လောကသရဖူစာအုပ်တိုက်

လောကသရဖူစာအုပ်တိုက် အသိပညာ အတတ်ပညာ မျှဝေခံစားခြင်းနှင့် စိမ်းလန်းသောလူမှုဘဝများဆီသို့.. Lawkatharaphu Book Publishing House
(5)

အချိန်တိုင်း စက္ကန့်တိုင်း အေးချမ်းကြပါစေ
13/04/2024

အချိန်တိုင်း စက္ကန့်တိုင်း အေးချမ်းကြပါစေ

လောကဓံကြားက ဆေးရောင်များ #  #  #မြစ်ကမ်းဘေးက အေးချမ်းသာယာမှုနှင့်အတူ မြို့ပြဆန်သော ဖရိုဖရဲနိုင်မှုနှင့် စည်းချက်ညီညီရှိလ...
09/04/2024

လောကဓံကြားက ဆေးရောင်များ
# # #
မြစ်ကမ်းဘေးက အေးချမ်းသာယာမှုနှင့်အတူ မြို့ပြဆန်သော ဖရိုဖရဲနိုင်မှုနှင့် စည်းချက်ညီညီရှိလှသော ရန်ကုန်မြို့တစ်နေရာတွင် ခင်အမည်ရှိ အမျိုးသမီးငယ်တစ်ဦး နေထိုင်ခဲ့သည်။ သူမ၏ ဝိညာဉ်သည် ရေဆေးအရောင်များဖြင့် ကခုန်ရင်း၊ သူမ၏ ဝိညာဉ်သည် စက္ကူပေါ်တွင် စုတ်ချက်တစ်ခုစီနှင့်အတူ မျောလွင့်ချင်တိုင်း မျောလွင့်နေတော့သည်။ ခင်၏ အနုပညာကို ချစ်မြတ်နိုးမှုသည် သူမ၏ သွေးကြောများကို ဖြတ်သန်းစီးဆင်းနေသော မြစ်တစ်စင်းလိုပင်၊ လှိုင်းထနေသော ဘဝရေစီးကြောင်းများတစ်လျှောက် သူမကို လမ်းညွှန်ပေးသည့် အမြဲမပြတ် တည်ရှိနေသော တွန်းအားတစ်ခုသာ ဖြစ်သည်။
ငယ်စဉ်ကတည်းက ခင်သည် ပန်းချီပညာကို စွဲလန်းခဲ့သူဖြစ်သည်။ သူမသည် ရန်ကုန်မြစ်ကမ်းနဖူးတွင် နာရီပေါင်းများစွာ အချိန်ဖြုန်းလျက် မြစ်တစ်စင်း၏ ဖြစ်တည်မှုနှင့် အနှစ်သာရကို စုတ်တံ၊ ဆေးရောင်များဖြင့် ဖမ်းယူခဲ့ဖူးသည်။ သူမအတွက် ပန်းချီသည် ဝါသနာတစ်ခုထက်မက၊ သူမအတွက် ပန်းချီသည် သူမအနီးအပါးရှိ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဆိုရန် နည်းလမ်းတစ်ခုလည်း ဖြစ်လေသည်။
# # #
သို့သော် ခင်၏ ပန်းချီအနုပညာရှင်တစ်ဦးဖြစ်လိုသော အိပ်မက်များသည် သူမ၏ ဘိုးဘေးလူ့အဖွဲ့အစည်း၏ တင်းကျပ်သော မျှော်လင့်ချက်များနှင့် တိုးတိုက်မိနေပြန်သည်။ မိရိုးဖလာ ကျားမ အခန်းကဏ္ဍအရ အိမ်တွင် အမျိုးသမီးတစ်ဦး၏ နေရာကို အဆုံးအဖြတ်ပေးသည့် ကမ္ဘာတစ်ခုတွင် သူမ၏ ဖခင်ဖြစ်သူက အနုပညာဟူသည် သိမ်ဖျင်းသော ဖြုန်းတီးမှုတစ်ခုသာ ဖြစ်သည်ဟု ရှုမြင်သည်။
ရိုးရာတန်ဖိုးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ဖခင်သည် သမီးဖြစ်သူ၏ ပန်းချီဆွဲခြင်းကို မည်သို့မျှ နားမလည်နိုင်ပေ။ သူ့အတွက်ကတော့ ခင်၏နေရာက အနုပညာလောကထဲမှာ မဟုတ်ဘဲ မီးဖိုချောင်မှာသာ ဖြစ်သင့်သည်တဲ့။ “မိန်းမတစ်ယောက်ရဲ့ တာဝန်က သူ့မိသားစုအတွက်ပဲ” ဟု မကြာခဏပြောလေ့ရှိသော ဖခင်၏အသံသည် လူမှုစံနှုန်းများ၏ ပဲ့တင်ထပ်သံတစ်ခုလည်း ဖြစ်လာတော့သည်။
ဖခင်၏သဘောထားကြောင့် ခင်၏ နှလုံးသားသည် နာကျင်ခဲ့ရသော်လည်း သူမ၏ ဝါသနာကို စွန့်လွှတ်ရန်ကား ခင် ငြင်းဆန်ခဲ့သည်။ လျှို့ဝှက်စွာပင် သူမသည် ပန်းချီလောကတွင် နှစ်မြှုပ်မိကာ စက္ကူချပ်ပေါ်တွင် ကခုန်နေသော အရောင်များဖြင့် အေးငြိမ်းနှစ်သိမ့်မှုကို ရှာဖွေရန် ရွေးချယ်ခဲ့ပြီးသည့်နောက် သူမ၏ အိမ်မှုဝေယျာဝစ္စများကို မသိလိုက်မသိဘာသာကော သိသိသာသာကော လစ်ဟင်းမိသူလည်း ဖြစ်လာသည်။
# # #
အနုပညာ နောက်ခံ ပံ့ပိုးမှု မရှိသော ခင်၏ ခရီးသည် အထီးကျန်ဆန်လှသည်။ သူမကို ချည်နှောင်ထားသည့် တူညီဝတ်စုံ ဖြစ်နေသည့် လူမှုစံနှုန်းတွေနှင့် ချည်နှောင်ထားသော မိတ်ဆွေများက ခင်၏ သမားရိုးကျ ဟုတ်ပုံမရသော ဆန္ဒများကို ဖခင်ကဲ့သို့ပင် နားမလည်နိုင်ပါ။ သူတို့ထဲက အချို့သည် အနုပညာဟူသည် လိုက်စားရန် မထိုက်တန်သော မိုက်မဲသော စိတ်ကူးယဉ်မှုသာသာအဖြစ် သူမ၏ အိပ်မက်များကို ပြက်ရယ်ပြုကြသည်အထိ။
သူမ၏ အခက်အခဲကြားရုန်းကန်ရမှုများတွင် ခင်သည် တစ်ယောက်တည်းပင် စုတ်တံနှင့် ဆေးရောင်များကြား စိတ်ဖြေသိမ့်မှု ရရှိခဲ့သည်။ သူမ၏ စုတ်တံမှ ဖြစ်ပေါ်လာသည့် စုတ်ချက်တစ်ချက်ချင်းစီဖြင့် သူတစ်ပါး၏အမြင် သို့မဟုတ် ကဲ့ရဲ့လှောင်ပြောင်ခြင်းတို့ကို မကြောက်ရွံ့တော့ဘဲ မိမိကိုယ်မိမိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သော ကမ္ဘာတစ်ခုကို ရေးဆွဲခဲ့သည်။ သို့သော် နှလုံးသားအနက်ရှိုင်းဆုံးနေရာတွင်မူ ခင်သည် သူမအား နားလည်ပေးမည့်သူနှင့် ဤအထီးကျန်လမ်းမပေါ်တွင် သူမအနား ဖေးမကာ အတူတကွ လျှောက်ပေးမည့်သူကို တောင့်တနေခဲ့သည်မှာ အမှန်ဖြစ်သည်။
# # #
ကံကြမ္မာဖန်တီးသောတစ်ရက်တွင် ခင်သည် မြစ်ကမ်းစပ်တွင်ထိုင်ရင်း အတွေးများကြား ဝေ့ဝဲပျောက်ဆုံးသွားကာ သူမ၏ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲပေးမည့်သူနှင့် တွေ့ဆုံခဲ့သည်။ သူ့အမည်မှာ ဇော် ဖြစ်ပြီး ခင်၏ လက်ရာကို သဘောတကျဖြင့် မျက်လုံးများ တဖျတ်ဖျတ်တောက်ပလျက် အသိအမှတ်ပြုလာသည့် အနုပညာသမားတစ်ဦးဖြစ်သည်။
"မင်းမှာ ပါရမီရှိတယ်" ဟု ချီးမွမ်းနှစ်သက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သူ့အသံ။ "ဘယ်သူမှ မင်းရဲ့ပါရမီကို တားဆီးတာမျိုး မဖြစ်စေနဲ့တော့"
ခင်သည် အနုပညာကို ဝါသနာပါသော်လည်း ဘိုးဘေးဘီဘင်လူ့အဖွဲ့အစည်းတွင် အမျိုးသမီးအနုပညာရှင်တစ်ဦးအဖြစ် ကြုံတွေ့နေရသော အခက်အခဲများကို နားလည်ပေးသူတစ်ဦးအဖြစ် ခင်မင်ရင်းနှီးသည့် စိတ်ဓာတ်ကို ဇော့်ထံတွင် တွေ့ရှိခဲ့သည်။ ခင်နှင့်ဇော်တို့နှစ်ယောက်သည် လူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်တွေကို ဖီဆန်ဖို့နှင့် အနုပညာလောကထဲတွင် ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးဖို့ အတူတူ ခရီးတစ်ခု စတင်ခဲ့ကြသည်။
# # #
ဇော် အနားမှာ အတူရှိနေသည့်အတွက် ခင်၏ခရီးက အဓိပ္ပါယ်အသစ်တစ်ခု ဖြစ်ပေါ်လာသည်။ နှစ်ဦးသား အတားအဆီးများကြားမှ မိမိတို့၏လက်ရာများကို ကမ္ဘာသို့ထိ ပြသရန် ပြပွဲများကို စီစဉ်ကျင်းပကြသည်။ ကျားမတန်းတူညီမျှမှုနှင့် လောကဓံတရားတို့အပေါ် ခံနိုင်ရည်စွမ်းအားတို့အကြောင်း အနုပညာအားဖြင့် ပြောပြကြပြီး အခက်အခဲတို့ဖြင့် ပြည့်နှက်နေသည့်ကမ္ဘာတွင် အိပ်မက်မက်ဝံ့သော ခင်ကဲ့သို့ အမျိုးသမီးများ၏အသံကို ချဲ့ထွင်လမ်းဖောက်ရန် ၎င်းတို့၏အသံများကို ကျယ်ကျယ်ဖွင့်ထုတ် ပြောဆိုပြသခဲ့ကြသည်။
သို့သော် လမ်းသည် မလွယ်လှပေ။ ခင့်အနေနှင့် လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖခင်၏ သဘောမတူမှု၊ လက်မခံမှုသည် သူမအပေါ် ထုထည် ကြီးကြီးမားမား သက်ရောက်စေပြီး သူမ၏ အောင်မြင်မှုလမ်းများကို အရိပ်ထိုးစေခဲ့သည်။ သို့သော် အတားအဆီးတစ်ခုစီကို ကျော်ဖြတ်လိုက်ခြင်းဖြင့် အခေါက်တိုင်းမှာ ခင်သည် ပိုမိုသန်မာလာပြီး ဒုက္ခကို ရင်ဆိုင်ရာတွင် မယိမ်းမယိုင် ကြံ့ကြံ့ခံနိုင်ခဲ့ပြီ ဖြစ်သည်။
# # #
ခင်တစ်ယောက် အောင်မြင်လာသည်နှင့်အမျှ ဖခင်ဖြစ်သူက သူမရွေးချယ်သောလမ်းကို ငြိုငြင်စွာ လက်ခံခဲ့ရတော့သည်။ ခင်၏ ပြင်းပြသည့် ဝါသနာကို ဖခင်သည် နားမလည်နိုင်သော်လည်း ခင့်ပတ်ဝန်းကျင်က လှုပ်ရှားနေသောကမ္ဘာကြီးအပေါ် ခင်လုပ်ပြသက်သေပြနေတဲ့ သက်ရောက်မှုကိုတော့ ငြင်းလို့မရတော့တာအမှန်ပါ။
နောက်ဆုံးမှာ ခင်၏ အောင်ပွဲသည် သူမတစ်ဦးတည်းသာ မဟုတ်ဘဲ မျှော်လင့်ချက်များကို အံတုပြီး ကိုယ်ပိုင်အိပ်မက်များနောက် လိုက်ပါ လျှောက်လှမ်းရဲသော အမျိုးသမီးတိုင်းအတွက် အောင်ပွဲတစ်ခုလည်း ဖြစ်လာသည်။ ခင်၏ မယိမ်းမယိုင်သော စိတ်ဓာတ်သည် မုန်တိုင်းကို ဖြတ်ကျော်သွားသော သူမ၏ အနုပညာလက်ရာတစ်ခု ဖြစ်လာသည်။ လင်းလက်တောက်ပနေသော အရောင်များဖြင့် ဝန်းရံထားသည့် သူမ၏ပန်းချီကားရှေ့တွင် ရပ်ကြည့်နေရင်း ခင်သည် အနုပညာကို ချစ်မြတ်နိုးရုံသာမက တစ်ချိန်က အတားအဆီးများကိုပါ အောင်နိုင်ခဲ့ကြောင်း သိနားလည်လိုက်သည်။
ခင့်အဖို့ ခရီးက ဝေးလှပါသည်။ သို့သော် သူမ၏ စုတ်ချက်တစ်ခုချင်းစီကပေးသော ခံနိုင်ရည်အစွမ်းများနှင့် သူမသည် အောင်ပွဲ၏သက်သေတစ်ခုအဖြစ် အခန်းကဏ္ဍအသစ်တစ်ခုကို ရေးဆွဲခဲ့ပြီး ဖြစ်သည်။ ခင့် ပတ်ဝန်းကျင်က ရောင်စုံကမ္ဘာကို ငေးကြည့်ရင်း နှလုံးသားအတွင်းပိုင်းတစ်နေရာတွင် တောက်လောင်နေသော အရောင်များ၏ ချစ်ခြင်းမေတ္တာက သူမကို အမြဲတမ်းလမ်းညွှန်နေမည် ဖြစ်သည်ကို ခင် သိလိုက်သည်။
ဇော့်ကို ခင် ပြုံးပြလိုက်သည်။ ဇော်ကလည်း ပြန်ပြုံးပြနေသည်။
# # #

