ဂန်ဇား

ဂန်ဇား Dawei National News

23/07/2023

ပန်းဒပ်အန်းကဆံလေးတို
++++++++++++++

ဒဝယ်ရှေးချင်းပုဒ်ဖြစ်ဟို ပန်းဒပ်အန်းကဆံလေးတို ချင်းဟို အယ်နေ့ တံပေးလိုက်ဟှယ်လော်။

နတ်ကီးတူးဟှ မောန်းဂံသူဆိုလော အယ်နေ့ ပန်းဒပ်အန်းဟှဆံလေးတိုနား ဆစ်သွားဝဲ့နာ့လော်။

ဒဝယ်ရိုးရာတေး လေဟို နားထောင်ဟို့ရအောန် ဂန်ဇား ပ္ရိသတ်လေတွတ် နေ့ဟိုဗုတ် Tanintharyi Gallery န ပူးပေါန်းပီး တံပေးဆောန်ဟှားမယ်။

ဂန်ဇား

လောန်းလုမ်းဟှ မှောန်းတောန်ဝါနားမာ ပစ်နေဂေ့ဟှယ်ဇေလဲ့ဇူလိုင် ၂၂လောန်းလုမ်းဟှ မှောန်းတောန်ဝါနားမှာ ပီဒီအက်(ဖ်)လေန စစ်တပ်န အ...
22/07/2023

လောန်းလုမ်းဟှ မှောန်းတောန်ဝါနားမာ ပစ်နေဂေ့ဟှယ်ဇေလဲ့

ဇူလိုင် ၂၂

လောန်းလုမ်းဟှ မှောန်းတောန်ဝါနားမှာ ပီဒီအက်(ဖ်)လေန စစ်တပ်န အယ်နေ့မိုးလန်းပိုင်းဟှ တိုက်ပွဲဖြစ်နေဟှယ်ဆီဟိ နယ်ခံလေဟှ ပြောဂေ့ဟှယ်။

မှောန်းတောန်ဝါဆိုဇာ ဒဝယ်မြစ်နော့ဖတ်ကမ်းမှာဝဲ့။ ဒဝယ်န သောန်းမိုင်လော့ပဲ ကွာဟှယ်။

စစ်တပ်ဟှ ကားလေးစင်းန မှောန်းတောန်ဖက်ဟို ဝမ်းဟှားဘီး ဖျားညင်းကြာဟှ ပစ်ဂေ့ဂဇေလဲ့။

“စောစောစီ ၆ နာရီခွဲလော့ဟှာဗဲ့သေး ပစ်တန်လာဟို။ လတ်နတ်ဂီးလည်း နည်းပစ်ပစ်ဟီး” ဆိုဟိ နယ်ခံယော့ဟှ ပြောဟှယ်။

မဲအောန်နော့ဝါပ္လန်ဟ လယ်လေထဲဟို လက်နတ်ကီးလေက္လှဟှယ်ဇေလဲ့။

ဟှယ်မျိုးဖြစ်ဂေ့ဟှယ်ဆီဟိ ခြေနေသေးစိဟိုလော သိရသေးဟှ။ စောန်စမ်းနေတူးဝဲ့သေး။

နန့်ကီးတူးဟှလည်း အဲနားဟှ နယ်ခံ ယော့ ၂၀ လော့ဟို စစ်တပ်ဟှ စစ်ကြောန်းထိုးရင်းတွိဟိ ဖမ်းဟှားသေးဟိဇေလဲ့။ ပ္လန်လွှတ်ပေးရစ်ဟိ တော်သေးမော့် ဆီဟိ အဲနားဝါဟှဟို ယော့ကျားဂီးယော့ဟှ ပြောပြဟှယ်။

အယ်လ ၁၂ ရစ်နေ့တည်းဟှ ခံတောန်ဗြစ်မာ စစ်တပ်ဟှ တပ်လာစွဲတည်းဟှ တိုက်ပွဲဖြစ်နေဇာ - ခုဆို ၄ ခါနကဟမ်း။

