TechGeeks

TechGeeks This page covers all the information about the latest technology news in Myanmar.

📢နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ WWDC (2022) ကတော့ ယနေ့ June 6 မှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်အဲ့ဒီတော့ ဘာတွေ ကြေညာမ...
06/06/2022

📢နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ WWDC (2022) ကတော့ ယနေ့ June 6 မှာ တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်

အဲ့ဒီတော့ ဘာတွေ ကြေညာမလဲဆိုတာ တစ်ချက်ကြည့်ရအောင်✨

Watch Here: https://youtu.be/q5D55G7Ejs8

Tap to read more: 👇

𝗚𝗼𝗼𝗴𝗹𝗲 က အသစ်ထုတ်လိုက်တဲ့ 𝗣𝗶𝘅𝗲𝗹 𝗪𝗮𝘁𝗰𝗵 အကြောင်း⏱⏱𝗗𝗶𝗴𝗶𝘁𝗮𝗹 𝘀𝗺𝗮𝗿𝘁 𝘄𝗮𝘁𝗰𝗵 လောကမှာ 𝗔𝗽𝗽𝗹𝗲 𝗪𝗮𝘁𝗰𝗵 𝗦𝗲𝗿𝗶𝗲𝘀, 𝗠𝗶 𝗪𝗮𝘁𝗰𝗵 စသဖြင့် 𝗯𝗿𝗮𝗻𝗱 အ...
13/05/2022

𝗚𝗼𝗼𝗴𝗹𝗲 က အသစ်ထုတ်လိုက်တဲ့ 𝗣𝗶𝘅𝗲𝗹 𝗪𝗮𝘁𝗰𝗵 အကြောင်း⏱⏱

𝗗𝗶𝗴𝗶𝘁𝗮𝗹 𝘀𝗺𝗮𝗿𝘁 𝘄𝗮𝘁𝗰𝗵 လောကမှာ 𝗔𝗽𝗽𝗹𝗲 𝗪𝗮𝘁𝗰𝗵 𝗦𝗲𝗿𝗶𝗲𝘀, 𝗠𝗶 𝗪𝗮𝘁𝗰𝗵 စသဖြင့် 𝗯𝗿𝗮𝗻𝗱 အမျိုးမျိုးရှိပါတယ်။

𝗚𝗼𝗼𝗴𝗹𝗲 က တော့ ပထမဦးဆုံးအကြိမ် 𝗦𝗺𝗮𝗿𝘁 𝗪𝗮𝘁𝗰𝗵 𝗺𝗮𝗿𝗸𝗲𝘁 ထဲဝင်ရောက်လာပြီဖြစ်ပါတယ်။

ဒီနှစ် 𝗳𝗮𝗹𝗹 မှထွက်မှာ ဖြစ်ပြီး စျေးအနေနဲ့ ၂၀၀-၃၀၀ 💵 𝗨𝗦𝗗 ကြားဖြစ်နိုင်ပါတယ်။

ℹ️ 𝗦𝗽𝗲𝗰𝘀 အနေနဲ့ 𝗰𝗶𝗿𝗰𝘂𝗹𝗮𝗿 𝘀𝗵𝗮𝗽𝗲 𝗱𝗲𝘀𝗶𝗴𝗻 ရယ်။ 𝗕𝗮𝘁𝘁𝗲𝗿𝘆 𝗹𝗶𝗳𝗲 ၁၁ နာရီ ဝန်းကျင်​ခံမယ်လို့ ကြေညာထားပါတယ်။

🤔ပရိသတ်တို့ရော ဘယ်လိုထင်လဲ။ 𝗔𝗽𝗽𝗹𝗲 𝗪𝗮𝘁𝗰𝗵 ပဲလား 𝗚𝗼𝗼𝗴𝗹𝗲 𝗣𝗶𝘅𝗲𝗹 𝗪𝗮𝘁𝗰𝗵 လား

😍
19/03/2022

😍

Roman Numerals
Do like and share it.

🔰လောက၏ အလှပဆုံးသော သင်္ချာညီမျှခြင်း (သို့မဟုတ်) Euler’s Identity🔰ℹ️သင်္ချာလောကရဲ့ အခြေခံကျဆုံး operations ၃ ခု1️⃣Additi...
19/03/2022

🔰လောက၏ အလှပဆုံးသော သင်္ချာညီမျှခြင်း (သို့မဟုတ်) Euler’s Identity🔰

ℹ️သင်္ချာလောကရဲ့ အခြေခံကျဆုံး operations ၃ ခု

1️⃣Addition ( ပေါင်းခြင်း)
2️⃣Multiplication ( မြှောက်ခြင်း)
3️⃣Exponentiation ( ပါဝါတင်ခြင်း) တို့ပါဝင်ပြီး

Mathematical constant ၅ ခု

1️⃣ Euler’s number(e)
2️⃣Complex number ရဲ့ Imaginary part i
3️⃣Multiplicative identity ( 1)
4️⃣ pi(π)
5️⃣Additive identity(0) တို့ပါဝင်ပါတယ်။

ဤကဲ့သို့ လှပတဲ့ ညီမျှခြင်းကို Leonhard Euler က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

M1 Ultra အသစ်နဲ့ မိတ်ဆက်လိုက်တဲ့ Apple😍
08/03/2022

M1 Ultra အသစ်နဲ့ မိတ်ဆက်လိုက်တဲ့ Apple😍

iPad Air အသစ်က်ို M1 နဲ့ မိတ်ဆက်လိုက်တဲ့ Apple😱New iPad Air 5 with M1 chip starts at $599!Follow the page for more tech ...
08/03/2022

iPad Air အသစ်က်ို M1 နဲ့ မိတ်ဆက်လိုက်တဲ့ Apple😱

New iPad Air 5 with M1 chip starts at $599!

Follow the page for more tech news!

Intel ရဲ့ 12th gen AlderLake chips ထုတ်တာဖြင့် မကြာသေးဘူး။ Ultrafusion ဆိုပြီး M1 Max chip ၂ ခုဆက်လိုက်တဲ့ Apple😂Like 👍 ...
08/03/2022

Intel ရဲ့ 12th gen AlderLake chips ထုတ်တာဖြင့် မကြာသေးဘူး။ Ultrafusion ဆိုပြီး M1 Max chip ၂ ခုဆက်လိုက်တဲ့ Apple😂

Like 👍 and follow for more updates!

