Thiha Naing

Thiha Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thiha Naing, Digital creator, Mandalay.

30/06/2023

* နေ့တိုင်းဖတ်ရန် *(၁)  ပြုံးပါ။(၂)  ငြင်းခုံခြင်းအား ရှောင်ရှားပါ။(၃)  တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။(၄)  သူတစ်ဦး တစ...
24/06/2023

* နေ့တိုင်းဖတ်ရန် *

(၁) ပြုံးပါ။

(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။

(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။

(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။

(၅) မိမိ အမှားကို လျှင်လျှင် မြန်မြန်
လေးလေးနက်နက် ၀န်ခံပါ။

(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။

(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။

(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )

(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။

(၁၀) ကိုယ်ချင်းစာ တက်အောင် ကြိုးစားပါ။

(၁၁) ရိုးသားစွာ ချီးကျူးပါ (ရက်ရက်ရောရော ရှိပါစေ)

(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။

(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။

(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
၀မ်းမြောက် ၀မ်းသာစွာ နှင့် လုပ်ချင်အောင် ခိုင်းပါ။

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါသူတစ်ပါးဆီက တစ်ကျပ်ယူထားရင်တစ်ကျပ်ပြန်ပေးပါ။မရှိသေးဘူးဆိုရင် ရှိအောင်လုပ်ပါ...။မပေးနိုင်သေးဘူ...
23/06/2023

ငွေနဲ့ပက်သက်ပြီး သစ္စာရှိပါ
သူတစ်ပါးဆီက တစ်ကျပ်ယူထားရင်
တစ်ကျပ်ပြန်ပေးပါ။

မရှိသေးဘူးဆိုရင်
ရှိအောင်လုပ်ပါ...။
မပေးနိုင်သေးဘူးဆိုရင်
ပေးနိုင်အောင်လုပ်ပါ။

အများကြီး ယူထားပြီး
အားလုံးကိုပြန်မဆပ်နိုင်လျှင်တောင်
နည်းနည်းချင်း ခွဲဆပ်ပါ။

ကိုယ်ယူထားတာ
ပေးရမယ့် အချိန်ရောက်ရင်
တောင်းစရာ မလိုဘဲ ပေးပါ ။
အဆင်မပြေဘူးဆိုတဲ့ တစ်ခုတည်း
အဆင်မပြေတဲ့ အကြောင်းပြချက်
ခဏ...ခဏ.....မပြောမိစေနဲ့။

ဘာဖြစ်လို့ အခုလိုပြောနေရတာလဲ
အကြောင်းရှိပါတယ်...
အရမ်းလည်း အဓိပ္ပါယ်ရှိပါတယ်။

ကိုယ်ယူထားတဲ့ငွေဟာ
သူတစ်ပါး အနေနဲ့
သူ့ရဲ့ကြိုးစားမှုနဲ့ ရထားတာပါ ။
သူ့ရဲ့ ကိုယ်စွမ်း/ဥာဏ်စွမ်းနဲ့
ခက်ခက်ခဲခဲ ရှာဖွေထားရတာပါ။

သင် သူတစ်ပါးဆီက
ယူထားတဲ့ငွေဟာ ချွေးစက်တွေနဲ့
ရှာထားတာလည်း ဖြစ်နိုင်ပါတယ်
မအိပ့် မနေ ညဉ့်နက်သန်းခေါင်အထိ
ရှာဖွေထားတာလည်း ဖြစ်နိုင်တယ်။

သူ့ကိုယ်ကျိုးအတွက် မသုံးစွဲရက်ဘဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုပေးခဲ့ခြင်းဖြစ်တယ်
အဲဒီယုံကြည်မှုကို ဘယ်တော့မှ
လွယ်လွယ်လေး မချိုးဖျက်မိပါစေနဲ့။

ကိုယ်ပိုက်ဆံချေးထားတဲ့သူက
ချမ်းသာနေလို့ အဆင်ပြေနေလို့
ပြန်မပေးဘဲနေလို့ မရပါဘူး ။
သူချမ်းသာတာက
သူ့ကြိုးစားမှုနဲ့ သူ့အပိုင်း...
ကိုယ်ယူထားတာက ကိုယ့်အပိုင်းပါ။

