Football Station Myanmar Farmer

Football  Station Myanmar Farmer တောင်သူ့မြေ စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီလီမီတက်

အထွက်တိုးလို့ ပြုံးရွှင်စေ တောင်သူ့မြေ
(25)

15/11/2024

တန်ဆောင်မုန်းလပြည့်နေ့တွင်
" စိတ်၏ကျန်းမာခြင်း ၊ကိုယ်၏ချမ်းသာခြင်း
နှင့်ပြည့်စုံ၍ ကောင်းမှုကုသိုလ်များ ပွားများအားထုတ်နိုင်ကြပါစေကြောင်း"
"တောင်သူ့မြေမိသားစု" မှဆုတောင်းမေတ္တာ
ပို့သအပ်ပါသည်။ 🙏🙏🙏

#တောင်သူ့မြေ #တန်ဆောင်မုန်းလပြည့်နေ့

31/10/2024

" ဒီပါ၀လီနေ့မြတ် "🪔🪔🪔🪔

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၃၁) ရက် ကြာသပတေးနေ့နှင့် နို၀င်ဘာလ (၁) ရက်နေ့ သောကြာနေ့သည် ဟိန္ဒူဘာသာ၀င်များ၏ အထွဋ်အမြတ်ထားရာ ဒီပါ၀လီနေ့မြတ်ဖြစ်ပါသည်။
မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လကွယ်နေ့သည် အောက်တိုဘာလ (၃၁) ရက်နေ့ကျရောက်ပါသည်။

ဒီပါ၀လီ ခ) ဒိဝါလီသည် ဟိန္ဒူဘာသာ၀င်များကျင်းပသော ဆီမီးထွန်းပွဲတော်ဖြစ်ပါသည်။

ဒီပါ၀လီညသည် တစ်နှစ်ပတ်လုံးတွင် အမှောက်မိုက်ဆုံးည ဖြစ်ပါသည်။
ထိုအမှောင်ထုကို ဆီမီး၏ အလင်းရောင်ဖြင့် အနိုင်ယူသော ညမြတ်လည်းဖြစ်ပါသည်။
အမှောင်ထုပေါ် အလင်းရောင်က အနိုင်ယူသည့် သဘောကို ဆောင်ပါသည်။

ထို့ကြောင့် ဒီပါ၀လီသည် အမှောင်ထုအပေါ် အလင်းက အနိုင်ရခြင်း၊ အဓမ္မအပေါ် ဓမ္မက အနိုင်ရခြင်း၊ အတ္တအပေါ် အသိဉာဏ်ပညာက အနိုင်ရခြင်းအား ကိုယ်စားပြုကျင်းပသောနေ့မြတ်ဖြစ်သည်။

ဒီပါ - တောက်ပသောဆီမီး
အ၀လီ - အတန်းရှည်
ဒီပါ၀လီ - ဆီမီးတန်းရှည်ဟု အဓိပ္ပာယ် သက်ရောက်ပါသည်။

Crd.

"အထွက်တိုးလို့ပြုံးရွှင်စေ.....တောင်သူ့မြေ🙏🙏"

#တောင်သူ့မြေ
#ဒီပါဝလီနေ့

31/10/2024

💰💰အပိုဖြုန်းတာမဟုတ် လိုလို့သုံးရမဲ့ "လိုသုံး" 😎

🫛🫛ပဲတီစိမ်း၊ မတ်ပဲ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်၊ သီးနှံစုံမှာ သုံးဖို့လိုတဲ့ "လိုသုံး"

👍👍အပင်ကျန်းမာသန်စွမ်းပြီး အသီးတင်မှုများမှ အထွက်နှုန်းတိုးမှာမို့ သုံးဖို့လိုတဲ့ "လိုသုံး"

"လိုသုံး" မှာ 🌿🌿
နိုက်ထရိုဂျင် 7%, ဖော့စ်ပရက် 30%, ပိုတက်စီယမ် 20%, ကယ်လ်စီယမ် 5%, ဘိုရွန် 0.5%, မဂ္ဂနီစီယမ် 3% နဲ့ အနည်းလိုအာဟာရဓာတ်တွေကို သီးနှံပင်တိုင်းမှ အလွယ်တကူစုပ်ယူစားသုံးနိုင်စေရန် အချိုးကျ အထူးစီမံဖော်စပ်ထားပါတယ်။

"လိုသုံး" ကို သုံးခြင်းအားဖြင့်💯💯
✅အပင်ကြီးထွားမှုကိုမြန်ဆန်စေပြီး ပင်စည်တောင့်တင်းကာ ကိုင်းဖြာထွက်မှုအားကောင်းစေတယ်။
✅သီးနှံပင်များကို ကျန်းမာသန်စွမ်းစေပြီး ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်တို့ကို ခံနိုင်ရည်ရှိစေတယ်။
✅ပန်းပွင့်ချိန်ညီညာစေပြီး အသီးတင်မှုအားကောင်းလို့ အထွက်နှုန်းသိသိသာသာတိုးစေပါတယ်။

