိုက်ပွဲ #နောင်ချို

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁...
17/11/2023

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် အပါအဝင် လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ပြည်သူ ၁၃ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သူများမှာ လက်ဖက်ဆိုင်ပိုင်ရှင် ဦးအေး၊ ဒေါ် နီနီထွန်း ၊ ဦးဟန်ဝင်းထွန်း၊ ဦးမြင့်သူထွန်း၊ ဦးအောင်သူ၊ ဦးထက်ကြီး၊ ဦးမောင်နိုင်၊ ဒေါ်ဝင်းစိန်နှင့် ကျန် ၅ ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

" စစ်ခွေးတွေ ပစ်သတ်သွားတဲ့ ပြည်သူ ၈ ဦးအမည်တွေတော့ သိရပြီ ကျန်တဲ့ ၅ ဦးက ဒီနယ်က မဟုတ်ဘဲ အလုပ်လာလုပ်သူတွေလို့လည်း သိရတယ်။ အမည်တွေတော့ မသိရသေးဘူး။ ရုပ်အလောင်းတွေလည်း အခုထိ မကောက်ရသေးဘူး။ အဲရွာနားမှာ စစ်ခွေး ကင်းပုန်းတွေနဲ့ စစ်ကြောင်းရှိနေသေးတယ်လို့ သိရတယ်" ဟု မတ္တရာမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်း ၁ ခုကို ဒေသကာကွယ်ရေး အဖွဲ့များ နှင့် ပူပေါင်းတပ်ဖွဲ့ များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကူလာရောက်သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အောင်ကန်သာကျေးရွာ အရောက်၌ လက်ဖက်ရည်ဆိုင် ထိုင်နေသော ပြည်သူ ၁၃ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူမဆန်စွာ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှု အတွက် များစွာ အံ့ဩတုန်လှုပ်မိကြောင်းနှင့် ယခုဖြစ်စဉ်အား အကြမ်းဖက် စစ်ကောင်စီမှ တာဝန်ခံရမည် ဖြစ်ကြောင်း မတ္တရာ ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ရက်စက် ယုတ်မာသော စကစ စစ်ကြောင်းများနှင့် ရှောင်ရှား သတိပြုနေထိုင်ကြပါရန် မတ္တရာ ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ဝင်လမ်းပဲရှိတယ်၊ထွက်လမ်းမရှိတဲ့ ကျားခြံကုမ္မဏီရဲ့ သွားရာလမ်း၁၄ထပ် အမြင့်ရှိပြီး တိုက်တစ်ခုလုံးအနီရောင်ဆိုးထားတဲ့ အဲဒီတို...
17/11/2023

ဝင်လမ်းပဲရှိတယ်၊ထွက်လမ်းမရှိတဲ့ ကျားခြံကုမ္မဏီရဲ့ သွားရာလမ်း

၁၄ထပ် အမြင့်ရှိပြီး တိုက်တစ်ခုလုံးအနီရောင်ဆိုးထားတဲ့ အဲဒီတိုက်ကြီးဟာ လောက်ကိုင်မြို့အဝင် ဘယ်ဘက်ခြမ်းမှာ ဟိန်းဟိန်းကြီး တည်ရှိနေပါတယ်။

အဲတိုက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပြီး တရုတ်လို ဝေါ်ဖူစန်ကျွမ် မြန်မာအခေါ်ဝေါ်ကတော့ ကျားခြံကုမ္မဏီ ဖြစ်ပါတယ်။

ကျားခြံလို့ အမည်ခေါ်ရခြင်းဟာ အဲတိုက်ထဲမှာ ကျားတွေမွေးမြူထားတဲ့အတွက်ကြောင့် ဖြစ်ပြီး ကျားနဲ့ဆော့ကစားတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်ပေါ်မကြာခဏပြန်နှံ့ခဲ့ဖူးပါတယ်။

အဲတိုက်ထဲမှာ တရုတ်နဲ့မြန်မာနိုင်ငံသားတွေ လူပေါင်းထောင်သောင်းချီ ကျားဖြန်လုပ်ငန်းမှာအတင်းအဓမ္မလုပ်ခိုင်းစေပြီး အနှိပ်စက်ခံ၊ အသတ်ဖြတ်ခံနေရတာဟာ စစ်ကောင်စီအာဏာသိမ်းစဉ်ကတည်းက စတင်ဖြစ်ပွားနေခဲ့တာပါ။

အခြားသော ကျားဖြန်ကုမ္မဏီတွေဟာ လုပ်ငန်းကို တိုးတိုးတိတ်တိတ်လုပ်ကြပေမယ့် ကျားခြံကတော့ ကုမ္မဏီကို ပေါ်ပေါ်တင်တင်ဖွင့်လှစ်ထားပြီး ကိုးကန့်ဒေသမှာ အကြီးဆုံးသော ကျားဖြန်ကုမ္မဏီလည်း ဖြစ်ပါတယ်။

မြီရှောက်ချန်းခေါ် မြီကျားအုပ်စု ကျားဖြန်လုပ်ငန်းအစ

လောက်ကိုင်မှာ လုပ်ငန်းကြီးလုပ်ကိုင်နေတဲ့ တရုတ်အုပ်စု ၄စုရှိပြီး မြီရှောက်ချန်းမိသားစုဝင် အုပ်စုကို မြီကျားလို့ ခေါ်ဝေါ်ပါတယ်။ မြီကျားကို ဦးဆောင်တဲ့ ဦးမြီရှောက်ချန်းဟာ လွန်ခဲ့တဲ့ ၂ဝ၂ဝ ရွှေးကောက်ပွဲမှာ ကြံ့ဖွတ်အမတ်အဖြစ် ရှမ်းပြည်နယ်လွှတ်တော်မှာ လောက်ကိုင်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဦးမြီရှောက်ချန်းဟာ ဒုတိယအကြိမ်ရွှေးကောက်ပွဲမှာ နိုင်ငံရေးကနေ ခပ်ခွာခွာနေခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်လာခဲ့ပါတယ်။

