Gen Z Nation

Gen Z Nation MPT Done Pyan Fiber Internetအကြောင်းအသေးစိတ်သိရှိလိ? A page where information is copied and pasted through trusted channels

ယနေ့ ( ၂၁.၁၂.၂၀၂၁ ) မွင့် ခါး ပွဲ များ===========================1. ကလေး၊ စီးစံအနီးယ‌နေ့တိုက်ပွဲ - 5 ပွဲ2. ပုလဲ၊ ၅၅ မိုင...
21/12/2021

ယနေ့ ( ၂၁.၁၂.၂၀၂၁ ) မွင့် ခါး ပွဲ များ

===========================

1. ကလေး၊ စီးစံအနီးယ‌နေ့တိုက်ပွဲ - 5 ပွဲ
2. ပုလဲ၊ ၅၅ မိုင် ယမန်နေ့တိုက်ပွဲ - 7 ပွဲ
3. မုံးကိုး၊ MNDAAနဲ့ လက်ကျန် - 30 ပွဲ
4. ကော့ကရိတ်၊ ကော့နွဲ့အနီးတပ - 15 ပွဲ
5. မြင်းမူ၊ မုံရွာ-မန္တလေးလမ်းပိုင်း - 12 ပွဲ
6. အရာတော်၊ နောင်ကြီးအိုင်အနီး - 2 ပွဲ
7. KNU တပ်မဟာ ၅ နယ်မြေတပ - 9 ပွဲ
8. မင်းကင်း၊ ၁၀ရွာချောင်တိုက်ပွဲ - 60 ပွဲ
9. တန့်ဆည်၊ ကျွန်းလယ် ( Min; ) - 20 ပွဲ
10. စစ်ကိုင်း၊ ရွာသစ်ကြီးအုပ်ကြီး - 1 ပွဲ
11. သရက်ချောင်း၊ ကထီးဝဒလန် - 1 ပွဲ
12. ဂန့်ဂေါ၊ ဘုရားသုံးဆူအနီးတပ - 3 ပွဲ
13. လောင်းရှည်၊ ကပစ စခမိုင်းမိ - 1 ပွဲ
14. ခင်ဦး၊ အလယ်လျိုရွာအနီး - 4 ပွဲ
15. မင်းတပ်၊ ၃ ရက်တာတိုက်ပွဲ - 1 ပွဲ
16. ကန့်ဘလူ၊ သင်တောဒလန်များ - 2 ပွဲ
17. ပုလဲ၊ ပုံတောင်ခြေနံနက်တိုက်ပွဲ - 10 ပွဲ
18. မတ္တရာ၊ သပြေလှအနီးတပ - 15 ပွဲ
19. ချမ်းအေးသာစံ၊ ၂၈ လမ်း ရုံး - 2 ပွဲ
20. ဘီးလင်း၊ ပုရစ်ခိုအနီး တိုက်ပွဲ - 3 ပွဲ
21. ချောင်းဦး၊ မုံရွာ-မန္တလေးလမ်း - 6 ပွဲ
22. သံတောင်ကြီး၊KNUတပ်မဟာ၂- 21 ပွဲ

===============

ယနေ့ စုစုပေါင်း မွင့် ခါး ပွဲ - 230 ပွဲ

(((( အသေးစိတ် အပြည့်အစုံဖတ်ရန်

👇👇👇👇👇

1. ကလေး၊ စီးစံအနီးတိုက်ပွဲ - 5
https://www.facebook.com/385165108587508/posts/1380894575681218/

2. ပုလဲ၊ ၅၅ မိုင် ယမန်နေ့တပ - 7
https://www.facebook.com/216265185075061/posts/5109254425776088/

3. မုံးကိုး၊ MNDAAနဲ့ လက်ကျန် - 30
https://www.facebook.com/216265185075061/posts/5108748012493396/

4. ကော့ကရိတ်၊ ကော့နွဲ့အနီးတပ - 15
https://www.facebook.com/385165108587508/posts/1381070435663632/

5. မြင်းမူ၊ ဝမ်းပြည့်-အလက္ကပ္ပကြား- 12
https://www.facebook.com/451214215694715/posts/1099537004195763/

6. အရာတော်၊ နောင်ကြီးအိုင်အနီး - 2
https://www.facebook.com/106120744536288/posts/391898242625202/

7. KNU တပ်မဟာ ၅ နယ်မြေ - 9
https://www.facebook.com/385165108587508/posts/1380809039023105/

8. မင်းကင်း၊ ၁၀ရွာချောင် တပ - 60
https://fb.watch/a1uHG676n4/

9. တန့်ဆည်၊ ကျွန်းလယ် ( Min; ) - 20
https://www.facebook.com/101952368739071/posts/239488148318825/

10. စစ်ကိုင်း၊ ရွာသစ်ကြီးအက - 1
https://www.facebook.com/102937378519001/posts/290325976446806/

11. သရက်ချောင်း၊ ကထီးဝဒလန် - 1
https://www.facebook.com/139053342889519/posts/4354721911322620/

12. ဂန့်ဂေါ၊ ဘုရားသုံးဆူအနီး - 3
https://www.facebook.com/108587321454147/posts/219147913731420/

13. လောင်းရှည်၊ ကပစ စခမိုင်းမိ - 1
https://www.facebook.com/662575584120143/posts/1549988532045506/

14. ခင်ဦး၊ အလယ်လျိုအနီးတပ - 4
https://www.facebook.com/518067831674293/posts/2295449700602755/

15. မင်းတပ်၊ ၃ ရက်တာတပ - 1
https://www.facebook.com/518067831674293/posts/2295441417270250/

16. ကန့်ဘလူ၊ သင်တော ဒလန် - 2
https://www.facebook.com/104062532057234/posts/133689425761211/