ပိုင်းရှင်မတောင်းသေးလို့ မပေးသေးဘူးဆိုပြီး
မနေပါနဲ့ ကိုယ့်မှာရှိနေရင် ပြန်ပေးလိုက်ပါ
ယခုဘဝအကြွေးက နောင်ဘဝ ဝဋ်ကြွေးဆပ်ရမယ်

ငွေအပေါ်သစ္စာရှိဖို့ လိုပါတယ်...
ငွေအပေါ်သစ္စာရှိမှ ငွေကလည်း
ကိုယ့်အပေါ်သစ္စာရှိမှာပါ။

သူများ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒမရှိတဲ့
နေ့ကစ၍ သင်ဘာလုပ်လုပ်
အဆင်မပြေတော့ဘူးဆိုတာ
သိတားလိုက်ပါ

သူတစ်ပါးငွေကြေး ပစ္စည်းဥစ္စာကို
ချေးငှားပြီး ပြန်မဆပ်တဲ့သူဆိုတာ
ယခုဘဝေရာ လာမည့်ဘဝတွေ အထိပါ
ပြောင်ပြောင်ရောင်ရောင် မရှိဘဲ
ဆင်းရဲနေမှာပဲ........

မြင့်တဲ့ “နေရာ”-----------တခါတုန်းက ကျီးကန်း တကောင်ဟာ သစ်ကိုင်းပေါ်မှာ တနေ့လုံး နားနားနေနေ နေနေတယ် ။ ကျီးကန်းဟာ ဘာအလုပ်မ...
12/06/2023

မြင့်တဲ့ “နေရာ”
-----------
တခါတုန်းက ကျီးကန်း တကောင်ဟာ သစ်ကိုင်းပေါ်မှာ တနေ့လုံး နားနားနေနေ နေနေတယ် ။ ကျီးကန်းဟာ ဘာအလုပ်မှလည်း မယ်မယ် ရရ မရှိဘူး။အဲ့ကျီးကန်းကို ကြည့်ပြီး သစ်ပင်အောက်က ယုန်ကလေးဟာ အားကျနေ ခဲ့တာပေါ့။ တနေ့မှာတော့ ကျီးကန်းကို ယုန်ကလေးက ” ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တနေ့လုံး ထိုင်နေချင် လိုက်တာဗျာ ” လို့ ပြောတော့ ကျီးကန်းက” ထိုင်လေ၊ မင်းလည်း သစ်ပင်အောက်မှာ တနေကုန် နားနားနေနေ နေပေါ့ ” လို့ ကျီးကန်း က ပြန်ပြော တယ်။

ဒါနဲ့ ယုန်ကလေးလည်း ကျီးကန်း နားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ် မှာ ငြိမ်ငြိမ်လေး ထိုင်နေ လိုက်တယ်။ ဘာမှ မကြာပါဘူး၊ မြေခွေးတကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်းစား သွားပါ လေရော.. ။” ဘာမှမလုပ်ဘဲ တနေ့လုံး ထိုင်နေဖို့ ဆိုရင် အလွန့် အလွန် မြင့်တဲ့ အခြေအနေမှာ ရှိမှ ရလိမ့်မယ် “

Credit

ဘောင်မကျော်စေနဲ့ 💎💎💎💎💎လူတစ်ယောက်ဒုက္ခရောက်နေပြီဆိုရင်ထိုပုဂ္ဂိုလ်ကို ကြည့်ပြီးအကြင်နာတရားတွေပွားလို့ဒုက္ခတရားကို ဘယ်နည်း...
12/06/2023

ဘောင်မကျော်စေနဲ့
💎💎💎💎💎

လူတစ်ယောက်
ဒုက္ခရောက်နေပြီဆိုရင်
ထိုပုဂ္ဂိုလ်ကို ကြည့်ပြီး
အကြင်နာတရားတွေပွားလို့
ဒုက္ခတရားကို ဘယ်နည်းနဲ့
ကူညီဖြေရှင်းပေးရမလဲလို့
နှလုံးသားရဲ့လှုံ့ဆော်မှု ဖြစ်တယ်...။

