စိုက်ပျိုးရေး သတင်းများ

စိုက်ပျိုးရေး သတင်းများ စိုက္ပ်ိဳးသတင္းထူးမ်ားနဲ႔ လြယ္ကူတဲ
(3)

အုန်းဆံမှုန့်တစ်တင်းခွဲအိတ်ရောင်းရန်ရှိပါသည်ဈေးသက်သာစွာရောင်းချပေးပါမည်09421144723
10/01/2024

အုန်းဆံမှုန့်တစ်တင်းခွဲအိတ်ရောင်းရန်ရှိပါသည်

ဈေးသက်သာစွာရောင်းချပေးပါမည်

09421144723

Tractor တစ်စီးရောင်းဖို့ရှိပါတယ် စိတ်ဝင်စားရင်စုံစမ်းပေးပါ။
05/09/2022

Tractor တစ်စီးရောင်းဖို့ရှိပါတယ် စိတ်ဝင်စားရင်စုံစမ်းပေးပါ။

ဒီနေ့မှာတော့ Admin က ဈေးကွက်အာမခံချက်အခိုင်အမာရှိပြီး အသီးထွက်နှုန်းမြန်တဲ့ ဝက်မလွတ်အုန်းပျိူးပင်အကြောင်းကို မျှဝေပေးချင...
23/05/2022

ဒီနေ့မှာတော့ Admin က ဈေးကွက်အာမခံချက်အခိုင်အမာရှိပြီး အသီးထွက်နှုန်းမြန်တဲ့ ဝက်မလွတ်အုန်းပျိူးပင်အကြောင်းကို မျှဝေပေးချင်ပါတယ်❤

ပထမဆုံးအနေနဲ့ ဝက်မလွတ်အုန်းမျိုးက မည်သည့်မြေအမျိုးအစားတွင် မဆို စိုက်ပျိုးနိုင်ပါတယ်။ မိုးများသောအရပ် (သို့) အောက်ခံရေနဲ့နီးသောနေရာ (သို့) ရေကောင်းစွာပေးနိုင်သောနေရာဖြစ်ရပါမည်။သို့သော် ရေဝပ်လို့တော့ မရပါဘူးနော်🤗

ဝက်မလွတ်အုန်းမျိုးက အသီးစသီးခါစမှယ လူတစ်ရပ် နိမ့်နိမ့်လေး သီးပြီး နှစ်ကြာလာလျှင် တဖြည်းဖြည်း မြင့်လာရာ ၃၅ပေထိ အမြင့်ရောက်ပါသည်။ သက်တမ်းအနေနဲ့ဆိုရင် ဝက်မလွတ်အုန်းပင်သည် နှစ်ပေါင်း ၃၅နှစ်မှ ၄၀ထိ သက်တမ်းရှိပါတယ်။

စတင်စိုက်ပျိုးမယ်ဆိုရင် တစ်ပင်နဲ့တစ်ပင် ၁၈ပေခြားစီစိုက်ပျိုးလို့ရပါတယ်။ ဝက်မလွတ်အုန်းပျိူးပင်များက တစ်ဧကတွင် အုန်းပျိုးပင် ၁၁၀ ခန့် ဝင်ဆန့်ပါတယ်။ ကောင်းမွန်စွာစိုက်ပျိုးနိုင်ပါက ၃-၄ နှစ်အတွင်းအသီးစတင်ရရှိပါမည်။ လူ့တစ်ရပ်ကျော် (၅-၆ ပေ) တွင်အသီးစတင်သီးပြီး တစ်ပင်ကိုတစ်နှစ်လျှင် ပျမ်းမျှအသီး ၅၀ - ၁၀၀ ခန့်ရရှိနိင်ပါတယ်။ ယခုပြည်တွင်းမှာအုန်းသီးစျေးက မြင့်တက်နေတာကြောင့် ပေါက်စျေးနဲ့တွက်မယ်ဆိုရင် အကျိူးအမြတ်များစွာရရှိနိုင်ပါတယ်ရှင်။

ငွေပေးချေပုံ
- တစ်ပင် - ၅,၅၀၀ ကျပ် (အများစျေးသီးသန့်ရှိပါတယ်)
-အနည်းဆုံး ၁၀ ပင်မှစပြီး ဝယ်ယူနိုင်ပါတယ်။
- လာမဲ့နှစ် ၂၀၂၃ မိုးစတာနဲ့အသင့်ပျိုးလို့ရမယ့်အရွယ်ကို ရောင်းပေးမှာပါ။
- 70% ကြိုတင်ငွေပေးချေစနစ်ပါ။
(အခုချိန် Orderတင်ပြီးငွေလွှဲမှ မိုးဦးအစမှာစိုက်ဖို့ ပျိုးပင်ရရှိမှာပါ)
- ပျိုးပင်ဝယ်ယူရင် Contractချုပ်ပေးပါတယ်။
- ကျန်ငွေ 30% ကို ပျိူးပင်ရရှိတဲ့အခါ ပေးချေပေးရပါတယ်။

ပျိုးပင်သယ်ယူပုံအနေနဲ့ကတော့ Pick up စနစ်ဖြစ်တာကြောင့် မြဧရာရုံးချူပ်မှာ ကိုယ်တိုင်လာရောက်သယ်ယူလို့ရပါတယ်။
လိပ်စာ - အမှတ် ၅၅,စိမ်းလဲ့ကန်သာလမ်း၊ ရွာသာကြီးအကြီးစားစက်မှုဇုန်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

မိုးဦးကာလရောက်တာနဲ့ အသင့်စိုက်ပျိူးနိုင်မဲ့ ပျိုးပင်အရွယ်ကို စီစဥ်ပြီး ရောင်းချပေးမှာဖြစ်လို့ စိုက်ပျိုးရေးကို ဝါသနာပါသူများအနေနဲ့ ဖုန်း -09421144723,09784397011
သို့အသေးစိတ်အကြောင်းအရာများကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်❤

ဒီနေ့တော့ Admin က အုန်းပင်စိုက်နည်းအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။အုန်းပင်စိုက်ပျိုးနည်း🌴မြန်မာအမည်     -အုန်းအင်္...
13/05/2022

ဒီနေ့တော့ Admin က အုန်းပင်စိုက်နည်းအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အုန်းပင်စိုက်ပျိုးနည်း🌴

မြန်မာအမည် -အုန်း
အင်္ဂလိပ်အမည် -Coconut
ရုက္ခဗေဒအမည် -Cocos nucifera
မျိုးရင်းအမည် -Palmaceae/Arecaceae

#မူရင်းဒေသ

အပူပိုင်းဒေသ

#အုန်းမျိုးများ

သက်တမ်းကိုလိုက်၍သုံးမျိုးခွဲခြားထားသည်။

(က)အမြင့်မျိုး(အုန်းထရံ)
(ခ)အပုမျိုး(ဝက်မလွတ်)
(ဂ)လိမ္မော်ရောင်မျိုး(တော်ဝင်အုန်း၊အုန်းပနီ)

#စိုက်ပျိုးသည့်ဒေသ

တောင်ပေါ်မြေပြန့်မကျန် အောက်ရေပြင်နှင့်နီးသောနေရာတွင်ပေါက်ရောက်နိုင်ပြီးမြန်မာပြည်တွင်မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းတလျှောက်တွင် အမြောက်အမြား စိုက်ပျိုးဖြစ်ထွန်းပါသည်။

#ရေမြေရာသီဥတု

အသင့်တော်ဆုံးမြေသည်မြေဆီပေါများလျှက် ရေအလွယ်တကူစိမ့်ဝင်နိုင်ပြီး ရေငွေ့ထိန်းအားရှိသောနုန်းတင်မြေ၊သဲနုန်းမြေမျိုးဖြစ်ပါသည်။

သို့ရာတွင် အုန်းပင်သည် ရေအလွန်ကြိုက်သောအပင်ဖြစ်၍ နွေရာသီ၌အောက်ခံရေနီးလျှင်(သို့မဟုတ်)
ရေအလွယ်တကူပေးသွင်းနိုင်သောနေရာဖြစ်လျှင်
အလွန်စေးသောမြေနှင့်ကျောက်စရစ်ဆန်သောမြေမျိုးမှလွဲ၍ကျန်မြေများတွင်ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

အပင်ခြေရေဝပ်ခြင်းကိုလုံးဝမနှစ်သက်ပါ။
အနည်းဆုံးအပူချိန် ၂၇° စင်တီဂရိတ်ရှိပြမိုးရေချိန်၃၀-၇၀လက်မရွာသွန်းလျှင်စိုက်ပျိုးနိုင်ပါသည်။

#အုန်းမျိုးရွေးချယ်နည်း

အုန်းပင်သည်နှစ်ရှည်ပင်ဖြစ်သောကြောင့်
အစကောင်း၍အနှောင်းသေချာစေရန်
မျိုးရွေးချယ်ပျိုးထောင်ခြင်းသည်အဓိကဖြစ်ပါသည်။
အုန်းမျိုးရွေးချယ်ရာတွင်အဆင့်လေးဆင့်ရှိပါသည်။

၁။အုပ်စုလိုက်ရွေးချယ်ခြင်း
၂။အမိမျိုးပင်ရွေးချယ်ခြင်း
၃။မျိုးအုန်းသီးရွေးချယ်ခြင်း
၄။အုန်းပျိုးပင်ရွေးချယ်ခြင်း

#မြေပြင်ခြင်း

အုန်းပင်မစိုက်မီ ဇန်နဝါရီလ၊ဖေဖော်ဝါရီလများတွင်တောခုတ်၍ မတ်လတွင်မီးရှို့ကျွန်းခွေရပါသည်။
ဧပြီလတွင်ခြံကာ၍အကွက်ချခြင်း၊ကျင်းတူးခြင်းကို မစိုက်မီတစ်လကြိုတင်၍ သုံးပေပတ်လည်ကျင်းကိုတူးထားရပါမည်။
မေလတွင်ကျင်းအတွင်းသို့အပေါ်ယံမြေလွှာ၊နွားချေးဆွေး၊ သစ်ရွက်ဆွေးနှင့်ခြံမီးရှို့၍ရသောပြာများကိုပြန်ဖို့ပေးရပါမည်။

#ပျိုးထောင်ခြင်း

အုန်းသီးကိုသဲတစ်ဝက်ခန့်ရောထားသောပျိုးဘောင်ပေါ်တွင်အလျားလိုက်လှဲ၍ အညှာဘက်ကိုထောင်ပြီးမြှုပ်၍ပျိုးထောင်ရပါသည်။ သဲလွှာတွင်စနစ်တကျမြှုပ်၍ပျိုးထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
သဲလွှာကိုခြောက်လက်မထူအောင်ခင်း၍ မျိုးအုန်းပင်ကို ပင်ကြား×တန်ကြား ၉×၁၈လက်မစီတန်းချပြီး
သဲကိုလေးလက်မထပ်ထည့်ပေးရမည်။

ပျိုးပင်ကိုအစိုဓာတ်မပြတ်စေရန်ရေမှန်မှန်လောင်းပေးခြင်း၊ လိုအပ်လျှင်အရိပ်ပေးခြင်း၊အစိုဓာတ်ဆုံးရှုံးမှုနည်းပါးစေရန် အတန်းကြားတွင်ကောက်ရိုးဖုံးပေးရန်လိုအပ်ပါသည်။

#စိုက်ပျိုးခြင်း

ပျိုးသက်တစ်နှစ်သားရှိလျှင်ပြောင်းရွက်စိုက်ပျိုးရန်
အကောင်းဆုံးဖြစ်သည်။ ဇွန်၊ဇူလိုင်လတို့တွင်ပြောင်းရွေ့စိုက်ပျိုးရပါမည်။ စိုက်ချိန်တွင် ပျိုးပင်သည်အရင်းတုတ်၍ သန်စွမ်းလျက်အရွက်ဖားပြီး
ပျိုးပင်၏အလက်ရင်းများ၌ အရွက်ကွဲစပြုနေသော
အခြေအနေမျိုးရှိရပါမည်။

စိုက်သောအခါကျင်းအလယ်တည့်တည့်၌ပျိုးပင်ကို
ဖြောင့်မတ်စွာထား၍တွဲလျှက်ရှိသောပျိုးအုန်းသီး၏
အပေါ်လွှာကိုသုံးပုံတစ်ပုံခန့်ဖော်၍စိုက်ရပါသည်။
မစိုက်မီအမြစ်များကိုဓားပြတ်ပြတ်ဖြင့်ခေါင်းတုံးရိတ်ပေးရပါသည်။အပင်ရှည်ပါကငုတ်စိုက်၍ချည်ထားရပါမည်။

#မြေသြဇာကျွေးခြင်း

မိုးဦးကျစဇွန်လတွင်မြေသြဇာအပြီးကျွေးရပါမည်။
မီးဖိုပြာ၊နှမ်းဖတ်ပုပ်ရည်၊နွားချေးဆွေးစသည်တို့
ထည့်ပေးနိုင်သည်။