လရိပ်ပြာ
၉ ဧပြီ ၂၀၂၄

 #ချယ်ရတီနဲ့ဝိမုတ္တိ (3) #ရက်မြတ်ဇော်ဘဝရဲ့တန်ဘိုးဆိုတဲ့ သိမှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြုလုပ်လိုတဲ့ ခသာာနညအ က လူတစ်ယောက်ဟာ...
19/01/2024

#ချယ်ရတီနဲ့ဝိမုတ္တိ (3)
#ရက်မြတ်ဇော်

ဘဝရဲ့တန်ဘိုးဆိုတဲ့ သိမှုနဲ့ပတ်သက်ပြီး ကျွန်တော်ပြုလုပ်လိုတဲ့ ခသာာနညအ က လူတစ်ယောက်ဟာ ဘဝမှာ ချယ်ရတီအမှုကို တတ်နိုင် သလောက် များများပြုတာ၊ ဝိမုတ္တိ လွတ်မြောက်ခြင်းအတွက် အာရုံစိုက် ရှေ့ရှုပြီး နှမ်းတစ်စေ့၊ မုန်ညင်းတစ်စေ့ပမာဏက စလို့ အားထုတ် ကြိုးပမ်းတာဟာ တန်ဖိုးရှိတဲ့ဘဝတစ်ခုကို နေထိုင်ဖြတ်သန်းနေခြင်း ဖြစ်တယ်လို့ ကျွန်တော် ရှုမြင်ပါတယ်။ အဲလိုလူတွေဟာ လူဖြစ်လာခိုက် မှာ ဘဝရဲ့တန်ဘိုးကို ဖော်ထုတ်အသုံးချနေသူတွေဖြစ်တယ်လို့ မြင်ခြင်း ဖြစ်ပါတယ်။
ချယ်ရတီနဲ့ ဝိမုတ္တိမှာ ချယ်ရတီက လူမျိုးအားလုံး၊ ဘာသာ ယုံကြည်ကိုးကွယ်မှုအားလုံးနဲ့ ဆိုင်တဲ့အရာဖြစ်ပါတယ်။ ဝိမုတ္တိကတော့ ဗုဒ္ဓဘာသာ(ထေရဝါဒ)ဝင်ဖြစ်သူတွေနဲ့သာ ဆိုင်မှာဖြစ်ပါတယ်။ ဒီနှစ်ခု မှာ ဝိမုတ္တိက ကျွန်တော်ရပ်ပြောတဲ့နေရာ (စသျငအငသည)အရ မုချဆက်နွယ်မှု ရဲ့ အကျိုးဆက်တစ်ခုအဖြစ် ထွက်ရှိလာတဲ့ အခြင်းအရာဖြစ်ပါတယ်။ ကျွန်တော်က ဗုဒ္ဓဓမ္မရှုထောင့်ကနေ ကြည့်ပြီးပြောတာဖြစ်တော့ ဒီဝိမုတ္တိ ကိစ္စ ပါလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်နဲ့ကိုးကွယ်ယုံကြည်မှု (မနူနါငသကျ ဘနူငန်ျ) မတူသူ တခြားအယူဝါဒတွေမှာ ခိုင်မာအခြေကျ သူတွေနဲ့တော့ ကျွန်တော့် ခသာာနညအ ရဲ့ ဒုတိယအခြင်းအရာဖြစ်တဲ့ ဝိမုတ္တိဟာ ဆက်ဆံပတ်သက်မှာ မဟုတ်ပါဘူး။
ဘီလ်ဂိတ်နဲ့ ဝါးရင်းဘတ်ဖတ်တို့ အပါအဝင် ကမ္ဘာ့အချမ်းသာ ဆုံး သူဌေးကြီးတွေက သူတို့ပိုင်ငွေတွေရဲ့ တစ်ဝက် သို့မဟုတ် သုံးပုံ နှစ်ပုံ သို့မဟုတ် သုံးပုံတစ်ပုံကို လှူမယ်လို့ ကတိပြုကြ၊ အလှူပြုကြတဲ့ သတင်းတွေ ဖတ်ရတဲ့အခါ ကြည်နူးပီတိစိတ် ဖြစ်ရပါတယ်။ ကမ္ဘာ့ နာမည်ကြီးအဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်၊ အားကစားသမားနဲ့ နိုင်ငံရေးမသားတွေက ပိုက်ဆံငွေကြေး ပေးလှူမှုအပါအဝင် အမျိုးမျိုး သော လူမှုအကူအညီပြု လုပ်ရပ်တွေ ဆောင်ရွက်ကြတဲ့သတင်းတွေ ဖတ်ရတိုင်းလည်း အလားတူစိတ် ဖြစ်ရပါတယ်။ ပုံစံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးနဲ့ လူမှုအကူအညီပြုလုပ်ငန်းတွေ လုပ်နေကြ မှုတွေကို ကြားသိတွေ့မြင်ရတိုင်း ဒီလိုပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ ဘ၀ အခိုက်တန့်တွေကို ဖြတ်သန်းနေကြတာပဲလို့ မြင်မိပါတယ်။
ချယ်ရတီ (ဝါ) လူမှုအကူအညီပြု ဆိုရာမှာ တိရစ္ဆာန်စာနာ ထောက်ထားမှု လုပ်ရပ်အပြုအမူတွေနဲ့လည်း သက်ဆိုင်ကိုယ်စားပြု ကြောင်း ထည့်ပြောဖို့လိုမှာ ဖြစ်ပါတယ်။ ချယ်ရတီဟာ အများကို ပေး ကမ်းရက်ရောခြင်း (ါနညနမသျငအပ) သဘောတစ်ခုတည်းမဟုတ်ကြောင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ချယ်ရတီရဲ့ အဓိပ္ပာယ်ဟာ ဒါန(ူငဘနမေူငအပ) မှာတင် မပြီးဆုံးသွားပါဘူး။ ဥပမာ - သဘာဝပတ်ဝန်းကျင်ရေးရာမှာ တက်

 #ချယ်ရတီနဲ့ဝိမုတ္တိ (2) #ရက်မြတ်ဇော် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ကျွန်တော့် ကဗျာတစ်ပုဒ်ပါတာကြောင့် ထို...
18/01/2024

