“ချစ်ရသူ နေကြာပန်းလေးဘ၀ သာယာစေဖို့အတွက် တိမ်ညိုတွေကို တခြား တစ်နေရာဆီ လွှဲဖယ်ပေးခဲ့ခြင်းသာ ဖြစ်ခဲ့ပါ၏။ ဒါကို နွားခြေရာခွက်ထဲက ငတုံး သူက ထိုသူ သနားခဲ့သည့် တစ်စက်နှစ်စက်သော မိုးရေများကြောင့် နေရာချိုင့်ခွက်လေး ပြည့်သွားသည်ကို ကမ္ဘာကြီးတစ်ခုလုံး ရေလျှံသည် အထင်နှင့် ပျော်နေမိခဲ့သည်။”
#ပြိုမလိုလိုမိုး
#စကော်လီယွန်
#CupidSKey_မြားနတ်မောင်ရဲ့သော့တံ
ကုဋေကုဋာထက်မြတ် 🌹 ကျော့နှင်းဆီ
#ကုဋေကုဋာထက်နှင်းဆီ
#Cordelia_Winter
#CupidSKey_မြားနတ်မောင်ရဲ့သော့တံ
ရာဇဝင်တွင်မည့်သတို့သားက ဘီလူးပြည်ကိုသိမ်းပိုက်ခြင်း
ငါသည်... ကုမ္မာရမည်သော လူသားအား စစ်မှန်သောချစ်ခြင်းနှင့် ချစ်ခဲ့ပါသည်၊ ခင်ပွန်းကောင်းတစ်ယောက်အနေဖြင့်လည်း ပြုစုလုပ်ကျွေးခဲ့ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် နောင်ဖြစ်လေရာဘဝများ၌ သူသည် ငါ၏အချစ်ကိုရယူရန် ပင်ပမ်းကြီးစွာ ခက်ခက်ခဲခဲ လိုက်ရပြီး၊ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရပြီး၊ အသက်မသေပဲ ငါနှင့်ပြန်လည်ဆုံတွေ့ရပါစေ...။
ဘဝဆက်တိုင်း... ထိုလူသားအား ချစ်ပါရစေ...။
ထိုလူသား၏ အချစ်ကိုလည်းရယူပါရစေ...။
ထိုလူသားနှင့် သက်ဆုံးတိုင် သံသရာအဆက်ဆက် ပေါင်းဖက်ရပါစေ...။
Preorder Now!!
https://www.facebook.com/102588005653460/posts/141036261808634/
#CupidSKey_မြားနတ်မောင်ရဲ့သော့တံ
D-4
အမှတ်တရတွေကလည်း
ခက်တယ် အချစ်ရယ်....။
တိုက်ဆိုင်မှုမရှိတောင်
သတိရနေတဲ့
မှတ်ဥာဏ်ကနာကျင်စရာတော့ကောင်းသား....။
ဘာစကားမှမပြောပဲ...
ဒါမှမဟုတ်
ပြောစရာမလိုတော့လောက်အောင်ထိ
ငါတို့ဟာ ဝေးခဲ့ပြီပဲ... ။
မျှော်နေသေးတယ်။
စကားလာပြောမဲ့အချိန်တွေ
ခေါ်နေသေးတယ် ။
မင်းမုန်းသွားတာသိရက်နဲ့တောင်
ကိူယ့်မှာ သတိတရနဲ့...။
ဘာလို့ထားခဲ့တာလဲလို့
တွေးမိတိုင်း....
အဲ့တစ်ယောက်ကိုစိတ်မနာတဲ့အပြင်
ပိုသတိရလာတော့တာပါပဲ... ။ ။
#Erik
#CupidSKey_မြားနတ်မောင်ရဲ့သော့တံ
#D_4
D-5
"ဘယ်တော့မှထုတ်မပြောဖြစ်တော့တဲ့
အနာတရတွေလေ ။
သူက စိတ်ထိခိုက်လွယ်တာကိုး ။
မိုးပြိုသွားမှာထက်
မင်းငိုသွားမှာ ပိုကြောက်ခဲ့တဲ့ကောင်ပါ ။
Erik"
ဒီတစ်ခေါက် ထုတ်ဖြစ်မယ့်စာအုပ်ကလေးကတော့ စာရေးသူ Erik ရဲ့ နှလုံးသားသံစဉ်ကဗျာတချို့ပဲဖြစ်ပါတယ်ခင်ဗျာ။
တစ်စုံတစ်ယောက်ကိုချစ်ဖို့ ၊ တစ်စုံတစ်ယောက်ကို လွမ်းဖို့ ၊ ထားခဲ့ခံရတဲ့အခါ ၊ ချန်ခဲ့ရတဲ့အခါ။
မျိုးစုံတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်ကလေးကို ချပြရတော့မှာမို့ ရင်အတော်ခုန်နေပါတယ်။❤️
စောင့်ကြည့်ပေးကြပါဦးဗျ။❤️
#Erik
#D_5
#CupidSKey_မြားနတ်မောင်ရဲ့သော့တံ