မဲ့ဆောက်လင်း VCD -အေးချမ်းမြတ်ဘုန်း စာပေ

မဲ့ဆောက်လင်း VCD -အေးချမ်းမြတ်ဘုန်း စာပေ စာရေးကိရိယာနဲ့ လူသုံးကုန်
(9)

✨✨ယုံယုံကြည်ကြည်နဲ့ မင်မင်တို့ဆိုင်မှ              လာရောက်မှာယူအားပေးတဲ့                       အဖွဲ့အစည်းနှင့်တကွ ကျောင်...
22/01/2024

✨✨ယုံယုံကြည်ကြည်နဲ့ မင်မင်တို့ဆိုင်မှ
လာရောက်မှာယူအားပေးတဲ့
အဖွဲ့အစည်းနှင့်တကွ ကျောင်းများအား
အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ကျေးဇူးပါ 🙏🙏🙏

✨✨ထိုင်းနိုင်ငံနေရာအနှံ့ကမှာယူအားပေးကြတဲ့ Customer လေးတွေ ပစ္စည်း လေးတွေ ပို့ရုံးအပ်ပေးလိုက်ပါပြီနော်✨✨ယုံယုံကြည်ကြည်နဲ့...
22/01/2024

✨✨ထိုင်းနိုင်ငံနေရာအနှံ့ကမှာယူအားပေးကြတဲ့ Customer လေးတွေ ပစ္စည်း လေးတွေ ပို့ရုံးအပ်ပေးလိုက်ပါပြီနော်
✨✨ယုံယုံကြည်ကြည်နဲ့ မှာယူအားပေးကြတဲ့ Customer တစ်ဦးချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့် ကျေးဇူးပါရှင့် 🙏🙏🙏

 #ဗန်းမော်သိန်းဖေ  #ဖေမြင့်  #အောင်သင်း  #မြသန်းတင့်  #ကျော်ဝင်း   တို့၏ အကောင်းဆုံးနဲ့လူကြိုက်များဆုံးစာပေများ ပြန်လည်ရ...
22/01/2024

#ဗန်းမော်သိန်းဖေ #ဖေမြင့် #အောင်သင်း
#မြသန်းတင့် #ကျော်ဝင်း တို့၏ အကောင်းဆုံးနဲ့လူကြိုက်များဆုံးစာပေများ ပြန်လည်ရရှိ ❤️❤️

#အီလွန်မတ်
#ဗန်းမော်သိန်းဖေ

#မျှဝေလိုသောအတွေးများ(၆)/(၇)
#ဗန်းမော်သိန်းဖေ

#နှလုံးသားအဟာရ
#ဖေမြင့်

#ခေါင်းဆောင်စိတ်ခေါင်းဆောင်အတွေး
#ဖေမြင့်

#နံမည်တစ်လုံးရမလာခင်တုန်းက
#ဖေမြင့်

#အနာဂတ်ကိုမကြောက်နဲ့
#အောင်သင်း

#နှစ်ဆယ့်တစ်ရာစုသားရွှေဥ
#ကျော်ဝင်း

#လူလေးသို့ပေးစာများ
#မြသန်းတင့်

#စွန့်လွှတ်ခြင်းဖြင့်အောင်မြင်ခြင်း
(Uerse)

အကုန်ပြန်လည်ရရှိ 💖💖💖

သဘောကျကြိုက်နှစ်သက်တဲ့စာအုပ်များပါရှိပါက -
မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿

မင်မင်တို့ မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်း စာပေ ဆိုင်မှာကော Page မှာ အရမ်းရောင်းရတဲ့ ရောက်တာနဲ့တန်းကုန် ပစ္စည်း instock ...
22/01/2024

မင်မင်တို့ မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်း စာပေ ဆိုင်မှာကော Page မှာ အရမ်းရောင်းရတဲ့

ရောက်တာနဲ့တန်းကုန် ပစ္စည်း instock တန်းပြတ်တဲ့ စာအုပ်လေး‌တွေ .................. ပြန်ဝင်ပါပြီနော် 🤗🤗

#ငါ့အတွက်ငါရှိတယ်
#လင်းရောင်စင်

#ဂရုမစိုက်ခြင်းအနုပညာ
#ချမ်းမြေ့ဝင်း(ဘာသာပြန်)

#လူကဲခတ်ပညာ
#ဒိုဂျေဆန်း(မြန်မာပြန်)

#မျှော်လင့်ခြင်းဖတ်စာ
#ချမ်းမြေ့ဝင်း(ဘာသာပြန်)

#ငွေရှာနည်းစိတ်ပညာ
.Phyo min Tun

#စိတ်ရဲ့ငြိမ်သက်ခြင်း
#ထက်ထက်ထွန်း

#ဖြစ်တည်ခြင်း
#ဝင်းငြိမ်း

#ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး
#အောင်ဆန်းစုကြည်

#ပင်လယ်ပြာနှင့်တံငါအို
#မောင်ဆုရှင်(မြန်မာပြန်)

အကုန်လုံးအသစ်ပြန်ဝင်ပါပြီနော် 💖💖💖

ကြိုက်နှစ်သက်တဲ့စာအုပ်လေးများတွေ့ရှိပါက -
မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿

" စံပယ်ပွင့်လေးခေါင်းပေါ်တင် " 📖နွေသစ်ငြိမ်း ✍️Price - 145 bath  ငြင်းဆန်လို့ မရတဲ့အချိန်တွေမှာလည်းကျွန်တော်ဟာ ငြိမ်ငြိမ...
21/01/2024

" စံပယ်ပွင့်လေးခေါင်းပေါ်တင် " 📖
နွေသစ်ငြိမ်း ✍️

Price - 145 bath


ငြင်းဆန်လို့ မရတဲ့အချိန်တွေမှာလည်း
ကျွန်တော်ဟာ ငြိမ်ငြိမ်သက်သက် ကျန်ရစ်တတ်သူပါ
တစ်ယောက်အနားမှာ
တစ်ယောက်က မနေနိုင်တော့တာလည်း စိတ်ပါပဲ
လက်ညိုးထိုးရမယ်ဆိုလည်း
ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါတယ်
ကိုယ့်ဘဝနဲ့ကိုယ်ပဲ ချို့ယွင်းရပါတယ်
ခွဲခွာခြင်းနဲ့ ကြုံလာတဲ့အခါတိုင်း
ဒီလိုပဲ နားလည်မယ် ။

#နွေသစ်ငြိမ်း
#စံပယ်ပွင့်လေးခေါင်းပေါ်တင်
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

"မင်းကိုမင်းပြန်ချစ်ဖို့မင်းမှာအခွင့်အရေးရှိတယ်"📖ကောင်းပြည့်သော် ✍️✍️Price - 185 bath " မင်းကို    တစ်ယောက်တလေက   မုန်းတ...
21/01/2024

"မင်းကိုမင်းပြန်ချစ်ဖို့မင်းမှာအခွင့်အရေးရှိတယ်"📖
ကောင်းပြည့်သော် ✍️✍️

Price - 185 bath


" မင်းကို
တစ်ယောက်တလေက
မုန်းတာလောက်နဲ့တော့
ခေါင်းရှုပ်ခံမနေပါနဲ့...၊
တကယ်လို့
ကမ္ဘာလောကကြီးတစ်ခုလုံးက
မင်းကိုမုန်းကြမယ်ဆိုရင်တောင်
မင်းကိုမင်းပြန်ချစ်ဖို့
မင်းမှာအခွင့်အရေးရှိတယ်..."

