Khat Ti Ya Nwe

Khat Ti Ya Nwe စာအုပ် ၊ စာပေ ၊ လူ့မိတ်ဆွေ

လူဆိုတာမျိုးကကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေကြတာပဲမို့လား။ခု ဖုန်းသုံးနေတဲ့သူလည်းဘေလ်ဖိုးကိုဖုန်းမသုံးဘဲ မရှိတဲ့သူကို လှူလို...
20/11/2023

လူဆိုတာမျိုးက
ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေကြတာပဲမို့လား။

ခု ဖုန်းသုံးနေတဲ့သူလည်း
ဘေလ်ဖိုးကို
ဖုန်းမသုံးဘဲ
မရှိတဲ့သူကို လှူလိုက်ရင် အဆင်ပြေမလား?

သူ ရထားတဲ့ငွေ
သူ သုံးချင်တာ သုံးမှာပေါ့၊
ကိုယ့်ငွေကိုလည်း
ကိုယ် သုံးချင်တာ သုံးနေတာပဲမို့လား။

လောကမှာ လူတွေဟာ
ကံချင်းလည်း မတူသလို
ဉာဏ်ချင်းလည်း မတူပါဘူး။
ရှင်သန်ရာ ပတ်ဝန်းကျင်ချင်း မတူသလို
ဝါသနာ ဗီဇ စရိုက်ချင်းလည်း မတူပါဘူး။
အတွေးအခေါ် အယူအစချင်းလည်း မတူသလို
ခံယူချက် ရည်ရွယ်ချက်ချင်းလည်း မတူပါဘူး။
ဘဝချင်း မတူသလို
အိပ်မက်ချင်းလည်း မတူပါဘူး။
ပညာသင်ရာ ဌာနချင်းလည်း မတူသလို
ပညာတတ်ပုံချင်းလည်း မတူပါဘူး။
မတူတာတွေအပေါ် မူတည်ပြီး
လုပ်ဆောင်ချက်တွေက ကွဲပြားနေကြမှာပါ။

ကိုယ်နဲ့ မတူသူတွေအပေါ်
ကိုယ်နဲ့ စာပြီး လိုက်ညှိဖို့ကြိုးစားရင်
ကိုယ်ပဲ ပင်ပန်းရပါလိမ့်မယ်။

အဓိက က
ကိုယ့်ကြောင့် ဘယ်သူကိုမှ မထိခိုက်စေဖို့၊
ကိုယ်ကောင်းစားဖို့အတွက်နဲ့ ဘယ်သူ့ကိုမှ ချမနင်းမိဖို့ပါပဲ။

#သာသနာနွယ်ဆရာတော်

သဘောကျ ✨
19/11/2023

သဘောကျ ✨

19/11/2023
မှတ်စရာ မြန်မာစာ
19/11/2023

မှတ်စရာ မြန်မာစာ

မြန်မာစာ မှတ်စရာ
19/11/2023

မြန်မာစာ မှတ်စရာ

 #လေ့လာဖတ်ရှု_ဝေမျှမှု_၈၃ပျားတစ်ကောင်ဟာ ရက်ပေါင်း ၄၀ ​​တောင်အသက်ရှင်ခွင့်မရပါဘူး။ရှင်သန်နေစဥ်အတွင်း ပန်းပွင့်ပေါင်းတစ်ထေ...
17/11/2023

#လေ့လာဖတ်ရှု_ဝေမျှမှု_၈၃

ပျားတစ်ကောင်ဟာ ရက်ပေါင်း ၄၀ ​​တောင်
အသက်ရှင်ခွင့်မရပါဘူး။

ရှင်သန်နေစဥ်အတွင်း ပန်းပွင့်ပေါင်း
တစ်ထောင်လောက် လှည့်လည်ပြီး
လက်ဘက်ရည် တစ်ဇွန်းထက် လျော့နည်းတဲ့ ပျားရည်ကို ထုတ်ခဲ့ပါတယ်။

ကျွန်တော်တို့အတွက်
လက်ဘက်ရည်တစ်ဇွန်းစာတောင်မရှိတဲ့
ပျားရည်ဆိုပေမယ့် သူ့အတွက်ကတော့
တစ်သက်လုံး ရှာဖွေစုဆောင်းထားတာပါ။

ကျေးဇူးပါ ပျားလေးတွေ 🥺

ကိုယ်က LV အိတ်မှကိုင်ချင်တယ်ဆိုရင် ကိုယ်ကိုတိုင် LV အိတ်ဝယ်နိုင်တဲ့မိန်းမဖြစ်အောင်လုပ်ပါ  LV ဝယ်ပေးမယ့် ယောက်ျားတစ်ယောက်...
17/11/2023

ကိုယ်က LV အိတ်မှကိုင်ချင်တယ်ဆိုရင်
ကိုယ်ကိုတိုင် LV အိတ်ဝယ်နိုင်တဲ့မိန်းမဖြစ်အောင်လုပ်ပါ
LV ဝယ်ပေးမယ့် ယောက်ျားတစ်ယောက်ကို
မျှော်မနေပါနဲ့၊ ရှာလဲရှာမနေပါနဲ့

မိန်းကလေးတစ်ယောက်
ယောက်ျားလိုချင်ရင် ယောက်ျားရှာလို့ရတယ်
ပိုက်ဆံလိုချင်ရင် ပိုက်ဆံရှာလို့ရတယ်
နှစ်ခုလုံးလုပ်ချင်သပ ဆိုရင်လဲ
နှစ်ခုလုံးလုပ်လို့ရပါတယ်

ဒါပေမယ့် ဘယ်တော့ ဘယ်တော့မှ
"ပိုက်ဆံရှိတဲ့ ယောက်ျား"ဆိုပြီး မရှာလိုက်ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့
ပထမဆုံးက အဲ့ဒါ ကိုယ့်ပိုက်ဆံမဟုတ်လို့ပဲ
ဒုတိယက ယောက်ျားတွေကအဲ့လောက်မတုံးဘူး
တတိယက အရာရာတိုင်းမှာ
ပြန်လည်ပေးဆပ်ရတဲ့ Cost ဆိုတာရှိတယ်

မိန်းကလေးတချို့က ထင်ကြတယ်
ပိုက်ဆံရှိတဲ့ ယောက်ျားကို သူယူလိုက်ရင်
အဲ့ယောက်ျားမှာရှိတဲ့ ပိုက်ဆံဟာ
သူ့ပိုက်ဆံဖြစ်သွားပြီပဲလို့ သတ်မှတ်လိုက်တယ်
ပြီးတော့ ဒီယောက်ျားက ပိုက်ဆံရှိတဲ့အတွက်
အနည်းဆုံးတော့ ဘဝဟာ
သက်သောင့်သက်သာနဲ့ ဖြစ်သွားမယ်လို့ထင်ကြတယ်
ဒါဟာ အလွန်မှားနေတဲ့ အတွေးအခေါ်တစ်ခုဆိုတာ
ပထမဆုံး နားလည်ထားရမယ်

ဘယ် လင်မယားမှ အိမ်ထောင်ကျပြီးတာနဲ့
"ကဲ သဲလေးရေလာ ကိုယ်ပိုင်ဆိုင်သမျှကို
ကိုယ့်တို့နှစ်ယောက် နာမည်ပြောင်းမယ်
ကိုယ့်Bank Acc ထဲကပိုက်ဆံတွေအားလုံးကို
ကိုယ်တို့ Joint Acc လုပ်ပြီးထည့်မယ်
ကိုယ်ရှာသမျှပိုက်ဆံတွေအားလုံး
အဲ့အကောင့်ထဲမှာ တစ်သက်လုံးထည့်မယ်ဆိုပြီး"
မကြားဘူးပါဘူး ရှိရင်လဲ Comment မှာရေးခဲ့ပါ

သူရှာတဲ့ ပိုက်ဆံဟာ သူ့ပိုက်ဆံပါပဲ
နောက်ဆုံး သူရှာတဲ့ပိုက်ဆံဖြစ်တဲ့အတွက်
အဲ့ပိုက်ဆံကို ဘယ်လိုသုံးမှာလဲဆိုတာက
သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထဲမှာပဲ တစ်သက်လုံးရှိနေမှာဖြစ်တယ်

ကြည်ဖြူနေတဲ့ချိန်၊ ချစ်နေတဲ့ချိန်
အဆင်ပြေနေတဲ့ချိန်မှာ
ရော့ပါ သုံးပါ ဆိုပြီး လုပ်လို့ရရင်
စိတ်ဝမ်းကွဲနေတဲ့ချိန်၊ မကြည်ဖြူတဲ့ချိန်
"မချစ်တော့တဲ့ချိန်"မှာ
အဆင့်တန်းနှိမ့်ရင်နှိမ့်သလို ဘာပိုက်ဆံမမရှာ
ဘာပိုက်ဆံမှမပေး စျေးဖိုးတောင်မပေးချင်တဲ့
ယောက်ျားတွေရှိပါတယ်

ဒီတော့ သူဆုံးဖြတ်မှာဖြစ်တဲ့အတွက်
ဒီဆုံးဖြတ်ချက်ကို လွှမ်းမိုးတဲ့ ထိုယောက်ျားရဲ့
Philosophy အကြမ်းအားဖြင့် နှစ်ခုရှိနိုင်တယ်

"ငါရှာတာပေမယ်လို့ ငါတို့* ပိုက်ဆံပဲ၊ ငါ့မိန်းမအတွက်
ငါ့မိသားစု အတွက် ငါရှာတာပဲ"ဆိုတဲ့
"ငါတို့"ဆိုတဲ့ "Us" Mentality ရှိတဲ့
A Good & Caring Husband ဖြစ်နိုင်သလို

