Did You know ?

Did You know ? တူတူ တိုက်ထုတ်ကြမယ်
(6)

18/01/2023

ဆရာကြီး ဦးအောင်သင်းရဲ့ အမှာစကား

17/01/2023

ဆရာကြီး ဦးအောင်သင်းရဲ့ လူငယ်တွေအတွက် အမှာစကား

12/01/2023
11/01/2023

ငယ်ငယ်တုန်းက ဟာသလေး

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဒါလေးတွေအရင်ဖတ်ပေးကြပါ။
02/09/2021

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ဒါလေးတွေအရင်ဖတ်ပေးကြပါ။

မြန်မာနိုင်ငံရဲ့ Covid third wave နဲ့ ကာကွယ်ဆေးထိုးခြင်းကိစ္စ..အပိုင်း (၁)            ယခု ဩဂုတ်လ ပထမပိုင်းအကုန်လောက်ကစလိ...
11/08/2021

မြန်မာနိုင်ငံရဲ့ Covid third wave နဲ့ ကာကွယ်ဆေးထိုးခြင်းကိစ္စ..အပိုင်း (၁)

ယခု ဩဂုတ်လ ပထမပိုင်းအကုန်လောက်ကစလို့ Covid ပိုးတွေလူနာသစ်ဟာ တဖြေးဖြေးကျဆင်းလာတာကို တွေ့ရတယ်။ ကူးစက်နှုန်းတွေနည်းလာသလို သေဆုံးနှုန်းတွေလည်း တဖြည်းဖြည်းကျလာတယ်။ ဒီလိုနည်းလာတဲ့အကြောင်းအရာထဲက တစ်ခုကတော့ ကူးစက်မှုဖြစ်ပြီးသား လူနာတွေမှာ antibody ခေါ် ခန္ဓာကိုယ်ရဲ့ အလိုအ
လျှောက်ခုခံနိုင်တဲ့ ဓါတ်တွေပေါ်လာတဲ့အတွက် မကူးစက်ခံရသေးတဲ့ လူတွေမှာပဲကူးစက်နိုင်တော့ပါမယ်။

မြန်မာနိုင်ငံရဲ့လူဦးရေဘယ်လောက်လောက် antibody ထွက်ပီးပီလဲလို့ပြောရရင် ရာသီတုပ်ကွေးလို့ထင်ပြီးဖျားခဲ့လို့ နေပြန်ကောင်းလာသူအားလုံးနီးပါး antibody ထွက်ပြီးနေပါပြီ။ အခုထွက်ခဲ့တဲ့ antibody ကလည်း ဒီ third wave ဖြစ်စေတဲ့ virus မျိုးကွဲအတွက်ပဲဖြစ်တဲ့အတွက် နောက်ပိုင်း fourth wave မှာ virus က Gene ပြောင်းခဲ့ရင် ထပ်ဖြစ်ဦးမှာပါပဲ။

ကျွန်တော်တို့ရဲ့ မိုးရာသီဟာ အရင်ကလူတွေတုန်နေအောင် ကြောက်ကြတဲ့ virus နဲ့လက်ပွန်းတတီးနေပြီး တန်ဖိုးရှိတဲ့အသက်ပေါင်းများစွာကို ခေါ်ယူသွားခဲ့ပြီးပါပြီ။ အရင်လို ကူးစက်သူကိုခြေရာမခံ ခွဲပြီး Quarantines မလုပ်နိုင်ခဲ့တဲ့အတွက် လေထုထဲကနေ အိမ်တိုင်းကို ခိုးဝင်ခဲ့တယ်။ ရာသီတုပ်ကွေးဆိုပြီး ဖျားလို့စစ်တဲ့အခါ စစ်တဲ့သူတိုင်းမှာ Covid(+) တွေ့ကြပါတယ်။ ဒါဟာ first wave က Itly လို second wave က America လိုပဲမထိန်းချုပ်နိုင်ခဲ့လို့ဖြစ်တယ်။ အခုတော့ America မှာ ကာကွယ်ဆေးထိုးပြီး အတော်အတန် ထိန်းချုပ်နိုင်နေပြီကို တွေ့ရတယ်။

မှတ်မိအောင် မြန်မာလိုပြန်ပေးထား
15/07/2021

မှတ်မိအောင် မြန်မာလိုပြန်ပေးထား

အခု မဆိုင်သေးရင်တောင် save ထားကြပါO2 ဘယ်လောက်ခံမလဲတွက်နည်းhttps://www.facebook.com/1482350351/posts/10226157255466176/?d...
11/07/2021

အခု မဆိုင်သေးရင်တောင် save ထားကြပါ

O2 ဘယ်လောက်ခံမလဲတွက်နည်း
https://www.facebook.com/1482350351/posts/10226157255466176/?d=n

လူနာအား အောက်ဆီဂျင်ပေးနည်း
https://www.facebook.com/165529717310719/posts/1068122670384748/?d=n

Charity C-19 call centre
https://www.facebook.com/103260848694225/posts/103774195309557/?d=n

Covid သံသယရှိလာရင် စစ်လို့ရမယ့်နေရာများ
https://www.facebook.com/107690241086965/posts/299910385198282/?d=n