အပင်ငယ်စဉ် အပင်ရင်းမှသုံးပေခွာ၍ မြေကျင်းငယ်တူး၍ ထည့်ပေးပါ။

အပင်သက်တမ်း၃နှစ်သားတွင် ၂ ပေါင်
အပင်သက်တမ်း၄နှစ်သားတွင် ၃ ပေါင်
အပင်သက်တမ်း၅နှစ်သားတွင် ၄ပေါင်
အပင်သက်တမ်း၆နှစ်အထက် ၅ပေါင်နှုန်းထည့်ပေးပါ။

အပင်ကြီးလျှင်အပင်ကြားထယ်ကြောင်းရာပေး၍ထည့်ရမည်။

#ရေသွင်းခြင်း

မြောင်းသွယ်၍ ပင်ခြေရင်းဝိုင်းပေးသော ရေလောင်းနည်းသည် အကောင်းဆုံးဖြစ်ပါသည်။အုန်း၏အဓိကလိုအပ်ချက်မှာ နွေရာသီရေလုံလောက်အောင်ပေးနိုင်ရေး ဖြစ်ပါသည်။

#အပင်ပြုစုနည်း

မိုးရာသီ၌အပင်တန်းကြား နှစ်ကြိမ်ခန့်ထယ်ထိုးခြင်း၊
အုန်းပင်ရင်းတွင်အဝိုင်းလိုက်ပေါင်းရှင်းခြင်းနှင့်
မြေတောင်မြှောက်ပေးခြင်း၊မြေနိမ့်သောခြံများရေမဝပ်စေရန် ရေနုတ်မြောင်းများပြုလုပ်ထားရန်လိုပါသည်။

#ပိုးမွှားရောဂါများ

၁။အပင်ငယ်စဉ်ခြ၊ပုရွက်ဆိတ်၊ကြွက်များကျရောက်တတ်သည်။
၂။အပင်ကြီးလာလျှင်ရွက်စားပိုး၊ခြယံ၊ပိုးကြံ့ကောင်များ
ကျရောက်တတ်သည်။

#ရောဂါများ

အမြစ်ပုပ်ရောဂါ၊ အညွန့်ညှိုးရောဂါများ ကျရောက်တတ်သည်။

#အထွက်နှုန်း

အမြင့်မျိုးသည်အပင်သက်တမ်း၇-၁၀နှစ်တွင်လည်းကောင်း၊အပုမျိုးသည်၃-၅နှစ်တွင်လည်းကောင်း၊
လိမ္မော်ရောင်မျိုးသည်၅-၇ နှစ်တွင်လည်းကောင်း
စတင်သီးပါသည်။

အသီးမှန်သွားသောနှစ်တွင် တစ်နှစ်လျှင်တစ်ပင်အလုံး၅၀နှုန်းသီးပါသည်။

သခွားသီး အိမ်တွင်းအလွယ်တကူ စိုက်ပျိုးနည်း =========================တို့စရာအနေနဲ့ကော ဒီအတိုင်းအစိမ်းလိုက် စားတတ်ကြတဲ့ သခွ...
24/01/2022

သခွားသီး အိမ်တွင်းအလွယ်တကူ စိုက်ပျိုးနည်း
=========================

တို့စရာအနေနဲ့ကော ဒီအတိုင်းအစိမ်းလိုက် စားတတ်ကြတဲ့ သခွါးသီးကို
စိုက်ပျိုးမယ်ဆို နေရာအများကြီးလိုမှာပါ။ အခုတော့ အိမ်ရှေ့ဝရန်တာလေးမှာပဲ
ဖြစ်ဖြစ်၊ အိမ်နောက်ဖေးနေရာလေးမှာဖြစ်ဖြစ် ဒေါင်လိုက်သခွားပင်ကိုစိုက်ပျိုးဖို့
နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။

သခွားပင်ကို မြန်မာနိုင်ငံ၏ ဘယ်ရာသီဥတုမှာမဆို ၁၂လရာသီပတ်လုံးစိုက်ပျိုးလို့ဖြစ်ထွန်းပါတယ်။ ပထမဦးဆုံး သခွားပင်ကိုထည့်ပြီးစိုက်ပျိုးဖို့ကို အဝကျယ်ပြီး ဇောက်နက်တဲ့ အိုးကိုရွေးချယ်စေလိုပါတယ်။ ပြီးတော့ သခွားနွယ်အပေါ်ကို
ထောင်တက်ဖို့အသုံးပြုရမယ့်စင်ကိုလည်း မာကြောပြီး အလြယ္တကူ မလဲကျစေတဲ့ တိုင်ကိုအသုံးပြုပေးပါ။ ဒါမွသာ သခွားပင်ဟာ အလွယ်တကူအပေါ်သို့ နွယ်တက်နိုင်မှာပါ။

သခွားမျိုးစေ့များကို အိုးအသေးလေးတစ်လုံးထဲ ထည့်စိုက်ပြီးအပေါ်ကနေ
ကောင်းမွန်သောမြေဆွေး ၁လက်မခွဲလောက်အုပ်ထားပေးပါ။
သခွားပင်ပေါက်လေးများဖြစ်လာပြီး အရွက်လေးတွေထွက်လာပြီဆိုရင်
မိမိစိုက်ပျိုးမယ့် အဝကျယ်ဇောက်နက်တဲ့ အိုးကြီးထဲကိုပြောင်းထည့်ပါ။
သတိထားပြီး သခွားပင်ကို မစိုက်ပျိုးခင် မိမိစိုက်ပျိုးမယ့် မြေကြီးကို
သစ်ရွက်ဆွေးမြေသြဇာများ၊ သဘာဝဓါတ်မြေသြဇာများ ပြည့်ဝနေအောင်
ထည့်ပေးပါ။

သခွားပင်ကိုစိုက်ပျိုးရာတွင် ရေကို နေ့စဉ်ပုံမှန် ၂ကြိမ်ခန့်လောင်းပေးရပါမယ်။
သခွားပင်ဟာ ရေဓါတ်အများအပြားပါ၀င်သော အပင်ဖြစ်တဲ့အတွက်
ရေများများလောင်းပေးခြင်းဟာ ကောင်းမွန်တဲ့ သခြားသီးမ်ားကို ခူးဆွတ်နိုင်တဲ့
အဓိကသော့ချက်ပါ။

သတိပြုစရာတစ်ခုကတော့ အပင်ကိုရေလောင်းတဲ့အချိန်
အရွက်များကို ရေမလောင်းမိ ရေမစိုစေအောင် သတိထားရမွာ။ အရွက်များကို
ရေစိုခြင်းဟာ သခွားပင်များမှာဖြစ်ပွားတဲ့ မှိုရောဂါဖြစ်စေခြင်းကို အားပေးပါတယ်။
အပွင့်ပွင့်တဲ့အချိန်ကို အားဖြည့်ဓါတ်မြေသြဇာများဖြည့်ပေးခြင်း၊ ပုံမှန်မြေဆွေး
ထည့်ပေးခြင်းကိုလည်း ပြုလုပ်ပေးရပါမယ်။

သခွားပင်များဟာ စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မွ ၉၀အတွင်း ခူးဆွတ်နိုင်တဲ့
အဆင့်ကို ရောက်ရှိပါတယ်။

ဒီတခါတော့ဘွန်စိုင်းဝါသနာရှင်များအတွက်အပင်အမျိုးမျိုးကို ဘွန်စိုင်းအပင်ဖြစ်အောင်ပြုလုပ်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်******...
15/12/2021

ဒီတခါတော့ဘွန်စိုင်းဝါသနာရှင်များအတွက်
အပင်အမျိုးမျိုးကို ဘွန်စိုင်းအပင်ဖြစ်အောင်
ပြုလုပ်နည်းကိုပြောပြပေးမှာဖြစ်ပါတယ်
*****************************************

ဘွန်စိုင်းနည်းပညာတွေဟာ ဂျပန်လူမျိုးများက စတင်စမ်းသပ်စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။
တကယ်တော့ ဘွန်စိုင်းပင်ဆိုတာက အပင်တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ပြီး အခြားသော အမြစ်ငယ်များဖြင့် ကျောက်တုံးခဲလေးများပေါ်၌ မြေဆွေးဖြူးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။
အရင်ဆုံး ငရုတ်ပင်ကို ဘွန်စိုင်းပင် ဖြစ်အောင် ပြုလုပ်နည်း။

မိမိမှာ အပင်အမျိုးအစားအပေါ်မှုတည်ပြီး Bonsai pots လို့ခေါ်တဲ့ အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အင်တုံ အိုးငယ်လေးများ အဆင်သင့် ရှိထားရပါမယ်။
ပထမဆုံး မိမိစိုက်ပျိုးလိုသော ငရုတ်ပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါ...နုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်များကို သေချာသန့်စင်အောင် ဖြတ်တောက်ပစ်ပါ။

နုတ်ယူပြီးသော ငရုတ်ပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်လိုက်ပါ။

အခြားကျန်ရှိသော အမြစ်ငယ်များကိုဖြတ်တောက်မပစ်ပါနဲ့
ရေသောက်မြစ် ဖြတ်တောက်ပြီးပါက Bosai potလို့ခေါ်တဲ့ အောက်ခြေ၌ အပေါက်ဖောက်ထားသော အိုးငယ်အတွင်းသို့ ပထမဆုံး မြစ်ကျောက်ခဲလေးများကို အောက်ခြေ၌ အနည်းငယ် ခင်းထားပေးပါ။

ကျောက်တုံး ကျောက်ခဲလေးများပေါ်တွင်ငရုတ်ပင်ကို အိုး၏ အလယ်တည့်တည့်၌ တည့်မတ်ပြီး ပင်စည်တွင် ကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံး ကျောက်ခဲများပေါ်၌ သေချာအောင် ဖြန့်ဖြူးပေးပါ ။
အမြစ်ငယ်များ ကျောက်တုံးများပေါ်တွင် သေချာဖြန့်ဖြူး ခင်းကျင်းပြီးပါက အမြစ်များပေါ်သို့ မြေဆွေးထပ်မံ၍
ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်ရုံမျှ လောင်းပေးရပါမယ်။

ရေလောင်းပြီးပါက မြေဆွေးများပေါ်သို့ မိမိ၏အနီးအနားပတ်၀န်းကျင်ရှိ ရေတွင်းရေကန်များ၌ ပေါက်ရောက်သော ရေညှိစိမ်းများကို ခွာယူပြီး ၎င်း အပေါ်မှ ခပ်ပါးပါး ထပ်မံဖုံးအုပ်ပေးထားရပါမယ်။

ဤသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကိုနေရိပ်ထဲသို့ပြောင်းရွေ့ထားပြီး အပင်ရှင်သန်လာအောင် နေ့စဉ် ဂရုစိုက်ပေးရပါမယ်။
တစ်ပတ်အတွင်း အပင်ရှင်သန်သွားပါက ၎င်း ပင်စည်မှ အပင်အတက်လေးများဟာ စတင်ထွတ်ရှိလာပြီး တစ်နေ့တခြား ကြီးထွားရှင်သန်လာပါလိမ့်မယ်။
ထွက်ရှိလာသော အကိုင်းအတက်များကို မိမိလိုချင်သလို ကြေးနန်း ဝါယာကြိုးဖြင့် လိုသလိုပုံစံသွင်းယူရပါမယ်။

အပင်တစ်ပင်ကိုရေသောက်မြစ်ဖြတ်တောက်ထားခြင်း
ကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ပဲ မိမိဟာ တစ်ပေခန့် ဖြတ်တောက်ထားရင် တစ်ပေအမြင့်သာ အစဉ်ထာ၀ရ ရှင်သန်ပြီးအသီးအပွင့်များဝေဆာပွင့်လန်းနေ
မှာဖြစ်ပါတယ်။

မည်သည့်အပင်မျိုးမဆို ဒီနည်းအတိုင်း ဘွန်ဆိုင်းပင်ဖြစ်အောင် ပြုလုပ်လို့ရပါတယ်။

ိုက်ပျိုးရေးနည်းပညာ

ဆလပ်ပင်စိုက်ပျိုးခြင်း••••••••••••••••••••••••••••ဆလပ်ပင်ကို နွေရာသီ၊ မိုးရာသီတွင် မစိုက် ပျိုးဘဲ ဆောင်းရာသီ တွင် စိုက်ပ...
11/12/2021

ဆလပ်ပင်စိုက်ပျိုးခြင်း
••••••••••••••••••••••••••••

ဆလပ်ပင်ကို နွေရာသီ၊ မိုးရာသီတွင် မစိုက် ပျိုးဘဲ ဆောင်းရာသီ တွင် စိုက်ပျိုးပေးတာက ပိုဖြစ်ထွန်းပါသည်။ မြေဩဇာ ကောင်းသောနေရာများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းပါသည်။

