Daily News MM နေ့စဉ်သတင်းစာမှ နောက်ဆုံးရ သတင်းထူ? နေ့စဉ်သတင်းစာမှ နောက်ဆုံးရ သတင်းထူးများကို တင်ပေးပါသည်။

ပညာ   ဆိုတာ   ဘာလဲ?           _____________________________တစ်ခါတုန်းက   တက္ကသိုလ်က    ဘွဲ့ရပြီးပြန်လာတဲ့   တက္ကသိုလ်  က...
06/11/2024

ပညာ ဆိုတာ ဘာလဲ?
_____________________________

တစ်ခါတုန်းက တက္ကသိုလ်က ဘွဲ့ရပြီး
ပြန်လာတဲ့ တက္ကသိုလ် ကျောင်းတော်သား
ကြီး တစ်ယောက်ဟာ သူ့မိဘများ ရှိရာ
ရွာကိုပြန်တော့ လမ်းမှာ မြစ်တစ်ခုကို
သမ္ဗန်နှင့် ကူးရတယ်တဲ့။ အဲဒီလို မြစ်ပြင်
ကျယ်ကြီးကို သမ္ဗန်နှင့် ကူးခတ်နေတုန်း
မပျ င်းအောင် သမ္ဗန် ခတ်တဲ့ အဘိုးအိုဘက်
ကို မျက်နှာမူပြီး သူကစကားပြောတယ် ။

တက္ကသိုလ်က ဘွဲ့ရလာတယ်ဆိုတော့
ပညာတတ် မာန်ကလေးကလည်း သူ့မှာ
ဝင်လာတယ်။ ပြီးတော့ အဘိုးအို အခုလို
ပင်ပင်ပန်းပန်း တစ်နေကုန် သမ္ဗန် ခတ်ပြီး
အသက်မွေးဝမ်းကျောင်းရတာဟာလည်း
ပညာ မတတ်လို့ဘဲ ဖြစ်မယ်လို့
စဉ်းစားတာလည်းတစ်ကြောင်း သူ့ကိုယ်သူ
ပညာတတ်ဘွဲ့ရတစ်ယောက် ဖြစ်ကြောင်း
ကြွားချင်တာလည်း တစ်ကြောင်းနှင့်
သူက စမေးတယ်။

ဆရာကြီး သမ္ဗန် ခတ်တာ ပင်ပန်းမှာပေါ့နော
ပင်ပန်းတာပ ငါ့တူရာ

တခြားအလုပ်ကို မလုပ်စားဘဲ ဘာဖြစ်လို့
ဒီအလုပ်ကို လုပ်စားတာလဲ အဘ

တခြား အလုပ်ကို လုပ်စားရအောင်
အဘမှာက ငွေကြေး ဥစ္စာ အရင်းအနှီး
ကလည်း မရှိ ပညာကလည်း မရှိဘဲကိုး

ဒါဖြင့် အဘ လုံးလုံး စာမတတ်ဘူးလား
သေစာ ရှင်စာလောက်ကလေးပဲ
တတ်ပါတယ် ငါ့တူရာ
ဒါဖြင့် အဘ အတွက်အချက်ကော
တတ်ရဲ့လား
စျေးတွက် မိန်းမတွက်လောက်တော့
တတ်ပါရဲ့

ဘာဖြစ်လို့လဲ အဘ ငယ်ငယ်က ကျောင်း
မေနခဲ့ရလို့လား

ဘယ်နေရပါ့မလဲ မောင်ရာ အဘတို့
ခေတ်က ကျွန်ခေတ်ဆိုတော့ ငွေမရှိရင်
စာ မသင်နိုင်ဘူးကွယ် ဒါတောင် အဘက
ဆရာဦးကြွက်နီဆီမှာ စီအေတီ ကက်ကို
တစ်နွေလောက် သင့်ခဲ့သေးတာ ခုတော့
ဒါတွေလည်း မရှိတော့ပါဘူး ကျောင်းကို
ပြန်ကြွသွားကြပြီ

သြော် ဒါကြောင့် အဘ သမ္ဗန်ခတ်စားရတာ
ကိုးးးးး

ဟုတ်ပ မောင်ရာ အဘတို့မှာ ပညာပါရမီ
မရှိလေတော့ လက်ရုံးအားကိုး လုပ်စား
နေရတာပဲလေ ဒါထက် နေပါဦး ငါ့တူက
ရေကူးတတ်ရဲ့လား
မတတ်ဘူး အဘ ကျွန်တော်က ခုမှ
တက္ကသိုလ်က ဘွဲ့ရပြီး ပြန်လာတာ
ကျွန်တော် ရေကူးတာလည်း ဝါသနာ
မပါဘူး ခင်ဗျ

ဟေ ဒါဆို မင်းတော့ သေတော့မှာပဲ
ဟိုမှာ ကြည့်စမ်း ရာဟုထောင့်က
လေ ဆင်လာပြီ ဒီလေဟာ တော်တော်
ကြောက်စရာ ကောင်းတဲ့ လေပဲငါ့တူ

အဘိုးအိုရဲ့ စကားဆုံးမှာ ဘွဲ့ရ ဆိုတဲ့
လူဟာ မျက်ပြုးဆန်ပျာ ဖြစ်ပြီး ဘာလုပ်လို့
လုပ်ရမှန်း မသိ ခြေ မကိုင်မိ လက် မကိုင်မိနှင့် ထိတ်လန့်ပြီး ဗျာပါဒ
များနေတော့တယ် ။

ဒီတော့ ပညာ ဆိုတာ ဘာလဲ ဆိုတဲ့
မေးခွန်းကို မေးစရာ ဖြစ်လာပါတယ် ။

ဘဝ ရွှေတောင်တက် ခရီးမှာ
ဆင်ကန်းတောတိုး အဖြစ်မျိုး မရောက်ဖို့
ပညာ ဆိုတဲ့ မျက်စိ အလင်းနှင့် တူတဲ့အရာ
လိုပါတယ် ။

လောကမှာ တက္ကသိုလ် ကျောင်းကြီးတွေက
သင်ကြားပေးလိုက်တဲ့ ဘီအေ အမ်အေ
အောင်ခြင်း ဆိုတာတွေဟာ လူသား
တစ်ယောက် ဘဝခရီးမှာ ရင်ဆိုင်
ကြုံလာမယ့် အခက်အခဲတွေ ဘေးရန်
အန္တရာယ်တွေကို ဖြေရှင်းဖို့ အတွက်ပဲဖြစ်ဖြစ်
တစ်ဝမ်းတစ်ခါး ဝရုံမျှမကဘဲ ဘဝရဲ့
ကြီးပွား တိုးတက်ကြောင်း ဖြစ်တဲ့
အသက်မွေးမှု ကိစ္စအဝဝကို ဖြေရှင်းရေး
အတွက်ပဲဖြစ်ဖြစ် လုံလောက်ပြီလို့
မယူဆသင့်ပါဘူး။

ပြောခဲ့တဲ့ သမ္ဗန်ခတ် အဘိုးအိုနှင့်
တက္ကသိုလ် ဘွဲ့ရတို့ရဲ့ ပုံပြင်ကလေးမှာ
ပညာဆိုတာ တက္ကသိုလ်က ပေးလိုက်တဲ့
ဘွဲ့ မဟုတ်ဘူး ဘဝအရေးအခင်း
အကျပ်အတည်းက လွတ်မြောက်အောင်
ထွက်ပေါက် ရှာပေးနိုင်တဲ့ အရည်အချင်း
ကိုသာ ပညာလို့ ခေါ်တာ
သဘော ပေါက်ပါလိမ့်မယ်ဗျာ။

ပညာဆိုရာမှာလည်း တစ်စုံတစ်ခု
အသက် မွေးမှုနှင့် စပ်ဆိုင်တဲ့ ပညာလည်း
ရှိပါတယ်။ လောက သဘာဝရဲ့ လျှို့ဝှက်
နက်နဲ့တဲ့ တရားတွေကို ထိုးထွင်း သိမြင်တဲ့
ပညာလည်းရှိပါတယ်။ အသက်မွေးမှု
ပညာမျိုးကိုတော့ လူတွေက အတတ်ပညာ
လို့ ခေါ်ကြပါတယ်။ လောကကို ထိုးထွင်း
သိမြင်တဲ့ ပညာကိုတော့ အသိပညာ
( ဥာဏ်ပညာ ) လို့လည်း ခေါ်ကြပါတယ် ။
အလိမ္မာ ပညာလို့လည်း ခေါ်ကြပါတယ်။

အချူပ်အားဖြင့် ပြောရရင်

ပညာရှိ တွေးရင် ပြေးကြည့်တာထက်
မှန်တယ် ဆိုတဲ့ ရှေးလူကြီးများ စကားဟာ
အနာဂတ်ကို ကြိုတင် သိခြင်း ဆိုတဲ့
ပညာဥာဏ် သဘောကို ဆိုခြင်းပဲ
ဖြစ်ပါတယ် ။

______________________

အကျယ်လေ့လာချင်ပါက
တက္ကသိုလ်ဦးဆန်းလွင်
ရွှေတောင်တက် ဒဿန
လူငယ်များအတွက်
ဘဝ တိုးတက်ရေးအတွက်
အတွေးအမြင် စာအုပ်
နှာ ၂၃၉ ၂၄၀ ၂၄၁ သို့

_______________________ဒါ့ကြောင့်-

ဘယ်အရာပဲလုပ်လုပ်

စနစ်တကျ လုပ်ပါ
________________________________

ဘယ်အလုပ်ဘဲ ဖြစ်ဖြစ်
စနစ်တကျ မလုပ်ခဲ့ရင် အောင်မြင်မှုကို
မရနိုင်ပါဘူး ။

လူတိုင်း လူတိုင်းဟာ အလုပ်တစ်ခုခုကိုတော့ လုပ်ကြရတာပါပဲ ။

ဒါပေမယ့်

ဘာကြောင့် မအောင်မြင်ကြတာလဲ
လူတိုင်း လူတိုင်း အလုပ် လုပ်တဲ့နည်းစနစ်
မတူရင် ရရှိလာတဲ့ အကျိုးကျေးဇူးဟာလည်း ဘယ်လိုနည်းနဲ့မှ
တူလာနိုင်မှာ မဟုတ်ပါဘူး ။

ပညာသင်ယူနေကြတဲ့ သူတွေထဲမှာ
ဥာဏ်ကောင်းတဲ့သူ ထူးချွန်ထက်မြက်တဲ့
သူတွေ အများကြီးရှိပါတယ် ။