#မင်းကိုမင်းပြန်ချစ်ဖို့မင်းမှာအခွင့်ရေးရှိတယ်
#ကောင်းပြည့်သော်
#မဲ့ဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🌿🌿🌿🌿🌿

"သင်ခွင့်လွှတ်တတ်ပြီလား " 📖ချမ်းငြိမ်း(ဟံသာဝတီ) ✍️Price - 220 bath  ခွင့်လွှတ်တတ်ပြီလား?တကယ်တော့ခွင့်လွှတ်ခြင်းဆိုတာ ရှေ...
21/01/2024

"သင်ခွင့်လွှတ်တတ်ပြီလား " 📖
ချမ်းငြိမ်း(ဟံသာဝတီ) ✍️
Price - 220 bath


ခွင့်လွှတ်တတ်ပြီလား?

တကယ်တော့
ခွင့်လွှတ်ခြင်းဆိုတာ ရှေ့ဆက်မတိုးတော့တဲ့ အကြောင်းအရာတစ်ခု

ငြိမ်းချမ်းခြင်းသဘော
ပြဿနာတစ်ခုရဲ့အဆုံးသ-တ်

စိတ်ချမ်းသာချင်ရင်တော့ ခွင့်လွတ်တတ်ရမယ်

အရင်က ပြသနာတစ်ခု ဖြစ်ခဲ့ရင် မဟုတ်မခံစိတ်နဲ့ တုန်ပြန်လေ့ရှိတယ်

ခုတော့ ​ေသချာပြန်စဉ်းစားမိတယ်
ပြသနာတစ်ခု ဖြစ်ရင်ပြသနာကို ဖြေရှင်းမှာလား ပြသနာကို ကြီးအောင်လုပ်မှာလားလို့ပေါ့

ဘယ်သူ့ကြောင့်လဲ ဆိုပြီး အပြစ်တင်မိတယ်
တကယ်တော့ အပြ္စ်တင်တယ်ဆိုတာ ပြသနာကို ထပ်ချဲ့နေတာနဲ့အတူတူပဲ

နောက်တော့ ဘယ်သူ့ကြောင့်လဲ ဆိုတာထက်
ဘာကြောင့်လဲဆိုပြီး အဖြေရှာကြည့်မိလာတယ်

အပြစ်မြင်နေရင်တော့ အမု္န်းတွေ ထပ်ပွားနေဦးမှာပဲ။ ခွင့်မလွှတ် နိုင်ရင်တော့ ဥပေက္ခာ ပြုရုံလေးပါပဲ။

ဒါပေမဲ့
ဥပေက္ခာပြုလဲပြောသေးတယ် လူမြင်ရင်ဒေါ္သဖြစ်နေရင်တော့ ဥပေက္ခာ အစစ်အမှန်မဟုတ်ပါသေးဘူး
စစ်မှန်တဲ့ဥပေက္ခာဆိုရင်ဘာမှမခံစားရတော့တာပါ

ခွင့်လွှတ်ခြင်းဆိုတာ အရမ်းမွန်မြတ်တယ်
လူတိုင်းတော့မလုပ်နိုင်ဘူးဆိုတာသေချာတယ်
ကျမအပါအဝင်ပေါ့....။

အရင်ကဆို ကိုယ့်အပေါ်အမှားလုပ်သွားတဲ့ လူကို ခွင့်လွှတ်ဖို့နေနေသာသာပြန်တုန့်ပြန်လိုက်ရမှကျေနပ်....
ကိုယ်မှန်နေရင် တော့ ပြန်တုန့်တယ်
ငါဆိုတဲ့ အတ္တနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်...

အဲဒီလူကို နောက်တစ်ခါ ပြန်တွေ့တော့ စိတ်တွေက အလိုလိုနေရင်းနဲ့ ဒေါသတွေ ထွက်လာတယ်
မျက်နှာချင်းမဆိုင်ချင်လောက်တဲ့ထိဖြစ်ခဲ့တယ်

ဒါမဲ့ သူ့ဘက်ကတော့ အေးဆေးနေတာပဲ
နောက်မှပဲ ပြန်စဉ်စားမိတယ်
ဘာကြောင့် ဒေါသထွက်ရတာလဲ စိတ်တွေက မလုံမလဲဖြစ်ရတာလဲလို့

နောက်ဆုံးတော့မပြုံးပြနိုင်တဲ့သူကအရှုံးလို့သိခဲ့တယ်
ခွင့်လွှတ်တတ်အောင် ကြိုးစားခဲ့တယ်
ခွင့်လွှတ်နိုင်တဲ့လူကစိတ်စွမ်းအားကောင်းတဲ့လူတွေလို့ စာတွေမှာ ဖတ်ဖူးတယ်။

ခွင့်လွှတ်တတ်ဖို့ စိတ်စွမ်းအားကောင်းဖို့လိုတယ် စိတ်စွမ်းအားကောင်းချင်ရင်မေတ္တာများများပို့ရမယ်၊ ဘယ်သူတွေကိုလဲဆိုတော့ကိုယ်မနှစ်သက်တဲ့သူတွေ....

ကိုယ်မုန်းတဲ့ လူကို မေတ္တာပို့နိုင်ရင်တော့ စိတ်စွမ်းအားတွေ ကောင်းလာတယ် စိတ်စွမ်းအားကောင်းလာတဲ့ အခါ ဒေါသလွယ်လွယ်မထွက်နိုင်တော့ဘူး...။

လူတွေကို ခွင့်လွှတ်နိုင်လာတယ်
ခွင့်လွှတ်တတ်ရင်တော့စိတ်ငြိမ်းချမ်းလာတယ်
စိတ်ချမ်းသာအောင်နေချင်ရင်တော့ခွင့်လွှတ်ဖို့လို
လိမ့်မယ်။

လူတွေကို စိတ်မချမ်းသာစေတဲ့ အရာတွေက လောဘ၊ ဒေါသ ၊မောဟ ၊အတ္တ ၊မာန်မာနတွေ
ပါ

စိတ်ချမ်းသာစေချင်ရင်ဒီနေ့ကစပြီ ခွင့်လွတ်တက်အောင် လေ့ကျင့်ဖို့ပဲလိုပါတယ်..။

--------------------
Min Pyae Sone Phyo
(လေးစားစွာcrdပေးပါသည်) 🙏📖🌿
-----------

" လူတချို့က ရင့်ကျက်တယ် ခွင့်မလွှတ်ဘူး။
လူတချို့က ခွင့်လွှတ်တယ် မရင့်ကျက်ဘူး။
ခွင့်လွှတ်တယ်ဆိုတာ ရင့်ကျက်မှုထက်ပိုတဲ့စိတ်ထား။
မိမိအပေါ်အမှားလုပ်တဲ့သူကို ရင့်ကျက်မှုနဲ့ခွင့်လွှတ်လိုက်ပါ။
သင့်....ခွင့်လွှတ်တတ်ပြီလား...။ "

#သင်ခွင့်လွှတ်တတ်ပြီလား
#ချမ်းငြိမ်း(ဟံသာဝတီ)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက -
မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့်
🌿🌿🌿🌿🌿🌿