ဆလပ်ပင်သည် ရေဝပ်ဒဏ်ကို မခံနိုင်သောကြောင့် ရေမဝပ်သော နေရာတွင် စိုက်ပျိုးသင့်ပါသည်။ ဆလပ်ပင်ကို သဲဆန်သောမြေ မြေ နေရာတွင် စိုက်ပျိုးလိုပါက မြေဩဇာနိုင်နိုင်ထည့်ပြီး စိုက်ပျိုး နိုင်ပါ သည်။ ဆလပ်မျိုးစေ့များကို ပျိုးထောင်ရပါသည်။ ပျိုးထောင်ရာတွင် တစ်ဧက စိုက်ပျိုးရန် အလျား (၁၀)ပေ၊ အနံ (၄)ပေရှိသောပျိုးဘောင်နှစ်ဘောင် လိုအပ်ပါသည်။

တစ် ဧကစိုက်ပျိုးရန်အတွက် ဆလပ်မျိုးစေ့ (၁၅)ကျပ်သားကို ပျိုးထောင်ရပါသည်။ ဆလပ်ပင်၏သက်တမ်းမှာ ဟင်းရွက်ပင် ဖြစ်သောကြောင့် သက်တမ်းအားဖြင့် တိုတောင်းလှပါသည်။ ထို့ကြောင့် အကြိမ်ကြိမ်စိုက်ပျိုးနိုင်ပါသည်။ ဆလပ်ပင်စိုက်ပျိုးရာတွင် ပထမဦးစွာပျိုးထောင်ရပါသည်။ ဆလပ်ပျိုးပေါင်ပေါ်တွင် ကြောင်းတိမ်လေများကို တစ်တန်းနှင့် တစ်တန်း နှစ်ပိုင်းတစ်ပိုင်းလက်မခန့်ခွာ၍ ဖော်ထားဖို့လိုပါသည်။ ပျိုး မထောင်မီဆလပ်မျိုးစေ့များကို တစ်ညခန့်ရေစိမ်ထားရပါမည်။ ပျိုးထောင်ပြီးနောက် ခုနစ်ရက်မှ ဆယ်ရက်ခန့်ကြာသောအခါတွင် ပျိုးပင်ကလေးများပေါက်လာပါ သည်။

ပျိုးထောင်ပြီး ရက် (၂၀)ကြာသောအခါတွင် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ဆလပ်ပင်သည် မြေညံ့ကိုမကြိုက်ပေ။ မြေကောင်းကို နှစ်သက်ပါသည်။ စိုက်ပျိုးမည့် နေရာတွင် မြေဆီ မြေနှစ်ကောင်းဖို့ လိုအပ်ပါသည်။ မြေဆီမြေနှစ်ညံ့ပါက မြေကိုပြင်ပြီး မှ စိုက်ပျိုးသင့်ပါသည်။ ဆလပ်ပင်စိုက်ပျိုးမည့် မြေတစ်ဧကလျှင် နွားချေးအနည်းဆုံး လှည်း (၂၅) စီးခန့်ချသင့်ပါသည်။ နောက်တွင်ထယ်ကိုနှစ်ကြိမ်သုံးကြိမ်ခန့် ခပ်နက် နက်ကလေး ထိုးပေးရပါသည်။ ဆလပ်စိုက်ပျိုးမည့်မြေ နေရာ ကို မြေညက်လောက် အောင် အကြိမ်ကြိမ်ထွန်ပေးရပါသည်။ ၎င်းနောက်တွင် ဆလပ်ပင်စိုက်တော့မည် ဆိုလျှင် တစ်တန်းနှင့် တစ်တန်း တစ်ပေခွဲခန့်ခွာပြီး တစ်ပင်နှင့်တစ်ပင် ရှစ်လက်မခန့်ခွာ၍ စိုက်ပျိုးရပါသည်။

ဆလပ်ပင်ကို စိုက်ဘောင်များနှင့် စိုက်လိုပါက စိုက်ပေါင်တစ်ခုနှင့် တစ်ခုအကြား လူသွားလမ်းတစ်ပေ၊ တစ်ပေခွဲခြားထားရပါမည်။ စိုက်ပေါင်များပေါ်တွင် ပျိုးသောဆလပ်ပင်များရက်နှစ်ဆယ်၊ နှစ်ဆယ့် ငါးရက်သားရောက်ပါက အမြစ်မနာအောင် အသာအယာနှုတ်ယူပြီး ပြောင်းစိုက်ရပါသည်။ ထိုသို့စိုက်ပျိုးရာတွင် အမြစ်အောက်ပိုင်းကို အသာအယာလေးဖိပြီး အပေါ်ပိုင်းကိုလည်း အသာအယာလေးပြန်၍ မြေဖို့ပေးရပါသည်။ စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်မှာ အမြစ်ခွေမနေစေရန် ဖြစ်ပါ သည်။ ဆလပ်ပျိုးပင် ကလေးများစိုက်ပျိုးပြီးပါက ရေရွှဲရွှဲလောင်း ပေးရပါမည်။ ဆလပ်ပင်ကလေးများသည် နေရောင်ခြည်ကြောက်သောကြောင့် ငါးရက်ခန့် အရိပ်အာဝါသလုပ်ပေးရပါမည်။
ဆလပ် မျိုးစေ့ချသည့်နေ့မှ တစ်လခွဲနှစ်လခန့်ကြာလျှင် နှုတ်ယူ၍ စားသုံးနိုင် ပါသည်။ ကျယ်ကျယ် ပြန့်ပြန့်စိုက်ထားပြီး နေ့စဉ်ရေ မလောင်းနိုင်ပါက လေးငါးကြိမ်မျှ ရေသွင်းပေးရပါမည်။

ရိတ်သိမ်းခြင်း....................

ဆလပ်အထုပ်မျိုးကို ရောင်းချရန်အတွက် စိုက်ပျိုးပါက အထုပ်အရွယ်ရောက်ပြီး တင်းလာသောအချိန်တွင် ဆွတ်ခူးနိုင်သည်။ အကယ်၍ အိမ်သုံးအတွက် စိုက်ပျိုးပါက စတင်ထုပ်သည့် အချိန်မှစ၍ ဆွတ်ခူးနိုင်သည်။ (သို့မဟုတ်) မထုပ်မီ အရွက်များကို ခူးစားနိုင်သည်။ ရွက်ပြန့်မျိုးကို ရိတ်သိမ်းရာ၌ အပင်မှုန်းချိန်တွင် စတင်ဆွတ်ခူးသည်။ အပင်သက်တမ်းတစ်ဝက် ရောက်ကစတင်ရောင်းချနိုင်ပြီဖြစ်၍ အပင်မှုန်းရာ၌ အကြီးဆုံးအပင်များကိုသာ ရွေးချယ်၍ ရောင်းချရမည်။ ဆလပ်များလှိုင်လှိုင်မပေါ်မီ စျေးကောင်းရစေနိုင်ပါသည်။ဆလပ်ပေါ်တွင် မိုးရေများနှင်းများ ရှိနေလျှင် ဆွတ်ခူးရန် မသင့်သေးပေ။ ဆလပ်ရွက်များ ရေစိုနေပါက ကြွတ်ကြွတ်ဆတ်ဆတ်ဖြစ်ခြင်းကြောင့် ကိုင်တွယ်ရာ၌ ကျိုးပဲ့လွယ်သည်။ ဆလပ်ပင်၏ ဆောက်ပိုင်းအရွက်များ ရောဂါကျနေပါက ဖယ်ရှားပစ်ရန်လိုအပ်ပါသည်။ မဖယ်ရှားပစ်ပါက အခြားအပင်များသို့ ရောဂါ ပြန့်ပွားသွားတတ်သည်❤

Credit > တို့ကျေးရွာ ဂျာနယ်

ငရုတ်ပင်တွင်ကျရောက်တတ်သော ဖျတ်ပိုးများ                       ***********************************************  1 . ပျပိုး...
04/12/2021

ငရုတ်ပင်တွင်ကျရောက်တတ်သော ဖျတ်ပိုးများ
***********************************************
1 . ပျပိုး
• အရွက်အောက်မျက်နှာြပင်တွင် များစွာတွေ့ရပြီး သစ်ရည်ကိုစုပ်စားသောက်သဖြင့် အရွက်များ ကုပ်ခြင်း ၀ါခြင်းဖြစ်သည်
• ဗိုင်းရပ်ရောဂါပိုးများကိုသယ်ဆောင်ပေးသည်။
အသုံးပြုရမည့်ဆေး - ဗိုက်တာအိတ် ၊ ဗိုက်တာဂရို ၊ အော်ပတီမာ ၊ ဗိုက်စန် ၊ ကွန်ဖီးဒင့်။
2. သီးလုံးဖောက်ပိုး
* လောက်ကောင်ငယ်သည် အသီးအညှာအနီးမှအသီးကို ထိုးဖောက်ဖျတ်စီးသဖြင့် အသီးများကြွေကျ သည်။
* အသီးစိမ်းကို ထိုးဖောက်စားသောက်နေသော ပိုးကောင်ကိုအလွယ်တကူမြင်တွေ့နိုင်သည်။
အသုံးပြုရမည့်ဆေး - ဆလက်ပလက် ၊ အော်ပတီမာ ၊ အယ်လဖာ ၊ ဗိုက်တာရှီး ၊ ကွန်ဖီးဒင့်။
3. သီးထိုးယင်
* ယင်မသည် အသီးခွံတွင်ဥများအုထားပြီး ပိုးလောက်ကောင်များသည် အသီးရင်းတွင် ၀င်ရောက်စား သောက်ဖျတ်စီးသဖြင့် ရေနာကွက်ဖြစ်ပြီးညှိုးခြောက်သည်။
* ဘတ်တီးရီးယားနှင့်မှိုရောဂါများဖြစ်ပေါ်စေသည်။
အသုံးပြုရမည့်ဆေး - မာလာနွန် ၊ အယ်လ်ဖာ ၊ ဗိုက်တာမီသရင် ၊ ကွန်ဖီးဒင့်။
4 . ယင်ဖြူ
*အရွက်အောက်မျက်နှာပြင်တွင် အစုလိုက်နေပြီး သစ်ရည်ကိုစုပ်စားသဖြင့် အရွက်များကုပ်ခြင်း ၊ ၀ါခြင်း ၊ အပင်ပုခြင်း ၊ ကျပ်ခိုးမှိုစွဲခြင်း ၊ ဗိုင်းရပ်ကူးစပ်ခြင်းများဖြစ်စေသည်။
* အရွက်တွင်အရောင်မညီကွက်များတွေ့ရသည်။
အသုံးပြုရမည့်ဆေး - ပရီဆိုက် ၊ ဗေးလစ် ၊ ဗိုက်တိုအိတ် ၊ ကွန်ဖီးဒင့် ၊ ဆလက်ပလပ်စ်။
5. ရွက်လိပ်ပိုး
* အရွက်နှင့်အသီးများကို ပိုးချည်များနှင့် ပူးကပ်ချည်နှောင်ပြီးအတွင်းမှနေ၍ အသီးနှင့်အရွက်၏အစိမ်း ရောင်အသားများကို ကုတ်ခြစ်စားသောက်သည်။
အသုံးပြုရမည့်ဆေး - ဗိုက်တာရှီး ၊ အယ်လ်ဖာ ၊ ပရီဆိုက် ၊ ကွန်ဖီးဒင့် ၊ ဆလက်ဖလက်။
6. လှေးပိုး
* အပင်သက်တမ်းတစ်လျောက်ကျရောက်သည်။
*ပိုးကောင်သည် ပင်ရည်ကိုစုပ်ယူစားသောက်သဖြင့် အရွက်များကုပ်သွားသည်။
*ဗိုင်းရပ်ရောဂါများကိုသယ်ဆောင်လာတတ်သည်။
အသုံးပြုရမည့်ဆေး = ဗိုက်တာအိတ် ၊ ဗိုက်တာဂရို ၊ ဗိုက်စန် ၊ အော်ပတီမာ ၊ ဂိမ်း ၊ ကွန်ဖီးဒင့်။