စီးပွားရေးမှာ ပါဝါရှိလာဖို့အတွက် သားကြီးဖြစ်သူ မီကော်ဖျင်ကို နယ်ခြားစောင့်တပ်ထဲမှာ ထည့်သွင်းခဲ့ပြီး နောက်ထပ်သားအငယ်ဖြစ်သူ မြီကိုအန်ကိုလည်း လောက်ကိုင် ရဲတပ်ဖွဲ့ထဲမှာ အပွင့်၃ပွင့်ရှိသူဖြစ်လာစေခဲ့ပါတယ်။

မြီကျားအုပ်စုလုပ်ငန်းမူလအစမှာ ပါစင်ကျော်မှာ စတင်ခဲ့ပြီး အဲတုန်းက လောင်းကစားမျိုးစုံနဲ့ အွန်လိုင်းလောင်းကစားတွေကို အဓိက လုပ်ကိုင်ခဲ့ပါတယ်။ (ပါစင်ကျော်ရှိ မြီကျားအုပ်စုပိုင် တိုက်ကို မဟာမိတ်တပ်ဖွဲ့က ဖြိုချလိုက်ပြီဖြစ်ပါတယ်) ဆရာဖြစ်သူ ပယ်ကျားခေါ် ပြည်သူ့စစ်ခေါင်းဆောင် ဦးပယ်ရှောက်ချိန်ရဲ့ ပါဝါနဲ့ သူ့ရဲ့ပါဝါအာဏာဟာ တဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။

၂ဝ၂ဝခုနှစ်မှာတော့ ကျားဖြန်လုပ်ငန်းတွင်ကျယ်နေတဲ့ ကမ္ဘောဒီးယားကို တရုတ်ဖိအားပေးပြီးနောက် တိမ်းရှောင်လာကြတဲ့ ကျားဖြန်ပညာရှင်တွေကို မြီကျားအုပ်စုက အပိုင်စီးထားနိုင်ခဲ့ပါတယ်။ အဲတုန်းကတော့ တရုတ်နိုင်ငံသားတွေကို အဓိကပစ်မှတ်ထားတဲ့ ကျားဖြန်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်မလုပ်သေးဘဲ လောင်းကစားကိုသာ အဓိက လုပ်ကိုင်ခဲ့ပါတယ်။

လုပ်ငန်းအားလုံးကို သားအငယ်ဖြစ်သူ ကိုးကန့်ရဲအရာရှိလည်းဖြစ်တဲ့ မြီကိုအန် ကို ဦးဆောင်စေခဲ့ပါတယ်။ ၂ဝ၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ သားအကြီးဖြစ်သူ မြီကော်ဖျင်ကို လုပ်ငန်းပြန်လည်ဦးစီးစေပြီး ကျားဖြန်လုပ်ငန်းဖြစ်တဲ့ ကျားခြံကုမ္မဏီကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာပါတယ်။

အဲဒီနောက်ပိုင်းမှာပဲ တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားတဲ့ သူတို့ရဲ့ ကျားဖြန်လုပ်ငန်းဟာ လုပ်သားအဖြစ် တရုတ်နိုင်ငံသားအလုပ်သမားတွေရဖို့ နည်းအမျိုးမျိုးနဲ့ စတင်ကြံဖန်လာပြီး နာမည်ဆိုးစထွက်လာခဲ့ပါတယ်။

ဝင်လမ်းပဲ ရှိတယ်။ ထွက်လမ်းမရှိဘူး တရုတ်ရာဇဝင်

လောက်ကိုင်မှာ တရုတ်နိုင်ငံသားတွေအတွက် ရာဇဝင်တစ်ခုရှိပါတယ်။ အဲတာကတော့ မြီကျားပိုင်ဆိုင်တဲ့ ဝေါ်ဖူစန်ကျွမ်ခေါ် ကျားခြံကုမ္မဏီဟာ တရုတါလူမျိုးတွေအတွက် ဝင်လမ်းပဲ ရှိတယ်။ ထွက်လမ်းမရှိဘူး ဆိုတဲ့ ရာဇဝင်ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် ပါဝါနဲ့အာဏာကြီးမားလာတဲ့ ကျားခြံကုမ္မဏီဟာ လူကုန်ကူးပြီး ရောက်ရှိလာကြတဲ့ တရုတ်နိုင်ငံသား ထောင်နဲ့ချီကို တိုက်ပိတ်၊နှိပ်စက်၊သတ်ဖြတ်တာတွေဟာ သတင်းပြန့်နှံ့ခဲ့ပြီး တရုတ်က စပြီးခြေရာခံခဲ့ပါတယ်။

အဲထဲမှာ မြန်မာနိုင်ငံသားအများအပြားလည်း ပါဝင်ပြီး မြန်မာနိုင်ငံသားတွေကတော့ ပြန်လွတ်နိုင်သူတွေ ရှိခဲ့ပါတယ်။

ပွဲစားကနေတစ်ဆင့် အဲကျားခြံကုမ္မဏီထဲကို ယွမ်ငွေ ၁၅ဝဝဝနဲ့ ရောင်းစားခံရသူတွေ အများအပြားရှိနေပြီး အဲထဲကနေ ပြန်လွတ်လာဖို့ အပြင်က အဆက်အသွယ်နဲ့ ရဲစခန်းမှာ အမှုဖွင့်ပါတယ်။ အမှုဖွင့်ပြီးနောက် အဲဒီရောင်းစားခံရတဲ့ ယွမ်၁၅ဝဝဝနဲ့ ကုမ္မဏီကို ပြန်လျှော်ပြီး ထွက်လာခွင့်ရှိသူတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေက လောက်ကိုင်ရဲစခန်းမှာ အမှုသွားပိတ်ရပြီး ရဲကူညီပေးကြေး ယွမ်၃ထောင် ထပ်ပေးရပါတယ်။