အောက်ဆီဂျင်အိုး အသုံးပြုပုံအဆင့်ဆင့်
https://www.facebook.com/107690241086965/posts/298975135291807/?d=n

အောက်ဆီဂျင်အိုးအသုံးပြုသူများအတွက် ဆောင်ရန် ရှောင်ရန်
https://www.facebook.com/107690241086965/posts/298975348625119/?d=n

ရန်ကုန်မှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/100001410463017/posts/4278617145528592/?d=n

ရန်ကုန်မြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/294803192375668/?d=n

15L oxygen cylinder ဝယ်ယူရန် ( currently out of stock)
https://www.facebook.com/726809157655430/posts/1438724533130552/?d=n

မန္တလေးမှာ O2 ရနိုင်မယ့်နေရာများ
https://www.facebook.com/107690241086965/posts/298322988690355/?d=n

မန္တလေးမြို့အတွင်း အရေးပေါ်ဖြစ်လာခဲ့ရင် ဆက်သွယ်အကူညီတောင်းလို့ရမည့် လူမှုကယ်ဆယ်ရေးနှင့်ပရဟိတအသင်းများ
https://www.facebook.com/107690241086965/posts/290531612802826/?d=n


11/07/2021

ကိုဗစ်တတိယလှိုင်းပြင်းထန်လာချိန် အိမ်မှာ မိသားစု​တွေ ​နေမ​ကောင်းဖြစ်ပြီး
​ဆေးရုံ ​ဆေးခန်းမသွားရဲဖြစ်​နေလျှင် messenger က​နေ ​အခမဲ့မေးမြန်းတိုင်ပင်နိုင်ပါတယ်

Pulse Oximeter အောက်ဆီမီတာ======================(အိမ်သုံး  #သွေးထဲမှအောက်ဆီဂျင်ရာနှုန်းတိုင်းစက်အကြောင်းသိကောင်းစရာ)ဒီနေ...
09/07/2021

Pulse Oximeter အောက်ဆီမီတာ
======================
(အိမ်သုံး #သွေးထဲမှအောက်ဆီဂျင်ရာနှုန်းတိုင်းစက်အကြောင်းသိကောင်းစရာ)

ဒီနေရာမှာ SaO2 တိုင်းတာမဟုတ်ပဲ SpO2 တိုင်းစက်ကိုဆိုလိုတာဖြစ်ပါတယ်။

ပုံထဲမှာ ကျနော့်လက်မှာ အောက်ဆီမီတာ Oximeter (၃) ခုနဲ့စမ်းသပ်ကြည့်နေပါတယ်။ အဖြေအားလုံးတူတူနီးပါးရပါတယ်။

အဲ့ဒီတော့ SpO2 အောက်ဆီမီတာနဲ့ပက်သက်ပြီး #တိုင်းတာမှုမှန်ကန်စေဖို့ ရေးပေးပါမယ်။

အောက်ဆီမီတာဟာ Beer's Law (ဘီယာဥပဒေသ) လို့အလွယ်ခေါ်တဲ့ Beer-Lambert's Law ကိုအခြေခံပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

လက်ချောင်းရဲ့တဖက်ကနေ အလင်းလွှတ်ပြီး လူရဲ့သွေးကြောမျှင်ထဲကိုဖြတ်ကာ #သွေးထဲကအောက်ဆီဂျင်ပြည့်ဝမှုပမာဏကို တဖက်ကနေတိုင်းတာတာဖြစ်ပါတယ်။

​သွေးထဲမှာရှိတဲ့ အောက်ဆီဂျင်ဓာတ်ပြည့်ဝနေတဲ့ အောက်ဆီဟေမိုဂလိုဘင် (O2Hb) က အလင်းအနီရောင်ခြည်( 660 nm) ကိုစုပ်ယူပြီး၊ အောက်ဆီဂျင်ဓာတ်မပြည့်ဝတဲ့ ဒီအောက်ဆီဟေမိုဂလိုဘင် (deoxyHb) က အနီအောက်ရောင်ခြည် ( 940 nm) ကိုစုပ်ယူပါတယ်။

​ကျနော်ပြောချင်တဲ့သဘောက သွေးကိုဖောက်ထွက်လာတဲ့မတူညီတဲ့အနီအလင်းတန်းကို အခြေခံတွက်ချက်ယူတာဖြစ်ပါတယ်။

အဲ့ဒီတော့ WHO ရဲ့စာတမ်းအရ

🔹လက်သည်းဆိုးဆေးဆိုးထားတဲ့လက်ချောင်းမှာ အဖြေမမှန်ပါ။

🔹တက်တူးထိုးထားတဲ့လက်ချောင်းထိပ်မှာ အဖြေမမှန်တတ်ပါ။

🔹လက်ချောင်းထိပ်မှာမှဲ့၊ မွေးရာပါအမှတ်၊ အသားမာ၊ အမာရွတ်ရှိနေရင် အဖြေမမှန်တတ်ပါ။

🔹အိန္ဒိယလူမျိုးတွေ လက်ချောင်းမှာဆေးဆိုးထားရင် အဖြေမမှန်တတ်ပါ။

(အဲ့ဒီလိုအခြေအနေမှာ အခြားအမှတ်အသား၊ ဆိုးဆေး #ကင်းစင်တဲ့လက်မှာတိုင်းတာပါ)