6. မွှားပင့်ကူနီ
* အရွက်အောက်မျက်နှာပြင်မှ ပင်ရည်များကိုစုပ်ယူစားသောက်ပြီး ယင်းမှစစ်ထုတ်သော တံတွေးတွင် ပါ၀င်သောအဆိပ်ကြောင့် အရွက်ခြောက်လောင်ကာကြွေကျသည်။
*ပူပြင်းသောရာသီတွင်ဆိုးရွားစွာကျရောက်သည်။
အသုံးပြုရမည့်ဆေး - စတား ၊ ဆလက်ပလပ်စ် ၊ ပံသာ ၊ ပရီဆိုက်။
7. မှဲ့ပြောက်စွန်းရောဂါ
* အသီးရင့်များတွင်ရေစိုနာကွက်ဖြစ်ပေါ်ပြီးနောက် ယင်းအကွက်တွင် အမဲရောင်အဖုငယ်များကိုတွေ့ရသည်။
*ရောဂါကျအပင်သည်ထိပ်ဖျားမှစ၍ ကိုင်းများခြောက်လာသည်။
* အသီးတွင်ကျရောက်ပါက အသီးရှုံ့ပြီးပုံပျတ်သွားသည်။
အသုံးပြုရမည့်ဆေး - အောက်စီ ၊ အင်ဗိုင်း ၊ ခရူဇာ ၊ စကုပ်။
8. ခါးရိရောဂါ
* မြေဆောင်ရောဂါဖြစ်သည်။
*မျိုးစေ့မှပေါက်ခါစအပင်ငယ်၏ ပင်စည်တွင်ရေစိုနာကွက်များဖြစ်ပေါ်လာသည်။
*ရောဂါရပင်၏အမြစ်များမှာ အညိုရောင်ပြောင်းကာပုပ်ဆွေးသွားသည်။
9. ဖားဥမှိုရောဂါ
*အရွက်တွင်အ၀ါကွက်များဖြစ်ပေါ်ပြီးအရွက်အောက်မျက်နှာပြင်တွင် အဖြူရောင် ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ မှိုများဖုံးလွှမ်းနေသည်ကို တွေ့ရသည်။
* ရောဂါပြင်းထန်ပါက အရွက်များ၀ါခြောက်ပြီးကြွေကျသွားသည်။
အသုံးပြုရမည့်ဆေး - အင်နာဂျီ ၊ အင်ဗွိုင်း ၊ ခရူဇာ ၊ ဗိုက်တာမိုင်း။
10. ရွက်ပြောက်ရောဂါ
*မှိုကြောင့်ဖြစ်သည်
*အရွက်ပေါ်တွင်ရေနာကွက်အစက် အပြောက်များသည်အညိုရောင်အနားသတ်နှင့် အ၀ါရောင်အကွက်များဖြစ်ပေါ်ပြီးနောက် ညိုနက်ရောင်အလယ်ချိုင့်ခွက်သောအကွက် များကိုတွေ့ရသည်။
အသုံးပြုရမည့်ဆေး - အင်နာဂျီ ၊ အင်ဗွိုင်း ၊ ခရူဇာ ၊ စကုတ် ၊ အောက်ဆီ။
11. ပင်နာကျရောဂါ
* မှိုကြောင့်ဖြစ်သည်
*အပင်ရင်းတွင်ပုပ်နေတတ်သည်
*အပင်ငယ်စဥ်ကျပါက အပင်လဲကျသေဆုံးပြီး အပင်ကြီးတွင်ကျရောက်ပါက အရွက်များအ၀ါရောင်ပြောင်း၍ တစ်ပင်လုံးသေသွားသည်။
အသုံးပြုရမည့်ဆေး - ပရော့စပါး ၊ အောက်ဆီ ၊ အင်ဗွိုင်း ၊ ဗိုက်တာရမ်။
12. အသီးပုပ်ရောဂါ
*အသီးပုပ်ရောဂါမှိုကြောင့်ဖြစ်သည်
*သီးတောင့်အနုအရင့်နှစ်မျိုးလုံးတွင်ကျရောက်တတ်သည်
*ရောဂါကျရောက်ပါကသီးတောင့်ပေါ်တွင်ရေစိုနာကွက်များဖြစ်လာပြီး အညိုရောင် ပြောင်းကာ လျင်မြန်စွာသီးတောင့်ပုပ်သွားသည်။
အသုံးပြုရမည့်ဆေး - ပရော့စပါး ၊ အောက်ဆီ ၊ အင်ဗွိုင်း ၊ ဗိုက်တာရမ်။

ဒီနေ့မှာပြောပြပေးချင်တာလေးကတော့ဓာတုပိုးသတ်ဆေးကိုအသုံးမပြုချင်သူများအတွက်ပင်စိမ်းပင်အသုံးပြု၍သဘာဝပိုးသတ်ဆေးပြုလုပ်နည်းလေး...
01/12/2021

ဒီနေ့မှာပြောပြပေးချင်တာလေးကတော့
ဓာတုပိုးသတ်ဆေးကိုအသုံးမပြုချင်သူများအတွက်
ပင်စိမ်းပင်အသုံးပြု၍သဘာဝပိုးသတ်ဆေးပြုလုပ်နည်းလေးပါရှင်
*****************************************
ပင်စိမ်း

ပေါက်ရောက်ပုံ

ပင်စိမ်း၏မူရင်းဒေသသည် အနောက်နိုင်ငံနှင့်အပူပိုင်းအာရှတို့ဖြစ်သည်။ (၁၆)ရာစုက အင်္ဂလန်နိုင်ငံ၌လည်း စိုက်ပျိုးခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် ကမ္ဘာ့အနောက်ခြမ်းဒေသများတွင် အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်သီးနှံအဖြစ် စိုက်ပျိုးသည်။ အပူပိုင်းဇုံတွင်ပင်စိမ်းမျိုးပြား(၆၀)ခန့် ခွဲခြားသတ်မှတ်ထားသည်။

အသုံးပြုနိုင်သော အပင်အစိတ်အပိုင်းများ

အရွက်၊ ပင်စည်

အာနိသင်သက်ရောက်ပုံ

ပိုးဟန့်တားဆေး၊ ပိုးသေဆေး၊ မှိုသတ်ဆေးနှင့် ခရုပက်ကျိနှိမ်ဆေး။

နှိမ်နင်းနိုင်သည့် ပိုးမွှားရောဂါများ

(၁) ဝါမျှင်စွန်းပိုး

(၂) သစ်သီးယင်

(၃) ရွက်ထွင်းပိုး

(၄) ပြောင်းပင်စည်ထိုးပိုး

(၅) မွှားပင့်ကူနီ

သိုလှောင်သီးနှံဖျက်ပိုး

(၁) အစေ့ထွင်းပိုး

(၂) ပြောင်းစေ့ထွင်းပိုး

ပြင်ဆင်အသုံးချနည်း

ပင်စိမ်းရွက်စစ်ထုတ်ရည်(ကြိတ်ရည်) - ဤစစ်ထုတ်ရည်သည် ထောပတ်ပင်၊ မက်မွန်ပင်နှင့် အခြားသစ်သီးပင်များတွင် ကျရောက်သည့်ရွက်ထွင်းပိုးများ၏ ပိုးတုံးလုံးများပေါ်၌ မေ့မြောအာနိသင်ရှိပြီး အကောင်ကြီးများပေါ်၌ ဟန့်တားအာနိသင်ရှိသည်။ ယင်းအာနိသင်သည် (၉၀) ရာခိုင်နှုန်း ထိရောက်မှုရှိသည်။

စစ်ထုတ်ရည်တစ်ပုလင်းရရန် ပင်စိမ်းရွက်(၆)ကျပ်သားလိုအပ်သည်။ အရွက်များကိုရေတွင်တစ်ညစိမ်ထားရန် လိုသည်။ နောက်တစ်နေ့တွင် အရွက်များကိုကြိတ်နယ်(ထောင်း)၍ အရည်ကိုစစ်ချ(ညှစ်)ယူပါ။ ယင်းကိုဆပ်ပြာရည် (၃-၄) စက်ခန့်ရော၍ သမအောင်မွှေပြီးနောက် တိုက်ရိုက်ပက်ဖြန်းအသုံးပြုနိုင်ပါသည်။

အရွက်ထွင်းပိုးများအတွက်အသုံးပြုရန် အကြံပြုချက်

အရွက်(၁၂)ကျပ်သားကိုကြိတ်နယ်၍ရသော စစ်ရည်ကိုရေတစ်ပုလင်းတွင် ရောမွှေ၍ပက်ဖြန်းပါ။

သစ်သီးယင်ထောင်ချောက်

အောက်ဖော်ပြပါနည်းသည် လက်တွေ့အရသစ်သီးယင်များအား နှိမ်နင်းရာတွင်အထူးထိရောက်မှုရှိကြောင်း သိရသည်။ ပင်စိမ်းရွက် (၂) ကျပ်ခွဲသားကို ကြေညက်အောင်ကြိတ်(ထောင်း)၍ ရေဟင်းစားဇွန်း (၁၃) ဇွန်းနှင့်ရောမွှေ၍ အုန်းမှုတ်ခွက်တွင်ထည့်ထားပါ။ အနွမ်းမမြန်စေရန်အတွက် သံပုရာသီတစ်စိတ်ကို အရည်ညှစ်ထည့်ပါ။ ပြီးလျှင် အဆိပ်တစ်ခုခုနှင့် ရော၍ယင်းအုန်းမှုတ်ခွက်ထောင်ချောက်ကို သရက်ပင်ကိုင်းတွင်ချိတ်ပါ။ သရက်ပင်တစ်ပင်လျှင် ထောင်ချောက်(၄)ခုနှုန်းချိတ်ပါ။

သစ်သီးယင်များသည် ပင်စိမ်းစစ်ကျရည်ကို လာရောက်စားသောက်ခြင်းဖြင့်သေကြသည်။ အဆိုပါထောင်ချောက်များကို အသီးစတင်သည့်အချိန်မှ အသီးခူးချိန်အထိချိတ်ဆွဲပါ။ ထောင်ချောက်များကို တစ်ပတ်တစ်ခါ အသစ်လဲလှယ်ပေးပါ။ အဆိပ်သင့်သည့် သစ်သီးယင်များကို ချက်ခြင်းဖယ်ရှားပစ်ပါ။

အခြားအသုံးဝင်ပုံ

ကြွက်နှိမ်နင်းခြင်း - ပင်စိမ်းရွက်ကိုကြွက်ထီးများအား ရေရှည်စားစေခြင်းအားဖြင့် မြုံသွားစေနိုင်သည်။ ကြွက်ထီးများမိတ်လိုက်ခြင်းကို ဟန့်တားပေးသည်။

ပေါင်းနှိမ်နင်းခြင်း

မြေရိုင်းများနှင့်စိုက်ပျိုးမြေများတွင် ပင်စိမ်းစိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်များမထနိုင်အောင်တားဆီးပေးသည်။ ဥပမာ - အဆိပ်သင့်စေသည့်ပေါင်းမြက်များ ပေါက်ရောက်သည့်မြေနေရာများတွင် ပင်စိမ်းပင်များကို မြေဖုံးပင်များအဖြစ်စိုက်ပျိုးခြင်းဖြင့် နှိမ်နင်းနိုင်ပါသည်။

Source - ဓာတုပိုးသတ်ဆေးကင်းစင်သီးနှံထုတ်လုပ်ရေး_မောင်ဌေးအန့်

အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံစိုက်ပျိုးဖို့ ဘယ်လိုသီးနှံကို ရွေးချယ်စိုက်ပျိုးရမလဲ ***********************************...
30/11/2021

အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံစိုက်ပျိုးဖို့ ဘယ်လိုသီးနှံကို ရွေးချယ်စိုက်ပျိုးရမလဲ
**************************************
အိမ်ခြံဝင်းအတွင်း သီးပင်စားပင်တွေ စိုက်ချင်ပါတယ်။ ဘယ်လိုသီးနှံစိုက်ပျိုးရမလဲ ဘယ်လိုသီးနှံတွေကသင့်တော်လဲ ဆိုတဲ့သူတွေအတွက် အခုပို့စ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

အိမ်ခြံဝင်းအတွင်း စားသုံးသီးနှံတွေ စိုက်ပျိုးတဲ့အခါ တစ်နှစ်ပတ်လုံးခူးဆွတ်စားသုံးနိုင်တဲ့ အပင်မျိုးတွေကို ဦး စားပေးစိုက်ပျိုးဖို့လိုအပ်သလို ရာသီအလိုက်စားသုံးရတဲ့ နှစ်ရှည်စားသုံးသီးနှံတွေအပြင် အိမ်ထောင်စုဝင် မိသား စုတွေ စားသုံးနိုင်ဖို့အတွက် ရာသီအလိုက် ဟင်းသီးဟင်းရွက်ပင်တွေနဲ့ အလှစိုက်ပင်တွေကိုလည်း တွဲဖက်စိုက် ပျိုး နိုင်ပါတယ်။