17. ပုလဲ၊ ပုံတောင်ခြေ နံနက်တိုက်ပွဲ - 10
https://www.facebook.com/108587321454147/posts/219196663726545/

18. မတ္တရာ၊ သပြေလှအနီးတပ - 15
https://www.facebook.com/101590225470170/posts/217646933864498/

19. ချမ်းအေးသာစံ၊ ၂၈ လမ်းရုံး - 2
https://www.facebook.com/101398252213669/posts/158685173151643/

20. ဘီးလင်း၊ ပုရစ်ခိုအနီး မိုင်းမိ - 3
https://www.facebook.com/422055381238801/posts/4411207398990226/

21. ချောင်းဦး၊ မုံရွာ-မန္တလေးလမ်း - 6
https://fb.watch/a1Dm7gjlzY/

22. သံတောင်ကြီး၊ KNU တပ်မဟာ၂ - 21
https://www.facebook.com/103536671835794/posts/287196833469776/

ယနေ့ စုစုပေါင်း သေဆုံးသူ - ၂၃၀ ဦး ))))

မှတ်ချက်။ ။ တရားဝင်မီဒီယာများတွင် တက်လာသော အရေအတွက်သာဖြစ်ပါ၍ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ပါသည်။





❕Z Fighter❕⛔ညပိုင်းသတင်းပေါင်းချုပ်⛔⛑️ Z Fighter December 21 ⛑️  📡https://t.me/zfighternews💌[Part - 3]💌🚧ကုမ္ပဏီပေါင်း ၃၅...
21/12/2021

❕Z Fighter❕
⛔ညပိုင်းသတင်းပေါင်းချုပ်⛔

⛑️ Z Fighter December 21 ⛑️

📡https://t.me/zfighternews

💌[Part - 3]💌

🚧ကုမ္ပဏီပေါင်း ၃၅၆ ခု ပို့ကုန်ရငွေ စာရင်းရှင်းရန် စစ်ကောင်စီဗဟိုဘဏ်သတိပေး

🚧မြဝတီမြို့နယ်ထဲက စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာပို့ဆောင်ရန် ခက်ခဲနေ

🚧မတ္တရာတွင် ယနေ့ ညနေပိုင်း စကစမ်ား မိုင်းဆွဲခံရပြီး (၁၅)ဦခန့် ပွဲချင်းပြီးသေ၊ရဲကင်းမီးရှို့ခံရသည့် ရုံးပင်ရွာဘက်မှ ပြန်လာသော စကစမ်ားက မိုင်းထိခြင်း ဖြစ်

🚧ရွာလွတ် မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသား ၅ ဦး COVID-19 ကူးစက်ခံရလို့ ကျောင်းကို ယာယီပိတ်ထား

🚧ပုံတောင်မြေ မွာ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ္သားအမ်ားအပြား သေဆုံး

🚧ပြည်သူထံမှ ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

🚧အာဏာသိမ်းအဖွဲ့က တန့်ဆည်မြို့မှ အမျိုးသား (၂)ဦးကို PDF နှင့်ဆက်စပ်သည်ဟု စြပ္စြဲကာ နေအိမ်နှင့် ဆိုင်ခန်းများအား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ် သိမ်းဆည်း

🚧ကော့ကရိတ်မြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ကြား ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများကို စစ်ကားဖြင့် ပြန်သယ်သွား

🚧မြိုင်မြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီက ဝါဒဖြန့်စာရွက်များ ရဟတ်ယာဉ်ဖြင့် လိုက္လံ ကြဲချ

🚧မိုင်းကိုင်မြို့နယ်က စစ်ဘေးရှောင် ၇၀၀ ကျော် ၃ လကျော်ကြာသည်အထိ နေရပ်သို့ မပြန်နိုင်သေး

🚧ဂျပန်နိုင်ငံ Spring Festival ကရတဲ့ မြန်မာငွေ သိန်း(၁၀၀၀)နီးပါး NUGကို လှူဒါန်းသွားမည်

🚧မြန်မာစစ်ပြေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန် ထိုင်း ဝန်ကြီးချုပ် ညွှန်ကြား

🚧ထိုင်းတွင် အိုမီခရွန်ပိုးတွေ့သူများလာသဖြင့် နိုင်ငံခြားဧည့်သည်ဝင်ရောက်မှု ယာယီပိတ်

🚧ဒီးမော့ဆို PDF တပ်ရင်း( A )စစ်သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ

🚧ပြည်တော်သာကျေးရွာ ရွာသူရွာသား ၃၀ခန့် ဖမ်းဆီးထိန်းသိမ်းခံထားရ

🚧နေအိမ်အတွင်း လက်နက်ခဲယမ်းများ သိုလှောင်ထားပါက ဒီဇင်ဘာလ နောက်ဆုံးထားအပ်နှံရန် စစ်ကောင်စီ လိုက်လံနှိုးဆော်နေ

🚧ယောဒေသစစ်ဘေးရှောင်တွေအကူအညီလိုအပ်နေပြီး ကူညီကြဖို့ ဂန့်ဂေါ PDFထုတ်ပြန်

🚧ဂျပန်နိုင်ငံမှ အဓိကဘဏ်ကြီး ၃ ခုအနေဖြင့် စစ်အာဏာရှင်၏ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုတွင် ပါဝင်ပံ့ပိုးနေခြင်းများအား ရပ်တန့်ရန် Justice For Myanmar မွ တိုက်တွန်းထား

🚧KNDO ထိန်းချုပ်နယ်မြေအတွင်းသတင်းမပို့ပဲ ဖြတ်သန်းသွားလာသည့် စကစ လက်အောက်ခံ ရဲတပ်ဖွဲ့ကို ခေါ်ယူ စစ်ဆေး