လောက်ကိုင်ရှိ ရဲဝတ်ဆုံဝတ်ထားသူအားလုံးကို မြီကျားက အဓိက ထိန်းချုပ်ထားပြီး ပြည်သူ့စစ်ဝတ်ဆုံဝတ်ထားသူအားလုံးကို ပယ်ကျားခေါ် ပယ်ရှောက်ချိန်က ထိန်းချုပ်ထားပါတယ်။

မြီကျားအုပ်စုကို သေတွင်းပို့စေခဲ့တဲ့ ၁ဝ၂ဝ မှုခင်း

၂ဝ၂၃ခုနှစ်၁ဝလပိုင်း ၂ဝရက်နေ့ညမှာ ညီနောင်မဟာမိတ်တွေ ဝင်တိုက်မယ်ဆိုတဲ့ ကောလဟာလကြောင့် ကျားခြံကုမ္မဏီဟာ အလုပ်သမားတွေကို ကမန်းကတန်းရွှေ့ပြောင်းခဲ့ရပါတယ်။

ရွှေ့ပြောင်းချိန်မှာ တရုတ်နိုင်ငံသားရာနဲ့ချီဟာ လမ်းမှာ ထွက်ပြေးကုန်ကြတာကြောင့် လုံခြုံရေးတွေက ပစ်ခတ်လို့ အနည်းဆုံး လူ(၆ဝ)ကျော် သေဆုံးသွားခဲ့ရပါတယ်။

အဲထဲမှာ တရုတ်နိုင်ငံသားအများအပြားပါဝင်နေပြီး အဓိကကတော့ ကုမ္မဏီကို ထောက်လှမ်းဖို့ ရောက်လာတဲ့ တရုတ်ထောက်လှမ်းရေး (၄)ယောက်ထက်မနည်းလည်း ပါဝင်ခဲ့ပါတယ်။

ပြောင်းရွှေ့ချိန်မှာ ညပိုင်းဖြစ်ပြီး လူအယောက် ၂ဝသယ်ဆောင်နိုင်တဲ့ ဖိုးဝီးကားအစီး၃ဝနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲထဲမှာ ခန့်မှန်းခြေ တရုတ်နိုင်ငံသား အနည်းဆုံး ၆ဝဝနဲ့အထက်မှာ ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မကြာခဏပြောင်းရွှေ့တာတွေ ပစ်ခတ်တာတွေ ဖြစ်နေလို့ အဲပစ်ခတ်မှုအကြောင်းအသေးစိတ်ကို ရက်အနည်းငယ်ကြာမှသာ လူထုတွေက သိလာကြပါတယ်။

အဲဒီပစ်ခတ်မှုမှာ အဓိကတာဝန်ယူထားသူက သားအငယ်ဖြစ်သူ အပွင့်(၃)ပွင့်ရှိတဲ့ ကိုးကန့်ရဲအရာရှိ မြီကိုအန်ဖြစ်ပါတယ်။

တရုတ်လူမျိုးတွေကို ကျောက်ခဲရေညှစ်သလိုညှစ်တဲ့ ကျားခြံကုမ္မဏီကို ၁ဝလပိုင်း ၂ဝရက်နေ့ဖြစ်ရပ်အပြီးမှာတော့ တရုတ်ဘက် သီးခံနိုင်တဲ့ အတိုင်းအတာကျော်လွန်သွားခဲ့ပြီး နိုင်ဝင်ဘာ ၁၂ရက်နေ့မှာတော့ တရုတ်ဘက်က ဖမ်းဝရမ်းထုတ်လာရတဲ့ အဆင့်ထိ ရောက်လာပါတယ်။

ထုတ်လာတဲ့အထဲမှာ ဦးမြီရှောက်ချန်းအပါအဝင် မိသားစုဝင် ၄ဦးပဲ ပါဝင်နေပြီး ရဲတပ်ဖွဲ့မှာ အဓိကကြိုးကိုင်နေသူဖြစ်တဲ့ သားအငယ်တော့ ပါမလာခဲ့ပါဘူး။

ဖမ်းမိနိုင်ဖို့ သတင်းပေးသူတွေကို ကျပ်သိန်းပေါင်း ၂ဝဝဝအထိ ဆုကြေးပေးမှာဖြစ်သလို ကာကွယ်သူတွေကို အပြင်းအထန်တုံ့ပြန်မယ်လို့ ဆိုထားပါတယ်။

မြီကျားအုပ်စုနဲ့ စကစက ဆက်စပ်မှု

လောက်ကိုင်မြို့ရဲအုပ်စုတစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းဟာ စစ်ကောင်စီရဲ့ ခွင့်ပြုချက်မရှိဘဲ မဖြစ်နိုင်ပါဘူး။ လောက်ကိုင်ရှိ မြီကျားအုပ်စု လုပ်ပိုင်ခွင့်တွေဟာ ကြီးမားလာခြင်းဟာ လောက်ကိုင်ရှိ ဒေသကွက်ကဲစစ်ဌာနချုပ်(ဒကစ)တင်မကဘဲ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ခွင့်ပြုချက်ပင် ပါဝင်နေပါတယ်။

အများက ကျားဖြန်ကိုတိုးတိုးတိတ်တိတ်လုပ်ကြပေမယ့် မြီကျားအုပ်စုကတော့ ပေါ်ပေါ်ထင်ထင်ဖွင့်နေတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ ပါဝင်ပတ်သတ်မှုကိုလည်း မှန်းစနိုင်မှာ ဖြစ်ပါတယ်။

