Efootball PES Android Gaming Myanmar

Efootball PES Android Gaming Myanmar ဘောလုံးဝါသနာရှင်များနှင့်Efootballကစားသူများfollowလုပ်ခဲ့ပေးပါ💖✌️
(1)

ပရီးမီးယားလိဂ်ရဲ့အင်အားကြီးအသင်းများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့ချစ်လှစွာသောမန်ချက်စတာယူနိုက်တက်အသင်းအပါအဝင်လီဗာဘူး၊အာဆင်နယ...
23/12/2023

ပရီးမီးယားလိဂ်ရဲ့
အင်အားကြီးအသင်းများဖြစ်ကြတဲ့
ကျွန်တော်တို့ရဲ့ချစ်လှစွာသော
မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင်
လီဗာဘူး၊အာဆင်နယ့်စသည့်အသင်းတို့သည်
ပေါ်တူဂီနှင့်စပို့တင်းလစ္စပွန်းအသင်းတို့၏
ဘယ်နောက်ခံလူဂွန်ဂါလိုအင်နားစီးယိုးကို
ယခုဇန်နဝါရီလဈေးကွက်အတွင်း
ခေါ်ယူရန်စိတ်ဝင်စားလျှက်ရှိသည်

ကယလပေါက်ဈေးမှာ
£52Millionsခန့်ရှိပြီး
စပို့တင်းသားတွေနဲ့ကံစပ်တဲ့
ယူနိုက်တက်အဖို့အခြားသူတွေထက်လက်ဦးမှုရယူပြီး
ခေါ်ယူသွားမလားဆိုတာကတော့
တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ပါ

ကဲတစ်ဆက်တည်း
စပို့တင်းကနေယူနိုက်တက်ကို
ပြောင်းရွေ့ကစားခဲ့ပြီး
အိပ်မက်ပြဇာတ်ရုံမှာအရေးပါခဲ့တဲ့
ကစားသမားတွေ‌ရဲ့နာမည်ကိုပြောခဲ့ပေးပါ💙💙


မန်ချက်စတာယူနိုက်တက်အသင်းယခုဇန်နဝါရီလဈေးကွက်မှာခေါ်ယူမယ့်တိုက်စစ်ကစားသမားများ💙Donyell Malen-ညာတောင်ပံတိုက်စစ်မှူးTimo We...
23/12/2023

မန်ချက်စတာယူနိုက်တက်အသင်း
ယခုဇန်နဝါရီလဈေးကွက်မှာခေါ်ယူမယ့်
တိုက်စစ်ကစားသမားများ💙

Donyell Malen-ညာတောင်ပံတိုက်စစ်မှူး

Timo Werner-စွယ်စုံရတိုက်စစ်မှူး

Serhou Guirassy-အထောင်တိုက်စစ်မှူး

စသည်တို့ဖြစ်ပါသည်။

အခုလိုစိတ်ဝင်စားဖွယ်ယူနိုက်တက်သတင်းတွေဖတ်ချင်ရင်
ပေ့လေးကိူLike‌ and follow လုပ်သွားပေးခဲ့နော်

ပရိတ်သတ်တို့ရော
ဘယ်ကစားသမားကိုလိုချင်ကြလဲဗျ😁😍

တစ်ချက်လောက်ကွန်းမန့်မှာမန့်ပေးကြပါအုံးနော်



ကျွန်တော့်ရဲ့ပေ့အသစ်လေးပါဗျယူနိုက်တက်ဖန်များအနေနဲ့အားပေးကူညီပါရန်💙💙
22/12/2023

ကျွန်တော့်ရဲ့ပေ့အသစ်လေးပါဗျ

ယူနိုက်တက်ဖန်များအနေနဲ့
အားပေးကူညီပါရန်💙💙

အသင်းခေါင်းဆောင်ဘရူနို ဖာနန်ဒက်စ်၏
ဒီရာသီ ပရီးမီးယားလိဂ်အတွင်း
စွမ်းဆောင်ထားမှုများ✍️

အမြင့်ဆုံး open-play xA
အသင်းဖော်တွေအတွက်
အခွင့် အရေးအများစုကို ဖန်တီးခဲ့သည်။
ဖိုင်နယ် third zoneအတွင်း အများဆုံး ပေးပို့နိုင်မှု
ပင်နယ်တီ ဧရိယာအတွင်း
သွင်းယူမှု အများဆုံးဖြစ်သည်။
ပင်လယ်တီဧရိယာထဲသို့တိကျတဲ့
ဖြတ်တင်ပေးပို့မှုအများဆုံး
⅓ တစ်ဆက်တည်း ‌finalအဆုံးသတ်မှုအများဆုံး

[]

အခုလိုမန်ချက်စတာယူနိုက်အသင်းနှင့်ပတ်သတ်သည့်
သတင်းအချက်လက်လက်များကိုဖတ်ရူချင်ရင်
Red Devils × Man United Pageကို
Like and followလုပ်သွားပေးပါရန်✍️

×Manunited

ဂီတာဖေးသို့အငှားထွက်ကစားနေသောမန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်မှူးမေဆင်ဂရင်းဝုကိုလာလီဂါထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်တဲ့...
21/12/2023

ဂီတာဖေးသို့အငှားထွက်ကစားနေသော
မန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်မှူး
မေဆင်ဂရင်းဝုကို
လာလီဂါထိပ်သီးအသင်းကြီးနှစ်သင်းဖြစ်တဲ့
ရီရဲမက်ဒရစ်နှင့်ဘာစီလိုနာအပါအဝင်
ပီအက်ဂျီ၊ချယ်လ်ဆီးစသည့်အသင်းကြီးများကလည်း
ခေါ်ယူရန်ချိတ်ဆတ်လျှက်ရှ်ိသည်။

ထို့အတူ
ဂရင်းဝုကိုပြန်လည်ခေါ်ယူရန်
မန်ချက်တာယူနိုက်အသင်း‌အနည်းငယ်
စိတ်ဝင်စားလျှက်ရှိပြီးယခုဘောလုံးရာသီအကုန်တွင်
ဆုံးဖြတ်သွားမည်ဖြစ်သည်


Happy birthday ပါပယ်ရီစထရီဒီနေ့ကတော့ယူနိုက်တက်ကစားသမားလေးပယ်လီစထရီရဲ့အသက်၂၂နှစ်ပြည့်မြောက်တဲ့မွေးနေ့လေးပဲဖြစ်ပါတယ်ပယ်လီရ...
20/12/2023

Happy birthday ပါပယ်ရီစထရီ

ဒီနေ့ကတော့ယူနိုက်တက်ကစားသမားလေး
ပယ်လီစထရီရဲ့အသက်၂၂နှစ်ပြည့်မြောက်တဲ့
မွေးနေ့လေးပဲဖြစ်ပါတယ်

ပယ်လီရေ
ကောင်းမွန်းသောခြေစွမ်းတွေနဲ့
ယူနိုက်တက်ကိုထမ်းတင်နိုင်ပါစေဗျာ

.