📖 " စိတ်ကိုခနအနားပေးခြင်း "✍️ မျိုးလွင် (MBA)Price - 145 bath ဒီစာအုပ်လေးဟာ နေ့တိုင်း စိတ်ပိုပြီးတည်ငြိမ်ဖို့၊ကြည်လင်ဖို...
19/01/2024

📖 " စိတ်ကိုခနအနားပေးခြင်း "
✍️ မျိုးလွင် (MBA)

Price - 145 bath


ဒီစာအုပ်လေးဟာ နေ့တိုင်း စိတ်ပိုပြီးတည်ငြိမ်ဖို့၊ကြည်လင်ဖို့ စဉ်းစားချိန်နည်းနည်းလိုတယ်လို့ ခံစားရတဲ့အခါ သတိပြုပြီးလေ့ကျင့်ရမယ့်‌ အလေ့အကျင့်ကောင်းလေးတွေကို အလွယ်တကူဖတ်ရှု့နိုင်အောင် စုစည်းထားတဲ့စာအုပ်လေးဖြစ်ပါတယ်။

ယနေ့လို အလျှင်အမြန်သွားလာလှုပ်ရှားဖြစ်ပျက်နေတဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ရဲ့စိတ်တွေဟာ ထွေပြားဗျာများပြီးအလုပ်များလွန်းလှပါတယ်။
ဒါ့ကြောင့်အရာရာကိုကွဲကွဲပြားပြားမမြင်နိုင် ၊မသိနိုင်တော့ မငြိမ်းချမ်းတော့ပါဘူး ။နှစ်နှစ်ခြိုက်ခြိုက်တောင်အိပ်မပျော်ကြတော့ပါဘူး။

သင့်ခန္တာ စိတ်နဲ့ ခံစားချက်တွေကို ပေါင်းစပ်ထားတဲ့အလေ့ကျင့်ကောင်းလေးတွေကို တစ်နေ့မှာဆယ်မိနစ်လောက်အချိနိပေးလေ့ကျင့်ပေးယုံနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့စိန်ခေါ်မူ့တွေကို ဖြေရှင်းနိုင်ဖို့ ၊အခွင့်အရေးတွေကိုရယူနိုင်ဖို့ စိတ်ကိုဘယ်လိုငြိမ်အောင်ထိန်းမလဲ ၊အနားပေးမလဲ၊အင်အားတွေဘယ်လိုဖြည့်ပေးနိုင်လဲဆိုတဲ့ နည်းတွေကို ဒီစာအုပ်မှာ ညွှန်ပြပေးထားပါတယ် ။


#စိတ်ကိုခနအနားပေးခြင်း
#မျိုးလွင် (MBA)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍ဖတ်ရှု့လိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

📖 " နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ "✍️နိုင်းနိုင်း‌စနေ 📃 စာမျက်နာ - ၁၂၀ Price - 165 bath   🌻 နေရှိရာဘက်ကို မျက်နှာမူပြီး...
19/01/2024

📖 " နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ "
✍️နိုင်းနိုင်း‌စနေ
📃 စာမျက်နာ - ၁၂၀

Price - 165 bath


🌻 နေရှိရာဘက်ကို မျက်နှာမူပြီး ရှင်သန်ပွင့်လန်းနေတဲ့ နေကြာပန်းလေး‌တစ်ပွင့်ကပြောတယ် " အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့် ၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘ၀အတွက် ၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ " တဲ့ ..

🌻 " ဒီလောကမှာ လူတချို့ရဲ့ ၀မ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့ မဟုတ်ဘူး ၊ တခြားသူရသွားလို့ ဖြစ်တယ် " နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာ ဖြစ်တယ် ဆိုတဲ့အကြောင်းကို ဘုန်းကြီးတစ်ပါးက ရှင်းပြခဲ့တယ် ..

🌻 " ဖြတ်သန်းရမယ့် နေရက်တွေက ရှည်လျားတယ် ၊ အတူတူ ဆော့ကစားနိုင်မယ့်သူကို ရှာယူပါတဲ့ " .. အတူဆော့ကစားနိုင်မယ့်သူ ဆိုတဲ့ စာပိုဒ်လေး ဖတ်ပြီးသွားရင် အတူဆော့ကစား ပေးနိုင်မယ့်သူဟာ ရှားပါးတယ်ဆိုတာကို သင်သိသွားပါလိမ့်မယ် ..

🌻 ဒီစာအုပ်လေးက စိတ်ခွန်အားပေး စာအုပ်လေးဆိုတာထက် စိတ်ကို ကြည်နူးမှုတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပဲဖြစ်တယ် ..

🌻 နေ့သစ်တွေကို ရှင်သန်ချင်စိတ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်းကျော်လွှားနိုင်ဖို့ နေကြာပန်းလေးတစ်ပွင့်လို့ ပြုံးကြပါစို့ ☺️

#နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ
#နိုင်းနိုင်းစနေ
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍ဖတ်ရှု့လိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

📚စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးကိုနိုင်ပြီး စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေကြောင်း ရတနာမေမှ စာပေချစ်သူတို့အတွက် တောင်းဆုချွေလိုက်ပါတယ်ရှင့်🌴

ကျန်းမာရေးဂရုစိုက်ပါ🤍
နှလုံးသားပိုနုဖို့ စာဖတ်ပါ ❤️

📖 " လူငယ်အတွက်ဘဝလမ်းညွှန် "✍️တိမ်သွေးအိမ်Price - 165 bath "ဘဝဆိုတာ ဘယ်တော့မှ ပုံသေသတ်မှတ်မထားပါနဲ့ ။ဘဝကို ဖြတ်သန်းတဲ့အခါ...
19/01/2024

📖 " လူငယ်အတွက်ဘဝလမ်းညွှန် "
✍️တိမ်သွေးအိမ်
Price - 165 bath


"ဘဝဆိုတာ ဘယ်တော့မှ ပုံသေသတ်မှတ်မထားပါနဲ့ ။
ဘဝကို ဖြတ်သန်းတဲ့အခါ ရုန်းကန်သင့်တာ ရုန်းကန်ရ ၊
ကြိုးစားသင့်တာ ကြိုးစားရ ၊
စီးမျောသင့်တာ စီးမျောရတာပါပဲ" ။

"အဆင်ပြေရင် ပြုံးထားသလို
အဆင်မပြေရင်လည်း ပြုံးထားပါ " ။

"အကောင်းတွေ ကြုံတဲ့အခါ ခံနိုင်ရည်ရှိပါ ။
အဆိုးတွေ ကြုံတဲ့အခါ ခံနိုင်ရည်ရှိပါ ။
ဘဝဆိုတာ လှပအောင် ဖြတ်သန်းဖို့ထက်
အဓိပ္ပာယ်ရှိအောင် ဖြတ်သန်းတတ်ဖို့က
ပိုပြီး အရေးကြီးပါတယ်" ။


#လူငယ်အတွက်ဘဝလမ်းညွှန်
#တိမ်သွေးအိမ်
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍ဖတ်ရှု့လိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူနိုင်ပါတယ် 🌿🌿🌿🌿🌿