Should we really buy iPhone 13?🤔iPhone 13 series ကဝယ်သင့်လား မမေးခင် ဒီအချက် တွေစဉ်းစားကြည့်ရအောင်Why you should conside...
19/09/2021

Should we really buy iPhone 13?🤔

iPhone 13 series ကဝယ်သင့်လား မမေးခင် ဒီအချက် တွေစဉ်းစားကြည့်ရအောင်

Why you should consider buying it

- မနှစ်က iPhone 12 ထက်စာရင် GPU core ၁ ခုပိုပါလာပြီး battery ပိုခံလာပါလိမ့်မယ်
- Base storage အနေနဲ့ 128 GB ဖြစ်ပြီး
Price က ၈၀၀ $ ဖြစ်ပါတယ်
- A15 chip ကို သုံးလာပြီး efficiency နဲ့ processing power ပိုကောင်းလာတာ အမှန်ပါပဲ
-Camera features အသစ်တွေပါလာပြီး ဓာတ်ပုံကောင်းကောင်းရိုက်မဲ့ သူတွေ အတွက် တော်တော်ကောင်းပါတယ်
(Not recommended for those who don’t take photos often)

Why you should wait
-Notch ကြီးကို ခုထိထား ထားပြီး rumors တွေအရ iPhone 14 ကို redesign အနေနဲ့ တွေ့ရနိုင်ပါတယ်
-Design ဘက်မှာ ကြီးကြီးမားမားပြောင်းလဲမှု မရှိသလို iPhone 13 ရောင်းထွက်အောင် Base storage 128 GB တင်ပေးထားပြီး price က်ို ယခင်က အတိုင်း ၈၀၀$ ထားထားတာပါ

Final Verdict
- iPhone 11 နဲ့အထက်ရှိပြီးသားဆိုရင်တော့ စောင့်စေချင်ပါတယ်။
- Photos သိပ်မရိုက်တဲ့သူတွေ ဆိုမဝယ်ပါနဲ့

Personal opinion
From a technical view, Apple’s iPhones this year compared to Google’s pixel series don’t get as much improvement as anticipated. No design changes. No major software changes. Thus, it’s best to wait for next year’s lineup since a cheaper version of iPhone, iPhone SE2 can be revealed with a notchless design and a camera punchhole.

16/08/2021
New MacBook air M2 in 2022?😱
09/08/2021

New MacBook air M2 in 2022?😱

👨‍💻Why computers use bits- Data တွေကို bits တွေ bytes တွေနဲ့ ဖော်ပြတာ ကို ကြားဖူးမယ် ထင်ပါတယ်။ အဲ့တော့ bitsတွေ bytes တွေ...
30/07/2021

👨‍💻Why computers use bits

- Data တွေကို bits တွေ bytes တွေနဲ့ ဖော်ပြတာ ကို ကြားဖူးမယ် ထင်ပါတယ်။ အဲ့တော့ bitsတွေ bytes တွေက ဘာလဲ။

- bit ဆိုတာ binary digit ရဲ့ အတိုကောက်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် the smallest unit of data in a computer system လို့ definition သတ်မှတ်လို့ရပါတယ်။

- ဘာလို့ bits တွေသုံးပြီး base 10, base 16 မသုံးတာလဲ🧐

Computer processor ကို ဘီလီယံနဲ့ ချီတဲ့ transistors တွေနဲ့ ဖန်တီး ထားတာဖြစ်ပါတယ်။ Transistor ကို တစ်နည်းအားဖြင့် water faucet or tap လို့ ယူဆလိုက်ပါ။ ရေ လာချင်ရင် tap ကို ဖွင့်ပြီး ရေ မလိုတော့ရင် ပိတ်မှာ ဖြစ်ပါတယ်။

Transistors တွေက electronic signals တွေကိုဖမ်းယူ ပြီး on သို့မဟုတ် off state သတ်မှတ်ကာ data flow ကိုစီမံပေးပါတယ်။ on or off state သတ်မှတ်ပေးဖို့ 1 or 0 ကို သုံးတာဖြစ်ပါတယ်။

I hope you get some knowledge!
By TechGeeks

🤔ခုလိုကာလအားနေတဲ့ အချိန်STEM စိတ်ဝင်စား တဲ့ ကျောင်းသားတွေ ဘာလုပ်သင့်လဲ🤔1. MIT opencoursewareMIT opencourseware မှာ MIT ရ...
27/07/2021

🤔ခုလိုကာလအားနေတဲ့ အချိန်STEM စိတ်ဝင်စား တဲ့ ကျောင်းသားတွေ ဘာလုပ်သင့်လဲ🤔

1. MIT opencourseware
MIT opencourseware မှာ MIT ရဲ့ အကောင်းဆုံးသော professors’ lectures တွေကို ဝင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Introduction to Computer Science, AI, Machine learning အပြင် Differential Calculus, Electrical engineering, Physics စတဲ့ lecture တွေကိုပဲ နားထောင်လို့ရမှာ ဖြစ်ပါတယ်။

Link- https://ocw.mit.edu

MIT ရဲ့ QS World Ranking ဟာ လက်ရှိ #1 ဖြစ်ပါတယ်။
—————————||||———————————-
2. CrashCourse on YouTube

CrashCourse YT channel မှာ ဆိုရင် playlist လေး တွေ ခွဲ ပေး ထားပါတယ်။

Physics playlist - https://www.youtube.com/watch?v=OoO5d5P0Jn4&list=PL8dPuuaLjXtN0ge7yDk_UA0ldZJdhwkoV

Chemistry playlist- https://www.youtube.com/watch?v=uVFCOfSuPTo&list=PL8dPuuaLjXtPHzzYuWy6fYEaX9mQQ8oGr

Biology playlist- https://www.youtube.com/watch?v=gMOoMcsGTO4&list=PL3EED4C1D684D3ADF

CS playlist- https://www.youtube.com/watch?v=tpIctyqH29Q&list=PL8dPuuaLjXtNlUrzyH5r6jN9ulIgZBpdo

Engineering playlist- https://www.youtube.com/watch?v=ToC8rFFp88Y&list=PL8dPuuaLjXtO4A_tL6DLZRotxEb114cMR

AI playlist- https://www.youtube.com/watch?v=GvYYFloV0aA&list=PL8dPuuaLjXtO65LeD2p4_Sb5XQ51par_b
——————————-||||————————

3. Coursera

Coursera မှာဆိုရင်လဲ certificate fees waiver လျှောက်ပြီး course တွေ တက်လို့ရပါတယ်
Python for everybody specialization- https://www.coursera.org/specializations/python

Stanford Machine Learning- https://www.coursera.org/learn/machine-learning?