🚧အကူအညီတွေ လိုအပ်နေတဲ့ လေးကေ့ကော် စစ်ဘေးဒုက္ခသည်များ

🚧PDF ဂန့်ဂေါ၏ မိုင်းမိ၍ စစ်ကောင်စီတပ်သား(၃)ဦးမြေဩဇာဖြစ်၊ (၃)ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရ

🚧ချင်း-မကွေးအစပ်တွင် စစ်ကောင်စီတပ်နှင့် CDF၊ YDF ပူးပေါင်းတပ်ကြား ကြိုကြားတိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာပြင်းထန်

🚧မြိုင်မြိုနယ်အတွင်းရှိ ဈေးဆိုင်များတွင် စကစထုတ္ကုန္မ်ား ရောင်းချပါက ပြင်းထန်စွာ အရေးယူမည်

❕Z Fighter❕
⛔သတင်းစုဆောင်းအဖွဲ့⛔

💌[Part - 3]💌

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးသတင်းထောက်အဖွဲ့⛑️ ᴛʜᴇ sᴘʀɪɴɢ ʀᴇᴠᴏʟᴜᴛɪᴏɴ ᴍᴜsᴛ ᴡɪɴ

မိုးကုတ် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့♻(R.D PDF) မှ အသိပေး အကြောင်းကြားခြင်း🛑မိုးကုတ်မြို့ အနောက်ပိုင်း လျှပ်စစ်နှင့် စွ...
21/12/2021

မိုးကုတ် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့♻

(R.D PDF) မှ အသိပေး အကြောင်းကြားခြင်း🛑

မိုးကုတ်မြို့ အနောက်ပိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာန [MESC] တာဝန်ခံ ဦးညွှန့်ထွေးနှင့် 🛑

အဖွဲ့သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ
တပ်ဖွဲ့၏ အုပ်ချုပ်မှု လည်ပတ်နိုင်စေရန်တွက်🛑

မီတာခများကောက်ခံနေသောကြောင့်
ဆက်လက် လုပ်ဆောင်ခြင်း မပြုလုပ်ရန်🛑

မေတ္တာ ရပ်ခံအသိပေးအကြောင်းကြားချက်ထုတ်ပြန်‼

#မိုးကုတ်နဂါးနီ (PDF)

21.12.2021
🍉

မန္တလေး NLD လူငယ်နှင့် ဇနီး စစ်ကြောရေး၌ သေဆုံး၊ အလောင်းပြန်မရ======== ချမ်းအေးသာစံမြို့နယ်တွင် NLD ပါတီ လူငယ်ခေါင်းဆောင်...
21/12/2021

မန္တလေး NLD လူငယ်နှင့် ဇနီး စစ်ကြောရေး၌ သေဆုံး၊ အလောင်းပြန်မရ
========
ချမ်းအေးသာစံမြို့နယ်တွင် NLD ပါတီ လူငယ်ခေါင်းဆောင်နှင့် ဇနီးဖြစ်သူမှာ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် သေဆုံးပြီဟု မိသားစုက သတင်းရသော်လည်း အလောင်းပြန်မရပေ။ အသက် ၃၂ အရွယ် ကိုသဲထွေးမောင်(ခ) ကိုမုန်းမာန်နှင့် ဇနီးဖြစ်သူ ၃၈ နှစ်အရွယ် မနန်းဆိုသူမှာ ဒီဇင်ဘာ ၁၃ ရက်က ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ နှစ်ရက်အကြာ မိသားစုလိုက်လံစုံစမ်းစဉ် သေဆုံးသည်ဟုသာ သိရခြင်းဖြစ်သည်။

PDF ကို ထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တွင် စစ်ကောင်စီက အင်အား ၃၀ ကျော်ဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ နှစ်ရက်အကြာ ဒီဇင်ဘာ ၁၅ တွင် မိသားစုက မြို့နယ်ရဲစခန်းသို့ သွားရောက်စုံစမ်းရာတွင် သေဆုံးပြီဟုသာ ပြောပြီး အကျိုးအကြောင်းမသိရဟု အထက်ပါနီးစပ်သူက ဆိုသည်။

“စစမ်းဖမ်းချင်း နယ်မြေရဲစခန်းကို သွားမေးတော့ စစ်ကြောရေးမှာလို့ ပြောတယ်။ နောက်နေ့ သေသွားပြီလို့ သတင်းတွေထွက်တော့ ထပ်သွားမေးတာ လင်မယားနှစ်ဦးလုံးကို သင်္ဂြိုဟ်လိုက်ပြီလို့ ပြောလိုက်တယ်” ဟု အမည်မဖော်လိုသည့် ထိုသတင်းရင်းမြစ်က ပြောသည်။

တစ်ဆင့်စကားအရ အတူတကွစစ်ဆေးမေးမြန်းစဉ် ဇနီးသည်ကို ဦးစွာသတ်ပစ်လိုက်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

"(ကိုသဲထွေးမောင်က) သူမသိကြောင်းပြောတော့ မဖော်ရင် မိန်းမကို သတ်ပြစ်မယ် ခြိမ်းခြောက်ပြီး မိန်းမကို အရင်သတ်ပြတယ်။ နောက်ပြီး သူ့ကိုပါ သတ်လိုက်တယ်။ အဲဒီလိုပဲ သိရတယ်”ဟု ထိုသူက ဆက်ပြောသည်။

ရင်းနှီးသူတစ်ဦး၏ အဆိုအရ စတင်ဖမ်းဆီးခံရသည့် နေ့တွင် ကိုသဲထွေးမောင်ကို ၎င်း၏လက်ကိုင်ဖုန်းဖြင့် မိတ်ဆွေများထံ လှည့်လည်ဆက်သွယ်ခိုင်းခဲ့သည်ဟု သိရသည်။