အဲဒီလို
လှုံ့ဆော်မှုပေးတဲ့သဘာဝတရားကို
ကရုဏာလို့ ခေါ်တယ်၊
ကရုဏာ ဆိုတာဟာ တစ်ဖက်သားကိုကြည့်ပြီး
စိတ်ရဲ့ကြင်နာမှုကို ခေါ်တယ်...။

သောကဆိုတာဟာ အဲဒီလိုမဟုတ်ဘူး..
ဖြစ်ရလေခြင်းဆိုပြီး
ဝမ်းနည်းတဲ့သဘောဖြစ်တယ်..
သောက ဆိုတာက
ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု
ခံစားချက်တစ်ခုဖြစ်တယ်...။

ကရုဏာ နဲ့ သောကဟာ
အလွန်နီးစပ်တယ်..
သောက က
ကရုဏာယောင်ဆောင်ပြီးတော့
ဝင်လာတတ်တယ်...။

ကရုဏာဆိုတဲ့ဘောင်ကိုကျော်ပြီး
သောကဖြစ်သွားရင်
ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော..
ဒါ သတိထားရမယ့်အချက်ပဲ...။

ဒါကြောင့်
သောကသည် ကရုဏာ၏
အနီးကပ်ရန်သူလို့
စာပေကျမ်းဂန်တွေမှာ ဆိုတယ်...။

ကရုဏာ စစ်စစ်ဆိုတာက
အင်မတန်မှ မွန်မြတ်သန့်စင်တဲ့တရား..
အဲဒီကရုဏာတရားကို
မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင်
“အခက်အခဲတွေမှ လွတ်မြောက်ကြပါစေ”
“ဒီလို အကျပ်အတည်းကြီးမှ
လွတ်မြောက်ကြပါစေ”
“ဒုက္ခတွေမှ လွတ်မြောက်ကြပါစေ” ဆိုတဲ့
ဒီလိုစိတ်ဓာတ်မျိုးတွေကို
များများဖြစ်ပွားစေရမယ်... ။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏

သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေနဲ့_______________________▪  အသားမဲတာ ၊  အရုပ်ဆိုးတာ ၊ ဝတာ ၊ ပိန်တာ ၊ ပညာမတတ်တာ၊ ဆင်းရဲတာ...
08/06/2023

သူများပါးစပ်ဖျားမှာ လမ်းမဆုံးစေနဲ့
_______________________

▪ အသားမဲတာ ၊ အရုပ်ဆိုးတာ ၊ ဝတာ ၊ ပိန်တာ ၊ ပညာမတတ်တာ၊ ဆင်းရဲတာ ၊ ခက်ခဲကြမ်းတမ်းတာ ၊အစသဖြင့်တွေးပြီး စိတ်ဓာတ်မကျပါနဲ့။

▪ လောကကြီးမှာ မင်းထက်မဖြစ်ဆိုးလူတွေတစ်ပုံကြီးပါ။ သေချာတစ်ခုက မင်းရဲ့အလှကို ဘယ်သူမှ မြင်စရာမလိုပါဘူး။ အရေးကြီးတာက မင်းကိုယ်မင်း ယုံကြည်မှုရှိဖို့ပဲ အဓိကကြတယ်။

▪ တစ်ခြားသူတွေက မင်းကို အသားမဲတယ်ပဲပြောပြော၊ ပညာမတတ်ဘူးဘဲပြောပြော၊ ရုပ်ဆိုးတယ်ပဲပြောပြော၊ ဆင်းရဲလို့ သူတောင်းစားခေါ်ခံရလဲ ဂရုစိုက်စရာမလိုပါဘူး။ သူ့တို့အမြင်ဟာ မင်းဘဝအတွက်အရေးမပါဘူး။

▪ အဓိက က မင်းဘဝအခြေအနေကို မင်းလက်ခံနိုင်ဖို့ပဲလိုပါတယ်။ ဘယ်သူကပဲ မင်းကိုမဖြစ်နိုင်ဘူး။ မလုပ်နဲ့ခက်ခဲကြမ်းတမ်းတယ်လို့ပြောရင် သူ့တို့ပြောတဲ့ စကားအောက်မှာ မင်းရဲ့ယုံကြည်မှုတွေ ကြေမွမသွားစေနဲ့။