နှစ်ရှည်စားသုံးသီးပင်တွေထဲမှာမှ တစ်နှစ်ပတ်လုံး စားသုံးနိုင်တဲ့ သီးနှံပင်တွေကတော့ ကင်ပွန်း ချဉ်ပင်၊ ဆူးပုပ်ပင်၊ ပေါက်ပန်းဖြူ၊ ဒန့်သလွန်၊ ရဲယိုစတာတွေစိုက်ပျိုးနိုင်ပါတယ်။ မန်ကျည်းပင်တွေကို အတန်း လိုက်စိပ်စိပ်စိုက်ထားပြီး အချိန်မှန်ကိုင်းဖြတ်ပုံသွင်းတာ၊ အညွန့်တွေကို ပုံမှန်ဖြတ်ယူစားသုံးတာတွေ လုပ်ပေး ခြင်းအားဖြင့် အမြဲလှပသေသပ်တဲ့ ခြံစည်းရိုးအဖြစ်လည်း ရှိနေစေမှာဖြစ်ပါတယ်။ နှစ်ရှည်အပင်ကြီးတွေအဖြစ် သရက်၊ ဆီးဖြူပင်၊ သလဲပင်၊ သံပုရာစတဲ့အပင်တွေကို စိုက်ပျိုးနိုင်ပါတယ်။ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်လို အေးမြတဲ့ ဒေသတွေမှာတော့ ထောပတ်၊ မက်မန်းပင်၊ လိမ္မော် စတာတွေကို စိုက်ပျိုးနိုင်ပါတယ်။

နှစ်ရှည်အပင်ကြီးတွေကို စိုက်တဲ့အခါမှာတော့ အပင်အမျိုးအစားလိုက် အပင်ကြီးထွားဖွံ့ဖြိုးမှု အခြေအနေကို သိရှိထားဖို့ လိုပါတယ်။ အပင်တစ်ပင်ရဲ့အရိပ်က အခြားအပင်ကို မိုးမထားစေဖို့လိုအပ်တဲ့ ကိုင်းဖြတ်၊ ကိုင်းရှင်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ခြံစည်းရိုးနဲ့မလွတ်ကင်းရင်တော့ အိမ်နီးချင်းနဲ့ နားလည်မှုယူပြီး သေချာစနစ်တကျ ပြင်ဆင်ပြီးမှ စိုက်ပျိုးဖို့လိုပါတယ်။ အသီးထက် အရွက်နုစားသုံးဖို့အတွက် သီဟိုဠ်ပင်၊ ဥသျှစ်ပင်၊ စောင်းလျား ပင်၊ သင်္ဘောပင် စတာတွေကိုလည်း စိုက်ပျိုးနိုင်ပါတယ်။ ပြီးတော့ အပင်အလတ်အရွယ်တွေဖြစ်တဲ့ သံပုယို၊ သလဲ၊ခံပင်တွေကို ဆေးဖက်ဝင်အပင်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။

ဒါ့အပြင် တစ်နှစ်ပတ်လုံးစိုက်ပျိုးစားသုံးနိုင်တဲ့ ရာသီဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဟင်းနုနယ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်းစတာတွေကို နေရာသတ်မှတ်စိုက် ပျိုးပြီး အပင်တစ်ပင်လုံးနုတ်ယူစားသုံးခြင်းမပြုပဲ အရွက်၊ အညွန့်တွေကိုသာ ခူးဆွတ်စားသုံးခြင်းဖြင့် စိုက်ခင်း တွေမှာ ကာလကြာရှည်ထားပြီး စားသုံးနိုင်မှာဖြစ်ပါတယ်။ အသီးစား ဟင်းသီးဟင်းရွက်တွေထဲမှာမှ စိုက်ပျိုး ဖို့လွယ်ကူတဲ့ သခွား၊ ကင်းပုံ၊ ပဲတောင့်ရှည် စတဲ့နွယ်တက်ပင်မျိုးတွေကိုလည်း ခြံစည်းရိုးတွေမှာ စိုက်ပျိုး ထားနိုင်ပါတယ်။ ဒါ့အပြင် ရုံးပတီလည်း စိုက်ပျိုးရလွယ်ကူပြီး ငရုတ်တွေထဲမှာမှ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ကာလကြာရှည် စိုက်ပျိုးခူးဆွတ်စားသုံးနိုင်မယ့်မိုးမျှော်၊ ကုလားအော် ပြီးတော့ ခရမ်း၊ ခရမ်းချဉ်စတဲ့ အသီးစား ဟင်းသီးဟင်းရွက်ပင်တွေကိုတော့ ကိုယ်စားသုံးလလိုတဲ့မျိုးတွေကို စနစ်တကျ လေ့လာရွေးချယ်ပြီးမှ မိသား စုစားနိုင်မယ့် ပမာဏကို ရရှိနိုင်စေဖို့ အပင်အရေအတွက် သတ်မှတ်စိုက်ပျိုးသင့်ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတဲ့ ပင်စိမ်း၊ စပါးလင်တွေကိုတော့ နည်းနည်းစီစိုက်ပျိုးထားပြီး ရှမ်းနံနံနဲ့ ကြက်သွန်မြိတ်၊ ပူဒီနာစတဲ့ အပင်တွေကိုတော့ အခြားအပင်တွေနဲ့ ကြားညှပ်စိုက်ပျိုးနိုင်ပါတယ်။ ပျဉ်းတော်သိမ်ကိုလည်း အခြားအပင်တွေနဲ့ အတူ ကြားညှပ်စိုက်ပျိုးနိုင်ပါတယ်။ ရွှေဖရုံ၊ ကျောက်ဖရုံ၊ နွေပဲလို နွယ်တက်ပင်တွေကိုတော့ အပင်ကြီးတွေပေါ် ဒါမှမဟုတ် ဓနိ၊ ထန်း၊ ဝါးကဒ် စတဲ့အပင်ထွက်ပစ္စည်းတွေနဲ့ မိုး ထားတဲ့ အဆောက်အဦးပေါ်ကို တက်စေပြီး အသီးတွေကို ခူးဆွတ်နိုင်ပါတယ်။ ဂေါ်ရခါး၊ ဘူး စတဲ့အပင် တွေ ကိုတော့ မြေနေရာရရှိနိုင်မှုပေါ်မူတည်ပြီး စင်တွေထိုးထားပေးရင် အရွက်၊ အညွန့်တွေကို အလွယ်တကူ ခူးယူ စားသုံးနိုင်မှာဖြစ်ပါတယ်။
ဒီလိုအိမ်ခြံဝင်းအတွင်း စိုက်ပျိုးတဲ့သီးနှံပင်တွေအတွက်ကိုလည်း လိုအပ်တဲ့အစာအာဟာရဓာတ်တွေ ထည့်သွင်း ပေးဖို့လိုအပ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတဲ့သီးနှံတွေကို ဓာတုမြေသြဇာထည့်သွင်းအသုံးပြုပေမယ့် ဒီလို အိမ်ခြံ ဝင်းအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့ သီးနှံတွေကိုတော့ သဘာဝမြေသြဇာတွေဖြစ်တဲ့ ကောင်းကောင်းဆွေး မြေ့တဲ့ တိရိစ္ဆာန်အညစ်အကြေး၊ မြေဆွေး၊ သစ်ရွက်ဆွေး စတာတွေကိုသာ အသုံးပြုသင့်ပါတယ်။ ပိုးမွှားရော ဂါကျရောက်ခဲ့ရင် ဖျက်ဆီးမှုများကို ကာကွယ်နှိမ်နင်းနိုင်ဖို့ ဓာတုဆေးဝါးတွေမသုံးပဲ အပင်အခြေခံသဘာဝ ပိုးသတ်ဆေးတွေကို သုံးစွဲသင့်ပါတယ်။လိုအပ်တဲ့အာဟာရဓာတ်တွေကို မြေပြင်စဉ်မှာကတည်းက ထည့်သွင်း အသုံးပြုရမှာဖြစ်ပြီး အပင်ကြီးထွားမှုအလိုက် အကြိမ်ကြိမ်ထပ်မံထည့်သွင်းပေးဖို့လည်း လိုအပ်ပါတယ်။

အပင် အခြေခံသဘာဝပိုးသတ်ဆေးတွေကို ပြုလုပ်သုံးစွဲခြင်းအားဖြင့် မိသားစုများ အန္တရာယ်ကင်းစွာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။ သီးနှံတွေ ခူးဆွတ်တဲ့အချိန်မှာလည်း လိုအပ်တဲ့ပမာဏကိုသာ ခူးဆွတ်ခြင်းဖြင့် အလေအလွင့်မရှိပဲ လတ်လတ်ဆတ်ဆတ်စားသုံးနိုင်မှာဖြစ်တဲ့အပြင် သီးနှံတွေမှာ ပါဝင်တဲ့ အာဟာရဓာတ် လျော့နည်းပျောက်ဆုံး မှုကိုလည်း နည်းပါးစေတာကြောင့် စားသုံးသူရဲ့ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုစေမှာဖြစ်ပါ တယ်ရှင်။

ိုက်ပျိုးရေးနည်းပညာ

မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံးမင်းတုန်း၊ ဩဂုတ် ၆၊ ၂၀၂၁။မကွေးတိုင်း၊ သရက်ခရိ...
06/08/2021

မင်းတုန်းမှာ ရေကြီးရေလျှံဖြစ်လို့ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ဆုံးရှုံး

မင်းတုန်း၊ ဩဂုတ် ၆၊ ၂၀၂၁။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် တောင်ခြမ်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွှာချောင်း၊ ပဲမြောက်ချောင်းတို့ ရေကြီးရေလျှံဖြစ်ကာ ရိတ်သိမ်းခါနီး နှမ်းတွေ ဧကရာချီ ရေနောက်မျောပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လူနေအိမ်တချို့လည်း ရေနစ်မြုပ်နေပြီး မဲဇလီရဲကင်းရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ခွဲတို့က ကူညီမှုတွေလုပ်ဆောင်ပေး နေရတယ်လို့ သိရပါတယ်။

"မိုးသည်းတာရော ချောက်တကာ့ချောက်နဲ့ တောင်ကျရေ လွှာချောင်းရေ အဲဒါတွေပေါင်းဆုံသွားတာ နှမ်းကအဲလိုပါဘဲနှမ်းကနတ်ကြီးတယ်။ အပင်ဘယ်လောက်ကောင်းကောင်း အသီးဘယ်လောက်အောင်အောင် အိမ်မရောက်သေးရင်ကိုယ့်ဟာလို့တွေးမရဘူး" လို့ နှမ်းစိုက်တောင်သူတဦးက ပြောပါတယ်။

မင်းတုန်းမြို့နယ်ဟာ အနောက်ရိုးမမှာ မိုးသည်းထန်ရင် အခုလိုကြုံရတတ်ပေမဲ့ အခုတော့ရေကြီးရေလျှံမှုတွေ မဖြစ်တာ တနှစ်ကျော်လောက်ရှိပြီလို့ သိရပါတယ်။

"မနက်လေးနာရီလောက် အိမ်ထဲရေစဝင်တယ်။ ၅ နာရီကျလူက လွတ်ရာသွားရတော့တယ်။ အိမ်က ၂ ထပ်ဆိုတော့ပစ္စည်းတွေ အပေါ်တင် မတင်နိုင်တဲ့ စားပွဲကုလားထိုင်တွေ က ပေါလောနဲ့ ကျန်ခဲ့တာဘဲ" လို့ အိမ်ရေနစ်မြုပ်ခံရတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် သရက်အုပ်ကွင်း၊ ရေပုလဲကွင်း၊ မဲဇလီကွင်း၊ တောင်မြင့်နဲ့ ကပိုင် စတဲ့ ကျေးရွာတွေက တောင်သူတွေရဲ့ နှမ်းခင်းတွေနဲ့ နှမ်းထောင်တွေ ရေနောက်မျောပါကုန်ကြောင်းနဲ့ ပုသိမ်မုံရွာလမ်းမကြီးပါ ရေကျော်ကာ
လတ်တလော လူနေအိမ် ၂၀ ခန့် ရေနစ်မြုပ်နေပြီး ကားတချို့ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#မြေလတ်အသံ

 #မြေဆီအဖြူ (ခေါ် ) ပုလဲမြေဩဇာ လုံးဝ(လုံးဝ)မသုံးပါ ။ ဘာကြောင့်လဲ ? မလိုအပ်လို့ပါ။လိုအပ်လို့ သုံးရမယ် ဆိုရင်လည်း အစားထိုး...
05/07/2021

#မြေဆီအဖြူ (ခေါ် ) ပုလဲမြေဩဇာ လုံးဝ(လုံးဝ)
မသုံးပါ ။ ဘာကြောင့်လဲ ? မလိုအပ်လို့ပါ။
လိုအပ်လို့ သုံးရမယ် ဆိုရင်လည်း အစားထိုးပစ္စည်း
ရှာသုံးပါမယ်။ ကွန်ပေါင်းမြေဩဇာ ကောင်းတာကို
သုံးရပါမယ်။ ကြက်ချေး၊ နွားချေးနဲ့ ရောသုံးပါ။
အစွမ်းရှိ ပစ္စည်းကို သုံးပါမှ အာနိသင်ရှိပါမယ်။