University of Edinburgh’s Intro to programming- https://www.coursera.org/learn/intro-programming

Computational neuroscience- https://www.coursera.org/learn/computational-neuroscience

Intro to calculus- https://www.coursera.org/learn/introduction-to-calculus

Intro to chemistry- https://www.coursera.org/learn/intro-chemistry

Original Post written by TechGeeks
Like page for more!

https://www.facebook.com/101705178724196/posts/157779116450135/?d=n

Offered by Duke University. This is an introductory course for students with limited background in chemistry; basic concepts involved in ... Enroll for free.

 WWDC 2021June 7-11 အတွင်းမှာ Apple ရဲ့ world wide developer conference(WWDC) ရှိတယ်နော်။✅ဘာတွေကြေညာမှာလဲ၁။ iOS ,iPadOs...
28/05/2021

 WWDC 2021
June 7-11 အတွင်းမှာ Apple ရဲ့ world wide developer conference(WWDC) ရှိတယ်နော်။

✅ဘာတွေကြေညာမှာလဲ

၁။ iOS ,iPadOs, watchOs, tvOs နဲ့ macOs တို့ကို update ပေးမှာ ဖြစ်ပါတယ်။

၂။ Product အသစ်များ
Rumors တွေအရ Apple က MacBook Pro 16-inch ကို M1X processor နဲ့ ပွဲထွက်လာနိုင်ပါတယ်။ 10-core processor လို့ Rumors တွေ ထွက်နေပေမဲ့ confirmed မဖြစ်သေးပါဘူး။ MacBook pro ရဲ့ touchbar feature ကို disregard လုပ်ပြီးတော့ HDMI port နဲ့ SD card slot တို့ ပါဝင်လာနိုင်ပါတယ်။ Bezels တွေကို တော့ iMac လို white bezels လား ဆိုတာကတော့ ၇၀% လောက်သေချာပါတယ်။ Redesigned MacBook ဖြစ်တာကြောင့် တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။

၃။ Pros app in iPadOs 15
M1 iPad Pro ဟာ တော်တော်လေး အားကောင်းပါတယ်။ RAM ကလဲ 16 GB ,
Performance ကလဲ beast, display ကလဲ mini-LED display ဆိုတော့ ရှယ် ကောင်းတာပေါ့။ သို့ပေမဲ့ ဒီလောက် performance ကြီးလိုတဲ့ app တွေ iPad မှာ မရှိသလောက်ပဲ။ WWDC မှာ iPadOs15 မှာ pro apps တွေ ဖြစ်တဲ့ Final Cut pro, Xcode, Logic Pro စတဲ့ Apps တွေ support ပေးမယ် လို့ rumors တွေ ထွက်နေပါတယ်။

ကဲ ပရိသတ်တို့ရော WWDC မှာ ဘာတွေ ပါဝင်မယ် ထင်လဲ။

Os update တွေအကြောင်း ဆက်ရေးသွားမှာ မို့လို့ page လေး follow ပေးပါဦး

By TechGeeks

Windows or Mac ဘယ်ဟာရွေးမလဲ။ကျနော်တို့ laptop or desktop ဝယ်တော့မယ် ဆိုရင် ပထမဆုံး Windows လား Mac လား စဉ်းစားကြပါတယ်။Wh...
08/05/2021

Windows or Mac ဘယ်ဟာရွေးမလဲ။

ကျနော်တို့ laptop or desktop ဝယ်တော့မယ် ဆိုရင် ပထမဆုံး Windows လား Mac လား စဉ်းစားကြပါတယ်။

Why windows? ဘာလို့ Windows ရွေးတာလဲ

၁။ ရွေးချယ်စရာများခြင်း

Dell, hp, Samsung, Microsoft, Huawei, Lenovo, Razar စတဲ့ brand တွေက Windows 10ကို runပါတယ်။ ပြောချင်တာက Dell ရွေးမလား။ Lenovo ရွေးမလား။ စသဖြင့် ရွေးချယ်မှုတွေ များပါတယ်။ CPU ဆိုလဲ Intel, AMD စသဖြင့် ရွေးနိုင်ပါတယ်။ Graphics card ဆိုလဲ Nvidia chips တွေက ဒီ Windows laptop တွေမှာ သုံးလာကြတဲ့ အတွက် Gamer တွေ Video editor တွေ အတွက် တော်တော်ကောင်းပါတယ်။

၂။ Gaming
Windows ကတော့ Triple A game တွေ အပြည့်အဝ ဆော့လို့ရပါတယ်။ Game တော်တော်များများက Windows နဲ့ Compatible ပိုဖြစ်ပါတယ်။ Mac မှာ ကျတော့ သိတဲ့ အတိုင်းပါပဲ။ World of Warcraft တောင် max graphic settings နဲ့ ဆို frame drop မှာပါ။

၃။ Upgradability
Windows laptop တော်တော်များများ Mac နဲ့မတူတာက RAM တို့ Storage တို့ တိုးလို့ရတာပါ။ Apple Mac တွေက fixed ဖြစ်တာကြောင့် စစဝယ်ထဲက လိုသလောက် RAM ကို တိုးထားဖို့ အရေးကြီးပါတယ်။ Hardware components တော်တော်များများ Windows laptops or desktops မှာ အစားထိုးလို့လွယ်ပါတယ်။

၄။ Windows 10 Operating system
သင်ဟာ Windows laptop ရဲ့ Operating system ကို လက်မလွှတ်ချင်ရင်တော့ windows ကို ရွေးပါ။ ရှင်းရှင်းပြောရင် MacOs ကို Windows laptop ပေါ်မှာ run လို့မရပါဘူး။ သင်က long term windows user ဖြစ်တယ်။ MacOs ကိုလဲ မသုံးတတ်ဘူး ဆိုရင် Windows ကို ရွေးပါ။

Why Mac?

