Karen Channel Karen Channel ကရင် သတင်း စာပေ ဂီတ ယဥ်ကျေးမှု

KNU တပ်မဟာ(၃) ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း ယာလာပွာ(လှည်းယပ်)ကိုတိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်းရရှိ။ 🔳၂၀၂၃ခုနှစ် ၊ ဒ...
25/12/2023

KNU တပ်မဟာ(၃) ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း ယာလာပွာ(လှည်းယပ်)ကိုတိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်းရရှိ။

🔳၂၀၂၃ခုနှစ် ၊ ဒီဇင်ဘာလ (၂၂)ရက်နေ့ ၊ နေ့လည် ၃ နာရီ ၄၀ ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးစီးမှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ၏ ခမရ−၃၅၁ စခန်းထိုင်ထားသည့် ရှေ့တန်းခြေကုတ်စခန်း ၊ ပွိုင့် (၁၂၈) ယာလာပွာ(လှည်းယပ်)ကိုတိုက်ခိုက်ခဲ့ကြောင်း နှင့် စစ်ကောင်စီ တပ်ဖွဲ့များထံမှာ MA-1 (၁) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် (၁၀၁၃) တောင့်၊ ၇.၆၂ ကျည် (၂၁၇) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ နှင့် လက်ပစ်ဗုံး cap (၃) လုံးတို့အား သိမ်းဆည်းရခဲ့ကြောင်း ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟို (K.N.L.A - GHQ)၏ ထုတ်ပြန်ချက်များအရ သိရပါသည်။

ဓါတ်ပုံ − ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ။

၂၀၂၃ ပထမ သုံးလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွင် စစ်ကောင်စီမှလူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဥ်စုစုပေါင်း ၆၂၈ ကြိမ်ကျူးလွ...
01/05/2023

၂၀၂၃ ပထမ သုံးလအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွင်
စစ်ကောင်စီမှလူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဥ်စုစုပေါင်း ၆၂၈ ကြိမ်ကျူးလွန်ခဲ့။

1.5.2023
Karen Channel

၂၀၂၃ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် အာဏာသိမ်းစစ်ကောင်စီ၏ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေး ဗဟို၏ ထုတ်ပြန်ချက်များအရ အခုလို သိရပါတယ်။

၂၀၂၃ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အာဏာသိမ်းစစ်ကောင်စီ လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်စဥ်စုစုပေါင်း ၆၂၈ ကြိမ်ကျူးလွန်ခဲ့ပြီး လေယဥ်ဖြင့်ပစ်ခတ်ခြင်း ၁၁၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်ခြင်း ၄၃၈ ကြိမ် ရှိကြောင်းသိရပါတယ်။

လေကြာင်းပစ်ခတ်တိုက်ခိုက်မှုများတွင် ဒူးပလာယာခရိုင်တွင် ၇၁ ကြိမ် အများဆုံးဖြစ်ပြီး ဖာပွန်ခရိင်တွင် ၃၄ ကြိမ် ဒုတိယအများဆုံးဖြစ်သည်ကိုတွေ့ရှိရပါတယ်။

လေယဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၅ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ ဘုရားကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ဗလီ ၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း ၊ဆေးရုံ ၂ ရုံ ၊ အဆောက်အအုံ ၃၇ လုံးနှင့် အိုးအိမ်ပျက်စီးမှု ၁၆၂ ခုရှိကြောင်းသိရပါတယ်။

Photo - KNU

ကြေးနန်းလက်ခံရရှိမှုအရ (၂၀၂၃) ခုနှစ် မတ်လ အတွင်း စကစ မှ မိမိတို့ (KNU) ခရိုင်,တပ်မဟာတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တို...
20/04/2023

ကြေးနန်းလက်ခံရရှိမှုအရ (၂၀၂၃) ခုနှစ် မတ်လ အတွင်း စကစ မှ မိမိတို့ (KNU) ခရိုင်,တပ်မဟာတို့တွင် တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အကြိမ်ရေနှင့် ထိခိုက်ပျက်စီးမှုများ

(၂၀၂၃) လါ မးၡၣ် ဒီတလါအတီา်ပူz ဒုဉ်ဒါကဘီယူz ဟဲခးလီzတา်ဖဲ (KNU) ကီา်ရဉ့်သုးက့ပူz အဘျီတဖဉ်ဒီး တา်ဘဉ်ဒိဘဉ်ထံးတဖဉ် လาဘဉ်တา်ထา...
20/04/2023