#ချယ်ရတီနဲ့ဝိမုတ္တိ (2)
#ရက်မြတ်ဇော်

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှာ ကျွန်တော့် ကဗျာတစ်ပုဒ်ပါတာကြောင့် ထိုမဂ္ဂဇင်းကိုဖတ်ရင်း အက်ဆေးကဏ္ဍ အောက်မှာ ဆရာမင်းထင်ကိုကိုကြီးရဲ့ ]]သုံးဆယ့်သုံး}} အက်ဆေးကို ဖတ်ခဲ့ရဖူးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့အတွက်မှမဟုတ် ဘဲ၊ ဘယ်သူ့ကိုမှ ကောင်းရာကောင်းကျိုးမပြုဘဲ အသက်ရှင်နေခဲ့သူ တစ်ယောက်ရဲ့ ရှယ်ဖွယ်ဖြစ်မှု၊ စက်ဆုပ်ရွံ့ရှာစရာကောင်းမှုကို စာမျက် နှာ တစ်မျက်နှာတည်းမှာ အတွေးအခေါ်ကောင်းကောင်းနဲ့ တင်ဆက် ထားတာပါ။ ပရမျက်နှာစာ မရှိ၊ အတ္တအတိသာ ပြီးတဲ့ အသက်ရှင်မှုနဲ့ နေထိုင်နေခဲ့သူတစ်ယောက်ရဲ့ ရှက်ဖွယ်အခြင်းအရာကို အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း(စာရေးသူကတော့ ဗိုလ်ချုပ်အောင် ဆန်းလို့ တိုက်ရိုက်မဆို)ရဲ့ အများအတွက်ဖြစ်တည်ခဲ့မှုနဲ့ ယှဉ်တွဲ ရေးထားပါတယ်။
တွေးခေါ်မြော်မြင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်စဉ်းစားမိတာ တစ်ခုက လူဟာ အရွယ်ရောက်အချိန်ကစပြီး သေဆုံးချိန်ထိ မိမိတစ်ဦး တစ်ယောက်တည်းအတွက် အသက်ရှင် နေထိုင်သွားခြင်းဟာ အဓိပ္ပာယ်မှရှိရဲ့လား၊ အဓိပ္ပာယ်ရှိတယ်လို့ ပြောအပ်ရဲ့လားဆိုတာ ဖြစ် ပါတယ်။ မင်းထင်ကိုကိုကြီးရဲ့ အရေးအသားထဲကလို သူ့အတွက်သူ ဆိုပြီး အလုပ်လုပ်၊ သူ့အတွက်သူဆိုပြီး ကဗျာရေး၊ သူ့အတွက်သူဆိုပြီး စားတဲ့အိပ်တဲ့လူတစ်ယောက်ရဲ့ ရှင်သန်ခြင်းဟာ အဓိပ္ပာယ်မှရှိရဲ့လား။ တန်ဘိုးမှရှိရဲ့လားဆိုတဲ့အတွေး ကျွန်တော့်မှာ စွဲကပ်နေခဲ့တာ ကြာပါပြီ။ ထိုစဉ်က ကျွန်တော်ဟာ မိရိုးဖလာဗုဒ္ဓဘာသာအဆင့်မှာပဲ ရှိပါသေး တယ်။ လူတစ်ယောက်ဟာ သူနေထိုင်စားသောက်ဖို့ ဝတ်ဆင်သုံးစွဲဖို့ ပိုက်ဆံရှာတယ်။ သူရှာဖွေရရှိတဲ့ ပစ္စည်းဥစ္စာက သူ့အတွက်ကလွဲရင် တခြားဘယ်သူ့အတွက်မှ မဟုတ်ဘူး။
ဒီလိုနဲ့ အချိန်တန်တဲ့အခါ သူဟာ သေဆုံးသွားတယ်။ အဆိုပါ ပုဂ္ဂိုလ်ရဲ့ဘဝမှာ တန်ဘိုးတစ်စုံတရာ အဓိပ္ပာယ်တစ်စုံတရာ ရှာမတွေ့ ဘူးလို့ ကျွန်တော် တွေးမိပါတယ်။ တစ်နည်းအားဖြင့် တန်ဖိုးမဲ့ဘဝတစ် ခုအဖြစ် ကျွန်တော်မြင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော်ဟာ ယခုအခါ မိရိုဖလာအနေအထားက လွန်မြောက် ပြီး ကိုယ်တိုင်က နားလည်သိမြင် လက်ခံယုံကြည်တဲ့ ထေရဝါဒဗုဒ္ဓ ဘာသာဝင်တစ်ယောက်လို့ ပြောနိုင်ပြီဖြစ်ပါတယ်။ ရတနာသုံးပါး (အ့န ွှမငစူန ွနာ)ကို သိသူ၊ ဆည်းကပ်သူတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ေ လသူငအငသညေူ ဘကိ့ငျအ ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ေ ါသသိ ဘကိ့ငျအ ဖြစ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
မိဘမျိုးရိုးကြောင့် နီးစပ်ရာအသိုင်းအဝိုင်းကြောင့်၊ သူများက ဆွယ်လို့ ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ မဟုတ်ဘဲ ကိုယ်တိုင်က လေ့လာ စူးစမ်းပြီး သိမြင်လက်ခံတဲ့ ဗုဒ္ဓဘာသာဝင်ဖြစ်သူ တစ်ယောက်အဖို့ မြတ်စွာဘုရား သင်ကြားလမ်းညွှန်ရာ သံသရာရဲ့ထွက်ပေါက် နိဗ္ဗာန်ကို ရောက်ရေးဟာ သူလျှောက်လှမ်းရမယ့် အဆုံးပန်းတိုင်ဖြစ်ပါတယ်။ စစ်မှန်တဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် အန္တိမရည်ရွယ် ရာဟာ နိဗ္ဗာန်(ငြဘညေညယေ ငြမလညေေ) ဖြစ်ပါတယ်။ အင်္ဂလိပ်လိုမှာ နထအငညခအငသည လို့ အနက်ပြန်ကြတဲ့ နိဗ္ဗာန်ဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အတွက် အန္တိမတရား(့ူအငညအေန ျွနေူငအပ) ဖြစ်ပါတယ်။ ချုပ်ငြိမ်းခြင်း၊ လွတ်မြောက်ခြင်း၊ ကင်းပြတ်ငြိမ်းအေးခြင်းပန်းတိုင်ထက် ပိုအရေးကြီး တဲ့ ပန်းတိုင် မရှိတော့ပါဘူး။ ဝိမုတ္တိသည်သာ သူ့အတွက် အမြဲမပြတ် အမှန်ရည်သန်အပ်တဲ့အရာ ဖြစ်ပါတယ်။
--------------------------
(ဆက်လက်ဖော်ပြပါမည် ..... )

 #ချယ်ရတီနဲ့ဝိမုတ္တိ (1) #ရက်မြတ်ဇော် ရည်ရွယ်ဦးတည်တဲ့အကြောင်းအရာ (သိမှု)တစ်ရပ်အပေါ် တစ်ဦးချင်း တစ်ယောက်ချင်း(individaul)...
17/01/2024

#ချယ်ရတီနဲ့ဝိမုတ္တိ (1)
#ရက်မြတ်ဇော်

ရည်ရွယ်ဦးတည်တဲ့အကြောင်းအရာ (သိမှု)တစ်ရပ်အပေါ် တစ်ဦးချင်း တစ်ယောက်ချင်း(individaul)က ကိုယ်စီကိုယ်ငှ ဝိုင်းဝန်း အဆိုပြု မှတ်ချက်ချတဲ့ ဖြစ်စဉ်ဖြစ်ရပ်တစ်ခုမှာ ပါဝင်ပြောဆိုသူတွေရဲ့ တစ်သီးပုဂ္ဂလ အလိုက် နေရာယူရပ်တည်ရာတွေ မတူရင် မတူသလို၊ များရင်များသလို ထွက်ပေါ်ရရှိမယ့် အမြင်နဲ့ဆိုချက် အကောက်အယူတွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တချို့သော ဖြစ်စဉ်ဖြစ်ရပ်တွေမှာ တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး တင်ပြပြောဆိုမှုတွေ၊ မှတ်ချက်ချမှုတွေ လုပ်ပြီဆိုတဲ့အခါ သူဘယ်လို ရှုထောင့်ကကြည့်ပြီး ပြောတယ်ဆိုတဲ့အချက်ကို ဖြစ်စဉ်ရဲ့ အရေးကြီး အခြင်းအရာတစ်ရပ် အဖြစ် ကြည့်မြင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဘဝရဲ့တန်ဖိုးဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ပြောမယ် ဆိုတဲ့အခါ ကျွန်တော့်ခေါင်းထဲရောက်လာတဲ့ စကားလုံးနှစ်ရပ်က ချယ်ရတီနဲ့ ဝိမုတ္တိတို့ ဖြစ်ပါတယ်။ ချယ်ရတီက အင်္ဂလိပ်ဝေါဟာရ ဖြစ်ပါတယ်။ ဝိမုတ္တိက ပါဠိဝေါဟာရဖြစ်ပြီး အင်္ဂလိပ်လို အသံထွက်ရင် Liberation “လွတ်မြောက်ခြင်း”လို့ အဓိပ္ပာယ်ရပါတယ်။ ဘဝရဲ့တန်ဖိုးဆိုတဲ့ သိမှုတစ်ခုကို ကျွန်တော်က ချယ်ရတီနဲ့ဝိမုတ္တိကို ယူလိုက်ပါတယ်။
ချယ်ရတီဆိုတဲ့ စကားလုံးကို “လူမှုအကူအညီပြု”ဆိုပြီး မြန်မာမှု ပြုမိပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီစကားလုံးကို “ပရဟိတ”လို့ ခိုင်းနှိုင်းပြန်ဆိုနိုင်ပါတယ်။ အများအကျိုးကို ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။ Charity, Charitable တို့ကို “ရန်ပုံငွေ”လို့ အချို့က ကောက်ယူ သုံးစွဲကြတာလဲ တွေ့ရပါတယ်။ အကူအညီပေးခြင်း၊ အခြေအနေမဲ့ ချို့တဲ့သူတွေကို စာနာထောက်ပံ့ခြင်းဆိုတဲ့ အဓိပ္ပာယ်အပြင် ထို့ထက် ပိုကျယ်ပြန့်တဲ့ အနက်သဘောဆောင်တာကို အင်္ဂလိပ်စာအရေးအသား တွေကို သေချာလိုက်ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ မိမိကိုယ်ကလွဲပြီး အခြားသူ လူအများအတွက် ရှေးရှုရည်ရွယ်ပြီးပြုတဲ့ မည်သည့်ကုသိုလ် ကိုမဆို ချယ်ရတီရဲ့ အဓိပ္ပာယ်အောက်မှာ ထည့်သွင်းပြောဆိုနိုင် ပါတယ်။
ဝိမုတ္တိက ထေဝရဝါဒဗုဒ္ဓဘာသာရဲ့ ဘာသာရေးဆိုင်ရာ ဘာသာ စကား (litorgical language) ဖြစ်ပါတယ်။ ဝိမုတ္တိဆိုတဲ့ ဝေါဟာရအတွက် အနီးစပ်ဆုံးအဖြစ် ဘာသာပြန်တဲ့ မြန်မာစကားလုံး “လွတ် မြောက်ခြင်း” နဲ့ အင်္ဂလိပ်စကားလုံး liberation တို့ဟာ သူတို့ချည်းပဲ အလွတ်ဆိုရင် အမျိုးမျိုးသော ဆိုလိုချက်အသီးသီးအတွက် ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ ဝိမုတ္တိကို ပြောဆိုရာမှာ ပြောသူနဲ့နားထောင်သူ အကြား တူညီတဲ့ ပလက်ဖောင်း(ယုံကြည်မှု)ရှိနေဖို့ လိုပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်အချင်းချင်း သို့မဟုတ် ဗုဒ္ဓဘာသာကို လေ့လာသူနဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ယောက်ဖြစ်မှ ဝိမုတ္တိကို သူ့အန္တိမအဓိပ္ပာယ် အထိ မြင်ရမှာ ဖြစ်ပါတယ်။
ဇိန(ဂျိန်း) အစရှိတဲ့ အခြားအိန္ဒိယဘာသာ အယူဝါဒတွေမှာ လည်း ဝိမုတ္တိ(လွတ်မြောက်ခြင်း) သဘောတရားကို ဟောတာရှိပေမယ့် သူတို့ဟောတဲ့လွတ်မြောက်မှုနဲ့ ဗုဒ္ဓဘုရားဟောကြားတော်မူတဲ့ လွတ် မြောက်မှုတို့ဟာ ပရမတ္တအရာမှာ အနက်မတူပါဘူး။ ဒီနေရာမှာ ဗုဒ္ဓ ဘုရားဟောကြားတဲ့ ဝိမုတ္တိကိုသာ ဆိုလိုရင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဟောတော်မူတဲ့ တရားအစုစု၊ ဒေသနာအလုံးစုံရဲ့ ဦးတည်ရာ အချုပ် ပန်းတိုင်က သံသရာမှလွတ်မြောက်မှု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဝိမုတ္တိ (ဝါ) အဆုံးစွန်လွတ်မြောက်ခြင်းကို ရဖို့ဖြစ်ပါတယ်။
------------
ဆက်လက်ဖော်ပြပါမည်

🔰 ကိုယ်ကျင့် 🔰 ကိုယ်ကကျင့်လို့ ကိုယ်ကျင့်တဲ့။ ကိုယ်ကျင့်တရားဟုခေါ်သော သီလကို မြတ်ဗုဒ္ဓက နှစ်မျိုးခွဲခြား ထားသည်။ ရှောင်က...
14/01/2024