၁။ The transition era
လက်ရှိ Apple က Intel chips တွေကို Apple silicon chip နဲ့ အစားထိုးဖို့ ၂ နှစ် ကာလ သတ်မှတ်ထားပါတယ်။ လက်ရှိ M1 MacBook Air base model က 2019 16 inch MacBook Pro, Dell XPS 13, Microsoft surface 4 စတဲ့ laptop တွေထက် performance ပိုင်း ကောင်းပါတယ်။ အဲ့တော့ Intel နဲ့ Apple ကြားမှာ ပြိုင်ဆိုင်မှု​ တွေ ပြင်းထန်လာပါတယ်။ ၂ နှစ်ကာလ မှာ Windows laptop တွေထက် ပို အားကောင်းလာမယ်လို့ မှတ်ချက်ပေးကြပါတယ်။

***Apple uses ARM64 architecture meaning their chips are the same as those in iPhones and iPads whereas Intel chips use x86-64 architecture***
The downside of using ARM is that not all apps are compatible with Apple silicon like Adobe Suite but it’s the developers’ problem, not Apple itself***

၂။ Apple ecosystem
သင်ဟာ Apple devices တွေ ရှိပြီးသားဆိုရင် Mac ကို ရွေးချယ်ကောင်း ရွေးချယ်နိုင်ပါတယ်။ Apple devices တွေ ကြားမှာ workflow မြန်အောင် features တွေ ထည့်သွင်းပေးထားပါတယ်

၃။ Security
Mac က Windows ထက်စာရင် malwares, spywares တွေ ဝင်ဖို့ တော်တော်ကြိးကို ခက်ပါတယ်။ အဲ့တာကြောင့် Mac တွေဟာ သာမန်အားဖြင့် ၅-၁၁ နှစ်ထိ ခံနိုင်ပါတယ်။

၄။ Sustainability
Mac ကို သင်ဟာ ၂ နှစ်လောက် သုံးပြီး ပြန်ရောင်းရင် တောင် အများကြီး မရှုံးပါဘူး။ ပြီးတော့ ၅ နှစ် ၆ နှစ်လောက် သုံးပြီးရင်တောင် တော်တော်ကို buttery smooth ဖြစ်နေဦးမှာပါ။ ရေရှည် အတွက်ဆို Mac က တော့ တော်တော်ခံပါတယ်။

Verdict
-သင်ဟာ Gamer ဆိုရင် ကျိန်းသေပေါက် Windows ပါပဲ Mac ကို ခေါင်းထဲ မထည့်ပါနဲ့
-Price တွေ က Mac နဲ့ Windows ဘယ်လောက်မှ မကွာပါဘူး။ ဒီတိုင်းပြည်မှာသာ Mac အဟောင်းတွေကို တောင် စျေးကြီးပေး ဝယ်နေရတာပါ။ Windows laptop တွေဆို ပျမ်းမျှ1300$ လောက်ရှိပါတယ် ။
-အဲ့တော Mac ဝယ်ဝယ် Windows ဝယ်ဝယ် မိမိ အသုံးချ နိုင်ရင် ဝယ်ရကျိုးနပ်ပါတယ်။

By
TechGeeks
Photo from internet

Adobe Photoshop v22.3 for M1 Installation tutorialRequirements-MacOs Big Sur 11.3-Uninstall previous Photoshop versionsI...
01/05/2021

Adobe Photoshop v22.3 for M1 Installation tutorial

Requirements
-MacOs Big Sur 11.3
-Uninstall previous Photoshop versions

Installation လုပ်နည်း
Step 1- Terminal app ကို ဖွင့်ပါ။ ထို့နောက်

/bin/bash -c "$(curl -fsSL https://gist.githubusercontent.com/nmka55/8ba604d354e79448998b718e6ed9674d/raw/install.sh)"

ဖော်ပြပါ code ကို copy ပြီး enter နှိပ်ပါ။

Step 2- Finder ကို ဖွင့် ပါ။ Applications folder မှာ “Adobe Packager.command"
ကို တွေ့ပါလိမ့်မယ်

Step-3- ထို file ကို run ပါ။ Terminal ပေါ်လာပါလိမ့်မယ်

Step 4- သူပြောတဲ့ abbreviation ကို ထည့်ပါ( All bold letters)
Enter နှိပ်ပါ—->Version ကို en_US ထည့်ပါ——>22.3 ကို ရိုက်ထည့်ပါ

Folder destination ကို နှစ်သက်ရာ ထားပါ

Download စရင် ခဏ စောင့်ပါ Photoshop က 2 Gb ရှိတာမို့လို့ နဲနဲကြာပါမယ်
(မှတ်ချက်။ Package successfully installed, process completed လို့ terminal မှာ မပေါ်မချင်း installer ကို မ run ပါနဲ့။)

အားလုံး ပြီးသွားရင် adobe Zii 6.0.9 ကို သုံးပြီး photoshop 2021 app ကို drag and drop လုပ်ပါ။
(မှတ်ချက်။ Patch မပြီးမချင်း မဖွင့်ပါနဲ့)

ထို့နောက် Applications folder ထဲမှ Photoshop 2021 ကို right click နှိပ် Get info နှိပ် Open using Rosetta ကို check ပေး

ရပါပြီ သင့်မှာ Adobe photoshop 2021 22.3 run လို့ရပါတယ်

M1 Mac မှာလဲ ကောင်းကောင်းကြီး run ပါတယ်

Adobe zii 6.0.9 download link - https://www.adobezii.com/zii-patcher/

Please note that you must follow each step or it will crash. Please open using rosetta and download 22.3 only. Please not 22.3.1!

How to hack Facebook!!!*This post is for educational purposes only and I will not describe how to hack Facebook in detai...
25/04/2021

How to hack Facebook!!!