ထို့အတူ

သူများထက် ဥာဏ်ရည်မကျ တောင်မှ
မှန်တမ်းလောက်သာ လိုက်နိုင်တဲ့သူတွေလည်း ရှိပါတယ် ။

ဒါပေမယ့်

အသက်အရွယ်ရလာတဲ့အခါမှာ
ဘယ်လိုလူတွေက ကြီးပွားကြပါသလဲ ။
ဘယ်လိုလူတွေက အောင်မြင်မှုပန်းတိုင်ကို
လှမ်းကိုင်နိုင်ပါသလဲ ။

အဓိကတော့

ဥာဏ်ရည်ထက်ပိုပြီး အရေးကြီးတဲ့
နည်းစနစ်က စကားပြောပါတယ်။

အလုပ်ကို နည်းစနစ် မှန်မှန်ကန်ကန်နဲ့
ပြီးဆုံးသည့်အထိ တည်ကြည်စွာ
လုပ်သွားတဲ့သူဟာ ကြီးပွားတိုးတက်
သွားတာပါပဲ။

Credit
Min Kyi Nyo
Myanmar knowledge guide မှ ကူးယူသည်

အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၁၊၂– ပတ္တမြားခင်အပိုင်း (၁)အတိတ်ဆိုတာ တကယ်ကတော့ စိတ်အာရုံနဲ့ အသည်းနှလုံးမှာ စွဲထင်က...
06/11/2024

အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၁၊၂
– ပတ္တမြားခင်

အပိုင်း (၁)

အတိတ်ဆိုတာ တကယ်ကတော့ စိတ်အာရုံနဲ့ အသည်းနှလုံးမှာ စွဲထင်ကျန်ခဲ့ရစ်တဲ့ ဘ၀ရဲ့ပုံရိပ် အစိတ်အပိုင်း ကလေးတွေကို မှတ်မှတ်ရရ ဖြစ်နေခြင်းပါပဲ။
လူတိုင်း လူတိုင်းမှာ စွဲလမ်းမက်မောစိတ်နဲ့ တသသ ဖြစ်စရာကောင်းတဲ့ လှပတဲ့ အတိတ်ကလေး တွေ ရှိသလို အိပ်မက်ဆိုးလို ပြန်ပြီးတွေးချင်စရာ မကောင်းတဲ့ ချောက်ချားစရာအတိတ်မျိုးတွေ လည်းရှိကြတာပါပဲ။
လူ့ဘ၀ ဆိုတာ နေရတဲ့ နှစ်ကာလတွေ ကြာလာလေ မှတ်မှတ်ရရ ဖြစ်နေတဲ့ အတိတ်ပုံရိပ် ပန်းချီ ကားတွေ အမြောက်အမြား စုမိဆောင်းမိ ဖြစ်လာလေ မဟုတ်လားနော်။ အခု ကျွန်မရဲ့ အသက်က လည်း (၇၀)ကျော်လာပြီ ဆိုတော့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်လမ်း၊ အတိတ်ခရီး၊ အတိတ်နယ်မြေက ရှည်းလျား ကျယ်၀န်းရုံမကဘူး။ မှတ်မှတ်ရရ ပုံရိပ်ပန်းချီကားတွေကလည်း အမြောက်အမြား ဖြစ်လာပြီး ပြောရရင် ဧရာမ အနုပညာ ပန်းချီပြခန်းကြီးတစ်ခုကို ပိုင်ဆိုင်ထားသလို ခံစားမိပါတယ်။
အဲဒီ ကျွန်မတစ်ဦးတည်းပိုင် အတိတ်လမ်း၊ အတိတ်နယ်မြေလေးဟာ နှစ်ကာလ ဘယ်လောက်ကြာသွားလည်း အပျက်အစီးမရှိ အစဉ်တည်မြဲလျက်ပါပဲ။ ဘ၀ပုံရိပ် ပန်းချီကားတွေကလည်း ကျွန်မရဲ့ ဘဝပြခန်းကြီးထဲမှာ သူ့နေရာ နဲ့သူ အထားအသိုမပျက် ချိတ်ဆွဲလျက်ပဲ စိတ်ကူး ရတဲ့အခါတိုင်း အတိတ်လမ်းကို ပြန်လျှောက်ရင်း ဘ၀ပုံရိပ် ပန်းချီကားတွေ ရဲ့ ရှေ့ကို ရောက်သွား တတ်ပါတယ်။
ကြည်နူး ချမ်းမြေ့စရာကောင်းတဲ့ ပန်းချီကားရှေ့ ရောက်တဲ့အခါလည်း ဘ၀ရဲ့လှပခဲ့တဲ့ ပုံရိပ်က လေး ပါလားဆိုပြီး ရင်မှာ နှစ်သိမ့်ပီတိတွေ စိမ့်ရ၊ မုန်တိုင်းတွေထန် လှိုင်းလုံးတွေထပြီး ကိုယ့်လှေ ကလေး မှောက်တော့မယ့် မြင်ကွင်း တွေ့ရပြန်တော့လည်း လွတ်မြောက်အောင် အားသွန်ရုန်းကန် လှုပ်ရှားခဲ့ရ တဲ့ ပုံရိပ်ကလေးဖြစ်လို့ ရင်တွေတုန် နှလုံးခုန် ဖြစ်ရတာလည်း ရှိရဲ့ပေါ့။

ပန်းချီကားရဲ့ ပုံရိပ်တိုင်းဟာ ကိုယ့်ဘ၀ရဲ့ အတွေ့အကြုံ၊ အမှတ်အသား သင်္ကေတတွေပဲလေ။ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ ယူကျုံးမရ ကြေကွဲရင်နာရမှုတွေ၊ ဆုံစည်း ရခြင်း၊ ကွေကင်းရခြင်းတွေ၊ ချမ်းသာသုခနဲ့ ဆင်းရဲဒုက္ခရောက်ရခြင်းတွေ၊ မကျွမ်းကျင်မှု၊ ကိုယ့်ရဲ့ ညံ့ဖျင်းမှုတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့ ခဲ့တဲ့ အမှားအယွင်းတွေနဲ့ လောကဓံတရားရဲ့ အစမ်းသပ် ခံအဖြစ် စာမေးပွဲ၀င်ရင်း အမှတ်ကောင်းကောင်း နဲ့ အောင်ခဲ့တာလည်းရှိ၊ ခွက်ခွက်လန်အောင် ရှုံးခဲ့ တာလည်းရှိ။ ကျွန်မရဲ့ အတိတ်လမ်းပေါ်က ပန်းချီပြခန်းကြီးက အခါခါကြည့်လေ၊ စိတ်အာရုံမှာ ရသစုံ အမျိုးမျိုး ခံစားရလေပါပဲ။
အတိတ်လမ်းကို ပြန်လျှောက်ရင်း အသိတရားတွေလည်း တစ်နှစ်ထက် တစ်နှစ်ပိုပြီးရင့်ကျက်လာတာပေါ့။ ငယ်ငယ်တုန်းကလည်း ကြောင်းကျိုးဆက်စပ်နေတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို လေးလေးနက်နက်သိထားတာ မဟုတ်တော့ ကိုယ်ခံလိုက်ရရင်ပဲ အမယ်လေးဟဲ့၊ ရက်စက်လိုက်ကြတာဆိုပြီး သူတစ်ပါးကိုသာ အပြစ်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေလိုက်သေးတာနော်။ တကယ်ကတော့ အားလုံးသော ဖြစ်ပျက်မှုတွေဟာ မိမိပြုခဲ့ဖူးတဲ့ ကံတရားလည်းပါ၊ ကိုယ်ကိုယ်တိုင်ရဲ့ အသုံး မကျမှု၊ ညံ့ဖျင်းမှု၊ ဆင်ခြင်တုံတရားမဲ့မှုတွေရဲ့ အကြောင်းရင်းဆိုတာအခုမှ မြင်တတ်သွားတော့ အကုသိုလ်မပွားဘဲ ခံနိုင်ရည်စွမ်းလည်း ပိုရှိလာပါတယ်။ ရင့်ကျက်ဖို့ဆိုတာကလည်း အတွေ့အကြုံနဲ့ အချိန်ကာလသာ အကျိုးပြုနိုင်တာ မဟုတ်လားနော်။

ဘာလိုလိုနဲ့ ကျွန်မရဲ့မွေးနေ့ကို ရောက်ဖို့ တစ်လပဲ လိုပါတော့တယ်။ မွေးနေ့ဆိုတာ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ နှစ်သစ်လို့ ဆိုထားတာမို့ နှစ်ဟောင်းက မကောင်းတာတွေအားလုံးကို စွန့်ပစ်ပြီး နှစ်သစ် နဲ့ညီစွာ ကောင်းတာတွေ ရှာကြံဦးတည်ရမယ်လေ။ ပညာရှင် “ဆိုကရေးတီး”က ကိုယ်လျှောက်ခဲ့တဲ့ ဘ၀ခရီး ကို ပြန်ပြီး မလေ့လာ၊ မသုံးသပ်သူဟာ လူဖြစ်ရှုံးခြင်းပဲတဲ့။
သူပြောသလို လူဖြစ်ရှုံးမခံနိုင်တာနဲ့ အတိတ်လမ်းကို ကျွန်မခဏခဏပြန်လျှောက်ရင်း သုံးသပ်မိ တယ်ဆိုရင် မမှားပါဘူး။ အတိတ်လမ်းပေါ်မှာ ရှိခဲ့ဖူးတဲ့အမုန်းတွေ၊ မကျေနပ်မှုတွေ၊ ခံရခက်ခြင်းနဲ့ တေးထားတဲ့ အတွေးတွေ၊ မာနရောက်မှုတွေ ဆိုတဲ့ စိတ်ရဲ့ အမှိုက်သရိုက်တွေကို လိုက်ကောက်ပြီး အမှိုက်ပုံးထဲ အကုန်လုံး ကျုံးပြီး ထည့်၊ ခွင့်လွှတ်ခြင်းဆိုတဲ့ တံမြက်စည်းနဲ့ ကျွန်မရဲ့ စိတ်လည်း ကြင်လင်ရွှင်လန်းသွားတာပါပဲ။
ကျွန်မရဲ့ မွေးနေ့သစ်မှာ ဆက်လျှောက်ရဦးမဲ့ “အနာဂတ်”ဆိုတဲ့ မှတ်တိုင်လေးနဲ့လမ်းကို လှမ်း မျှော်ကြည့်လိုက်တော့ ၀င်ရမဲ့ လမ်းထိပ်မှာ “သင် လုပ်ဆောင်ရန်”ဆိုတဲ့ ဧရာမ ဆိုင်းဘုတ်ကြီးကို မြင်လိုက်မိပြန်ပါရော။
“ဟောတော့….လုပ်ဆောင်ရမဲ့ တစ်၊ နှစ်၊ သုံး၊ လေးတွေကလည်း အများကြီးပါလား။ ငါ့မှာ နေရမဲ့ အချိန်ကလည်း ဘာမှမကျန်တော့ဘူး။ အဲဒါ ဒုက္ခလို့ တစ်ယောက်တည်း ညည်းညူမိရပါတော့ တယ်။”
“ပေးထားဖူး တဲ့ ကတိစကားတွေ၊ တာ၀န်ယူစောင့်ရှောက်ရမဲ့၀တ္တရားတွေ၊ တုံ့ပြန်ရမယ့် ကျေးဇူး တရားတွေ၊ မေတ္တာအကြင်နာတွေနဲ့ လူသားချင်း ရိုင်းပင်းရမဲ့ ကိစ္စတွေ၊ ကိုယ်ကိုယ်တိုင် အသိဥာဏ် တိုးတက် ရင့်ကျက်မှုအတွက် လေ့လာလိုက်စားရမယ့် ပညာဗဟုသုတတွေ၊ ကိုယ်ခန္ဓာရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် စောင့်ရှောက်ရမဲ့ ဆောင်ရွက်မှုတွေ၊ နောက်ဆုံး ဘ၀ကူး ကောင်းဖို့ ကျင့်ကြံအားထုတ်ရမဲ့ ဘာ၀နာတွေ”
“အလိုလေး…ငါဘယ်လိုလုပ် အချိန်ရှာရပေါ့”လို့ စာရင်းကြီးကို ကြည့်ပြီး စိတ်မောရပါတော့တယ်။