(၂၀၂၃) လါ မးၡၣ် ဒီတလါအတီา်ပူz ဒုဉ်ဒါကဘီယူz ဟဲခးလီzတา်ဖဲ (KNU) ကီา်ရဉ့်သုးက့ပူz အဘျီတဖဉ်ဒီး တา်ဘဉ်ဒိဘဉ်ထံးတဖဉ် လาဘဉ်တา်ထาဖှိဉ်အီzဖဲ လီပျံzပူz

ကရင်နီပြည်ဒီးမော့ဆိုနဲ့ဘောလခဲနယ်စပ်ကြားတိုက်ပွဲတွင် စကစမှ (၈)ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိ။ Karen Channel(20.4.2023)ဧပ...
20/04/2023

ကရင်နီပြည်ဒီးမော့ဆိုနဲ့ဘောလခဲနယ်စပ်ကြားတိုက်ပွဲတွင် စကစမှ (၈)ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိ။

Karen Channel(20.4.2023)

ဧပြီ၁၉ ရက်နေ့လည် ၁ နာရီဝန်းကျင်က ကရင်နီပြည်ဒေါညေးခူကျေးရွာနှင့်ဘောလခဲသို့သွားရာလမ်းအပိုင်းတွင် ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၂၁ ပူးပေါင်းတပ်များနှင့်ခလရ (၈၀) စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၈)ဦဦးသေဆုံးခဲ့ပြီးတစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း။

စစ်ကားတစ်စီးကိုလည်းဖျက်ဆီးနိုင်ခဲ့သည့်အပြင် လက်နက်ငယ် (၆)လက်နှင့် ကျည်အချို့သိမ်းဆည်းရမိကြောင်း။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန KNIC က ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

Photo - KNIC

စစ်ကောင်စီတပ်သား ၄ ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ အလင်းဝင်ရောက်။Karen Channel(19.4.2023)◼️ ယနေ့ည ကေအဲန်ယူ-မူတြော် Facebook...
19/04/2023

စစ်ကောင်စီတပ်သား ၄ ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ အလင်းဝင်ရောက်။

Karen Channel(19.4.2023)

◼️ ယနေ့ည ကေအဲန်ယူ-မူတြော် Facebookသတင်းစာမျက်နှာ မှထုတ်ပြန်ချက်အရ

▪️ ၂၀၂၃ခုနှစ်၊ ဧပြီလ(၁၀)ရက် နံနက် ၉း၃၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ခမရ(၃၄၁)မှတပ်သား (၄)ဦး ဖြစ်သည့်
🔻 မောင်တိုးတိုး(၂၈)နှစ်၊
🔻 အောင်ပိုင်ဖြိုး(၂၃)နှစ်၊
🔻 ရဲထက်ကျော်(၂၁)နှစ်နှင့်
🔻 ချိုလွင်ဉီး((၃၀)နှစ်တို့သည်
ရှေ့တန်းတပ်စခန်းတစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ
🔻 MA-1 (၄)လက်၊
🔻 ကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊
🔻 လက်ပစ်ဗုံး(၂)လုံးနှင့်
🔻 ခွင်းဗုံး(၅)လုံး ယူဆောင်လက်နက်ချအလင်းဝင်လာခဲ့ကြောင်း။

အဆိုပါတပ်သား(၄)ဉီးမှ ရှေ့တန်းစခန်းတွင်လာရောက်တာဝန်ထမ်းဆောင်စဉ်အတွင်း
🔻 အထက်ခေါင်းဆောင်များ၏နိုင်ထက်စီးနင်းဆက်ဆံမှု၊
🔻 အထက်ခေါင်းဆောင်များဝဝလင်လင်စားနေရချိန်တွင် အောက်လက်ငယ်သားများမှာမူ မဝရေစာဖြင့်နေ့စဉ်စားသုံးနေရမှုအပေါ်ဆက်လက်ခံနိုင်ရည်စွမ်းမရှိတော့ပါသဖြင့် KNLA-အမှတ်(၅)တပ်မဟာထံလက်နက်ချအလင်းဝင်ရောက်လာကြောင်း ၎င်းတို့မှရင်ဖွင့်ပြောကြားခဲ့ကြောင်း။

၎င်းတို့မှဆက်လက်ပြီးပြောကြားရာတွင် KNLA-အမှတ်(၅)တပ်မဟာလက်အောက်ရှိတပ်သားများနှင့်အတူလက်တွဲကာ အကြမ်းဖက်စစ်ကောင်စီအားတန်ပြန်တိုက်ခိုက်သွားရန်အာသီဆန္ဒရှိကြောင်း ကေအဲန်ယူ-မူတြော် သတင်းအားထုတ်ဖေါ်ပြောဆိုသွားခဲ့ကြောင်း။