ပရီးမီးယားလိဂ်ရဲ့အင်အားကြီးအသင်းကြီးများဖြစ်ကြတဲ့မန်ချက်စတာယူနိုက်၊လီဗာဘူးနှင့်မန်စီးတီးစသည့်အသင်းများကလိုင်လီနောက်ခံကစာ...
20/12/2023

ပရီးမီးယားလိဂ်ရဲ့အင်အားကြီးအသင်းကြီးများ
ဖြစ်ကြတဲ့မန်ချက်စတာယူနိုက်၊လီဗာဘူးနှင့်
မန်စီးတီးစသည့်အသင်းများက

လိုင်လီနောက်ခံကစားသမား

𝐿𝐸𝑁𝑌 𝑌𝑂𝑅𝑂ကိုခေါ်ယူရန်စိတ်ဝင်စားလျှက်ရှိသည်

အဆိုပါကစားသမားမှာ
ပြင်သစ်လူငယ်ကစားသမားဖြစ်ပြီး
အရပ်အမြင့်ပေခြောက်ပေနှစ်လက်မခန့်ရှိပြီး
အသက်အရွယ်က၁၈နှစ်သာရှိသေးတဲ့
ကစားသမားလေးလည်းဖြစ်ပါတယ်

Sourceကတော့တွစ်တာUnite Zoneကပဲဖြစ်ပါတယ်

အခုလိုစိတ်ဝင်စားစရာဘောလုံးသတင်းတွေ
ကြည့်ချင်ရင်ပဲဖြစ်ဖြစ်
ဖတ်ချင်ရင်ပဲဖြစ်ဖြစ်
Page ကိုLike & Followလုပ်သွားပေးပါတော့နော်

Follow လုပ်ထားသူညီကိုတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအထူးပါဗျ

ပုံကတော့ပြီးခဲ့တဲ့ပီအက်ဂျီအသင်းနဲ့ရင်ဆိုင်ခဲ့တုန်းက
ပြင်သစ်ကြယ်ပွင့်ကိုင်လီယမ်အမ်ဘာပေကို
တားဆီးနေတဲ့ပုံသာဖြစ်ပြီး
တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်😍


ကျွန်တော်တို့မြင်ချင်တာဒီကွင်းလယ်အတွဲဗျCasemiro(No.6)Mainoo(No.8)Bruno(No.10)🤞
19/12/2023

ကျွန်တော်တို့မြင်ချင်တာ
ဒီကွင်းလယ်အတွဲဗျ

Casemiro(No.6)
Mainoo(No.8)
Bruno(No.10)🤞


မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ခရစ်ရှန်အဲရစ်ဆင်နှင့်ခါးလို့ကတ်စီမီရိုတို့ဟာအသင်းနှင့်အတူပူး...
19/12/2023

မန်ချက်စတာယူနိုက်တက်အသင်းရဲ့
အဓိကကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့
ခရစ်ရှန်အဲရစ်ဆင်နှင့်ခါးလို့ကတ်စီမီရိုတို့ဟာ
အသင်းနှင့်အတူပူးပေါင်းလေ့ကျင့်ခန်းဆင်းနေပြီလည်းဖြစ်သည်။

ဒါဟာယူနိုက်တက်အသင်းအတွက်
ကောင်းမွန်တဲ့သတင်းကောင်းတစ်ရပ်ပါပဲ


18/12/2023

ဖန်အချင်းချင်းတိုက်ခိုက်နေကြပေမယ့်

သူတို့နှစ်ယောက်ကတော့အေးဆေးပါပဲ

တစ်ခုထဲပြောမယ်သားကြီးမင်းကိုလွမ်းတယ်အခုလိုထင်ရာစိုင်းနေတဲ့တိုက်စစ်ကစားသမားတွေအစားမင်းကိုလွမ်းမိတယ်🥺😢
18/12/2023

တစ်ခုထဲပြောမယ်သားကြီး
မင်းကိုလွမ်းတယ်

အခုလိုထင်ရာစိုင်းနေတဲ့
တိုက်စစ်ကစားသမားတွေအစား
မင်းကိုလွမ်းမိတယ်🥺😢

ညက ကိုဘီမိန်နူးရဲ့permomanceကအတော့်ကို‌ကောင်းတာနော်ဂါနာချိုကိုဖန်တီးပေးလိုက်တဲ့အလုံးကလုံးဝကျွတ်ဆင်ပဲ😁🤗ဖရန်ကီဒီဂျောင်ကိုပ...
18/12/2023

ညက ကိုဘီမိန်နူးရဲ့permomanceကအတော့်ကို‌
ကောင်းတာနော်

ဂါနာချိုကိုဖန်တီးပေးလိုက်တဲ့အလုံးက
လုံးဝကျွတ်ဆင်ပဲ😁🤗

ဖရန်ကီဒီဂျောင်ကိုပြန်မြင်ရသလိုပဲဗျာ

Endo,Gravembench,Soboszlaiတို့ပါတဲ့
ကွင်းလယ်ကို
သူ့ရဲ့ပါရမီနဲ့ထိန်းကျောင်းပြသွားခဲ့တာ
သူ့ရဲ့ ကွင်းလယ်အနုပညာပဲ

အဝါကတ်ထိသွားလို့သာပေါ့
အဝါကတ်မထိရင်ဒီကလေးလေး
ဒီထက်ပိုကောင်းမှာမြင်ယောင်မိသေး😍

Comment မှာမန့်ပေးကြပါအုံးနော်
ချစ်ဖန်တို့ရေ

အိပ်မက်ဆိုးများရဲ့နောက်ကွယ်ကရွှေလက်တစ်စုံ======================================မနေ့ညကမန်ချက်စတာယူနိုက်အသင်းနဲ့လီဗာဘူးအသင...
18/12/2023

အိပ်မက်ဆိုးများရဲ့နောက်ကွယ်ကရွှေလက်တစ်စုံ
======================================

မနေ့ညကမန်ချက်စတာယူနိုက်အသင်းနဲ့
လီဗာဘူးအသင်းတို့ရဲ့ပွဲစဉ်မှာ
မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမား
အန်ဒရီအိုနာနာတစ်ယောက်ကျောက်ထခဲ့ပြီး
လက်နဲ့ဘောလုံးမပျက်အောင်
လာသမျှအလုံးတိုင်း တားဆီးကာကွယ်ပေးနိုင်ခဲ့တယ်။
လီဗာဘူးအသင်းရဲ့ကန်သွင်းချက်ရှစ်ကြိမ်ကို
ကာကွယ်ပေးနိုင်ခဲ့ပြီး ဒိုင်ဗစ်ပစ်ကာ
ဖမ်းယူခဲ့တာကသုံးကြိမ်ပဲဖြစ်ပါတယ်။

ဒီပွဲရဲ့အကောင်းဆုံးပြန်လာနိုင်ခဲ့တဲ့
အပေါင်းလက္ခဏာကတော့
အန်ဒရီအိုနာနာရဲ့အံ့မခန်းလက်စွမ်းပဲဖြစ်ပါတယ်။