🔰 ကိုယ်ကျင့် 🔰
ကိုယ်ကကျင့်လို့ ကိုယ်ကျင့်တဲ့။
ကိုယ်ကျင့်တရားဟုခေါ်သော သီလကို မြတ်ဗုဒ္ဓက နှစ်မျိုးခွဲခြား ထားသည်။ ရှောင်ကြဉ်ရမည့် ဝါရိတ္တသီလနှင့် လိုက်နာကျင့်သုံးရမည့် စာရိတ္တသီလ ဟူ၍။
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဝါရိတ္တသီလတွင် အနည်းဆုံး ငါးပါးသီလလောက်တော့ စောင့်ထိန်းကြသည်။ ထို့ပြင် အခါကြီးရက် ကြီးများတွင် ရှစ်ပါးသီလ၊ ကိုးပါးသီလဆောက်တည်ခြင်း စသည်တို့ကို လည်း ဆောင်ရွက်ကြသည်။
မိမိကိုယ်ကို ကောင်းမွန်စွာထိန်းသိမ်းနေခြင်းသည် သူတစ်ပါးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အတူတူပင်မဟုတ်ပါလော။
စာရိတ္တသီလတွင်တော့ ရှောင်ကြဉ်ရုံနှင့်မရတော့။ ကိုယ့်အတွက် မဟုတ်၊ အများအတွက် သက်သက်။ အတ္တဟိတထက် ပရဟိတကို ဦးစား ပေးသွားသည်။ မြတ်စွာဘုရားရှင်က စာရိတ္တသီလကို စောင့်ထိန်းလိုလျှင် ပရဟိတအလုပ်ကို များများလုပ်ဖို့ တိုက်တွန်းအားပေးတော်မူခဲ့သလို ကိုယ်တော်တိုင်လည်း လက်တွေ့ကျင့်သုံးပြခဲ့သည်။
🔰 မြတ်သောအသက်မွေးခြင်း 🔰
ထို့ပြင် “ပညာဖြင့်အသက်မွေးသောသူ၏ အသက်ရှင်ခြင်းသည် ဟာလျှင် မြတ်သောအသက်ရှင်ခြင်းမည်၏”ဟု မြတ်စွာဘုရားရှင် ဟော တော်မူခဲ့ပေသည်။
ပညာဖြင့် အသက်မွေးသည်ဆိုခြင်းကို အင်းဝခေတ်ရဟန်းစာဆို ကျော် ရှင်မဟာသီလဝံသ၏ ပါရာယနဝတ္ထုမှ ကောက်နုတ်ချက်ဖြစ် သော ပညာစကားပြေတွင် “သူ့စီးပွား၊ မိမိစီးပွားကို မသိသောသူကား မျက်စိနှစ်ဖက်လုံးချို့သည် မည်၏။ မိမိစီးပွားကိုသာသိ၍ သူ့စီးပွားကို မသိသူကား မျက်စိတစ်ဖက်ချို့သည် မည်၏။ နှစ်ပါးစုံကို သိသသူကား မျက်စိနှစ်ဖက်ရှိသည် မည်၏။ ဤသို့ မျက်စိနှစ်ဖက်ရှိသောသူကား လူလည်း အိမ်ထောင်အမှု၌ လုံ့လအထအကြွရှိသောအကျင့်၊ ပဉ္စသီ ဆောက်တည်သောအကျင့်၊ ဥပုသ်ဆောက်တည်သောအကျင့်၊ ဤသို့ အကျင့်အစရှိသော ဆိုခဲ့ပြီးသော ကုသိုလ်ဆယ်ပါးတရားကိုကျင့်လျက် အသက်မွေးသည်လျှင် ပညာဖြင့်အသက်မွေးသည် မည်သတည်း” ဟူ၍ ဆုံးမလမ်းညွှန်ထားခဲ့ပါသည်။
🔰 ပညာနှင့်ကိုယ်ကျင့် 🔰
ထို့ကြောင့် မှားမှန်ခွဲခြားနိုင်သော ပညာရှိ၍ ကိုယ်ကျင့်တရား ကောင်းမွန်သူတိုင်းသည် မိမိအကျိုးအပြင် အများအကျိုး၊ လောက အကျိုးတို့ကို စွမ်းနိုင်သမျှ ဆောင်ရွက်ကြရပေမည်။
ပညာနှင့်ကိုယ်ကျင့်တရားတို့သည် လူတစ်ယောက်၏ လက်နှစ် ဖက်သဖွယ်ပင် ဖြစ်သည်။ အရာဝတ္ထုတစ်ခုကို လက်တစ်ဖက်ဖြင့် မနိုင် လျှင် အခြားလက်တစ်ဖက်က ကူမမည်။ ထို့ပြင် လက်တစ်ဖက်ပေါ်ရှိ အညစ်အကြေးကို အခြားလက်တစ်ဖက်ဖြင့် ဆေးကြောသုတ်သင်နိုင် မည်။ ထို့အတူ အမှားအမှန်ခွဲခြားနိုင်သော ပညာအားနည်းခဲ့လျှင် ကိုယ် ကျင့်တရားဖြင့် ထိန်းကျောင်းပဲ့ပြင်နိုင်မည်။ ကိုယ်ကျင့်တရား အားနည်း ခဲ့လျှင်လည်း မှားမှန်ခွဲခြားဆင်ခြင်နိုင်သော ပညာဖြင့် စဉ်းစားဖေးမနိုင် မည်။ သည့်အတွက် မှားမှန်ကျိုးကြောင်းခွဲခြားနိုင်သော ပညာရှိခြင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်းတို့သည် မိမိအတွက်ရော လောက အတွက်ပါ တန်ဘိုးရှိသောလူတစ်ယောက်ဖြစ်ဖို့ လွန်စွာမှအရေးကြီး ကြောင်း ထင်ရှားနေလေသည်။
🔰 ကိုယ်ရည်ကိုယ်သွေးမြင့်မားရေး 🔰
မြတ်ဗုဒ္ဓ၏ လောကီလောကုတ္တရာ အကျိုးကျေးဇူးများ ခံစားရ စေရန် လိုအပ်သောကိုယ်ရည်ကိုယ်သွေးတို့တွင် -
- ဆုံးမလွယ်သူဖြစ်ခြင်း
- အဆွေခင်ပွန်းကောင်းရှိသူဖြစ်ခြင်း
- အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိခြင်း
- ဖြောင့်မတ်သောသူဖြစ်ခြင်း
- နူးညံ့ပြေပြစ်သောသူဖြစ်ခြင်း
- သည်းခံနိုင်သူဖြစ်ခြင်း
- ကောင်းသောအမှု၌ မွေ့လျော်သူဖြစ်ခြင်း
- နူးညံ့သိမ်မွေ့ပြေပြစ်သော ချစ်ဖွယ်သောစကားကို ဆိုတတ်သူ ဖြစ်ခြင်း
- လောကဝတ်ပျူငှာဖော်ရွေသူ ဖြစ်ခြင်း
- ဣန္ဒြေတို့၌ စောင့်ထိန်းတတ်သူဖြစ်ခြင်း
- စားဖွယ်ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိတတ်သူဖြစ်ခြင်း
- မမေ့လျော့သောသူဖြစ်ခြင်း
ဟူ၍ ဟောကြားတော်မူထားရာ ယင်းတရားတို့သည်လည်း ပညာနှင့်ကိုယ်ကျင့်တရားတို့ပေါ်တွင် အခြေတည်နေကြောင်း တွေ့ကြ ရပေမည်။
🔰 တန်ဖိုးရှိသောလူငယ်မှသည် 🔰
ယနေ့လူငယ် နောင်ဝယ်လူကြီးဟုဆိုသကဲ့သို့ ယနေ့ခေတ် လူငယ်များသည် နောင်အနာဂတ်ခေတ်ကို ဦးဆောင်ကြမည့် လူကြီးများ ပင် ဖြစ်သည်။ လူတော်လူကောင်းလေးများမှသည် လူကြီးလူကောင်း များအဖြစ် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ကြ ပေလိမ့်မည်။ တန်ဖိုးရှိသောလူငယ်မှသည် တန်ဖိုးရှိသော လူကြီးများ အဖြစ် လောကကို စောင့်ရှောက်နိုင်ကြပေလိမ့်မည်။
ထို့ကြောင့် အမှားအမှန်၊ အကျိုးအကြောင်း ဆင်ခြင်နိုင်သည့် ပညာရှိသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော တန်ဖိုးရှိသောလူငယ် များ၊ မျက်စိနှစ်ဖက်ရှိသော လူငယ်များအဖြစ် တန်ဖိုးရှိသောဘဝကို ဖန်တီးတည်ဆောက်နိုင်ကြပါစေဟူ၍ ...။

#လှမြင့်အောင်(အဖြူရောင်မေတ္တာ)

🌿 လူ့တန်ဖိုးဟု ဆိုရာဝယ် 🌿  #လှမြင့်အောင်(အဖြူရောင်မေတ္တာ)------------------------------------🍀ဘဝ🍀 မွေးဖွားချိန်မှ သေဆုံး...
13/01/2024

🌿 လူ့တန်ဖိုးဟု ဆိုရာဝယ် 🌿
#လှမြင့်အောင်(အဖြူရောင်မေတ္တာ)
------------------------------------
🍀ဘဝ🍀
မွေးဖွားချိန်မှ သေဆုံးသည့်အချိန်ထိကို ဘဝဟု သတ်မှတ် ကြသည်။ တချို့ဘဝတွေက ရှည်သည်။ တချို့ဘဝတွေက တိုသည်။ တချို့ကျတော့ မွေးကတည်းက သေနေသည်။ ဒီတော့ ဘဝမရှိပေါ့။ဘဝရှိလာတော့လည်း ဘဝမျိုးစုံ။ မွေးကင်းစဘဝမှသည် ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘဝစသဖြင့် အရွယ်မျိုးစုံ။ ဆင်းရဲသောဘဝ၊ ချမ်းသာသောဘဝ၊ အထက်တန်းကျသောဘဝ၊ အောက်တန်းကျသော ဘ၀ စသဖြင့် ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ဘဝမျိုးစုံ မတူညီကြ။ သို့သော် တူညီချက်တစ်ခုတော့ ရှိသည်။ လူတိုင်း ကိုယ့်ဘဝကို ကောင်း ကောင်းမွန်မွန်၊ မြင့်မြင့်မားမား၊ အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ ဖြတ်သန်းချင်ကြသည်။ ဒီထက် တန်ဖိုးရှိသောဘဝကို ပိုင်ဆိုင်သော တန်ဖိုးရှိသောလူ ဖြစ်ချင်သည်။
🍀တန်ဖိုးရှိပြီလား🍀
ဒါဆို ဘယ်လိုဘဝမျိုးကို တန်ဖိုးရှိသောဘဝ၊ ဘယ်လိုလူမျိုးကို တန်ဖိုးရှိသောလူလို့ ခေါ်သလဲ။ ဒါက စဉ်းစားစရာဖြစ်လာသည်။ စဉ်းစားရင်း စကားလေးတစ်ခွန်းကို သတိရမိသည်။
“အဖိုးတန်ပစ္စည်းတွေ ဝယ်ထားရုံ၊ အဖိုးတန်ပစ္စည်းတွေ သုံးနေရုံ နဲ့ အဖိုးတန်တဲ့လူ ဖြစ်မလာဘူး”တဲ့။

🍀မြတ်ဗုဒ္ဓ၏တန်ဖိုးရှိသောလူဖြစ်ကြောင်း🍀
လောကမှာ အမှားအမှန်ခွဲခြားနိုင်သော ပညာရယ်၊ ကိုယ်ကျင့် တရားကောင်းမွန်မှုရယ် ဒီနှစ်ချက်ရှိတဲ့လူကို တန်ဖိုးရှိသောလူ၊ ကျက် သရေ မင်္ဂလာနှင့် ပြည့်စုံသောလူဟူ၍ မြတ်စွာဘုရားရှင်ဟောတော်မူခဲ့ သည့် အကြောင်းကို မှတ်သားရဖူးပါသည်။
ဒီတော့ မြတ်ဗုဒ္ဓ၏စကားတော်အရ ကလေးဖြစ်စေ၊ လူငယ် ဖြစ်စေ၊ လူကြီးဖြစ်စေ တန်ဖိုးရှိသောလူဖြစ်ဖို့ အမှားအမှန်၊ အကျိုး အကြောင်း ခွဲခြားဆင်ခြင်နိုင်သော ပညာရှိဖို့နှင့် ကိုယ်ကျင့်တရား ကောင်းမွန်မှုက မရှိမဖြစ်လိုအပ်လာသည်။
တစ်သက်မှာ တစ်ကြိမ်သာရရှိတဲ့ဘဝကို တန်ဖိုးရှိသောဘဝဖြစ် ဖို့ တန်ဖိုးရှိသောလူဖြစ်ဖို့ ဘယ်သူတွေက ဖန်တီးပေးမှာလဲ။ သေချာတာ တစ်ခုကတော့ ကိုယ့်မှာရှိပြီးသားတွေနဲ့ ကိုယ်တိုင်ဖန်တီးယူရမည်ပင် ဖြစ်သည်။