▪ မင်းဘဝအတွက် မင်းလျှောက်ရမယ့်လမ်းမှာ
တစ်ခြားသူတွေရဲ့ ချီးမွန်ခြင်း ကဲ့ရဲ့ခြင်းတွေက မရေးမပါခဲ့ဘူး။

▪ မင်းသိထားဖို့က မင်းရဲ့ယုံကြည်မှုကို မင်းအားကိုးရမယ်၊ မင်းဘဝအခြေအနေကို မင်းလက်ခံနိုင်ရမယ်၊ မင်းဘဝရဲ့ကံတရားပေါ်မှာ မင်းကျေကျနပ်နပ်လက်ခံပြီး ကြိုးစားဖို့သာဖြစ်တယ်။

▪ လူတစ်ယောက်ရဲ့ဘဝရှင်သန်မှုမှာ အရုပ်လှခြင်း၊ အရုပ်ဆိုးခြင်း၊ ပိန်ခြင်း၊ ဝခြင်းဆိုတာဟာ အရေးမပါခဲ့ဘူး။ အရုပ်ချောမှ ၊ ပညာတတ်မှ အောင်မြင်မှုပန်းတိုင်ကိုရောက်မယ်လို့ ဘယ်သူကမှ ကန့်သတ်မထားခဲ့ဘူး။

▪ တကယ်လို့ ကန့်သတ်ထားတယ်ဆိုရင် အဲဒါ ဘယ်သူမှမဟုတ်ဘူး။ မင်းရဲ့အောင်မြင်မှုကို တားဆီးပိတ်ပင်ဖို့ အဆင်ခြေတွေပေးတတ်တဲ့ မင်းကိုယ်တိုင်ပဲဖြစ်လိမ့်မယ်။

▪ ဘဝကို အောင်မြင်အောင်ကြိုးစားဖို့ ခက်ခဲလားလို့မေးရင် ခက်ခဲပါတယ်။ ဒါပေမယ့် အဲ့ဒီ အခက်အခဲကို ဘယ်သူမှ မရင်ဆိုင်ချင်ကြဘူး။ ဒါကြောင့်လည်း လူတိုင်းက အောင်မြင်မှုနဲ့ဝေးကွာသွားကြတာပါ။

▪ ဒါကြောင့် ခက်ခဲနေတဲ့ အချိန်မှာ အားတင်းထားပါ။ ကြိုးစားနေတဲ့အချိန်မှာ စိတ်ဓာတ်မကျပါနဲ့။ အောက်မြင်မှုဆိုတာ စွန့်စားခြင်းတမျိုးပဲ။

▪ အကိုင်းအခက်တွေနဲ့ ဝေဝေဆာဆာလှပနေတဲ့ ညှောင်ပင်ဟာ ညှောင်ပင်ကြီးဖြစ်ဖို့ ညှောင်စေ့အခွံထဲမှာ အရက်တော်တော်ကြာအောင်အိပ်စက်ခဲ့ရတယ်။ အောက်မြင်နိုင်ဖို့ဆိုတာက စွန့်စားရဲ့တဲ့ သတ္တိလဲ လိုအပ်ပါတယ်။

▪ ဒီလိုပါပဲ။ လောကအလယ်မှာ ရင်ကျော့ခေါင်းမော့ လှပနေတဲ့ ကြာပန်းဟာ ရေပုတ်ရေဆွေးထဲမှာ
အရက်တော်တော်ကြာအောင် ရုန်းကန်ခဲ့ရတယ်။

▪ မင်းဘဝ လှပနိုင်ဖို့ အခက်အခဲတွေကိုရင်ဆိုင်ရမယ်။ ပညာမတတ်တာကို စိတ်မညစ်ရဘူး။ အရုပ်မချောတာကို စိတ်မပျက်ရဘူး။ ဝတာကို စိတ်မနာရဘူး။ ဆင်းရဲတာကို စိတ်ဓာတ်မကျရဘူး။