​🔹အရမ်းလင်းနေတဲ့နေရာမှာ အဖြေမမှန်တတ်ပါ။ ( #အမှောင်ခန်းမှာအဖြေပိုတိကျပါတယ်) ဒါကြောင့် အောက်ဆီမီတာကိုကြည့်ရင် အတွင်းဘက်နောက်မှာအမည်းရောင်ရာဘာလိုမျိုးခံထားတာတွေ့ရပါလိမ့်မယ်။

🔹SpO2 တိုင်းတာနေတဲ့လူနာလှုပ်ရှားနေရင် အဖြေမမှန်တတ်ပါ။

🔹ကာဘွန်မိုနော့ဆိုက်အဆိပ်မိနေတဲ့လူမှာ အဖြေမမှန်တတ်ပါ။ (မီးခိုးငွေ့တွေအများကြီးရှုထားတဲ့သူကို တိုင်းရင် အဖြေမမှန်တတ်ပါ)

🔹Poor perfusion သွေးကြောမျှင်လေးများထဲသွေးပြန့်နှုန်းမတူတဲ့သူမှာ အဖြေမမှန်တတ်ပါ။

(လက်ကိုဖျစ်ညှစ်ထားရင် အဖြေမမှန်တတ်ပါ။ ဥပမာ - လက်မောင်းမှာသွေးပေါင်ချိန်တိုင်းနေရင်)

🔹ဆေးလိပ်သောက်တာတအားများလို့ လက်ထိပ်မည်းနေသူများမှာ အဖြေမမှန်တတ်ပါ။

🔹အသားမည်းတဲ့သူတွေမှာထက် အသားဖြူတဲ့သူတွေမှာ အဖြေပိုတိကျပါတယ်။

🔹ဘက်ထရီအားအရမ်းနည်းနေရင်လည်း အဖြေမမှန်တတ်ပါ။

🔹 အတွင်းမျက်နှာပြင်ညစ်ပေနေလျှင်မမှန်တတ်ပါ။ (လက်မှာဆီပေနေတာရှိရင် အောက်ဆီမီတာအတွင်းအပေါ်အောက်မျက်နှာပြင်ကို အဝတ်သန့်သန့်နှင့်သန့်စင်ပေးပါ။)

🔹အောက်ဆီမီတာ #အမျိုးအစားမကောင်းရင် အဖြေမမှန်ပါ။

(ကျနော့်အသိဆရာဝန်အမျိုးသမီးတစ်ယောက် ခဲတံထည့်လှည့်ကြည့်တဲ့အခါ SpO2 % အဖြေထွက်နေတဲ့ အောက်ဆီမီတာမျိုး အံ့ဩစွာကြုံဖူးပါတယ်။

သူရှာရှာဖွေဖွေဟိုးထိုးဒီထိုး ဘာလို့ထိုးပြီးထည့်လှည့်ကြည့်သလဲမသိပါ။ သေချာတာတော့ သူ့ကျေးဇူးနဲ့အဲ့လို အောက်ဆီမီတာတွေရှိနေတာ သိခဲ့ရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကျနော် Manufacturer တွေနဲ့ အဖြေရှာဖို့လိုက်မေးပေးနေပါတယ်။ သူတို့ဘက်ကလုံလောက်တဲ့ algorithm ရှင်းပြနိုင်ရင်လက်ခံလို့ရပါတယ်။ တစ်ခုပဲရှိပါတယ်။ လက်နဲ့ခဲတံဘယ်လိုခွဲလဲသေချာရှင်းပြနိုင်ရပါမယ်။

စင်ကာပူမှာအရုပ်မလက်ထည့်ကြည့်တာ SpO2 အဖြေထွက်တယ်လို့ အသိတစ်ယောက်ကပြောပါတယ်။

ကိုယ့်မှာအရုပ်မမရှိတော့စမ်းမကြည့်ဖူးပါ။

ခဲဘောပင်အကြည်နဲ့စမ်းကြည့်ဖူးပါတယ် အကြိမ်ပေါင်းများစွာထည့်လှည့်မှ ၈၁% တစ်ခါပြဖူးပါတယ်။

သဘောကအလင်းကို တစ်ချက်မိလိုက်တာကို အဖြေထုတ်ချလိုက်တာဖြစ်ပါတယ်။)

ကျနော့်လိုက်ဖတ်ကြည့်တာ လက်ခလယ်မှာ ကျန်လက်ချောင်းတွေထက် SpO2 % ပမာဏပိုများတယ်လို့ဆိုပါတယ်။

အောက်ကသုသေသနလင့်မှာဖတ်ကြည့်ပါ။ https://www.ncbi.nlm.nih.gov/pmc/articles/PMC4627972/