မှောန်းတောန်ဝါဟှ ပျိုဖျမ်းဟှားယော့လည်း လက်နတ်ဂီးစ မှန်ဟိ သေပီးဘီ။

အဲနားတကြောမာရှိနေဟို ခံတော၊ မှောန်းတောန်၊ ကွန်းအောန်ဘော်၊ မဲအောန်နော့၊ ခမ်းဂီး၊ စွန်တန်ဘော်၊ ထီတွမ်း ဝါလေမာဆို နေမြဲဂေ့ပဲဟိ ပ္လောန်းဆောန်ဂူဝီလဲ့။

ဂန်ဇား

22/07/2023

မွန်းဂံသူ
*********

ရှေးဒဝယ်ချင်းဟှားပုတ် အယ်နေ့ တန်ပေးလိုက်ဟှယ်။

မွန်းဂံဟို ရော့ဘဲကြာဝီဆိုလော အော့မေ့ဂေ့တူဝနား . . . မွန်းဂံသူဟို။

လွမ်းပြေဟှားအောန် နားခံကေ့ကေ့လော်။ ကောန်းဇ။

ဒဝယ်ရိုးရာတေး လေဟို နားထောင်ဟို့ရအောန် ဂန်ဇား ပ္ရိသတ်လေအတွတ် နေ့ဟိုဗုတ် Tanintharyi Gallery န ပူးပေါန်းပီး တံပေးဆောန်ဟှားမယ်။

ဂန်ဇား

ဒဝယ် ဗြို့လယ်ဟီးမာ နေ့ဂျွန်ဂျွန်န ပစ်ဆံအိလုခံထိ***********ဒဝယ် မှတ် ၁ ‌က္လောန်းန မြစ်နှာချင်းဆိုင်ဟှဟို စာအုပ်တိုက်ရှေ့မ...
21/07/2023

ဒဝယ် ဗြို့လယ်ဟီးမာ နေ့ဂျွန်ဂျွန်န ပစ်ဆံအိလုခံထိ

***********

ဒဝယ် မှတ် ၁ ‌က္လောန်းန မြစ်နှာချင်းဆိုင်ဟှဟို စာအုပ်တိုက်ရှေ့မာ နန့်ကီးဒူးဝ ဆယ်နာရီလော့မှာ လူခံထိဟှယ်ဆိုဟီ ဗြို့ခံဒေဟပြော‌ကေ့ဟှယ်။

ပစ်ဆံအိထဲမှာ ဘဏ်စာအုပ်ဟှအုပ်၊ မေားလိုင်စင်ဟှချပ်၊ မှတ်ပုံတန်ဟှချပ်န ခြာဇာရေကီးဟို စာဝပ်တွေပါဟယ်‌ဇေလဲ့။ ပစ်ဆံဟှ ၇ သ္လေားလွတ်ပါသေးဟှယ်လဲ့။

ဆိုင်ရှေ့မှာ ကားနားထားဆိုလောဟှာ ကားခေါ့ဘွန်ဟှနေ လက်နှိုက်ဘီး ယူဆွန်သွားဖြစ်ဒူဘဲ့နဆိုဟိ ဗြို့ခံယော့ဟှပြောဟှယ်။

ပစ်ဆံအိလုခံရဟို မီးမကီးဟှာလော “ပစ်ဆံဒေဂူလောင်းယူဘီး ကျန်ဇာဒေဟှ သူ့တွပ်သုံးလဲဝမ်ဘဲဂို ပ္လန်လာပေးဇေရှင်ဟှယ်” ဆိုဘီ Facebook ထပ်မှာ ရေးထားဟှားမား။

ပစ်ဆံအိလုခံရနေရာနားဟှ CCTV ဒေဟှလဲ ပျစ်နေကေ့လဲ့။ အယ်လောဟှာ ဟှယ်လူခိုးဆွန်ဟှားနူးဆိုဟိ ယော့လဲသိဂေ့ဘဲဖြစ်နေကေ့ဘဲ့န။