▪ စိတ်ရှည်သည်းခံပြီး လမ်းကြောင်းမှန်အောင် လျှောက်နိုင်မှ အောင်မြင်မှာဖြစ်တယ်။ တစ်ခြားသူတွေရဲ့ ဝေဖန်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွန်းခြင်းဟာ မင်းပန်းတိုင်မဟုတ်ဘူး။ သူများပါးစပ်မှာ မင်းဘဝကို လမ်းမဆုံးစေနဲ့။

▪ လောကဓံကို မကြောက်ရဘူး။ ဘဝပင်လယ်ထဲမှာ ယုံကြည်မှုဆိုတဲ့ လှေတစ်စီးနဲ့ ပဲ့တစ်ချောင်းကိုင်ပြီး မရပ်မနားကူးခပ်ပြီး ခရီးရောက်ဖို့ ခရီးဆက်နေရမယ်။ အဲဒါ လူတစ်ယောက်ရဲ့ဘဝ ရပ်တည်မှုပဲ။

Credit. Mg Zin Ko Phyo

ဂရုမစိုက်အားပါ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖တစ်ခါတုန်းက ဆင်ကြီးတစ်ကောင်ဟာ သူ့ခန္ဓာကိုယ်ဆန့်ရုံ သာသာရှိတဲ့ ခနောခနဲ့ တည်ဆောက်ထားတဲ့ တံတာ...
07/06/2023

ဂရုမစိုက်အားပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

တစ်ခါတုန်းက ဆင်ကြီးတစ်ကောင်ဟာ သူ့ခန္ဓာကိုယ်ဆန့်ရုံ သာသာရှိတဲ့ ခနောခနဲ့ တည်ဆောက်ထားတဲ့ တံတားတစ်ခုကို ဖြတ်တယ်။

အဲ့ဒီလိုဖြတ်နေတုန်းမှာ ခြင်တစ်ကောင်ဟာ ဆင်ကြီးရဲ့နားရွက်နားမှာ တဝှီဝှီနဲ့ ပျံသန်းပြီး စကားတွေ လာပြောနေတယ်။

"ခင်ဗျားခန္ဓာကိုယ်ကြီးနဲ့ ဒီတံတားကိုဖြတ်မလို့လား၊ ဟုတ်မှလည်း လုပ်စမ်းပါဗျာ၊ တော်ကြာ တံတားကျိုးကျမှဖြင့်၊ ဖြေးဖြေးလျှောက် ရှေ့မှ ပျဥ်ချပ်တစ်ချပ် ဟနေတယ်၊ နောက်ပြန်လှည့်ရင်လည်း လှည့်လိုက်ပါတာဗျာ၊ ကျုပ်ကြည့်ရတာ တော်တော်အသည်းယားနေပြီ"

စသည်ဖြင့် ခြင်ဟာ ဆင်ကြီးနားမှာ စကားတွေ တရပ်စပ်ပြောနေတယ်။

ဆင်ကြီးကတော့ ခြင်ပြောတာကို နားလည်းမလည်သလို ဂရုလည်း မစိုက်အားတဲ့အတွက် သူဘာသာ တံတားကို အေးဆေးဖြတ်ပြီး တစ်ဖက်ကမ်းကို ရောက်သွားတယ်။

ခြင်ကတော့ ဆင်ကြီးတစ်ဖက်ကမ်းရောက်တဲ့အထိ စကားတွေ တစ်ယောက်ထဲ ပြောကောင်းတုန်းပေါ့။

ဒီပုံပြင်လေးကို ဖတ်ပြီး ကျွန်တော်အနေနဲ့ အတွေးတစ်ခု ပေါက်မိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့...

သင့်အနေနဲ့ ဆင်တစ်ကောင်သာ ဖြစ်နေမယ်ဆိုရင် ခြင်တစ်ကောင်ရဲ့ ပြောစကားတွေကို ဂရုစိုက်အားနေမှာ မဟုတ်ဘူးဆိုတာပါပဲ။

ရှောင်နေလိုက်ပါ မိတ်ဆွေ ....သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်တိုက်ရိုက် သွားမပြောနဲ့ ။မသိသလို နေပေးပြီးတော့ နောက်ဆို ကို...
25/05/2023

ရှောင်နေလိုက်ပါ မိတ်ဆွေ ....

သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီ ဆိုရင်
တိုက်ရိုက် သွားမပြောနဲ့ ။
မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား ?
သွားပြီး ပေါက်ကွဲမပြနဲ့ ။
မသိသလို နေပေးပြီး
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ ။

နင်က ဘယ်လို ငါက ဘယ်လို ဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး ။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား ?

ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့ ။
တဖြည်းဖြည်း ရှောင်နေလိုက်ပါ ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ ။
လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး ။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ် ။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွှင့်

ခွင့်ရရင် ရသလို ဖဲ့ညှစ်
အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ ။

Crd....

Stop is ok but you must try to start again!နေ့စဥ်ဘဝတွေမှာ အလုပ်တွေ အဆင်မပြေတာ ပဲ ဖြစ်ဖြစ် ဘယ်လို အခက်အခဲ နဲ့ပဲ ကြုံကြုံ ...
24/05/2023

Stop is ok but you must try to start again!

နေ့စဥ်ဘဝတွေမှာ အလုပ်တွေ အဆင်မပြေတာ ပဲ ဖြစ်ဖြစ် ဘယ်လို အခက်အခဲ နဲ့ပဲ ကြုံကြုံ လူတော်တော်များများဟာ
ဘာမှ လုပ်ချင်စိတ်မရှိအောင် စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိတတ်ကြပါတယ်။
အဲ့လို အချိန်တွေမှာ ကျွန်တော်တို့ဟာ အရာအားလုံးကို ရပ်တန့်ဖြစ်ဖို့လိုပါလိမ့်မယ်။

ရပ်တန့်ပြီးရင် လုံလောက်စွာ အနားယူမယ်။

အနားယူပြီးရင်တော့ကျွန်တော်တို့ရဲ့ ကျန်နေတဲ့ ဘဝအတွက် အသစ်ကနေ ပြန်စဖို့လိုပါလိမ့်မယ်။
Naing

24/05/2023

Just play !😁

23/05/2023

Funny😹

23/05/2023

Wow!!

""Mosoဝါးက ပေးတဲ့ သင်ခန်းစာ""=========================စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ...ဝါးပင်တစ်ပင်က ၃ စင်တီမီတာ က...
23/05/2023

""Mosoဝါးက ပေးတဲ့ သင်ခန်းစာ""
=========================

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။.....

သင်လိုချင်တာကို ရဖို့ သင့်မှာပဲတာဝန်ရှိတယ်။ အဲဒါကို ရယူဖို့ ရွေးချယ်ခဲ့တာ သင်ပဲဖြစ်တယ်။အဲဒါကို ရယူနိုင်ဖို့ ကြိုးစားရမှာ...
22/05/2023

သင်လိုချင်တာကို ရဖို့ သင့်မှာပဲတာဝန်ရှိတယ်။ အဲဒါကို ရယူဖို့ ရွေးချယ်ခဲ့တာ သင်ပဲဖြစ်တယ်။

အဲဒါကို ရယူနိုင်ဖို့ ကြိုးစားရမှာ သင်ပဲဖြစ်တယ်။

သင်အဲဒါကို ရလိမ့်မယ်လို့တော့ ဘယ်သူကမှ အာမခံမှာမဟုတ်ပါဘူး။

ဘာမှမလုပ်ဘဲနေရင်တော့ သင်လိုချင်တာကို မရမှာသေချာတယ်။

လုပ်ရင်တော့ ရဖို့ အလားအလာပိုများပါတယ်။

လုပ်တယ်၊ မလုပ်ဘူးဆိုတာက သင့်သဘောပဲ။

အဲဒါကို သင်ကိုယ်တိုင်ပဲ ရွေးချယ်ရပါလိမ့်မယ်။

လိုချင်တာကို ရယူနိုင်ဖို့ ကြိုးစားတဲ့ အခါမှာလည်း အကုန်လုံးတော့ အဆင်ပြေနေမှာ မဟုတ်ပါဘူး။