*This post is for educational purposes only and I will not describe how to hack Facebook in detail*

ပထမဦးဆုံ အနေနဲ့ facebook ကို သင် hack လို့ရမယ် ထင်လား

Answer: မရပါဘူး

Internet ပေါ်မှာ facebook hack ပေးပါတယ် ဆိုတဲ့ websites တွေမှာတောင် နောက်ဆုံး human verification ဆိုပြီး ဟို app download ဆွဲ ဒီ app download ဆွဲဆိုပြီး ဂျင်းထည့်မှာ အမှန်ပါပဲ။

ဒါဆို သင်ပြောမှာပေါ့
“ ငါ့ သူငယ်ချင်း account လေး hack ခံထိတယ်လေ”

ဟုတ်ပါတယ်။ အဲ့တာက hack တာ မဟုတ်ပါဘူး။ User password ကို ခိုးသွားတဲ့အတွက် password stealing ပါပဲ။ ဒီနေရာမှာ password ကို ခိုးတာနဲ့ hack တာမတူပါဘူး။
အကယ်လို့ hacker တစ်ယောက်က Facebook ကို hack နိုင်ခဲ့ရင်တောင် facebook ပေါ်က password တွေကို မမြင်ရပါဘူး။ Users တွေရဲ့ password တွေကို Cryptic password အဖြစ် facebook ကပြောင်းလဲပြီး server မှာ သိုလှောင်တာပါ။ password hash လို့ခေါ်ပါတယ်။ အဲ့တော့ hacker က facebook server ကို hack နိုင်ရင်တောင် cryptic passwords တွေကိုပဲ တွေ့ရမှာပါ။ နောက်လဲ hacker က leak ကိုဘယ်လို ရအောင်လုပ်ခဲ့တာလဲ ဆိုတာကို facebook team က award ပေးပြီး အဲ့ bug လေးကို ပြင်ပါလိမ့်တယ်။ ဒီမှာ သိစရာ တစ်ခုက facebook ကလဲ billion နဲ့ချီ ချမ်းသာတဲ့ company တစ်ခုပဲလေ။ ပြီးတော့ engineer တွေကလဲ တစ်နေ့လုံး security ပိုင်းမှာ စောင့်ကြည့်နေရတာ။
အဲ့တော့ လူတွေရဲ့ facebook account ဘယ်လို ရကြတာလဲ။

၁။ Phishing website
Phishing website ဆိုတာ facebook log in page လိုမျိုးတူအောင်လုပ်ထားတာပါ။ အဲ့မှာ ကိုယ့်ရဲ့ username ရှိမယ်။ Password ရှိမယ်။ အဲ့လိုပေါ့။ Facebook website အတုပေါ့ဗျာ။

How to prevent

-Website ရဲ့URL ကို အမြဲ စစ်ပါ။
-ပို့ထားတဲ့ link တိုင်း မဝင်မိပါနဲ့
-account info မဖြည့်ခင် website က တရားဝင်လား အမှန်တကယ် facebook website လား ဆိုတာစစ်ပါ။

၂။ Key logger
Key logger method ကတော့ victim ရဲ့ ph,laptop ကိုခဏရမှ ဖြစ်မှာပါ။ keylogger application က မိမိရဲ့ ph or laptop ထဲ ရောက်နေရင် background မှာ run နေမှာပါ။ မိမိ type သမျှ info တွေကို အလွယ်တကူ ခိုးနိုင်ပါတယ်

Prevention

-မိမိရဲ့ device ကို အလွယ်တကူ မပေးပါနဲ့။
-task manager မှာမိမိမသိတဲ့ app တွေ run နေလား စစ်ဆေးပါ

၃။ Password recovery
Password recovery ကနေ မိမိရဲ့ email address or ph number ရှိနေရင် ဝင်လို့ရပါတယ်။ အဲ့တော့ password steal ချင်တဲ့ လူသာ မိမိရဲ့ ph number or email address ရှိရင် email address ကို password ပြောင်းလိုက်ပါ။

Prevention
-မိမိရဲ့ facebook အကောင့်မှာ ဘယ်သူ login လဲ ဆိုတာ မကြာမကြာစစ်ဆေးပါ။
By TechGeeks

Source: YouTube

💻 Microsoft surface laptop 4Microsoft company ကတော့ လွန်ခဲ့တာ ရက် အနည်းငယ်မှာ Surface laptop 4 ကို မိတ်ဆက်ခဲ့ပါတယ်။Ultra...
22/04/2021

💻 Microsoft surface laptop 4

Microsoft company ကတော့ လွန်ခဲ့တာ ရက် အနည်းငယ်မှာ Surface laptop 4 ကို မိတ်ဆက်ခဲ့ပါတယ်။

Ultrabook laptop ဖြစ်တာကြောင့် casual users တွေ အတွက်တော်တော်ကောင်းပါတယ်။ Lowest price က 999$ ဖြစ်ပြီး လက်ရှိ ရေပန်းစားနေတဲ့ M1 Apple MacBook Air နဲ့ စျေးတူတူပါပဲ

အဲ့တော့ surface laptop ကတော့ ရှေ့တုန်းက series ထက် battery life က ၅၀% လောက်ပိုကောင်းလာပါတယ်။
Base model price 999$ နဲ့ ရနိုင်တဲ့ specs တွေကတော့

Processor - AMD Ryzen™ 5 4680U Mobile Processor with Radeon™ Graphics Microsoft Surface® Edition (6 cores)

RAM - 8GB

SSD - 256 GB

Camera - 720p HD front facing camera

Audio - Dual far-field Studio Mics
Omnisonic Speakers with Dolby AtmosÂŽ7

တို့ဖြစ်ပါတယ်။

မှတ်ချက်။ Configuration လုပ်ရင် intel core i5, i7 chips တွေလဲ ရွေးလို့ရပါတယ်

Color options အနေနဲ့ ၄ မျိုးရှိပြီး ice blue, sand storm, platinum, matte black တို့ဖြစ်ပါတယ်

My personal thoughts 💭
Microsoft ကတော့ ultrabook laptop မှာ Apple နဲ့ အပြိုင်အဆိုင် ဖြစ်ပါပြီလို့ ဆိုရမယ်။ Battery အနေနဲ့ Apple MacBook Air ကို မသာသေးပေမယ့် တော်တော်ကြာရှည်ခံတဲ့ battery ပါ။ Overall, performance ပိုင်းရော portability ပိုင်းရော တော်တော်ကောင်းတဲ့ အတွက် window users တွေ အတွက် Microsoft surface laptop 4 ကတော့ သင့်တော်ပါတယ်။

By TechGeeks

New iPhone color Purple is out now!What do you think about this elegant color?Comment down below!
21/04/2021

New iPhone color Purple is out now!
What do you think about this elegant color?
Comment down below!