သာမန်လူတွေအနေနဲ့ SpO2 အောက်ဆီမီတာကိုသုံးစွဲရာမှာ အောက်ပါ % များကိုသတိထားပါ။

✔️ 100 % မှ 95% သည် ပုံမှန်

🚨 94 % မှ 91% သည် အရေးပေါ်အခြေအနေဖြစ်လာပြီဖြစ်ပါသည်။

🚨90 % အောက်သည် အလွန်အမင်းအသက်အန္တရာယ်ကိုစိုးရိမ်ရသောအခြေအနေဖြစ်ပါသည်။

94% ဆိုတာနဲ့ ဆရာဝန်ရဲ့အကူအညီကိုလိုအပ်လာပြီဖြစ်ပါတယ်။

ဒီနေရာမှာ အောက်ဆီမီတာရဲ့ တိုင်းတာမှုမှန်မမှန်ကအရေးကြီးလာပြီဖြစ်ပါတယ်။

ပုံမှန်အိမ်သုံးအောက်ဆီမီတာများဟာ (4 %) အထိမှားယွင်းတတ်ပါတယ်။

90% ဆိုလျှင် 86% မှ 94% အတွင်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် အရေးပေါ် 94% ဆိုလျှင် 90% မှ 98% အထိဖြစ်နိုင်ပါတယ်။ အဲ့ဒီအချက်ကို #ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

အမေရိကန် FDA မှ အကြံပေးချက်အရ အောက်ဆီမီတာအမှန်ဆုံးအခြေအနေသည် လူနာ၏သွေးထဲ saturation ဟာ 90 ရာနှုန်းအထက်မှာ အတိကျဆုံးဖြစ်ပြီး 90 ရာနှုန်းအောက်ရောက်လေ #တိကျမှုလျော့သွားလေဖြစ်ပါတယ်။

အောက်ကလင့်မှာကြည့်ပါ။

https://www.fda.gov/medical-devices/safety-communications/pulse-oximeter-accuracy-and-limitations-fda-safety-communication

ဟုတ်ပြီ Hypoxia လို့ခေါ်တဲ့ သွေးထဲအောက်ဆီဂျင်ပမာဏလျော့ကျလာရင်ဘယ်လိုလုပ်မလဲ❓

SpO2 ပမာဏ 94% ရောက်ပြီဆိုတာနဲ့ အခြားအဖြေမတွေ့မခြင်း Hypoxia လို့သတ်မှတ်ပြီး လူနာရဲ့အသက်ရှုလမ်းကြောင်းထဲ အောက်ဆီဂျင်များများစီးဆင်းဖို့လိုအပ်ပါပြီ။

ဆေးရုံမှာလူနာကိုမေ့ဆေးပေးထားချိန်ဆိုရင်တော့ A B C D E ဆိုတဲ့အောက်ပါအချက်များကိုထည့်သွင်းစဉ်းစားဖို့လေ့ရှိပါတယ်။

A - airway အသက်ရှုလမ်းကြောင်း

B - breathing အသက်ရှုနေပုံ

C - circulation သွေးလည်ပတ်ပုံ (သွေးပေါင်ချိန်)၊ ECG စသည်စစ်ဆေးရန်

D - drug effect ဆေးရဲ့အကျိုးသက်ရောက်မှု

E - equipment စက်ပစ္စည်းပြဿနာ

အပေါ်ကအချက်တွေဟာ ဆရာဝန်တွေစစ်ဆေးမယ့်အချက်တွေ ဖြစ်ပေမယ့် အဲ့ဒီအထဲမှာ လူနာသောက်သုံးထားတဲ့ဆေးကြောင့်လား၊ အသက်ရှုလမ်းကြောင်းပိတ်ဆို့နေမှုရှိနိုင်သလား၊ အောက်ဆီမီတာစက်ပစ္စည်းဟာ မတိကျတာလား ထည့်စဉ်းစားသင့်လို့ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

အောက်ဆီမီတာတွေမှာပြနေတဲ့ ရေလှိုင်းလို အတွန့်အတွန့်လှိုင်းလေးတွေသွားနေတာဟာ blood perfusion ကိုပြနေတာပါ။

အကယ်လို့ vasoconstriction from cold လို့ခေါ်တဲ့ လူနာကအေးလာလို့ လက်ချောင်းထိပ်ကသွေးကြောမျှင်လေးတွေထဲသွေးရောက်တာနည်းနေရင် သို့တည်းမဟုတ် ကိုယ်ခန္ဓာထဲမှာသွေးလည်ပတ်မှုလျော့နည်းနေရင် မြင်နေရတဲ့လှိုင်းလေးတွေပုံပြောင်းသွားမှာဖြစ်ပါတယ်။

ဥပမာ - လူနာကသွေးထွက်လွန်နေလို့ရှိရင်၊ ရေဓာတ်ဆုံးရှုံးတာများနေရင် နှလုံးခုန်နှုန်းမြန်ပြီး လှိုင်းကလေးတွေသေးပြီးမြန်မြန်သွားနေမှာဖြစ်ပါတယ်။

ဒါဟာအကြမ်းဖျင်းသိထားပြီး တစ်ခုခုဆိုရင် ဆရာဝန်ကိုဖုန်းဆက်ရင် ထည့်သွင်းပြောပြနိုင်ဖို့ ဗဟုသုတအနေနဲ့ပြောပြတာဖြစ်ပါတယ်။