တချို့ အချိန်တွေမှာလည်း ငါတော့ ဘယ်လိုမှမရတော့ဘူး၊ ကြိုးစားမှုကိုရပ်လိုက်တော့မယ်လို စဉ်းစားမိလာလိမ့်မယ်။

အဲဒီလိုအချိန်မှာ ဒါကို ငါဘာကြောင့် စတင်ခဲ့တယ်ဆိုတာကို သေချာပြန်သတိရဖို့ လိုသလို အားတင်းပြီး ရှေ့ကိုဆက်သွားဖို့ လိုပါတယ်။

အရင်ကလည်း သင်အခက်အခဲတွေကျော်ဖြတ်ခဲ့ဖူးသလို အခုလည်း ဖြတ်ကျော်နေရဦးမှာပါပဲ။

အဲဒီလိုနဲ့ပဲ လူတွေဟာပိုမို တိုးတက်လာသလို ရင့်ကျက်လာကြတာပါ။

Lol
03/04/2023

Lol

01/04/2023

ကမ္ဘာ့ရွှေတစ်ပတ်တာအပိတ်စျေး
၁အောင်စ-1969
အမြင့်ဆုံးစျေး-1987
အနိမ့်ဆုံးစျေး -1943

31/03/2023

31.3.2023
ကမ္ဘာ့ရွှေအဖွင့်စျေး
၁အောင်စ-1980

🔔 Daily Analysis🔔 (Just my opinion) (2023)📉March 30 နည်းပညာပိုင်းအရ ကမ္ဘာ့ရွှေ အတက်အကျဖြစ်လာနိုင်တဲ့ ခန့်မှန်းချက် အနေအထ...
30/03/2023

🔔 Daily Analysis🔔 (Just my opinion) (2023)

📉March 30
နည်းပညာပိုင်းအရ ကမ္ဘာ့ရွှေ အတက်အကျဖြစ်လာနိုင်တဲ့ ခန့်မှန်းချက် အနေအထား

Market Range
1939 to 1995

စျေးတက်ရန် အဟန့်အတားစျေး

R1 1976
R2 1995

1976 အထက်မှာ H4 မပိတ်မချင်း 1976 နားရောက်တိုင်းရောင်းပါ ။ 1947 ဝန်းကျင်ထိ စျေးကျနိုင်ပါတယ်။

စျေးကျရန်အဟန့်ထားးစျေးတန်း

S1 1947
S2 1939

1947 အောက် candlestickမပိတ်မချင်း 1947 နားရောက်တိုင်းဝယ်ပါ ။ 1976
ဝန်းကျင်လောက်ထိစျေးတက် နိုင်ပါတယ်။
Buy 1950

Tp 1956
SL 1945

❗တစ်ဦးတစ်ယောက်ထည်း၏အမြင်ဖြစ်ပါသည်။

❕Don't forget your risk.

ကမ္ဘာ့ရွေ ကို ရောင်းတတ်ဝယ်တတ်အောင် သင်ချင်တယ်ဆိုရင်တော့ ကျွန်တော် ဆီမှာသင်တန်းလေးတွေ လာရောက် စုံစမ်းလို့ရသလို ၊ ကမ္ဘ့ာရွှေအကြောင်းအသေးစိတ်သိချင်ရင်လည်း Free appointment ယူပြီးမေးမြန်းလို့ရပါတယ်ဗျ။

☎09407789115☎




🌆 မန္တ​လေး ရုံးလိပ်စာ

58 (B) လမ်း ၊ 103×104 ကြား ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တ​လေးမြို့။

64 (A) လမ်း ၊ 105×106 ကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တ​လေးမြို့ ။

🌆 ရန်ကုန် ရုံးလိပ်စာ
၂၇ လမ်းနဲ့ကုန်သည်လမ်းထောင့်၊ Classic Strand Condo၊ 9လွှာ၊ 9E ၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

Address

Mandalay

Alerts

Be the first to know and let us send you an email when Thiha Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiha Naing:

Videos

Share