🔖အပင်ငယ်စဉ်မှ ခူးဆွတ်ရိတ်သိမ်းချိန်အထိ သီးနှံပင်သက်တမ်းတစ်လျှောက်လုံး အသုံးပြုလို့ရပါတယ်။🔖

📌📌📌ဆေးအညွှန်း
ရေ(၄) ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅၀-၁၀၀) စီစီ အသုံးပြုပါ။

" သီးနှံတိုင်းအတွက်အလိုအပ်ဆုံး တောင်သူ့မြေရဲ့ လိုသုံး....."👍👍👍

#တောင်သူ့မြေ
#တောင်သူ့မြေလိုသုံး #ရွက်ဖျန်းအားဆေးများ

"တကယ်စွမ်းတဲ့ရှယ်ဝမ်း"
31/10/2024

"တကယ်စွမ်းတဲ့ရှယ်ဝမ်း"

'' တကယ်စွမ်းတဲ့ ရှယ်ဝမ်းလာပါပြီ... ''

👉 ပဲပင်တွေအပင်မထဘဲ အပင်ထိုင်နေပါသလား❓❓
👉 ကိုင်းဖြာမှုတွေအားနည်းပြီး သီးတောင့်အရေအတွက်နည်းမှာစိတ်ပူနေပြီလား❓❓

✅✅ ဒီပြဿနာတွေကို ရှယ်ဝမ်းရဲ့အစွမ်းနဲ့ ဖြေရှင်းလိုက်ပါ....😊😊😊

👍👍 ရှယ်ဝမ်းဟာ အပင်ကြီးထွားစေဖို့ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာဖော်စပ်ထားတဲ့ ရွက်ဖျန်းအားဆေးဖြစ်ပါတယ်။
👍👍 ပင်စည်တွေကိုတုတ်ခိုင်စေပြီး အစိမ်းရင့်ရောင်အရွက်တွေကြောင့် အစာချက်လုပ်မှုအားကောင်းစေပြီး အပင်တွေ ​လျှင်မြန်စွာကြီးထွားစေပါတယ်။
👍👍 ကိုင်းအခက်အလက်များစွာထွက်စေတာကြောင့် အသီးတောင့်တင်မှုများစေပြီး အထွက်နှုန်းတိုးမှာသေချာစေပါတယ်။

📌📌 ဆေးအညွှန်း
ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် (၅၀)စီစီနှုန်း အသုံးပြုပါ။

🙏🙏 အထွက်တိုးလို့ပြုံးရွှင်စေ တောင်သူ့မြေ......🙏🙏

#တောင်သူ့မြေ #ရှယ်ဝမ်း #ရွက်ဖျန်းအားဆေးများ

27/09/2024

🚨🚨🚨စပါးရွက်တွေ ဘာကြောင့်လိပ်ကုန်သလဲ.....?

🌱🌱စပါးရွက်လိပ်ပိုး (Rice Leaf Folder)🌾🌾🌾

စပါးရွက်လိပ်ပိုး၏သားလောင်းများသည် စပါးရွက်၏ ဘေးအနားနှစ်ဖက်ကို လိပ်၍ ထိုရွက်လိပ်အတွင်းတွင် နေထိုင်၍အရွက်၏အစိမ်းသားများကို ရွက်ကြောသာကျန်သည်ထိခြစ်စားပြီးဖျက်စီးပါသည်။ မိုးရွာသီတွင်ကျရောက်မှုဆိုးရွားပါသည်။ စပါးရွက်လိပ်ပိုးကျရောက်ပါက စပါးရွက်များသည် အဖြူရောင်ဖြစ်လာ၍ တဖြည်းဖြည်းခြောက်လာကာ မီးကျွမ်းထားသကဲ့သို့ဖြစ်နေပါသည်။ ထို့ပြင်ရွက်လိပ်ပိုးဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသော အရွက်၏ဒဏ်ရာများမှ မှိုနှင့်ဘက်တီးရီးယားရောဂါများ ဝင်ရောက်နိုင်ပါသည်။ စပါးခင်းတွင် ပိုက်လုံးပုံသဏ္ဍန်လိပ်ထားသော စပါးအရွက်များကိုလည်း တွေ့ရတတ်ပါသည်။

✅✅ကာကွယ်နိုင်မည့်နည်းလမ်းများ✅✅
-ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
-အခြားသောသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။
-ကောက်ကွက်ကျဲကျဲစိုက်ပါ။
-လမိုင်းခံစိုက်ပျိုးနည်းကို ရှောင်ပါ။
-အခင်းပတ်လည်မှာရှိသော ပေါင်းမြက်များ၊ အမှိုက်များကို သေချာရှင်းလင်းပါ။
-မြေသြဇာများကိုသင့်တော်သော ပမာဏသာ သုံးစွဲပါ။
-၅၀ ရာခိုင်နှုန်းထက်ပို၍ ရွက်လိပ်ပိုးကျရောက်နေပါက ပိုးသတ်‌ဆေးကိုဆေးညွှန်းအတိုင်း အသုံးပြုပါ။