အရေးအကြီးဆုံးက 94% အောက်ရောက်ရင် အရေးပေါ်အခြေအနေဖြစ်ပြီဆိုတာနဲ့ တိုင်းတာတဲ့အောက်ဆီမီတာကောင်းဖို့လိုကြောင်းပြောကြားလိုပါတယ်။

ပုံထဲမှာ ကျနော်တိုင်းနေတဲ့အောက်ဆီမီတာတွေဟာ +/- 2% လို့ဆိုပါတယ်။ ဟုတ်မဟုတ်မသိပါ။ ကျနော်ဝယ်တာ စင်ကာပူဒေါ်လာ 30 လောက်ကျပါတယ်။ Singapore Amazon မှဝယ်တာပါ။

အဲ့မှာလည်း အလိမ်တွေအများကြီးပါ။ feedback တွေလိုက်ဖတ်ရပါတယ်။ OMERON ဆိုပြီးလိမ်စားနေသူတွေအများကြီးပါ။

ဒါလောက်ဆိုရင် အောက်ဆီမီတာနဲ့ပတ်သက်လို့အထိုက်အလျောက်သိကြပြီလို့ထင်ပါတယ်။

လူနာမှာလက်ချောင်းလေးတွေတစ်ခုခုကြောင့်မရှိခဲ့ရင် #ခြေချောင်းလေးတွေမှာတိုင်းလို့ရပါတယ်။

⚠️ အတွင်းမှမီးအနီရောင်ကိုမကြည့်မိပါစေနှင့်။

https://www.sciencedirect.com/topics/neuroscience/pulse-oximetry

အောက်ဆီမီတာအကြောင်းအသေးစိတ်နားလည်လိုသူများ အပေါ်ကလင့်မှာဖတ်နိုင်ပါတယ်။

ကျနော်ဝယ်တာ +/- 2% ပါ။ ဘရန်တူအမျိုးအစားတူမှာတောင် +/- 3% ရှိပါတယ်။

+/- 2% ဆိုရင်တောင် 94% လူနာမှာ 92% လာ တကယ် 94% လား 96% လားဖြစ်နေလားမကွဲပြားတော့ပါ။

Richard Myo Thant
8-July-2021

02/07/2021



ဆရာရေ Covidစစ်တာ Positiveပြလို့ ဘာဆေးတွေ သောက်ပြီး အိမ်မှာ နေလို့ရမလည်းဆိုတော့

1. Paracetamol 500mg တစ်နေ့ သုံးကြိမ် မှ ငါးကြိမ်ထိ ၄နာရီမှ ၅နာရီခြားတစ်ကြိမ် သောက်ပါ (အဖျားရှိမှသောက်ပါ)၊ ခေါင်းနဲ့ ကိုယ်လက်တွေပါ ကိုက်တယ်ဆို Ibuprofen 400mgကို တစ်ရက်နှစ်ကြိမ် အစာစားပြီး ထည့်သောက်ပါ

2. Becozinc /Immunactive (အားဆေး)
မနက် ၁ကြိမ် ညနေ ၁ကြိမ်

3. Vitamin C 500mg မနက် ၁ကြိမ် ည ၁ကြိမ်

4. Immunor မနက် ၁ကြိမ် ည၁ကြိမ် (ကိုယ်ခံအားကောင်းလာအောင် ပေးတာပါ တတ်နိုင်ရင်သောက်ပါ၊ မသောက်မနေရ မဟုတ်ပါ)

5. ချောင်းဆိုးလို့ ချွဲပါရင် Solmux သုံးကြိမ်
ချောင်းခြောက်ပဲဆိုးတယ် ချွဲမပါရင် ATUSSION သို့ TUSSOLID တစ်ရက် သုံးကြိမ်

6. ဝမ်းလျောရင် BIOFLOR တစ်ရက် နှစ်ကြိမ်၊ ဝမ်းလျောသလောက် ဓါတ်ဆားဖြည့်သောက်သင့်ပါတယ်

7. Amoxcil500/ Augmentin625/FLUMOX/Cifran ပိုးသတ်ဆေးကတော့ လိုတော့မှ ဆရာဝန်ပေးထားမှ ၃ ရက်ပဲ တစ်ရက် သုံးကြိမ် Levoflox500တို့ Azithro500တို့ ဆို တစ်ရက်တစ်ကြိမ်ပဲ သုံးရက်ပြည့်အောင် သောက်ပါ
(အထက်ပါ ဆေးတွေက ကိုဗစ်မပျောက်ပါဘူး၊ နောက်ဆက်တွဲ အဆုတ်ရောင်သည့် ပြဿနာများကို ဖြေရှင်းကုသဖို့ပါ၊ လုံးဝကြိုတင်မသောက်သင့်ပါဘူး)

8. ညဖက် အသက်ရှူကြပ်တတ်ရင် Deriphylline 150mg သို့ Montelukast 10mg မအိပ်ခင် တစ်ကြိမ်သောက်ပါ