“အဲဒီနေ့က နှစ်ကြိမ်ဆက်သွယ်တယ်။ ဒါပေမဲ့ သူဖမ်းခံထားရကြောင်း ပြောချင်နေသလိုပဲ။ စကားတွေက မူမမှန်ဘူး။ သူခြိမ်းခြောက်ခံထားရတယ်။ အခြားသူတွေကိုလည်း သူ့ရဲ့ Facebook ကတစ်ဆင့် လိုက်ဆက်သွယ်တယ်။ မူမမှန်လို့ ဓာတ်ပုံရိုက်ပြခိုင်းတော့ ပုံထဲ သူ့နှဖူးမှာက သေနတ်ဒင်ရာလိုမျိုးကြီးနဲ့” ဟု ထိုသူက ပြောသည်။

သေဆုံးသူ ဇနီးမောင်နှံတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးကျန်ရစ်သည်ဟု အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“သူက စိတ်ရင်းကောင်းတယ်။ အစအနောက်အရမ်းသန်တယ်။ အပေါင်းအသင်းကိုလည်း အရမ်းချစ်တယ်။ နိုင်ငံရေးအရမ်းထက်သန်ပြီး တော်တော်အလုပ်လုပ်တဲ့သူပါ၊ ခုလိုဖြစ်တာ အရမ်းနှမြောမိတယ်ဗျာ” ဟု NLD ပါတီ မန္တလေးတိုင်းလူငယ်တစ်ဦးက မှတ်ချက်ပြုသည်။ နောက်ဆက်တွဲကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။

ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးရ...
21/12/2021

ကရင်ပြည်နယ်၊ ကျုံဒိုးတွင် သတင်းမပို့ဘဲ ဖြတ်သန်းသွားလာသည့် ရဲပြောင်း ရွှေ့ ၁၂ ဦးကို KNDO က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် အတွင်း သတင်းမပို့ အကြောင်း မကြားဘဲ ဖြတ်သန်းသွားလာခဲ့သည့် စကစ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို နယ်မြေလုံခြုံရေးတပ် KNDO တပ်ရင်း ၆ က ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ ခန့်က ကေအဲန်ယူ ကျုံဒိုးမြို့နယ်အတွင်း ကြာအင်းဆိပ်ကြီး၊ဘုရားသုံးဆူ၊အဇင်း၊ကျိုက်ဒုံ၊တံခွန်တိုင် ရဲစခန်းတို့မှ ရဲအင်အား ၁၂ ဦးသည် လက်နက်အပြည့်အစုံဖြင့် ဖြတ်သန်းသွားလာခဲ့ပြီး နယ်မြေခံလုံခြုံရေးတပ်ဖြစ်သည့် KNDO ကို သတင်းမပို့ အကြောင်းမကြားဘဲ သွားလာခဲ့ခြင်းကြောင့်ခေါ်ယူ စစ်ဆေးခဲ့ပြီး ညနေ ၄ နာရီ ၁၅ တွင် ပြန်လွတ်ပေးခဲ့ကြောင်း 𝕂𝕝𝕠 FM - 𝕴𝖓𝖋𝖔𝖙𝖆𝖎𝖓𝖒𝖊𝖓𝖙က သတင်းဖော်ပြသည်။

"ပြန်လွှတ်ပေးလိုက်ပြီ။ စခန်းတာဝန်ကျ ရဲပြောင်းရွှေ့တွေလို့ပြောတယ်။ စစ်ကြောင်းနဲ့ပါတာမဟုတ်ဘူး။ အထက်ကလည်း လွှတ်ပေးလိုက်ဖို့ မှာတယ်လို့ ပြောတယ်" ဟု ကရင်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၁၆ ရက်နေ့ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးနှင့် BGF ၂ ဦး ကို ဖမ်းဆီးစဉ်က ပုံဖြစ်ပါသည်။ အဆိုပါ စစ်သုံ့ပန်း ၈ ဦးကို KNU ကောင်းမွန်စွာ စောင့်ရှောက်ထားသည်။
KTM
#☯

21-Dec'21 TUEMUFLညပိုင်းSMS-နေပြည်တော်တွင် စစ်ကား၂စီး မိုင်းဆွဲခံရ၊ သေဆုံးထိခိုက်ရှိ-မုံးကိုးတိုက်ပွဲမှာ လက်နက်အများအပြာ...
21/12/2021

21-Dec'21 TUE
MUFLညပိုင်းSMS
-နေပြည်တော်တွင် စစ်ကား၂စီး မိုင်းဆွဲခံရ၊ သေဆုံးထိခိုက်ရှိ
-မုံးကိုးတိုက်ပွဲမှာ လက်နက်အများအပြား MNDAAသိမ်းနိုင်ခဲ့
-ကလေး စီးစံရွာအနီး တိုက်ပွဲပြင်း၊၂ဖက်သေဆုံးမှုရှိ
-ထားဝယ်၊ ခေါင်တိုင်ပြင်ရွာအနီး PDF စခန်းကို စကစစီးနင်း၊ လက်နက်များ သိမ်းဆည်းခံရ
-ပုလဲနဲ့ဂန့်ဂေါနယ်တို့တွင် စကစ ဆက်တိုက် မိုင်းဆွဲခံနေရ
-ကုမ္ပဏီပေါင်း ၃၅၆ခု ပို့ကုန်စာရင်းရှင်းရန် ဗဟိုဘဏ်သတိပေး
-အာဏာသိမ်းပြီးနောက် အလုပ်သမားလူမှုဖူလုံရေးရန်ပုံငွေ ကျပ်ဘီလီယံချီ ပျောက်နေ
-ထိုင်းတွင် အိုမီခရွန်ပိုးတွေ့များလာ ၊နိုင်ငံခြားဧည့်သည်ဝင်ခွင့် ယာယီပိတ်