"ငါကပိုက်ဆံရှာတယ် သူက ငါ့ကိုဘာပေးမှာလဲဆိုတဲ့"
မင်းနဲ့ငါ You vs Me Mentality ရှိတဲ့
Transactional (အပေးအယူ)Husband ဖြစ်နိုင်တယ်
ပိုဆိုးတာက သူက ပိုက်ဆံကို ကိုင်ထားတဲ့အတွက်
သူနဲ့ အပေးအယူလုပ်ရင် ကိုယ်ဘက်က
ဘာတွေပေးဆပ်မှာလဲဆိုတာလဲပါလာပြီ

ယောက်ျားတစ်ယောက်ကို
ပိုက်ဆံမက်လို့ယူတဲ့မိန်းမတစ်ယောက်အနေနဲ့
ပထမလိုယောက်ျားနဲ့မှ ရေရှည်အဆင်ပြေလိမ့်မယ်
ဒါပေမယ့် Again ယောက်ျားတွေကအဲ့လောက်မတုံးပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ဒီမိန်းမက
သူတို့ကို ပိုက်ဆံမက်လို့ယူတာလား ချစ်လို့ယူတာလားဆိုတာ
သူတို့ကိုယ် သူတို့ သိပါတယ်၊ ခံစားလို့ရပါတယ်
အဲ့တော့ သူတို့ဟာ သူတို့ကိုယ်တကယ်ချစ်တဲ့
မိန်းမကိုပဲရှာယူသွားမှာဖြစ်ပြီး၊ Gold Digger တွေကိုပဲ
Transaction ကျကျနဲ့ပဲ အသုံးချသွားသွားမှာဖြစ်တယ်

ဒုတိယလို ယောက်ျားဆိုလဲ ဘာတွေပေးမှာလဲဆိုတာက
စကားစပြောလာပြီဖြစ်တယ်၊ သူ့ဆီက ပိုက်ဆံရဖို့
သူက ဘာတွေတောင်းဆိုမှာလဲ?
သူက ဘယ်လောက်ထိတောင်းဆိုမှာလဲ?
သူက ကိုယ့်ဆီကဘာမှာမလိုအပ်တော့ဘူးဆိုရင်ရော?
(ဒါတွေက တစ်သက်လုံးသွားမယ့်ကိစ္စတွေဖြစ်တယ်)

ပြောချင်တာက ပိုက်ဆံလဲလိုချင်၊
ယောက်ျားလဲလိုချင်တယ်ဆိုတဲ့မိန်းမတစ်ယောက်အနေနဲ့
"ပိုက်ဆံရှိတဲ့ ယောက်ျား"ဆိုပြီးရောလိုက်လို့မရပါဘူး
ပိုက်ဆံကိုသက်သက်ရှာ၊ ယောက်ျားကိုသက်သက်ရှာရင်အဆင်ပြေလိမ့်မယ်
ယောက်ျားရှာတဲ့အခါ ထိုယောက်ျားပိုက်ဆံရှိတယ်မရှိဘူးဆိုတာ
ထိုယောက်ျားရဲ့ Surplus အပိုအချက်ပဲဖြစ်သင့်တယ်
Main အချက်လုံးဝမဖြစ်သင့်ပါဘူး

နောက်ဆုံး ပိုက်ဆံပဲရှာမယ်ဆိုရင်တောင်
ယောက်ျားတစ်ယောက်ဆီက တစ်ဆင့်ပြန်ရှာမနေပါနဲ့
ကိုယ့်ကိုကိုယ်ပဲ ရှာလိုက်ပါ ကိုယ်ရှာတဲ့ ပိုက်ဆံကို
ကိုယ်သုံးရတဲ့ Feeling နဲ့ Pride က
ဘယ်အရာနဲ့ လဲလို့မရပါဘူးလို့

ကျော်ကြီးတယောက် ခွက်ပုန်းကစ်ပြီး ညည KTV သွားတာကို သူ့မိန်းမ အတန်အသင့် သတိထားမိလေပြီ။တနေ့ ကျော်ကြီး ရေချိုးနေတုန်း ကျော်က...
17/11/2023

ကျော်ကြီးတယောက် ခွက်ပုန်းကစ်ပြီး
ညည KTV သွားတာကို သူ့မိန်းမ
အတန်အသင့် သတိထားမိလေပြီ။

တနေ့ ကျော်ကြီး ရေချိုးနေတုန်း
ကျော်ကြီး မိန်းမ ဖုံးဖွင့်စစ်ဆေးရာ
တွေ့လေပြီ။

#လမင်းမေ တဲ့

ဒေါသတကြီး ချက်ချင်းခေါ်ကြည့်ရာ
သားပြောလေဆိုသော ယောက္ခမ
အသံကြားရလေသည်...

သံသယစိတ်က မပျောက်သေး
ထပ်ရှာကြည့်ရာ တွေ့ပါပြီ ဒီတခါ

#ကြယ်စင်မေ တဲ့

ကျော်ကြီးမိန်းမလည်း
အောင်နိုင်သူ အပြုံးဖြင့် တချက်ပြုံးပြီး
ဆက်လိုက်ရာ ကိုကျော်ပြောဟူသော
ယောင်းမ အသံသာ ထွက်လာလေသည်။

ဖုန်းကို ပိတ်မည်ပြုစဉ် Miss call ဝင်ထားသော
#မောင့်အိပ်မက်မေ ဆိုသော အမည်အား တွေ့သောအခါ ကျော်ကြီးမိန်းမလည်း ဒေါသမီး တဟုန်းဟုန်းတောက်လောင်ပြီး ဖုန်းဆက် ကြည့်လိုက်ရာ ဘေးမှ ဖုန်းက အသံ ထမြည်လေသည်။

#မောင့်အိပ်မက်မေ ဆိုသည်မှာ ငါပါတကားဟု

ယောက်ျားသူတော်ကောင်းကြီးအား စော်ကားမိလေချင်းဟု စိတ်မကောင်းကြီးစွာ ဖြစ်ကာ ငိုချ လိုက်မိလေသည်။

ထိုစဉ် မက်ဆေ့ တစောင်ဝင်လာလေပြီ...
#ဦးသုမန တဲ့

ဒကာကြီး တရားပွဲ စမယ် ဟူသတည်း။

ကျော်ကြီးမိန်းမလည်း ယောက်ျား သူတော်ကောင်းကြီး စော်ကားမိလေချင်းဟု မျက်ဝန်းမှ မျက်ရည်စများအား လူမမြင်အောင် ခိုးသုတ်လိုက်ရင်း

တရားပွဲမှာ လှူရအောင် ၅ သိန်းအုပ်လေး
စားပွဲပေါ် တင်ပေးပြီး ဟင်းနွေးချင်ဟန်ဆောင်ကာ
မီးဖိုခန်းထဲသို့ ဝင်သွားလေသည်...

ကျော်ကြီးလည်း ၅ သိန်းအုပ်ကို
ဟန်ပါပါယူရင်း အိမ်ပြင်ရောက်သည်နှင့်

#ဉီးသုမန ထံဖုံးဆက်ပြီး
ကလေး ကိုကြီးထွက်လာပြီ.... တဲ့

🤣 ပြန်လည်ဝေမျှပါသည်။

.တစ်ခါတုန်းက ရွှေရင်ထွားထွားနဲ့ဘုရင့်သမီးတော် တစ်ပါးရှိတယ်။နဂါးကိုနှိမ်နင်းနိုင်လို့ သူရဲကောင်းဖြစ်နေတဲ့နစ်ခ် ဆိုသူက ဘုရ...
05/11/2023

.
တစ်ခါတုန်းက ရွှေရင်ထွားထွားနဲ့
ဘုရင့်သမီးတော် တစ်ပါးရှိတယ်။

နဂါးကိုနှိမ်နင်းနိုင်လို့ သူရဲကောင်းဖြစ်နေတဲ့
နစ်ခ် ဆိုသူက ဘုရင့်သမီးရဲ့ ရွှေရင်သိမ်းသစ်ကို
စွဲလမ်းနေမိတယ်။

သွားကိုင်ကြည့်ချင်တဲ့ သူ့ဆန္ဒကို
အကောင်အထည်ဖော်ရင် သေဒဏ်ပေးခံရမှာ
သိပေမယ့် မကြံစည်ပဲလည်း မနေနိုင်ဘူး။

တစ်ရက် သူ့ သူငယ်ချင်း "ဟိုရေးရှိုး" ကို
သူ့ဆန္ဒတွေ ဖွင့်ဟလိုက်မိတယ်။
"ဟိုရေးရှိုး" က ဋရင့်သမားတော် ဖြစ်တာကြောင့်
နစ်ခ်ရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်တယ်။
ဒါပေမဲ့ ရွှေဒင်္ဂါး ၁၀၀၀ ပေးရမယ်လို့ စျေးခေါ်တယ်။
နစ်ခ်က မဆိုင်းမတွ သဘောတူလိုက်တယ်။

နောက်နေ့ ဘုရင့်သမီးရေချိုးနေတုန်း
သူမရဲ့ ရင်စည်းထဲကို ယားယံစေတဲ့အမှုန့်တွေ
သမားတော်က တိတ်တဆိတ်ထည့်လိုက်တယ်။