💊💊💊အသုံးပြုနိုင်သောဆေးအစွမ်းများ💯💯
ကလိုရိုပိုင်ရီဖော့ ၂၀ အီးစီ၊ ကာတပ် နှင့် အဆီဖိတ် ၇၅ %အက်စ်ပီ စသည့် အစွမ်းထက်ပစ္စည်းပါဝင်သော ဆေးများကို အသုံးပြုနိုင်ပါသည်။

"အထွက်တိုးလို့ပြုံးရွှင်စေ......တောင်သူ့မြေ🙏🙏"

#တောင်သူ့မြေ #စိုက်ပျိုးရေးဗဟုသုတ
#စပါးရွက်လိပ်ပိုး

26/09/2024

"စိုက်ပျိုးရေး မိုးလေဝသခန့်မှန်းချက်"

၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၃)ရက် မှ (၂၉) ရက်နေ့အထိ

ဘင်္ဂလားပင်လယ်အော်အခြေအနေ
--------------------------------
ယခုတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ ယခုရက်သတ္တပတ်အတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ဆုတ်ခွာသွားဖွယ်ရာရှိပြီး အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်ရှိနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှုအခြေအနေ
-------------------------
မိုးရွာသွန်းနိုင်မှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ်နှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။

အမြင့်ဆုံးအပူချိန်အခြေအနေ
----------------------------
အမြင့်ဆုံးအပူချိန်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း နှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၉)ဒီဂရီ ဖာရင်ဟိုက် မှ (၉၇)ဒီဂရီဖာရင်ဟိုက်အတွင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် (၇၁)ဒီဂရီဖာရင်ဟိုက်မှ (၇၉)ဒီဂရီဖာရင်ဟိုက်အတွင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၈၀)ဒီဂရီဖာရင်ဟိုက်မှ (၈၈)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ
---------------------------
အနိမ့်ဆုံးအပူချိန်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၂)ဒီဂရီဖာရင်ဟိုက်မှ (၈၁)ဒီဂရီဖာရင်ဟိုက်အတွင်း ချင်းပြည်နယ်တွင်(၅၃)ဒီဂရီဖာရင်ဟိုက်ခန့်၊ ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၆၂)ဒီဂရီဖာရင်ဟိုက်မှ (၇၁)ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်ပါသည်။

လေထုစိုထိုင်းဆအခြေအနေ
--------------------------
လေထုစိုထိုင်းဆမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇၄%) မှ (၈၃%)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၈၄%) မှ (၉၅%)အတွင်း အသီးသီးရှိနိုင်ပါသည်။

Source : စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ

#တောင်သူ့မြေ #မိုးလေဝသ #စိုက်ပျိုးရေးမိုးလေဝသ

24/09/2024

🌱🌱အပင်များရှင်သန်ကြီးထွားမှုအတွက် လိုအပ်သော အာဟာရဓါတ်များ၏ လုပ်ဆောင်ချက်များ🌸🌸🌸အပိုင်း(၁)✅✅✅

1.နိုက်ထရိုဂျင်(N)🌿
အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အားပေးသည်။ အစိမ်းရောင်ကို ဖြစ်ပေါ်စေသည်။ ပန်းပွင်းခြင်းကိုနှောင့်နှေးစေသည်။ အမိုင်နိုအက်ဆစ် ၊ပရိုတင်း၊ အင်ဇိုင်း၊ နျူကလီယိုပရိုတင်း တည်ဆောက်မှုများတွင် အထူးပါဝင်သော လုပ်ငန်းကို လုပ်ဆောင်ပေးသည်။

2.ဖော့စဖောရပ်စ်(P)🌿
အမြစ်များကြီးထွားမှုကို နိုးဆွပေးသည်။ ရင့်မှည့်မှုကိုမြန်အောင်ပြုလုပ်ပေးသည်။ အစေ့ဖြစ်ပေါ်မှု သို့မဟုတ် ထုတ်လုပ်မှုကို အားပေးသည်။ ဆဲလ်များကို ပွားအောင်ဆောင်ရွက်ရာတွင် အဓိက ဓါတ်မြေဩဇာအဖြစ်ပါဝင်သည်။ အပင်ဇီကမ္မလုပ်ငန်းများ အဓိက လုပ်ငန်းများ ပေးပို့ခြင်းစွမ်းအားများကို အထူးပြုသော ဓါတ်ဖြစ်သည်။