21/12/2021

🛳️ ⚓ မန္တလေး ⚓🛳️

86 41 မှ အချုပ်ကားတစ်စီးတက်သွားပါတယ်။

📍 Dec 21, Tue , 7:51 PM

21/12/2021

မန္တလေးမြို့၊21.12.2021
3:00PM

တည်နေရာ-73လမ်း၊သိပ္ပံလမ်းနှင့် Convention Centerရှေ့

စစ်ဆေးနေပါသည်။

#သပြေညိုသတင်းလွှာ

18/12/2021

သွေးအေးနေမှာဆိုးလို့သွေးနွေးပေးတဲ့သဘောပါ မှတ်မိသေးလား သွေး‌သစ္စာသီချင်းလေး အရင်ကတူတူဆိုခဲ့ကြတာလေး #တို့ပြည်သူတွေညီရဲ့လားဟေ့

မန္တလေးမြို့လယ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွား၊မန္တလေး၌ နှစ်ရက်ဆက် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး...
18/12/2021

မန္တလေးမြို့လယ်ရှိ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွား၊
မန္တလေး၌ နှစ်ရက်ဆက် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး အာဏာသိမ်းပြီးနောက် လေးကြိမ်မြောက် ဓားပြမှုဖြစ်၊

MFP ၊ ဒီဇင်ဘာ - ၁၈

မန္တလေးမြို့လယ်ရှိ ဝိန့်လီရွှေဆိုင် ယနေ့ ညနေပိုင်းတွင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအချို့ ပါသွားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။

ယနေ့ ဒီဇင်ဘာလ (၁၈)ရက် ညနေ (၅)နာရီခွဲခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၂၉လမ်းနှင့် လမ်း ၃၀ ကြားရှိ ၀ိန့်လီရွှေဆိုင်သို့ ဆိုင်ကယ် နှစ်စီးဖြင့် အမျိုးသား လေးဦး ရောက်ရှိလာပြီး ပစ္စတိုသေနတ် နှစ်လက်ဖြင့် သေနတ် ငါးချက်ခန့်‌ ပစ်ဖောက်ကာ “အားလုံး ဝပ်နေ” ဟု ပြောဆိုကြောင်း၊ ထို့နောက် ရွှေဆိုင် မှန်ကောင်တာများအတွင်းရှိ ရွှေများအား လုယူသွားကြောင်း နီးစပ်သူများက MFP သို့ ပြောသည်။

ရွှေထည် မည်မျှ ဓားပြတိုက်ခံရသည်ကိုမူ MFP အနေဖြင့် မသိရသေးပါ။ ၀ိန့်လီရွှေဆိုင်သည် မန္တလေးမြို့၌ နာမည်ကျော် ရွှေဆိုင်ဖြစ်ပြီး ဆိုင်ခွဲများလည်း သုံးဆိုင်ထက်မနည်း ရှိသည်။

ထိုသို့ ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များ ရောက်ရှိလာကာ လမ်းပိတ်၍ စစ်ဆေးနေသည်ဟု ဒေသခံများက MFP သို့ ပြောသည်။

အဆိုပါ ရွှေဆိုင် ဓားပြတိုက်မှုသည် မန္တလေးမြို့၌ နှစ်ရက်ဆက် ဓားပြတိုက်ခံရခြင်း ဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာ(၁၇)ရက်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃လမ်းပေါ်ရှိ တရုတ်စီးပွားရေးသမားများ ပိုင်သော မင်္ဂလာမန္တလေးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီတစ်ခု ကျပ်သိန်း(၃၀၀၀) ဓားပြတိုက်ခံခဲ့ရသေးသည်။

မန္တလေးမြို့၌ ဓားပြမှု၊ လုယက်မှုနှင့် လုယက်သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေပြီး MFP က စုံစမ်းရရှိခဲ့သော အချက်အလက်များအရ စစ်တပ်က အာဏာသိမ်းပြီးနောက် (၁၀)လကျော်အတွင်း အထက်ပါ ဓားပြမှု နှစ်မှု အပါအဝင် မန္တလေး၌ ဓားပြမှု အနည်းဆုံး လေးမှု ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းက မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်အိမ်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်လည်း နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံခဲ့ရသေးသည်။

၀ိန့်လီရွှေဆိုင် (ပုံဟောင်း)/ Photo – ၀ိန့်လီရွှေဆိုင်

(Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိသည်။ အောက်ဖော်ပြပါ Channel များတွင် MFP က တင်ဆက်သော သတင်း၊ သတင်းဆောင်းပါးနှင့် ရုပ်သံဗွီဒီယိုများကို ရှု့စားနိုင်ပါသည်။)

Facebook: https://www.facebook.com/mandalayfreepress
YouTube: https://www.youtube.com/channel/UCBfTeqOv89TQi_oDp_rYd8g

#မန္တလေး #မြို့လယ်ခေါင် #ဓားပြတိုက်

17/12/2021

Mdy❗❗

စက်မှုထဲ 136/58နား အရပ်ဝတ်ဆိုင်ကယ်တွေနဲ့ပတ်နေတယ်လို့သိရ


Source Voice informer
9:47 Pm

17/12/2021

အမေစုကို ထောင်သားဝတ်စုံ ဝတ်ဆင်ခိုင်းပြီးမှ ရုံးထုတ်တယ်တဲ့။အဲ့တော့ ဘာဖြစ်သွားလဲ။ ဘာမှ မဖြစ်ဘူး။ အာရုံအလွှဲမခံနဲ့။ ဓါတ်မြေဩဇာထုတ်လုပ်ရေးဖက်ကို အားစိုက်ပါ။ မုန့်ဟင်းခါးတွေ အပြီးသတ်ချက်နိုင်တဲ့အခါ ကြင်စိုးကို အဝတ်မပါဘဲ ကြိုးစင်တင်ဖို့ မြန်မာပြည်သူ/သားတွေရဲ့တာဝန်သာဖြစ်တယ်။ တော်လှန်ရေးကို အာရုံစိုက်ပါ။