“နံပါတ်တစ်၊ ပေးထားပြီးသား ကတိစကားတွေ”

ဟုတ်ပါရဲ့။ ကျွန်မမှာ ပေးထားပြီးသား ကတိစကားကြွေးတစ်ခု ရှိနေပါတယ်။ ပထမဦးဆုံးကတိပေးမိသူ ကတော့ ကျွန်မရဲ့ကျေးဇူးရှင်လည်းဖြစ်၊ မောင်ငယ် တစ်ယောက်ကိုလည်း ချစ်ရတဲ့ စန္ဒာမဂ္ဂ ဇင်းပိုင်ရှင် ရုပ်ရှင်မင်းသား ကို၀င်းဦးပါ။
စန္ဒာမဂ္ဂဇင်းမှာ ဆောင်းပါးတွေ လစဉ်မပြတ် ရေးပေးနေချိန်မှာ ကို၀င်းဦးက တောင်းဆိုမှု တစ်ခုပြု ပါတယ်။ ကျွန်မရဲ့အတိတ်လမ်း၊ အတိတ်ခရီး၊ အတိတ်နယ်မြေကို ကျွန်မတစ်ယောက်တည်းချည်း ပြန်လျှောက်ရင်း ခံစားမနေပါနဲ့။ ကျွန်မကို ချစ်ကြတဲ့ ချစ်ပရိသတ်ကိုလည်း ခွဲဝေခံစားသင့်ပါတယ်။ အတူတူခေါ်သွားပြီး ကျွန်မရဲ့ ဘ၀ပုံရိပ်အကောင်းအဆိုး၊ အမှားအမှန်တွေကို ဝေဖန်သုံးသပ်ခွင့် ပေးပြီး သင်ခန်းစားယူသင့်တာတွေ ယူကြပါစေပေါ့တဲ့။
စာဖတ်သူများအပေါ် စေတနာကောင်းနဲ့ တောင်းဆိုလာတဲ့ စကားမို့ ကျွန်မကလည်း လက်ခံသဘောတူခဲ့ ပါတယ်။ စာဖတ်သူများနဲ့ ခွဲဝေခံစားဖို့ “အတိတ်လမ်းကို ပြန်လျှောက်ခြင်းကို ရေးပေးပါမယ်လို့လည်း ကတိပြုတဲ့ စကား ဆိုခဲ့မိပါတယ်။”

ဒါပေမဲ့ ခက်တာတစ်ခုက ကျွန်မက စာရေးဆရာ မဟုတ်ဘဲ စာရေးသူသက်သက်သာ ဖြစ်နေတာ က တစ်ကြောင်း၊ ကလေးတွေ တစ်လှေကြီး မွေးထားတဲ့ ကြီးမားတဲ့မိသားစုရဲ့ အမေတစ်ယောက် ဖြစ်နေတာက တစ်ကြောင်း ဆိုတော့ စာရေးဖို့ အချိန်ရှာလို့ မရရင်းနဲ့ ကို၀င်ဦးသာ ကွယ်လွန်သွား ပါတယ်။ ကျွန်မတစ်လုံးမှ မရေးဖြစ်ခဲ့ပါဘူး။
စာရေးဆရာ နဲ့ စာရေးသူကိုလည်း ခွဲခြားပြီး ရှင်းပြရပါဦးမယ်။ စာရေးဆရာဆိုတာက စာတစ်ပုဒ်ကိုဘယ်အချိန်၊ ဘယ်အခါ ဘယ်နေရာမှာပဲဖြစ်ဖြစ် ချရေးနိုင်တဲ့သူကို စာရေးဆရာလို့ သတ်မှတ် ရမယ်လို့ ထင်ပါတယ်။ ကို၀င်းဦး ဆိုရင် ဧရာမထူတဲ့ “မိန်းမလှအမုန်း၀တ္ထုရှည်ကြီးကို ကားရိုက်ရင်းတစ်ဖက်နဲ့ ရိုက်ကွင်းထဲမှာ ရေးပေးခဲ့တာလို့ ကျွန်မစာစောင်တစ်ခုမှာ ဖတ်မိဖူးပါတယ်။”
ကျွန်မ ကတော့ တစ်သက်လုံး စာရေးဆရာဖြစ်ဖို့များတော့ ဝေးပါသေးရဲ့။ မိသားစုကများတဲ့အပြင် အပေါင်းအသင်း ကလည်း များသေးတာဆိုတော့ ကျွန်မအိမ်မှာ ဧည့်သည်ကလည်း ပြတ်ခဲပါဘိ ခြင်း။ တစ်ယောက် မဟုတ် တစ်ယောက်နဲ့ အ၀င်အထွက်တွေကလည်း ရှုပ်ယှက်ခတ်နေတာ။ ကျွန်မက အဲလို လူတွေအနား မှာရှိနေရင် ဘာစာမှ ရေးဖို့မထွက်တော့ဘူး။ ကိုယ့်ဟာကိုယ် တစ်ယောက် တည်း အေးအေးဆေးဆေး ရှိမှ စာရေးဖို့ စိတ်သွင်းလို့ရတာပါ။
အချိန်အခါတွေ၊ နေရာတွေ ရွေးပြီးမှ စာရေးနိုင်သူဆိုတော့ တစ်သက်တာလုံး စာရေးဆရာအဖြစ်ကို ရောက်မှာမဟုတ်တာ သေချာလှပါတယ်။ ဝါသနာပါလို့အပြင် စာရေးနေခြင်းက အမိမြေကို စိတ်အာရုံ နဲ့ ပြန်ပြီးအလည်ရောက်နေရသလို ခံစားရပြီး အလွမ်းပြေလို့သာ ရေးဖြစ်နေပေမဲ့ တကယ်က ကျွန်မ မှာ အချိန် ရှားပါး လွန်းတာကြောင့် ကိုယ်က ရေးချင်သလောက် စာများများ မရေးဖြစ်ခဲ့ပါဘူး။
ကို၀င်ဦး မရှိတော့ဘူး ဆိုတော့ ကျွန်မလည်း ဒီကိစ္စကို မစဉ်းစားတော့ဘဲ အေးအေးဆေးဆေးပဲ နေလိုက်ပါတယ်။ ဒီအချိန်မှာ ကျွန်မကို တဂျီဂျီနဲ့ ရေးဖို့ တိုက်တွန်းသူ တစ်ဦးပေါ် လာပြန်ပါရော။ ဘယ်သူလဲဆိုတော့ ကျွန်မရဲ့ စာဖတ်ပရိသတ်လည်းဖြစ်၊ ရေးဖော်ရေးဖက် စာပေမောင်ငယ်လည်း ဖြစ်တဲ့ ဦးကျော်သန်းမြင့်(ဗန်းမော်)ပါပဲ။

သူဂျီကျတာကို နားအေးအောင် “အေးပါ၊ အေးပါ၊ ရေးပါမယ်၊ လာမယ်၊ ကြာမယ်ပေါ့”လို့ ခပ်ရွှန်းရွှန်းနဲ့ပဲ သူ့ကိုချွေးသိပ်ထားလိုက်ပြီး အစမ်းသဘောနဲ့လေး ငါးရွက်တော့ ရေးဖြစ်ပါသေးရဲ့။ နောက်တော့လည်း ဟိုကိစ္စ၊ ဒီကိစ္စနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီလိုနဲ့ ၁၉၉၃ခုနှစ်မှာ ကျွန်မနဲ့ သမီးလတ် ကေသီခန့် တို့ မြန်မာပြည် အလည်ပြန်သွားဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း စာတည်းချုပ် ကို၀င်းငြိမ်း နဲ့ အတူသွားကြ လာကြရင်း စာပေအကြောင်းတွေ ပြောကြရင်း ဒီအကြောင်းလည်း ပြောဖြစ်ပြန်ပါရော။ အဲဒီတော့ ကို၀င်းငြိမ်းက “ဒါဆို အန်တီခင်ကျွန်တော့်ကို ပေးပါ၊ ရွှေမှာ ထည့်ရအောင်” လို့ တောင်းပါတယ်။
ကို၀င်းငြိမ်းကလည်း ကျွန်မရဲ့ ၀မ်းမနာသားလို ဖြစ်နေတာနဲ့ ဒီတစ်ခါလည်း “အေးပါ၊ အေးပါ”နဲ့ ကတိက၀တ်ပြုခဲ့တာ အခုဆိုရင် လေးနှစ်ပြည့်ဖို့ လေးလပဲလိုပါတော့တယ်။ ကို၀င်းငြိမ်းဖုန်းဆက် လာတိုင်း အားနာစိတ်နဲ့ တောင်းပန်ရတာလည်း အခါပေါင်းများစွာ ရှိနေပြီမို့ ကျွန်မအနေရခက်နေမိပါတယ်။
“ဟော…အခုတော့ ကျွန်မလုပ်ဆောင်ရမယ့် စာရင်းမှာ ထိပ်ဆုံးက ပါ၀င်နေတာမို့ မဖြစ်မနေ ရေး ပါတော့မယ် ဆိုပြီး ကတိစကားကြွေးကို ဆပ်ဖြစ်ပါတော့တယ်။ ကို၀င်းဦးကို ကတိပြုထားမိတာကနေ ဆယ်နှစ်ကျော်ကြာမှ၊ ကိုကျော်သန်းမြင့်ကို ကတိပြုထားမိတာလည်း ခြောက်နှစ်ကျော်ကြာမှ၊ ကို၀င်းငြိမ်းကို ကတိပေးထားတာ လည်း လေးနှစ်နီးပါးရှိမှ ကတိစကားတစ်လုံးကို ဖြည့်စွမ်းနိုင်တဲ့ ကျွန်မရဲ့ ချို့ယွင်းပေါ့ဆမှုများကို ခွင့်လွှတ်ဖို့ ဒီနေရာ ကပဲ အနူးအညွတ်တောင်းပန်ပါရစေနော်။”