အဲဒီရင်စည်း ပြန်ဝတ်မိတဲ့ သမီးတော်ခမျာ
မခံနိုင်အောင်ယားယံတော့တာပေါ့။

ဒါကို ဘုရင်ကြီးသိတော့
သမားတော် "ဟိုရေးရှိုး" ကို ဆင့်ခေါ်ပြီး
အကြံတောင်းတယ်။

"ဟိုရေးရှိုး"က လူ့တံတွေးတစ်မျိုးနဲ့ ၄ နာရီလောက်
သုတ်လိမ်းလိုက်ရင် ပျောက်ကင်းနိုင်ကြောင်း၊
ထိုတံတွေးမျိုး ပိုင်ဆိုင်သူဟာလည်း
နစ်ခ် တစ်ဦးတည်းသာ ရှိကြောင်း
ဂျင်းထည့်ပြီး လျောက်တင်တယ်။

ဒါနဲ့ဘုရင်က နစ်ခ်ကို အမြန်ခေါ်ခိုင်းလိုက်တယ်။
သမားတော်က နစ်ခ်ကို အဆိပ်ဖြေဆေးပေးလိုက်ပြီး
နစ်ခ်က ဆေးကို သူ့ပါးစပ်ထဲ သုတ်လိမ်း
ထားလိုက်တယ်။

ဒီလိုနဲ့ နောက် ၄ နာရီလုံးလုံး နစ်ခ်ဟာ
ဇိမ်ကျနေတော့တာပေါ့။
နောက်ဆုံး သမီးတော်ရဲ့ယားနာ ပျောက်ကင်းပြီး
နစ်ခ်လည်း သူရဲကောင်းဖြစ်သွားတယ်။

သူ့အဆောင်ကို နစ်ခ်ပြန်ရောက်တဲ့အခါ
သမားတော်က ရွှေဒင်္ဂါး ၁၀၀၀ လာတောင်းတယ်။
နစ်ခ်က သူ့ဆန္ဒတွေပြည့်ဝသွားပြီဆိုတော့
မပေးချင်တော့ဘူး။
သမားတော်က ဘုရင်ကို ပြန်မတိုင်ရဲမှန်းလည်း
သူက သိနေတာကိုး။
ဒါကြောင့် မပေးနိုင်ဘူးလို့ ငြင်းလွှတ်လိုက်တယ်။

(သင်သာ သမားတော်ဆိုရင် ဘာလုပ်မလဲ)

"ဟိုရေးရှိုး" ကတော့ ဘာမှပြန်မငြင်းပဲ
ခေါင်းငိုက်စိုက်နဲ့ ပြန်သွားရှာတယ်။

နောက်တစ်နေ့ ဘုရင့်ရဲ့အတွင်းခံဘောင်းဘီထဲကို
ယားယံမှုန့်တွေရောက်အောင် သူ့နည်းသူ့ဟန်နဲ့
လုပ်လိုက်တယ်။
အဲ့တော့ ဘုရင်ကြီး ယားပြီလေ...
နစ်ခ်ကို အမြန်ခေါ်ပြီး ရှေ့တော်သွင်းစေပေါ့။

ဘုရား ဘုရား ၄ နာရီနဲ့ ပျောက်မှ ပျောက်ပါ့မလား😂

( သင်ခဏ်းစာ ။ ။ ကတိမဖျက်ကြပါနဲ့ )

ဘာရယ်မဟုတ်ပါဘူး ခုရက်ထဲ မနတ်ပိုက်ဆံ လွှဲလိုက်ပါမယ် ထုတ်ထားပေးပါ ဆိုပီး ပျောက်ပျောက်သွားတက်ကြလို့ ဟွင်းဟွင်း 😎

Credit:မူရင်းရေးသားသူသို့ လေးစားစွာဖြင့်...

🤭
04/11/2023

🤭

ခွေးဖြစ်ချင်ရင်ပေါ့နော်
30/10/2023

ခွေးဖြစ်ချင်ရင်ပေါ့နော်

❝ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့်ပျော်ရွှင်ဖွယ်သီတင်းကျွတ်ရက်မြတ်လေးကိုပိုင်ဆိုင်နိုင်ကြပ...
29/10/2023

❝ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့်
ပျော်ရွှင်ဖွယ်သီတင်းကျွတ်ရက်မြတ်လေးကို
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ❞

ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙆‍♀️

25/10/2023

အသက် ၂၃နှစ်ကနေ ၂၅ နှစ်အထိကို
အပျိုကြီး Mini လို့ သတ်မှတ်ပါတယ် ။

အပျိုကြီး‌အသေးစားလေးတွေ ဆိုပေမယ့်
သူတို့က
ပေါ့ပါးတယ် ။ သွက်လက်တယ် ။ လှပတယ် ။
မြားနတ်မောင်တွေ သိပ်သဘောကျတဲ့ အရွယ်ဆိုရင်လည်း မမှားပါဘူး ။

အသက်၂၅နှစ်ကနေ ၃၀ အထိကတော့ အပျိုကြီးပါ ။

အချစ်ကို သိပ်မယုံတော့သလို
ဖိတ်စာတွေနဲ့လည်း ဓာတ်မတည့်‌တော့ဘူး ။
ဟိုလူ့ကိုစိတ်နာသလို ဒီလူ့ကိုစိတ်နာသလိုနဲ့
OS နာနာဖိလုပ်နေကြတဲ့ အရွယ်တွေလေ ။

အသက်၃၀ကနေ ၃၅နှစ်အထိ ဆိုရင်တော့ အပျိုကြီး Pro ပေါ့ ။

အဓိပ္ပါယ်ကတော့ သူတို့ဟာ ရွေးရင်းရွေးရင်းနဲ့ပဲ ပရိုမီနာလို မိတ်ကပ်လေး ဘာလေး မသိမသာကူနေရပါပြီ တဲ့ ။

အပျိုကြီး Pro Max လို့ ခေါ်ရင်တော့
အသက် ၃၅ နှစ်အထက်တွေကိုသာ ပြေးမြင်ပေတော့ ။

ပရိုမီနာရဲ့အထက် မိတ်ကပ်ပေါင်းစုံတောင် သိပ်မကူနိုင်တော့တဲ့ တီတီတွေ အတွက်ကတော့

စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး 😜

တနေ့လုံး အိပ်နာ ညကျ အိပ်ပျော်မှာ ဟုတ်တော့ဘူး 🥹
25/10/2023

တနေ့လုံး အိပ်နာ
ညကျ အိပ်ပျော်မှာ ဟုတ်တော့ဘူး 🥹

25/10/2023

"ငါ့အပေါ်ဒီစော-က်ချိုး,ချိုးရင် ငါကလည်း
နှစ်ဆပြန်လုပ်ပြမှာနော်" လို့သာပြောခဲ့တာ

တစ်ကယ်တမ်းကျတော့ တစ်ဖက်လူက
ကိုယ့်ကြောင့်အခက်တွေ့မှာ အဆင်မပြေဖြစ်
မှာတွေကို ကိုယ်ကပဲတွေးပြီး မလုပ်ရက်ခဲ့တာ
တွေကများနေခဲ့မိတယ် ဒါကြောင့်လည်း အမြဲ
တမ်း ငါပဲရှုံးနေခဲ့ရတာမျိုးပေါ့ ။

Falling in love ဆိုတာ . .သူ့နားထင်ပေါ်က မွှေးညှင်းပေါက်သေးသေးလေးတွေစတစ်ကော်လံပေါ်က Dior ရနံ့ရှိန်းရှိန်းလေးတွေငေးကြည့်မိ...
24/10/2023

Falling in love ဆိုတာ . .
သူ့နားထင်ပေါ်က မွှေးညှင်းပေါက်သေးသေးလေးတွေ
စတစ်ကော်လံပေါ်က Dior ရနံ့ရှိန်းရှိန်းလေးတွေ
ငေးကြည့်မိရာမှ တပ်မက်မိကာမှ
သူကြိုက်တတ်တာ သူနှစ်သက်တာ
သူသဘောကျတာလေးတွေ
တခုတ်တရလိုက်မှတ်နေရင်း . .
ကြယ်ပြာရောင် ဆပ်ပြာပူပေါင်းလေးတွေ
ဒေစီပန်းခင်းကြီးအလယ်
လေယူရာ တဖြည်းဖြည်းဝဲနေရာမှ
"ဖောက်ခနဲ"
ပေါက်သွားသလိုမျိုး ။ ။


အရူးသုံးယောက်ရဲ့ မတူညီတဲ့ရူးနှမ်းမှုများစက်တင်ဘာ ၅၊ ၂၀၂၃။(တစ်ဦးတည်းအမြင်သာဖြစ်ပါသည်)◼ ၂၀၀၉ က ထွက်ခဲ့တဲ့ Rajkumar Hirani...
23/10/2023

အရူးသုံးယောက်ရဲ့ မတူညီတဲ့ရူးနှမ်းမှုများ

စက်တင်ဘာ ၅၊ ၂၀၂၃။

(တစ်ဦးတည်းအမြင်သာဖြစ်ပါသည်)

◼ ၂၀၀၉ က ထွက်ခဲ့တဲ့ Rajkumar Hirani ရဲ့ 3 Idiots ဆိုတာက အိန္ဒိယနဲ့အာရှဒေသရဲ့ပညာရေးစနစ်ကိုထောက်ပြခဲ့ရုံတင်မကပဲ လူတွေအားလုံးဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ရူးကြတယ်၊ လူတွေဟာ အောင်မြင်မှုတွေနောက်ကိုလိုက်ရင်းနဲ့ ရူးမှန်းမသိရူးနေကြတယ်ဆိုတာကို ပြသပေးခဲ့တဲ့ drama ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။

◼ အင်ဂျင်နီယာကျောင်းကိုရောက်လာကြတဲ့ ဖာဟန်၊ ရာဂျူး နဲ့ ရန်ချို ဆိုတဲ့ ကျောင်းသားသုံးယောက်၊ ရည်မှန်းချက်ကိုယ်စီပိုက်ပြီး အင်ဂျင်နီယာဘွဲ့ယူကြဖို့ရောက်လာကြတယ်။ အလုပ်ကောင်းကောင်းရဖို့၊ ငွေဝင်ဖို့ပေါ့။