📖 " မင်းစိတ်ဓာတ်ကျလို့တော့မဖြစ်ဘူး "✍️ လောကသစ္စာ📃 စာမျက်နှာ 94Price - 175 bath ကျွန်တော်တို့ဘ၀မှာ ဘာတွေကျမလဲ မျက်နှာတွေခ...
19/01/2024

📖 " မင်းစိတ်ဓာတ်ကျလို့တော့မဖြစ်ဘူး "
✍️ လောကသစ္စာ
📃 စာမျက်နှာ 94
Price - 175 bath


ကျွန်တော်တို့ဘ၀မှာ ဘာတွေကျမလဲ မျက်နှာတွေချောင်ကျမလား.. နံရိုးတွေ အပြိုင်းပြိုင်းကျပြီး ပိန်လိန်နေမလား။ ချွေးတွေ သွေးတွေ မျက်ရည်တွေ ကျမလား။ နောက်ဆုံး စီးပွားရေးကျမလား။ ကျချင်တာတွေ ကျပါစေ၊ စိတ်ဓာတ်လေးတစ်ခုတော့ မကျအောင်ထိန်းပေးထားပါနော်။ အဲ့ဒီစိတ်ဓာတ်ဆိုတဲ့အရာက ကျသွားပြီးရင် ပြန်ပြီးကောက်တင်ရတာ ခက်လွန်းလို့ပါ။ ကျွန်တော်တို့လူတွေမှာ စိတ်ဓာတ်ကျသွားတာနဲ့ ဘ၀ဟာလည်း မြောင်းထဲရောက်သွားတော့မှာပါပဲ။ တစ်ခါတစ်လေမှာ ဘ၀ကြီးတစ်ခုလုံး အမြစ်ပါကျွတ်ပြီး လဲသွားတဲ့ သစ်ပင်ကြီးလို အမြဲလိုလို စိတ်ဓာတ်ကျဆင်းမှုတွေ စိတ်ညစ်ညူးမှုတွေ မဖြစ်ရလေအောင် ဒီစာအုပ်ကလေးကို စေတနာအပြည့်အ၀ထားပြီး အကောင်းဆုံး မျှဝေတင်ပြထားပါတယ်။

*စာရေးသူအမှာစာမှ ကောက်နုတ်ဖော်ပြချက်*

#လောကသစ္စာ
#မင်းစိတ်ဓာတ်ကျလို့တော့မဖြစ်ဘူး
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စားလို့ဖတ်ရှု့လိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ။ 💖💖💖

နင်းတက်ရင်လှေကား(လူငယ်ခွန်အားဖြည့်စာစုများ)📒  စိုးသူ (LPZ) ✍️စာမျက်နှာ - ၉၉Price -135 bath ယခုစာအုပ်တွင် ..................
19/01/2024

နင်းတက်ရင်လှေကား(လူငယ်ခွန်အားဖြည့်စာစုများ)📒 စိုးသူ (LPZ) ✍️
စာမျက်နှာ - ၉၉
Price -135 bath


ယခုစာအုပ်တွင် .................

ကိုယ်ချင်းစာမှုအပိုင်း၊ ပါဝင်စီးမျောမှုအပိုင်း၊
ဘာဖြစ်ချင်တာလဲ၊ မျှော်လင့်ချက် အသက်ဆက်ဖို့' ဆိုတဲ့ အခန်း ၄ ခန်းပိုင်းခြားပြီးဖော်ပြထားပါတယ်။

လူငယ်တွေအတွက်ဦးတည်ရည်ညွှန်းထားတာ ထင်ရှားသလို ဆရာစိုးသူ LPZ ရဲ့ လူငယ်တွေအပေါ်ထားတဲ့‌‌စေတနာ နဲ့ ဖြစ်စေချင်စိတ် ထက်သန်မှုကလည်း ပေါ်လွင်လှပါတယ်။ ဤစာအုပ်တွင် ပါဝင်သောစာစုများက လူငယ်တွေအတွက် အမှန်တကယ် စိတ်ဓာတ်ခွန်းအား ဖြည့်စွက်ပေးနိုင်တဲ့ စာစုတွေပဲ ဖြစ်ပါတယ်။

#စိုးသူ(LPZ)
#နင်းတက်ရင်လှေကား ( #လူငယ်ခွန်အားဖြည့်စာစုများ)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍ဖတ်ရှု့ရန်မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🌿🌿🌿🌿🌿

"လောကဓံကိုဒူးထောက်ဖို့ မလိုဘူး"🏃သံစဉ်သစ် ✍️✍️Price -145 bath ❤️ ခါးသီးတဲ့ လောကဓံရဲ့ ထိုးနှက်ချက်တွေမှာ မယိုင်လဲဘဲ ဘ၀ကို ...
19/01/2024

"လောကဓံကိုဒူးထောက်ဖို့ မလိုဘူး"🏃
သံစဉ်သစ် ✍️✍️

Price -145 bath


❤️ ခါးသီးတဲ့ လောကဓံရဲ့ ထိုးနှက်ချက်တွေမှာ မယိုင်လဲဘဲ ဘ၀ကို စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်စေဖို့ ဖတ်သင့်တဲ့ အတွေးအမြင်လေးတွေ...

- ဘဝတွေမှာသန်မာတဲ့ရှင်သန်​ခြင်းတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ အလှပဆုံး အထွန်းတောက်ဆုံးဆိုတဲ့ ဘဝပိုင်ရှင်တွေအဖြစ်ကြိုးစားနေကြပါတယ်။အောင်မြင်တဲ့လူတစ်ယောက်အဖြစ် လောကကြီးထဲမှာဝံ့ဝံ့ကြွားကြွားရပ်တည်ချင်ပါတယ် ဒါကြောင့်ကြိုးစားခြင်း၊ ပေးဆပ်ခြင်းတွေနဲ့အတူ ထိုက်တန်တဲ့ရယူခြင်းတစ်ခုကို လောကကြီးကနေ ရယူရပါတယ်။ လောကဓံကဘယ်လောက်ပဲ ထိုးနှက်တိုက်ခိုက်ပါစေ ဒူး​ထောက်လဲကျဖို့မလိုဘူးဆိုတဲ့စိတ်နဲ့ ရှင်သန်ရပါမယ်။ အင်အားတွေပြင်းထန်တဲ့ စိတ်ဓာတ်တွေနဲ့ လိုချင်တဲ့အရာကိုရအောင်ယူရပါမယ်။

- ဘဝမှာခါးသီးတဲ့ ဒဏ်ရာဒဏ်ချက်တွေ ရှိလာခဲ့ရင်တောင် သူများထူမှထရတဲ့ ဘဝထက် ကိုယ်ဘာသာရုန်းထရပါမယ်။ ကိုယ်ရဲ့ရှင်သန်ခြင်းအပေါ်မှာ ဂုဏ်ယူဝံ့ကြွားနေရပါ လောကဓံဘယ်လောက်ပဲ တိုက်ခိုက်ပါစေ ငါဒူးထောက်စရာမလိုဘူးဆိုတဲ့စိတ်နဲ့ ရှင်သန်နေရပါမယ်။ ကိုယ်လိုချင်တဲ့ကောင်းမွန်တဲ့ဘဝတွေဟာ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းအပေါ်မှာပဲမူတည်နေတာကြောင့် လောကဓံကိုဒူးထောက်စရာမလိုပါဘူး။