ကျွန်မကို အခုလို မြန်မာစာ ကောင်းကောင်းရေးနိုင်အောင် ပျိုးထောင်ပေးခဲ့သူက ကျွန်မ ရဲ့ဘိုးလေး ကျောင်းအုပ်ဆရာကြီး ဦးအောင်ညွန့်ပါ။ ကျွန်မပုံစံကို ကြည့်ပြီး တော်တော် များများက မြန်မာစာ ရေးနိုင့်လိမ့်မယ်လို့ မထင်ကြပါဘူး။ အဖေက သြစတေးလျလူမျိုး အမေက အင်္ဂလိပ်မြန်မာ ကပြား ဆိုတော့ မြန်မာသွေး လေးပုံးတစ်ပုံပဲ ပါတာမို့ ရာခိုင်နှုန်းပြည့် မြန်မာရုပ် မထွက်ရတဲ့အထဲ အနုပညာသမားတစ်ယောက်လို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လည်း မရှိပြန်၊ ၀တ်တာစားတာက လည်း ခေတ်ဆန်၊ အဲဒီတော့ မြန်မာစာပေနဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်နိုင်ပါတော့မလဲ။
တစ်ခါက ကျွန်မရဲ့ စာဖတ်ပရိသတ်တစ်ဦးဆီက စာကိုဖတ်ပြီး တစ်ယောက်တည်း ရယ်ရပါသေး တယ်။ စာရေးသူက သုသု၀ဏ္ဏ၊ ဂန့်ဂေါ်မြိုင်လမ်းက ဦးသန်းထွန်းအောင် ဆိုသူပါ။ သူက ၁၉၇၀ ၀န်းကျင် စန္ဒာမဂ္ဂဇင်း မှာ ရေးနေတဲ့ “ပတ္တမြားခင်”ရဲ့ ၀တ္ထုတွေကို နှစ်သက်လို့အမြဲ စောင့်ပြီး ဖတ်နေသူပါတဲ့။ ၁၉၇၇ခုနောက်ပိုင်း ပတ္တမြားခင် စာပေနယ်က ပျောက်သွားလို့ ဘာများ ဖြစ်တာလဲဆိုပြီး တွေးဆနေမိတာ အခု စန္ဒာမဂ္ဂဇင်းမှာ ပြန်တွေ့ရတော့ “ပတ္တမြားခင်”ဆိုတာ “ခန့်ခန့်ကြီး”လို့ သိရတဲ့အတွက် အံ့သြမကုန်နိုင်ဖွယ် ဖြစ်သွားရပါသတဲ့။

“ခန့်ခန့်ကြီး”ဆိုတာ မင်္ဂလာဆောင်တကာ၊ အလှူပွဲတကာမှာ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံရိုက်နေတဲ့ အင်မတန်ခေတ်ဆန်တဲ့ ကပြားမတစ်ယောက်ပဲ။ ဒီကပြားမ ဟာ မြန်မာစကားတောင် လေးလုံးကွဲအောင်ပြော တတ်မယ် မထင်ဘူးလို့ အောက်မေ့မိတာ။ အခုသူ အလွန်နှစ်သက်တဲ့ စာရေးသူ ပတ္တ မြားခင် ဆိုတော့ ဘယ်လို မှ မယုံကြည်နိုင်ရအောင် ဖြစ်ရပါတယ်တဲ့လေ။
နောက်တစ်ဦး ကတော့ ကျွန်မ အမေရိကား မသွားခင် ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ကုန်သွယ်ရေးက အရာရှိ ဗိုလ်ကြီးသန်းထွန်း ပါ။ ကိစ္စတစ်ခုနဲ့ သူတို့အိမ်ကို ရောက်သွားတော့ တခြားဧည့်သည် တွေလည်း ရှိနေပါတယ်။ ပြောလက်စ စကားဝိုင်းက စာပေအကြောင်းပါ။ ပြောရင်းက စန္ဒာမဂ္ဂဇင်း မှာပါတဲ့ ပတ္တမြားခင်ရဲ့ “ညူကလီးယား နဲ့ တွေ့ပါစေ”၀တ္ထုအကြောင်းဖြစ်နေပါရော။ ကျွန်မလည်း အသာလေး ငြိမ် နားထောင်နေတာပေါ့။ ဘာတွေများ ဝေဖန်မလဲ သိချင်သေးတာကိုး။
စကားပြတ်တော့ ကျွန်မရဲ့ ခင်ပွန်းက “ပတ္တမြားခင်ကို သိလား။ ဒီမှာလေ”လို့ ကျွန်မရဲ့ ပခုံးကို ပုတ်ပြတော့ အရွှန်းပြက်လုံး တစ်ခု ပြောတယ်ထင်ပြီး ဝါးခနဲ ရယ်ကြပါတယ်။ ဘုန်းကြီးနဲ့ ဘီးလို ကျွန်မနဲ့ “ပတ္တမြားခင်” ဘာမှမဆိုင်ဘူး လို့ တကယ်ထင်ကြတာပါ။

အပြည့်အစုံဖတ်ရန် အောက်က
လင့်ခ်ကို နှိပ်ပါ။
https://baganmmm.shop/effectively-use-edtech-tools-in-learning/

ဒယ်နီအိုး ကြာကြာအသုံးခံချင်ရင်ဒီလိုသုံးပါ👇👇👇ဒယ်အိုးနီတွေတည်တဲ့အခါ ၊ အများစုကတော့ ၊ တယ်ခါနီးမှာဆေးကြောသန့်စင်ကြပါတယ် ။ ပြ...
05/11/2024

ဒယ်နီအိုး ကြာကြာအသုံးခံချင်ရင်ဒီလိုသုံးပါ
👇👇👇

ဒယ်အိုးနီတွေတည်တဲ့အခါ ၊ အများစုကတော့ ၊ တယ်ခါနီးမှာဆေးကြောသန့်စင်ကြပါတယ် ။
ပြီးရင်ပလပ်ထိုးမယ် ၊ ခလုပ်ဖွင့်မယ် ၊ မီးပူလာလို့ဒယ်အိုးထဲကဆေးကြောထားတဲ့ရေအကြွင်းအကျန်လေးတွေက ၊ အမြုပ်တစ်စီစီနဲ့ ၊ အငွေ့ပြန်ပြီးခန်းလာတော့မှ ၊ ဒယ်အိုးထဲဆီဖြည့်ပါတယ် ။
အဲ့ဒီကစပြီးမှားပါတယ် ။

အဲ့လိုလုပ်ခြင်းအားဖြင့် ၊ ပျက်စီးလွယ်ပါတယ် ၊ တရုတ်အိုးတွေဆိုရင်မြန်မြန်ပျက်စီးမယ် ၊ ကွိုင်ပေါက်ပြီးတော့ ၊ ယိုးဒယားအိုးဆိုရင် ၊ ကွိုင်ပေါက်ပြီး ၊ ဓာတ်လိုက်တတ်ပါတယ် ၊။
ဒယ်အိုးပူပြီးမှဆီထည့်ခြင်းကိုရှောင်ပါ ၊ ဆေးကြောသန့်စင်ပြီးရင်လည်း ၊ အဝတ်သန့် ၊ အဝတ်ခြောက်နဲ့ရေပြောင်အောင်သုတ်ပါ ၊ ပြီးဆီအရင်ထည့်ပြီးမှမီးဖွင့် ၊ အဲ့လိုလုပ်ခြင်းအားဖြင့် ၊ ကြာကြာလည်းအသုံးခံမယ် ၊ တူးတာကပ်တာတွေလည်းသက်သာပါမယ် ။

Crd - Tin Oo

☺ယုတ်မာခြင်းတွေ😊ခေတ်စားလာတော့ရိုးသားခြင်းကမှေးမှိန်သွားတယ်။လက်စားချေတုန့်ပြန်မှုတွေလူသုံးများလာတော့ခွင့်လွှတ်နားလည်ခြင်း...
05/11/2024

☺ယုတ်မာခြင်းတွေ😊
ခေတ်စားလာတော့
ရိုးသားခြင်းကမှေးမှိန်သွားတယ်။

လက်စားချေတုန့်ပြန်မှုတွေ
လူသုံးများလာတော့
ခွင့်လွှတ်နားလည်ခြင်းက
နေရာမဲ့လာတယ်။

သူတော်မှ
ကိုယ်ကောင်းမယ်ဆိုတဲ့တရားကို
ကျင့်သုံးသူတွေများလာတော့
သူတော်ကောင်းတရားလည်း
မျက်နှာငယ်လာတယ်။

သောက်စားမူးရူးပြမှ
လူ့အဆင့်တန်းရှိတဲ့ခေတ်မှာ
ရိုးရိုးနေပြီး မှန်တာပြောတဲ့သူဟာလည်း
အလိုလိုနောက်ကျကျန်ခဲ့တယ်။

အမြတ်ကြီးစား
ခေါင်းပုံဖြတ်မှုတွေ
ရေပန်းစားလာတော့
ကိုယ်ချင်းစာတတ်တဲ့သူတွေကို
နေရာတိုင်းမှာမတွေ့ရတော့ဘူးလေ။

မျက်ရည် ( တစ်မျက်နှာဝတ္ထု )....ကျုပ်မှာသားနှစ်ယောက်ရှိတယ်။  ကလေးတွေကျောင်းတက်နေတုန်း  အိမ်ဦးနတ်ဆုံးပါးသွားတော့ အငယ်ကောင်...
05/11/2024