မိုင်နူး အသက်အရွယ်နှင့်မလိုက်
အတော်လေးကောင်းတယ်။

ဗာရိန်း+အီဗန်တို့ရဲ့ခံစစ်တံတိုင်းကကောင်းမွန်ခဲ့သလို
လုရှောနဲ့ ဒါလော့တို့ရဲ့ခံစစ်အစွယ်နှစ်ဖက်က
ထင်မှတ်မထားမိအောင် ကောင်းမွန်နေခဲ့ပြန်တယ်

အသင်းခေါင်းဆောင်းလက်ပတ်ယူထားတဲ့
တွမ်မီနေးသူ့အလုပ်သူလုပ်ပြီး
သူဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့
ထိုက်တန်ပါတယ်ဆိုတာပြသွားခဲ့တယ်

အမ်မရာဘတ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့
အံဝင်ခွင်ကျမှုမရှိသလို
ကွင်းလယ်ခံစစ်နေရာအတွက်
ကစားသမားအသစ်ကို လာမယ့်ဇန်မဝါရီလ
ဈေးကွကိအတွင်းခေါ်ယူဖို့လိုအပ်နေပါပြီ

အီဗန်ကြီးကတော့
တကယ့်ကိုပေးဆပ်ခံကစားသမားကြပါ
ဖာဂူဆန်လက်ထက်ကကစားသမားဆိုလို့
သူပဲရှိပါတော့တယ်
ကျရာဇာတ်ရုပ်ကနေပေးဆပ်ပေးတဲ့
ကစားသမားကြီးပါ
ရာသီအစတုန်းက ကာလတိုစာချုပ်လို့ထင်ခဲ့ပေမယ့်
အခုဆိုရင် မာတီနက်မရှိတော့တဲ့နောက်တန်းတံတိုင်းမှာ
အရေးပါခဲ့တဲ့ကစားသမားတစ်ယောက်
ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်

အန်တိုနီ၊ဂါနာချိုတို့ရဲ့ တောင်ပံတစ်ချက်တစ်ဖက်စီက
မနာလိုတစ်ကိုယ်ကောင်းဆန်မှုကြောင့်
တိုက်စစ်မှုးဟွိုက်လွန်း ဘောလုံးမရခဲ့သလို
ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး

ဒါပေမယ့်
အန်တိုနီ၊ဒါလော့တို့ရဲ့ညာဝန်းက
အတော့်ကိုကောင်းလွန်းခဲ့ပြီး
ဒါလော့ကိုအနီကတ်ပြသခဲ့တဲ့ဒိုင်လူကြီကို
မေးခွန်းထုတ်ချင်စရာဖြစ်ခဲ့ပြီး
ပြစ်ဒဏ်ဟာပြင်းထန်းလွန်းခဲ့တယ်

အနှစ်ချုပ်ရသော်
ကျွန်ုပ်တစ်ဦးတည်းအမြင်အရ
ဒီပွဲရဲ့ အကောင်းဆုံးကစသမားကတော့
လီဗာဘူးအသင်းဘက်က တိကျတဲ့ဂိုးပေါက်
ချိန်းခြောက်မှုတွေကိုကာကွယ်ပေးခဲ့တဲ့
အန်ဒရီအိုနာနာပါ

ကျွန်တော်လည်းဝေဖန်သင့်ချိန်မှာ
ဝေဖန်တတ်ရသလို
ချီးမွမ်းရမယ့်အချိန်မှာ
ချီးမွမ်းတတ်ရပါမယ်

ဒီပွဲသရေရလဒ်ကြောင့်
ယူနိုက်တက်တို့အနေနဲ့အန်ဖီးကွင်းကြောက်တဲ့
အိပ်မက်ဆိုးကိုတားဆီးနိုင်ခဲ့ပါပြီ။

အိပ်မက်ပြဇာတ်ရုံမှအမိုက်သရိုက်များယခင်က သုံးမီနစ်မန်ချက်ရာဇဝင်လေးတစ်ပုဒ်ယခုတော့ ပျက်သုဉ်းခဲ့ပြီ....သုံးမီနစ်မန်ချက်မှသည်...
11/12/2023

အိပ်မက်ပြဇာတ်ရုံမှအမိုက်သရိုက်များ

ယခင်က
သုံးမီနစ်မန်ချက်ရာဇဝင်လေးတစ်ပုဒ်
ယခုတော့ ပျက်သုဉ်းခဲ့ပြီ....
သုံးမီနစ်မန်ချက်မှသည်
သုံးမီနစ်ထဲနဲ့ဦးဆောင်ဂိုးစပေးရသော
မန်ချက်ရဲ့ရာဇဝင်
တစ်ခတ်ပြောင်းလဲခဲ့ပြီ

အော် မန်ယူကစားသမားတွေ
ကြေးစားဆန်လိုက်တာ
ငွေမျက်နှာတစ်ခုတည်းပဲကြည့်တဲ့
ကစားသမားတွေ
သင်တို့မရှက်ကြဘူးလား
မန်ချက်စတာယူနိုက်တက်ဆိုတဲ့
အင်္ဂလန်နိုင်ငံရဲ့
တော်ဝင်ဘောလုံးအသင်းအင်္ကျီကိုဝတ်ပြီး
အပေါစားဆန်လိုက်ကြတာ
အော် နားရှက်စရာ

ယခင်က အောင်လံအထူထူလွင့်ခဲ့တဲ့
မန်ချက်စတာမြို့ကအနီရောင်စာမျက်နှာ
အခုတော့ အပြာရောင်နယ်မြေအဖြစ်
ပြိုင်ဘက်မန်စီးတီးအသင်းက
ဝါးမျိုးနေလေရဲ့

ဘရူနိုရေ မင်းမရှက်တတ်ဘူးလား
ရက်ဖို့ရေ
မင်းကပရဟိတပဲလုပ်တတ်တာလား
အန်တိုနီရေ မင်းကလူ့ဘဲချတတ်တာလား
အော် မင်းတို့မရှက်ကြတော့ဘူးလား

မင်းတို့မရှက်ကြရင်နေပါ
နိုင်ငံပေါင်းများစွာက
အားပေးကြတဲ့ ပရိတ်သတ်တွေရဲ့
မျက်ရည်တွေကို သနားကြပါ
မင်းတို့အရင်ကစားခဲ့ကြတဲ့
နောင်တော်တွေကို လေးစားကြပါ

မင်းတို့မရှက်ကြဘူးလား
အိပ်မက်ပြဇာတ်ရုံဟာ
သုသာန်တစ်စပြင်အလား
ဖြစ်ခဲ့ပြီ....
အော်မင်းတို့မရှက်ကြဘူးလား

အောင်လံအထူထူလွင့်ခဲ့တဲ့
မန်ချက်စတာအနီရောင်နယ်မြေရဲ့
အလံတိုင်တွေ....
တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပြီ
မန်ချက်စတာ အပြာရောင်နယ်မြေအဖြစ်

အိုရ်
အတိတ်အချိန်က
မြူးနစ်လေယာဉ်ပျက်ကျမှုကြောင့်
ကျဆုံးသွားသော
ရဲဘော်တွေ....ပြန်လည်နှိုးထလာပေးပါ

ဘရူနို
မင်း မရှက်တတ်ဘူးလား

အော် မင်းတို့လုပ်ရက်လုပ်ပုံများ
ငါတို့မှာ အိပ်ရေးပျက်မှာလဲကြောက်ရ
မန်ယူ ရှုံးမှာလဲကြောက်ရနဲ့
အော် ဝဋ်ကြီးလိုက်ပုံများ.....