9. Oxygen ကျရင် Oxygen maskနဲ့ နာရီဝက်လောက် အနည်းဆုံး ရှူပါ (လက်တိုင်းသည့် SpO2 ပမာဏ 95%လောက်ထိ ပုံမှန်ပါ၊ 90%အောက်ရောက်သွားရင်တော့ Oxygen ရှူဖို့ လိုကို လိုအပ်ပါတယ်)

10. မလိုအပ်ပဲ လှုပ်လှုပ်ရှားရှား လုံးဝမလုပ်ပါနဲ့၊ သက်တောင့်သက်သာနေပါ၊ နှာခေါင်းကအသက်ရှူ ၅စက္ကန့်အောင့် ပါးစပ်က ပြန်ထုတ် တစ်ရက်ကို ၂ ကြိမ် ၃ကြိမ် ၅မိနစ်လောက် အချိန်ယူပြီး လေကောင်းလေသန့် ရသည့်နေရာမှာ လုပ်ပါ။

(တချို့လူနာတွေမှာ အစာအိမ် အချဥ်ဖောက်ပြီး အန်တတ်ပါတယ်၊ Kremis S plus Domperidone တစ်ရက် သုံးကြိမ်၊ ဗိုက်နာနေသေးရင် Pantocid 20mg ည မနက်ထည့်သောက်ပါ)

အိပ်ချိန် ပုံမှန်အိပ် အစားသေချာ ပုံမှန်စားရင်
ရောဂါအခံမရှိသည့်သူတွေမှာ Covidဟာ ၅ရက် ၁ပတ်လောက်နဲ့ ကိုယ်တွင်း ခုခံအားစနစ်က တိုက်ထုတ်နိုင်လို့ ပျောက်ကို ပျောက်ပါတယ်...

နှလုံး၊ သွေးတိုး၊ ဆီးချို၊ ရင်ကြပ်၊ ကျောက်ကပ်အစရှိသော ရောဂါ အခံများရှိပါက ရောဂါအခြေအနေအရ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်သည့် ကုသမှုခံယူတာ ပိုစိတ်ချရပါတယ်...

ဝေသနာရှင်များ အမြန်ဆုံး ကျန်းမာပါစေ...

(P.S. Online Social Mediaတွေမှာ ဆေးတွေချရေးပြီး သောက်ခိုင်းတာ မကောင်းတတ်မှန်း သိပေမယ့် viberကော messengerမှာကော ဖြေနေရတာ မနိုင်လို့ အခြေအနေအရရေးတင်ရတာပါ၊ မလိုအပ်ပဲနဲ့တော့ ကာကွယ်ဖို့ ဆေးတွေ ဝယ်မသောက်ကြပါနဲ့၊ Vitamin C 500mgအားလောက်ပဲ နေ့စဥ်ပုံမှန်သောက် Maskတပ် လက်ဆေးရင် ရပါပြီ)

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၀-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
20/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂၀-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၉-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၅၆၀) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
15/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၃၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၃) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
15/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ညနေ (၅:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၄-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
14/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၇၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၇၇) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၃-၁၁-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
13/11/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

(၁၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၂၈၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၃၆) ဦး တွေ့ရှိရပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

ဆရာမလေးတေအရမ်းကိုပင်ပန်းနေကြပီသူတို့လေးတေအတွက်အားပေးစကားလေး  Hiလို့ပဲဖြစ်ဖြစ်ပေါ့
12/11/2020

ဆရာမလေးတေအရမ်းကိုပင်ပန်းနေကြပီ
သူတို့လေးတေအတွက်အားပေးစကားလေး
Hiလို့ပဲဖြစ်ဖြစ်ပေါ့

ကိုဗစ် စစ်ဆေးခြင်း အကြောင်း  ကိုဗစ်ကို စစ်ဆေးတာ ဘယ်လိုတွေ စစ်နေတာလဲ ? … ဆိုတာ  အများပြည်သူနားလည်အောင် ၊ဗဟုသုတဖြစ်အောင် ရ...
18/10/2020

ကိုဗစ် စစ်ဆေးခြင်း အကြောင်း

ကိုဗစ်ကို စစ်ဆေးတာ ဘယ်လိုတွေ စစ်နေတာလဲ ? … ဆိုတာ အများပြည်သူနားလည်အောင် ၊ဗဟုသုတဖြစ်အောင် ရည်ရွယ်ပါတယ်။

(၂) နည်း ရှိတယ်။

(တစ်) အမြန်စစ်တဲ့နည်း။ နာရီဝက်လောက်ဆိုသိပြီ။ RDT ( Rapid Diagnostic Test) လို့ခေါ်တယ်။ နှာခေါင်းတို့ဖတ်လေးယူပြီးစစ်တာ။ ဒီစစ်နည်းရဲ့ အားနည်းချက်က ( အချိန်မတန်ပဲ စစ်ရင် မမှန်တတ်ဘူး )။ သူနဲ့စစ်မယ်ဆိုရင် တိုင်ပင်ကိုက်မှရတယ်။ လက္ခဏာ မပြခင် တစ်ရက်၊ ဒါမှမဟုတ် လက္ခဏာပြပြီး -၅ ရက်လောက်အတွင်း မိအောင်ချိန်ပြီး စစ်ရတယ်။ စောပြီးစစ်မိရင် မပြဘူး။ နောက်ကျမှစစ်လည်း မပြတော့ဘူး။ သူက မပြတော့ နဂ္ဂတစ်လို့ (မှား) ပြီးသတ်မှတ်လိုက်ရင် ငါးပါးမှောက်မယ်။ နဂ္ဂတစ်ဆိုပြီး လျှောက်သွားတော့ အကုန်ကူးကုန်မှာပေါ့။