Photo - KNU- Mutraw News

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးသတိလစ်၍ ဆေးရုံတင် သတင်းpost အောက်တွင် ဆုတောင်းcomment ၂၀၀ ကျော်ရှိ။Karen Channel(19.4.2023)ယမ...
19/04/2023

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးသတိလစ်၍ ဆေးရုံတင် သတင်းpost အောက်တွင် ဆုတောင်းcomment ၂၀၀ ကျော်ရှိ။

Karen Channel(19.4.2023)

ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးသည် သွေးတိုးပြီး သတိလစ်သွားသဖြင့် မဲဆောက်မြို့ရှိဆေးရုံတခုသို့ ပို့ဆောင်ထားရကြောင်း။

"KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးသတိလစ်၍ ဆေးရုံတင်ထားရ၊ ပြန်လည်သက်သာလာပြီးဟု ဆို" ဆိုသည့် KIC ကရင်သတင်းဌာန၏ Facebookသတင်း post တွင်

"အမြန်သက်သာပါစေ သမ္မတကြီးအဖူး အသက်၂၀၀ အထိနေပြီး ကရင်လူမျိုးအတွက် ဦးဆောင်ပေးပါ"
စသည့် ဆုတောင်း comment ပေါင်း ၂၀၀ကျော်ရှိ။

Photo-Crd

"Cobra Column၏ ယနေ့ည ထုတ်ပြန်ချက်အရ ဧပြီလ ၁၈၊၁၉  (၂) ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်န...
19/04/2023

"Cobra Column၏ ယနေ့ည ထုတ်ပြန်ချက်အရ ဧပြီလ ၁၈၊၁၉ (၂) ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်နက်များသိမ်းဆည်းရမိ"

Karen Channel (19.4.2023) 9:55PM

▪️ တပ်မဟာ(၆) KNU/KNLA
▪️ ကော်ဘရာစစ်ကြောင်း(၁)
▪️ ကော်ဘရာစစ်ကြောင်း(၂)
▪️ ကျားသစ်နက်စစ်ကြောင်း
▪️ Federal Wings
▪️ Golden Eagle
▪️ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၇၅၊ ခမရ-၃၅၅၊ ခလရ-၁၀၂၊ မ-၂၊ ခလရ-၂၀၇၊BGF(၁၀၁၉)တပ်ရင်း တို့နှင့်
ရင်ဆိုင်တိုက်ပွဲများ ဖော်ဆောင်လျက်ရှိကြောင်း။

◾ ဧပြီလ ၁၈ ရက်နေ့ ၊ စစ်ကောင်စီတပ်များသည် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင်ကျော်အချိန်မှစ၍ လက်နက်ကြီးပစ်ကူယူ၍ နံနက်(၅)နာရီတွင် စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း။

🚩 အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ
🔻(၄)ဦး သေဆုံး၊
🔻(၅)ဦး ဒဏ်ရာရခဲ့ပြီး

စစ်ကောင်စီတပ်ထံမှ
🔻 ၄၀မမ (၁)လက်၊
🔻 အေကေ (၁)လက် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း။

🔶 စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း။

◾ ဧပြီလ ၁၉ ရက်နေ့ တွင်လည်း စစ်ကောင်စီဘက်မှ မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင် ၁၂နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နံနက် ၆ နာရီတွင် ထိတွေ့မှုတိုက်ပွဲ စတင်ခဲ့ကြောင်း။

🚩 အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ
🔻(၂၀) ဦး သေဆုံး၊
🔻(၁၈) ဦး ဒဏ်ရာရခဲ့ပြီး

စစ်ကောင်စီတပ်ထံမှ
🔻 အမ်အေ1 (၁)လက်၊
🔻 အမ်အေ2 (၁)လက်၊
🔻 အမ်အေ3 (၁)လက်၊
🔻 နာတိုပြောင်း (၁)ပြောင်း၊
🔻 60mmကွန်မန်ဒိုပြောင်း (၁)ပြောင်း၊
🔻 60mmပြောင်းရှည် (၁)ပြောင်း၊
🔻 နာတိုကျည် (၅၂၀)တောင့်၊
🔻 နာတိုကျည်ကြိုး (၁၂)ကြိုး၊
🔻 ကပစကျည် (၁၅၀၀)တောင့်၊
🔻 အေကေကျည် (၁၄၀)တောင့်၊
🔻 60mm (၂၃)လုံး၊
🔻 အီနာဂါ (၁၈)လုံး၊
🔻 အီနာဂါပို့ကျည် (၂၀)တောင့်၊
🔻 40mm (၃၉)လုံး၊
🔻 အမ်အေကျည်ဘောက် (၁၉)ဘောက်၊
🔻 အေကေကျည်ဘောက် (၁)ဘောက်၊
🔻 နင်းမိုင်း (၇)လုံး၊
🔻 လက်ပစ်ဗုံး (၂) လုံး အား သိမ်းဆည်းရမိခဲ့ကြောင်း။