ကမ္ဘာဦးကျောက်ခေတ်တုန်းကရှေးဦးလူရိုင်းတွေရဲ့ဦးနှောက်ထည့်ထားတဲ့မအလဒိုင်ရယ်....အဆံချောင်နေတဲ့ ခေါင်းပိုင်ရှင်ဖုန်းတစ်ဂိုးရှ...
29/11/2023

ကမ္ဘာဦးကျောက်ခေတ်တုန်းက
ရှေးဦးလူရိုင်းတွေရဲ့
ဦးနှောက်ထည့်ထားတဲ့
မအလဒိုင်ရယ်....
အဆံချောင်နေတဲ့ ခေါင်းပိုင်ရှင်
ဖုန်းတစ်ဂိုးရှင်အိုနာနာရယ်
ဘောလုံးမရရင် လူလိုက်ဖြတ်မယ်ဆိုတဲ့
ဘောလုံးပွဲနဲ့လက်ဝှေ့ပွဲမှားနေတဲ့
ဘရူနိုတို့ကြောင့်
မန်ယူ.....မန်ယူ
အုပ်စုအဆင့်ကနေလှည့်ပြန်ရမယ်ထင်ပါတယ်ဗျာ
ထို့အတူ ချန်ပီယံလိဂ်ဘောလုံးလဲ
အိမ်ပြန်ယူခွင့်မရတော့ဘူး...


မနေ့ကအဲဗာနဲ့ပွဲမှာဂါနာချိုရဲ့Peleရိုက်ချက်ကတစ်ချိန်က အမေ့ခံဂန္ဒဝင်ကစားသမားကြီးဝိန်းရဲ့နောက်ပြန်ကန်ချက်ကိုသတိရသွားစေတယ်.....
27/11/2023

မနေ့ကအဲဗာနဲ့ပွဲမှာဂါနာချိုရဲ့Peleရိုက်ချက်က
တစ်ချိန်က အမေ့ခံဂန္ဒဝင်ကစားသမားကြီးဝိန်းရဲ့
နောက်ပြန်ကန်ချက်ကိုသတိရသွားစေတယ်....

မေ့ထားလို့မရတဲ့ကစားသမားတွေအများကြီးရှိပါသေးတယ်....

အိုနာနာဒီပွဲမှာငြိမ်လွန်းနေပြီး.....
ဘောလုံးနဲ့လက် စက္ကူကပ်ထားသလိုဖြစ်နေပါတယ်

လုရှောပြန်လည်ပါဝင်လာမှုက
ဘယ်ခံစစ် တစ်လျောက်လုံးအသက်ဝင်လာခဲ့ပြီး
ဒါလော့လည်းအသက်ရူချောင်ခဲ့ကာ
လုရှောက....တစ်ကျော့ပြန်သူရဲကောင်းဘွဲ့ဆောင်နိုင်ခဲ့ပါတယ်.....

ကွင်းလယ်ကလူငယ်ကစားသမားလေး မိန်းနူးရဲ့
ဖြတ်ထုတ်ပုံတွေက ကတ်စီမီရိုကို
ပြန်လည်မြင်ယောင်စေပြီး.....သူရဲ့ဘောလုံးဖြန့်ဝေပုံတွေက....ဖရန့်ကီဒီဂျောင်နဲ့အနီးစပ်ဆုံးတူနေပြီး
အိပ်မက်ပြဇာတ်ရုံရဲ့
လူငယ်စစ်သူကြီးတစ်ယောက်ဖြစ်မှန်းမသိ
ဖြစ်ခဲ့ပြန်တယ်

နေမထိသောပန်းနွမ်းခြင်းမနွမ်းခြင်းက
မသေချာပေမယ့်

ကျွန်တော်တို့ရဲ့ချစ်လှစွာသောမန်ချက်စတာယူနိုက်အသင်း အောင်သပြေပန်းနှင့်အတူပြန်လာခဲ့ပါပြီ

နွမ်းသောမန်ချက်စတာယူနိုက်တက်ဆိုတဲ့
ပန်းကလေး...
ရေအသစ်နဲ့ဆောင်းညချမ်းးမှာ
ပြန်လည်လန်းဆန်းလာခဲ့ပြီ....


ယူနိုက်တက်တိုက်စစ်ကစားသမားတွေကိုငါကဘာကောင်လဲဆိုတာပြသလိုက်တဲ့တစ်ချိန်က ကစ်အားပြင်းပြင်းနဲ့ယူနိုက်တက်တိုက်စစ်မှာဂိုးတွေတဖု...
26/11/2023

ယူနိုက်တက်တိုက်စစ်ကစားသမားတွေကို
ငါကဘာကောင်လဲဆိုတာပြသလိုက်တဲ့
တစ်ချိန်က ကစ်အားပြင်းပြင်းနဲ့
ယူနိုက်တက်တိုက်စစ်မှာဂိုးတွေတဖုန်းဖုန်းသွင်းတတ်သူ
မေဆင်ဂရင်းဝု🥰🥰


ပရီးမီးယားလိဂ်အသင်းကြီးများရဲ့ဒဏ်ရာရလူစာရင်း
21/11/2023

ပရီးမီးယားလိဂ်အသင်းကြီးများရဲ့
ဒဏ်ရာရလူစာရင်း

အန်တိုနီမာရှယ်အနေနဲ့ အသင်းမှာပွဲထွက်ခွင့်မရသောကြောင့် ဇန်နဝါရီလဈေးကွက်တွင်အသင်းမှထွက်ခွာမည်ဖြစ်ပြီး မိခင်ယူနိုက်တက်အသင်း...
21/11/2023

အန်တိုနီမာရှယ်အနေနဲ့ အသင်းမှာပွဲထွက်ခွင့်မရသောကြောင့် ဇန်နဝါရီလဈေးကွက်တွင်အသင်းမှ
ထွက်ခွာမည်ဖြစ်ပြီး မိခင်ယူနိုက်တက်အသင်းအနေနဲ့
မာရှယ်အတွက် မည်သည့်ကမ်းလှမ်းချက်မျိုးမဆို
တံခါးဖွင့်ထားမည်ဖြစ်သည်။
အဆိုပါကစားသမားကို အပြီးသတ်ရာင်းချသွားမည်သာ


ဝေဖန်ခံနေရတဲ့ကြားကပရီးမီးယားလိဂ်လိုပြိုင်ဆိုင်မှုပြင်းထန်နဲ့လိဂ်မှာCleansheets(4)ကြိမ်အထိရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တ...
12/11/2023

ဝေဖန်ခံနေရတဲ့ကြားကပရီးမီးယားလိဂ်လိုပြိုင်ဆိုင်မှုပြင်းထန်နဲ့လိဂ်မှာ
Cleansheets(4)ကြိမ်အထိရရှိအောင်
စွမ်းဆောင်ထားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမားအိုနာနာ

စကားမစပ် ....ပလိုင်း‌ပေါက်နဲ့ဖားထွက်ကောက်နေတဲ့
နောက်တန်းတစ်သိုက်နဲ့နော်🤒😁

မနေ့က ကိုဗင်ဟေဂေနှင့်ပွဲမှာနည်းပြကြီးအဲရစ်တန်ဟတ်ရဲ့ Decisionကအဆိုးရွားဆုံးဖြစ်ခဲ့တယ်။မားကပ်ရက်ဖို့အနီထိချိန် ဗစ်တာလင်ဒီလ...
09/11/2023

မနေ့က ကိုဗင်ဟေဂေနှင့်ပွဲမှာ
နည်းပြကြီးအဲရစ်တန်ဟတ်ရဲ့ Decisionကအဆိုးရွားဆုံးဖြစ်ခဲ့တယ်။
မားကပ်ရက်ဖို့အနီထိချိန် ဗစ်တာလင်ဒီလော့၊ရီဂူလွန်၊အမ်မရာဘတ်စသည့်ခံစစ်အားသန်ကစားသမားတွေကို
ထည့်သုံးပြီးပိတ်ကစားသင့်ပါလျှက် ပိတ်ကစားထားခဲ့ခြင်းမရှိခဲ့ပါဘူး....

ထို့အတူ(3-2)နဲ့နိုင်နေတဲ့အခြေအနေမှာ
အသင်းကိုဆက်လက်အနိုင်ရစေဖို့အတွက်
ပိတ်ကစားမယ့်အစား ဖွင့်ကစားခဲ့တာကြောင့်
ချေပဂိုးတွေအနိုင်ဂိုးတွေပေးရကာ မန်ချက်စတာယူနိုက်တို့ရှုံးနိမ့်ခဲ့ရပါတယ်....

ကိုဗင်ရဲ့ပထမဂိုးကလုံးဝကိုလူကျွန်ဂိုးကြီးပါ။
ဂိုးသမားအိုနာနာရဲ့အရှေ့ကိုကိုဗင်ဟေဂင်ကတစ်ယောက်ပိတ်ရပ်နေပြီးဂိုးအဖြစ်ခွင့်ပြုခဲ့ကတော့ ဒိုင်လူကြီးကိုမေးခွန်းထုတ်ချင်စရာပါ။ ဘန်လေနဲ့ပွဲကအလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဂိုးရခဲ့ခြင်းမရှိပါ...

ဗာရိန်းရဲ့ကစားချင်သလို၊မကစားချင်သလိုလုပ်နေတဲ့ပုံစံ၊ဒိုင်လူကြီးတွေရဲ့ မန်ယူနိုက်တက်အသင်းကို
ဖြုတ်ချနေပုံကြောင့် ကံဆိုးမသွားရာမိုးလိုက်လို့
ရွာခဲ့ရပါပြီ.....

Efootball နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေသိချင်ရင်Page cb,မှာသော်လည်းကောင်းComment မှာသော်လည်းကောင်းလာရောက်မေးမြန်းနိုင်ပါတယ်...
09/11/2023

Efootball နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေသိချင်ရင်
Page cb,မှာသော်လည်းကောင်း
Comment မှာသော်လည်းကောင်း
လာရောက်မေးမြန်းနိုင်ပါတယ်

မန်ယူသတင်းတွေReviewတွေလည်း
တင်ပေးသွားပါအုံးမယ်နော်

Followပေးကြတဲ့တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးပါဗျ

မန်ယူမှာကစားအားကောင်းကောင်းစိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားတာဒီတစ်ယောက်ဘဲရှိတယ်
07/11/2023

မန်ယူမှာကစားအားကောင်းကောင်း
စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားတာ
ဒီတစ်ယောက်ဘဲရှိတယ်

ဒီLine-upကိုမြင်ပြီးအနည်းငယ်Heartထိစေပါတယ်။ရက်ဖို့ပွဲထွက်လူစာရင်းထဲမပါလို့ အရံခုံထဲကြည့်မိတယ်။မပါပြန်ပါဘူး။ရက်ဖို့လိုကစာ...
04/11/2023

ဒီLine-upကိုမြင်ပြီးအနည်းငယ်Heartထိစေပါတယ်။
ရက်ဖို့ပွဲထွက်လူစာရင်းထဲမပါလို့ အရံခုံထဲကြည့်မိတယ်။မပါပြန်ပါဘူး။ရက်ဖို့လိုကစားသမားမျိုးကို အခုလို
Line-up ရော အသင်းလူစာရင်းမှာပါoutထားတာ နည်းပြကြီးကိုအတော်လေးလေးစားမိကြောင်းပါ။

ရက်ဖို့ ဆယ်ပွဲကစားအပြီး တစ်ဂိုးသွင်း၊တစ်ဂိုးဘဲဖန်တီးပေးထားနိုင်တာပါ။Line-up outသင့်တာကြာပါပြီ။နည်းပြကြီးဆုံးဖြတ်ချက်ပြတ်သားပြခဲ့ပြီး Lineup outထားပ့ပြီ။တောင်ပံတိုက်စစ်မှုးအတွက်တစ်ဂိုးသွင်းပြီးတစ်ဂိုးဖန်တီးခြင်းဟာအလွန့်ကိုနည်းတဲ့ပမာဏပါ။ သို့လော့သို့လော့နဲ့ လူငယ်တိုက်စစ်မှူး ဟွိုက်လွန်းနဲ့ ဂါနာချိုအတွဲကို
မျက်ဝါးထင်ထင်ကြည့်ရအုံးမယ်။

ကွင်းလယ်မှာ ဘောလုံးလက်ခံယူပြီး ဆွဲပြေးနိုင်မယ့်ကစသမား အဲရစ်ဆင်ပါဝင်လာတာအလွန့်ကိုကြိုက်ပါတယ်။
နောက်ပြီးတုတ်ကြီးနဲ့တွဲပေးထားတာပါဘဲ။ ဘရူနိုကိုအခုထိLine-up မoutရဲသေးပါဘူး။ကျွန်တော်မြင်ချင်တာ
ဘရူနိုနေရာ မေဆင်မောက်ပါဘဲ။မေဆင်မောက်-အဲရစ်ဆင်ကွင်းလယ်အတွဲကိုမြင်ချင်မိပါတယ်။

နောက်တန်းမှာဆိုရင် လင်ဒီလော့ဒ် အဖျားရောဂါကြောင့်မပါဝင်နိုင်ပေမယ့် ညာနောက်ခံလူအာရွမ်ဝမ်ဘစ်ဆာကာပြန်လည်ပါဝင်လာနိုင်တာက အားတက်စရာပါ။
သို့ပြီး...ဗာရိန်းအခြေ‌အနေကမေးခွန်းထုတ်စရာပါ။
ကြံ့ခိုင်မှူမပြည့်ဝသေးတာလား...?
နည်းပြကမကြိုက်လို့လားလို့....မေးခွန်းထုတ်ချင်စရာပါ။
ကျွန်တော်တစ်ဦးတည်အမြင်အရတော့ နောက်အပြောင်းအရွေ့ဈေးကွက်မှာ ဗာရိန်းကိုရောင်းထုတ်ပြီး လူငယ်ခံစစ်မှူးအသစ်ဝယ်ယူနိုင်ဖို့ပါဘဲ။