3.ပိုတက်စီယမ်(K)🌿
ကောက်ရိုးများကို တောင့်တင်းခိုင်မာစေသည်။ ကာဗွန်ဟိုက်ဒြိုတ် တည်ဆောက်မှု၏ အဓိကဓါတ်အဖြစ်ပါဝင်သည်။ ရောဂါဒဏ်များကို ခံနိုင်အောင်ဆောင်ရွက်ပေးပြီး
ဆဲလ်များကွဲပွားရာတွင် မရှိမဖြစ်ဓါတ်အဖြစ် ပါဝင်ကာအခြားသော ဓါတ်များ(N,P,Ca,Mg) ညီမျှအောင် ထိန်းပေးသည်။(လွန်ကဲစွာပါဝင်မှုကို ညီမျှအောင်လုပ်ပေးသည်ကိုဆိုလိုပါသည်။)ပရိုတင်းဖြစ်ပေါ်မှုအတွက်လည်းပါဝင်ပတ်သက်နေပြီး အင်ဇိုင်းများလှုပ်ရှားရန်နိုးဆွပေးသည်။ နိုက်ထရိတ်များ အပင်စုပ်ယူစား‌သုံးသောကြောင့် နိုက်ထရိတ်လျော့နည်းမှုကိုကာကွယ်ပေးသည်။

4.ကယ်လစီယမ်(Ca)🌿
အမြစ်များဖွံ့ဖြိုးတိုးတက်အောင် လှုံ့ဆော်ပေးသည်။ဆဲလ်နံရံများ အားပြည့်‌စေသည်။ အပင်တစ်သျူးဆိုင်ရာ pH ချဉ်ငံမှုကို အလှည့်ကျဖြစ်ပေါ်စေသည်။ ပဲမျိုးရင်းဝင် အပင်များ၏ မြစ်ဖုများကို ဆက်နွယ်လွှမ်းမိုးထားသည်။ ‌ဆဲလ်များကို ပွားခြင်း ယုတ်လျော့ခြင်းများကို ထိန်းပေးပြီး အင်ဇိုင်းများလှုပ်ရှားမှုကို လှုံဆော်ပေးပါသည်။

5.မဂ္ဂနီစီယမ်(Mg)🌿
ကလိုရိုလ်ဖီး တည်ဆောက်ရာတွင် မရှိမဖြစ်ဓါတ်တစ်မျိုးဖြစ်သည်။ အပင်အတွင်း ဖော့စဖိတ်များသွားလာ လှုပ်ရှားရာတွင် ပါဝင်ဆောင်ရွက်ပေးသည်။ ပရိုတင်းနှင့်အဆီ များတည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ပေးပြီး များစွာသော အင်ဇိုင်းများအတွက် အထူးအရေးကြီးသည်။

6.ကန့်-ဆာလဖာ(S)🌿
ပဲပင်များတွင် အမြစ်နှင့်မြစ်ဖုများ ရှင်သန်ကြီးထွားရေးအတွက် လှုံဆော်ပေးသည်။ ပဲပင်များတွင် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအတွက်လည်း လှုံ့ဆော်သည်။ ဆာလဖာသည် Cystine နှင့် glutathione ဖွဲ့စည်းမှုအတွက် ပါဝင်ဆောင်ရွက်ပြီး အင်ဇိုင်းများ၏ ဇီဝကမ္မလုပ်ငန်းတွင် ဆာလဖာဓါတ်ပါဝင်မှ ရရှိသည်။

7.အိုင်းယွန်း(Fe)🌿
ကလိုရိုဖီးလ် လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော ဓါတ်ဖြစ်သည်။ အမဓါတ် များစုပ်ယူစားသုံးရာတွင် ပါဝင်ပတ်သက်သည်။ အင်ဇိုင်းတည်ဆောက်မှုများဖြစ်သော (peroxidase, catalase,cytochromes ) တို့တွင် အိုင်းယွန်းဓါတ်ပါဝင်သည်။

#တောင်သူ့မြေ #စိုက်ပျိုးရေးဗဟုသုတ
#အပင်အာဟာရဓာတ်များ

13/09/2024

🌾🌾🌾စပါးအထွက်နှုန်းကို ၇၅ % ထိဆုံးရှုံးစေနိုင်‌သောရောဂါ (သို့မဟုတ်) စပါးမှိုသီး ရောဂါ