#လောကဓံကိုဒူးထောက်ဖို့မလိုဘူး
#သံစဉ်သစ်
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား
မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖

 #အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ အောင်မြင်နေတဲ့ လူတစ်ယောက်ဟာ သူဖြတ်သန်းခဲ့ရတဲ့ သူလျှောက်လှမ်းခဲ့ရတဲ့ လမ်းတွေဟာ ဘယ်လောက်က...
18/01/2024

#အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့

အောင်မြင်နေတဲ့ လူတစ်ယောက်ဟာ သူဖြတ်သန်းခဲ့ရတဲ့ သူလျှောက်လှမ်းခဲ့ရတဲ့ လမ်းတွေဟာ ဘယ်လောက်ကြမ်းတမ်းလဲ ဆိုတာ သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ သိမှာမဟုတ်ပါဘူး

နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ သူတွေရဲ့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခတွေဟာလည်း မတူကြပါဘူး

တချို့တွေက အခက်အခဲတွေကို တွေးပူပြီး ကြောက်ကြတယ်

တချို့တွေက လမ်းတဝက်မှာတင် နောက်လှည့်ပြန် ကြတယ်

တချို့တွေက အောင်မြင်မှုဆိုတဲ့ အသီးအပွင့် စိတ်ရှည်ရှည်နဲ့ အစောင့်နိုင်ကြပြန်ဘူး

ကြိုးစားတဲ့သူတိုင်းဟာ ချက်ချင်း မအောင်မြင်နိုင်ပါဘူး

ကြိုးစားနေပြီး မအောင်မြင်သေးတဲ့သူတွေ အများပါ

"ကံရယ် ဥာဏ်ရယ် ဝီရိယရယ်" ဆိုတဲ့ဒီသုံးခု ကျိုးကြောင်း တိုက်ဆိုင်ပြီးဆိုရင်တော့ အောင်မြင်မှုက အလိုလို ရောက်ရှိလာပါလိမ့်မယ်

ကိုယ်တိုင်ကလည်း စိတ်ဓာတ်မကျပဲ အမြဲတမ်း ကြိုးစားနေဖို့ ​လိုပါတယ်


✨✨မင်မင်တို့ မဲဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေမှ လူကြိုက်အများဆုံးနဲ့အရောင်းရဆုံး ....... #စီးပွားရေးစာပေ/ #အောင်မြင...
18/01/2024

✨✨မင်မင်တို့ မဲဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေမှ လူကြိုက်အများဆုံးနဲ့အရောင်းရဆုံး .......

#စီးပွားရေးစာပေ/ #အောင်မြင်ရေးစာပေများနှင့် #နိုင်ငံရေးစာပေတစ်ချို့ ............

#လူတွေမမှတ်မိအောင်တိုးတတ်ပြောင်းလဲလိုက်ပါ
.phyo Paing

#ကိုယ်ရည်ကိုယ်သွေးမြင့်မားစွာအောင်မြင်ခြင်း
#လင်းသိုက်ညွန့်(မြန်မာ့မြေ)

#မီလျံနာစိတ်ဓာတ်
#ညီညီနိုင်

#အကြံဉာဏ်ဖြင့်ကြီးပွားရေး
#ရွှေဥဒေါင်း

#အောင်မြင်မူ့သို့လမ်းမများ
#လင်းသိုက်ညွှန့်(မြန်မာ့မြေ)

#ငြိမ်သက်ခြင်း
#မောရိသျှ

#နယ်လှဲ့ရာဇဝင် ပ+ဒု+တ
#ရာဇဝင်ပါမေက္ခဒေါက်တာသန်းထွန်း

#မြန်မာပြည်မြောက်ပိုင်း #သုံးတွဲပေါင်းပထမအုပ်
#နတ်နွယ်

#မြန်မာပြည်မြောက်ပိုင်း #သုံးတွဲပေါင်းဒုတိယအုပ်
#နတ်နွယ်


#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

အကောင်းဆုံးနဲ့လူကြိုက်များတဲ့ စာအုပ်လေးတွေဖြစ်လို့ ကြိုက်နှစ်သက်လို့ မှာယုချင်ပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🌿🌿🌿🌿🌿

✨✨မင်မင်တို့ မဲဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေရဲ့ အခု တစ်ပတ်အတွင်း အရောင်းရဆုံးနဲ့ လူကြိုအများဆုံး သုတရသ စာပေများ .....
18/01/2024

✨✨မင်မင်တို့ မဲဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေရဲ့ အခု တစ်ပတ်အတွင်း အရောင်းရဆုံးနဲ့ လူကြိုအများဆုံး သုတရသ စာပေများ ..............

#အကျင့်တွေပြောင်းရင်ဘဝလဲပြောင်းမယ်
#မျိုးလွင်(MBA)

#ငါ့အတွက်ငါရှိတယ်
#လင်းရောင်စင်

#တစ်+တစ်=သုံး
#ချမ်းမြေ့ဝင်း (ဘာသာပြန်)

#သောကကင်းဝေးနေနိုင်ရေး
#တက်တိုး

#ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ပါစေ
#ချောကိုကို (လှည်းကူး)

#ရထားပေါ်ကမိန်းခလေး
#ချမ်းမြေ့ဝင်း (ဘာသာပြန်)

#မြကျွန်းညိုမှလိပ်ပြာဝှက်တမ်း
#ဆီးနှင်းခဲ

#လက်ညိုးထိုး၍ပန်းဝေသည်
#သိုးဆောင်း

#သူစိမ်း
#ချမ်းမြေ့ဝင်း(ဘာသာပြန်)


#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ
#သုတရသ

အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးစာအုပ်လေးတွေမို့
မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🌿🌿🌿🌿🌿

"ကျေးဇူးကန်းသောခြင်္သေ့"တောထဲကိုလမ်းလျှောက်လာတဲ့ခရီးသွားတစ်ယောက်ဟာ ခြင်္သေ့တစ်ကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်...
18/01/2024

"ကျေးဇူးကန်းသောခြင်္သေ့"

တောထဲကိုလမ်းလျှောက်လာတဲ့ခရီးသွားတစ်ယောက်ဟာ
ခြင်္သေ့တစ်ကောင်ရဲ့ နာနာကျင်ကျင်အော်ဟစ်သံကိုကြားလိုက်ရပါတယ်။
အော်သံဟာ သူလျှောက်လာတဲ့လမ်းနဲ့တဖြည်းဖြည်းနီးကပ်လာပြီး မကြာခင်မှာတော့ ခြင်္သေ့တစ်ကောင် ထောက်ချောက်ထဲမိနေတာကို မြင်လိုက်ရပါတော့တယ်။

အဲဒီ့အခါမှာ ခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။ အသင်ခရီးသွား ငါ့ကိုတချက်လောက်ထောင်ချောက်ထဲကနေ လွတ်အောင်ကူညီပေးပါလား၊ မကြာခင်မှာ မုဆိုးရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ လို့တောင်းဆိုပါတော့တယ်။

ခရီးသွားဟာ အသက်တစ်ချောင်းကိုကယ်ချင်ပေမယ့် ခြင်္သေ့အစားခံရမှာကိုလည်းကြောက်တာကြောင့် ခြင်္သေ့ကိုကတိတောင်းပါတယ်။