ဂိုးသမားကတော့ထုံးစံအတိုင်းအိုနာနာပါ။မျက်နှာမလိုက်စတမ်းပြောရရင် လူငယ်ဂိုးသမားလေး ဘင်ယင်ဒါကိုမြင်တွေ့ချင်မိပါတယ်။

#အယ်မွန်းသော်တာ_မြို့သာ

ကဲဒီနေ့ညမြန်မာစံတော်ချိန် ည ၇နာရီမှာဖူဟမ်အသင်းနဲ့ "ချစ်လှစွာသော" မန်ချက်စတာယူနိုက်တက်တို့ရဲ့ EPLပွဲကောင်းလေးရှိနေပါတယ်။ယ...
04/11/2023

ကဲဒီနေ့ညမြန်မာစံတော်ချိန် ည ၇နာရီမှာ
ဖူဟမ်အသင်းနဲ့ "ချစ်လှစွာသော"
မန်ချက်စတာယူနိုက်တက်တို့ရဲ့ EPLပွဲကောင်းလေးရှိနေပါတယ်။

ယူနိုက်တက်တို့အနေနဲ့ မနိုင်မဖြစ်အနိုင်ကန်ရမှာဖြစ်ပြီး
ဒီပွဲနိုင်ရင် နည်းပြအဲရစ်တန်ဟတ်အနေနဲ့ အသက်ရူချောင်ပါလိ့မ့်မယ်။အကယ်၍ ဒီပွဲမှာ ရလဒ်ဆိုးဝါးခဲ့ရင်
နည်းပြအဲရစ်တန်ဟတ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့အနာဂါတ်ဟာ မှေးမှိန်သွားနိုင်ပါတယ်။

Let's go ဒီညစောင့်ကြည့်ရအောင်ဗျာ.....

#အယ်မွန်းသော်တာ_မြို့သာ

🌀ဂလေဇာမိသားစုဟာ အသင်းကိုရောင်းထုတ်ရန်ပြင်ဆင်လျှက်ရှိသည်🌀ဂလေဇာမိသားစုဟာ ကာတာသူ‌ဌေး ရှိတ်ဂျက်ဆင်ဆီသို့ မက်ဆေ့ပို့ထားပြီးဖြ...
04/11/2023

🌀ဂလေဇာမိသားစုဟာ အသင်းကိုရောင်းထုတ်ရန်
ပြင်ဆင်လျှက်ရှိသည်

🌀ဂလေဇာမိသားစုဟာ ကာတာသူ‌ဌေး ရှိတ်ဂျက်ဆင်ဆီသို့ မက်ဆေ့ပို့ထားပြီးဖြစ်သည်

🌀ကာတာစော်ဘွား ရှိတ်ဂျက်ဆင်ဟာ
မန်ချက်စတာယူနိုက်တက်အသင်းကို အလုံးစုံဝယ်ယူရန်
စိတ်ဝင်စားနေပြီး ဝယ်ယူနိုင်ရန်ကြိုးပမ်းလျှက်ရှိသည်။

🌀ရှိတ်ဂျက်ဆင် မန်ယူအသင်းပိုင်ရှင်ဖြစ်လာရန်
ဝယ်ယူနိုင်မည့်ကစားတစ်ဦးရှိနေသည်။ သူရဲ့အကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပါသည်။အဆိုပါကစားသမားမှာ ပြင်သစ်လက်ရွေးစင်အသင်းနှင့် ပီအက်စ်ဂျီတိုက်စစ်မှုး ကိုင်လီယမ် အမ်ဘာပေသာဖြစ်သည်။


မင်္ဂလာပါဘောလုံးချစ်သူများ⚽⚽Efootball နဲ့ပတ်သတ်လို့မသိတာရှိရင်ပေ့ခ်ျ 𝒞ℬမှာ လာရောက်မေးမြန်းနိုင်ပါတယ်ဗျFollowပေးတဲ့တစ်ယော...
03/11/2023

မင်္ဂလာပါ
ဘောလုံးချစ်သူများ⚽⚽

Efootball နဲ့ပတ်သတ်လို့
မသိတာရှိရင်
ပေ့ခ်ျ 𝒞ℬမှာ လာရောက်မေးမြန်းနိုင်ပါတယ်ဗျ

Followပေးတဲ့တစ်ယောက်ခြင်းစီတိုင်းကို
ကျေးဇူးပါဗျ

မန်ချက်စတာယူနိုက်တက်အသင်းအကြောင်းပြောပါဆိုရင် ဂိုးမသွင်းတတ်တဲ့တိုက်စစ်ကစရပါလိမ့်မယ်...အန်တိုနီကအသင်းနဲ့ကစားခွင့်ရတာသိပ်မ...
25/10/2023

မန်ချက်စတာယူနိုက်တက်အသင်းအကြောင်း
ပြောပါဆိုရင် ဂိုးမသွင်းတတ်တဲ့တိုက်စစ်ကစရပါလိမ့်မယ်...

အန်တိုနီကအသင်းနဲ့ကစားခွင့်ရတာသိပ်မကြာသေးလို့
ကျွန်တော်မပြောလိုပါဘူး။အဓိကတိုက်စစ်မှုးတွေက
ရက်ဖို့၊ဘရူနိုနဲ့ဟွိုက်လွန်းပါဘဲ။ဘရူနိုကို ကွင်းလယ်ကစားသမားအနေနဲ့မြင်ကြမှာပေါ့။ဘရူနိုဟာ Second striker နောက်ချန်တိုက်စစ်နေရောမှာကောင်းကောင်းကစားနိုင်သူပါ။ဒါကြောင့်ဘရူနိုကိုထည့်ရပါလိမ့်မယ်။
ရက်ဖို့အကြောင်းကစပြောပါမယ်။ ရက်ဖို့ကအရင်ကလောက်တစ်ကိုယ်ကောင်းဆန်မှုလျော့သွားသော်လည်း
မသေချာမရေရာတဲ့ ပေးပို့မှုတွေဆက်တိုက်ပြုလုပ်ကာ
အသင်းTempoကိုကျသွားစေသူပါ။အခုထိတိုက်စစ်မှုး
ဟွိုက်လွန်းနဲ့ အသားမကျသေးဘဲ နားလည်မှုကောင်းကောင်းတည်ဆောက်ထားနိုင်ခြင်း မရှိသေးပါဘူး။

ရက်ဖို့ရဲ့အကောင်းဆုံးနေရာက Inside forwardပါ။
Playermakerမဟုတ်ပါဘူး။သူဟာတောင်ပံစစ်တစ်ဦးမဟုတ်သလိုဖန်တီးရှင်တစ်ဦးလည်းမဟုတ်ပါဘူး။
မန်စီးတီး၊အာဆင်နယ်တို့ရဲ့ဘယ်တောင်ပံတိုက်စစ်နဲ့ယှဉ်ကြည့်ကြပါစို့။မာတင်နယ်လီ၊ဖီးဖိုဒန်တို့ဟာ တောင်ပံတိုက်စစ်ကစားသမားစစ်စစ်တွေဖြစ်ကြပြီး ဂိုးသွင်းယူဖို့ရော ဂိုးဖန်တီးမှုမှာပါစွမ်းဆောင်ရည်မြင့်မားတဲ့
ကစားသမားတွေဖြစ်ကြပါတယ်...