🚨🚨🚨စပါးမှိုသီးရောဂါ (False Smut)🌾🌾🌾
စပါးမှိုသီးရောဂါ ဟာ မိုးများပြီး စိုထိုင်းတဲ့ ရာသီဥတုတွေမှာ ကျရောက်တတ်ပါတယ်။ ပန်းပွင့်ချိန် အစောပိုင်းကာလ တွေမှာ ဦးဆုံးကျရောက်တတ်ပြီး စပါးနှံရင့်မှည့် လာချိန်မှာ ဒုတိယအကြိမ် ဖျက်စီးတတ်ပါတယ်။ စပါးမှိုသီးရောဂါ ကျရောက်ပါက အနှံများပေါ်တွင် အဝါရောင်နနွင်းမှိုလုံးများစတင် ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အမဲ‌ရောင်သို့ ပြောင်းလဲသွားပါတယ်။ လေအားဖြင့် ကူးစပ်ပြန့်နှံ့နိုင်သောကြောင့် အထူးသတိထားရပါမယ်။
စပါးမှိုသီးရောဂါ ကျရောက်ပါက စပါး၏အစေ့အဆံအလေးချိန် ကျဆင်းလာနိုင်ပြီး အညှောင့်ပေါက်နှုန်းကို သိသိသာသာ လျော့ကျစေပါတယ်။အိန္ဒိယနိုင်ငံတွင် အထွက်နှုန်းကို ( ၇-၇၅%) ထိခိုက်စေနိုင်ကြောင်းသိရပါသည်။

📢📢📢ကာကွယ်ကုသရန်နည်းလမ်းများ
♦️ဒေသအလိုက်ခံနိုင်ရည်ရှိသောစပါးမျိုးများ ၊ မှိုသတ်ဆေးလူးနယ်ထား‌သောမျိုးစေ့များကို အသုံးပြုနိုင်ပါတယ်။
♦️စပါးစိုက်ခင်းကို သေချာသန့်ရှင်းရပါမယ်။ရောဂါကျရောက်ထားသော အစိတ်အပိုင်းအားလုံးကို ရိတ်သိမ်းပြီးနောက် ဖျက်စီးရမယ်။
♦️နိုက်ထရိုဂျင်မြေသြဇာကို လိုသလောက်ပဲကျွေးရပါမယ်။ အလွန်အကျွံမသုံးစွဲရပါ။

💊💊💊အသုံးပြုနိုင်သော ဆေးအစွမ်းများ
Hexaconazole, Azoxystrobin, Chlorothalonil, Propiconazole
စသည်တို့ပါဝင်သော Product များကို အသုံးပြနိုင်ပါသည်။

"အထွက်တိုးလို့ပြုံးရွှင်စေတောင်သူ့မြေ🙏🙏"

#တောင်သူ့မြေ
#စပါးမှိုသီးရောဂါ

13/09/2024

ပင်လယ်ပြင်မှာ ဘာတွေဖြစ်နေလဲ၊ မြန်မာနိုင်ငံတွင်း ဘယ်လို အကျိုးသက်ရောက်နိုင်မလဲ ?

ရာဂိအကြွင်းအကျန် မုန်တိုင်းလို့ပြောနေကြတဲ့ (လေပွေလှိုင်း) က မြန်မာပြည်ထဲမှာ မရှိတော့ပါ။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်သွားပါပြီ။ ဆိုတော့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနေထိုင်သူမဟုတ်ရင် စိုးရိမ်စရာမရှိတော့ပါ။

အဲ့ဒီလေပွေလှိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး အနောက်ဘက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းကိုပဲ ဆက်လက်ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။ မြန်မာပြည်ဘက်ကို လာမှာမဟုတ်ပါ။

📌📌📌ရေကြီးနေတဲ့ဒေသတွေမှာတော့ မိုးပါးပါးသာ ရွာနိုင်ခြေများပါတယ်။ မိုးမများနိုင်တော့ပါ။

တောင်တရုတ်ပင်လယ်ရဲ့ အရှေ့ဘက်က အရှေ့ဖိလစ်ပိုင်ပင်လယ်အကျော်မှာ အပူပိုင်းမုန်တိုင်း BERBINCA (14 W) ဖြစ်နေတာရှိပါတယ်။ တရုတ်ပြည် အရှေ့ဘက်ကမ်းခြေ (ရှန်ဟိုင်း) ကို ဦးတည်ရွေ့နေပြီး ၁၅ရက်နေ့နောက်ပိုင်းမှာ အဲ့ဒီကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း JTWC က တင်ပေးထားပါတယ်။

မုန်တိုင်း BERBINCA ရဲ့ သက်ရောက်မှု - မုန်တိုင်းအကြွင်းအကျန်ကလည်း ပြီးခဲ့တဲ့ YAGI လို မြန်မာပြည်မှာ မိုးတွေ ကြီးနိုင်တဲ့ သက်ရောက်မှုမျိုး ဖြစ်မလာနိုင်တော့ပါ။

စက်တင်ဘာ ၂၂ရက် နောက်ပိုင်းမှာ တောင်တရုတ်ပင်လယ်ထဲ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး အနောက်ဘက်ကို ရွေ့နိုင်ကြောင်း၊ ဗီယက်နမ်ကမ်းခြေကို လတ္တီတွက် ၁၅ဒီဂရီ အောက်ဘက်က ဖြတ်ကျော်ဝင်ရောက်ရင် ထိုင်းပင်လယ်ကွေ့ကတစ်ဆင့် ကပ္ပလီပင်လယ်အထိရောက်နိုင်ကြောင်း GFS က တင်ထားပေမဲ့ တခြားသင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ပေါင်းစုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေ၊ ရာသီဥတုအခြေအနေတွေရှိလာရင် အချိန်မီတင်ပြပေးနိုင်မှာပါ။