မျက်ရည် ( တစ်မျက်နှာဝတ္ထု )....ကျုပ်မှာသားနှစ်ယောက်ရှိတယ်။ ကလေးတွေကျောင်းတက်နေတုန်း အိမ်ဦးနတ်ဆုံး
ပါးသွားတော့ အငယ်ကောင်က ကျောင်းထွက်ပြီး ကျုပ်တို့ပိုင်တဲ့လယ်ကိုဦးစီးပြီးဆက်
လုပ်ရတယ်။သားကြီးဗညားကဆေးကျောင်းတက်နေတော့ သူ့ကိုပဲ ခြစ်ခြုတ်ပြီးကျောင်း
ဆက်ထားရတာ။....အငယ်ကောင် ဘကပ်က လယ်အလုပ်တွေလုပ်နေရင်းနဲ့ ထန်းရည်သမားဖြစ်လာ
တယ်။ အချိန်တန်ထန်ရည်မူးပေမဲ့ အလုပ်ကိုတော့ ကျွဲလိုနွားလိုလုပ်တာ။ ဘယ်လိုမှဆူ
ပူကြိမ်းမောင်း တားဆီးလို့မရတာနဲ့ ထန်းရည်မသောက်တော့အောင် မိန်းမပေးစားမယ်
ဆိုတော့လည်းဒင်းက ခါးခါးသီးသီးငြင်းတယ်။ ဘယ်လိုမှဖြောင့်ဖြမရလို့ ကျုပ်လက်
လျှော့လိုက်ပြီးတဲ့နောက် ဘကပ်နဲ့ကျုပ် မျက်နှာကြောကို မတည့်ပါဘူးတော်။....ဗညားက ငယ်ငယ်ကတည်းက ပျောတီးပျော့ဖတ်နဲ့မို့ အလုပ်ကြမ်းမှန်သမျှ ဘကပ်ပဲ
ဒိုင်ခံလုပ်ပေးရတယ်။ ဘကပ်ကသူ့အကိုကိုလည်း အတော်ချစ်ရှာတာ။ ကျုပ်လည်း သား
ဦး ဗညားကိုပိုချစ်တယ်ထင်ပါရဲ့။ အားကိုးတာလည်းပါတာပေါ့။ ....အခုတော့ ဗညားလည်း ဆရာဝန်ဖြစ်ပြီး မြို့ကသူဌေးသမီး ဆရာဝန်မလေးနဲ့ အိမ်
ထောင်ကျတာ သုံးနှစ်ကျော်သွားပြီ။ ဗညားအိမ်ထောင်ကျပြီးကတည်းက တစ်နှစ်တစ်
ခေါက်လောက်တောင် ရွာပြန်လာဖေါ်မရတော့ဘူး။ ပိုက်ဆံတွေဘာတွေလား။ ကျုပ်တို့
ဆီ တစ်ခါမှမပို့ဖူးပါဘူးတော်။ ဒါပေမဲ့ကျုပ်က ချစ်နေ လွမ်းနေရတုန်းပါပဲ။ ဘကပ်ကိုဆူ
လိုက် ၊ ဗညားကို အောင့်မေ့လိုက်နဲ့ နိစ္စဓူဝ သံသရာကိုလည်နေတော့တာ။....တစ်နေ့တော့ ကျုပ်အိမ်ရှေ့မှာထိုင်ပြီး သားကြီးဗညားကိုလွမ်းတာနဲ့ အတွေးလွန်နေ
မိတယ်။ တော်တော်လေးကြာတော့ ဘကပ်က လှည်းနဲ့အိမ်ပြန်လာတယ်။ ကျုပ်ငြိမ်ပြီး
ထိုင်နေတာတွေ့လို့ ဘကပ်လည်းလှည်းပေါ်က ကမန်းကတမ်းဆင်းလာပြီး “အမေ နေမ
ကောင်းဘူးလား မှန်းစမ်း” ဆိုပြီး ကျမနဖူးကိုစမ်းတယ်။ ပြီးမှ “ကိုယ်လည်းမပူပါဘူး
အမေခေါင်တွေဘာတွေ ကိုက်နေသေးလား” ကျုပ်က “အမေ ဘာမှမဖြစ်ပါဘူး နင့်အ
ကိုကိုသတိရလို့ပါ” လို့ပြောပြီး ကျုပ် မျက်ရည်ဝဲတက်လာတယ်။ ဘကပ်က စိတ်မ
ကောင်းတဲ့မျက်နှာနဲ့ “အမေထမင်းမစားသေးဘူးမဟုတ်လား ကျနော်သွားပြင်လိုက်မယ်
အတူတူစားကြတာပေါ့”လို့စကားလမ်းလွှဲပြောပြီးမီးဖိုထဲဝင်သွားတယ်။အဲဒီအချိန် ကျုပ်
လည်းဘာဖြစ်လို့မှန်း မဝေခွဲတတ်ပါဘူး ဝဲနေတဲ့မျက်ရည်တွေ မထိန်းနိုင်ဘဲ တပေါက်
ပေါက် ထွက်ကျလာကုန်တော့တာပဲရှင်။
အောင်ပန်း ( ဂန္ထဝင် )
( ၄ / ၁၁ / ၂၀၂၄ )
Credit – Artist .
Ko Khant မှ ကူးယူသည်

သဇင်ပန်းသုံးခက်– မိုးမိုး(အင်းလျား)“မညို ငါ့လုံချည်ကို သေသေချာချာ မီးပူတိုက်ထားနော် ကြားလား၊ ပြီးရင် မခေါက်နဲ့၊ တန်းပေါ်...
04/11/2024

သဇင်ပန်းသုံးခက်
– မိုးမိုး(အင်းလျား)

“မညို ငါ့လုံချည်ကို သေသေချာချာ မီးပူတိုက်ထားနော် ကြားလား၊ ပြီးရင် မခေါက်နဲ့၊ တန်းပေါ်မှာ ဖြန့်ထား၊ ခေါက်ရိုးကြောင်းကြီးတွေ ထင်နေရင် ငါမကြိုက်ဘူး”
“ဟုတ်ကဲ့မမ”
“အင်္ကျီကိုလဲ ပြန့်အောင် တိုက်ပြီးအင်္ကျီချိတ်နဲ့ ချိတ်ထား”
“ဟုတ်ကဲ့”
“ဖိနပ်အဖြူလဲ ထုတ်ထားနော်”
“ဟုတ်ကဲ့”
“နင့်အစ်ကို မေးရင်ငါသဇင်ပန်း သွားဝယ်တယ်ပြော၊ အခု ပြန်လာမယ်လို့”

ဒေါ်ခင်မိုးအေးသည် သားရေအိတ်ကို ကိုင်၍ အိမ်ထဲမှ ထွက်ခဲ့သည်။ တော်တော် ဒုက္ခပေးတဲ့ သဇင်ပန်းပဲ။ မနေ့ကတည်းက ကြိုကြိုတင်တင် ဝယ်ထားဖို့ ကိစ္စ၊ ဟိုမိန်းမပေါ့၊ ၃၈လမ်း ဈေးထိပ်က သဇင်ပန်းသည်။ တစ်နေ့ကတည်းက သဇင်ပန်းလှလှ၊ အခက်ကြီးကြီး လေး ငါးခက်လောက် ဆက်ဆက် ယူခဲ့ဖို့ မှာလိုက်သည်။ “စိတ်ချပါ အစ်မ” ဆိုပြီး သည်နေ့မနက် ဈေးကို ရောက်တော့ ပိန်းပန်းဘက် လှည့်နေရလို့ သဇင်ပန်း ဝယ်ဖို့ မေ့သွားသတဲ့၊ သဇင်က သိပ်လဲ မပွင့်သေးလို့ ရှားတယ်တဲ့၊ သူသွားနေကျ အိမ်ကလဲ သဇင်မစိုက်၊ ပိန်းနဲ့ သစ်ခွပဲ စိုက်တယ်တဲ့။
“သစ်ခွပဲ ပန်ပါလား အစ်မရယ်နော်၊ ဗင်ဒါလေး တစ်ပွင့်မှ ရှစ်ကျပ်တည်း၊ အစ်မမို့ ပေးတာ၊ အန်တီ တစ်ယောက်က တစ်ဆယ်နဲ့ ယူနေကျ၊ သစ်ခွနှစ်ပွင့် ပန်လဲ လှပါတယ် အစ်မရဲ့”

သူကပြောသေးသည်။

“ငါဝတ်မှာက အပြာဟဲ့၊ မလိုက်ပါဘူး၊ သဇင်ပန်း ပန်ချင်တာ၊ သူ့အားကိုးပြီး နေတာ၊ ခုတော့ အချိန်တောင် မရတော့ဘူး”
“သဇင်က ရှားသေးတယ် အစ်မရဲ့၊ ဟောဒီ ခရမ်းရောင်လေးတွေ ပန်ပါလား၊ အပြာနဲ့ လိုက်ပါတယ်”

အရေးထဲမှာ သူက အရောင်စပ်နေ သေးသည်။

“မဖြစ်ပါဘူးအေ”

သစ်ခွ ခရမ်းရောင်က ဈေးပေါလွန်းလှသည်။ ပြီးတော့ သည်ပွဲမှာ သဇင်ပန်း ပန်မှပဲ ဖြစ်မည်။ ကိုယ်က အသက် လေးဆယ်ကျော်စ ဆိုပေမဲ့ မင်္ဂလာ ဆောင်မှာက ကိုကို့ တူလေး။ ကိုယ်က လူကြီးလုပ်ပြီး ဦးဆောင်ဦးရွက် လုပ်ရမည့်ပွဲ။ ကိုကို့ ဘက်ကရော သတို့သမီး ဘက်ကရော လူကြီးလူကောင်းတွေ လာကြမည်။ ဆံထုံးမြင့်မြင့် ထုံးရမည်။ ချိတ်လုံချည် ဝတ်ရမည်။ အင်္ကျီလက်ရှည် ဝတ်ရမည်။ ပဝါ ခြုံရမည်။ အဲသည် အဝတ်အစားတွေနှင့်က သဇင်ပန်းနှင့်ပဲ ပနံရသည် မဟုတ်ပါလား။ သဇင်ပေါ်စ ဆိုသော်လည်း ယခင် တစ်ပတ်ကပဲ အင်းလျားလိတ် မင်္ဂလာဆောင်တစ်ခု သွားရာ သဇင်ပန်းတွေကို ဖွေးဖွေးလှုပ်အောင် မြင်ခဲ့ရသေးသည်။
အိမ်က ကားကို ကိုကို ယူသွားလေတော့ ဗိုလ်ချုပ်ဈေးကို ခြေကျင်ပဲ လျှောက်ခဲ့ရသည်။ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်ဈေးက သိပ်မဝေးလို့ တော်ပါသေးရဲ့။ ဗိုလ်ချုပ်ဈေးမှာက ရှားပါးလှသည့် ပန်းတွေပေမဲ့ အဆင်သင့် ရှိနေတတ်သည်။