#မတန်တဆဈေးမြင့်လာတဲ့ပုလဲမြေဩဇာ နဲ့
ပတ်သက်ပြီး fb မှာ အော်နေကြသော တောင်သူများ
ဒီအချိန် ဟာ အခွင့်ကောင်း ဖြစ်ပါတယ်။
#စပါးပင် ဝါနေရင် ၊ အပင်ထိုင်နေရင်
အဖြူလေး ကြဲလိုက်ရမှ - ပက်လိုက်ရမှ
အပင်တွေကောင်းလာမယ် စိမ်းစိုလာမယ်
စပါးအထွက်ကောင်းမယ် ဟူ၍
ယူဆနေကြတဲ့ တောင်သူတွေ ရှိကြပါတယ်။

စိမ်းစိုလာတာတော့ မှန်ပါတယ် ၊ ၇ ရက် ဝန်းကျင်
လောက်ပါပဲ။ ကွန်ပေါင်းမြေဩဇာ ကောင်းတာကို
​ဝယ်ပြီး နည်းနည်းချင်း ကျွေးကြည့်ပါ။
ထူးခြားလာတာကို တွေ့ရပါမယ်။
အညံ့စား ကွန်ပေါင်းကို သုံးမယ်ဆိုရင်တော့
သိပ်ပြီး မထူးခြားပါဘူး။
အညံ့စားမြေဩဇာ တွေ အများကြီး ရှိပါတယ်။
အညံ့စား ဆိုတဲ့ စကားလုံးကို မသုံးလိုပေမယ့်
ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သုံးတာပါ။

NPK သုံးမျိုးပေါင်း ၃၀% မပါသော မြေဆီများ
ပျော်ဝင်မှု နှေးကွေးသော မြေဆီများ ကို
ဈေးသက်သာခြင်း တစ်ခုတည်းကြောင့်...
သုံးနေရတာတွေ ရှိကြပါတယ်။

#အပင်အတွက်လည်း အကျိုးမရှိ။
မြေကြီးအတွက်လည်း ကောင်းကျိုးမပြု
နည်းနည်းလည်း သုံးလို့မရ ။ များသုံးလို့လည်း
ထူးခြားမှု မရှိ ဒါကို သိစေချင်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းကြီးပဲ ဖြစ်စေ
၂-၃ ဧက စိုက်ပျိုးတဲ့ တောင်သူလေးပဲ ဖြစ်စေ
ဒါဟာ စီးပွားရေး လုပ်ငန်း တစ်ခုပဲ ဖြစ်ပါတယ်။
သုံးငွေကို ချွေတာတဲ့နည်းလမ်းက ထိရောက်ပြီး
အကျိုးရှိစေဖို့ အရေးကြီးပါတယ်။

ကောင်းတဲ့ပစ္စည်း ၁၀,၀၀၀ ကျပ်ဖိုးကို သုံးမလား?
ညံ့တဲ့ပစ္စည်း ၂၀,၀၀၀ ကျပ်ဖိုး သုံးမလား ?
အကျိုးရှိတာချင်းတူရင် ကောင်းတာပဲ သုံးရမှာပါ။

ရေးမယ်ဆို အများကြီးပါ။
ဖြစ်စေချင်တဲ့ စေတနာပါ။
တစ်မျိုးမြင်လည်း သဘောပါပဲ။

စိုးမိုး ဂျူလှိုင်

ပုရစ် မွေးမြူနည်း အကြောင်း သိကောင်းစရာ မွေးမြူတဲ့ပုရစ်အမျိုးအစားထိုင်းတို့ စစချင်း မွေးမြူခဲ့ကြတာ  ဒေသခံ ပုရစ် ၃ မျိုးပါ...
05/07/2021

ပုရစ် မွေးမြူနည်း အကြောင်း သိကောင်းစရာ

မွေးမြူတဲ့ပုရစ်အမျိုးအစား

ထိုင်းတို့ စစချင်း မွေးမြူခဲ့ကြတာ ဒေသခံ ပုရစ် ၃ မျိုးပါ။ (Gryllus bimaculatus DeGeer/ Teleogryllus testaceus Walker and T.occipitalis (servile) ) ဆိုတဲ့မျိုးစိတ်တွေပါပဲ ။ နောက်မကြာခင် အမေရိကန် နိုင်ငံက အိမ်ပုရစ်မျိုးတမျိုးဖြစ်တဲ့ ( sading (Acheta domesticus L.) တမျိုးကို ထိုင်းနိုင်ငံမှာ အစားထိုး မွေးခဲ့ကြည့်ရာမှာ အဲဒီပုရစ်မျိုးတွေက အရသာလည်းရှိတာ အကောင်ပိုထွား ဥချများသလို ဥပေါက်နှုံးလည်း ကောင်းတာမို့ တွင်ကျယ်ခဲ့ပြီး အခုဆိုရင် အဲဒီမျိုးတွေချည်း မွေးမြူကုန်ကြပါပြီ။

ဘယ်လိုမွေးကြမလဲ..?

က။ ပုရစ်လှောင်ကန်များ

ပုရစ်မွေးတဲ့သူတွေက သူတို့လုပ်ငန်းအကြီး အလတ် အငယ်တို့အလိုက် ပုရစ်ခြံ (သို့) လှောင်ကန် (၃)မျိုး ကို သုံးပြီး မွေးကြပါတယ်။

ပထမတမျိုးက ရေဓါတ်ခမ်းခြောက်မှုကို ထိန်းပေးနိုင်တဲ့ ကွန်ကရစ်လှောင် ကန်အမျိုးစားတွေ ကွန်ကရစ် တဖက်ပွင့်ရေပိုက်ကြီးတွေပါ။ ယေဘူယျ အချင်း၀က် ၈၀ စင်တီမီတာ အမြင့် ၅၀ စင်တီရှိပါတယ်။ အဲဒီထဲကနေမှာ ပုရစ်အကောင် ၂ -၄ ကီလို မွေးမြူထုတ် လုပ်ရောင်းချနိုင်ပါတယ်။ အသေးစား မွေးမြူရေးသမားလေး တယေက်အတွက်တော့ အဲဒီလိုလှောင် ကန်မျိုး အခု(၂၀)ကနေပြီး (၃၀)ထိ မွေးမြူလုပ်ကိုင်နိုင်ကြပါတယ်။

ဒီလို လှောင်ကန်မျိုး အခု(၂၀)မှ (၁၅၀)ထိ မွေးတဲ့သူတွေကိုတော့ ပုရစ်မွေးမြူရေးခြံများ အဆင့် သတ်မှတ် ပါတယ်။ဒီလိုလှောင်ကန် အဝိုင်းတွေဟာ အလွယ်တကူလည်း နေရာရွှေ့ပြောင်းမွေးလို့ ရနိုင်တဲ့ အမျိုးအ စား တွေပါပဲ။

ဒုတိယအမျိုးစားကတော့ ပုရစ်ခြံ အတော်များများ မှာတွေ့နိုင်တဲ့ သေတ္တာပုံး သဏ္ဍန် လှောင် အိမ်မျိုး တွေပါ။ တခုနဲ့တခု ချိတ်ဆက်လို့လည်းရသလို နေရာအခြေအနေအရ အရွယ်အစားကို ကြိုက်သလို ဖန်တီးယူနိုင် ပါတယ်။ သေတ္တာ တခု (၁.၂ x ၂.၄ x ၀.၆) မီတာမျှ အတိုင်းအတာတွေ ရှိပါတယ်။ခြံတခု ပုရစ်မွေးသေတ္တာ အလုံး ၅ လုံးကနေပြီး သေတ္တာ ၁၀၀ ထိရှိကြပြီး လှောင်ကန်သေတ္တာ တလုံးကနေပြီး ပုရစ် ၂၅ ကီလိုမှ ၃၀ ကီလို ထုတ်လုပ်နိုင်ပါတယ်။

ပုရစ်ခြံ အလယ်လတ် စားတွေမှာ ဒီလိုသေတ္တာတွေကို များသောအားဖြင့် အသုံးပြုကြ ပါတယ်။ သေတ္တာသဏ္ဍန် မွေးမြူရေး လှောင်ကန်တွေရဲ့ အားသာချက် နေရာအနေအထား ကိုလိုက်ပြီး စီမံနိုင်တာ ဖြစ်ပေမယ့် အထဲမှာ ပုရစ်ကောင် ရေ ထူထပ်ပြီး ရောဂါဘယတွေ ကျရောက်စေ တတ်တာပါ။အထူးသဖြင့် တခါတရံ ပုရွက်ဆိတ်တွေ၀င်ပြီး ခြံတခုလုံး ရှင်းလင်းရေး လုပ်ရတဲ့အခါမျိုးမှာ အခက်အခဲရှိတတ်ပါတယ်။

နောက်တမျိုးက အထပ်သား ဒါမှမဟုတ် ကျောက်ပါတ်တီးမှုံ့ တို့နဲ့ပြုလုပ်ထား တဲ့ သေတ္တာတွေဖြစ်ပါတယ်။ အတိုင်းအတာက(၁.၂ x ၂.၄ x ၀.၅) မီတာ ဖြစ်ပြီး ပုရစ် ကီလို ၂၀ မှာ ၃၀ ကီလို ထိ မွေးမြူ ထုတ်လုပ် နိုင်ပါတယ်။အထူးသဖြင့် အောက်ခြေမှ ၁၅-၂၀ စင်တီထိ မြေပြင်နဲ့လွတ်အောင်လုပ် ထားတာမို့ သန့်ရှင်းရေး လုပ်ရတာလည်းလွယ် ပုရွက်တက်မှာလည်းမပူရတော့ပါဘူး။ဒါပေမယ့် အထပ်သားဟာ ကွန်ကရစ် ထက်စာရင် ခိုင်ခံ့မှု အား နည်းတာ ပူတာ မိုးရေထိမခံတဲ့အားနည်းချက်တော့ရှိပါတယ်။

ကျန်တဲ့တမျိုးကတော့ ပလပ်စတစ် ပြားတွေနဲ့ လုပ်ထားတဲ့လှောင်အိမ်ပါ။ အံဆွဲငယ်လေးတွေဟာ အတိုင်းအတာ အားဖြင့်(၀.၈x၁.၈x၀.၃) မီတာဖြစ်ပြီး အကန့်တခုမှာ အံဆွဲသေတ္တာငယ် ၃ခု မှ ၄ ခု ပါ ပါတယ်။ပုရစ် ၆-၈ ကီလိုအထိ မွေး နိုင်ပါတယ်။နေရာ ကျဉ်းကျဉ်းပဲ လိုတာမို့ အငယ်နဲ့ အလတ်စား ပုရစ်ခြံ တွေမှာ သုံးကြပါတယ်။ အပေါ်ဆုံး ထပ်တွေက ပူတတ်တာမို့ မကြာခဏ နေရာ လဲပေး ဖို့တော့လိုပါတယ်

(ခ) အစာကျွေးနည်း

အဓိကအားဖြင့် ပရိုတင်း ဓါတ် ၁၄% မှ ၂၁ %ပါ၀င်သော ကြက်စာတွေကို ပုရစ်ခြံအများစုမှာ ပုရစ် စာအဖြစ် သုံးကြပါတယ်။ ပရိုတင်း ၂၁% ပါ၀င်တဲ့ ကြက်စာကို ဥမှပေါက်ပြီးနောက် သက်တမ်းရက် ၂၀ ရှိ ပုရစ်များအတွက်ကျွေးပါတယ်။ နောက်ပိုင်းမှာတော့ ၁၄% နဲ့ ၂၁ % အစာ၂ မျိုးကိုရောစပ်ကာ ၄၅ ရက်
ပြည့်ပြီး ပုရစ်တွေကို ထုတ်မရောင်းခင် အချိန်လေးထိ ကျွေးတတ်ကြပါတယ်။ ထုတ်မရောင်းခင် ရက်ပိုင်းလေးမှာ ဒီအစာတွေအစား ဟင်းရွက်(ဖရုံ၊ပလောပီနံ၊ဖရဲရွက်) ကိုလည်း လဲ လှယ် ဖြည့် စွက် ကျွေးမွေးရပါတယ်။ ပုရစ်တွေအရသာ ပိုရှိအောင်နဲ့ ထုတ်မရောင်းမီ အချိန်လေး အတွင်းမှာ ကုန်ကျမယ့် ပုရစ်အစာဘိုး သက်သာစေဖို့ပါပဲ။

(ဂ) မွေးမြူတဲ့စနစ်

ဟို ပုရစ်တွေစတင်မွေးမြူတုံးကထဲကနေ အခုအချိန်ထိ နည်းစနစ်ပိုင်း ဆိုင်ရာ အပြောင်းအလဲ သိပ် မရှိသေးပါ။ အထက်မှာဖေါ်ပြထားတဲ့ သေတ္တာအမျိုးမျိုး နဲ့ လုပ်ငန်းအကြီး အသေး အ လိုက် ရွှေးချယ်ပြီး ပုရစ်တွေကို လှောင်ပြီး ထည့်မွေးကြတာပါပဲ။တခါတရံ တခြား ပုရစ်စား အကောင် တွေရဲ့ အန္တရယ်တွေကနေ ကာကွယ် ဖို့ လိုအပ်ရင် လှောင်ကန်တွေကို ခြင်ထောင်ကြီး ထဲ့တာ ဒါမှ မဟုတ် ခြံတခုလုံးကို ခြင်ဇကာ အလုံပိတ်လိုက် တာမျိုး နဲ့ မွေးကြရတာ မျိုးလည်းရှိ တတ်ပါတယ်။