စက်တင်ဘာလ ၁၃ရက် နံနက် ၁၀နာရီ ECMWF, GFS နှင့် ICON model များရဲ့ ခန့်မှန်းချက်တွေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း စစ်တကောင်းမြို့ အနောက်ဘက်ကပ်လျက် ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အနောက်-အနောက်မြောက်ဘက်သို့သာ ရွေ့လျားနိုင်ကြောင်း တွေ့ရပါတယ်။ မြန်မာပြည်ဘက်မှ ရွေ့လျားသွားတဲ့ တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန် လေပွေလှိုင်းမှ ပြန်လည်အားယူလာတဲ့ လေဖိအားနည်းရပ်ဝန်းဖြစ်ပါတယ်။ မြန်မာပြည်ဘက်ကို ပြန်ပြီးဦးတည်ရွေ့လျားနိုင်မည်မဟုတ်ပါ။

📌📌📌ဒီလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာတဲ့အရှိန်ကြောင့် -
ဒီနေ့နံနက် ၁၀ နာရီမှ စက်တင်ဘာ ၁၄ရက် နံနက် ၁၀နာရီအထိ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတစ်ချို့တွေမှာသာ မိုးများနိုင်ပါမယ်။ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆၅ မီလီမီတာ (၆.၅ လက်မ) ခန့် ရွာသွန်းနိုင်ပါမယ်။

ကျန်ပြည်နယ်တိုင်းတွေမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့်လောက်သာ နေရာကွက်ကြား ရွာသွန်းနိုင်ကြောင်း တွေ့ရပါတယ်။ အများဆုံးရွာနိုင်တဲ့ ကွက်ကြားမိုးရေချိန်အနေနဲ့ ၂၆ မီလီမီတာ (၁လက်မ)ဝန်းကျင်ခန့်သာ ရှိနိုင်ပါမယ်။

မြန်မာနိုင်ငံအရှေ့ဘက် ပစိဖိတ်အနောက်မြောက်ဘက်ပင်လယ်တွေမှာတော့ အရှေ့ဖိလစ်ပိုင်ပင်လယ်ဘက်မှာသာ စက်တင်ဘာ ၁၇- ၁၈ ရက် ဝန်းကျင်မှ မုန်တိုင်းရှိနေပြီး တောင်တရုတ်ပင်လယ်ထဲမှာ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေမရှိသေးပါ။

Crdအစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။

12/09/2024

တိုင်ဖွန်း YAGI အကြွင်းအကျန်နှင့် လေပွေလှိုင်း ဘယ်နေရာရောက်နေပြီး ဘယ်ဘက်ဆက်ရွေ့သွားမလဲ?

စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ လေပွေလှိုင်းဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တို့ရဲ့ အပေါ်ကိုရောက်လာပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပါမယ်။
စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ပေါ် ရောက်ရှိမယ်လို့ခန့်မှန်းထားပြီး မြောက်အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း ခန့်မှန်းပါတယ်။
စက်တင်ဘာ ၁၃ ရက်ညမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်း အိန္ဒိယနယ်စပ်အနီးကို ဆက်လက်ရွေ့လျားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ ECMWF Model ရဲ့ အမြင့်ပေ ၅၀၀၀ ရှိ လေစီးကြောင်းများကို အခြေခံပြီး ခန့်မှန်းထားပါတယ်။
၁၃ ရက်နေ့နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနှံ့ မိုးအား အနည်းငယ် ပြန်လည်လျော့ကျသွားနိုင်ပါမယ်။ သို့သော် ရှေ့ပိုင်းမှာများခဲ့တဲ့မိုးကြောင့် မြစ်ရေများ မြင့်တက်လာနိုင်တာကိုတော့ သတိနဲ့ ဆက်လက်စောင့်ကြည့်ကြရပါဦးမယ်။

Source from Green Way
#မုန်တိုင်းသတင်း #ရာဂိ

12/09/2024

အားလုံးဘေးအန္တရာယ်ကင်းအဆင်ပြေကြပါစေ..🙏🙏🙏
🚨 မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့

(မန္တလေးတိုင်း ဒေသကြီး ကော်မတီရုံး)

09-767119119

09-787119119

09-440119119

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)

KYAUKSE RESCUE

09256006355
09258444414

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)

ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်

092165003

09444484129

09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )

09-449988191
09-2228214
09-43020516
09-459975496
09-2049021

09-449988191မီးသတ်ဦးစီးမှူး

09-2228214ကိုကျော်ကျော်ဝင်း

09-43020516 ကိုအောင်ဇော်မိုး

09-459975496ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)