ဒါက လက္ခဏာ ပြတဲ့သူအတွက် စစ်တဲ့ အချိန်။

လက္ခဏာ မပြတဲ့ ထိတွေ့သူတွေကျတော့လဲ ထိတွေ့ပြီး -၅-ရက်မြောက်မှာ စစ်တာအကောင်းဆုံး။ ကြိုစစ်လည်း မမှန်တတ်ဘူး။ နောက်ကျစစ်မိရင်လည်း မတွေ့တော့ဘူး။ ဒီတော့ ချက်ချင်းစစ်ဆေးတာထက် သူ့အချိန်နဲ့သူ သတ်မှတ်ချက်နဲ့ စစ်ဆေးပေးရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးဋ္ဌာနက -"ဘာလို့ချက်ချင်းမစစ်ပေးတာလဲ .? "- လို့ မေးရင် ကျနော်တို့မှာ သတ်မှတ်ချက်တွေ အတိုင်းစစ်ဆေးမှ အကျိုးရှိတာမို့ အချိန်ကိုက်အောင် လုပ်ကြရတယ်ဆိုတာလေး နားလည်ကြစေချင်ပါတယ်။

( နှစ်) ရန်ကုန်၊ မန္တလေး ဓါတ်ခွဲခန်းတွေ ပို့တဲ့နည်း။ သူ့ကျတော့ ၇-ရက်ကနေ ၁၄- ရက်လောက်အတွင်းထိ ပိုးကို တွေ့အောင် စစ်နိုင်တယ်။ ဒါပေမဲ့ အများနဲ့ပို့ပြီးစစ်ဆေးရတာဆိုတော့ အဖြေရဖို့ အချိန်စောင့်ရတယ်။ ၅-ရက် တစ်ပါတ် ကြာချင်ကြာတာ။ အမြန်စစ်နည်းထက် ပိုးကို စောပြီး တွေ့နိုင်သလို နောက်ကျရင်လည်း တွေ့တတ်တယ်။ ပိုပြီးတိကျတာပေါ့။

အဲ့သလိုတိတိကျကျပို့ပြီးစစ်ဖို့ကျတော့ အချိန်စောင့်ရတာပါပဲ။

ဒါ့ကြောင့် ကိုဗစ်စစ်ဆေးမှုဆိုတာ - အခုလာ -အခုစစ်- အခုတွေ့ - ဆိုတာမျိုးမဟုတ်ပဲ ရောဂါပိုးနဲ့ အချိန်ကိုက်အောင် စစ်ဆေးရတဲ့ အမျိုးဆိုတာလေး ဗဟုသုတ မျှဝေလိုက်ပါတယ်။

အရေးကြီးသတင်း...**************အထူးသတိထားကြဖို့👇👇 👇 👇👇COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ စစ်တဲ့ စက် Test kit တွေဟာ...
02/10/2020

အရေးကြီးသတင်း...
**************
အထူးသတိထားကြဖို့
👇👇 👇 👇👇

COVID-19 ဗိုင်းရပ်စ်
ကူးစက်ခံရမှု ရှိမရှိ စစ်တဲ့ စက် Test kit တွေဟာ
တောင်ကိုးရီးယားကနေ အစိုးရ ဆီကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။

အခုအွန်လိုင်းမှာ
တစ်ခုကို နှစ်သောင်းနဲ့ ဆိုပြီး ရောင်းလာတာကို တွေ့ရပါတယ်။

အဲ့ဒီ အွန်လိုင်း ‌က ရောင်းနေတဲ့ စက်တွေဟာ အစိုးရ က တောင်ကိုးရီးယားဆီက ဝယ်ထားတဲ့ စက်တွေ မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ဖြစ်ပြီး FDA အတည်မပြုထားတဲ့ အောက်လမ်းက ဝင်လာတဲ့ စက်တွေ ဖြစ်ပါတယ်။

အဖြေမှန်ကန် မှု ကို အတည်မပြုနိုင်တာကြောင့်
ဝယ်ယူအသုံးပြုဖို့ မလုပ်ကြဖို့ သတိပေးအပ်ပါတယ်နော်။

နောက်တစ်ခုက ပိုအန္တရာယ်များပါတယ်။

Covid-19 Vaccine ဆိုပြီး COVID-19 ကာကွယ်ဆေး ဆိုပြီး အွန်လိုင်း ဈေးကွက်မှာ ရောင်းလာတာကို တွေ့ရပါတယ်။