ကယ်တာက ကယ်လို့ရပါတယ်၊ ဒါပေမယ့် မင်းကိုကယ်ပြီး လွတ်မြောက်တဲ့အခါ ငါ့ကိုသတ်မစားပါဘူး၊ အန္တရာယ်မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ် လို့ပြန်ပြောလိုက်ပါတယ်။

အဲဒီ့အခါ ခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေးပါတယ်။ ဒါနဲ့ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေလွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက်ပါတော့တယ်။

ထောက်ချောက်ကနေလွတ်သွားတဲ့ခြင်္သေ့ဟာ အားရဝမ်းသာအော်ဟစ်လိုက်ပြီး ခရီးသွားကိုပြောလိုက်ပါတယ်။

ဟယ် အသင်ခရီးသွား သင့်ကိုအရမ်းကျေးဇူးတင်မိပါတယ်၊ ငါ့မှာ ထောက်ချောက်ထဲ ၂ရက်လောက်အမိခံနေရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန်ဆာလောင်နေတာနဲ့အတော်ပဲ။ သင့်ကိုကျေးဇူးတင်လက်စနဲ့ ငါ့ရဲ့ဟာနေတဲ့ဗိုက်ကိုပါဖြည့်ပေးလိုက်ပါ ဆိုပြီး ကျေးဇူးကန်းတဲ့ခြင်္သေ့ဟာ ပေးထားတဲ့ကတိကိုဖျက်ပြီး ခရီးသွားကို စားမလိုလုပ်ပါတော့တယ်။

အဲဒီ့အခါ ခရီးသွားဟာလည်း ဟုတ်ပြီ၊ အဲဒါဆို စားခွင့်ပေးရမှာပေါ့။ ဒါပေမယ့် ခဏလောက်စောင့်ပါအုံး။ နောက်ထပ်ခရီးသွားတစ်ယောက်လာတဲ့အထိခဏလေးစောင့်ပြီး သင်လုပ်တဲ့အလုပ်က မှန်ကန်လား၊ တရားရဲ့လားဆိုတာ ဆုံးဖြတ်ခိုင်းရအောင် ၊ ဒါလေးတော့ သဘောတူပေးလိုက်ပါ၊ ငါကသင့်ကိုအကုန်သဘောတူပေးထားတာပဲ လို့ပြန်ပြောလိုက်ပါတယ်။

အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲစောင့်နိုင်မယ်လို့ ပြန်ပြောလိုက်ပါတယ်။ မကြာခင်မှာ မြေခွေးတစ်ကောင်ဟာ သူတို့ရှေ့ကနေဖြတ်သွားပါတယ်။

ခရီးသွားဟာလည်း မြေခွေးကိုခေါ်လိုက်ပြီး အကူအညီတောင်းပါတယ်။ အသင်မြေခွေးရေ ခဏလောက် ငါတို့ကိစ္စကို ဆုံးဖြတ်ပေးပါအုံး။ ကိစ္စကတော့ ဒီလိုပါ.....ဆိုပြီး ပြောပြလိုက်ပါတယ်။

အဲဒါနဲ့မြေခွေးဟာ အကျင့်မကောင်းတဲ့ခြင်္သေ့ကို ပညာပေးဖို့စဉ်းစားလိုက်ပါတယ်။
ဟုတ်ပြီလေ...အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်းပြောလို့မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့အနေနဲ့ အသင်ခြင်္သေ့ဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကိုသုံးသပ်နိုင်မှာပေါ လို့ မြေခွေးဟာ ခြင်္သေ့ကိုပြောလိုက်ပါတယ်။ အဲဒါနဲ့ ခြင်္သေ့ဟာ ဒီလိုမျိုးပါပဲ....." ဆိုပြီး ထောက်ချောက်ထဲကိုပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ပြန်စွပ်ပြလိုက်ပါတော့တယ်။

အဲဒီအခါကျတော့မှ မြေခွေးဟာ ခြင်္သေ့ကို ကောင်းပြီလေ....အဲဒီလိုထောက်ချောက်မိခဲ့တယ်ဆိုရင်လည်း အဲဒီ့အတိုင်းသာနေခဲ့ပေတော့ခြင်္သေ့ရေ ၊ ကျေးဇူးမသိတတ်တဲ့သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ ငါတို့တော့သွားပြီ လို့ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီတိုင်းပြန်ထားခဲ့လိုက်ပါတော့တယ်။

ပြောချင်တာက ဘဝမှာလည်း အဲဒီလို ကျေးဇူးမသိတတ်သူမျိုးကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့လူတွေကို ဘာမှလုပ်စရာမလိုဘဲ အချိန်တန် သူ့တို့စိတ်ဓာတ်က သူတို့ကိုပြန်အကျိုးပေးမှာပါပဲ။ သူတို့လိုစိတ်ဓာတ်ရှိသူနဲ့ သူတို့ပြန်ကြုံရတဲ့အခါ သူတို့အတွက် ဝဋ်ကအလိုလိုပြန်လည်လာပါလိမ့်မယ်။

ဆရာမင်းသိခ် စာပေကြိုက်နှစ်သက်သူများအတွက် အသစ်တဖန်ပြန်လည်ဝင်ရောက်လာသည့် စာပေကောင်းနှစ်အုပ် ..................... #ဆားပုလင...
18/01/2024

ဆရာမင်းသိခ် စာပေကြိုက်နှစ်သက်သူများအတွက်
အသစ်တဖန်ပြန်လည်ဝင်ရောက်လာသည့် စာပေကောင်းနှစ်အုပ် .....................

#ဆားပုလင်းနှင်းမောင်နှင့်မြိုင်မဟာမမြလေး
#မင်းသိခ်

#ဆားပုလင်းနှင်းမောင်နှင့်ဘုမ္မာဝတီအရှုပ်တော်ပုံ
#မင်းသိခ်


#မင်းသိခ်
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍လေ့လာဖတ်ရှု့ရန်မှာယူလိုပါက
- မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့်

- ဗန်းမော်သိန်းဖေ "အီလွန်မတ်"Price - 250 bath ဘာသာပြန်သူ၏အမှာစာ...စာရေးသူအက်ရှ်လီဗန်းစ် (Ashlee Vance) ဟာ အီလွန်မတ်အကြော...
17/01/2024

- ဗန်းမော်သိန်းဖေ
"အီလွန်မတ်"

Price - 250 bath


ဘာသာပြန်သူ၏အမှာစာ...