အာဏာသီးပီးခီဒဲဟှ ဗြို့ထပ်မာ ဟိုဇာဟှားခိုးခံသပ်၊ အှယ်ဇာဟှားခိုးခံသပ်၊ တော်ကြာ ဆိုင်ကယ်ပျော့ဘန်ဘီ၊ တော်ကြာ လုဆွန်ဟှားဘန်ဘီဆိုဘီး ရှင်းနားဘဲဖြစ်နေမား။

အိုးချမ်းဂွဲ

21/07/2023

ရွှေဝယ်သူ အပျိုဗျန်း
+++++++

ဒဝယ်ရိုးရာတေး လေဟို နားထောင်ဟို့ရအောန် ဂန်ဇား ပ္ရိသတ်လေအတွတ် နေ့ဟိုဗုတ် Tanintharyi Gallery န ပူးပေါန်းပီး တံပေးဆောန်ဟှားမယ်။

အယ်နေ့ဟှလော ရွှေဝယ်သူအပျိုဗျန်း ချင်းဟို တံပေးလိုက်ဟှယ်။

အယ်ချင်းဟို ဆရာဦးကိုကိုကြီးရေးဟှားဟှယ်ဇေလဲ့။

ဒဝယ်နသတ်ဆိုင်ဇာလေဟို ဂန်ဇား ဖွဲ့သားလေဟှ ကြိုးစားပီး ဖော်ပြပေးဆောန်ဟှားမယ်လော်

ဂန်ဇား

တော်လှန်ရေးလုပ်နေလူဒေ ရှိဟှယ်ထန်ဘီး စစ်ကောန်စီတပ်ဟှ ဗိုလ်ဗထူးဝါဟို လတ်နှပ်ကီးနပစ်ဇူလိုင် ၁၉လောန်းလုမ်းနယ်ဟှ ‌ဗိုလ်ဗထူးဝါ...
19/07/2023

တော်လှန်ရေးလုပ်နေလူဒေ ရှိဟှယ်ထန်ဘီး စစ်ကောန်စီတပ်ဟှ ဗိုလ်ဗထူးဝါဟို လတ်နှပ်ကီးနပစ်

ဇူလိုင် ၁၉

လောန်းလုမ်းနယ်ဟှ ‌ဗိုလ်ဗထူးဝါဟို အ္လယ်နေ့ မိုးလန်းဘိုင်း ဆယ်နာရီ‌လော့မာ စစ်တပ်ဟှ လက်နတ်ကီးနပစ်သွမ်းလိုက်ဟှယ်ဆီဟိ နယ်ခံလေဟှပြောဟှယ်။

အ္လယ်နေ့ဟှ အာဇာနည်နေ့ဆိုလော်ဟှာ ဗိုလ်‌ဗထူး ရုပ်ထုမာ တော်လှန်မားဒေ အလေးလာပြုဟှယ်ထံဘီ လတ်နတ်ကီးနပစ်လိုက်ဘဲ့နဆိုဟိ နယ်ခံယော့ဟှပြောဟှယ်။

လတ်နတ်ကီးန ၆ ချက်ပစ်ဇာ လေးသွန်းခံဖုန်းကီးက္လော‌(တိုက်က္လော) ဘေးဟှ အီနှေ့ဆောန်ဂျားထဲဟို လတ်နတ်ကီးဟီးလုမ်းလာက္လျလဲ့။

“မိဝေး လတ်နတ်ကီးနပစ်ဟို နဲကြမ်းကြမ်းဟီး၊ ဦးဆောင်းလုမ်းဘဲ့န ဖုံးကီးက္လောန်းဘေးဟိုက္လျဂ။ ‌က္လောန်းဘေးမှာဟှ အယ်နေဝါဆိုသန္ဂမ်းကပ်နေဟှယ်လဲ့ဖစု။ လတ်နတ်ကီးက္လျဟှယ်ဆိုလောဟှာ အားလုံးထပ္လေးဂေ့ဘဲ့န။ ခါလဲကြုံဖူးဟ ဖစုဝေး” ဆီဟီ မီးမဂီးယော့ဟ အဲမျိူးပြောဟှယ်။