အာဏာ၊ပါဝါသုံးပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို မြီကျားအုပ်စုတစ်ခုထဲကပဲ ရယူနေတာမဟုတ်ဘဲ စစ်ကောင်စီအဆင့်မြင့်အရာရှိတွေထိ ခွဲဝေတာတွေလုပ်ပေမယ့် အတိအကျသိရဖို့ ခက်ခဲပါတယ်။

မြီကျားအုပ်စုရဲ့ နောက်ဆုံးခရီး

တရုတ်ဘက် နိုဝင်ဘာ ၁၂ရက်မှာ ဖမ်းဝရမ်းထုတ်ပြီးနောက် နိုဝင်ဘာ ၁၅ရက်နေ့မှာလည်း စစ်ကောင်စီဘက်က ထပ်ဆင့်ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

အမှန်က ၁ဝ၂၇စစ်ဆင်ရေး စတင်ကတည်းက ဦးမြီရှောက်ချန်းအပါအဝင် ဖမ်းဝရမ်းထုတ်ခဲ့တဲ့ မိသားစုဝင် ၄ဦးလုံးမှာ လောက်ကိုင်မြို့တွင်းထဲမှာ စစ်ကောင်စီနဲ့အတူတူရှိနေခဲ့ပါတယ်။

စစ်ကောင်စီဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၆ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက် အဲ၄ဦးကို ဖမ်းမိထားကြောင်း ထုတ်ပြန်ပေမယ့် ဦးမြီရှောက်ချန်းသေဆုံးခြင်းကိုတော့ မပြောထားပါဘူး။

ညနေပိုင်းအရောက်မှာတော့ ဦးမြီရှောက်ချန်းသေဆုံးတဲ့သတင်းတွေဟာ ပြန်နှံ့လာပြီးနောက် စစ်ကောင်စီဘက်ကလည်း တရုတ်ဘက်သို့လွဲပြောင်းဖို့ လုပ်နေချိန် သူ့ကိုသူအဆုံးစီရင်သာလို့ ထုတ်ပြန်လာပါတယ်။

အမှန်က ၁ဝ၂၇စစ်ဆင်ရေးအရှန်မြင့်လာချိန်ကတည်းက မြန်မာကနေ တရုတ်ဘက်ကို ပို့လိုက်တဲ့ ကျားဖြန်အလုပ်သမားတွေထဲမှာ ကျားခြံကုမ္မဏီက အုပ်ချုပ်ရေးအပိုင်းမှာ လုပ်ကိုင်ခဲ့တဲ့လူတွေ ပါသွားခဲ့ပါတယ်။ အဲကနေတစ်ဆင့် တရုတ်က ပိုမိုခိုင်လှုံတဲ့ သက်သေအထောက်အထားရရှိထားခဲ့ပါတယ်။

အဲဒီရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာ တရုတ်နိုင်ငံသားအများအပြားကို သေစေခဲ့တဲ့ မြီကျားအုပ်စုနဲ့ စစ်ကောင်စီပတ်သက်မှုတွေအကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

ဒါကြောင့် တရုတ်က မြီကျားအုပ်စုဦးဆာင်သူ ဦးမြီရှောက်ချန်းကို တရုတ်က အရှင်သာရလိုပြီး စစ်ကောင်စီဘက် အသေပဲ ပေးခဲ့ပါတယ်။

ဦးမြီရှောက်ချန်းသေဆုံးခြင်းကို တရုတ်က မကျေမနပ်ဖြစ်နေပေမယ့် စစ်ကောင်စီအတွက်ကတော့ ထမ်းထားတဲ့ ကျောက်တုံးကြီးတစ်လုံးကို ပစ်ချထားသလို ဖြစ်သွားစေခဲ့ပါတယ်။

ဓာတ်ပုံ - Local

မော်ထိုက်စခန်းသိမ်း တိုက်ပွဲ ဟောင်ဝှစ်ဇာ အမြောက်တွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ MNDAA ပြောရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးက...
17/11/2023

မော်ထိုက်စခန်းသိမ်း တိုက်ပွဲ ဟောင်ဝှစ်ဇာ အမြောက်တွေ သိမ်းပိုက် ရရှိခဲ့တယ်လို့ MNDAA ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မော်ထိုက်ရွာ အနီးက စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ၁၅ ရက်က MNDAA ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဟောင်ဝှစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ကိုးကန့် ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မော်ထိုင်ဒေသ၊ မော်ထိုက်ကျေးရွာ အနီးက စစ်စခန်းတွေနဲ့ ဟုန်အိုင်-မော်ထိုက် ကြားစခန်းတွေကို နိုဝင်ဘာ ၁၅ ရက်မှာ MNDAA ကသိမ်းပိုက်ခဲ့နိုင်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြန်ဖွင့်ပေးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေ အတွင်း ဟောင်ဝှစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ငယ်တွေ၊ လက်နက်ကြီးကျည် တွေနဲ့ ခဲယမ်း သေတ္တာတွေ ရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားပြီး စစ်ကားတွေနဲ့ လက်နက် တစ်ချို့ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး အတွင်း မြို့ ၅ မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅၀ ကျော် သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-007

#မော်ထိုက်
#ဟောင်၀ှစ်ဇာ

မတ္တရာမြို့တွင် ပြည်သူများလိုက်နာရမည့်အချက် (၇)ချက် မြို့နယ်(ပကဖ) ထုတ်ပြန်တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုရှိနေသ...
17/11/2023

မတ္တရာမြို့တွင် ပြည်သူများလိုက်နာရမည့်အချက် (၇)ချက် မြို့နယ်(ပကဖ) ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုရှိနေသည့် မတ္တရာမြို့နယ်တွင် ဒေသခံပြည်သူများလိုက်နာရမည့်အချက် (၇)ချက်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့(မတ္တရာ)က ယမန်နေ့နိုဝင်ဘာ ၁၆ရက်တွင် အသိပေးထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီအထိုင်စခန်းများနှင့် နီးစပ်သောနေအိမ်များ ဝေးရာသို့ ရွှေ့ပြောင်းပေးရန်၊ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ရာ လမ်းတလျှောက်နေပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားရန် မတ္တရာ(ပကဖ)က အသိပေးသည်။

ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီယာဥ်တန်းများနှင့် အတက်နိုင်ဆုံး ရှောင်ရှားမောင်းနှင်ပေးရန်၊ တိုက်ပွဲဖြစ်ပွားပါက စပ်စုခြင်းမပြုဘဲ ဘေးလွတ်ရာသို့ အမြန်ရှောင်တိမ်းထွက်ခွာကြရန်နှင့် မသက်ဆိုင်သော ပစ္စည်းများတွေ့ပါက ကိုင်တွယ်စပ်စုခြင်းများမပြုရန် ထပ်မံသတိပေးသည်။

ထို့အပြင် ညနေ ၄ နာရီမှ နံနက် ၆နာရီအတွင်း အရေးပေါ်ကိစ္စမှလွဲ၍ ပြင်ပထွက်ခြင်းမပြုရန်နှင့် တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်၍ လေကြောင်းရန်ကာကွယ်ရေး လမ်းညွန်ချက်များ လေ့လာထားရန် ထပ်မံအသိပေးသည်။

အထက်ပါထုတ်ပြန်ချက်များအား မလိုက်နာပါက မလိုက်နာသူ၏တာဝန်သာဖြစ်ကြောင်း မတ္တရာ(ပကဖ)က သတိပေးသည်။

"ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်။"ဟု မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်နှင့် မန္တလေး PDFတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းအသုံးပြုပစ်ခတ်နေ၍ အရပ်သားထိခိုက်မှုများ ရှိနေသည်။ ထို့အပြင် ယမန်နေ့က မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့၍ ပြည်သူ၁၁ဦး သေဆုံးခဲ့သေးသည်။

မူဆယ်(၁၀၅)မိုင်အနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်နေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုံကြ...
17/11/2023

မူဆယ်(၁၀၅)မိုင်အနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုံကြားတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်စစ်ကောင်စီ ယနေ့ (နိုဝင်ဘာလ ၁၇ရက်) နံနက်က တိုက်ပွဲပြင်းထန်နေကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

(၁၀၅)မိုင်ကုန်သွယ်ရေးဇုံအနီးတွင် နိုဝင်ဘာ ၁၀ရက်ကတည်းက ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်းက တိုက်ပွဲပိုမိုပြင်းထန်လာသည်ဟု ဆိုသည်။

"တုန်ခန်ရွာနားမှာ ချနေတာ။ မူဆယ်ကနေ (၁၀၅)မိုင်ကို သွားမယ့်သူတွေ ပြန်လှည့်လာရတယ်။ မူဆယ်မြို့ထဲက ဆိုင်တွေလည်း ပိတ်ထားတယ်"ဟု မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

(၁၀၅)မိုင် ကုန်သွယ်ရေးဇုံသည် မူဆယ်မြို့နှင့် (၄)မိုင်ခန့်သာဝေးပြီး တရုတ်နယ်စပ်နှင့်လည်း (၇)မိုင်ခန့်သာ ဝေးသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ဖြစ်သော ကျင်စန်းကျော့ဂိတ်အနီးတွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

" ဒီမနက် လက်နက်ကြီးသံတွေရော၊ ပေါက်ကွဲသံတွေရော ကြားနေရတယ်။ မဟာမိတ်တွေက ၁၀၅ မိုင် စစ်တပ်ကုန်းကို သိမ်းဖို့လုပ်နေတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ဖော်ဆောင်နေသည့် '၁၀၂၇စစ်ဆင်ရေး' အရေးပေါ်ကာလအတွင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့ရှိ ဒေသခံပြည်သူများ ည ၈နာရီမှ နံနက် ၆ နာရီအတွင်း နေအိမ်အပြင် သွားလာခြင်းမပြုလုပ်ရန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကနိုဝင်ဘာလ ၁၄ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရပ်သားပြည်သူများ လုံခြုံရေးအထူးဂရုပြုနေထိုင်ကြရန်လည်း ကိုးကန့်တပ်မတော် (MNDAA)နှင့် TNLAက သတိပေးချက်ထုတ်ပြန်ထားသည်။

(မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အား ယခင်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မတူပီမှာ ကလေးတွေ ညစာကျက်ဝိုင်းကို စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲ၊ ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအဝင် (၁၁)ဦး သေဆုံး၊ခ...
17/11/2023

မတူပီမှာ ကလေးတွေ ညစာကျက်ဝိုင်းကို စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကျဲ၊ ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအဝင် (၁၁)ဦး သေဆုံး၊

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာမှာ နို၀င်ဘာ(၁၅)ရက် ည(၇)နာရီခွဲက ကလေးငယ်တွေ စုဝေး စာကျက်နေတဲ့ ညစာကျင်ဝိုင်းကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကျဲတာကြောင့် ကလေးငယ် ရှစ်ဦးနဲ့ ကျောင်းဆရာ အပါအ၀င် ဒေသခံ(၁၁)ဦး သေဆုံးတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နို၀င်ဘာ (၁၆)ရက် မနေ့က ထုတ်ပြန်ပါတယ်။

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းကနေ လာရောက် ဗုံးကျဲသလို စစ်သေနတ်နဲ့ပါ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ညစာကျက်ဝိုင်းမှာ စာကျက်နေတဲ့ အသက် (၅)နှစ်နဲ့ (၁၅)နှစ်ကြား ကျောင်းသားကလေးငယ် ရှစ်ဦး၊ CDM ကျောင်းဆရာ တစ်ဦးနှင့် အရပ်သားပြည်သူ နှစ်ဦး၊ စုစုပေါင်း (၁၁)ဦး သေဆုံးတာလို့ ဆိုပါတယ်။