ဗိုလ်ချုပ်ဈေး ပန်းဆိုင်တွေဘက် လျှောက်လာခဲ့သည်။ အဆင်သင့် တွေ့ရလျှင် ဘယ်လောက် ပေးရပေးရ ဝယ်မည်ဟု စိတ်ကူးခဲ့၏။

“သဇင်ပန်း ရှိလားဟင်”
“ရှိတယ်”

ရှိတယ်သာ ဆိုပေမဲ့ ပန်းကို မမြင်ရ။ ဈေးသည်က အေးစက်စက်။

“ပြပါဦး”
“ဘယ်နှစ်ခက် ယူမှာလဲ”
“လေး ငါးခက်ပေါ့”

ပန်းသည်က နောက်နားမှ ငှက်ပျောဖက် အထုပ်လေးကို အသာအယာ လှမ်းယူသည်။ ဒေါ်ခင်မိုးအေး ရှေ့မှာ ဖြေပြသည်။ အားမရစရာ၊ ပန်းက ဆယ်ခက်လောက်တော့ ရှိသည်။ သို့သော် တစ်ခက်ချင်း ကောက်ကိုင်လိုက်တော့ အခက်လေးတွေက တိုနံ့နံ့၊ အပွင့်ကလဲ ကျဲပါဘိ။

“ဒီထက်ကောင်းတာ မရှိတော့ဘူးလား”

ဈေးသည်က ခေါင်းခါသည်။

“တစ်ခက် ဘယ်လောက်လဲ”
“ခုနစ်ကျပ်”
“များလှချည်လား အဒေါ်ရယ်၊ အခက်ကလဲ ကျဲလိုက်တာ”
“ပေါ်ခါစကိုးကွဲ့၊ မနက်ကပဲ ဆယ့်ငါးခက် ရောင်းလိုက်ရတယ်၊ ဒါလဲ တော်ကြာ ကုန်မှာ”
ဈေးသည်က သူ့ပန်းတွေကို အဖိုးတန် ရတနာလေးတွေ အလား ဖက်နှင့် တယုတယ ပြန်ထုတ်ပြီး နှီးကြိုးလေး လိမ်ကာ ချည်လိုက်သည်။

“ကျွန်မ အခက်ကြီးကြီး လိုချင်တာ”

မဝယ်နိုင်ဘူး ထင်မည် စိုးသောကြောင့် ပြောလိုက်သေးသည်။ ဈေးသည်က စကားမပြန်။ ဒေါ်ခင်မိုးအေးသည် နောက်တစ်ဆိုင် မေးသည်။ မရှိ။ နောက်မှ ရခိုင်ချိတ်တွေ ရောင်းသော ဆိုင်တစ်ဆိုင်ရှေ့မှာ ရခိုင်သဇင် ရပြီ ဟူသော ဆိုင်းဘုတ် ချိတ်ထားလေ့ ရှိတာ သတိရပြီး ထိုနေရာသို့ သွားရပြန်သည်။

“သဇင်ပန်း ရမလားဟင်”
“ဪ သဇင်ပန်းက မှာမှ ယူလာတာ အစ်မရဲ့၊ အစ်မက ဘယ်နေ့ လိုချင်တာလဲ”
“အခုပဲ လိုချင်တာ၊ ပွဲက ညနေ သွားရမှာ”

ဒေါ်ခင်မိုးအေးက နာရီ ကြည့်လိုက်တော့ ၁၁ နာရီ ကျော်ပြီ။ မင်္ဂလာဆောင်အတွက် လုပ်စရာ နည်းနည်း ရှိသေးသည်။ ဟိုတယ်မှာ ဆောင်မှာမို့ တော်သေးရဲ့။

“ကျွန်မတို့က တစ်ရက် ကြိုမှာမှ ယူလာတာ၊ ဒီလိုလုပ်လေ အစ်မ၊ အိမ်ကို လိုက်သွားပါလား”
“အိမ်က ဘယ်မှာလဲ”
“ကမ္ဘာအေးဘုရား လမ်းမှာ၊ မဝေးပါဘူး၊ ဘော်ဒရီကွေ့တင်၊ ဘယ်ဘက် မြေနီလမ်းထဲ ကွေ့ဝင်သွား၊ ဆိုင်းဘုတ်လဲ ရှိတယ်၊ ကားနဲ့သွားရင် မကြာပါဘူး၊ ဟိုမှာ ကိုယ်ကြိုက်တဲ့အခက် လက်ညှိုထိုး ဝယ်လို့ ရတာပေါ့ အစ်မရဲ့”
ကားနှင့် သွားရင် မကြာပါဘူး ဆိုသော ဈေးသည်၏ အထင်ကြီး စကားကိုတော့ သဘောကျသား။ ကားကလည်း ပါမလာခဲ့။ သို့သော် မတတ်နိုင်။ သည်ကနေ့အဖို့ကတော့ သဇင်ပန်း ရကိုရမှ ဖြစ်တော့မည်။ ခက်ခဲလေလေ ပန်ချင်လေလေ။ ဈေးသည်က လိပ်စာ ကတ်ပြားလေး တစ်ခု ထုတ်ပေးသည်။ အပွင့်စိပ်စိပ်၊ အခက်လှလှ ရခိုင်သဇင်ပန်း လိုသလောက် ရပြီတဲ့။

ကတ်ပြားက အခံ့သား။ ဒေါ်ခင်မိုးအေးက ကတ်ပြားကို သားရေ အိတ်ကြီးထဲ ထည့်ပြီး ပြန်ထွက်ခဲ့သည်။ သဇင်ပန်းနောက် လိုက်ရဦးမည်။ ဈေးရှေ့မှာ ရပ်ပြီး လေးဘီးကားကို တားရသည်။ ဘောင်ဒရီကွေ့ကို တစ်ဆယ်တဲ့။

“ရှစ်ကျပ် ထားပါဟဲ့၊ သိပ်မဝေးပါဘူး”
“မရဘူး အန်တီ၊ ကျွန်တော်တို့က ဒီမှာ ဂိတ်ထိုးတော့ ဝင်ခတစ်ကျပ် ပေးရသေးတာ”

အရေးထဲမှာ ဒရိုင်ဘာက အန်တီတဲ့။ အချိန်က မရှိတော့သည်မို့ ထိုလေးဘီးဖြင့်ပင် လိုက်ခဲ့ရသည်။ ကမ္ဘာအေးစေတီလမ်း အတိုင်း လာပြီး သူပြောသလို ဘောင်ဒရီကွေ့နား ရောက်လာသည်။ မြေနီလမ်းထိပ်မှာပင် ရခိုင်သဇင် ရပြီ ဟူသော မြားပြထားသည့် ဆိုင်းဘုတ်ကို မြင်ရသည်။ လေးဘီးက အထဲအထိ မပို့၍ ဆင်းလျှောက်ခဲ့ရ၏။
လိပ်စာကတ်ပြားပါ ခြံနံပါတ်က အဆင့်ဆင့် မြားပြသွားသည်။ သူ့ခြံမရောက်ခင် တခြား သဇင်ခြံတွေကို ဖြတ်သန်း သွားရသည်။ လှလိုက်တဲ့ သဇင်ပန်းတွေ။ တိုင်လုံးကြီးတွေမှာ ပတ်ကာ စိုက်ထားသော သဇင်ဥတွေမှ အခက်လေးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည်။ သဇင်ခြံကို ရောက်တော့ သူပြောသလို လက်ညှိုးထိုး ဝယ်လို့ ရပါရဲ့။ သို့သော် တစ်ခက် ဆယ့်နှစ်ကျပ်တဲ့။ အစက ငါးခက်ဝယ်မည် စိတ်ကူးသော်လည်း သုံးခက်ပဲ ဝယ်ဖြစ်တော့သည်။ ကြွားကြွားရွားရွား သုံးခက်ဆိုလည်း လှတာပါပဲ။ အပြန်မှာလည်း အငှားကားခ ရှစ်ကျပ် ပေးလိုက်ရသေးသည်။

“ဥလေးတွေကို ရေမှာ မြုပ်အောင်ထည့်၊ ရေခဲသေတ္တာထဲ ထည့်ထား ကြားလား”

အပြည့်အစုံဖတ်ရန် အောက်က လင့်ခ်ကို နှိပ်ပါ။
https://baganmmm.shop/latest-teaching-methods-advancing-education-in-the-modern-classroom/

ကိုယ့်ချစ်ဦး_____________ ကြည်အေးလေသည် သစ်ရွက်ကြိုကြိုကြားကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်းသင်းကိုဆောင်ကာ အသော့ပြေးသည့်အခါ သ...
04/11/2024