စာရေးသူအက်ရှ်လီဗန်းစ် (Ashlee Vance) ဟာ အီလွန်မတ်အကြောင်း ၆ နှစ်ကြာ လေ့လာခဲ့သလို သူ့မိသားစု၊ မိတ်ဆွေတွေ၊ သူ့ကုမ္ပဏီဝန်ထမ်းတွေ စတဲ့ လူပေါင်း ၅ဝဝ ကျော်ကို တွေ့ဆုံမေးမြန်းပြီးမှ ဒီစာအုပ်ကို ရေးခဲ့တာပါ။ ဒါကြောင့် ဒီစာအုပ်ဟာ အီလွန်မတ်အကြောင်းနဲ့ပတ်သက်ရင် အပြည့်စုံဆုံးစာအုပ် လို့ ပြောလို့ရပါတယ်။ အီလွန်မတ်အကြောင်းရေးထားတဲ့ အတ္ထုပ္ပတ္တိစာအုပ်ဆိုပေ မယ့် စာရေးသူရဲ့ စာအရေးအသား ကျွမ်းကျင်မှုကြောင့် စာအုပ်ဟာ ပျင်းစရာ မကောင်းဘဲ အလွန်စိတ်ဝင်စားစရာကောင်းတာကို တွေ့ရတယ်။

ဒီစာအုပ်မှာ အီလွန်မတ်ရဲ့အကြောင်း ပြည့်ပြည့်စုံစုံသိချင်သူတွေ၊ ဒုံးပျံ၊ လျှပ်စစ်ကား၊ နေရောင်ခြည်စွမ်းအင် စတဲ့ အဆင့်မြင့်နည်းပညာတွေအကြောင်း သိချင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ချင်သူတွေအတွက် သိထားစရာ အသိပညာ တွေ၊ အတုယူစရာ နည်းပညာတွေနဲ့ သတိထားစရာသင်ခန်းစာတွေ အများကြီး ပါဝင်လို့ လူတိုင်းဖတ်ရှုသင့်တဲ့ စာအုပ်ပါ။ အထူးသဖြင့် လူငယ်တွေ ဖတ်သင့်တယ် လို့ ပြောချင်ပါတယ်။

#ဗန်းမော်သိန်းဖေ
#အီလွန်မတ်
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စာဖတ်သူမိတ်ဆွေများ ကြိုက်နှစ်သက်လို့ မှာယူချင်ပါက မဲဆောက်ဈေးကြီး နတ်စင်လမ်းကြား မဲဆောက်လင်း VCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ်) Page chat.box သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ❤️❤️❤️

" ပျော်ရွှင်ပါစေ "ဒေါက်တာဖြိုးသီဟ ✍️✍️Price - 285 bath "လောကမှာ မချမ်းသာချင်တဲ့သူရှိမယ်၊အိမ်ထောင်မပြုချင်တဲ့သူရှိမယ်၊နာမ...
17/01/2024

" ပျော်ရွှင်ပါစေ "
ဒေါက်တာဖြိုးသီဟ ✍️✍️

Price - 285 bath


"လောကမှာ မချမ်းသာချင်တဲ့သူရှိမယ်၊
အိမ်ထောင်မပြုချင်တဲ့သူရှိမယ်၊
နာမည်ကြီးရမှာကြောက်တဲ့သူရှိမယ်၊၊
သေချာတာတစ်ခုက မပျော်ရွှင်ချင်တဲ့သူ
မရှိဘူးဆိုတာပါပဲ"

#ဒေါက်တာဖြိုးသီဟ
#ပျော်ရွှင်ပါစေ
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

သဘောကျကြိုက်နှစ်သက်၍ဖတ်ရှု့လိုပါက -
မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား
မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 👻👻👻

" တစ်+တစ်=သုံး "ချမ်းမြေ့ဝင်း(ဘာသာပြန်) ✍️✍️Price - 250 bath တစ်+တစ်=သုံး။ စာအုပ်ဟာ ဘယ်လို စာအုပ်မျိုးလဲ❓ ဒီစာအုပ်ဟာ အင်...
17/01/2024

" တစ်+တစ်=သုံး "
ချမ်းမြေ့ဝင်း(ဘာသာပြန်) ✍️✍️

Price - 250 bath


တစ်+တစ်=သုံး။
စာအုပ်ဟာ ဘယ်လို စာအုပ်မျိုးလဲ❓

ဒီစာအုပ်ဟာ အင်မတန် ကျစ်လစ်ပေါ့ပါးတဲ့ စာအုပ်တစ်အုပ်။ ☑️☑️

‌ ဖောက်ထွက် ဖန်တီးနိုင်စွမ်းရည်ကို လူံ့ဆော်ပေးနိုင်တဲ့ စာအုပ်။☑️☑️

ဒါပေမယ့် သီအိုရီတွေ၊ ဥပဒေသတွေပါတဲ့ စာအုပ်တော့ မဟုတ်ဘူး။ ဖန်တီးတီထွင်နိုင်စွမ်းရည်ကို အထိရောက်ဆုံး အသုံးချသွားတဲ့ လူတွေရဲ့ ဇာတ်လမ်းတွေကို စုပေါင်းထားတဲ့ စာအုပ်ပါ။


#တစ်တစ်သုံး
#ချမ်းမြေ့ဝင်း(ဘာသာပြန်)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

စိတ်ဝင်စား၍မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 👻👻👻

" သူစိမ်း "ချမ်းမြေ့ဝင်း (ဘာသာပြန်) ✍️✍️Price - 380 bath  “ အယုံလွယ်တဲ့သူတွေရဲ့ အမြင်မှာတော့                         ကမ္...
17/01/2024

" သူစိမ်း "
ချမ်းမြေ့ဝင်း (ဘာသာပြန်) ✍️✍️

Price - 380 bath


“ အယုံလွယ်တဲ့သူတွေရဲ့ အမြင်မှာတော့
ကမ္ဘာဟာ နေချင့်စရာဖြစ်နေမှာပဲ ..... ”

လူသတ်မှုတွေ ဖြစ်လာရင် ကျူးလွန်သူ နဲ့ အကျူးလွန်ခံရသူ နှစ်‌ယောက်ရှိမယ်ဆိုဝာာဟာ ကျနော်တို့အားလုံးသိနေပြီးသားဖြစ်မဲ့ အဖြေတစ်ခုပါ။

ဒီစာအုပ်လေးထဲမှာဆိုရင်ဖြင့် မြို့ငယ်လေးတစ်ခုမှာ ဖြစ်ခဲ့တဲ့ မတွေးဝံ့စရာ လူသ'တ်မှုတစ်ခု ကနေ အစပြုပြီး ဖြစ်ပေါ်လာခဲ့တဲ့ အဖြစ်အပျက်တွေဟာ တဖြည်းဖြည်းနဲ့ ကျနော်တို့ ထင်တာထက် ပိုမိုရှုပ်ထွေး နက်နဲတဲ့ ကိစ္စရပ်တွေကို ဦးတည်သွားကာ

ဖတ်ရှုရင်း စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့ထပ်တူ စိတ်လှုပ်ရှားစရာ၊စိတ်ရှုပ်ထွေးစရာ ခံစားမှုတွေနဲ့ အဖြေရှာရမဲ့ စာအုပ်လေး တစ်ခု

ပဟေဠိတွေရဲ့ လမ်းအဆုံးမှာ အမှန်တရား ပေါ် ပေါက်လာပါ့မလား.....