စစ်အုပ်စုက အကြောင်းမဲ့ လေကြောင်းသုံး ဗုံးကျဲသတ်ဖြတ်လို့ သေဆုံးသူတွေဟာ CDM ဆရာ ဦးဟာလောင်၊ အသက် (၁၁)နှစ် မောင်ထန်ဟုန်း၊အသက် (၅)နှစ် မလီလီမိုး၊အသက် (၁၂)နှစ်မောင်ရှာမွေလ၊အသက်(၉)နှစ် မောင်ကီနွန်၊ အသက် (၇)နှစ် မောင်ဉာဏ်၀င်း၊အသက် (၇)နှစ် မောင်ဘွေကုန်ထန်း၊အသက် (၇)နှစ် မဇွန်လီစန်း၊အသက် (၁၁)နှစ် မခိုင်သဇင်၊ ဦးတဲနိုင်၊ဦးအွန်ဇာ တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနဲ့ နေအိမ် အများအပြား မီးလောင်ကျွမ်းကာ အမျိုးသမီး လေးဦး အပါအ၀င် ထိခိုက်ဒဏ်ရာ ရသူ အများအပြား ရှိပြီး ဒဏ်ရာရသူ အရေအတွက် ဆက်လက်စီစစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါသည်။

သူတို့အားလုံးဟာ ဝေလူကျေးရွာရှိ ညစာကျက်ဝိုင်းမှာ စာသင်ကြားနေစဉ် စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ကာ ၊စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ထိမှန်သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စစ်အုပ်စုက ပစ်ခတ်တာကြောင့် စာသင်ကျောင်းလည်း မီးလောင်ပျက်စီပြီး၊ ဘာသာရေး အဆောက်အဦးတချို့နဲ့ နေအိမ်တချို့ပျက်စီးခဲ့တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ထုတ်ပြန်ပါတယ်။

ဒီလို စစ်အုပ်စုက လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်တာဟာ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲအကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ် ။

ကျိုင်တုံမြို့နယ်အတွင်းဗဟိုပြုပြီးအင်အားအသင့်အတင့်ရှိငလျင်လှုပ်ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်အတွင်းဗဟိုပြုပြီးတော့ ဒီကန...
17/11/2023

ကျိုင်တုံမြို့နယ်အတွင်းဗဟိုပြုပြီးအင်အားအသင့်အတင့်ရှိငလျင်လှုပ်

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်အတွင်းဗဟိုပြုပြီးတော့
ဒီကနေ့မနက် ၈ နာရီကျော်မှာ ပြင်းအားရစ်ချ်တာစကေး ၅ ဒသမ ၇ ရှိတဲ့ မြငလျင်လှုပ်ခတ်သွားတယ်လို့ USGS ကဖော်ပြပါတယ် ။

USGS ဟာ အမေရီကန်မှာအခြေစိုက် ပြီးကမ္ဘာတစ်ဝန်းကမြေငလျှင်တွေကို စောင့်ကြည့်မှတ်တမ်းတင်ပေးနေတဲ့ဌာနဖြစ်ပါတယ် ။ ကျိုင်တုံမြို့ရဲ့ အနောက်တောင်ဘက် ၄၇ မိုင်ကွာနေရာမှာ မြေအနက် ၆ မိုင်ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်လို့ ဇောက်တိမ်ငလျင်ဖြစ်ပါတယ် ။ဇောက်တိမ်ငလျင်တွေဟာ ဖျက်အားပိုပြင်းပါတယ်။

ပြင်းအား ရချ်တာစကေး ၅ ဒသ ၇ ရှိတာရော ၊ဇောက်တိမ်ငလျင်ဖြစ်တာရောကြောင့် ငလျင်ဗဟိုပြုတဲ့ အနီးတစ်ဝိုက်ဟာ လူနေအဆောက်အအုံတွေ ရှိရင် ထိခိုက်ပျက်စီးနိုင်ခြေများပေမယ့် အခုချိန်ထိတော့ ထိခိုက်ပျက်စီးမှု ရှိ ၊မရှိ ဆိုတာမသိရသေးပါဘူး။

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦ...
16/11/2023

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗုံးခိုကျင်းပေါ် ကျရောက်ပေါက်ကွဲကာ ကလေးငယ် ၁ ဦးနှင့် လူကြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က စတင်ကာ ကျင်စန်းကျော့ရွာဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကျင်စန်းကျော့ မူဆယ် သွားလမ်း ကျောက်တိုင်လမ်းဆုံအနီး တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန်ဘ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင် ဗျုဟာကုန်းမှ လက်နက်ကြီးများဖြင့် ၁၀၅ မိုင် အနောက်ဘက် မန်မော်ဘက်ကို ပစ်ခတ်ခဲ့ရာ မန်မော်ရွာနှင့် မိုင်းယု ၁၀၅ မိုင်ရွာ ထဲကိုကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်ရွာထဲကို စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီး ကျလို့ ကလေး ၁ ဦးနဲ့ လူကြီး ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ ဗုံးခိုကျင်းပေါ်တည့်တည့်ကျတာ ကျင်းထဲ ထိမရောက်လိုက်လို့" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

၁၀၅ မိုင်မှာ အမျိုးသားတစ်ဦး တောင်ယာသွားရင်း မိုင်းစထိမှန်ပြီး ခြေထောက်ဒဏ်ရာအပြင်းထန်ရရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု...
16/11/2023

၁၀၅ မိုင်မှာ အမျိုးသားတစ်ဦး တောင်ယာသွားရင်း မိုင်းစထိမှန်ပြီး ခြေထောက်ဒဏ်ရာအပြင်းထန်ရ

ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် မန်မော်ရွာက အမျိုးသားတစ်ဦး တောင်ယာသွားရင်း မိုင်းစထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အသက် ၆၀ အရွယ် ဦးအိုက်ဆမ်ဟာ တောင်ယာသွားရင်း တောထဲမှာ မိုင်းစထိမှန်ပြီး ဘယ်ဘက်ခြေထောက် ကျိုးကျေသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်မှာလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဦးအိုက်ဆမ် နင်းမိတဲ့ မိုင်းဟာ တိုက်ပွဲမှာ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့မိုင်းလား မြေမြှုပ်မိုင်းလားဆိုတာကိုတော့ သေချာမသိရဘူးလို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"သူက တောထဲမှာဘဲ လမ်းမှာမဟုတ်ဘူး။ ထောင်ထားတဲ့မိုင်းလား အပေါ်ကနေကျလာတဲ့ မိုင်းလား မသိဘူး။ ဟိုတစ်နေ့က အဲမှာ တိုက်ပွဲဖြစ်သေးတယ်လေ။ တိုက်ပွဲဖြစ်တော့ ကျတာလား နင်းမိတာလားမသိဘူး" လို့ပြောပါတယ်။

မိုင်းမော်ရွာမှာ အရင်က မိုင်းနင်းမိတာတွေ မရှိဖူးဘဲ ဦးအိုက်ဆမ်က ပထမဆုံး နင်းမိသူဖြစ်တာကြောင့် ဒေသခံတွေဟာ ကျေးရွာအနီးအနားဝန်းကျင်ကိုသာ အလုပ်လုပ်ရဲကြပြီး ကျေးရွာနဲ့ အလှမ်းဝေးတဲ့ တောထဲနဲ့ ကြံခင်းတွေကိုတော့ မသွားရဲကြတော့ဘူးလို့ အဲဒီအမျိုးသားက ဆက်ပြောပါတယ်။

"အခုခပ်များများက ကျနော်တိုက တောင်ယာကျတော့ နီးနီးနားနားဘဲ။ တစ်ချို့တွေ ဟင်းသီးဟင်းရွက်လောက်ဘဲ စိုက်တာဆိုတော့ ဒီရွာနာဘေးလောက်ဘဲ။ နည်းနည်းဝေးတဲ့နေရာ ကြတော့ ကြံဘဲစိုက်တာများတယ်။ အခု ဒီရက်ပိုင်းတွေ သူများသိပ်မသွားကြဘူး။ ရွာထဲမှာဘဲ နေနေကြတာ" လို့ပြောပါတယ်။

ဒဏ်ရာရထားတဲ့ ဦးအိုက်ဆမ်ကိုတော့ မူဆယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသဖို့ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကနေ ဒီနေ့ နိုဝင်ဘာ ၁၆ ရက်အထိ ၂၁ ရက် အတွင်း ရွှေဖီမြေက ရရှိထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ကလေးသူငယ် ၈ ဦးအပါအဝင် အရပ်သား ၄၂ ဦး သေဆုံးပြီး ၇၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

#ဓာတ်ပုံ - ကြက်ခြေနီ

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို စီးနင်းတိုက် ခိုက်မှု စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး...
16/11/2023

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို စီးနင်းတိုက် ခိုက်မှု စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး PDF ၂၁ ဦးကျဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး PDF ၂၁ ဦးကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်စတင်၍ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူစောထီးများကို စတင်ချဉ်းကပ်ရာ ယင်းနေ့ ညနေ ၅ နာရီ ၅၀ ခန့် စစ်တပ်ဘက်က ဒရုန်း ဖြင့် ကင်းထောက်သဖြင့် Drone ကို ပစ်ချခဲ့ကြောင်း၊ အဆိုပါ Drone ကို လာရောက်ကောက်ယူသော စစ်ကောာင်စီတပ်ဖွဲ့ဝင်များကို ပစ္ခတ္ရာ စစ္သား ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၅ ရက်ဆက်တိုက် ဒရနုးဖြင့် အီနာဂါအလုံး ၁၀၀၀ ခန့်ဖြင့် နေ့မနား ညမနား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ရှေ့တန်းရဲဘော်များက စစ်တပ်နှင့်ပျူစောထီးများ ရှိရာ နေရာဆီသို ချဉ်းကပ်ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ဇီးပြားရဲစခန်းနှင့် ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးပြားရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ပျူများ စခန်းပြုနေသော အဆောက် အဦးများကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် စစ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၃၀ ဦးကျော်ခန့် သေဆုံးကြောင်း၊ ရှေ့ထွက်မိုင်း ၅ လုံး၊ လက်ပစ် ၈ လုံး သိမ်းဆည်းရရှိခဲ့ပြီး အများအပြားဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်က Mi 35 ဖြင့် လေကြောင်းပစ်ကူ ၃ ကြိလာရောက်၍ Rocket များ၊ စက်လက်များဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက် ကပစ ၂၄ က ၁၂၀ မမ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ရာဂဏန်းအထိ ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန် ရေးတပ်ဖွဲ့များက ပျူစောထီး တစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့သော်လည်း စစ်တပ်က ပြန်လည် ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရသဖြင့် PDF ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ်တချို ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ဇီးပြားပျူရွာစခန်းကို တိုက်ခိုက်နေချိန်တွင် မြိုင်ပေါ်ရှိအထိုင်စခန်းများ ၊ ကန်နီပျူရွာ ၊ ကိုင်းတောမရဲစခန်း ၊ တွင်းမပျူစခန်း၊ သရက်ကန်ပျူစခန်း နှင့် ပခုက္ကူတပ်မ(၁၀၁) တို့ကို လက်နက်ကြီးများ ၊ Droneများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲများ ၊ YRF( ပေါက်) ၊ Earthquake Defense Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7တပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ကြီးခရိုင်အတွင်း စစ်ဘေးရှောင်တွေ လက်မခံဖို့ စစ်ကောင်စီ ညွှန်ကြားရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်း စစ...
16/11/2023

