11/04/2023
အဖွဲ့အစည်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အဖွဲ့အစည်းများက စီးပွားရေးလုပ်ငန်းတခုကို ပူးပေါင်းဆောင်ရွက် ရန်ဖွဲ့စည်းထားသည့် Joint Venture ခေါ် ဖက်စပ်လုပ်ငန်း ကုမ္ပဏီများ၏ အာမခံ အကျိုးခံစားခွင့်ရ အဖွဲ့တခုမှ ယင်း ဖက်စပ်လုပ်ငန်း ကုမ္ပဏီသည် အကျိုးခံစားခွင့် ရရန် အာမခံချက်မရှိပါဟု ယုံကြည်လာပါက ယင်းဖက်စပ်လုပ်ငန်းကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းပေးစေလိုကြောင်း တရားရုံးသို့လျှောက်ထားရာတွင် ၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် လျှောက်ထား၍မရတော့ပါ၊ ထို ဥပဒေကို အသုံးပြု၍ လျှောက်ထားသဖြင့် ပလပ်လိုက်သော စီရင်ချက် ရှိပါသည်။ သို့ဖြစ်ရာ ကုမ္ပဏီတခုကို စာရင်းရှင်းလင်း ဖျက်သိမ်းစေလိုပါက လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအရ မည်သူက မည်သို့ လျှောက်ထားရမည်ကို #ဆရာဇော်သူရ(ချောက်ရေနံမြေ) က #လူမွဲခံယူခြင်းဆိုင်ရာဥပဒေအညွှန်း စာအုပ်ထဲတွင် ရိုးရှင်းစွာ ရေးသားဖော်ပြထားပါသည်။ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေအညွှန်း စာအုပ်သည် တရားသူကြီးများ၊ ရှေ့နေများသာမက ကုမ္ပဏီ၏ ဒါရိုက်တာများ၊ CFO, CEO များ GM များကဲ့သို့ အကြီးတန်းအရာရှိများပါ လေ့လာသင့်သည့် စာအုပ်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် ဝယ်ယူလိုပါက ရန်ကုန်တရားလွှတ်တော် ပန်းဆိုးတန်းလမ်းမ ဝင်ပေါက်အနီး ဒေါ်ရွှေကြည် စာအုပ်ဆိုင်၊ ၃၇ လမ်း အလယ်ဘလောက်ရှိ ခရေဖူး ဥပဒေစာအုပ်ဆိုင်၊ ၃၈ လမ်း အောက်ဘလောက်ရှိ ရှုတိုင်းယာဉ် ဥပဒေစာပေ တို့တွင် အလွယ်တကူ ဝယ်ယူနိုင်ပါသည်၊ မန္တလေးမြို့တွငင် အောင်မြင်ပိုင် ဥပဒေစာပေ၊ နေပြည်တော်တွင် အမေ့အိမ်ဥပဒေစာပေနှင့် တောင်ကြီးမြို့တွင် တောင်ကြီးရှေ့နေအသင်း တို့တွင် ဝယ်ယူနိုင်ပါသည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်း ကဲ့သို့ အရောင်းကိုယ်စားလှယ်မရှိသောမြို့များမှ မှာယူပါက သုံးဘက်မြင်စာပေ၏ မက်ဆငိဂျာမှ ၎င်း၊ သုံးဘက်မြင်စာပေ၏ ဖုန်း - 09252487489, 09972163653 သို့ ၎င်း မှာယူနိုင်ပါသည်။ ၅ အုပ်အထက်မှာယူပါက ကားဂိတ်မှ တင်ပေးပြီး တန်ဆာခပါ အပြီးရှင်းပေးပါမည်။ ကိုယ်စားလှယ် မရှိသောမြို့များမှ မှာယူပါက Kpay - 09252487489 (Tin Win Hlaing) သို့ စာအုပ်ဖိုး ကြိုလွှဲရပါမည်။