ရက်ဖို့ဟာ ဘယ်သောအခါမှဖန်တီးရှင်မဟုတ်ခဲ့တာကြောင့် ရက်ဖို့ကိုဖန်တီးခိုင်းလို့မရပါဘူး။အရင်နှစ်က
ရက်ဖို့free role free position မှာစိတ်ကြိုက်ကစားခွင့်ရခဲ့တာကြောင့် သွင်းဂိုးသုံးဆယ်ကျော်အပါအဝင် ဂိုးဖန်တီးမှုများပါပြုလုပ်နိုင်ခဲ့တယ်။ ရက်ဖို့ကိုပိုကောင်းစေချင်ရင် ဂိုးသွင်းယူမှုကိုသာပိုပြီးအာရုံစိုက်ကစားခိုင်းရပါလိမ့်မယ်။ရက်ဖို့ဟာဖန်တီးရှင်တစ်ဦးမဖြစ်ခဲ့လို့ပါ။
သူဟာဝိန်းရွန်းနီမဟုတ်တာကြောင့် နည်းပြအဲရစ်တန်ဟတ်အနေနဲ့ လွတ်လွတ်လပ်လပ်ကစားခိုင်းသင့်ပါကြောင်းပြောကြားရင်းနဲ့နိဂုံးချုပ်ပါရစေ‌ဗျာ

 #ရှက်ဖီးနဲ့ပွဲကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြန်ပြောချင်စရာများ၁။အိုနာနာမန်ချက်စတာယူနိုက်တက်အကြောင်းပြောပါဆိုရင်အိုနာနာန...
22/10/2023

#ရှက်ဖီးနဲ့ပွဲကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြန်ပြောချင်စရာများ

၁။အိုနာနာ

မန်ချက်စတာယူနိုက်တက်အကြောင်းပြောပါဆိုရင်
အိုနာနာနဲ့စရပါလိမ့်မယ်။ထုံးစံအတိုင်း သွင်းဂိုးတစ်ဂိုးခွင့်ပေးခဲ့ရပြီး ငါးဂိုးပြန်လည်ပုတ်ထုတ်နိုင်ခဲ့တယ်။
အိုနာနာနဲ့ပေးဂိုးဆိုတာ "မုဆိုးနဲ့ သားကောင်"လိုဖြစ်နေပါပြီ။ အိုနာနာကတော့သားကောင်ပါ။

၂။နောက်တန်း

ဒါလော့ဟာတစ်ပွဲရွှေ၊တစ်ပွဲငွေဖြစ်နေပေမယ့်ဒီပွဲမှာတော့သူသွင်းယူလို့ ယူနိုက်တက်တို့အသက်ရူချောင်ခဲ့ရတာပါ။ လက်စတာစီးတီး နောက်ခံလူဟောင်းတွေဖြစ်ကြတဲ့
အီဗန်နဲ့ မက်ဂွဲယားအထူးခြေစွမ်းပြကစားခဲ့ပြီး
မက်ဂွေးယားကMan of the matchဆုတံဆိပ်ရရှိကာ
အီဗန်ကဒဏ်ရာကြောင့် ဗာရိန်းနဲ့လဲခဲ့ရပါတယ်။
လင်ဒီလော့ဘယ်စွယ်မှာ‌အကောင်းဆုံးခြေစွမ်းပြပြီး
ကစားနိုင်ခဲ့ပါတယ်။အီဗန်-မက်ဂွဲယားအတွဲဟာ
ရှက်ဖီးကွင်းကို လက်စတာအသင်းပိုင် King Powerကွင်းမှတ်ပြီး ခြေစွမ်းပြကစားတာလား မသိနိုင်ပါဘူး။

၃။အလယ်တန်း

မက်တွမ်မီနေးဟာ သားကောင်ချောင်းနေတဲ့ မုဆိုးတစ်ကောင်လို သွင်းဂိုးကိုချောင်းမြောင်းနေခဲ့ပါတယ်။သူ့ရဲ့
မုဆိုးဆန်ဆန် သွင်းဂိုးကိုလိုချင်တပ်မက်မှုကြောင့်ဂိုးသွင်းမုဆိုးဖြစ်ခဲ့တယ်။ နှစ်ပွဲဆက် သွင်းဂိုးသုံးဂိုးရယူနိုင်ခဲ့ပါတယ်။မက်တွမ်မီနေး ပြန်လာနိုင်ခြင်းက အဆိုးထဲကအကောင်းလို့ပြောရပါလိမ့်မယ်။ ဘရူနိုဖာနန်ဒက်ဟာ
သူပုံမှန်ကစားနေကြ No.10 Roleမှာကစားရတဲ့အတွက်
ပုံမှန်ခြေစွမ်းပြကစားနိုင်ခဲ့တယ်။ဒီပွဲမှာ အမ်မရာဘတ်လည်းတော်တော်ခြေစွမ်းပြနိုင်ခဲ့တယ်။အမ်မရာဘတ်effectကြောင့် စကော့မတ်တွမ်မီနေး အရှေ့ကိုများများလိုက်ကစားခွင့်ရခဲ့ပြီး သွင်းဂိုးမြူးခဲ့တာပါ။

၄။တိုက်စစ်

သွင်းဂိုးလိုချင်ပြီဆို နောက်တန်းနဲ့ကွင်းလယ်ကစားသမားတွေကသွင်းယူပေးရတာမနည်းတော့ပါဘူး
ရက်ရှီဘာလုပ်လို့လုပ်ချင်မှန်းမသိတော့ပါဘူး။
ဟွိုက်လွန်းကလည်း ရက်ရှီနဲ့နားလည်‌မှုတွေအခုထိမတည်ဆောက်နိုင်သေးပ့ဘူး။

ဒီပွဲရဲ့Man of.the matchဟာ
ဟယ်ရီမက်ဂွဲယားပါဘဲ🥰


Man of the match-Harry MaguireMaguireပြန်လာပြီ😁😁🥰
22/10/2023

Man of the match-Harry Maguire
Maguireပြန်လာပြီ😁😁🥰

ဒီနေ့ကတော့ကျွန်တော်တို့ချစ်လှစွာသောမန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်းဟောင်း နီမန်ဂျာဗီဒစ်ရဲ့အသက်(၄၂)နှစ်ပြည့်...
21/10/2023

ဒီနေ့ကတော့ကျွန်တော်တို့ချစ်လှစွာသော
မန်ချက်စတာယူနိုက်တက်အသင်းရဲ့
အသင်းခေါင်းဆောင်းဟောင်း နီမန်ဂျာဗီဒစ်ရဲ့
အသက်(၄၂)နှစ်ပြည့်
မွေးနေ့လေးဘဲဖြစ်ပါတယ်

ဒီနေ့မန်ယူပွဲရှိတယ်နော်မေ့နေကြမှာဆိုးလို့ပါ.....ကာလရှည်ကြာဒဏ်ရာရနေတဲ့လုရှော၊မာတီနက်၊ဘစ်ဆာကာစသည်ပါဝင်လာနိုင်သေးမှာမဟုတ်ပါ...
21/10/2023

ဒီနေ့မန်ယူပွဲရှိတယ်နော်
မေ့နေကြမှာဆိုးလို့ပါ.....