◼ ဖာဟန်ဆိုတာက အလယ်အလတ်တန်းလွှာမိဘတွေကနေမွေးလာတဲ့ လူငယ်တစ်ယောက်၊ အဖေဖြစ်တဲ့သူကြောင့် ဝါသနာပါတဲ့ wild-life photographer ဘဝကို ဘေးချိတ်ထားပြီး ICE ကျောင်းမှာ အင်ဂျင်နီယာဘွဲ့လာယူတဲ့ အရူးကြီး။

◼ ရာဂျူးဆိုတာကတော့ လေဖြတ်နေတဲ့ အငြိမ်းစားစာပို့သမားအဖေနဲ့ မှီခိုအမေကြီးရဲ့ သားတစ်ယောက်၊ အသွင်းပစ္စည်းမပေးနိုင်လို့ မင်္ဂလာမဆောင်ရသေးတဲ့အစ်မတစ်ယောက်ကိုလည်း ငဲ့နေရတဲ့မောင်တစ်ယောက်။ သူကတော့ အင်ဂျင်နီယာဘဝကိုဝါသနာပါပေမယ့်လည်း ဖိအားတွေပိပြီး ဘာသာရေးကိုဖက်တွယ်ထားပြီး ရူးနေတဲ့ အရူး။

◼ အဲဒီအရူးနှစ်ယောက်ရဲ့ဘဝထဲကို နောက်ထပ်အရူးတစ်ယောက်ထပ်ရောက်လာတယ်။ အဲဒီအရူးကောင်ရဲ့နာမည် ရန်ချို။ ရန်ချိုက အင်ဂျင်နီယာဘာသာကိုရူးသွပ်တဲ့သူ၊ စက်တွေကိုကြိုက်လို့ဒီပညာကိုလာသင်တဲ့သူ၊ စာကိုသင်တာ တတ်ဖို့အတွက်ပဲသင်တဲ့သူ။

◼ ဒီအရူးသုံးယောက်ကိုကြည့်တိုင်း ကျွန်တော်တို့ကိုယ့်ကိုယ်ကိုအမြဲပြန်မြင်မိတယ်။ ဖာဟန်တစ်ယောက် ကင်မရာကိုဘေးချပြီး စိတ်မပါပဲစာသင်နေရတာကိုမြင်တိုင်း အရှေ့တိုင်းကမိဘအများစုရဲ့ ဖိအားတွေ၊ မိဘတွေကိုချစ်လို့ကြောက်လို့ ဝါသနာကိုဘေးချိတ်ပြီး ဝါသနာမပါတဲ့အရာတွေကိုကြိတ်မှိတ်လုပ်နေကြတဲ့ လူတွေကို ပိတ်ကားပေါ်မှာပုံဖော်ပြလိုက်သလိုပါပဲ။

◼ မိသားစုကိုချစ်တဲ့စိတ်၊ မိသားစုရဲ့အခက်အခဲဖိအားတွေကြောင့် ရာဂျူးတစ်ယောက် စာမေးပွဲအောင်ဖို့အရေး Silencer လို hyper ဆီကိုကပ်ပြေးရ၊ ရှိသမျှဘုရားတွေကိုကန်တော့ရ၊ အဆောင်တွေဝတ်ထားဆွဲထားရနဲ့ ပူလောင်မှုတွေဟာလည်း ပိတ်ကားပြင်ပဆီကိုကူးစက်လာပါတယ်။ လက်တွေ့ဘဝမှာလည်း ကျွန်တော်တို့တွေဟာ ဒီလိုဖိအားတွေကိုရင်ဆိုင်ကြရတာပါပဲ။ ရာဂျူးဆေးရုံမှာကိုမာဝင်နေတဲ့အချိန် ပြန်သတိရလာအောင် ရန်ချိုတစ်ယောက် ရာဂျူးရဲ့အစ်မကိုဖာဟန်နဲ့ပေးစားတဲ့ပုံစံမျိုးနဲ့ဖောက်ပြတာက ရာဂျူးရဲ့ဖိအားတွေကိုနည်းလမ်းတစ်ခုနဲ့ပြသပေးနေပါတယ်။

◼ ဖာဟန်နဲ့ရာဂျူးတို့တွေ အရူးဘဝကနေလွတ်သွားအောင် ရန်ချိုက ကူညီခဲ့ပေမယ့် ရန်ချိုကတော့ သူ့ရဲ့အရူးဘဝကိုမစွန့်လွှတ်ခဲ့ပါဘူး။ သူဆက်ပြီးရူးသွပ်တယ်။ ပီယာဆိုတဲ့ကောင်မလေးကိုချစ်ပေမယ့် ဒီအရူးကြီးက ပိုင်ဆိုင်ဖို့မကြိုးစားပဲ ဆက်ပြီးရူးသွပ်တယ်။ အဲဒီရူးသွပ်မှုကပဲ မီလီမီတာကို ကီလိုမီတာဘဝအထိရောက်လာအောင်ကူညီပေးနိုင်ခဲ့တယ်။ ရန်ချိုရဲ့ရူးသွပ်မှုဟာ အကောင်းနဲ့အဆိုးတွေမျှနေတယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။

◼ အဲဒီအရူးသုံးယောက်အပြင် နောက်ထပ်အရူးကြီးတစ်ယောက်ကတော့ ကျောင်းအုပ်ဆရာကြီး ဗီရူး ခေါ် ဗိုင်းရပ်စ်ပါပဲ။ သူ့ရဲ့ရူးနည်းကတော့ ဂုဏ်ရူးတဲ့ရူးနည်းပါပဲ။ အချိန်ကုန်သက်သာအောင် အင်္ကျီကိုကပ်ခွာဝတ်တယ်၊ စာကိုလက်နှစ်ဖက်နဲ့ရေးပြီး ငါဟာအတော်ဆုံးဆရာ၊ ငါ့ကျောင်းကကျောင်းသားတွေကလည်းငါလိုတော်ရမယ်၊ ငါ့သားဟာလည်း အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ မာနရူးပါ။ သူ့ရဲ့ဇာတ်ကောင်စရိုက်ဟာ ရုပ်ရှင်သဘောအရတော့ မုန်းစရာကောင်းပေမယ့်လည်း လက်တွေ့ဘဝမှာ ဗိုင်းရပ်စ်လိုလူတွေအများကြီးရှိပါတယ်။

◼ ဒါဆိုရင် ရန်ချိုလိုလူတွေရော။ ရန်ချိုလိုမျိုး စာကိုလိုလိုချင်ချင်သင်ယူပြီး ပညာနောက်ကိုပဲလိုက်စားတတ်တဲ့သူကို ဘာလို့အရူးလို့ပြောကြတာလဲ။ ရှင်းပါတယ်၊ လူတွေလုပ်နေကျပုံစံတွေကနေကွဲထွက်ပြီး သူ့အတွက်အသင့်တော်ဆုံး၊ သူ့အတွက်အပျော်ရွှင်ရဆုံးတွေကိုပဲရွေးပြီးလုပ်ပြသွားလို့ပါပဲ။

◼ လက်တွေ့ဘဝမှာ ကျွန်တော်တို့တွေဟာ ဖာဟန်လား၊ ရာဂျူးလား၊ ရန်ချိုလား ဆိုတာကတော့ အဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်ပါပဲ။

(ဒီကနေ့ကတော့ ရန်ချို့ကို ချာတူးစိန်ခေါ်သွားတဲ့ စက်တင်ဘာ ၅ ရက်နေ့ဖြစ်ပါတယ်)

Ibrahim ရေးသည်။

🍀“ စကားလုံးတွေမှာ စွမ်းအင်ရှိတယ်…“🍀    စကားလုံးတွေတိုင်းမှာ စွမ်းအင်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ စကားလုံးတွေ...၊...
23/10/2023

🍀“ စကားလုံးတွေမှာ စွမ်းအင်ရှိတယ်…“🍀

စကားလုံးတွေတိုင်းမှာ စွမ်းအင်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ စကားလုံးတွေ...၊ သူများကိုပြောလိုက်တဲ့ စကားလုံးတွေတိုင်းမှာ စွမ်းအင်ရှိတာမို့ ပြောတဲ့အတိုင်း ဖြစ်လာတတ်ပါတယ်။

ကောင်းတဲ့စကားဖြစ်စေ၊ ဆိုးတဲ့စကားဖြစ်စေ..ပြောတဲ့လူရဲ့ စိတ်ထဲကနေ ဇောပြင်းပြထက်သန်စွာနဲ့ ပြောလေလေ...အစွမ်းထက်လေပါပဲ။ နေ့တိုင်းလိုလို ထပ်တလဲလဲပြောနေလေလေ စကားလုံးတွေ က အစွမ်းထက် အသက်ဝင်လာပြီး ကိုယ့်ရဲ့ဘဝကို ရုပ်လုံးပေါ်လာ အောင် ခြယ်လှယ်ပုံဖော်လေလေပါပဲ။

ဒါကြောင့် ကျွန်မတို့ရဲ့စိတ်ကနေ စိတ်လိုက်မာန်ပါ ပြော လိုက်တဲ့စကားလုံးတိုင်းကို သတိထားထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်မငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာကြည့်ပြီး စကား ပြောလေ့ရှိပါတယ်။ အဲ့ဒီတုန်းကတော့..Autosuggestion လုပ်တယ် လို့ခေါ်ပါတယ်။ ခုခေတ်မှာတော့ Affirmation လုပ်တယ်၊ Manifestation လုပ်တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။