21/04/2021

ကျနော်ရေးတဲ့ post လေးတွေ ကြိုက်နှစ်သက်ရင် review လေးတွေ comments တွေ ရေးပေးလို့ရပါတယ်။

 ကဲ ပရိသတ်တို့ရေ မနေ့ညမှာတော့ Apple Products တွေကြေညာသွားတယ်နော်။ကဲဘာတွေလဲ ကြည့်ရအောင်——————-။———————-ဖတ်ရန် တစ်ပုံချင်...
21/04/2021

 ကဲ ပရိသတ်တို့ရေ မနေ့ညမှာတော့ Apple Products တွေကြေညာသွားတယ်နော်။
ကဲဘာတွေလဲ ကြည့်ရအောင်

——————-။———————-

ဖတ်ရန် တစ်ပုံချင်းနှိပ်ပါ။

⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

🧐📖မြန်မာ ပြည်နဲ့ နည်းပညာ (Article)———————-||||————————Prologueကျနော်တို့ မြန်မာပြည်ကြီးဟာ လက်ရှိမှာ နည်းပညာ တိုးတက်ဆဲ နိ...
18/04/2021

🧐📖မြန်မာ ပြည်နဲ့ နည်းပညာ (Article)

———————-||||————————

Prologue
ကျနော်တို့ မြန်မာပြည်ကြီးဟာ လက်ရှိမှာ နည်းပညာ တိုးတက်ဆဲ နိုင်ငံ တစ်နိုင်ငံပါ။ လူတိုင်းက ၂၀၂၁ မှာ နည်းပညာရဲ့ အကူအညီ နဲ့ နွေဦး တော်လှန်ရေးကို အပီအပြင် ပါဝင်နေကြတာပါ။ အဲ့တော့ မြန်မာနိုင်ငံ နဲ့ နည်းပညာ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ မြန်မာနိုင်ငံ အနေနဲ့ နည်းပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာကို ပြောပြချင်ပါတယ်

❗️❗️What we really need:
အခြေခံပညာ သင်ရိုး ညွန်းတမ်းမှာ IT period ကို ပိုပြီး အလေးပေးဖို့ပါ။ ဒါကရှင်းပါတယ်။ ကျနော်တို့ ဗမာကျောင်းက ကလေးတွေ တော်တော်များများ IT lectures တွေနဲ့ ကောင်းကောင်း မထိတွေ့ရပါဘူး။ မြို့က computer တွေ ရှိတဲ့ ကျောင်းတွေ မှာ တောင် ပျက်မှာ စိုးလို့ ဆိုတဲ့ reason နဲ့ IT class ကို dismiss တာတွေ့ဖူးမှာပါ။ အဲ့တော့ school တွေမှာ technology အကြောင်းကို practical ဖြစ်စေ၊ verbal explanation ဖြစ်စေ ပြောပြသင့်ပါတယ်။

🆘Consequences of lack of IT knowledge
IT ပညာမတတ်ကျွမ်းတော့ ဘာဖြစ်မှာမို့လို့လဲ ?
၁။ Cyberbullying
Cyberbullying cases တွေက လက်ရှိမှာ တဖြည်းဖြည်း မြင့်တက်နေတာပါ။ Fake account နဲ့ Nudes တွေ တောင်းမယ်။ online ပေါ်တင်မယ် ဘာညာ ခြိမ်းခြောက်မယ်။ ငွေညစ်မယ်။ ဒီလို ကိစ္စမျိုးတွေဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ အထူးသဖြင့် ယုံလွယ်တဲ့ လူတွေ ဆိုရင် တော်တော်များများ နစ်နာကြမှာပဲ။ မြန်မာနိုင်ငံမှာ လဲ online relationship ဆိုပြီး လိမ်ကွက် ပေါ်တဲ့ သတင်းတွေ တက်တာ တွေ့မှာပါ။ အဲ့​ဒီ cyberbullying ကို ကာကွယ်ဖို့ ကိုယ်က knowledge ရှိနေရပါမယ်

၂။ Indecisiveness between what’s right and wrong
အမှား အမှန် ခွဲခြားနိုင်စွမ်းပါ။ ကျနော် နေ့စဉ် ကြုံတွေ့ နေတဲ့ ရယ်ချင်စရာ post တွေ facebook မှာ ရှိတယ်ဗျ။ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့။ မြွေမြင်ရင် share ပါ။ ဘုရားမြင်ရင် share ပါ ဆိုတဲ့ post တွေပေါ့။ ဒါတွေ က like and shares ရချင်လို့ ဖန်တီးထားတာပါ။ အဲ့လိုပဲ ဖြိုးမင်းသိန်း ကို deepfake ပြီး ဂျင်းထည့်တဲ့ သာဓကလဲ ရှိပါသေးတယ်:)
(ဘောမများ ပါးစပ် လှုပ်ပါတယ် ဆိုပြီး ဖင်ပိတ် ငြင်းနေတာ deepfake အကြောင်းလဲ မသိရှာဘူး) ထိုနည်းတူပဲ infected emails တွေ links တွေ fake websites တွေကိုလဲ တွေ့နေရမှာပါ