တောင်ကြီးခရိုင်အတွင်း စစ်ဘေးရှောင်တွေ လက်မခံဖို့ စစ်ကောင်စီ ညွှန်ကြား

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်း စစ်ဘေးရှောင်တွေကို လက်မခံဖို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်သီ လက်အောက်ခံ ရဲ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပအိုဝ်းပြည်သူ့စစ်-PNA က တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ အေးသာယာမြို့၊ ညောင်ရွှေမြို့၊ အင်းလေး ဒေသ အပါအဝင် ကျေးရွာတွေကို အခုလို ညွှန်ကြားထားတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ထွေအုပ်က ရွာလူကြီးကို ဖုန်းဆက်လာတယ်။ စစ်ဘေးရှောင်တွေကို လက်မခံရဘူး။ လက်ခံရင် အရေးယူမယ်တဲ့။ ဘယ်သူမှ လက်မခံရဲကြဘူး လို့ တောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာမှာ နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လက်ရှိ တောင်ကြီးမြို့ အ၀င် စစ်ဆေးရေးဂိတ်တွေမှာ ကရင်နီပြည် မှတ်ပုံတင်နဲ့ ဖယ်ခုံမြို့နယ် မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ဝင်ခွင့် ပိတ်ထားပြီး ဆွေမျိုးသားချင်းတွေလည်း လက်ခံလို့ မရဘူးလို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။

မနေ့ညက ကျောင်းကြီးစု ရပ်ကွက်ရုံးကတော့ စစ်ဘေးရှောင်ဆို ဧည့်စာရင်း မပေးဘူး ပြောလွှတ်တယ် လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

တောင်ကြီး ဒေသခံတွေဟာ စစ်ဘေးရှောင်တွေကို လက်ခံလိုပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဧည့်စာရင်း မပေးတာကြောင့် စစ်ကောင်စီတပ်က ရှောင်တခင် ဧည့်စာရင်း စစ်ဆေး ဖမ်းဆီးမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့ခံ တစ်ဦးက စစ်တပ်က တွေးထားတာက တန်ဆောင်တိုင်နီးပြီ ဆိုတော့ စစ်ရှောင်တွေထဲ PDF ရောပါလာပြီး ဗုံးဝင်ခွဲမှာ ကြောက်တာပေါ့။ စစ်တပ်က လက်မခံပေမယ့် ပြည်သူတွေက လက်ခံကြပါတယ်။ တချို့ကြတော့လည်း စဉ်းစားရတာပေါ့လေ။ စစ်ရှောင်တွေ လက်ခံလိုက်လို့ ချိပ်ပိတ်ခံရရင် စီးပွားရေးက ရပ်ရတော့မှာလေ လို့ ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေဟာ ကလော၊ အောင်ပန်း၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ သွားရောက် ခိုလှုံနေကြပြီး လူဦးရေ စုစုပေါင်း ၂၀,၀၀၀ ကျော်ခန့် ရှိနိုင်တယ်လို့ စုံစမ်း သိရပါတယ်။

#တောင်ကြီး
#စစ်ဘေးရှောင်
#ဧည့်စာရင်း

16/11/2023

နားထောင်ရင်း ကြက်သီး ဖြန်းဖြန်းထ..

ကြမ်းချက်...😍😍😍

ပေါက်တောရဲစခန်းတစ်ခုလုံး ရက္ခိုင့်တပ်တော် AA ဆီ လက်နက်ချအလင်းဝင်နိုဝင်ဘာ ၁၆ ရခိုင်ပြည်နယ်မှာ ပေါက်တောမြို့မရဲစခန်းက ရဲတပ...
16/11/2023

ပေါက်တောရဲစခန်းတစ်ခုလုံး ရက္ခိုင့်တပ်တော် AA ဆီ လက်နက်ချအလင်းဝင်

နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်မှာ ပေါက်တောမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်များအားလုံး ဒီကနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA) ဆီ လက်နက်ချ အလင်းဝင်တယ်လို့ သိရပါတယ်။

လက်နက်ချတဲ့ ရဲနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအရေအတွက်ကိုတော့ AA က မထုတ်ပြန်သေးသလို ပေါက်တောမြို့ပေါ်မှာတော့ လက်ရှိ တိုက်ပွဲမရှိဘဲ ငြိမ်းချမ်းနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ကျောက်တော်မြို့၊ အပေါက်ဝနယ်မြေရဲစခန်းက ရဲများ AA ဆီ လက်နက်ချအညံ့ခံခဲ့သေးသလို လက်ရှိ စစ်ကောင်စီက ရခိုင်ပြည်နယ်က မြို့နယ်များရှိ နယ်မြေရဲစခန်းက ရဲတွေကို မြို့ပေါ် ခေါ်ယူထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ လက်နက်ချအလင်းဝင်ဖို့ AA က သတိပေးထားပြီး လက်နက်မချရင် တိုက်ခိုက်သွားမယ်လို့ AAက သတိပေးထုတ်ပြန်ထားပါတယ်။

ကိုမိုးဟိန်းကြီး စိတ်ပူတော် မူနေပါတယ်ဖျာ..😁
16/11/2023

ကိုမိုးဟိန်းကြီး စိတ်ပူတော် မူနေပါတယ်ဖျာ..😁

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်ကရင်နီပြည်နယ်၊ လွိ...
16/11/2023

အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

"မောနင်းပါ ကျနော်တို့ လွိုင်ကော်တက္ကသိုလ်ကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုဖယ်ရှားပြီး ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ" ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကရင်နီပြည်နယ်တွင် ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF ၏ စစ်ဘက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိကြောင်း သိရှိရသည်။

Address

Mandalay
Mandalay
50050

Alerts

Be the first to know and let us send you an email when စာလွှာ-Sar Hlwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စာလွှာ-Sar Hlwar:

Share