09404590001(မိုးစေတနာ)

064-4007(ရမည်းသင်းမီးသတ်)

064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)

T.E.R.Tအသင်း
09443555502

T.Rescueအသင်း
09791232000

မေတ္တာရှင်အသင်း
09428155773

အာယုပါလအသင်း
09687635151

ရှင်စောပုအသင်း
09770313323

၆ရပ်ကွက်အသင်း
09973775151

T.E.R.T

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )

မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း

09402684996

09696860666

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)

0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့

09681000095
09797604667
09775207713
09 972755311
09 420771405(မိုးစေတနာ)
09 404590001(မိုးစေတနာ)
09 677080162(တပ်ကုန်းမီးသတ်)
09 677080126(တပ်ကုန်းမီးသတ်)

095044564
ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း

ဟန်းရာဇာ

09420085147
09420085147

🚨(ညောင်ရွှေ ရွှေညောင် တာချီလိတ် ကယ်ဆယ်ရေး)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွှေ 09428311563

ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း
09442747077 (MM)
09690876226(MM)
09257263334(MM)
081-8816772 (Thai)
09-47025411 (Thai)

မေတ္တာရှင် လူမှုကူညီရေးအသင်း
(09694339969)၊

ရွှေမယ်ယန်း (ပရဟိတ) လူမှုကူညီရေးအသင်း
(09258736136)၊

တာချီလိတ် သဒ္ဓါ ပရဟိတအသင်း
(09449946298)၊

ခရိုင် ကြက်ခြေနီအသင်း ( 09251003560 )
မြို့နယ် ကြက်ခြေနီအသင်း (09456515770)၊

ရွှေတာချီ လူမှုကူညီရေးအသင်း
(09686944969)၊

အလင်းရောင် ပရဟိတအသင်း
(09697334523)၊

မြို့နယ်အထွေထွေအုပ်ချုပ်ရေး
(09401619797)၊

တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး
(0941006512)၊

ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09457715667)၊

မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09698130664)၊

ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(09968310777)၊

ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး
(095240634)

ကိုစိုးမင်းလတ် 09428310586
ကိုသက်ပိုင်စိုး 09261932939
ကိုတိုးအောင်ရွေ 09428311563

🚨တောင်ကြီး ကလော ဟိုပုံး (အစားအသောက်)

Win Naing Soe

09791248510

🚨 (ပဲခူး ကယ်ဆယ်ရေး)

ပဲခူးမြို့ ကူညီကယ်ဆယ်ရေးနှင့်
လူမှုရေးအသင်းများအား
ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များ

၁ ။ ကြီးလေးကြီးမင်းမင်းထွန်း
( 09777047759 )

၂ ။ ဦးမောင် rescue
( 095001419)

၃ ။ ဆန်းလွင်ဦး
( 09428180490 )

၄ ။ ကိုကုလား
( 095140662 )(09776247452 )

၅ ။ ဖြိုးဘို
( 09792145520 )

၆ ။ ကိုကျော်ထိုက်
( 095302140 )

၇ ။ နန်းတော်ရာလူမှု
( 09796946368 )

၈ ။ မာတလိလူမှု
( 09423666014 )

၉ ။ သကျနွယ်လူမှု
( 09428175000 )

၁၀ ။ မေတ္တာသီတာရေစင်(ရွှေ့ပြောင်းကယ်ဆယ်)
( 09447222929 )

၁၁ ။ သုဘ လူမှုကူညီရေး
( 09428139424 )

🚨ကျိုက်ထို ဘီးလင်း သဲဖြူ ကယ်ဆယ်ရေး

ကျိုက်ထိုလူငယ်ပရဟိတအဖွဲ့

Yan naing Win
Soe myatMoe

09941337925
09425260411
09941337925
09941337925

🚨(နယ်ဝေးအထွေထွေကယ်ဆယ်ရေး)

လူကယ်ပြန် ဝန်ကြီးဌာန
၀၆၇ - ၃၄၀၄၆၆၆၊
၀၆၇ - ၃၄၀၄၇၇၇
Email - [email protected]
[email protected]
[email protected]

79 Living Hotel Mandalay
မြန်မာပြည်အလယ်ပိုင်းရေဘေးကယ်ဆယ်ရေး

09963000963

ကိုသက်ကြီး စိန်ပန်း
မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး။

ဖုန်း- 09402600033

အသင်းရုံး ဖုန်း ---
09-775 192 192
09- 441 119 119

မြို့ဦးလုလင်နာရေးကူညီမူအသင်း

Ph. 09975801060

10/09/2024

ဒီရာသီမှာ ပဲအထွက်တိုးဖို့ မဖြစ်မနေ လိုအပ်နေပြီလား...💁💁

✌✌ ဒါဆိုရင်တော့ အထွက်တိုးမှာ သေချာစေဖို့
“မော်ဒယ်ဝမ်း၊ မော်ဒယ်တူး” ရွက်ဖျန်းအားဆေး အတွဲကို ရွေးချယ်လိုက်ပါ။ 💸💸💸