လှောင်အိမ် (သို့) ပုရစ်လှောင်အိမ်တွေရဲ့ အောက်ခံကိုတော့ ကောက်ရိုးတွေပဲ ခင်းပေးထားလေ့ ရှိပြီး တခြား ပစ္စည်းမသုံးကြပါဘူး။ပုရစ်တွေ ပုံးခိုနေဖို့ စက္ကူကပ်ထူ (သို့) ကြက်ဥထည့် စက္ကူဖါချပ်တွေကို လည်းသုံးနိုင်ပါတယ်။မွေးထားတဲ့ ပုရစ်ထီးလေးတွေ မိတ်စလိုက်ပြီ ဆိုတာနဲ့ ပုရစ်မတွေ ဥချဖို့ ပလစ်စတစ် ခွက်တခုအတွင်း အုန်းဆံမှုန့်ကို ရေ၄၀%လောက်ဆွတ်ပြီးခွက်နှုတ်ခမ်းရဲ့လက်တစ်လုံးအလိုကို ဖြည့်ပြီးထား ထားပေးဖို့လိုပါတယ်။

ဒါမှ ပုရစ်မတွေ ဒီခွက်ထဲမှာ ဥ ဥချရမှာပါ။ပုရစ်တွေရဲ့ ဥချတဲ့ကာလသက်တမ်းက တပါတ်မှ နှစ်ပတ်ကြာတတ်ပြီး ဥချပြီး ခွက်တွေကို နေ့စဉ် လဲလှယ်ပေးဖို့နဲ့ ဥဖေါက် မယ့် မွေးမယ့် လှောင်အိမ်တွေထဲ ပြောင်းထားလိုက်ဖို့ပါပဲ။ဒါမှမဟုတ် အခြားပုရစ်မွေးသူတွေ ကို ပြန်လည် ရောင်းပေးနိုင်ပါတယ်။ပုရစ်တွေ ဥချနေတဲ့အချိန်မှာ လှောင်အိမ်တွင်း အပူချိန် တသမတ်ထဲရှိဖို့ အရေးကြီးပါတယ်။

ဒီလို မျိုးပေါက်ဖွား တာ မျိုးဆက်တဆက်မှာ တစ်ကြိမ်မှ သုံးကြိမ်ထိ ပေါက်ဖွားတတ်ပါတယ်။ ဒီလို ဥချ ပြီးတာနဲ့ ဒီပုရစ်တွေကို ကောက်ယူရောင်းချလို့ရပါပြီ။ရတဲ့မျိုးခွက်တွေကို အခြားမွေးမယ့် သူတွေဆီ တခွက် ၁၀၀၀၀ ကျပ် နှုံးလောက်နဲ့ ပြန်လည်ရောင်း ချနိုင် ပါသေးတယ်။ဒီမျိုးခွက်လေးတခုကနေ ပုရစ် (၃)ကီလိုလောက်ကို ထပ်မံမွေးမြူနိုင်ပါတယ်။

ဃ ။ ပုရစ်မွေးတဲ့သူတွေ

အသေးစားနဲ့ အလလတ်စား မွေးမြူရေး သမားတယောက် အတွက် အနည်းဆုံး ကွန်ကရစ် ပုရစ်လှောင်ကန် ၁၅၀ လောက် ရှိမယ်ဆိုရင်တော့ သူဟာ (၄၅) ရက်အတွင်း ပုရစ် ကီလို ၄၅၀ မှ ၇၀၀ အထိ ထုတ်ရောင်းချ နိုင်ပါတယ်။တကီလို ကို ဖေါက်သည်စျေး နဲ့ မြန်မာငွေနဲ့ဆို ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်လောက်ရမှာမို့ အနည်းဆုံး သူဟာ သိန်း ၉၀ မှ ၁၂၀ သိန်း (သို့) သိန်း ၁၄၀ မှ ၁၇၅ သိန်း လောက်ပြန်ရပါလိမ့်မယ်။
တဖက်တလမ်း ၀ငျငှရေ လုပ်ငန်းဖြစ်ပေမယ့် ဒီပုရစ် မွေးလုပ်ငန်း ၆၀ %လောက်ကို ဒေသခံ အမျိုး သမီး တွေကပဲ လုပ်ကြပါတယ်။ပုရစ်ခြံတခုကို အမျိုးသမီး ၂ ယောက်လောက်နဲ့ပဲ အသားလေး ထိန်းသိမ်း လုပ်ကိုင်နိုင်လို့ပါ။

အကြီးစား ပုရစ်မွေးသူ တွေကတော့ ၂.၅/၈/၀.၅ မီတာ ရှိတဲ့လှောင်ကန်တွေကိုသုံးပါတယ်။ အနည်း ဆုံးလှောင်ကန် ၆၀ မှ ၈၀ ထိရှိပြီး အစာကျွေးဖို့ တနေ့လုပ်အား ၂ နာရီသာလိုပါတယ်။

င။ ထုတ်လုပ်မှုစရိပ်နဲ့ အကျိုးအမြတ်

အထူးသဖြင့် အရွယ်ရောက် ပုရစ်တွေကို ဝယ်ယူတဲ့ အဝယ်ဒိုင်တွေမှာရောင်းကြတာပါ။
ပြီးတော့ ပုရစ်ခြံ ကနေ ဘေးထွက်ပစ္စည်းများဖြစ်တဲ့ အရွယ်ရောက်ပုရစ်တွေ သားဖေါက်လိုသူတွေထံပြန်ရောင်းတာ၊ မျိုးပုရစ်ဥ ခွက် တွေပြန်ရောင်းတာ ပုရစ်ခြံအမှိုက် အညစ်ကြေးတွေ ကို မြေသြဇာ အဖြစ်ပြန်ရောင်း တာမျိုး တွေကနေ ၀င်ငွေ ပြန်ရစေပါတယ်။

စရိပ်စက အနေနဲ့ ပုရစ်လှောင်ကန် အနဲ့အခြားပစ္စည်းဖိုးက လုပ်ငန်းကုန်ကျငွေ သုံးပုံ တပုံ လောက်ရှိပြီး ကျန်ကုန်ကျစရိပ် မှာ ပုရစ်အစာဖိုးက သုံးပုံ နှစ်ပုံ လောက်ရှိပါတယ်။ အရွယ်ရောက် ပုရစ်တွေကို ၀ယျလကျ ဒိုင်တွေဆီ သွင်းတဲ့အခါမှာတော့ မွေးတဲ့သူတွေ အဖို့ ခါက်ချိုးမြတ်ကြပါတယ်။အခြေအနေအရ အစာ ရွှေးချယ်ခြင်း ဖြည့်စွက်စာ ခုနှိမ်ကျွေးမွေးခြင်းတို့ဖြင့် ကုန်ကျစရိပ် တချိ့ကို လျှော့ချနိုင် သလို ရောင်းချကြတဲ့အခါ စျေးကွက်ထဲ တိုက် ရိုက်ရောင်းချ ခြင်းဖြင့်လည်း အမြတ်ငွေ ပိုထွက်စေနိုင်ပါတယ်။

ပုရစ်မွေး လုပ်ငန်းကနေ ရတဲ့အကျိုးအမြတ်ဟာ မွေးမြူတဲ့ ခြံအနေအထားနဲ့ သက်ဆိုင်ပါတယ်။ အလယ် လတ်ခြံ တွေကနေပြီး ၄၅ ရက်တာအတွင်း ပုရစ် ကီလို ၅၀၀ မှ ၇၅၀ ထိထုတ် လုပ်နိုင်ပါတယ်။ တသုတ်အတွက်ငွေ သိန်း ၁၀၀ မှ ၁၂၅သိန်းအထိ ရပြီး တနှစ်ပါတ်လုံးအတွက် ငွေ သိန်း ၁၂၅၀ ကျပ်အထိရကြပါလိမ့်မယ်။

ထိုင်းနိုင်ရဲ့ တချို့ ပုရစ်မွေးခြံကြီး တွေကနေပြီး တနှစ်ကို ပုရစ် တန်ချိန် ၁.၅ မှ ၂ မက်ထရစ်တန်အထိ ထုတ်လုပ်နိုင်ကြ ပါတယ်။၀ယ်လက်ဒိုင်ကြီး တခုမှာဆိုရင် နေ့စဉ် ပုရစ် (၂)တန်မှ (၃) တန်ထိ အနုတ်အသိမ်း ရှိနေပါတယ်။ မွေးတဲ့သူ အများစုကတော့ ၀ယျလကျဒိုငျတှေ ဆီ ပုရစ်တွေကို တကီ လို ဘတ် ၈၀ မှ ၁၀၀ စျေးသွင်းကြရ ပါ တယ်။ဒိုင်တွေက စုဆောင်းပြီး ရတဲ့ ပုရစ်တွေကို ဆေးကြော ရေနွေးနဲ့ပြုတ် အအေးခံ ကွန်တိန်နာတွေထဲ ထည့်ကာ တကယ့်စျေးကွက်ထဲ အရောက်ပို့ကြ တဲ့အခါမှာတော့ အသင့် ထုပ်ပိုးပြီးပုရစ် တစ်ကီလို ၁၂၀ မှ ၁၅၀ နှုံး ပို့ကြပါတယ်။တခါ ဒီပုရစ်တွေကိုပဲ အရောင်းစျေးကွက်ထဲကနေ စားသုံးသူ (သို့) အရောင်းစျေးသည် ငယ်လေးတွေဆီကို ပြန်ပြီး ရောင်းတဲ့စျေးကတော့ ပုရစ် တကီလို ၂၅၀ မှ ၃၀၀ ဘတ်နှုံး ထိ မြင့်တက်လို့ သွားတော့တာပါပဲ။

ထိုင်းနိုင်ငံက ပုရစ်မွေးမြူရေး လုပ်ငန်းတွေကို ၂၀၀၄ ခုနှစ် အစိုးရဖွဲ့စည်းတဲ့ အသေးစား အလယ်စား လုပ်ငန်း များ မြှင့်တင်ရေး အဖွဲ့က အများကြီး ထောက်ကူပြုပေးခဲ့တာပါ။ ယခင် ၀နျကွီးခြုပျဟောငျး သက် ဆင်ရှင်နာဝါတ် အစိုးရရဲ့ ကျေးရွာတခု ထုတ်ကုန် တမျိုးပေါ်လစီ အောက်မှာ သက်ဆင်ရဲ့ ဇာတိဖြစ်တဲ့ ထိုင်းမြောက်ပိုင်းနဲ့အရှေ့မြောက်ဒေသတွေမှာ ပိုပြီး အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်။

ဒီနောက် ၂၀၁၀ ၂၀၁၁ ခုနှစ်တွေအတွင်းမှာ ထိုင်းနိုင်ငံ တနယ်လုံးပြန့်နှံ့သွားခဲ့ပါတော့တယ်။ ပုရစ်မွေး သူ ပေါင်း ၁၉၉၆၁ ဦး လှောင်ကန်ခြံ ပေါင်း ၂၁၇၅၂၉ ခြံ ဖြစ်ပြီး နှစ်စဉ် ပုရစ်ကီလို ၁၀၈၇၆၅၄၅ ကီလို ကို ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးနေတဲ့ လုပ်ငန်းကြီး တခုဖြစ်နေပါပြီ။နှစ်စဉ် ထိုင်း ဘတ်ငွေ ၁၀၈ သန်းကျော် ဖိုး ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေကြပါတယ်။

စ။ ရောဂါဘယ ဖြစ်ပွားမှု

လောလောဆယ်မှာ ပုရစ်မွေးမြူရေး နဲ့ ပုရစ်ခြံတွေမှာ ရောဂါကျရောက်ခြင်း မရှိသလောက်ပါပဲ ။နောင် မှာ ပုရစ်မွေးတဲ့သူတွေ များလာခဲ့ရင် ပုရစ်ရောဂါတွေ ဖြစ်ပွားလာနိုင်ဖွယ်ရှိပါတယ် ။ပုရစ်အကောင်ရေ ထူထပ်မှု များလာတာနဲ့အမျှ ရောဂါဖြစ်နိုင်ချေလည်း ပိုများလာနိုင်ပါတယ်။ လက်ရ မွေးသူအများစုကလည်း သူတို့ရဲ့ အတွေ့အကြုံများပေါ် မူတည်ပြီး ပုရစ်တွေ ကို မွေးနေကြတာပါ။ သေချာတိကျတဲ့ မွေးမြူရေးစနစ်တခု ရယ်လို့လည်း မချမှတ်နိုင်သေး ပါဘူး။ဒါအပြင် ဒီကနေ့အထိ ပုရစ်မွေး လုပ်ငန်းကြီး တိုးတက်အောင်မြင် လို့သာရှိနေပေမယ့် အတိအ ကျ မှတ်ပုံတင်ထားခြင်း မရှိသေးလို့ ပုရစ်မွေးတာဟာ တရားမ ၀ငျ မွေးမြူရေးတခုဖြစ်နေဆဲပါ။