၃။ Common issues cost tons of money

ဒါကတော့ လွယ်ကူ ရိုးရှင်းတဲ့ ပြဿနာဖြေရှင်းဖို့ ကို ဆိုင်ပို့ပို့နေတာပါ။ Apple ID ကို iPhone 5 ခေတ်တုန်းက 10000ks နဲ့ ဖွင့်ပေးပါတယ် ဆိုတဲ့ store တွေရှိတယ်။ ခုလဲ ဒီလိုပဲ တချို့ အရာတွေ က Google သို့မဟုတ် support page တွေမှာ အလွယ်တကူ ဖတ်လို့ကို ရနေတာပါ။ အဲ့တော့ မ်မိမှာ ပြဿနာ တစ်ခုခု ရှိရင် အရင်ဆုံး လေ့လာတာ better approach ပါပဲ။ ထို့အတူ technical ပစ္စည်းဝယ်ရင်လဲ ဘာ specifications တွေပါလဲ ။ ဒီ price က reasonable ဖြစ်ရဲ့လား။ ကိုယ်သာ IT knowledge ရှိရင် အေးဆေးပါပဲ

My personal experience
ကျနော့်အနေနဲ့ လက်ရှိ ကျောင်းသားတွေကို ပြောချင်တာက IT class တွေ မရှိလဲ technical knowledge လေးရအောင် လေ့လာပါလို့ ပြောချင်ပါတယ်။ ခုကာလက နည်းပညာဆိုတာ booming ဖြစ်နေတဲ့ကာလပါ။ ကျောင်းဆုတွေရပြီး nerdy and narcissistic anti-socialist ဖြစ်နေလို့ အလကားပါပဲ။ ကျနောလဲ middle school မှာ စာတွေပဲ ကြိတ်လုပ်ပြီး ကိုယ့်ရဲ့ hobby တွေ , personal interests တွေ ကို pursue မလုပ်နိုင်ခဲ့ပါဘူး။
နောက်လာမဲ့ Gen Alpha မှာ social interactions တွေ technical skills တွေ s*x education တွေ sports တွေ arts တွေ ပိုမို အလေးပေးဖို့လဲ မျှော်လင့်ပါတယ်။

Thanks for reading today’s topic this far. Hope you gain knowledge after reading this. If you enjoyed this, please consider liking the page and following!

By a two times lyc winner😉
18th April, 2021

April 20th Apple Event              Spring Loaded. လို့အမည်ပေးထားတဲ့ Apple event ကို April 20 ရဲ့ မြန်မာစံတော်ချိန် ည ၁...
17/04/2021

April 20th Apple Event 
Spring Loaded. လို့အမည်ပေးထားတဲ့ Apple event ကို April 20 ရဲ့ မြန်မာစံတော်ချိန် ည ၁၁:၃၀ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

-Announce လုပ်နိုင်မဲ့ products
1. iPad Pro
လက်ရှိ iPad Pro မှာ သုံးထားတဲ့ A12Z bionic Chip နေရာမှာ A14X ( Upgraded version of A14 with more CPU and GPU cores) ကို အစားထိုးလာနိုင်ပါတယ်။ Design အနေနဲ့ ထူးထူးခြားခြားတော့ ရှိမယ် မ ထင်ပါဘူး။ တိကျတဲ့ specs တွေက တော့ Event မှာ ကြေညာမှ သိရမှာပါ

2. AirPods (3rd generation)
AirPods 3 ကတော့ Sound quality improvement နဲ့ chip အသစ်နဲ့ အတူ ထွက်ရှိလာမှာပါ။ AirPods pro မှာပါဝင်တဲ့ Dolby Atmos and spatial audio ကိုလည်း AirPods 3 မှာ support ပေးလာနိုင်ပါတယ်။ ထို့အတူ Sensor ပိုင်းမှာလဲ improve ပေးဖို့ရှိပါသေးတယ်

3. Apple pencil(3rd gen)
Apple pencil ကိုတော့ Design ပိုင်းဆိုင်ရာ ပြောင်းလဲမှု နဲ့ အတူ Touch sensor တွေပိုမို ကောင်းမွန်ပြီး Enhanced performance ပေးနိုင်တဲ့ chip နဲ့ အတူ မိတ်ဆက်လာနိင်ပါတယ်။

4. Redesigned iMacs
Apple ရဲ့ iMacs တွေကို Apple silicon processors M1X သို့မဟုတ် M2 နဲ့ အတူ thinner bezels, more modern-looking design တွေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။

Other things that could be introduced:
-AirTags
-Apple TV
-Software Updates

ဝင်ကြည့်ရန် —https://youtu.be/JdBYVNuky1M

2021 မှာဘာလို့ blogs တွေ ရေးသင့်လဲ။✍️🧐https://techgeeksmm.blogspot.com/2021/04/we-should-write-blogs-in-2021-1.html
16/04/2021

2021 မှာဘာလို့ blogs တွေ ရေးသင့်လဲ။✍️🧐

https://techgeeksmm.blogspot.com/2021/04/we-should-write-blogs-in-2021-1.html

Why we should write blogs in 2021! Get link Facebook Twitter Pinterest Email Other Apps - April 15, 2021 1. Enhanced writing skills Obviously, the person who writes blogs tends to have more ideas than a normal person does. Suppose blogs as essays or your school assignments b...

အခုလို ကျောင်းတွေ ပိတ်နေတဲ့ ကာလမှာ game ဆော့လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ ပျင်းနေကြမှာ အမှန်ပါ။😫 အဲ့ဒီအတွက် Admin အနေနဲ့ o...
16/04/2021

အခုလို ကျောင်းတွေ ပိတ်နေတဲ့ ကာလမှာ game ဆော့လိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ ပျင်းနေကြမှာ အမှန်ပါ။😫 အဲ့ဒီအတွက် Admin အနေနဲ့ online မှာ free/paid courses လေးတွေ ပြောပြပေးမှာပါ။🤩📖📖

——————-။။။။———————————

ပုံတွေရဲ့ အောက်မှာ description တွေရေးပေးထားပါတယ်။✅

❕ If you like this post, consider following the page. It’s free and you can unfollow anytime you want. Hope you enjoy this post!

😂
15/04/2021

😂

If you got a new PC right now, which game would you use to test it?