ကျွန်မငယ်ငယ်တုန်းက အရမ်းအောင်မြင်ချင်တဲ့စိတ်က ထက်သန်ပြင်းပြလေတော့...မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် “ ငါ အောင်မြင်ရမယ်၊ ငါ့မှာ အောင်မြင်ချင်တဲ့စိတ် တကယ်ရှိတယ်၊ အောင်မြင်အောင်လည်း ကြိုးစားနေတယ်၊ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်၊ အောင်မြင်မှာသေချာတယ်..” စသဖြင့် လေးလေး နက်နက် ယုံယုံကြည်ကြည် ရွတ်ဆိုပြောဆိုပေးလေ့ရှိပါတယ်။

မနက်စောစော အဲ့ဒီလို ရွတ်ဆိုပြောဆိုလိုက်ပြီးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကလည်း အလိုလိုဝင်ရောက်လာတတ်ပါတယ်။ အလုပ်လုပ်ရတာလည်း ပျော်ရွှင်ထက်သန်နေပါတယ်။

ကျွန်မက ကရဝိတ်မှာ စာသွားရေးနေကျမို့...စာသွားမရေးခင်မနက်တိုင်း အဲ့ဒီလိုလေး ကိုယ့်ကိုယ်ကိုယ် စကားလုံးလေးတွေနဲ့ အားပေးချီးမြှောက်ပြီးမှ စာသွားရေးပါတယ်။ တစ်ခါတလေ စိတ်ကူးမပေါ်သေးလို့ စာရေးချင်တဲ့စိတ်မရှိလည်း သွားထိုင်ပြီး ကော်ဖီ တစ်အိုးမှာပြီး ကန်တော်ကြီးရေပြင်ကျယ်ကြီးကိုငေးလိုက်၊ သစ်ပင် စိမ်းစိမ်းတွေ အုံ့ဆိုင်းနေတဲ့ ကျွန်းကလေးဆီကိုငေးလိုက်နဲ့...စိတ်ကို ရှင်းကြည်နေအောင် ထားလိုက်ပါတယ်။

အဲ့ဒီလိုဆို မကြာပါဘူး၊ ခေါင်းထဲမှာ စာလုံးတွေ အစီအရီပေါ်လာတတ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေလည်း ရုပ်ရှင်တစ်ကားလို ပီပီပြင်ပြင်ပေါ်လာကြပြီး၊ တစ်လောကလုံးကိုမေ့ပြီး စိတ်ကူးဥာဏ်တွေ တသွင်သွင်စီးဆင်းကွန့်မြူးလာတော့တာပါပဲ။

တစ်ထိုင်တည်းလည်း ထမင်းမေ့ဟင်းမေ့ရေးလိုက်ရင် စာမျက်နှာ နှစ်ဆယ်လောက် ပြီးသွားတတ်တာ မယုံနိုင်စရာပါပဲ။ ဒါဟာ... စိတ်ရဲ့တန်ခိုး၊ စကားလုံးတွေရဲ့တန်ခိုးလို့ ပြောလို့ရပါတယ်။

လူတချို့ရှိပါတယ်...” ငါဟာ ဘယ်တော့မှအသုံးမကျဘူး၊ ဘာလုပ်လုပ်အဆင်မပြေဘူး၊ ဒီတစ်သက် ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး…” စသဖြင့် ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဆူပူငြူစူတတ် ကြတာ တွေ့ဖူးပါတယ်။ စကားလုံးတွေရဲ့အစွမ်းကြောင့် တကယ့် လက်တွေ့ဘဝမှာ သူ့ရဲ့စွမ်းအင်တွေ၊ ယုံကြည်မှုတွေ ကျဆင်းထိခိုက်သွားတာကို သူမသိပါဘူး...သူ့ဘဝဟာ သူပြောတဲ့အတိုင်းပဲ ဘာမှဖြစ်မလာဘဲ အဆင်မပြေမြဲ ဘာမှဖြစ်မလာဆဲပါပဲ။

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တန်ဖိုးထားစွာ၊ လေးစားမြတ်နိုးစွာ စကားပြောပေးဖို့ လိုအပ်ပါတယ်။ ကျွန်မ ခင်မင်လေးစားရတဲ့ မိတ်ဆွေတစ်ယောက်ဆို...သူ့ကိုယ်သူ နောက်ထပ် ကိုယ်ပွားကလေးတစ်ယောက်ရှိသလို သဘောထားပြီး စကားပြော လေ့ရှိပါတယ်တဲ့။

သူ့နာမည်လေး သူပြန်ခေါ်ပြီး...“ ငါ မင်းကိုသိပ်ချစ်တာပဲ...၊ မင်းက အရမ်းတော်တာပဲ...၊ အလုပ်တွေလည်း ကြိုးစားတယ်...မင်းကို တကယ်လေးစားတယ် သိလား...” စသဖြင့် ကိုယ့်နာမည်လေး ကိုယ်ပြန်ခေါ်ပြီး ကိုယ့်ကိုယ် ကိုယ် ရင်းနှီးချစ်ခင်စွာ၊ တန်ဖိုးထားစွာ စကားပြောပေးတတ်သူတစ်ယောက် ဖြစ်ပါတယ်။

အဲ့ဒီမိတ်ဆွေဟာ လူတကာတိုင်းက ချစ်ခင်ကြည်ညိုလေးစားရတဲ့၊ မေတ္တာတရားလည်း အလွန်ကြီးမားတဲ့၊ လူအများအတွက် ပရဟိတအလုပ်တွေ လုပ်ပေးနေတဲ့ဘဝမှာ အောင်မြင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

စကားလုံးတွေရဲ့အစွမ်းကို သိမြင်လာပြီးတဲ့နောက်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်လည်း ဂရုတစိုက် ကောင်းတာလေးတွေပဲသတိထားပြီး ရွေးပြောလေ့ရှိပါတယ်။ ကိုယ့်အနီးအနားမှာရှိသူ တွေ၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေသူတွေ၊ ကိုယ့်မိသားစု၊ ကိုယ့် မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ကောင်းမွန်တဲ့စကားလေးတွေ၊ ချစ်ခင်အကျိုးပြုတဲ့စကားလေးတွေ ရွေးချယ်ပြောမိတတ်ပါတယ်။

သူ့ရဲ့ကောင်းကွက်ကလေးတွေကို ချီးမွမ်းပြောပြပေးတာ၊ ကိုယ့်အပေါ် ကူညီဖြည့်ဆည်းပေးတဲ့အခါ...ကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောပေးတာမျိုး လုပ်ပေးခြင်းဟာ...သူ့အတွက်ရော ကိုယ့်အတွက်ပါ တကယ်စိတ်ချမ်းသာစေတဲ့ ပေါင်းသင်းဆက် ဆံရေးတစ်ခုလည်း ဖြစ်စေပါတယ်။

ဒါကြောင့်...ကောင်းတဲ့စကား လုံးတွေရဲ့စွမ်းအင်နဲ့ ကိုယ့်ဘဝကိုယ် ပုံဖော်တည်ဆောက်ကြည့်ပါ။ သူများကိုလည်း ကောင်းတဲ့စကားလုံးလေးတွေရဲ့ စွမ်းအင်နဲ့...သူ့ ဘဝကို ပျော်ရွှင်စိတ်ချမ်းသာအောင် ကူညီပေးပါ။ စကားလုံးတွေ တိုင်းမှာ တကယ်စွမ်းအင်ရှိတတ်လို့ပါ။

#လွန်းထားထား
#နောင်တရဲ့အဝေးမှာ
#နားလည်ခြင်းစာစုများ
#စာအုပ်လေးထွက်နေပါပြီ..

အချစ်ရဆုံးသမီးလေးရေ…လူတွေက ကိုယ်ကောင်းသလောက်လည်း ပြန်မကောင်းတတ်ကြဘူးလို့ ညည်းညူမနေပါနဲ့..။ သူကိုယ့်အပေါ် ကောင်းခြင်းမကော...
23/10/2023

အချစ်ရဆုံးသမီးလေးရေ…

လူတွေက ကိုယ်ကောင်းသလောက်လည်း ပြန်မကောင်းတတ်ကြဘူးလို့ ညည်းညူမနေပါနဲ့..။ သူကိုယ့်အပေါ် ကောင်းခြင်းမကောင်းခြင်းဟာ..သူနဲ့ပဲ သက်ဆိုင်ပါတယ်..။ ကိုယ့်ဘက်က ကောင်းနေပါလျက်နဲ့ သူမကောင်းနိုင်တာ..သူ့ကိစ္စပါ…။ ကိုယ့်ဘက်က ကောင်းနေဖို့ပဲလိုပါတယ်..။

သူများက ကိုယ့်အပေါ် မကောင်းတဲ့အခါ..ဝမ်းနည်းခံစားမနေပါနဲ့..။ ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးဆက်ဆံပေးလိုက်ပါ…။

ကိုယ်ချစ်သလောက်..သူများက ပြန်မချစ်ပေးနိုင်တဲ့အခါမှာလည်း နာကျင်ခံစားမနေပါနဲ့..။ အချစ်ဆိုတာ..ကိုယ်ပေးသလောက် သူပြန်ပေးချင်မှ ပေးနိုင်မှာပေါ့..။ ကိုယ်နဲ့တကယ်ထိုက်တန်တဲ့သူ..လူမှန်မဟုတ်သေးသ၍ အပေးအယူမမျှတတာကို ခံစားနေရဦးမှာပါပဲ..။