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၁။
𝗧𝗵𝗲 𝗞𝗮𝗹𝗮𝘆 𝗣𝗼𝘀𝘁
#☯

17/12/2021

Mdy❗❗

-၇၈ ၂၈ ၂၉ ကြား စစ်တပ်ဧည့်ရိပ်သာရှေ့ ဖမ်းနေ

-၃၈ လမ်း ၇၇/၇၆ကြား ဖမ်းနေ


Source Voice informer

17/12/2021

၂၆* ၆၂ ထောင့် ဘဲဥ စခ တွေ လေးဘက်လုံး စစ်နေပါတယ်
9:55 am

17/12/2021

လေးကေ့ကော်မြို့ တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈)ဦးသေ၊ (၂) ဦးဒဏ်ရာရ အရာရှိများပါဝင်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ဒူးပလာယာခရိုင်

ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ် စကခ- ၁၃ လက် အောက်ခံ၊ ခမရ- ၅၆၀ တပ်ရင်းနှင့် KNLA တပ္မဟာ (၆)၊ တပ်ရင်း(၂၇) တို့ ထိပ်တိုက် တိုက္ပြဲမ်ား (၃)ကြိမ် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၈)ဦးသေကာ အရာရှိပါဝင်ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ- ၅၆၀ တပ်မှ KNLA တပ်သားများ နောက်လိုက်သည့်အတွက် တိုက္ပြဲမ်ား ဖြစ်ပွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ် ဆေးမှူးတစ်ဦး သေဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ထိုနေ့ (၁၁)နာရီဝန်းကျင်အချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တပ်တို့ လေးကေ့ကော် မြို့ ပဟိကလောင်းဘေးတွင် ထိပ်တိုက် တိုက္ပြဲမ်ား ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီတပ်မှ (၄)ဦးသေ ဆုံးကာ၊ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

ဒီဇင်ဘာလ (၁၅)ရက်နေ့ (၁၁)နာရီခွဲဝန်းကျင်အချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ် စကခ- ၁၃ လက် အောက်ခံ၊ တပ်ရင်းမှူး ထက်လင်းဇော် တပ်ရင်း ခမရ- ၅၆၀ တပ်ရင်းမှ KNLA တပ်ရင်း(၂၇)၊ တပ္ခြဲ(၂)နှင့် လေးကေ့ကော်မြို့တွင် ထိပ်တိုက် တိုက်ပွဲများဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ (၃)ဦးသေဆုံးကာ တပ်ခွဲမှူးတစ်ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂)ဦး ရှိပြီး၊ တပ်ရင်းမှူး ထက်လင်းဇော်မှ ပေါင်မှ ဒဏ်ရာရရှိ ကြောင်း မြေပြင်သတင်းပေးချက်အရ သိရသည်။

ဒီဇင်ဘာလ(၁၄)ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ရင်းမှူး ထက်လင်းဇော်မှ ဦးဆောင်ကာ လေးကေ့ကော်မြို့ အမှတ်(၆)ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ကာ CDM ဝန်ထမ်း (၁၆)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ (၁၅)ရက်နေ့တွင် မြို့တွင်း တစ်ဖန်ဖမ်းဆီးမှုများ ပြုလုပ်ကာ CDM ဝန်ထမ်း (၄)ဦး ကို ထပ်မံဖမ်းဆီးခေါင်းဆောင်သွားကြောင်း သိရသည်။

လေးကေ့ကော်မြို့ တိုက်ပွဲကြောင်း မြို့နေ ပြည်သူလူထုများ (၃၀၀၀)ကျော်ခန့် စစ်ဘေးရှောင်နေရကာ၊ စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်သည်။

ဒူးပလာယာခရိုင် - သတင်းနှင့်ပြန်ကြားရေး

သံလွင်ခက်
#☯

17/12/2021

Mdy❗❗

သိပ္ပံလမ်း 69 လမ်း စဖမ်းနေ


Source Voice informer
Dec 17
8:40 Am

16/12/2021

ဒီဇင်ဘာ ၁၆ ရက်၊ ည ၈ နာရီ နောက်ဆုံးရ သတင်းများ
----------
ပြီးခဲ့တဲ့နေ့ကတိုက်ပွဲကြောင့် လေးကေကော်ထဲမှာ စစ်ဘေးရှောင် တွေထောင်ချီပြီးရှိနေပြီး အနွေးထည်နဲ့ဆောင်တွေလိုအပ်နေပါတယ် ။

ပုလဲ PDF နဲ့ စစ်ကောင်စီထောက်ပို့လမ်းကြောင်းတို့ ထိတွေ့မှုဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီလမ်းကြောင်းရှေ့မဆက်နိုင်အောင်ထိန်းထားတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ စစ်တပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၄၃ ယောက်အ ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

16/12/2021

မိတ္ထီလာမြို့နယ်တွင် ပုဒ်မ ၁၄၄ အမိန့် သက်တမ်းတိုး ထုတ်ပြန်

========================
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ ၁၄ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားသည်။

ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားလာနိုင်သည်ဟု ယူဆရသည့်အတွက် အမိန့်ထုတ်ပြန်ခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၅ ရက်မှ လာမည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်အထိ နှစ်လကြာ အမိန့် အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒါကတော့ သူတို့အတွက် ကာကွယ်ဖို့ ထုတ်ထားတဲ့ ဥပဒေပဲ။ အဲ့ဒီလိုထုတ်နေပေမယ့်လည်း တကယ်တန်းမြေပြင်မှာ ထိရောက်မှုမရှိပါဘူး။ မိထ္တီလာမြို့မှာက စစ်တပ်အင်အားများပြီး မြို့အဝင်မြို့အထွက်ပတ်ပတ်လည်ဝိုင်းထားပေမယ့် ရရင် ရသလို စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တာတွေ ရှိနေတုန်းပဲ” ဟု မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၁၄၄ အရ မိတ္ထီလာမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်မှုများကို မပြုလုပ်ရန် တားမြစ်ကြောင်း ပါရှိသည်။

မြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူ သွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နှင့် အများပြည်သူဆိုင်နေရာများတွင် လူငါးဦးနှင့် ငါးဦးအထက် ပိုမစုရန်နှင့် ည ၁ဝ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

ယခုအခါတွင် မိတ္ထီလာမြို့နယ် နယ်နိမိတ်အတွင်း လူ့အချို့မှာ အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်း တွေ့ရသည့်အတွက် ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က အကြောင်းပြထားသည်။

“ပြည်သူတွေရဲ့ လုံခြုံရေးလို့ အကြောင်းပြပေမယ့် သူတို့ကိုယ်တိုင်ပဲ အဲ့ဒီလိုလုပ်နေတာ။ ကြားထဲမှာလည်း ဆိုင်ကယ် နှစ်ယောက်မစီးရဆိုပြီး အမိန့်ထုတ်တယ်။ ဒီဇင်ဘာလ ၈ ရက်တုန်းက အမှတ် (၂) ကျောင်းရှေ့မှာ ဆိုင်ကယ်ယောက်ျားလေးနှစ်ယောက်စီးလို့ဆိုပြီး ပစ်သတ်လိုက်သေးတယ်” ဟု မိထ္တီလာမြို့ခံတစ်ဦးက ပြောသည်။

စသ်ကောင်စီက ပုဒ်မ ၁၄၄ အမိန့်ကို ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက မြို့နယ်အသီးသီးတွင်ထုတ်ပြန်ခဲ့ပြီး သက်တမ်း အကြိမ်ကြိမ်တိုးခဲ့ခြင်းလည်းဖြစ်သည်။


#𝖄𝖅

16/12/2021

မန္တလေးမြို့၊16.12.2021
3:00PM

တည်နေရာ-12လမ်း၊80လမ်း

စစ်ဆေးနေပါသည်။

တည်နေရာ-22လမ်း၊ယောမင်းကြီးဈေးအနီး၌
လူလာရှာနေသည်ဟု သိရ

မန္တလေးမြို့၊16.12.2021
3:50PM

တည်နေရာ-78လမ်း၊29လမ်းနှင့်30လမ်းကြား

တည်နေရာ-အရှေ့မြို့ပတ်လမ်း၊12ပန်းနားရှေ့

စစ်ဆေးနေပါသည်။

#သပြေညိုသတင်းလွှာ

16/12/2021

စခကား၁၅စီး အမြန်လမ်းမှမြို့ထဲဝင်လာပီး
136*58/59ကြား 27ကျောင်းတောင်ဘက် စက်မှူဇုန်ရပ်ကွက်ရုံးနားရပ်နားထားကြောင်းသိရ
12:00 pm

16/12/2021

❗MDY❗
66*26လမ်း 80*26လမ်းထောင့် ဘဲဥများစစ်နေ


Source Voice Informer
Dec 16
10:25am

MDA-MGF Page ကိုင်သော Admin ညီလေး ဖမ်းစီးခံခဲ့ရ (အရေးပေါ်ကြေငြာချက် ထုတ်ပြန်ချက်)📌Z Fighter December 15📌မင်းဘူးပျောက်ကြာ...
15/12/2021

MDA-MGF Page ကိုင်သော Admin ညီလေး ဖမ်းစီးခံခဲ့ရ (အရေးပေါ်ကြေငြာချက် ထုတ်ပြန်ချက်)

📌Z Fighter December 15📌

မင်းဘူးပျောက်ကြားတပ်ဖွဲ့ _MDA-MGF Page ကိုင်သော Admin ညီလေး ဖမ်းစီးခံခဲ့ရသောကြောင့် အောက်ပါ မင်းဘူးပျောက်ကြား Page မှ မည်သည့်ထုတ်ပြန်ချက်မဆို အတည်မပြုကြောင်း နှင့် ပြည်သူများ/ညီနောင်များအနေဖြင့် MDA-MGF Page ကိုသွားရောက် ဆက်သွယ်ခြင်း မပြုဘဲ သတိပြုပေးကြပါရန် MDA/MDPDF မှ အရေးပေါ်ကြေငြာချက် ထုတ်ပြန်လိုက်သည်။[MDPDF][Z_F]

MDA-MGF Page Link - Unlike
https://www.facebook.com/minbuguerrillaarmy/


VOA သတင်းဌာနကို ရှုတ်ချခြင်းစာအမှတ် - ၁၄/၂၀၂၁ရက်စွဲ - ၁၅-၁၂-၂၀၂၁ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
15/12/2021

VOA သတင်းဌာနကို ရှုတ်ချခြင်း
စာအမှတ် - ၁၄/၂၀၂၁
ရက်စွဲ - ၁၅-၁၂-၂၀၂၁

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများ...
15/12/2021

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်

မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။

15/12/2021

RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် ( ၂ဝ၂၁ ဒီဇင်ဘာ ၁၅ ရက် ညပိုင်း)
~
- KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မှာ စစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေ၊
- ဒီပဲယင်းမြို့နယ် မှန်သာရွာသားသုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်၊
- မင်းကင်းမြို့နယ် ထုံးကြီးရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသဆုံး၊
- စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော၊
- စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသေဆုံးတဲ့ ဓာတ်ပုံသတင်းထောက်ကိုစိုးနိုင်၊
… စတာတွေကို ကြည့်ရှုနားဆင်ရမှာပါ။
_______
(Zawgyi)
RFA နေ့စဉ်တိုက်ရိုက်ထုတ်လွှင့်ချက် ( ၂ဝ၂၁ ဒီဇင်ဘာ ၁၅ ရက် ညပိုင်း)
~
- KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်မှာ စစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေ၊
- ဒီပဲယင်းမြို့နယ် မှန်သာရွာသားသုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်၊
- မင်းကင်းမြို့နယ် ထုံးကြီးရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသဆုံး၊
- စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးပြော၊
- စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသေဆုံးတဲ့ ဓာတ်ပုံသတင်းထောက်ကိုစိုးနိုင်၊
… စတာတွေကို ကြည့်ရှုနားဆင်ရမှာပါ။
_______
RFA