ကိုယ့်ချစ်ဦး
_____________ ကြည်အေး

လေသည် သစ်ရွက်ကြိုကြိုကြားကြားမှ ဖြတ်သန်း၍ ပန်းရနံ့သင်းသင်းကိုဆောင်ကာ အသော့ပြေးသည့်အခါ သေးသေးမှုန်မှုန် ခရေပွင့်များသည် မြေပေါ်သို့ တဖြုတ်ဖြုတ် ကြွေဆင်းကြသည်။ အုန်းလက်များသည်လည်း လေးလေးပင်ပင်နှင့် ဘယ်ညာလွှဲကာ အငြိမ့်စီးကြသည်။
မိုးသားပြာပြာနှမ်းနှမ်းများသည်လည်း အနိမ့်သို့ ပြိုဆင်းကာ မြေပြင်ပေါ်က နက်မှောင်သည့်
အရိပ်အားလုံးကို ဖျော့တော့မှုန်ရီစေလေသည်။
သည်လို နယုန်လ၏ အထွေးထွေးအေးအေး နံနက်ခင်းမှာမေသီသည် ကြည်ဆွတ်သည့်နှလုံး၊ ချိုပြုံးသည့်မျက်နှာဖြင့် ခြံထဲသို့ ပြေးဆင်းခဲ့မြဲဖြစ်၏။ မနင်းရက်စရာ မြေကွက်လပ် တစ်စကလေးမှ မကျန်အောင် ကြွေကျထားသည့် ခရေပွင့်အခင်းပေါ်မှာ ကိုယ်ကိုဖော့၍ဖြတ်ခဲ့မြဲဖြစ်၏။
တွဲလွဲကျနေသော ဒန်း၏ထိုင်ခုံကလေးပေါ်သို့ မတ်တတ်ကလေးကျအောင် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီးသည်နှင့် တစ်ချက်တည်း ဇောက်ထိုးမိုးမျှော်ဖြစ်အောင် တအားလွှဲကာ စီးမြဲဆော့မြဲ ဖြစ်ပေသည်။
ယနေ့အဖို့မူကား ဘာကိုမျှ သတိမရမိသောစိတ်နှင့် ခေါင်းငိုက်စိုက်ကျကာ လေးဆေးနှေးပျံ့စွာသာ လာသည့်လာရိုးလာစဉ်အတိုင်းသာ ခြေကလှမ်းလာသည်။ ရည်ရွယ်ချက်ကား မရှိချေ။
ဒန်းမှ ထိုင်ခုံကလေးပေါ်တွင် တင်ပါးလွှဲထိုင်လိုက်မိကာ တဖြည်းဖြည်းစိတ်လက်မပါ စတင်၍ လွှဲရင်း ငိုင်လျက်နေမိသေးသည်။
ခါတိုင်းကဲ့သို့ သီချင်းမျိုးစုံလည်း တစ်ခုပြီးတစ်ခု ဆက်၍မဆိုမိ။ ဒန်းအရှိန်ကြောင့် သစ်ကိုင်းပေါ်မှ ငှက်ကလေးများ လန့်ပြေးသည်ကို ကြည့်၍ သဘောကျကာလည်း မရယ်မိ။
ဝုတ်ခနဲ ဝုတ်ခနဲ လေနှင့်တိုးမိသည့်အခါ ခါတိုင်းတွင် ချစ်စရာကောင်းသည့် အရသာကလေး ဖြစ်သော်လည်း ယခုမူ ခေါင်းထဲတွင် မူး၍ခိုက်၍ လာလေတော့သည်။

ခါတိုင်းလို ဘယ်မှာပျော်နိုင်ပါမည်လဲ။ ခါတိုင်း ခြံထဲသို့ဆင်းခဲ့ခြင်း၏ ရည်ရွယ်ချက်နှင့် သည်နေ့ ဆင်းခဲ့သည့် ရည်ရွယ်ချက်ချင်း တူမှမတူဘဲ။ ခါတိုင်းမူကား ကိုတင်အေး အလုပ်သွားသည်ကို ဒန်းစီးရင်း ဆော့ရင်း စောင့်မည်။ ကိုတင်အေးလာတော့ မြေကြီးနှင့်ဒန်းနှင့်

ကပ်သွားစဉ် ခရေပွင့်များကို ကျုံးယူကာ အပေါ်ရောက်သွားလျှင် သူ ့ကို တအားပေါက်၍ နောက်မည်။

သူ မေသီဆီလာလျှင်တော့ အိမ်ပေါ်တက်ပြေးမည်။ ပြောချင်တာတွေ မပြောရသဖြင့် သူရှုံ့ မဲ၍သွားလျှင် မေသီသဘောကျကာ သိပ်ရယ်တတ်သည်။ မေသီသည် နှစ်ယောက်တည်းနီးနီးအကပ်မခံချေ။ သူဘာပြောချင်သည်ကို မေသီကို၍ သိပြီးဖြစ်ပေသည်။

ယနေ့မှာဖြင့် သူမြန်မြန်လာပါစေဟုသာ ဆုတောင်းနေမိတော့၏။

ကိုတင်အေးလာလျှင် မေသီထွက်မပြေးပါ။ ကြွက်မကိုလည်း လှမ်းခေါ်မည်မဟုတ်။ ပထမဆုံးအကြိမ် နှစ်ယောက်တည်းနီးနီး အတွေ့ခံပါမည်။ သူပြောမည့် ချစ်စကားတွေကို ပြုံးကာကြည်ကာ နားထောင်ဖို့တော့

မဟုတ်။ သူ့မျက်နှာကို စေ့စေ့ကြည့်၍ သူ့စကားတွေကို ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်ဖို့ ဖြစ်သည်။
သူတို့နှစ်ယောက် တွေ့ကြုံပုံမှာ မဆန်းလှ။ ငယ်ငယ်က သူနှင့်ကစားဖက်ဖြစ်သည်။

ကြီးလာတော့ ချစ်သူဖြစ်ကြဖို့ ရှိလေ၏။ သို့သော် မေသီမှာ ကိုတင်အေးကို ချစ်သည်ထက် နောက်လိုပြောင်လိုစိတ်ကများသဖြင့် အမြဲပင် သူ့ ကို အရူးလုပ်လာခဲ့သည်။

သူတို့နှစ်ယောက်မှာ ဘာကိုမျှ ပူစရာမရှိ။ ချစ်သူအဖြစ်နှင့် စခန်းသွားလိုကသွား၊ မြန်မြန်ဆန်ဆန် လက်ထပ်လိုက လက်ထပ်နိုင်သည်။ နှစ်ဦးစလုံးပင် လွတ်လပ်မှုကိုကြိုက်သော။မိဘတို့၏သားသမီးများ ဖြစ်သည်။ ထို့ကြောင့် ဖြူးနေသောလမ်းမှာ မေသီသည် အလျင်စလို ပြေးမသွားလိုချေ။

ကိုတင်အေးကမူ ပိုင်ချင်လေသည်။ စကားစကိုသာ ရှာကာ အခွင့်ကိုရှာနေ၏။ မေသီ့မျက်နှာကလေး ပြုံးနေသော်လည်း ချစ်စကားကို ကြားလိုလှသေးသည်။ ဒါပေမဲ့ ပါးစပ်ကပြောမှ ချစ်တယ်မမည်ပါဘူး။

သူပြောချင်တာ ပြောရအောင် တစ်နေ့တွင် အခွင့်ပေးမည်ဟု မေသီစိတ်ကူးထား၏။

အို… မေသီကများ ပြုံးလိုက်ရင်ဖြင့် သူ သိပ်ဝမ်းသာမှာပဲ၊ ဖြူစင်တဲ့ ငါးရာ့နှစ်ဆယ်ရှစ်မေတ္တာနဲ့ပါ

ကိုယ့်ချစ်ဦးကို မေသီက ယုယမှာပေါ့။
သည်နေ့ကို ရောက်လာသည့်အခါ မေသီမျှော်လင့်ထားသလို ပြုံးရ ကြည်ရတော့မည် မဟုတ်ကြောင်းကို တွေ့ရလေ၏။ ဒါကတော့ မေသီအပြစ်မဟုတ်၊ ကိုတင်အေးအပြစ်ဟုလည်း မဆိုချင်။ မဆိုချင်သည်မှာ ကိုတင်အေးဘာလုပ်လုပ် အပြစ်မဆိုချင်အောင် ချစ်မိသဖြင့်
ဖြစ်လေ၏။
ခွင့်လွှတ်ခြင်းသည် အချစ်၏ အတိုင်းအထွာဖြစ်သည်။ သို့သော် ကိုယ့်ချစ်ဦးကိုဖြင့် မေသီ ဆုံးရပြီ။

ညဉ့်ဦးကလေးက ဦးလေးချစ်က ပြောပြသည်။ကိုတင်အေးဟာ ရည်းစားနဲ့ဆိုပါကလား။

ကောင်မလေးက ခပ်ငယ်ငယ် ဗိုလ်ဆန်ဆန်နဲ့မို့ အမြဲပဲ ရုပ်ရှင်တွဲကြည့်ကြသတဲ့။
သည်စကားကို ကြားစဉ်က မေသီသည် ခုပြန်ပြီး မတွေးဝံ့တော့မိအောင် တုန်လှုပ်သွားခဲ့သည်။ အထင်ကြီးထားချက်တွေ၊ ယုံကြည်ချက်တွေ လေထဲသို့ လွင့်ပါသွားတော့သည်။ ချစ်ဦး၏ အလှည့်စားခံရမှုသည် မေသီအား ဣန္ဒြေမဆောင်နိုင်အောင် ထိခိုက်သွားစေလေ၏။ တကယ်ပင် မေသီသည် အင်မတန် နာကြည်းစရာကောင်းအောင် ချစ်ရေးနိမ့်ခဲ့ရပြီ။

အပြည့်အစုံဖတ်ရန် အောက်က လင့်ခ်ကို နှိပ်ပေးပါရှင့်
https://baganmmm.shop/comparing-the-significance-of-science-and-philosophy-standards-and-values/

သားတစ်ယောက်ဟာ မိဘတွေနေတဲ့ မွေးရပ်မြေ တောရွာလေးကို အလည်ပြန်လာတယ် ။ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့ တစ်ညတည်းအိပ်ပြီး နောက...
04/11/2024

သားတစ်ယောက်ဟာ
မိဘတွေနေတဲ့ မွေးရပ်မြေ
တောရွာလေးကို အလည်ပြန်လာတယ် ။

ဒါပေမဲ့ သူဟာ ခွင့်၂ ရက်ပဲရခဲ့လို့
တစ်ညတည်းအိပ်ပြီး နောက်နေ့မနက်
စောစော ၆ နာရီလောက်
မြို့ကားအမှီ ထပြန်ရမှာပါ။

အဲ့ဒီည သားအမိနှစ်ယောက်သား
ရှေးဟောင်းနှောင်းဖြစ်တွေ
အလုပ်အကိုင်အကြောင်းတွေကို
ထိုင်ပြောကြရင်း ညဉ့်တော်တော်
နက်သွားတယ် ။

သွားမအိပ်ခင်လေးမှာ
သားဖြစ်သူဟာ
သူ့အမေကို နောင်တကြီးစွာနဲ့
ပြောတာက....