သူကိုယ့်ကို ဘယ်လောက်ပြန်ချစ်ပေးရမယ်ဆိုတာ..ကိုယ်ထိန်းချုပ်ထားလို့မရတဲ့ကိစ္စပါ..။ သူများဆီက ကိုယ်မျှော်လင့်သလောက် အချစ်တွေပြန်မရတဲ့အခါ..နှလုံးသားတွေကွဲကြေမခံပါနဲ့…။ ကိုယ့်ကိုယ်ကိုယ် ရက်ရက်ရောရောချစ်ပေးလိုက်ပါ…။ကိုယ့်ကိုယ့်ကိုယ်လေးစားပါ…တန်ဖိုးထားပါ..ဂရုစိုက်ပါ..။ ကိုယ်ချစ်တဲ့ကိုယ့်ကို တခြားဘယ်သူကမှ နာကျင်စိတ်ထိခိုက်အောင် မလုပ်ပါစေနဲ့…။

ချစ်တဲ့မေမေ
#လွန်းထားထား
#အချစ်ရဆုံးသမီးလေးသို့

ဆရာမင်းမူပိုင်ရဲ့  #ဟီလာရီ ခံစားရတယ် ။စကားလုံးတွေ မိမိုက်နေရောပဲ ဟီလာရီရေသွားလည်းသတိ ၊ လာလည်းသတိ အရာရာ သတိနဲ့နေပါ ငါ့ကို...
23/10/2023

ဆရာမင်းမူပိုင်ရဲ့ #ဟီလာရီ
ခံစားရတယ် ။
စကားလုံးတွေ မိမိုက်နေရောပဲ

ဟီလာရီရေ
သွားလည်းသတိ ၊ လာလည်းသတိ
အရာရာ သတိနဲ့နေပါ
ငါ့ကိုလည်း သတိရပါ ။

" #ခေါင်းဆောင်မှုသင်တန်းတစ်ခုကရသောအတွေးအမြင်တချို့"        "လူတွေက ပုံသဏ္ဍာန်အားဖြင့် အနှောင့်အယှက် မဖြစ်ကြ။ရှုမြင် သုံး...
16/10/2023

" #ခေါင်းဆောင်မှုသင်တန်းတစ်ခုကရသောအတွေးအမြင်တချို့"

"လူတွေက ပုံသဏ္ဍာန်အားဖြင့် အနှောင့်အယှက် မဖြစ်ကြ။ရှုမြင် သုံးသပ်ပုံအားဖြင့်သာ အနှောင့်အယှက် ဖြစ်ကြသည်။"

ဒီစကားကို အေပီတေးတုစ်ဆိုသူက ပြောခဲ့ကြောင်း ဆရာတစ်ယောက်မျှဝေလို့ သိခွင့်ရခဲ့တယ်။ကျွန်မတို့ လူသားရပ်ဝန်းမှာလည်း ဒီလိုပါပဲ။အပြုအမူတစ်ခု၊စကားတစ်ခွန်း၊အကြောင်းအရာလေးတစ်ခုက လက်ခံသူပေါ် မူတည်ပြီး ပြောင်းလဲသွားတတ်ကြတယ်။

လူသားဆိုတဲ့ သတ္တဝါက ကိုယ်ထင်ရာ မြင်ရာ တွေးထင်ပြီး ကောက်ချက်ချတတ်တာမျိုးမဟုတ်လား။စေတနာနဲ့ ပြောတဲ့စကားပေမယ့် လက်ခံသူက ခံယူနိုင်စွမ်း မရှိရင် ဝေဒနာတွေလို့ ထင်သွားတတ်တယ်။မခံယူတတ်တော့ အဆုံးသတ်ကျ မိမိဘဲ နစ်နာရတယ်။အရာရာကို အမြင်ရှင်းပြီး အရှင်းမြင်တတ်ဖို့တော့ လိုပါတယ်။

ကြားနာဖူးတာလေးတစ်ခု အမှတ်ရမိပါရဲ့။လေယာဥ်ခရီးတစ်ခုမှာ အဖိုးအိုတစ်ဦးနဲ့ မိန်းမငယ်တစ်ဦးက ထိုင်ခုံတစ်ခုထဲ အတူယှဥ်တွဲထိုင်မိသတဲ့။ခရီးတစ်ထောက်နားချိန် စားကြသောက်ကြတော့လည်း အတူတူပေါ့လေ။

အဲ့ဒီမှာ အဖိုးအိုက မိန်းမငယ်ကို မုန့်လေးတစ်ခု ကျွေးတယ်။အဖိုးအိုပေးတဲ့ မုန့်ကိုမြင်တော့ မိန်းမငယ်က စိတ်ဆိုးသွားတယ်တဲ့။မုန့်က သူ့မုန့်ဖြစ်နေတာကိုး။

"ဒီအဖိုးကြီး ငါ့မုန့်ကို ယူပြီး ငါ့ကိုပြန်ကျွေးနေတယ်"။

မိန်းမငယ်က သူ့မုန့်နဲ့ သူ့ကို ပြန်ကျွေးတယ်လို့ ထင်ပြီး သူ့အတွေးနဲ့သူ စိတ်တိုလွန်းလို့ ငြိမ်သက်သွားတယ်။မကောင်းတတ်လို့သာ ယူစားလိုက်ရပေမယ့် ကျေးဇူးတင်စကားတောင် မပြောမိဘူး။ပြောဖို့လည်း လိုမှမလိုဘဲကိုး။

အဲ့လိုနဲ့ လေယာဥ်ခရီး ပြန်စတယ်ပေါ့။လေယာဥ်တစ်ချက် အယိမ်းမှာ မိန်းမငယ်အပေါ်ကို အရာလေးတစ်ခု ပြုတ်ကျလာတယ်။အဖိုးအို ကျွေးခဲ့တဲ့ မုန့်နဲ့ နာမည်တူ၊အရောင်တူ၊အရသာတူ မုန့်ထုပ်လေး ဖြစ်နေသတဲ့လေ။အဖိုးအိုက စေတနာနဲ့ သူ့ရဲ့မုန့်ကိုသာ ကျွေးခဲ့တာဖြစ်မှန်းလည်း သိသွားတယ်။မိန်းမငယ်က သူ့ရဲ့ အထင်အမြင်မှားမှုအတွက် ပြန်တောင်းပန်တော့ အဖိုးအိုက ပြုံးပြုံးကြီးနဲ့ ကျေအေးခွင့်လွှတ်ပေးသတဲ့။

ဒီဇာတ်လမ်းလေးထဲကလိုပေါ့။ကျွန်မတို့တွေဟာ သူတစ်ပါးက ကိုယ့်အပေါ် ထားတဲ့ စေတနာကို အလွယ်တကူ မမြင်တတ်ကြဘူး။မခံယူ တတ်ကြဘူး။ကိုယ့်အတွက် စေတနာနဲ့ ပြောပေး၊လုပ်ပေး၊တွေးပေးတာကို မသိဘဲ ကိုယ့်ကိုစော်ကားတယ်လို့သာ ထင်တတ်ကြတယ်။ငါမှန်တယ်။ငါတော်တယ်လို့ သတ်မှတ်ပြီး ထောင်လွှားနေတတ်ကြတယ်။စေတနာကို ဝေဒနာဖြစ်အောင် ဖန်တီးပြုမူတတ်ကြတယ်။

တကယ်တော့ လောကကြီးမှာ ပြီးပြည့်စုံသူရယ်လို့ မရှိပါဘူး။တစ်ပါးသူရဲ့ အကြံပြု ကူညီမှုကိုလည်း ယူဆောင်ရပါမယ်။အရပ်စကားနဲ့ ပြောရရင် "ငပိဖုတ်တောင် ဆရာ မပြ နည်းမကျ" မဟုတ်လား။ကောင်းစေချင်လို့ ​ပြောပြ ညွှန်ပြမှုတွေကို လက်ခံသင့်ရင် ခံရပါမယ်။

ကိုယ်တိုင်မရောက်ဖူးတာနဲ့ပဲ သမုဒ္ဒရာရေ မငန်ဘူးလို့ ပြိုင်ငြင်းလို့မှ မရတာ။တချို့အလုပ်တွေမှာ ကိုယ့်ထက် ကျွမ်းကျင်သူတွေ ရှိတယ်။တတ်မြောက် နားလည်သူတွေ ရှိတယ်။သူတို့တွေရဲ့ စေတနာနဲ့ ညွှန်ပြမှုကို သိမြင်တတ်ဖို့လိုပါတယ်။မကောင်းမြင်စိတ်နဲ့ ရှုရင် မကောင်းတာပဲ မြင်မှာ၊ဖြစ်မှာပါ။သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ထားပြီး တွေးပေးတတ်ရင် အရာရာဟာ အဆင်ပြေမယ် ထင်ရဲ့။

လူတိုင်းက အမှား လုပ်မိနိုင်တယ်။လူတိုင်းလည်း မှားတတ်ကြပါတယ်။ဒါပေမယ့် အမှားကို သိရင် အမှန်ပြင်နိုင်ဖို့တော့ လိုပါတယ်။မှားမှန်းသိရင် တောင်းပန်ရဲတဲ့ သတ္တိလည်း ရှိရပါမယ်။သို့မှသာ ကိစ္စအရပ်ရပ် အောင်မြင်ပြီး ကိုယ်တိုင်လည်း လူပီသသူတစ်ယောက် ဖြစ်မည်ဟု ထင်မြင်မိပါကြောင်း...။

#ဆူးခက်ထွဋ်(လေးအိမ်စု)
14.10.2021

Photo:crd

မင်္ဂလာနံနက်ခင်းလေးပါရှင့်
16/10/2023

မင်္ဂလာနံနက်ခင်းလေးပါရှင့်

ချစ်လား
13/10/2023

ချစ်လား

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေး...
13/09/2023

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့၊ သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။
အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။

ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။

အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေတောင်ထွက်လာတတ်သေးတဲ့ငါးကင်တွေ၊ နောက်တစ်ခါ ဆိုင်ကြီးကနားကြီးတွေနဲ့ရောင်းပြီး ဈေးကြီးပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့အိုးထဲထည့်ပြီး ကျက်မှန်းမသိ မကျက်မှန်းမသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာလို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေကို မျက်စိထဲမှာပြေးမြင်မိတယ်။ အသိဉာဏ် ဗဟုသုတမရှိလို့ စားတာလားဆိုတော့လည်း ကိုယ့်ဆရာဝန်တွေတောင် အတော်များများ အားပေးကြတာတွေ့ရတယ်။

တစ်ခါတလေကြုံလို့ အပြောင်းအလဲအဖြစ်စားမိတာမျိုးက မထောင်းသာလှပေမယ့် တစ်ချို့လူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်းကို စားကြတာလည်းတွေ့ရတယ်။ အဲဒီလူတွေထဲမှာ ဒီအစာတွေဟာ ဒီလိုဒုက္ခတွေပေးတတ်တယ်ဆိုတာ သိတဲ့သူတွေအများကြီးပါတာလည်း တွေ့ရတယ်။

အဲဒီတော့ ပြောစရာက တစ်ခုပဲရှိတော့တယ်၊ သေရဲရင် စားသာစားကြပေတော့လို့ပဲ။

Photo by fb.