🍀ကလေးဘဝ🍀
တန်ဖိုးရှိသောလူဖြစ်ဖို့ ကလေးဘဝကတည်းက စတင်တည် ဆောက်နိုင်သည်။ သို့သော် လူကြီးမိဘများ၏ လွှမ်းမိုးမှုက ရှိနေသေး သည်။ “ဘယ်သူ့ကို အချစ်ဆုံးလဲ”လို့ ကလေးကို မေးသည်။ ကလေးက သူ့စိတ်ထဲရှိတဲ့အတိုင်း “မေမေ့ကိုချစ်သည်၊ ဘိုးဘိုးကို ချစ်သည်” စသဖြင့် အမှန်အတိုင်းဖြေသည်။ သို့သော် ဖေဖေနဲ့ဘွားဘွားက မကြိုက်။ ဒီတော့ “ဖေဖေ့ကိုအချစ်ဆုံး၊ ဘွားဘွားကို အချစ်ဆုံး”လို့ ကလေးကို ဇွတ်အတင်း မုသားပြောခိုင်းတော့သည်။ သြော် ... ဘ၀ ...ဘ၀ ...။
ရေးနေရင်း ဆရာတော်ကြီးတစ်ပါးရဲ့ ကဗျာလေး ခေါင်းထဲ ရေက်လာ၍ ပြုံးမိသေးသည်။ ဒီကဗျာလေးကို စာရှုသူများလည်း ကြား ဖူးကြပါလိမ့်မည်။
“ကလေး ကလေး အထင်မသေးနဲ့
ကလေးကမှ လူကြီးဖြစ်တာ
ကလေးကောင်းမှ လူကြီးကောင်းတာ” တဲ့။

🍀လူငယ်ဘဝ🍀
လူငယ်ဘဝရောက်လာတော့ မိဘရဲ့လွှမ်းမိုးမှုက လျော့လာ သည်။ တစ်စိတ်တစ်ပိုင်းသာ ရှိတော့သည်။ အတန်းပညာကလည်း အတန်အသင့်ရှိလာပြီ။ လူငယ်ပီပီ ဖျတ်လတ် သွက်လက်သည်။ ဆုံး ဖြတ်ချက်ချရဲသည်။ လုပ်ရဲသည်၊ ပြောရဲသည်၊ ခံရဲသည်။ ထင်ပေါ် ကျော်ကြားချင်သည်။ ဒီအတွက် စွန့်စားချင်လာသည်။ ပြောတိုင်းမယုံ၊ ခိုင်းတိုင်းမလုပ်တော့။ ပြန်မပြော နားမထောင်ပေါ့။ အရာရာကို စူးစမ်း ချင်စိတ်က အပြည့်။ အရာရာကို ရင်ဆိုင်မည်ဟူသော ရဲရင့်သောသတ္တိ (မိုက်ရူးရဲဆန်သောစိတ်)နဲ့ အသင့်။
ဒီအချိန်မှာ ကိုယ်တန်ဖိုးရှိသည် ထင်တာတွေက တန်ဖိုးမဲ့ချင် မဲ့နေတတ်သည်။ ကိုယ်တန်ဖိုးမဲ့သည် ထင်တာတွေက ကိုယ့်အတွက် ရော၊ အများအတွက်ပါ တကယ်တန်ဖိုးရှိချင် ရှိနေတတ်သည်။ သို့သော် လုပ်သင့်မလုပ် မစဉ်းစားချင်။ စဉ်းစားလျှင် လုပ်ဖြစ်တော့မည် မဟုတ် ဟု ယူဆသည်။ ကိုယ်လုပ်ချင်တာကိုသာ ဇွတ်လုပ်ပစ်သည်။ ဒီတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့သည်။
ဒီနေရာမှာ ဗုဒ္ဓ၏တန်ဖိုးရှိသောလူဖြစ်ကြောင်း တရားနှစ်ပါးက အရေးပါလာသည်။
🍀ပညာ🍀
မြတ်ဗုဒ္ဓဟောကြားခဲ့သော ပညာဆိုသည်မှာ အတန်းပညာတစ်ခု တည်းကိုသာ ရည်ရွယ်ရင်း ဟုတ်ဟန်မတူ။ အတန်းပညာတွေ တတ်၊ ဘွဲ့တွေ၊ ဒီဂရီတွေ မြောက်မြားစွာရထားသော်လည်း အမှန်အမှား၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဖြစ်သင့်မဖြစ်သင့်၊ လုပ်သင့်မလုပ် သင့် မခွဲခြားနိုင်လျှင် ပညာတတ်သော်လည်း တန်ဖိုးရှိသောလူ ဖြစ် မလာနိုင်။
အတန်းပညာဆိုသည်မှာလည်း အမှားအမှန်ခွဲခြားဆင်ခြင်နိုင်ပြီး တန်ဖိုးရှိသောဘဝကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်ဖို့ သင်ကြားပေး လိုက်ခြင်းသာဖြစ်သည်ဟု ထင်မြင်မိသည်။ ကျောင်းသင်ခန်းစာများကို လေ့လာကြည့်လျှင် ထိုအချက်ကို သိနိုင်ပေသည်။
သင်္ချာညီမျှခြင်းတစ်ခုကို ညီကြောင်းသက်သေပြခိုင်းခြင်း၊ တြိဂံ နှစ်ခု ထပ်တူညီကြောင်း သက်သေပြခိုင်းခြင်းတို့သည် ကျိုးကြောင်း စဉ်းစားဆင်ခြင်နိုင်ရန်သာ ဖြစ်သည်။
ဗိုက်အောင့်၍ ဆေးခန်းလာပြသော လူနာကို ဘယ်နေရာက အောင့်သည်။ ဘယ်လိုအောင့်သည်။ ဘယ်အချိန်တွင် အောင့်တတ် သည် စသဖြင့် ဆရာဝန်က စမ်းသပ်မေးမြန်းနေခြင်းသည်လည်း ဗိုက် အောင့်ခြင်း အကြောင်းတရားမှန်ကို ရှာဖွေနေခြင်းပင်ဖြစ်သည် မဟုတ် လော။ ဤသို့ အကြောင်းတရားမှန်ကိုသိမှသာ ပျောက်ကင်းနိုင်မည့် နည်းလမ်းဟူသော အကျိုးတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ ဤသည်မှာ ပညာသင်ခြင်း၏ အဓိကရည်ရွယ်ချက်ပင် ဖြစ်သည်။

🍀🍀🍀🍀🍀

(အပိုင်း ၂ အား ဆက်လက်ဖော်ပြပါမည်) .........