အမေရယ်.... သား
ဒီတစ်ခေါက်ပြန်လာရတာ
အရမ်းကို အလောတစ်ကြီးနိုင်လိုက်တာ။
နောက်တစ်ခါဆို သားအမေနဲ့
အကြာကြီးနေလို့ရအောင် ကြိုးစားပါ့မယ်။
သားလေ အမေလုပ်ကျွေးတဲ့
ငှက်ပျောမုန့်ဖက်ထုပ်ကို အရမ်းကြိုက်တာပဲ။
ဘယ်မှာပဲဝယ်စားစား
အမေ့လက်ရာကိုလုံးဝမမှီဘူး။

သားရဲ့အပြောကြောင့်
အမေ့ရဲ့မျက်နှာမှာ
ပီတိတွေနဲ့ ပြုံးသွားတယ် ။
ပြောပြီးတာနဲ့ သားဖြစ်သူဟာ မနက်ကျ
သူစောစောထရမှာမို့ အမေ့ကိုနှုတ်ဆက်ပြီး
အိပ်ခန်းဆီ သွားခဲ့တယ် ။

သားဖြစ်သူ သွားအိပ်ပြီးတဲ့နောက်
အမေဖြစ်သူဟာ မအိပ်ချင်တော့ဘူးလို့
ခံစားရတယ်။
သူမဟာ သူမအခန်းဆီလျှောက်သွားပြီး
အိပ်ပျော်နေတဲ့ သူမခင်ပွန်းကို သွားနှိုးတယ် ။

အဖိုးကြီးရေ ..... ထပါအုံး။
ရှင်ရွာထဲသွားပြီး
ငှက်ပျောရွက်နဲ့ ဖီးကြမ်း
အမှည့်တစ်ဖီးလောက် သွားရှာပြီး
တောင်းဝယ်လာခဲ့စမ်းပါ။
ရှင့်သားက ငှက်ပျောမုန့်ဖက်ထုပ်
စားချင်ရှာလို့တဲ့။
အဲ့တာ မနက်စောစော
သူ မပြန်ခင်လေး လုပ်ကျွေးလိုက်ချင်လို့

အိပ်ပျော်နေရာက နိုးလာတဲ့
အဖိုးကြီးဟာ သူ့မိန်းမကို ပြန်ပြောတယ် ။

အေ,.. ငါအခုပဲ သွားရှာလာလိုက်မယ် တဲ့
ပြောပြီး ထလာရင်း တိုင်မှာချိတ်ထားတဲ့
အနွေးထည်အနွမ်းလေးကို ကောက်စွပ်တယ် ။

အဖိုးကြီး...... ရှင်သွားရင်
ဖြေးဖြေးလျှောက်သွား။
တံခါးလည်း ဖွဖွလေးပဲ စေ့ထားခဲ့။
သားလေးခမြာ ခုလေးတင်မှ
အိပ်ပျော်သွားတာ။
မနက်ကျ အစောကြီးထရအုံးမှာ။
တော်ကြာနိုးသွားရင်
အိပ်ရေးမဝရှာပဲ နေလိမ့်မယ်။
ကျုပ်လဲ ဟိုဖက်အိမ်က လက်လှည့်ဆုံမှာ
ကောက်ညှင်း သွားကြိတ်ထားလိုက်အုန်းမယ်တဲ့ ။

ခုချိန်ဟာ ဆောင်းဝင်နေပြီဆိုတော့
အပြင်မှာ ရာသီဥတုက အေးနေပြီ ။
အဖိုးအိုဟာ တစ်အိမ်ပြီးတစ်အိမ်
လိုက်အော်နှိုးရင်း ငှက်ပျော ဖက်နဲ့
ငှက်ပျောခိုင် တောင်းဝယ်တယ် ။

ရွာမှာက ငှက်ပျောပင် မစိုက်ကြဘူး။
ရှိတဲ့အိမ်ကျတော့လည်း
ဖီးကြမ်းငှက်ပျော မဟုတ်ဘူး ။
ဒါပေမဲ့ အဖိုးအိုရဲ့ကြိုးစားမှု့ကြောင့်
နောက်ဆုံးမှာ ရွာထိပ်က အိမ်မှာ
မှည့်ခါစဖီးကြမ်းတစ်ခိုင်
ရှာဝယ်လို့ ရသွားတယ် ။

ညကြီးမင်းကြီး ဘယ်သူများလဲလို့.....
အဘ ဦးလှိုင်မောင် ကိုး ....
ငှက်ပျောခိုင်က မနက်ဈေးမှာ
သွားရောင်းမလို့ ခုတ်ထားပြီးသား။
ငှက်ပျောဖက်ကတော့ မခုတ်ရသေးဘူး။
အဘလိုချင်ရင် ခြံနောက်မှာ
လိုသလောက် ခုတ်ယူသွားလိုက်ပါလို့
အိမ်ရှင်ကပြောတယ် ။

ခြံဟာ အိမ်နဲ့တော့ သိပ်မဝေးပါဘူး ။
ဒါပေမဲ့ နှင်းတွေရွဲနေတဲ့ မြက်တောမှာ
မှောင်မှောင်မဲမဲထဲ ညှပ်ဖိနပ်လေးနဲ့
ဖြတ်လျှောက်ရတာ သိပ်တော့ မလွယ်လှပါဘူး။

အဖိုးကြီးဟာ အိမ်ပြန်ရောက်လာတော့
ည ၁၀ နာရီ ကျော်နေပါပြီ။
လင်မယားနှစ်ယောက်သား
ငှက်ပျောဖက်တွေကို ဆေးကြောကြပြီး
မုန့်ထိုင်ထုတ်နေကြတော့
ည ၁နာရီ ကျော်သွားပါပြီ။
အမှန်ဆိုရင် အဲ့ထက် စောစော ပြီးနိုင်ပါတယ်။
ဒါပေမဲ့ မီးထွန်းပြီး လုပ်နေကြရင်
သူတို့သားလေး နိုးသွားမှာစိုးလို့
လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုပ်နေကြတာပါ ။

၂နာရီလောက်ကျတော့
ငှက်ပျောဖက်ထုပ်တွေ
အဆင်သင့်ဖြစ်နေပါပြီ။
အဖိုးကြီးနဲ့အဖွားကြီးဟာ
ခဏလောက် မှေးအိပ်လိုက်ကြဖို့
ပြောကြတယ်။
ဒါပေမဲ့ ခဏနေရင်
မုန့်ဖက်ထုပ်တွေ ပေါင်းရတော့မဲ့အတူတူ
မနိုးမိပဲနေသွားမှာစိုးလို့ မအိပ်ကြတော့ပါဘူး။

ဒီလိုနဲ့ ရွာဦးကျောင်းက
အုန်းမောင်းသံသဲ့သဲ့
ကြားတော့ မုန့်ထုပ်တွေကို
မီးဖိုမှာ တင်ပေါင်းကြတယ်။
မကြာပါဘူး ၅နာရီခွဲတော့
သားဖြစ်သူရဲ့ဖုန်းက
နှိုးစက်မြည်သံနဲ့အတူ
သူတို့သားလေးဟာ နိုးလာပြီး
အိပ်ရာတွေသိမ်း
အထုတ်အပိုးတွေ ပြင်တယ်။

အဲ့အချိန်မှာ မုန့်ဖက်ထုပ်နံ့လေးဟာ
သင်းပျံ့ပြီး သူ့ရဲ့နှာခေါင်းဝကို
ရောက်လာတယ်။
သူ့စိတ်ထဲမှာ အမေ့လက်ရာ
မုန့်ဖက်ထုပ်ကို သတိရသွားရင်း

ဘယ်အိမ်ကများ စောစောစီးစီး
မုန့်ဖက်ထုပ် လုပ်နေတာပါလိမ့်....
မွှေးလိုက်တာ လို့ တွေးမိတယ် ။

သူ အခန်းထဲကထွက်လိုက်တော့
အဖိုးကြီးနဲ့အဖွားကြီးဟာ
မုန့်ထည့်ထားတဲ့အိုးကြီးကို
၂ယောက်သား မထွက်လာတာနဲ့
လာဆုံနေတယ်။

အမေဖြစ်သူဟာ သူ့သားကိုတွေ့တော့
"လာ.... လာ ငါ့သား....
မုန့်တွေအခုပဲ ပေါင်းအိုးထဲကထုတ်လာတာ။
ပူပူနွေးနွေးလေး ဖြစ်နေတုန်း
အရင်လာစားလိုက်။
ပြီးတော့မှ သွားတိုက်လို့ရပါတယ် "

အဖေဖြစ်သူကလည်း
ဟုတ်တယ်.....
ပူပူနွေးနွေးဖြစ်နေတုန်း လာစား။
မင်းအမေက မင်းကို
အရမ်းစားစေချင်နေတာ။
ဆိုပြီး မုန့်တွေ ပန်းကန်ထဲထည့်ရင်း
ကမ်းပေးတယ်။

သူဟာ အငွေ့တစ်ထောင်းထောင်း
ထနေတဲ့ မုန့်ပန်းကန်ကို လှမ်းယူရင်း
သူ့ရဲ့အဖေနဲ့အမေကို မယုံနိုင်တဲ့
မျက်လုံးနဲ့ လှမ်းကြည့်မိတယ်။
ညက သူ အမေ့ကို ကျေနပ်သွားအောင်
မြှောက်ပြောလိုက်တဲ့
စကားလေးတစ်ခွန်းအတွက်နဲ့
အမေတို့ ဒီလောက်အထိ အသဲအသန်
ဖြစ်သွားလိမ့်မယ်လို့ သူ မထင်ထားခဲ့မိဘူး။
အသက် ၆၀ ကျော်နေတဲ့ အဖေနဲ့အမေဟာ
သူစားဖို့ မုန့်ဖက်ထုပ်ကို တစ်ညလုံး
မအိပ်ဘဲ လုပ်ကျွေးခဲ့ကြတယ်။

သူဟာ မုန့်ကို ပါးစပ်က ဝါးနေရင်း
အဖေနဲ့အမေကို စိုက်ကြည့်ပြီး
မျက်ရည်တွေ ပါးပြင်ပေါ် ဒလဟော
စီးကျလာတော့တယ်။

ဒီလောကမှာ ကိုယ့်ကို
အသက်လောက်ချစ်ပါတယ် ဆိုတာ
တကယ်တော့ ဘယ်သူတွေများလဲနော် ?
ကိုယ်ဟာဘယ်လောက်ပဲ လူလားမြောက်
ကြီးပြင်း လာတယ်ဆိုဆို
မိဘတွေမျက်လုံးထဲမှာ
သားသမီးဆိုတာ ချစ်စရာ
ခလေးငယ်လေးတွေလိုပါပဲ။
ဘာမျော်လင့်ချက်မှ မထားပဲချစ်တာပါ ။
ဒီလိုအချစ်မျိုးကို တစ်ခြား
ဘယ်သူစိမ်းဆီကများ
ရနိူင်အုံးမှာတဲ့လဲ။

လွပ်လပ်မှု့ဆိုတာ
လူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။
ကိုယ်ကသာ ရွေးချယ်မလားဆိုတာ
မူတည်သွားတာပါ။

#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

ที่อยู่

No, 307, Walking Stress
Chiang Mai
50230

เบอร์โทรศัพท์

+959789158432

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Daily News MMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Daily News MM:

วิดีโอทั้งหมด

แชร์