🔶 ရန်သူဘက်မှ အကျအဆုံးများသဖြင့် ၈နာရီခွဲမှစ၍ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြုကာ (၅)ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သဖြင့် မိမိတို့ကော်ဘရာစစ်ကြောင်းမှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း။

Photo - Cobra Column

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း လေယာဉ်ဖြင့်ပစ်ခတ်ပြီး ၎င်းတို့၏ တပ်သားများ...
22/09/2022

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း လေယာဉ်ဖြင့်ပစ်ခတ်ပြီး ၎င်းတို့၏ တပ်သားများအတွက် လေယာဉ်ဖြင့် ရိက္ခာချပေးခြင်းကြောင်းသိရ။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းပြီး ၎င်းတို့၏ ထိုးစစ်ဆင် လှုပ်ရှားနေသည့် တပ်သားများအတွက် စားနပ်ရိက္ခာများကို လေယာဉ်ဖြင့် လာရောက်ပစ်ချပေးခဲ့ကြောင်းသိရပါသည်။

စက်တင်ဘာလ (၂၁) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တောင်ငူလေတပ် စခန်းမှ Mi-17 Military Transport Helicopter (၁) စင်းနှင့် Mi-35 Attack Helicopter (၁) စင်း ထွက်ခွာပြီး နေ့လည် (၁း၀၀) နာရီကျော်အချိန်၌ ကျောက်ကြီးမြို့နယ်တွင် ထိုးစစ်ဆင် လှုပ်ရှားနေ့သည့် ၎င်းတို့၏တပ်သားများအတွက် ရိက္ခာထုပ် (၉) ထုပ် လာရောက်ပစ်ချပေးခဲ့ပြီး ပြန်လည်ထွက်ခွာခဲ့သည်။

ညနေ (၄း၄၈) မိနစ်အချိန်တွင် လေယာဉ်တစ်စင်းထပ်လာပြီး၊ ညနေ (၅း၀၀) နာရီအချိန်တွင် နောက်ထပ်နှစ်စင်း ထပ်လာကာ နာရီဝက်ကျော်ကြာ ထောက်လှမ်းပြီး ပြန်ထွက်သွားခဲ့သည်။

စက်တင်ဘာလ(၂၀)ရက်နေ့တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့နယ်အတွင်းသို့ လေယာဉ်နှစ်စင်းဖြင့် လာရောက်ထောက်လှမ်းခဲ့ပြီး နေ့လည် (၁) နာရီခွဲ အချိန်၌ ဃိုးလူကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။

စက်တင်ဘာလ (၇) ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် တပ်မဟာ(၅)ဘက်မှ အင်အား (၂၀၀) ကျော်ဖြင့် ပြန်ဆင်းလာပြီး ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းသို့ စတင်ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ရှေ့တန်းထိုးစစ်ဆင်ရန်အတွက် စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် (၅း၃၀) မိနစ် အချိန်တွင် ဘောကထာစခန်း၌ နောက်ထပ်လူအင်အား (၁၅၀) ဝန်းကျင်ခန့်ကို ကား (၉) စီးဖြင့် ထပ်ဖြည့်လာပြီး ညနေ (၄း၀၀) နာရီအချိန်တွင် လေယာဉ်ဖြင့် (၄) ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်။ စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကား (၆) စီးဖြင့် နောက်ထပ်လူအင်အား (၅၀) ကျော် ထပ်ဖြည့်လာပြီး သံဆိပ်မင်းလမ်းကျေးရွာမှ ဘောကထာကျေးရွာအထိ လမ်းလုံခြုံရေးအတွက် ချထားခဲ့သည်။ စက်တင်ဘာလ (၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်သည့်အချိန်မှစ၍ ယခုအချိန်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ကြား နေ့စဉ်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်းသိရပါသည်.