Support myanmar
20/08/2023

Support myanmar

 #နင့်အလိုကျပေါ့
20/06/2023

#နင့်အလိုကျပေါ့

တစ်ညလုံး မအိပ်လိုက်ရဘူး😐😐  funny
19/06/2023

တစ်ညလုံး မအိပ်လိုက်ရဘူး😐😐

funny

အဲဒါ 🇲🇲 မြန်မာကွ 🇲🇲💯💯💯💯💯😎 အမေရိကန် တိုးရစ်တစ်ယောက် မြန်မာပြည်သို့ ရောက်လာခဲ့ပြီးနောက် Taxi တစ်စီး ငှားစီး လေသည် ။Driver ...
17/06/2023

အဲဒါ 🇲🇲 မြန်မာကွ 🇲🇲
💯💯💯💯💯

😎 အမေရိကန် တိုးရစ်တစ်ယောက် မြန်မာပြည်သို့ ရောက်လာခဲ့ပြီးနောက် Taxi တစ်စီး ငှားစီး လေသည် ။

Driver ကတော့ မြန်မာလူမျိုးပေါ့
တံတားတစ်ခုနားရောက်တော့

😎 တိုးရစ်ကြီးက
'' အဲ့တာ ဘာတံတားလဲ ''
''ဘုရင့်နောင်ဂုံးကျော်တံတားပါ''

'' ဆောက်တုန်းက ဘယ်လောက်ကြာလဲ ''
''တစ်နှစ်ကြာပါတယ်ခင်မျာ''

😎 ''အင်း တို့ဆီမှာဆို ၆လနဲ့ အပြီးဆောက်နိုင်တယ်''

😎 ဒီလိုနဲ့ နောက်တစ်ခုကိုရောက်တော့
'' အဲ့တာရော ဘာတံတားလဲ ''
'' ရွှေဂုံတိုင်ဂုံကျော်တံတားပါ ''

'' ဆောက်တုန်းက ဘယ်လောက်ကြာလဲ ''
'' ၈ လ ကြာပါတယ် ''

😎 ''ဒီတံတားလောက်ကတော့ တို့ဆီမှာဆို
၂ လ လောက်ပဲ ကြာတယ် ''

😓 မြန်မာ taxi ဒရိုင်ဘာ မှာ ဒေါသထွက်
လာလေပြီး ဒါ သက်သက်ကြွားနေတာ ဒီတိုးရစ်တော့ နေဦးပေါ့ကွာ

😎 သို့နှင့် လှည်းတန်း ဂုံးကျော်တံတား သို့ ရောက်လာခဲ့ လေသည် ထုံးစံအတိုင်း
တိုးရစ်ကြီးက
'' အဲ့တာ ဘာတံတားလဲ ''

😓 Taxi driver လည်း
'' မသိဘူး မနက်ကလာတော့ မရှိသေးဘူးဗျ''


🚘🚘🚘🚘🚘
ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ

15/06/2023

မြန်မာတွေဟာ ...
တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်....
ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် -
ဓါတ် ဆိုတဲ့ စကားလုံးကို သုံးပစ်ကြတယ်တဲ့ ၊

ဟိုး..အရင်တုန်းက ဝမ်းသွားတာကို
ဘာကြောင့်မှန်း မသိကြတော့..
ဓါတ်သွား တယ် လို့ ဆိုကြတယ်...
ဝမ်းသိပ်မသွားတော့
ဓာတ်ချုပ်တာ တဲ့..

ပြားပြား အဝိုင်းလေးကနေ အသံတွေထွက်တော့ ဓါတ်ပြား တဲ့ ..
ဓာတ်ပြားကို လည်စေတဲ့အရာကျ
ဓာတ်စက်...

ရေနွေးတွေ အကြာကြီး ပူနေစေတော့
ဓာတ်ဗူး...
နေမကောင်းတဲ့သူတွက် အဟာရ က
ဓါတ်စာ ...
အပင်တွေကို သန်စေတော့
ဓာတ်မြေသြဇာ...
ဘာဖြစ်မယ် မသိတော့
ဓာတ်မတည့်...
ဘာဖြစ်မှန်း အသိလွယ်ရင်
ဓာတ်ပေါက်တယ်...
သောက်တလွဲတွေ ဖြစ်ရင်
ဓာတ်ပျက်ပြီ...
ထူးထူးဆန်းဆန်း လုံးလုံးလေးကို
ဓါတ်လုံး …
မီးလာတဲ့ တိုင်ကြီးကြတော့ ဓါတ်တိုင် …
အဲ သွားကိုင်လို့ တုန်ကျင်သွားရင်တော့
ဓါတ်လိုက် တာ ပါ တဲ့ ၊

ခလုတ်နှိပ်ရင် အပေါ်တက် အောက်ဆင်း တော့
ဓာတ်လှေခါး
လေးထောင့်ပစ္စည်းလေးကနေ ရိုက်ပြီးထွက်လာ လို့ ဓါတ်ပုံ … ၊
ဓာတ်ပုံတွေ ရိုက်တဲ့သူကို
ဓာတ်ဖမ်းတာ...

အရုပ်တွေနဲ့ လှုပ်ရှားပြီး ပိတ်ကားပေါ်မြင်ရတော့ ဓါတ်ရှင် …
အာ့ထဲ သရုပ်ဆောင်တဲ့သူတွေကြတော့
ဓါတ်ရှင်မင်းသား/မင်းသမီး …

ဘာမှန်းမသိတဲ့ လူကြီးကိုကျတော့
ဓာတ်ဘဲကြီး...
ဘာမှန်းမသိ အားတွေထွက်နေတဲ့ အခဲလေးကို
ဓာတ်ခဲ...
အာ့လေး ထိုးထည့်လို့လင်းတော့..
ဓာတ်မီး...
ဟော မော်တော်ကားတွေ ထည့်မောင်းတဲ့ ဆီကို ဓါတ်ဆီ…၊
နောက် ဓါတ်ရထား ခေါ်သေးတာ…

အောက်က ထွက်လာတဲ့ အငွေ့တွေကိုကျ
ဓါတ်ငွေ့. ..

ဆေးရုံတွေမှာ ဖလင်ထဲက ပုံပေါ်ရင်
ဓါတ်မှန် ….

ဘာမှန်းမသိတာတွေ အလုပ်ရှုပ်တဲ့နေရာကျ
ဓါတ်ခွဲခန်း ...

အရာအားလုံးမှာ မပါမပြီးတာက
ဓာတ်ကြီးလေးပါး...

ခုဒီစာကို ဖတ်မိတဲ့ သူတွေကလည်း
စိတ်ဓာတ်ပဲ😁

( အမည်မသိ စာရေးသူအား လေးစားလျက် အသိအမှတ်ပြုပါတယ်ခင်ဗျ )

messenger က မီးစိမ်းလေး
03/06/2023

messenger က မီးစိမ်းလေး

တိုးတိုးလေးမှ......တကယ့်ကို တိုးတိုးလေးပါ ။
30/05/2023

တိုးတိုးလေးမှ......
တကယ့်ကို
တိုးတိုးလေးပါ ။

ပုဂ္ဂလနာမ်စား
30/05/2023

ပုဂ္ဂလနာမ်စား

ဆရာ မြသန်းတင့်ရဲ့ လိုရင်းတိုရှင်း အက်ဆေးရေးနည်း
28/05/2023

ဆရာ မြသန်းတင့်ရဲ့ လိုရင်းတိုရှင်း အက်ဆေးရေးနည်း

01/05/2023

🌻သူ့နေရာကနေ ကိုယ်ဝင်ခံစားကြည့်ပါ…။🌻

ဘယ်လောက်ပဲ နှလုံးသားချင်း နီးကပ်ချစ်ခင်သူတွေ ဖြစ်ပါစေ..စိတ်ဆိုးဒေါသထွက်နေချိန်မှာတော့ ဒေါသတွေရဲ့ တွန်းအားကြောင့် နှလုံးသားတွေဟာ အဝေးကြီးဆီ လွင့်စင်သွားတတ်ပါတယ်..။ နှလုံးသားချင်းဝေးသွားလို့သာ..ခါတိုင်းနှစ်ကိုယ်ကြားတီးတိုးလေး ပြောလို့ကြားရတဲ့ စကားတွေကို အကျယ်ကြီးအော်ဟစ်ပြောဆိုနေရတာဖြစ်ပါတယ်..။