လူဒေလောယော့လဲထိဘဲန အီဒေမှာလောဟှာ ခေါ့ဘွန်မှန်ဒေကွဲကူလေ့လဲ့။

နော့ထပ်လတ်နတ်ကီး ၆ လောင်းဟ ဗိုလ်ဗထူးရုပ်ထုနော့ဟ ဆီခြံထဲမှာသွားက္လျဟယ်။

အယ်းနေ့မှာဟ ဗိုလ်ဗထူးရုပ်ထုမာ ဖယ်သူလဲအလေးလာပြုဂေ့ဟဆိုဘန်မား။

‌ဗိုလ်ဗထူးဟှလေးသွန်းခံဝါသား။ လေးသွန်းခံ‌ဝါဆိုဂ လောန်းလုမ်းဗြို့နဆို ‌လေးငါးမိုင်ဘဲ့‌ဝီးဟှယ်။

အိုးချမ်းဂွဲ

ပုံဟှ-သူမြားဇာ
________________________
*** ထားဝယ်လိုသတင်းရေးဖြစ်ဖို့သာ ရည်ရွယ်ပါသဖြင့်အသုံးအနှုန်းအချို့ လွဲမှားနိုင်ပါသည်။ ရေးရင်း တဖြည်းဖြည်း ပြုပြင်သွားပါမည်။ ***

လေကီးမိုးကီးလာနေကြော့ ဗြို့ထပ်မာ အီထပ်ဟိုသစ်ပန်လဲက္လျဇာလေ ဆစ်တိုက်ဖြစ်ဇူလိုင် ၁၈ဒဝယ်မာ မိုးကီးလေကီးဝါနေကြော့ အီထပ်ဟိုသစ်...
18/07/2023

လေကီးမိုးကီးလာနေကြော့ ဗြို့ထပ်မာ အီထပ်ဟိုသစ်ပန်လဲက္လျဇာလေ ဆစ်တိုက်ဖြစ်

ဇူလိုင် ၁၈

ဒဝယ်မာ မိုးကီးလေကီးဝါနေကြော့ အီထပ်ဟိုသစ်ပန်လဲက္လျဇာလေ ခုခါခုခါဖြစ်နေဟှယ်ဆီဟိ ဗြို့ထပ်ဟှလေဟှ ပြောကြော့ သိရဟှယ်။

နန့်ကီးဒူးဟှ ပိုဂျွန်း(ပ္လန်ဗြင်ထန်)ဝါဟ ပိုဂျွန်းလမ်းန သမာဓိလမ်း၊ ဆန်းခယ်ဝါ၊ လတ်ဝဲဂျွန်း ထီသစ်ဝါလေမာ အီထပ်ဟို သစ်ပန်လဲက္လျဟှယ်ဇေလဲ့။

အယ်နေ့လည်း ညောန်ဝမ်းဒေါဝါဟှ မျှော်အမ်းလမ်းကြားထဲဟှအီတဆောန်ထပ်ဟို သစ်ပန်လဲက္လျသေးဟိ။

“တော်သေးဝဲ့နား လူဟျှားလဲဖြစ်ဘဲဟို။ မိုးဟှလဲကီး လေဟလဲ နဲကြမ်းကြမ်းဟီး။” ဆိုဟိ ဗြို့သားယော့ဟှ ပြောဟှယ်။

တောန်တရုတ်ပန္လယ်မာ ဖြစ်နေဟို အပူဗိုင်းမောန်ဒိုင်း “တာလင်း”ကြော့ဟိ မိုးကီးလေကီးဖြစ်နေဟှယ်ဆီဟိ မိုးလေဝသနဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဟ ထုပ္လန်ဟှားဟှယ်။