11/01/2024

ကိုယ့်အကြောင်းကိုယ် မေ့အောင်ဖန်သူ
-----------------------------------
သစ်ပင်လေးတစ်ပင် အသက်ရှင်အပင်ပေါက်
အရွယ်ရောက်ဖို့ အတွက် မြေကြီးမှာရော
ကောင်းကင်မှာပါ သဘာဝတရားကပေးတဲ့
တာဝန်ဝတ္တရားတွေ ရှိကြပါတယ်။
အဲဒီသစ်ပင်လေး အကြောင်းကြောင်းကြောင့် သေဆုံးသွားရင်တော့ ဘာကြောင့်သေဆုံးရသလဲဆိုတာ မတွေးကြပါဘူး။
#နေမင်းရွှေတည်
---------------------------------------
ကျွန်တော်ဟာ မြို့ထဲမှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ဂွတ္တလစ်က မြို့ထဲကိုသွားတဲ့ ကားက မရှားပါဘူး။ နံနက် ၈ နာရီဆို အိမ်ကထွက်ပါတယ်။ ၁၅ မိနစ်တစ်စီးစီလောက် လာကြ ပါတယ်။ ဒါပေမဲ့ ဂိတ်စမဟုတ်တဲ့အတွက် ကားစီးရတာ အလွန်ကြပ်ပါတယ်။ ဒါကြောင့် နံနက် ၇ နာရီခွဲ၊ ၈ နာရီကား နည်းနည်းချောင်တဲ့ အချိန်မြို့ထဲသို့ စောစောထွက်ရခြင်း ဖြစ်ပါတယ်။
မနက်ကားစီးရင်း တွေ့နေရတဲ့ အကြောင်းအရာတစ်ခုက ကိုဖိုးမှန်ဆိုတဲ့လူ။ သူက ကျွန်တော်တို့မှတ်တိုင်မှာ ကားစောင့်ချိန်ဆို ရောက်လာပြီ။ ပြီးတော့ ''ညီလေး အစ်ကို့ကို ၅၀ လောက်''ဆိုပြီး တောင်းတတ်ပါတယ်။ အစပထမ တစ်ခါ၊ နှစ်ခါလောက်တော့ ကျွန်တော်သနားလို့ ပေးလိုက်မိပါတယ်။ နောက် ကျွန်တော်ကြည့်နေတယ်။ လူတိုင်းကို သူက မှတ်တိုင်ကနေ ဒိုင်ခံတောင်းနေတယ်။ နောက်တစ်နေ့လည်း ဒီအတိုင်းပါပဲ။
''ညီလေး အစ်ကို့ကို ၅၀ လောက်''
ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့၊ ''အကြွေမရှိဘူး၊ ၂၀၀ တန်ပဲရှိတယ်'' ဆိုပြီး အော်ပြောလိုက်မိတယ်။
သူနောက်ဆုတ်သွားမလားလို့ အော်လိုက်ခြင်းပါ။ ထင်ထားတာနဲ့ တခြားစီပဲ။ သူက
''ညီလေး အစ်ကို့မှာ ၁၅၀ ရနေပြီ။ အစ်ကို အနုတ်ဖျက် ပေးမယ်။ ၂၀၀ တန်ပေး"
ကျွန်တော် ရယ်လည်းရယ်ချင်၊ ဒေါသကလည်း ထွက်ထွက်နဲ့
''ခငဗျားလာနောက်မနေနဲ့သွား''
"ကိုယ်မနောက်ဘူးကွ။ မင်းမယုံလို့လား။ ဒီမှာ ၁၅၀ လေ"
"မရှိဘူးဗျာ သွား၊ ပေးလဲ မပေးနိုင်ဘူး"
ကျွန်တော်ရှက်ရှက်နဲ့ ပြောပစ်လိုက်တယ်။ ပတ်ဝန်းကျင်က ကျွန်တော့်လို ကားစောင့်နေတဲ့သူတွေက လှည့်ကြည့်လှည့်ကြည့် လုပ်နေတာကိုး။ ဒါနဲ့ သူက
"အစကတည်းက မပေးချင် မပေးချင်ဘူး မပြောဘူး။ အနုတ် မရှိဘူးလေး ဘာလေးနဲ့"
သူကပြောပြီး ထွက်သွားတယ်။ ကျွန်တော့်မှာ ရန်လိုက်ဖြစ် ရခက်၊ အခံရခက်။ ဒါနဲ့ ဘေးနားက အစ်ကိုကြီးက ကျွန်တော့်ကို စကားစပြောတယ်။
"ညီလေး သူ့နာမည်ကို သိလား"တဲ့။
"မသိပါဘူး အစ်ကိုရာ။ ပိုက်ဆံလာတောင်းလို့ တစ်ခါ၊ နှစ်ခါ ပေးလိုက်မိပါတယ်။ မနက်တိုင်း စောင့်ပြီး လစာထုတ်သလို လာတောင်း နေတယ်"
"အေးကွ - ဒီလူက ကိုယ်တို့ ဟိုဘက်နှစ်လမ်းကျော်ကကွ"
"အော် - အစ်ကိုက သူ့အကြောင်း ကောင်းကောင်းသိမှာပေါ့"
"ဒီကောင်က အဲဒီလိုပဲ ဈေးကွေ့တစ်လျောက်မှာ လိုက်တောင်း ပြီး ပိုက်ဆံလေးနဲနဲရရင် အရက်သွားသောက်။ ပြီးရင် ပြန်တောင်း၊ ပိုက်ဆံရရင် အရက်ဝယ်သောက်။ ဒီလိုပဲ လုပ်နေတာကွ။ သူတောင်း စားလို့ ပြောရရင်လဲ အခက်၊ ရရင် အရက်သွားသောက်။ ပြီးရင် ပြန်တောင်း၊ ပိုက်ဆံရရင် အရက်ဝယ်သောက်။ ဒီလိုပဲ လုပ်နေတာကွ။ သူတောင်းစားလို့ ပြောရရင်လဲ အခက်ပဲ"
"ဒါဆို ဒီလူ ငယ်ငယ်ကတည်းက ဒီလိုပဲလား အစ်ကို"
"မဟုတ်ဘူးကွ။ သူတောင်းစား တော်တော်များများဟာ မျိုးနဲ့ ရိုးနဲ့တောင်းစားတာ။ ဒီဘက်ခေတ်မှာ မရှိတော့ဘူးကွ။ လူပျင်းတွေ လောက်သာ တောင်းစားတာ။ ဥပမာ - ဒီလူဆိုကွာ ၅ တန်း၊ ၆ တန်းထိ နေဖူးတယ်။ မိဘတွေရှိတယ်။ အခုတော့ ဆုံးသွားပြီပေါ့ကွာ။ နောက် မောင်နှမတွေ ရှိတယ်။ ဒီလူက အငယ်ဆုံးကွ။ ငယ်ငယ်တုန်းက သူ့ မိဘတွေက အရမ်းချစ်တော့ ဘာမှမခိုင်းဘူးပေါ့ကွာ။ မိဘတွေဆုံးတော့ ဒီလူဒုက္ခရောက်ပြီး ဘာမှလက်ကြောတင်းအောင်မလုပ်ရပဲနဲ့ ထမင်းစား နေတာကွ။ ဒီလူ့ခံယူချက်က တစ်မျိုး။ သူက စာလေးမတောက် တခေါက် ဖတ်တတ်တော့ "အရင်းမစိုက် လှေထိုးလိုက်" တို့ ဘာတို့ပေါ့ လျှောက်ဖတ်၊ နောက်ပါးစပ်နဲ့တင် လုပ်စားလို့ရတယ်ပေါ့၊ သူ့အယူ။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ ဒီလူ တောင်းစားတယ်။
ပထမတော့ ညီအစ်ကိုမောင်နှစ်မတွေဆီ တောင်းတယ်။ ပြီး ရင် အရက်သောက်စားပြီး ဒီလိုပဲနေတယ်။ အစကတော့ ညီအစ်ကို မောင်နှမတွေကလဲ ပေးသေးတယ်ကွ။ နောက်တော့ သူတို့လဲ မတတ် နိုင်တော့ဘူးနဲ့တူတယ် မပေးတော့ဘူး။ အဲဒီမှာ ဒီလူ လက်ဖက်ရည်ဆိုင် တို့၊ ကားဂိတ်တို့မှာ တစ်စတစ်စရဲလာပြီး လျှောက်တောင်းတော့တာ။ သူ့အစ်ကိုကြီးဆိုရင် အရင်တုန်းက လိုက်ရိုက်တာ။ ဒီမှတ်တိုင်မှာ သူ့ အစ်ကိုရှိရင် ဟိုဘက်မှတ်တိုင်သွားတောင်းတယ်။ အခုတော့ သူအစ်ကို ကြီးလဲ ဆုံးသွားပါပြီ။ သူလဲ အသက် ၄၀ နားသာနီးလာတယ်၊ အကျင့် က မဖျောက်တော့ဘူး။ ကြာတော့ အရက်သောက်တဲ့ဒဏ်နဲ့ အမြဲတမ်း တောင်းလို့မရတဲ့အတွက် အခုလို သူတောင်းစားရုပ် ပေါက်နေတော့တာ ပေါ့ကွာ"
"အော် - အစ်ကိုကြီး ကျွန်တော်ကားလာပြီ သွားတော့မယ်နော်"
"အေး ... အေး - ညီလေး"
ကျွန်တော်လည်း ၃၇ လိုင်းကားပေါ်ပြေးတက်ပြီး လိုက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရုံးချိန်က နီးနေပြီလေ။ ညနေဘက် ၃၅ လမ်းက "ရိုးရှင်း" လက်ဖက်ရည်ဆိုင်မှာ နောင်တော် စာရေးဆရာတွေကို ဒီအကြောင်းလေး ပြောပြတော့ သူတို့အထဲက တစ်ယောက်က
"ဟုတ်လိမ့်မယ်ကွ။ အလုပ်လုပ်နေမကျတဲ့ လူတစ်ယောက် အလုပ်လုပ်ရမှာ ပျင်းသလို၊ အလုပ်အမြဲလုပ်နေသူတစ်ယောက် အလုပ် မလုပ်ရရင်လဲ ပျင်းလာတယ်တဲ့။ ပထမတော့အကျင့်တွေကို လူတွေက လုပ်ယူရတယ်တဲ့။ နောက်တော့ အကျင့်တွေက လူတွေကို ပြန်လုပ်ယူ သွားတာပါပဲ"
အခြားတစ်ယောက်က ထပ်ပြောပြန်တယ်။
"ငါကြားဖူးတာ တစ်ခုရှိတယ်ကွ။ အိန္ဒိယမှာဆိုလား။ ဝန်ကြီး ကနေပြီး သူတောင်းစားပပျောက်ရေးအတွက် အထူးစီမံချက်ဆိုပြီး၊ တောင်းတဲ့လူတွေကို ဖမ်းပြီးထောင်ထဲထည့်။ ပြီးတော့ အသက်မွေး ဝမ်းကြောင်းပညာတွေ သင်ပေးတယ်တဲ့။ နောက် သူတို့ အဲဒီပညာတွေ တတ်တော့ ထောင်ထဲကနေလွှတ်ပေးတယ်တဲ့။ တချို့ကတော့ တောင်း မစားတော့ဘူးတဲ့။ ဒါပေမဲ့ တစ်ဝက်လောက်က ပြန်တောင်းစားတယ် တဲ့။ အဲဒါနဲ့ အဲဒီလူတွေ ပြန်ဖမ်းပြီး စစ်ဆေးတော့ သူတို့ အလုပ်လုပ်စား ရတာ ပင်ပန်းတယ်တဲ့။ တောင်းစားရတာက မပင်ပန်းဘူးတဲ့။ ဒါကြောင့် အပင်ပန်းမခံနိုင်တာနဲ့ တောင်းစားကြတာဆိုပဲ"
ကိုဖိုးမှန်ဟာ "အရင်းမစိုက် လှေထိုးလိုက်" ဆိုတဲ့စကားကို အယူလွဲပြီး ပါးစပ်ပဲ စိုက်ရတာ ငါ့ဘာအရင်းမှ မလိုဘူးဆိုပြီး လိုက်တောင်းနေသလား။ ဒါမှမဟုတ် သူ့မိဘတွေ ငယ်ငယ်ကတည်းက မခိုင်းခဲ့လို့ အလုပ်လုပ်ရမှာ ပျင်းတာနဲ့ လိုက်တောင်းစားနေသလား။ ကျွန်တော် မတွေးတက်တော့ပါ။
ကိုဖိုးမှန်လည်း သူ့အကြောင်းသူ မစဉ်းစားတတ်ခဲ့လို့ပဲလား။ သူရဲ့ကိုယ်ကျင့်၊ ဂုဏ်သိက္ခာကြောင့် သူ့မိသားစုအသိုင်းအဝိုင်းဟာ သူ့အတွက် ဘယ်လောက် ရှက်လိုက်လေမလဲ။
သစ်ပင်လေးတစ်ပင် အသက်ရှင်အပင်ပေါက် အရွယ်ရောက်ဖို့ အတွက် မြေကြီးမှာရော ကောင်းကင်မှာပါ သဘာဝတရားကပေးတဲ့ တာဝန်ဝတ္တရားတွေ ရှိကြပါတယ်။ အဲဒီသစ်ပင်လေး အကြောင်း ကြောင်းကြောင့် သေဆုံးသွားရင်တော့ ဘာကြောင့် သေဆုံးရသလဲ ဆိုတာ မတွေးကြပါဘူး။ သဘာဝတရားကြီးကိုယ်တိုင်က ဖောက်ပြန် နေမှတော့ ဒီလိုပဲဖြစ် တော့မှာပေါ့ရယ်လို့ ကောင်းကင်နဲ့ မြေကြီးကိုသာ ဦးစွာကဲ့ရဲ့ပြစ်တင်လိုကြသူတွေ များပါတယ်။ ဒီလောကကြီးမှာ ကိုဖိုးမှန် သာ သစ်ပင်တစ်ပင်ဆိုရင် သူ့ကို မြေကြီးဘက်က ကြည့်မလား၊ ကောင်းကင်ဘက်က ကြည့်မလား။ ဘယ်ရှုထောင့်က ကြည့်မလဲ။ ကျွန်တော့်ခမျာ ကိုဖိုးမှန်နဲ့တွေ့မှပဲ အတွေးပေါ်အတွေးဆင့် နေမိပါ တော့တယ်။
(လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်မှ ကူးယူ‌ဖော်ပြပါသည်)
လူငယ်နှင့်ဘဝန်ဖိုး
တန်ဖိုး - 1500 ကျပ်
‌‌‌လောကသရဖူ စာအုပ်တိုက် (ဖုန်း-09799310900)

၁၉၃၅ ခုနှစ်အတွင်းက ပြည်မြို့ ရွာငံရပ်ကွက်ရှိ ချစ်တီးတိုက်ကို ဓားပြ တိုက် လူသတ်မှုတစ်ခုဖြစ်ခဲ့သည်။ အိမ်ရှင်ချစ်တီးနှင့်တက...
08/01/2024