ဆ။ ပုရစ်မွေးမြူရေး ရဲ့ ရှေ့ခရီး

ပုရစ် မွေးမြူရေးလုပ်ငန်းထဲက ထုပ်လုပ်ကုန်ကျမှု စရိပ်ထက်၀က်လောက်ဟာ အစာဖိုးပဲဖြစ်ပါတယ်။ အခု ပုရစ်တွေအတွက် ကြက်စာတွေကို အဓိကထား ကျွေးရာကနေ နောင်မှာတော့ ပုရစ်စာ သီးသန့်ထုတ်ပြီး ထုတ်လုပ်စရိပ်တွေကို လျှော့ချနိုင်ဖို့ သုတေသနပြုနေဆဲဖြစ်ပါတယ်။

ဒီကနေ့ ပုရစ်မွေးလုပ်ငန်းကြီးမှာ ကြားပွဲစားနဲ့ အေးဂျင့်တွေကပဲ အုပ်စီးထားတာ ကို တွေ့ရ ပါတယ်။သူတို့ကပဲ မွေးတဲ့သူတွေဆီက ပုရစ် လတ်ဆတ် ကြီးထွားမှုကို လိုက်လို့ စျေးနှုံးဖြတ်ပေး ပါတယ်။

ပြီးတော့ ဒါတွေကို သန့်စင် ပြုတ်ပြီး အအေးခန်းတွေထဲတည့် ကာ တပြည်လုံးဖြန့်ချီ အကျိုးမြတ် ရယူနေကြပါတယ်။

ဒါကြောင့် ပုရစ်မွေးတဲ့ လယ်သမားတွေ ပိုအကျိုးရှိအောင် အချင်းချင်းစုစည်းပြီး ကိုယ် တိုင် အေးဂျင့်သဘောမျိုး ဆောင်ရွက်ကြဖို့ စတင်နေကြပါပြီ။

ရည်ညွှန်းချက် သဘာ၀ပါတ်၀န်းကျင် ထိခိုက်မှုကြောင့် တဖြည်းဖြည်း အလုပ်အကိုင် ရှားပါး လာနေသည့် ဒေသတွင်း ပြည်သူတွေ အခွင့်အလမ်းများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရေးသားပါသည်။

ပါတ်၀န်းကျင် ထိခိုက်မှုလည်းမရှိ အချိန်ပိုင်းလေး အားစိုက်ပြီး မိသားစု အပို၀င်ငွေတွေ ရသလို အရပ်တပါးကို ထွက်လုပ်နေစရာလည်း မလိုအပ်တာမို့ ဒေသ အတွင်းရှိ လူသားအရင်းအမြစ် လျော့ပါးမှုကိုလည်း ထိန်းညှိပြီးသားဖြစ်စေလိုပါသည်။

သဘာ၀ နှင့် လူသား အရင်းမြစ်တွေ မပျောက်ကွယ်သွားသမျှ ကာလပါတ်လုံး ကျေးလက်ဒေသကြီး ထာ၀ရ တည်တံ့နိုင် ပါလိမ့်မည်။


#ကိုးကား

ပုရစ်ကြော် စားပြီး ရမယ့် ပရိုတင်း ဘာတွေ အကျိုးကျေးဇူးပေးမလဲ

ပုရစ် ကြော် လို့ ပြောလိုက်တာနဲ့ အသည်းယားတဲ့အသံနဲ့ နောက်တွန့်သွားမယ့်သူတွေက တစ်ဖက်၊ ဘယ်မှာလဲ…ဘယ်မှာလဲနဲ့ ချက်ချင်း ပြေးဝယ်စားချင်လောက်အောင် အရမ်းကြိုက်တဲ့သူတွေက တစ်ဖက် ရှိနေပါတယ်။

အင်းဆက် အမျိုးအစားဝင်ဖြစ်တဲ့ ပုရစ်ကြော်က အခုဆို မသေးတဲ့ဈေးနှုန်းနဲ့ မြန်မာ့ဈေးကွက်မှာ ရပ်တည်နေပါပြီနော်။ မြန်မာပြည်မှာက ပုရစ်ရယ်၊ တွင်းပိုးကြော်၊ ခါချဉ်ကြော်၊ ခါချဉ်ဥကြော်တို့ကို ကြိုက်နှစ်သက်ကြတာ ဟိုးအရင်တည်းက။ တရုတ်တန်းက သင်ပေါင်းပိုးကလည်း နာမည်ကြီးရယ်။ ဒါတွေက အင်းဆက်မဟုတ်လို့ ဘာတွေဖြစ်မလဲ။ အင်းဆက်တွေက အာဟာရဓါတ်ကြွယ်ဝပြီး အစာကြေလည်းလွယ်တယ်၊ ဓါတ်မတည့်မှုဆိုတာမရှိသလောက်ကိုနည်းတယ်၊ အဓိက အသားဓါတ်ပြည့်ဝတယ်ဆိုတာ သုတေသနတွေက အထောက်အထားတွေ့ရှိထားတာကြာပေါ့။

အသားဓာတ် အရင်းအမြစ်

အင်းဆက်တွေက အသားဓါတ်ကြွယ်ဝပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်စစ်ကိုးမျိုးလုံးပါဝင်တယ်လို့ သုတေသီတွေကပြောထားပါတယ်။ ဆောင်းရာသီဆို ဒီမှာ တဖွဲဖွဲမြင်နေရတတ်တဲ့ ပိုးကောင်လေးတွေ၊ ဒါးခုတ်ကောင်၊ ကျိုင်းကောင် ၊ပုရစ် စတဲ့ အင်းဆက်တွေကို ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယားတို့မှာ စားသုံးသူများတဲ့အပြင် ပင့်ကူ၊ ကင်းမြီးကောက်စတဲ့ အဆိပ်ရှိအကောင်တွေကိုပါ နှစ်ခြိုက်စွာစားသုံးကြပါသေးတယ်။

အခုဆို အင်းဆက်တွေနဲ့ မီနူးအသစ်တွေဖန်တီးပြီး အတော်ခေတ်စားလာတာက အနောက်နိုင်ငံတွေနဲ့ ဥရောပမှာပါ။ ဟမ်ဘာဂါမှာ အသားပြားတွေအစား အင်းဆက်ကြော်ကို ထည့်သွင်းစားသုံးတာလည်းရှိသလို သရေစာမုန့်အဖြစ်နဲ့ အင်းဆက်ကြော်တွေထုတ်လုပ်လာပါတယ်။

လေ့လာမှုတစ်ခုအရ ပုရစ်ကရတဲ့ ပရိုတင်းဓါတ်ဟာ အူတွင်းဘက်တီးရီးယားတွေကို အားပေးနိုင်ပြီးရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ သိရပါတယ်။ အနီရောင်အသားတွေက ပရိုတင်းရရှိမှုများတာ သိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ပုရစ်မှာ ပါဝင်တဲ့ပရိုတင်းက ပိုများနေတာကိုပါ။

အသား ၁၀၀ ဂရမ်မှာ ပရိုတင်း ၂၀ ဂရမ်ပါဝင်နိုင်ပေမယ့် ပုရစ် ၁၀၀ ဂရမ်မှာတော့ ပရိုတင်း ၆၀ ဂရမ် ပါဝင်ပါတယ်တဲ့။ စိတ်ဝင်စားစရာမကောင်းဘူးလား။ ဒီအတိုင်းဆို အမဲသားမစား၊ခြေလေးချောင်းသားရှောင်တဲ့သူတွေအတွက် အင်းဆက်တွေနဲ့ အသားဓါတ်ဖြည့်တင်းပေးနိုင်ပြီလေ။ ပုရစ်မှာ ပရိုတင်းများတဲ့အပြင် မရှိမဖြစ်လိုအပ်တဲ့အမိုင်နိုအက်စစ်ဓါတ်တွေနဲ့ ပိုတက်ဆီယမ်တွေလည်း ပါဝင်ပါတယ်။

လူကြိုက်များပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ အင်းဆက် (၄) မျိုး
ဝါးပိုးကြော်

ဝါးပိုးကြော်ဆို အမြည်းသမားတွေပိုသိကြမှာပါ။ ရွရွလေးကြော်ထားတဲ့ ဝါးပိုး ၁၀၀ ဂရမ်ကနေ ပရိုတင်း ၃၀ ဂရမ် ရရှိနိုင်ပါတယ်။ ကယ်လိုရီက ၄၃၀လောက်အထိ ရရှိနိုင်လို့ ခွန်အားရှိစေပါလိမ့်မယ်။

ပုရစ် ကြော်

ပုရစ်ကြော် ၁၀၀ ဂရမ်က ပိုတက်ဆီယမ် ၃၄၇ မီလီဂရမ်ပေးစွမ်းနိုင်ပါတယ်။ ဒီပမာဏဟာ ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်ထင် ၁၁ မီလီဂရမ်ပိုများနေတာပါ။ ပိုတက်ဆီယမ်ရဲ့ကောင်းကျိုးကသွေးပေါင်ကျစေတာပါပဲ။ ပိုတက်ဆီယမ်က လေပွခြင်းကို သက်သာစေတဲ့ကောင်းကျိုးလည်းရှိလို့လေပွတာ၊ရင်ကယ်တာ သက်သာချင်ရင် ပုရစ်ကြော်သာစားပေတော့။

ပိုးစာကြော်

ထိုင်းကဝင်တဲ့ ပိုးစာကြော်က အွန်လိုင်းမှာအရောင်းသွက်နေတဲ့ စားစရာတစ်ခုဖြစ်နေပါတယ်နော်။ ဆိမ့်တဲ့အရသာနဲ့မို့ နှစ်ခြိုက်ကြတဲ့ ထိုင်းပိုးစာကြော်က ၁၀၀ ဂရမ်မှာ ကယ်လ်ဆီယမ် ၉၃၄ မီလီဂရမ် ပါဝင်နေတယ်ဆိုတော့ ဟန်ကျပြီလေ။ အရိုးသန်မာစေဖို့ နွားနို့တွေချည်း လှိမ့်သောက်နေဖို့မလိုတော့ဘူး။ ဇင့်နဲ့ သံဓါတ်ပါဝင်မှုကလည်း ဆယ်လ်မွန်၊ ကြက်သားနဲ့ အမဲသားထက်ပိုများနေတော့ သွေးအားနည်းတာ မဖြစ်စေနိုင်တော့ဘူး။

ပိုးဟပ်ကြော်

ပိုးဟပ်ဆို ရွံကြ၊ကြောက်ကြတယ်ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကလည်း တကယ်ပါပဲ။ အရသာလည်းရှိတယ်တဲ့နော်။

ပိုးဟပ် ၁၀၀ ဂရမ်မှာ ဗီတာမင် B12 ၂၄ မိုက်ခရိုဂရမ်ပါဝင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ရင် သွေးအားနည်းခြင်း၊နှလုံးရောဂါနဲ့ အာရုံကြောစနစ်ထိခိုက်မှုတွေဖြစ်လာနိုင်တယ်။ ပိုးဟပ်ရဲ့ ဗီတာမင် B12 ကြောင့် အသားအရေလှမယ်၊ ဆံပင်ကောင်းမယ်၊ခြေသည်းလက်သည်းကျန်းမာလှပမယ့်အပြင် အရေပြားဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။

#ကိုးကား

ဂူဂယ်မှာ လေ့လာမယ်ဆိုရင် ( ฟาร์มจิ้งหรีด)
ရေးပြီး ရိုက်ရှာကြည့်ပါ ထိုင်းစာမရေးတတ်ရင် ကော်ဖီကူးပြီးထည့်ပါ

https://www.facebook.com/147528975879613/posts/759186584713846/

https://www.facebook.com/331673783892164/posts/354246451634897/

https://www.facebook.com/254917665104610/posts/589640451632328/

https://www.facebook.com/768293920045784/posts/938492813025893/

ဗဟုသုတ Post တွေကို Public ဖြင့် တင်ပေးထားပါတယ် ကြိုက်ရင် Follow နှင့် 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐬𝐡𝐚𝐫𝐞 လေးလုပ်နိုင်ပါတယ် ခင်ဗျာ 🙏

🌍♻📝သုတဇုန် ထွန်းလင်း

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when စိုက်ပျိုးရေး သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share



You may also like