မိုးကီးလေကီးနေခီမာ မီးဒိုင်က္လိုးဇာ၊ မီးကြိုးပ္လုက္လဇာလေဖြစ်တတ်လော ဒိထားဟို့လိုဟှယ်ဆိုဟိလည်း ရေးဗော်ကူညီနေဟိုလူလေဟှ ပြောဟှားဟှယ်။

ကော့သောန်းမာလော မိုးကီးဟိ ဗြို့ထဲမာဂို ရေကီးနေဝီးလော ကမ်းဇပ်နနီးဟို ရွှေဟမ်းသာဝါမာဆို မ္လေကို နဲနဲပြိုသေးဟိဇေလဲ့။ ဘိမာလဲး လေကြမ်းဟိ အုံးဗန်လဲက္လျဇာ ယော့ကျားဟှားယော့ သေဟှားဟှယ်ဇေလဲ့။

ဂန်ဇား

ပုံဟှ-သူမြားဇာ
________________________

*** ထားဝယ်လိုသတင်းရေးဖြစ်ဖို့သာ ရည်ရွယ်ပါသဖြင့်အသုံးအနှုန်းအချို့ လွဲမှားနိုင်ပါသည်။ ရေးရင်း တဖြည်းဖြည်း ပြုပြင်သွားပါမည်။ ***

ဒွယ်မ္လစ်ထဲမာ စစ်ကောန်စီတပ် လှေမ္လုပ်ဇူလိုင် ၁၇လောန်းလုမ်းနယ်ထဲဟို ရေလမ်းဟှလာဟဲ့ စစ်တပ်လှေနှေ့စီးထဲဟှ တစီး နန့်ကီးညစ္ခမ်...
17/07/2023

ဒွယ်မ္လစ်ထဲမာ စစ်ကောန်စီတပ် လှေမ္လုပ်

ဇူလိုင် ၁၇

လောန်းလုမ်းနယ်ထဲဟို ရေလမ်းဟှလာဟဲ့ စစ်တပ်လှေနှေ့စီးထဲဟှ တစီး နန့်ကီးညစ္ခမ်းဟှ မ္လုပ်ဟယ်ဆီဟိ နယ်ခံလေဟှ ပြောဟှယ်။

ညစ္ခမ်းဟှ မိုးကီးလေကီးလာဟိ ရ္ဘဲဝါန က္လောက်နီမော်ဝါဂျားဟှ ဇလွတ်ဝါရေဗ္လန်နားမာ မ္လုပ်ဟှယ်ဇေလဲ့။

စစ်သားလေ သေကေ့နာကေ့ဇာ များများဟီးဇေလဲ့။ ရေတွတ်တိတိက္လျက္လျလော သိရသေးဟှ။

“ချို့လောန်းလေ ပေါလောပေါ်ဝီး မြောနေဟှယ်။ ချို့လောန်းလေလော ဆယ်ဆောန်ဟှားဝီဇေလဲ့” ဆီဟိ နယ်ခံယော့ဟှ ပြောဟှယ်။

က္လော့နီမော်ဟှဟို ပျူစောထီးလေ သွားကယ်နေဂေ့ဟှယ်၊ (ဒွယ်)ဗြို့ထပ်ဟှ နာရေးကားလေလဲး ဆင်းဟှားဟို ဗြင်ဟှယ် ဆီဟိ သူဟှထပ်ပြောပြဟှယ်။

အရင်နေ့ဟှ စစ်သား သောန်းလေးဆယ်လော့ ဂျစ်တောစာသန်က္လောန်းမှာ စခန်းခ္လှနေနေဝီး ဝါခံယော့ဟို ပစ်လိုက်ဇာ လက်မောန်းမှာထိဟှယ်ဇေလဲ့။ ဝါခံချို့ဟိုလည်း ဖမ်းဟှသေးဟှယ်။ လွတ်မလွတ်လော သိသေးဟှ။