I will make a list of websites where you can learn everything for free so you don’t have to pay money for your classes!C...
15/04/2021

I will make a list of websites where you can learn everything for free so you don’t have to pay money for your classes!
Coming soon!
Photo crd🤣

📖ဒီနေ့အတွက်တော့ Touch typing အကြောင်းလေးပြောပြပါမယ်။  (Read time-5 minutes)စာဖတ်သူတွေ လွယ်ကူစေဖို့ category လေးခွဲပေးထား...
15/04/2021

📖ဒီနေ့အတွက်တော့ Touch typing အကြောင်းလေးပြောပြပါမယ်။ (Read time-5 minutes)
စာဖတ်သူတွေ လွယ်ကူစေဖို့ category လေးခွဲပေးထားပါတယ်။ ကဲ စလိုက်ရအောင်။
၁။ Touch typing ဆိုတာဘာလဲ❔
၂။ Touch typing သင်ပြီးဘာ benefits တွေရနိုင်လဲ❔
၃။ သာမာန် စာရိုက်တာနဲ့ touch typing ဘာခြားနားလဲ❔
၄။ Keyboard layout များ❕
၅။ Admin ၏ အမြင်❕

—————————။။——————————

၁။ Touch typing ဆိုတာဘာလဲ❔
Touch typing ဆိုတာကတော့ muscle memory က တစ်ဆင့် keyboard ပေါ်က key တွေကို မကြည့်ဘဲ ရိုက်တဲ့ style တစ်ခုပါ
တစ်နည်းအားဖြင့် လက်ချောင်း ၈ ချောင်းက home row keys မှာထားပြီး ကျန် ၂ ချောင်းကို spacebar key ပေါ်မှာ ထားပါတယ်။ဒီလောက်ဆို နားလည်ပြီ ထင်ပါတယ်။

၂။ ⌨️Touch typing အရေးပါပုံ✅
Touch typing ရဲ့ ကောင်းကျိုးက တော့ ရှင်းပါတယ်။ စာရိုက်တုန်း ငုံငုံကြည့်စရာ မလိုတော့ဘူးပေါ့။ လေ့ကျင့်တာလဲ ခဏ ပဲ ကြာတာမို့လို့ ခုလို အားနေတဲ့ အချိန် ၁ နေ့ ၁၅ မိနစ်လိုက် လေ့ကျင့်ရင် လုံလောက်ပါတယ်။
Touch typing ကျွမ်းသွားပြီး ဆိုရင် Online ရန်ပွဲတွေမှာ ကိုယ်က အသာစီး ဆော်လို့ရပါတယ်🤣
နောက်တစ်ခုက ကိုယ်က တစ်ခုခု ရိုက်မယ် ဆိုရင် အချိန်သက်သာပါတယ် ။ အဓိက ကတော့ အချိန်ကုန် သက်သာပြီး လက် မညောင်းတာပါ။

၃။ သာမာန် စာရိုက်တာနဲ့ touch typing ဘာခြားနားလဲ🧐
သာမန် typist တစ်ယောက်က key တွေကို လက် ၅ ချောင်း/၆ ချောင်းလောက်နဲ့ ရိုက်တာဆိုတော့ အလွန်ဆုံ: မြန်ရင်တောင် touch typing လောက်တော့မြန်မှာ မဟုတ်ပါဘူး။

၄။ Keyboard layout များ
ဗဟုသုတလေးအနေနဲ့ ထည့်ပြောချင်တာက keyboard layout ပါ
လူသုံး အများဆုံး keyboard layout ကတော့ QWERTY layout ပါ။ တချို့ကလဲ DVORAK layout သုံးပါတယ်။
လက်ရှိ ဖုန်း ကွန်ပြူတာ တော်တော်များများ QWERTY layout ပဲ သုံးပါတယ်။

၅။ Admin ၏ အမြင်
Computer ဆိုတာ ဂိမ်းဆော့ဖို့ပဲ မဟုတ်ပါဘူး😌 Touch typing ကိုလေ့လာထားတာ impression ရှိပါတယ်
သင်သာ တစ်ယောက်ယောက်က အသာကုန် မြန်နေရင်လimpressed ဖြစ်ဖူးမှာပါ
Touch typing က game ဆော့သလိုပဲပါ လုပ်ရင်းလုပ်ရင်းနဲ့ muscle လေးတွေ က ကျင့်သားရ သွားမှာပါ။ ပြီးတော့ keyboard shortcuts လေးတွေလဲ သိထားပေါ့ ။ အဲ့တာဆိုရင် cursor နဲ့ ရွှေ့နေမဲ့ အစား keyboard နဲ့ ရွှေ့တော့ ပိုမြန်ပါတယ်
လက်ရှိမှာ တော့ ကျနော့် speed က 75 wpm(words per minute) ပါ သိပ်တော့ မမြန်သေးပေးမဲ့ 10 wpm ကနေ ၂ လ အတွင်း တိုးတက်သွားတာ ဆိုတော့ မဆိုးဘူးလို့ ပြောရမယ်။
Touch typing လေ့လာဖို့ အကောင်းဆုံး websites များ
1. www.typing.com
This website has lessons and tests with a great user interface.

2. www.10fastfingers.com
Not a website that you should practice on but a great website for checking your wpm.

3. www.typingtest.com
Admin ရဲ့ first training website ပါ user friendly ပါ

4. www.keybr.com
Unique method!

15 mins every day will increase your typing speed!
🤩

ဒါလေးဖတ်ပြီး အကျိုးရှိသွားမယ် ဆိုရင် like and follow လေးပေးခဲ့ပါ

You can read my blogs now!
15/04/2021

You can read my blogs now!

  The tension between Apple and Intel The Apple Silicon Announcement                  Back In November, Apple introduced its own first ARM b...

💻Top 5 Mac tips and tricks you should know.Are you a Mac user?သင်ဟာ Mac user တစ်ယောက်လားဒါဆိုရင်တော့ အောက် က tips လေးတွေ...
14/04/2021

💻Top 5 Mac tips and tricks you should know.
Are you a Mac user?သင်ဟာ Mac user တစ်ယောက်လား
ဒါဆိုရင်တော့ အောက် က tips လေးတွေ က အကျူံးဝင်မယ် ထင်ပါတယ်။
Click the photos to read more!!
Hope you find these tips useful! Make sure to follow my page and give a thumbs up and comment down below on what you think about these tips!!

Address

Yangon

Alerts

Be the first to know and let us send you an email when TechGeeks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TechGeeks:

Share

Category