ကာလရှည်ကြာဒဏ်ရာရနေတဲ့
လုရှော၊မာတီနက်၊ဘစ်ဆာကာစသည်ပါဝင်လာနိုင်သေးမှာမဟုတ်ပါဘူး

ဒဏ်ရာကပြန်သက်သာလာတဲ့
ကူဘီမိုင်းနူး အရံခုံတန်းမှာပါဝင်လာနိုင်ပြီး
ဘယ်နောက်ခံလူရီဂူလွန်လည်း
ပြန်လည်ပါဝင်လာနိုင်ပါတယ်.....

ကတ်စီမီရိုက ဘရာဇီးလက်ရွေးစင်မှာရခဲ့တဲ့
ဒဏ်ရာကြောင့် ဘုရားဇီးမှာဘဲဒဏ်ရာတွေကို
ကုသနေခဲ့တာဘဲဖြစ်ပါတယ်။

ဒီနေ့ည မြန်မာစံတော်ချိန် မနက်၁:၃၀မီနစ်အချိန်မှာ
တူတူအားပေးကြလိုက်ရအောင်ဗျာ။

ပုံကတော့ဆေ့ထားတဲ့ပုံလေးထည့်လိုက်တာပါဗျာ


No.6 players(ကွင်းလယ်ခံစစ်ကစားသမားများ)နှိုင်းယှဉ်ချက်ဒီနှစ်မှာကတ်စီရဲ့ စွမ်းဆောင်ရည်အတော်လေးနိမ့်နေတာကို  မြင်တွေ့ရမှာဖ...
20/10/2023

No.6 players(ကွင်းလယ်ခံစစ်ကစားသမားများ)
နှိုင်းယှဉ်ချက်

ဒီနှစ်မှာကတ်စီရဲ့ စွမ်းဆောင်ရည်အတော်လေး
နိမ့်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်...

ဒါပေမယ့်အသင်းမှာ
ကတ်စီက ဂိုးအများဆုံးသွင်းသူပါ


တိုက်စစ်မှုးမားကပ်ရက်ဖို့နဲ့ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်တို့လေ့ကျင့်ရေးမှာ အပြန်အလှန်စကားပြောခဲ့ကြသည်နိုင်ငံအသင်းကလိုခြေစွမ...
20/10/2023

တိုက်စစ်မှုးမားကပ်ရက်ဖို့နဲ့
ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်တို့
လေ့ကျင့်ရေးမှာ အပြန်အလှန်စကားပြောခဲ့ကြသည်

နိုင်ငံအသင်းကလိုခြေစွမ်းမျိုး
ကစားပြပါကိုယ့်ကောင်တို့ရေ😍


မင်းတို့အတွက်ဘာတဲ့....ဘာလိုလိုနဲ့လွမ်းမောနေရတဲ့ပရီးမီးယားလိဂ်ပွဲတွေပြန်လာတော့မယ်
20/10/2023

မင်းတို့အတွက်ဘာတဲ့....

ဘာလိုလိုနဲ့လွမ်းမောနေရတဲ့
ပရီးမီးယားလိဂ်ပွဲတွေပြန်လာတော့မယ်


Nation Leagueခန့်မှန်း POTW cardများ😮😮ရော်နယ်ဒိုတော့လိုချင်မိတယ် ခင်
18/10/2023

Nation Leagueခန့်မှန်း POTW cardများ😮😮

ရော်နယ်ဒိုတော့လိုချင်မိတယ် ခင်


ဘယ်လမ်ဂမ်ရဲ့လှပတဲ့ဖန်တီးပေးမှုနဲ့အတူနာမည်ကြီးအီတလီနဲ့ပွဲမှာသွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်တိုက်စစ်မှု...
18/10/2023

ဘယ်လမ်ဂမ်ရဲ့လှပတဲ့ဖန်တီးပေးမှုနဲ့အတူနာမည်ကြီး
အီတလီနဲ့ပွဲမှာသွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့တဲ့
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုးရက်ရှီနဲ့

ယူရိုခြေစစ်ပွဲသွင်းဂိုးခုနှစ်ဂိုးရရှိသွားတဲ့
လူငယ်တိုက်စစ်မှုးဟွိုက်လွန်း

Credit by Manchester United Peoples Person

Happy birthday ပါမီဆွတ်တစ်ချိန်ကဥရောပဘုရင်ဟာလာမက်ဒရစ်အတွင်းရဲ့ကွင်းလယ်တိုက်စစ်မှာကပြအသုံးတော်ခံခဲ့သူတစ်ချိန်က"The Gunner...
15/10/2023

Happy birthday ပါမီဆွတ်

တစ်ချိန်ကဥရောပဘုရင်ဟာလာမက်ဒရစ်အတွင်းရဲ့
ကွင်းလယ်တိုက်စစ်မှာကပြအသုံးတော်ခံခဲ့သူ

တစ်ချိန်က"The Gunner"ဟုအမည်တွင်တဲ့
အာဆယ်နယ်အသင်းရဲ့ကွင်းလယ်ပဲ့ကိုင်ရှင်

တကမ္ဘာလုံးမှာရှိတဲ့မရှိဆင်းရဲသူကလေးငယ်များအား
ကူညီထောက်ပံ့ပေးတဲ့စေတနာရှင် ကွင်းလယ်ဖန်တီးရှင်ကစားသမားကြီးရဲ့မွေးနေ့ပါ...

သူကတော့"အိုဇေး"လိုအများသိကြတဲ့
ပရိတ်သတ်အချစ်တော်ကစားသမားကြီးပါ

Ozilရေ
အကို့ရဲ့အသက်၃၅နှစ်ပြည့်မြောက်တဲ့မွေးနေ့မှသည်
နောက်နှစ်ပေါင်းများစွာ
ချစ်ရတဲ့မိသားစုနဲ့အတူတူနေနိုင်ပြီး
ပျော်ရွင်စရာဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ပါစေဗျာ


နိုင်ငံအသင်းနဲ့အတူသွင်းဂိုးနှစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ဖာနန်ဒက်
14/10/2023

နိုင်ငံအသင်းနဲ့အတူသွင်းဂိုးနှစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့
ဖာနန်ဒက်

တုတ်ကြီးပါဝင်လာနိုင်သောEfootball POTW😁😍
11/10/2023

တုတ်ကြီးပါဝင်လာနိုင်သောEfootball POTW😁😍

Address

Mandalay
1322

Website

Alerts

Be the first to know and let us send you an email when Efootball PES Android Gaming Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Efootball PES Android Gaming Myanmar:

Videos

Share