ဂန်ဇား

လောန်းလုံးမာ ဝါခံနှေ့ယော့ သေနတ်ပစ်ခံထိဇူလိုင် ၁၆လောန်းလုံးနယ်ဟှ ဂျစ်တောဝါန မှောန်းဒွန်ဝါဟှဟို ဝါခံနှေ့ယော့ သေနတ်နပစ်ခံထိ...
17/07/2023

လောန်းလုံးမာ ဝါခံနှေ့ယော့ သေနတ်ပစ်ခံထိ

ဇူလိုင် ၁၆

လောန်းလုံးနယ်ဟှ ဂျစ်တောဝါန မှောန်းဒွန်ဝါဟှဟို ဝါခံနှေ့ယော့ သေနတ်နပစ်ခံထိဟှယ်ဆီဟိ အယ်နေ့မိုးလန်းဗိုင်းမာ ဝါခံလေနားဟှ သိရဟှယ်။

ဂျစ်တောဝါဟှ ပစ်ခံထိယော့ဟှ နောန်အေးချမ်းဦးဆိုဟိ ခေါ်ဟှယ်။ လတ်မောန်းမာ ထိဟှယ်ဇေလဲ့။

နန့်ကီးနေဒန်လော့ဒဲဟှ လှေနယော့လာဟို စစ်ကောန်စီတပ်ဟှ ပစ်ဇာဆီဟိ ပြောဟှယ်။

ဂျစ်တောစာသန်က္လောန်းမှာစစ်သား သောန်းလေးဆယ်ဂျော်လော့ စခန်းခ္လှနေနေဝီး ညစ်ခန်းဒဲဟှ ဝါခံလေဖမ်းနေဇာဆိုဟီ ဝါခံယော့ဟှ ပြောဟှယ်။

အယ်နေ့မိုးလန်းဖတ်မာလည်း ဝါခံလေဟို ထပ်ဖမ်းဟှားသေးဟိဆိုဗန်မား။

မှောန်းဒွန်ဝါမာ ပစ်ခံသတ်ဟို ဦးတင်ထွန်းဟှလော ခေါန်းမာသေနတ်ဒန်ရာရဝီး သူ့အီရှေ့မာဝဲ့ သေနေဟှယ်ဆိုဟိ ဝါခံယော့ဟှပြောဟှယ်။

အယ်နေ့မိုးလန်းဗိုင်းဒူးဟှ ပစ်သတ်ခံထိဟှယ်ဆိုဟိလော ပြောဟှယ်။ ဟှယ်ဖွဲ့ဟှ ပစ်ဆောန်ဟှားဟှယ်ဆိုဟိလော ခုထိ တည်ပြုမြှသေးဟ။

ဟို့နေ့ဒူးဟှလည်း မှောန်းဒွန်ဝါမာ လတ်နတ်ကီးက္လှဟိ ပျိုဖြန်းဟှားရွယ် ဝယ်ဟှားဂမ်းဟှားယော့ သေပီးဘီ။ အီသောန်းဆောန်လည်း စစ်တပ်ဟှ မီးရှို့ဆောန်ဟှားသေးဟိ။

စစ်တပ်ဟှ လတ်နတ်ကီး ရှော့ပစ်နေကြော့ဟိ အဲနားဝန်းကျင်ဟှဝါလေမှာ လူနေမြဲဟမ်း။ ဝါလောန်းကျွတ်နီးဘား ပ္လေးဆောန်ကူဟို ဝါခြော့ဝါန ကဟှ ဆိုဘန်မား။

ပုံဟှ - သူမြားဇာ

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66967610150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဂန်ဇားผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဂန်ဇား:

วิดีโอทั้งหมด

แชร์


เว็บไซต์ข่าวและสื่อ อื่นๆใน Mae Sot

แสดงผลทั้งหมด