ဒီဆေးတွေဟာလည်း တရုတ်နိုင်ငံထုတ် တရားမဝင် ဆေးတွေ ဖြစ်ပါတယ်။

အခုလက်ရှိအထိ COVID-19 နဲ့ ပတ်သက်ပြီး ကာကွယ်/ကုသ ဆေးဟာ စမ်းသပ် နေဆဲ အဆင့်ဖြစ်ပြီး WHO ရဲ့ အသိအမှတ်ပြု တရားဝင် ဆေး မပေါ်သေးတာ အားလုံးအသိပါ။

အဲ့ဒီ လို ရောင်းချနေမှု‌ တွေ နဲ့ ပတ်သက်ပြီး
Covid-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လုပ်သင့်လုပ်ထိုက်တာ လုပ်နေပါပြီ။

အဲ့ဒီတော့
ကြောက်တာလည်း ကြောက်ပါ........

အသိတရား နဲ့ ယှဉ်ပြီး ကြောက်ပါ။

ဉာဏ်ပညာနဲ့ ယှဉ်ပြီး စိုးရိမ်ပါ။

တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး
စိုးရိမ်ကြောက်လန့် နေမှုကို အသုံးချပြီး
စီးပွားရှာတဲ့ သူတွေကိုလည်း တကယ် စိတ်ပျက်မိတယ်............


June Ranger

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
13/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၃၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ ယမန်နေ့ (၁၂-၉-၂၀၂၀) ရက်နေ့တွ် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။

၂။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2523) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်း၊ အသည်းရောင်အသားဝါရောဂါ (စီပိုး) ကုသမှုခံယူနေရခြင်းတို့ကြောင့် (၁၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၁၀) နာရီအချိန်တွင် သေဆုံး သွားခဲ့ပါသည်။

၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိသူ အသက် (၉၀) နှစ်အရွယ် အမျိုးသမီး (Case-2260) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၅၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၁၈) ဦး ရှိပြီဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

11/09/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၆-၉-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
06/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၆-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၈၄၃)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၅၀) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၃၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၀၅) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၆၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၀) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၂) ခု၊
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၃၃) ခုနှင့်
- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၆) ခု၊
- စုစုပေါင်း (၂,၀၂၀)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦး တွေ့ရှိရပါသည်။

၂။ (၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၄၁၉) ဦးရှိပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၄)ဦး (Case – 206, 238, 239, 383, 446,447, 459, 470, 584, 596, 597, 598, 600 နှင့် 602) ရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၃၈၅) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၆၆) ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၈)ဦး ရှိပါသည်။

၅။ (၅-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၆-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၄၂) ဦးရှိပါသည်။

၆။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၆-၉-၂၀၂၀)  ရက်နေ့၊  နံနက် (၈:၃၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
06/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၅-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ် ) ဓာတ်ခွဲ နမူနာ (၈၉၇)ခု နှင့်
- ဆေးသုတေသနဦးစီးဌာန (DMR)မှ (ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၂၀၅) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ(ဒုတိယအသုတ် ) ဓာတ်ခွဲနမူနာ (၃၅၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- စုစုပေါင်း (၁,၄၇၄)ခု အား စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၆) ဦး တွေ့ရှိရပါသည်။

၂။ (၆-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၃၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၃၁၉) ဦးရှိပြီ ဖြစ်ပါသည်။

၃။ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၆၇) နှစ် အရွယ် ဓာတ်ခွဲအတည်ပြုလူနာ (Case – 1236) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တ ရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးချိုရောဂါ အခံ ရှိပြီး (၅-၉-၂၀၂၀) ရက်နေ့၊ ညနေ (၂:၅၅) နာရီအချိန်တွင် သေဆုံးခဲ့ပါ သည်။

၄။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၈)ဦး ရှိပါသည်။

၅။ (၅-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁၆၄၂)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၅၂) ခု
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၉၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၂၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၅၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၃၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြ၀တီမြို့မှ ဓာတ်ခွဲနမူနာ (၁၄) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု နှင့်
- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ကုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၂) ခု၊
- စုစုပေါင်း (၃,၁၆၅)ခု အား စစ်ဆေးခဲ့ပါသည်။

၆။ ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
04/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၅၉၄) ခုအား စစ်ဆေးခဲ့ပြီး

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၅) ဦးတွေ့ရှိခဲ့ပါသည်။ (လူနာများ ဓာတ်ခွဲတွေ့ရှိမှု သတင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။)

၂။ (၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၃)ဦး ရှိပြီဖြစ်ပါသည်။

၃။ လူနာများ၏ အချက်အလက်များအား ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၉-၂၀၂၀)  ရက်နေ့၊  ည (၈:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
02/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၂-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၈၄၀)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၉၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၅၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၂၇) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၇)ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၆)ခု
- စုစုပေါင်း (၁,၄၀၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅၇) ဦး တွေ့ရှိရပါသည်။

၂။ (၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၉၉၅) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂)ဦး (Case-390, 393) ရှိသဖြင့် စုစုပေါင်း (၃၅၉) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၄၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၁-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၁) ဦးရှိပါသည်။

၆။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန် မည်ဖြစ်ပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Did You know ? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share