စိတ်ဆိုးဒေါသထွက်မိကြတဲ့အခါတိုင်း သတိလက်လွတ် အော်ဟစ်မိတတ်ကြပါတယ်..။ ဒါပေမယ့် ကိုယ်စိတ်ဆိုးနေတာကို အချိန်တိုတိုအတွင်း သတိထားမိအောင် ကြိုးစားနိုင်လေ..ကိုယ့်ဒေါသကို ထိန်းချုပ်ဖို့ အချိန်မြန်လေပဲ ဖြစ်ပါတယ်..။ ဒါဆို ဒေါသဖြစ်ကြောမရှည်တော့ဘဲ ..သူ့ကို မပြောသင့်တဲ့စကားတွေ မပြောမိတော့ဘူးပေါ့..။

စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်ဟာ နှလုံးသားတွေပူလောင်ပြီး..ချစ်ခြင်းမေတ္တာတွေ..စာနာနားလည်ခြင်းတွေ…ကိုယ်ချင်းစာနာစိတ်တွေ တဒင်္ဂပျောက်ကွယ်သွားတဲ့အချိန်လည်းဖြစ်ပါတယ်..။
ကိုယ်ဟာ ကိုယ်မဟုတ်တော့သလို..သူ့ကိုလည်း ကိုယ်ချစ်မြတ်နိုးတန်ဖိုးထားရသူအဖြစ် မမြင်နိုင်တော့ပါဘူး..။

မနေ့ညက ညကြီးမိုးချုပ်မှာ လမ်းတွေပျောက်နေတော့ ကားမောင်းနေတဲ့သူ့ကို ကျွန်မကစိတ်တိုစွာ အော်လိုက်မိပါတယ်..။ Navigator နဲ့ သွားနေတာတောင် လမ်းမှားရသလားပေါ့..သူကလည်း ကားမောင်းနေရင်း စိတ်ဖိစီးမှုတွေများနေချိန်မို့ လေသံခပ်ကျယ်ကျယ်နဲ့ ပြန်အော်တဲ့အခါ ကျွန်မက ကိုယ့်ကိုအော်ရမလားလို့ ပိုစိတ်ဆိုးပါလေရော..။ ကိုယ့်ကို ဘာလို့ အော်ရတာတုန်း..လို့ ကျွန်မကမေးတော့..ဘယ်သူက အရင်အော်တာလဲတဲ့..သူကပြန်ချေပပါတယ်..။ တကယ်တော့ စိတ်တိုနေချိန်မှာ..အပြန်အလှန် အပြစ်တင်ဖို့လည်း အင်မတန်လွယ်ကူပါတယ်..။

သေသေချာချာပြန်စဉ်းစားကြည့်တော့..ပြဿနာဖြစ်ရခြင်း..အဆင်မပြေဖြစ်ရခြင်းဆိုတာဟာ..ကျွန်မတို့မကြိုက်တဲ့အရာတွေကို သူများကိုတော့ ကိုယ်က ပေးနေပြီး..သူ့ဘက်က ပြန်ပေးရင်..မကျေနပ်လက်မခံနိုင်အောင် ဖြစ်ကြရလို့ပါပဲ..။ကိုယ်မလိုချင်တဲ့အရာကို သူများကို ပေးနေမိလို့ ပြဿနာဖြစ်ရတာပါ..။ ကိုယ့်ကို အော်တာ မကြိုက်ရင်..သူများကိုလည်း မအော်မိဖို့ အရေးကြီးပါတယ်..။ ကိုယ့်ကို လေးစားစွာ..ဆက်ဆံစေချင်ရင် သူများကိုလည်း လေးစားစွာ ဆက်ဆံပေးရမှာပါဖြစ်ပါတယ်..။

သမီးလေးကိုကြိုပြီးချိန်မှာတော့ သူ့သူငယ်ချင်းအိမ်အသစ်ပြောင်းသွားလို့..လို့ပြောမှ ကျွန်မတို့ လမ်းမှားရခြင်းအကြောင်းရင်းကို သိခွင့်ရပါတော့တယ်..။ ကိုယ်သိထားတဲ့ အိမ်မဟုတ်တော့ဘူးလေ..။ သမီးလေးက သူ့သူငယ်ချင်းအဖေနဲ့အမေ ကွာရှင်းလိုက်လို့ အိမ်ခွဲနေကြတာလို့..ဆိုတော့..ကျွန်မက ကြားကနေ စိတ်မကောင်းဖြစ်ရပါသေးတယ်..။

အိမ်ထောင်တစ်ခုဟာ နှစ်ပေါင်းများစွာ နှောင်ဖွဲ့တည်ဆောက်လာပြီး..ကလေးတွေတောင် ကြီးလာမှ ဘာကြောင့်များ ကွာရှင်းရတာပါလိမ့်..လို့ တွေးရင်း ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်..။ အဓိက အကြောင်းရင်းကတော့ တစ်ယောက်ရဲ့သည်းညည်းကို တစ်ယောက်က မခံနိုင်တော့လို့..နားလည်ခွင့်လွှတ်မပေးနိုင်တော့လို့..မာနတွေ မလျှော့နိုင်ကြလို့..ဒါမှမဟုတ် အသစ်တွေ့လို့..စသဖြင့် ဖြစ်နိုင်ပါတယ်..။

ဆက်ဆံရေးတစ်ခုမှာ အရေးကြီးတဲ့အချက်က သူ့နေရာကနေ ကိုယ်ဝင်ံခံစားကြည့်ဖို့ပဲဖြစ်ပါတယ်..။ ငါ..သူ့ကို အော်လိုက်မိတော့..သူ ဘယ်လိုများခံစားလိုက်ရမလဲ…ငါ သူ့ကို အပြစ်တင်လိုက်တဲ့အခါ..သူ့စိတ်ထဲ အပြစ်ရှိသူလို ခံစားသွားရမလား..ငါ သူ့ကိုထိခိုက်နာကျင်အောင် စွပ်စွဲပြောဆိုလိုက်ရင်..သူ့ရဲ့ကိုယ်ကျင့်သိက္ခာကိုများ ထိခိုက်သွားမလား..စသဖြင့် သူ့နေရာမှာ ကိုယ်ဝင်ခံစားကြည့်လိုက်တဲ့အခါ..သူ့အပေါ် ကိုယ်ချင်းစာနာနိုင်လာပါလိမ့်မယ်..။ သူ့ခံစားချက်တွေကိုလည်း..ကိုယ်ခံစားရသလို ခံစားနိုင်လာပါလိမ့်မယ်..။

အဲ့ဒီလို သူ့ဘက်ကို တွေးပေးတဲ့အကျင့်လေး ရှင်သန်လာပြီဆိုရင်..သူ့ကိုနာကျင်ထိခိုက်စေမယ့်..စကားတွေ..အပြုအမူတွေ မပြောဖြစ်ဖို့..မလုပ်ဖြစ်ဖို့ ထိိန်းချုပ်နိုင်လာပါလိမ့်မယ်..။ ဒါဆိုရင် ကွာရှင်းလမ်းခွဲရလောက်တဲ့အထိ စိတ်လိုက်မာန်ပါတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့..။ နားလည်ပေးခြင်းဆိုတာ..ဆက်ဆံရေးတစ်ခုရဲ့ အဓိက သော့ချက်လည်းဖြစ်ပါတယ်..။

#လွန်းထားထား
#နောင်တရဲ့အဝေးမှာ
#နားလည်ခြင်းစာစုများ

မိန်းမတွေဆိုတာ🥰ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ်။အသင့် အိပ်ပျော်နေရှာတ...
01/05/2023

မိန်းမတွေဆိုတာ🥰

ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ်။

အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေး တစ်ချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ်။

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ?
ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့
အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်
အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ပြန်တယ် ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူ ပျော်နေပြန်တယ်။

ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့ မေးနေမိတယ် ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေ နိုင်ကြတာလဲ
ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲ ?

တစ်နေ့လုံး ယောကျာ်းလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကို ထောင်လို လုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကျတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန် လာ သွားချင်တဲ့ အချိန် သွား
ဖြစ်နေကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေ နေတာလဲ ?

တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ်
မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ ?

ဘယ်လိုဖြစ်လို့ ယောကျာ်းတွေ တာဝန် ခံပြီး တာဝန် မယူကြတော့တာလဲ ? ပြေးမယ် ဆိုလဲ ပြေး ဘယ်အထိ ပြေးကြမလဲ ?

ဒီလိုတွေ တွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော် တွေးလိုက်တယ်။

ကျွန်တော့မှာ အမေ ရှိတယ်

ကျွန်တော့မှာ မိန်းမလဲ ရှိတယ်
ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ်
မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်း ပေါ့

ဘာကြောင့်လဲ ဆိုရင်

သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ ရင်းပြီး လောကထဲကို ခေါ်ဆောင် လာခဲ့တယ်။

နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကို လာခဲ့တဲ့ သူပါ။

အမေဆိုတာလဲ တစ်ချိန်က မိန်းမ ဖြစ်ခဲ့တယ်
လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း တစ်ချိန်မှာ အမေ ဖြစ်အုံး မှာမို့ .......

အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလဲ တန်ဖိုး ထားကြပါ

နားလည် နိုင်ကြပါစေ

မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး ချစ်ချစ် ခင်ခင်
တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရ ပါစေ။Crd. #ဘဝရဲ့ခရီးသည်

အားလုံးပဲ့ကျန်းမာကြပါစေ♥❤💖

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khat Ti Ya Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khat Ti Ya Nwe:

Share

Category



You may also like