Photo - KNU

" Cobra Column ၏  ယနေ့အတွက်တိုက်ပွဲသတင်းထုတ်ပြန်ချက် "မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို...
22/09/2022

" Cobra Column ၏ ယနေ့အတွက်တိုက်ပွဲသတင်းထုတ်ပြန်ချက် "

မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှု၏ ခမရ(၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါသည်။ ယနေ့ (စက်တင်ဘာ -၂၂)ရက်‌နေ့တွင် ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂)ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိကြောင်း စစ်‌မြေပြင်သတင်းအတည်ပြုချက်အရ သိရှိရပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ သိမ်းဆည်းနိုင်။Karen Channel ,စက်တင်ဘာ ၂၁၊ ၂၀၂၂။ကော့ကရိတ်မြို...
21/09/2022

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ သိမ်းဆည်းနိုင်။

Karen Channel ,စက်တင်ဘာ ၂၁၊ ၂၀၂၂။

ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့သည် စကစ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို၂၀၂၂ခုနှစ်၊ စက်တင်ဘာ (၂၀)ရက်နေ့၊ (၂း၁၉)မိနစ်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

မွန်းလွဲ (၂း၀၂)မိနစ်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး (၂း၁၉) မိနစ်တွင် ခမရ- ၅၅၇ စခန်း ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

🟥RPG- 2 လက်
🟥 BA 100 စိန်ပြောင်း-1လက်
🟥 ငါးကြင်းမြီးစက်လက်- 1 လက်
🟥 ပြောင်းပို-1 လက်
🟥 AK-1 လက်
🟥 MAS sinper- 1 လက်
🟥 MA4.MAK ပူးတွဲ-1 လက်
🟥 MA1-2 လက်
🟥 MA3-2 လက်
🟥 MA5-2 လက်
🟥 MG3-1 လက်
စသည့် လက်နက်များ သိမ်းဆည်းရရှိသည်။

သိမ်းဆည်းရသော ကျည်များက
🔺MA ကျည်ဘောက်- 17 တောင့်
🔺9MM-44 တောင့်
🔺16 ကျည်ဘောက်- 4 ခု
🔺sinper ကျဥ်ဘောက်-3 ခု
🔺60MM-12 တောင့်
🔺73MM-11 တောင့်
🔺အီနာဂါ-1 တောင့်
🔺40MM-10 တောင့်
🔺BA109 လက်ပစ်ဗုံး- 2 လုံး
🔺73ယမ်းတောင့် -5 တောင့်
🔺စက်လက်ကျည်-229 တောင့်
🔺AKကျည်ဘောက်ဝိုင်း- 1ခု
🔺စကားပြောစက်- 2လုံး
🔺ဖုန်း-3လုံး
🔺ကပစ 5.56- 2223 တောင့်
🔺စိန်ပြောင်းချိန်သီး- 1ခု
🔺MA5 ကျည်- 2 တို့ သိမ်းဆည်းရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ (၇)ယောက် ကျဆုံးပြီး (၂)ဦးဒဏ်ရာနှင့် ဖမ်းဆီးရခဲ့သည်။
ကြိတ်စခန်းကို သြဂုတ်လ (၈)ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့ကာ ယမန်နေ့ တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ကျူးကျော်လာသော စကစ(၂)ကောင်အား Cobra Columnမှ စနိုက်ပါဖြင့် ကျွေး""Cobra Column၏တိုက်ပွဲ သတင်း ထုတ်ပြန်ချက် "KNU တပ်မဟာ (...
20/09/2022

ကျူးကျော်လာသော စကစ(၂)ကောင်အား Cobra Columnမှ စနိုက်ပါဖြင့် ကျွေး"

"Cobra Column၏တိုက်ပွဲ သတင်း ထုတ်ပြန်ချက် "

KNU တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခုသို့ ကျူးကျော် အခြေပြုရန် ကြိုးစား‌ နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှု၏ ခမရ (၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်များအား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်လျက်ရှိပါသည်။

ပူးပေါင်းတပ်ဖွဲ့များ၏လက်ဖြောင့်စနိုက်ဘာ စစ်သည်များ၏ လက်ချက်ဖြင့် ယနေ့ (စက်တင်ဘာ ၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ (၂) ဦး သေဆုံးကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်အရ သိရှိရပါသည်။ ပြည်သူလူထု၏ အစဉ်တစိုက် ပေးပို့သော မေတ္တာ၊ ပံ့ပိုးကူညီမှုများကြောင့် ပြည်သူ့ ရင်သွေးစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ที่อยู่

Mae Sot

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karen Channelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

အတူတကွ ကာကွယ်ကြပါစို့

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခြင်းမှ အတူတကွကာကွယ်ကြပါစို့


เว็บไซต์ข่าวและสื่อ อื่นๆใน Mae Sot

แสดงผลทั้งหมด