၁၉၃၅ ခုနှစ်အတွင်းက ပြည်မြို့ ရွာငံရပ်ကွက်ရှိ ချစ်တီးတိုက်ကို ဓားပြ တိုက် လူသတ်မှုတစ်ခုဖြစ်ခဲ့သည်။ အိမ်ရှင်ချစ်တီးနှင့်တကွ ခြံစောင့်လင်မယားနှင့် ချစ်တီး၏အခိုင်းအစေကောင်လေး တစ်ယောက်ကိုပါ သတ်သွားခဲ့သည်။
ရှိသမျှ စိန်ရွှေ ကျောက်သံ ပတ္တမြား ငွေဒင်္ဂါးစသည်တို့ အကုန်ယူသွားကြ ၏။ ထူးခြားသည်မှာ ချစ်တီး၏မယားတောသူမလေးကိုကား ကြိုးဖြင့်တုပ်၍ ကုတင် ပေါ်တင်ထားခဲ့သည်။ သတ်ဖြတ်ခြင်း၊ ဗလက္ကာယပြုခြင်းများ မရှိခဲ့။ ထိုသို့ ဖြစ်ပေါ်ပြီး နောက် စစ်မီးကူးစက်လာခဲ့၍ အုပ်ချုပ်ရေးပိုင်းများ ယိုယွင်းပျက်စီးမှုကြောင့် ထိုအမှု ကို မစုံစမ်း မဖော်ထုတ်နိုင်ခဲ့ကြချေ။ စစ်ကြီးပြီး၍ အင်္ဂလိပ်တို့ ပြန်ဝင်လာကြပြီး နောက် ထိုအမှုကို ဆက်လက်စုံစမ်းကြသည်။
ချစ်တီးဇနီးတောသူမလေး၏ နောက်ကြောင်းရာဇဝင်ကို ပြန်လည်စုံစမ်း ဖော်ထုတ်ခဲ့ရာ ဇီးကုန်းမြို့အရှေ့ဘက် တောရွာလေး တစ်ရွာမှဖြစ်ကြောင်းသိရသဖြင့် လိုက်လံစုံစမ်းခဲ့ကြ၏။ စစ်အတွင်းက သာယာဝတီမြို့အနီးတဝိုက်တွင် စစ်ရှောင် နေထိုင်ခဲ့ကြောင်း ယခု ဘယ်ရောက်နေသည်မသိကြောင်းသာ သတင်းရရှိခဲ့ကြသည်။
ချစ်တီး၏မယား တောသူမလေးသည် ရောက်ရာအရပ်တွင် ကျောင်းကန် ဘုရားစေတီများတည်၏။ လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းထပ်မံရခဲ့ သည်။ အခြားအထူးမရှိ။
'ချစ်တီးမယားဆိုတော့လည်း ချစ်တီးအသတ်ခံရတော့ သူ အကုန်ရတယ် ထင်ပါရဲ့၊ ဒါကြောင့်လည်း လှူဒါန်းပေးကမ်းနိုင်တာ ဖြစ်မယ်' ဟုသာ လူအများက မှတ်ချက်ပြုကြလေသည်။ သို့သော် သာယာဝတီခရိုင် ပုလိပ်အင်စပက်တော်ကြီးက သူမ လှူဒါန်းခဲ့သောကျောင်းမှ ဆရာတော်ကို ချဉ်းကပ်မေးမြန်းရာမှ နတ်တလင်း မြို့အရှေ့ဘက် ပဲခူးရိုးမအစပ်သံမတီးကွင်းကျယ်ဘက်၌ သူ့နောက် အိမ်ထောင်နှင့် အတူနေထိုင်ကြောင်း သတင်းတစ်ခုရခဲ့သည်။
ထိုသတင်းအရ နတ်တလင်းမြို့မှ အင်အားအချို့ဖြည့်တင်းကာ ခြေလျင် တစ်တန် လှည်းတစ်တန်ဖြင့် ပဲခူးရိုးမအစပ်ရှိ ကွင်းကျယ်ရွာဘက်သို့ ထွက်လာခဲ့ကြ လေသည်။ ရွာ၌ ချစ်တီး၏ဇနီးဟောင်းကို မတွေ့ရပေ။ နောက်အိမ်ထောင်နှင့်အတူ ရိုးမပေါ်သို့တက်သွားသည်ဟူသော သတင်းသာရခဲ့သည်။ ရွာထိပ်ရှိ၎င်းတို့လင်မယား တည်ခဲ့သော ကိုးတောင်ပြည့် မြေစိုက်စေတီငယ်တစ်ဆူကို ဖူးတွေ့ရင်း စေတီငယ်၏ အုတ်ပုလ္လင်တွင် ကဗည်းရေးထိုးထားသည်။
"ဦးဝေ စံကူး ရေဘူး တောသူ" ဟူသော စာတန်းပေတည်း။

#မုဆိုးထွန်းမြိုင်အမှတ် (4) စာအုပ်မှ
ဖြန့်ချိရေး - လောကသရဖူစာအုပ်တိုက် (ဖုန်း-09799310900)

ပညာနဲ့ အောင်လက်မှတ်လူထုစိန်ဝင်း ‘‘အဖေ ဖိုးသဲ လက်ကို ကြည့်ပါဦး၊ နည်းတဲ့အဖုကြီးမဟုတ်ဘူး’’ သမီးဖြစ်သူ အလန့်တကြား ပြောလိုက်သ...
02/01/2024