💯💯 မော်ဒယ်ဝမ်း၊ မော်ဒယ်တူးဟာ သီးနှံပင်များအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို
ပြည့်စုံစွာ ဖော်စပ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

🥜🥜🥜 သီးနှံပင်မျိုးစုံကနေ အလွယ်တကူစုပ်ယူစားသုံးနိုင်အောင် ထုတ်လုပ်ထားတဲ့
အပင်ကြီးအားဆေး ဖြစ်ပါတယ်။ 🌽🌽🌽

👍👍👍 အကျိုးအာနိသင်များ👍👍👍👍
မော်ဒယ်ဝမ်း၊ မော်ဒယ်တူး ကို သုံးစွဲခြင်းအားဖြင့်
👉 အပင်ကြီးထွားမှုကို လျင်မြန်စေပြီး ပင်စည်တောင့်တင်းသန်မာစေပါတယ်။
👉 ကိုင်းဖြာထွက်မှုအားကောင်းစေလို့ သီးတောင့်အရေအတွက် ပိုများစေပါတယ်။
👉 အမြစ်ဖွံ့ဖြိုးမှု အားကောင်းစေလို့ မြေကြီးထဲက အာဟာရဓာတ်များကို စုပ်ယူနိုင်စွမ်းအား ပိုမိုကောင်းမွန်စေပါတယ်။
👉 ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါကျရောက်မှုဒဏ် တို့ကို ခံနိုင်ရည်ရှိစေပါတယ်။
👉 ရာသီဥတုဒဏ်ကြောင့် အပွင့်၊ အသီးကြွေမှုကို နည်းပါးစေပါတယ်။
👉 သီးနှံပင်များကို ကျန်းမာသန်စွမ်းစေကာ အပွင့်၊ အသီးတင်နှုန်းများစေပြီး ထွက်နှုန်းတိုးမှာသေချာပါတယ်။

📌📌 ဆေးနှုန်းထား📌📌
👉 ရေ ၄ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင်
မော်ဒယ်ဝမ်း ၅၀ စီစီ နဲ့ မော်ဒယ်တူး ၅၀ စီစီနှုန်း ရောစပ်အသုံးပြုပါ။
👉 တစ်ဧကကို ဆေးဖျန်းပုံး ၅-၆ ပုံးနှုန်းအသုံးပြုပါ။

🤞🤞 သီးနှံပင်များအပင်ပေါက်ပြီး (၁၅-၂၀) ရက်သားမှစတင်၍ ခူးဆွတ်ရိတ်သိမ်းချိန်အထိ (၁၀)ရက်ခြားတစ်ကြိမ်နှုန်းဖြင့် ပက်ဖျန်းပေးရင် ထူးခြားတဲ့ရလဒ်တွေကို သေချာပေါက်ရရှိစေမှာပါ။ ✌✌✌

🏆🏆“အားလုံးထက်ပိုထူး သီးနှံစုံအတွက်

" မော်ဒယ်ဝမ်းတူး......”🏅🏅🏅

#တောင်သူ့မြေ #မော်ဒယ်ဝမ်းတူး _ #ရွက်ဖျန်းအားဆေး

10/09/2024

မှိုရောဂါဆိုတာနဲ့ မန်ကိုမင်းကို သတိရလိုက်ပါ......

👉👉 ပဲပင်တွေမှာ အထွက်နှုန်းကို ဆိုးရွားစွာထိခိုက်စေတဲ့ ခါးရိ​ရောဂါ၊ ပင်သေပင်ညှိုး၊ မြစ်ဆွေးမြစ်ပုပ်၊ စောပင်နာကျ၊ ​နှောင်းပင်နာကျ၊ ဖားဥမှို၊ သံချေး၊ အသီးပုပ်၊ အရွက်ပုပ် ရောဂါများကို မန်ကိုမင်းနဲ့ အပြတ်ရှင်းလိုက်ပါ။👈👈

🔑🔑 မန်ကိုမင်းမှာ Mancozeb...64% နဲ့ Metalaxyl... 8% ပါဝင်ပါတယ်။🔑🔑

📍📍 ရေ၄ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် မန်ကိုမင်းမှိုသတ်ဆေး ထမင်းစားဇွန်း ၃-၄ ဇွန်း အသုံးပြုပါ။
🖐👉 တစ်ဧကလျှင် ဆေးဖျန်းပုံး ၅-၆ ပုံး ပက်ဖျန်းပါ။

💸💸 ''မှိုစုံရှင်းလင်း မန်ကိုမင်း.......''💰💰

#တောင်သူ့မြေ #မန်ကိုမင်း _ #မှိုဆေး

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Website

Alerts

Be the first to know and let us send you an email when Football Station Myanmar Farmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share