လိုအပ်မှ ပြော ထိန်းသိမ်းပြီး ပြော လုံခြုံရေးသတိအမြဲရှိ....ရှုး....တိုးတိုးMinistry of Defence - National Unity Governmen...
15/12/2021

လိုအပ်မှ ပြော
ထိန်းသိမ်းပြီး ပြော
လုံခြုံရေးသတိအမြဲရှိ....ရှုး....တိုးတိုး

Ministry of Defence - National Unity Government of Myanmar

15/12/2021

လေးကေကော် Update:
(ညနေ ၆ နာရီ ၂၅ မိနစ်)

တိုက်ပွဲ ပြန်စနေပြီး လက်နက်ကြီး (၆၀ မမ ဟု ခန့်မှန်းရ) နှင့် စစ်ကောင်စီက ဆက်တိုက်ပစ်နေဟု တိုက်ပွဲတွင်းမှာ ရှိနေတဲ့ သတင်းရင်းမြစ်က လှမ်းပြောပါတယ်။
"လက်နက်ကြီးနဲ့ကြီးပဲဆော်နေတာ အလုံးရေ မရည်နိုင်တော့ဘူး" လို့ မျက်မြင်တွေ့နေရသူက ပြောပါတယ်။
ထို့ပြင် BGF (စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် နယ်ခြားစောင့်တပ်) က စစ်ကား နှစ်စီး၊ စစ်ကောင်စီက စစ်ကား ၅ စီး အင်အားထပ်ဖြည့်လာတာကိုလည်း မြင်နေရတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ လက်နက်ကြီးနဲ့ ပစ်ခတ်တာ အနည်းဆုံး ၈ လုံးတိတိရှိမယ်လို့ ခန့်မှန်းပါတယ်။
ခု လောလောဆယ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ခဏ ငြိမ်သွားပါတယ်။(6:45PM)
Credit from Mratt's Channel

ယနေ့ ညနေ ၆ နာရီကျော် လေးကေ့ကော်မှာပွဲပြန်ကပြီ .... 💥တရားသောစစ်ခုခံသောစစ်နိုင်မယ့်ပွဲ ✊🏻
15/12/2021

ယနေ့ ညနေ ၆ နာရီကျော်
လေးကေ့ကော်မှာ
ပွဲပြန်ကပြီ .... 💥

တရားသောစစ်
ခုခံသောစစ်
နိုင်မယ့်ပွဲ ✊🏻

🟢 ဆောမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံးရွှေဖီမြေ၊ ဒီဇင်ဘာ ၁၅ ရက်၊ ဆောမကွေးတိုင်း ဆောမြို့နယ် ကျောက...
15/12/2021

🟢 ဆောမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံး

ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၅ ရက်၊ ဆော

မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုဒေသအတွင်း CDF မင်းတပ်၊ ကျောက်ထု PDF, YDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမှာ စစ်တပ်ဘက်က (၁၀)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကစပြီး ကျည်းရွာနဲ့ လယ်ဆောရွာကြားမှာ ပူးပေါင်းတပ်နဲ့ နယ်မြေရှင်းလင်းဖို့လာတဲ့ အင်အား (၇၂)ဦးရှိ စစ်တပ်ကို ပူးပေါင်းတပ်က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ CDF မင်းတပ်က ဒီနေ့ညနေ ၆ နာရီဝန်းကျင်မှာ ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ လယ်ဆောရွာအနီး တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က (၁၀)ဦးခန့့် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

မယ်လယ်ကုန်းရွာအနီး ဒီနေ့လယ် ၁ နာရီခွဲမှာလည်း စစ်ကောင်စီတပ် စစ်ကြောင်း မိုင်းမိရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ တိုက်ပွဲမှာ CDF, ကျောက်ထု PDF နဲ့ YDF တို့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်တပ်ဘက်က ဒဏ်ရာရသူ ရှိနိုင်ကြောင်း လက်ရှိအချိန်မှာ နှစ်ဖက်တပ် စစ်ရေးတင်းမာနေပြီး အပြန်အလှန် စောင့်ကြည့်နေကြဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

#တိုက်ပွဲ #စစ်ကောင်စီ #သေဆုံး #ကျောက်ထု
#ဓာတ်ပုံ- CDF
https://www.facebook.com/451214215694715/posts/1095644274585036/

15/12/2021

❗MDY❗

ယနေ့ မနက် ၄နာရီခန့်က ၅၀၄ရပ်ကွက် ဘုရားကြီးတောင်မုဒ်ရှိ အသောကရာမ ကျောင်းတိုက်အထွက် ထိပ်ဆုံးက အိမ်မှ ကောင်လေး၂ယောက်ဖမ်းခံရတယ်လို့ သတင်းပို့လာပါတယ်။အရင်၂ရက်ခန့်ကလဲ ရက်ကွက်အတွင်း ရက်ကွက်လူကြီးများခြေရှုပ်နေကြောင်းသိရ


Source Voice Informer

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Gen Z Nation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share