ပညာနဲ့ အောင်လက်မှတ်
လူထုစိန်ဝင်း

‘‘အဖေ ဖိုးသဲ လက်ကို ကြည့်ပါဦး၊ နည်းတဲ့အဖုကြီးမဟုတ်ဘူး’’
သမီးဖြစ်သူ အလန့်တကြား ပြောလိုက်သံကြောင့် တူကလေး မောင်ဖိုးသဲကို ခေါ်ပြီး သူ့လက်ကလေးကို ဆွဲယူကြည့်ရှုလိုက်ပါတယ်။ ကလေးရဲ့ ညာဘက်လက်ခလယ်မှာ တော်တော်ကြီးတဲ့ ဘုလုံးတစ်လုံး တွေ့ရပါတယ်။ ခဲတံညှပ်ပြီး စာရေးရလွန်းလို့ ပေါ်လာတဲ့ဘုထုံး ဖြစ်ပါတယ်။
ကလေးက ဒီနှစ်မှ ငါးနှစ်ပြည့်လို့ မူလတန်းကျောင်း စတက်ရ တာပါ။ ဒါပေမဲ့ သုံးနှစ်သားကတည်းက မူကြိုကျောင်းတက်ခဲ့ရပါတယ်။ မိဘနှစ်ဦးစလုံးက ဝန်ထမ်းတွေဖြစ်ကြလေတော့ သူတို့ ရုံးသွားချိန်များ မှာ ကလေးကို မူကြိုပို့ထားရပါတယ်။ ဒီခေတ် မူကြိုကျောင်းများက၊ မူကြိုကျောင်းတွေ ခေတ်စားစအချိန်ကလို ကလေးတွေကို ကဗျာလေး တွေ၊ သီချင်းလေးတွေ သင်ပေးပြီး ကစားခိုင်း၊ အိပ်ခိုင်းရုံသက်သက် မဟုတ်တော့ပါဘူး။ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ ဂဏန်းသင်္ချာတွေပါ သင်ပေးနေကြပါပြီ။ ဒီတော့ တူကလေးမောင်ဖိုးသဲခမျာ သုံးနှစ်သား ကတည်းက ခဲတံကိုင် စာရေးနေရပါပြီ။ နှစ်နှစ်ကျော်လောက် နေ့စဉ် အဆက်မပြတ် ရေးခဲ့ရလေတော့ ကလေးရဲ့ လက်နုနုကလေးမှာ အသားမာစွဲပြီး တော်တော်ကြီးတဲ့ ဘုကြီး ဖြစ်နေပါပြီ။ ဒီကလေးဟာ နောင်နှစ်ပေါင်း ၂၀ နီးပါး ကျောင်းနေ၊ ပညာသင်ရဦးမှာဆိုတော့ သူ့လက်က ဘုလုံးဟာ မာသထက်မာလာဖို့သာ ရှိပါတော့တယ်။ ပျောက်ဖို့ကိန်း မရှိတော့ပါဘူး။
အခု မူလတန်းကျောင်း စတက်ရတော့လည်း တစ်နေ့လုံး ကျောင်းမှာ စာရေး၊ ကျောင်းဆင်းပြန်တော့ ကျူရှင်မှာ ဆက်ပြီးရေး၊ အိမ်ရောက်တော့လည်း တစ်နေ့တာ ပေးလိုက်တဲ့ အင်္ဂလိပ်စာ၊ မြန်မာ စာ၊ ဂဏန်းသင်္ချာ အိမ်စာတွေ ရေးရတာနဲ့ ကလေးတို့ရဲ့ သဘာဝအတိုင်း ခုန်ပေါက်ပြေးလွှား ဆော့ကစားရတယ်လို့ကို မရှိရှာတော့ပါဘူး။ ဒီကလေးကို ကြည့်ပြီးတော့မှ ဗုဒ္ဓဘုရားရှင်က သူ့သားတော် ရာဟုလာ ကို ရဟန်းဝတ်ပေးလိုက်တဲ့အဖြစ်ကို ဘဝင်ကျကျ လက်ခံနိုင်သွားရပါ တော့တယ်။ ရှေးကတော့ ရာဟုလာလို ကလေးတစ်ယောက်ကို ရဟန်း ဘောင်ထဲ သွတ်သွင်းပေးလိုက်တာကို တရားရဲ့လားဆိုတဲ့ သဘော စဉ်းစားမိတတ်ပါတယ်။ အခုမှပဲ ဗုဒ္ဓဘုရားရှင်က လူ့လောကရဲ့ ဆင်းရဲ ဒုက္ခမျိုးစုံကို သူ့သားတော်လေး မခံရစေချင်လို့ပါလားလို့ အမြင်မှန် ရသွားခဲ့ရပါတော့တယ်။
ကြည့်လေ၊ ဒီကလေးဟာ သုံးနှစ်သားကတည်းက ကျောင်း တက်၊ စာသင်စခဲ့ရတာ၊ သူ့အသက် နှစ်ဆယ်ကျော်အစိတ်ထိ သင်နေရ ဦးမှာ။ သင်ပြီး ဘွဲ့တွေဘာတွေ ရပြီးတော့ကော ...။
ဖိုးသဲလေးအကြောင်း ဆက်ပြီးစဉ်းစားနေဆဲမှာ လွန်ခဲ့တဲ့ ၁၅နှစ်၊ အနှစ် ၂၀ က တပည့်ဖြစ်ဖူးတဲ့ မိန်းကလေးတစ်ယောက် သီတင်းကျွတ် မို့ဆိုပြီး အကန်တော့ ရောက်လာပါတယ်။ အင်မတန်သွက်လက်ပြီး ထက်လည်းထက်တဲ့ အင်ဂျင်နီယာမလေး တစ်ယောက်ပါ။ ခုတော့ ကလေးသုံးယောက် လက်ဆွဲလို့ တကယ့်မိန်းမကြီးဖြစ်နေပါပြီ။ ဘယ် မှာ လုပ်နေလဲလို့ မေးလိုက်တော့ ဘာမှမလုပ်တော့ပါဘူး။ အိမ်မှာပဲ ကလေးထိန်းရင်း ဆန်ဆိုင်ဖွင့်ထားတယ်လို့ ပြောပြပါတယ်။ စီးပွားရေး ပြေလည်ပုံတော့ ရှိပါတယ်။ သူ့ကားသူ မောင်းပြီး ရောက်လာတာ ဖြစ်ပါတယ်။ သူနဲ့စကားပြောနေတုန်း နောက်တပည့်မတစ်ယောက် ကန်တော့ဖို့ ရောက်လာပြန်ပါတယ်။ သူကတော့ ၁၀ တန်းကျောင်းသူ ဘဝကတည်းက ဆရာဝန်ဖြစ်ပြီးတဲ့အထိ ဆယ်နှစ် ဆယ်မိုး လာတက် နေတာဆိုတော့ သမီးတစ်ယောက်လို လက်ပွန်းတတီး ရှိပါတယ်။ သူနဲ့ သူ့ခင်ပွန်းတို့က အင်မတန်ကြီးမားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုတည်ထောင်ထားပါတယ်။ မြိတ်၊ ထားဝယ်ဘက်မှာလည်း ဆီအုန်း တွေ ဧက သိန်းချီပြီး စိုက်ပျိုးနေပါတယ်။ တပည့်မနှစ်ယောက်စလုံး တင့်တောင့်တင့်တယ်ဖြစ်နေကြတာ တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ သူတို့ကလေးတွေရဲ့ မူကြိုကျောင်းတွေအကြောင်း၊ ကျူရှင် ကျောင်းတွေ အကြောင်း ရောက်တတ်ရာရာပြောပြီး ပြန်သွားကြပါတယ်။
သူတို့နှစ်ယောက် ပြန်သွားတော့မှ ကလေးတွေနဲ့ ပညာရေး အကြောင်း ဆက်ပြီးစဉ်းစားနေမိပါတယ်။ ဒီမိန်းကလေးနှစ်ယောက် စလုံးဟာ ပညာကို အပတ်တကုတ် ကြိုးစားခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ပင်ကို စရိုက်ကလည်း အင်မတန်သွက်လက်ချက်ချာပြီး ထက်မြက်တဲ့၊ ဘဝရည်မှန်းချက်ကြီးတွေ မြင့်မားခဲ့ကြတဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။ ကျောင်းစာတစ်ဖက်သင်ရင်း အင်္ဂလိပ်စကားပြောသင်တန်း တက်လိုက် ကြ၊ ပြင်သစ်စကားပြောသင်တန်း တက်လိုက်ကြနဲ့ အအားကိုမနေခဲ့ကြ တဲ့ မိန်းကလေးတွေပါ။ ခုတော့လည်း အိမ်ရှင်မကြီးတွေ၊ စီးပွားရေး သမားကြီးတွေ ဖြစ်လို့နေပါတော့တယ်။ ငယ်စဉ်က မရပ်မနား၊ အအား မနေ ကြိုးစားခဲ့ကြတာတွေကို နှမြောလိုက်တာ။ သူတို့ကိုလည်း သနားလိုက်တာ။ ခမျာများမှာ ရွယ်တူတန်းတူတွေ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မြူးထူးနေကြချိန်တွေမှာ ဓာတ်ခွဲခန်းထဲ၊ ခွဲစိတ်ခန်းထဲမှာ အားကြိုးသနွဲ ကြိုးစားနေလိုက်ကြတာ။ ခုတော့လည်း အင်ဂျင်နီယာတို့၊ ဆရာဝန်တို့ဆိုတာတွေ အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ ဘွဲ့ယူဓာတ်ပုံထဲမှာပဲ ရှိတော့တယ်လေ။
ကလေးတွေ ပင်ပန်းလိုက်ကြတာများ သနားစရာကောင်းလှပါ တယ်။ ဒီကကလေးတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ တစ်ခါက ဖတ်ဖူးတဲ့စာတစ်ပုဒ်မှာ ဂျပန်နိုင်ငံက ကလေးများဆိုရင် သန္ဓေသားဘ၀ တည်းက ပညာရေး စခဲ့ရပါတယ်တဲ့။ အကောင်းစား မူကြိုကျောင်းတွေ တက်ခွင့်ရဖို့အတွက် ကလေးပဋိသန္ဓေ ရှိစဉ်ကတည်းက အမေက ဗိုက်ပြပြီး ကျောင်းအပ်ဖို့ စာရင်းသွားသွင်းထားရတယ်တဲ့လေ။ ဒါတင် မကသေးဘူး။ ကလေးကျောင်းနေတဲ့အချိန်မှာ ထူးချွန်တဲ့ကလေး ဖြစ် လာအောင် ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့ သင်တန်းမျိုးတွေကို အမေဖြစ်သူက ကိုယ်ဝန်ကြီးတကားကားနဲ့ သွားတက်ထားရပါသေး တယ်။ ဂျပန်နိုင်ငံမှာ တက္ကသိုလ်ကောင်းကောင်းတွေ တက်ခွင့်အမှတ် မမီလို့ သတ်သေတဲ့ကလေးတွေတောင် နှစ်စဉ် ရာဂဏန်းရှိတယ်လို့ ဆိုကြပါတယ်။
‘‘ပညာ’’ကို ဒီခေတ်မှာ တန်ဖိုးသိပ်ထားကြလို့ ‘‘ပညာခေတ်’’လို့ တောင် သတ်မှတ်ထားကြပါတယ်။ နိုင်ငံတကာမှာ ပညာရေးကို အထူး ကို အလေးထားနေကြပါတယ်။
‘‘ကလေးတွေအိပ်ပြီ။
မီးတွေကို မှိန်ထားပါ။
ဟောင်ကောင်ရဲ့
သန်းခေါင်အချိန်ရောက်ပြီ။
လူကြီးကလေးများ
ကျောင်းတက်ကြတော့မည်။’’
၁၉၉၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် ‘အရှေ့ဖျားစီးပွားရေး သုံးသပ်ချက်’ စာစောင်မှာ ဆောင်းပါးရှင် ‘ဂယ်ရီဆီးလ်ဗားမင်း’ရေးခဲ့တဲ့ ဆောင်းပါးက စာကြောင်းလေးများ ဖြစ်ပါတယ်။ ဟောင်ကောင်က အလုပ်သမား လူငယ်အိမ်ထောင်ရှင်ပေါင်းများစွာတို့အတွက် သန်းခေါင် အချိန်ဆိုတာ ကျောင်းစတက်ချိန်ဖြစ်တယ်လို့ အစချီပြီး အင်တာနက်က တစ်ဆင့် ‘အဝေးသင်တက္ကသိုလ်’များမှာ စာသင်ကြားနေကြပုံကို ဆောင်းပါးရှင်က ရေးသားထားတာ ဖြစ်ပါတယ်။
ပညာရေးကို ကမ္ဘာတစ်ခုလုံးက အလေးထား ဆောင်ရွက်နေကြ တာ အားရစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ တစ်ဖက်က အဟောသိကံ ဖြစ်ရမှုတွေကိုလည်း လှည့်ကြည့်ဖို့တော့ လိုအပ်နေပြီ ထင်ပါတယ်။ အဟောသိကံ ဖြစ်မှုတွေ နည်းနည်းနောနော မဟုတ်ပါဘူး။ အချိန်တွေ အဟောသိကံ ဖြစ်နေပါတယ်။ ငွေတွေ အဟောသိကံ ဖြစ်ပါတယ်။ ဆရာဝန်ဖြစ်အောင် ခုနစ်နှစ်၊ ရှစ်နစ် တပင်တပန်း ကြိုးစားခဲ့ပြီး၊ ငွေတွေလည်း အများကြီး ကုန်ကျခဲ့ပြီးမှ ဆရာဝန်မလုပ်တာ ပညာ အဟောသိကံ ဖြစ်မှုပါ။ အင်ဂျင်နီယာဖြစ်ပြီး အင်ဂျင်နီယာမလုပ်တာ ပညာအဟောသိကံ ဖြစ်မှုပါ။ ဘွဲ့ရပြီးမှ အိမ်ရှင်မလုပ်ပြီး ကလေးထိန်း ထမင်းချက်လုပ်နေတာ ပညာအဟောသိကံ ဖြစ်မှုပါ။
ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ပြီး ဝတ်တာစားတာ နေတာထိုင် တာ အရာအားလုံး ]အမေရိကန်မှုပြု}နေတဲ့ ဂျပန်နိုင်ငံမှာတောင် မိန်း ကလေးတွေ အိမ်ထောင်ကျပြီးရင် အလုပ်မလုပ်တော့ဘဲ ယောကျ်ားကို ပြုစုချက်ပြုတ် ကျွေးမွေးတာမျိုးပဲ လုပ်ကြတော့တဲ့ စရိုက်ထုံးစံတွေ ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲ ရှိတယ်လို့ စစ်တမ်း ကောက်ယူမှုတွေက ပြသနေပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မိန်းမတို့နေရာဟာ မီးဖိုချောင် သာ ဖြစ်တယ်ဆိုတဲ့ အယူအဆကြီးရှိနေဆဲ ဖြစ်ပါတယ်။
အခုခေတ်မှာ မိန်းကလေးတွေ ယောကျ်ားတွေနဲ့ တန်းတူရည်တူ ပညာတွေ သင်ကြားတတ်မြောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျ ပြီးရင်တော့ မီးဖိုချောင်ထဲ ရောက်သွားကြတာ အရှေ့တိုင်းနိုင်ငံတိုင်း လိုလိုမှာပါပဲ။ ဒီတော့ တစ်ဖက်က ပညာရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြတာတွေ တကယ်အရာရောက်ရဲ့လားဆိုတာ သုံးသပ်မှု ပြုသင့်ကြပါတယ်။
‘‘ပညာရဲ့ တကယ့်တန်ဖိုးပျောက်ကွယ်နေပြီ။ အားလုံးက အောင်လက်မှတ်စက္ကူတွေနောက်ပဲ အရူးအမူးလိုက်နေကြတယ်’’
မလေးရှားနိုင်ငံက မလေးယားတက္ကသိုလ်မှာ ဒုတိယ အဓိပတိ တာဝန်ထမ်းဆောင်ခဲ့သူ ပါမောက္ခအန့်ကူအဇစ်က ပြောခဲ့တဲ့စကား ဖြစ်ပါတယ်။ ဒီစကားဟာ အင်မတန်စဉ်းစားဖို့ကောင်းတဲ့ စကားဖြစ်ပါ တယ်။ အနောက်နိုင်ငံကြီးတွေက နာမည်ကြီးတက္ကသိုလ်တွေမှာ နှစ်စဉ် ကျောင်းသားတွေ သောင်းနဲ့ချီ လက်ခံသင်ကြားပေးနေကြပါတယ်။ ပညာသင်စရိတ်ကလည်း တက္ကသိုလ်နာမည်ကြီးရင် ကြီးသလောက် ကြီးမားလှပါတယ်။ ကျောင်းကြီးကြီးက ဘွဲ့ကြီးကြီးရတော့ အလုပ်ကြီး ကြီးရတယ်ဆိုတဲ့ သဘောနဲ့ ဝင်ရောက်လာကြတာပါ။ ဘွဲ့ကြီးကြီးနဲ့ အလုပ်ကြီးကြီးရပြီးနောက် နှစ်အစိတ်သုံးဆယ်လောက် အလုပ်လုပ် ကြပါတယ်။ နောက်တော့လည်း ပင်စင်စားပြီး ‘လူပို’ ဖြစ်သွားကြတော့ တာပါပဲ။
လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက် တဲ့အခါမှာ အသက်သုံးနှစ်အရွယ်က စပြီး အစိတ်သုံးဆယ်ထိအောင် နှစ်ပေါင်း ၃၀ နီးပါး စာတွေသင်ခဲ့၊ ပြီးတော့ နှစ်သုံးဆယ်လောက် အလုပ်လုပ်၊ နောက် အလုပ်က နားပြီး ၁၀ နှစ်၊ ၁၅ နှစ်၊ အလွန်ဆုံးနှစ် ၂၀လောက်ပဲ အေးအေးသက်သာ နေခွင့်ရကြပါတယ်။ တချို့များ အဲဒီလောက်တောင် နေခွင့်မရကြပါဘူး။ ပင်စင်ယူပြီး လေးငါးနှစ်နဲ့ သေဆုံးသွားကြရတာပါ။ ၁၀ နှစ် ၁၅ နှစ်လောက် ကလေးသာ လူ့ဘ၀ မှာ အေးအေးသက်သာ နေနိုင်ဖို့အတွက် နှစ်ပေါင်း ၃၀ လောက် ငွေတွေ၊ အချိန်တွေ၊ အင်အားတွေ သုံးစွဲနေကြရတဲ့ ပညာရေးမျိုးကို ပြန်လည်သုံးသပ်ကြဖို့ အချိန်တန်ပြီလို့ မယူဆနိုင်ဘူးလား။
ပညာရေးပါရဂူအချို့က တက္ကသိုလ်ကြီးတွေမှာ ဘွဲ့ရ ကျွမ်းကျင် လုပ်သားတွေ အလုံးအရင်းနဲ့ Mass Production ထုတ်လုပ်ပေးနေတဲ့ ပညာရေးစနစ်ကို ထောက်ပြပြီး ‘ကျွမ်းကျင် လုပ်သား’ ထုတ်လုပ်ပေးဖို့အတွက် ဒါလောက်ကြီး အချိန်ကုန်ခံ၊ ငွေကုန်ခံသင့်ပါသလားလို့ မေးခွန်းထုတ်နေကြပါတယ်။ တက္ကသိုလ်တွေဟာ ‘ကျွမ်းကျင်လုပ်သား’ မွေးထုတ်ပေးတဲ့ ‘အလုပ်သမား သင်တန်းကျောင်း’များ အဖြစ် နိမ့်ကျသွားပြီလို့လည်း ဝေဖန်နေကြတာများ ကြားသိနေရပါတယ်။
ကိုယ်တိုင်က ပညာရေးပါရဂူ မဟုတ်တာကြောင့် ဆရာဝန်ဖြစ်ပြီး ဆောက်လုပ်ရေး ကန်ထရိုက်လုပ်နေသူ၊ အင်ဂျင်နီယာဖြစ်ပြီး ဆန် ရောင်းနေသူ တပည့်မတွေအကြောင်း စဉ်းစားရင်း တူကလေးမောင် ဖိုးသဲအတွက်ကိုသာ တွေးပြီး ရတက်မအေး ဖြစ်နေမိပါတော့တယ်။

လူထုစိန်ဝင်း
#လူငယ်နှင့်ဘ၀တန်ဖိုး စာအုပ်မှ

Address

Yangon
11011

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959799310900

Alerts

Be the first to know and let us send you an email when လောကသရဖူစာအုပ်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to လောကသရဖူစာအုပ်တိုက်:

Videos

Share

Category

Nearby media companies



You may also like