#ချမ်းမြေ့ဝင်း
#သူစိမ်း
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား
မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 👻👻👻

✨✨ကျောင်းငါးကျောင်းစာ အုပ်ရေ ၁၀၀ ကျော်ကို ယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ အဖွဲ့အစည်းနဲ့တကွ ✨✨ထိုင်းနိုင်ငံနေရာအနှံ့က Cus...
16/01/2024

✨✨ကျောင်းငါးကျောင်းစာ အုပ်ရေ ၁၀၀ ကျော်ကို
ယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ အဖွဲ့အစည်းနဲ့တကွ

✨✨ထိုင်းနိုင်ငံနေရာအနှံ့က Customer တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့် 💖💖💖

ကျေးဇူးပါရှင့် 🙏🙏🙏

 #လူကဲခတ်ပညာ-----------------------"လူတစ်ယောက်ကို စာအုပ်တစ်အုပ်လို ဖတ်နိုင်ဖို့"ကိုယ်ခန္ဓာကိုယ်ဟာ ဘယ်တော့မှမညာဘူး။ သူသုံ...
16/01/2024

#လူကဲခတ်ပညာ
-----------------------
"လူတစ်ယောက်ကို စာအုပ်တစ်အုပ်လို ဖတ်နိုင်ဖို့"

ကိုယ်ခန္ဓာကိုယ်ဟာ ဘယ်တော့မှမညာဘူး။ သူသုံးနေတဲ့စကားလုံးတွေအောက်က သူ့ခံစားချက်အမှန်ကို သူ့အမူအရာက ပြောပြနေတယ်။

#လူကဲခတ်ပညာ
#ဒိုဂျေဆန်း

ကျွန်တော်တို့ ရဲ့ ကိုယ်ခန္ဓာအမူအရာဟာ ဘယ်တော့မှ ညာလို့မရပါဘူး။ပျော်ရွှင်နေတဲ့သူ၊စိတ်ညစ်နေတဲ့သူ၊အောင်မြင်နေတဲ့သူ၊ကျရှုံးနေတဲ့သူ စတဲ့ စိတ်ခံစားချက်ခြင်း မတူတဲ့သူတွေဟာ ကိုယ်ခန္ဓာအမူအရာခြင်းကလည်း လုံးဝ ကွဲပြားခြားနားနေပါလိမ့်မယ်။စိတ်ချမ်းသာပျော်ရွှင်နေတဲ့သူက လမ်းလျှောက်နေတဲ့ အချိန်ဆိုရင်တောင် လန်းလန်းဆန်းဆန်းနဲ့တက်တက်ကြွကြွ ဖြစ်နေသလောက် စိတ်ဓာတ်ကျပြီး စိတ်ညစ်နေသူ အဖို့တော့ နှေးကွေးလေးလံတဲ့ ခြေလှမ်းတွေနဲ့ စိတ်မပါလက်မပါ လျှောက်နေပါလိမ့်မယ်။

ကိုယ့်ချစ်သူဆီ ဖုန်းဆက်နေသူတစ်ယောက်က ဖုန်းလေးကိုကိုင်တာကအစ တယုတယနဲ့မျက်နှာပေါ်မှာ သကြားရည် လောင်းချထားသလို မျက်နှာက ချိုမြနူးညံနေပေမယ့် ကိုယ့်ရဲ့အလုပ်ရှင်ဆီ ဒါမှမဟုတ် ကိုယ့်အထက်အရာရှိဆီ ဖုန်းဆက်နေသူတစ်ယောက်ကတော့ ဖုန်းကိုကိုင်တာကအစ မတူတော့ဘဲ သူ့ပုံစံက အရာရာကို သတိပုံစံနဲ့ ဖြစ်နေပါလိမ့်မယ်။လူတစ်ယောက် ရဲ့ အပြုအမူနဲ့ကိုယ်ဟန်အမူအရာဟာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို ဖော်ပြနေတတ်ပါတယ်။

လူတစ်ယောက်ကို အကဲခတ်ရာမှာ စကားပြောကြည့်မှ ပေါင်းသင်းဆက်ဆံကြည့်မှ သိရမှာထက် သူ့တို့ရဲ့ကိုယ်ခန္ဓာဟန်ပန်အမူအရာ လေ့လာပြီး သိရှိနိုင်အောင် ပိုပြီးကြိုးစားသင့်ပါတယ်။ဟန်ပန်အမူအရာကိုကြည့်ပြီး လူကဲခတ်တတ်လာရင် လူမျိုးမတူတာ၊ဘာသာစကားမတူတာတွေအတွက် လူကဲခတ်ဖို့ ပူပန်စရာမလိုတော့တဲ့အပြင် မဟုတ်မမှန်တဲ့ အလိမ်အညာစကားတွေကိုလည်း စိတ်ညစ်ခံ နားထောင်စရာ မလိုတော့ဘဲ အားသာချက်တွေ အများကြီးရှိလာပါလိမ့်မယ်။

စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းကောင်လေးက လူနှစ်ယောက် စကားအခြေအတင်များကြတဲ့အခါ ခေါင်းရဲ့နောက်စိကိုပြန်ပွတ်နေတဲ့သူ တစ်ယောက်က စတင် တို၊က်ခိုက်တဲ့သူပဲလို့ သူ့ရဲ့အတွေ့အကြုံရ ဆိုပါတယ်။ဆိုလိုချင်တာက လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအမူအရာတွေကို လေ့လာပါများလာလျှင် သူဘာလုပ်တော့မယ် သူဘာဖြစ်ချင်နေလဲဆိုတာကို စိတ်ကအလိုလိုသိလာပါလိမ့်မယ်။

မည်သည့်ပညာမဆို ခက်ခဲနက်နဲတယ်ဆိုပေမယ့် ဆည်းပူးလေ့လာနေသူ အဖို့တော့ မတတ်မြောက်စရာမရှိပါဘူး။ပေါင်းသင်းဆက်ဆံရေး၊စီးပွားရေး၊လူမှုရေး စတဲ့ နယ်ပယ်တွေမှာ ထူးချွန်ကြတဲ့သူတွေဟာ လူကဲခတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားကြတဲ့ သူတွေပါ။မိမိလည်း လူတကာထက် ခြေတလှမ်းသာချင်တယ်ဆိုရင်ဖြင့် လူကဲခတ်ပညာကို ကျွမ်းကျင်တဲ့သူ တယောက်ဖြစ်အောင် သင်ယူလေ့လာသင့်တယ် မဟုတ်ပါလားခင်ဗျား။
--------------
(လေးစားစွာ crdပေးပါသည်)❣


#လူကဲခတ်ပညာ
#ဒိုဂျေဆန်း(မြန်မာပြန်)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

သဘောကျဖတ်ရှုလို၍ မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

❤️"ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်"❤️             စူးရှမေ ✍️✍️Price - 250 bath ✳️✳️လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြခြင်းမှာ မတေ...
16/01/2024

❤️"ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်"❤️
စူးရှမေ ✍️✍️

Price - 250 bath


✳️✳️လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြခြင်းမှာ မတော်တဆ၊ အကြောင်းမဲ့ ဆိုတာမျိုး မရှိပါဘူး။ Blessing ရယ် ၊ Lesson ရယ် ဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။

✳️✳️ကျွန်မတို့ ဘ၀မှာ လူတွေ အများကြီးနဲ့ တွေ့ဆုံ ပတ်သက်ကြရပါတယ်။ ဘ၀ထဲကို ၀င်လာကြတဲ့သူတွေထဲမှာကောင်းတဲ့သူတွေလည်း အများကြီး ပါသလို၊ မကောင်းတဲ့သူတွေလည်း အများကြီး ပါပါတယ်။

ကောင်းတဲ့သူတွေဟာလည်း ကောင်းတဲ့သူအလျောက် ကျွန်မတို့ကို ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေလိမ့်မယ်။ ပျော်ရွှင်မှုတွေ ပေးလိမ့်မယ်။ ကာကွယ်မှုတွေပေးလိမ့်မယ်။ တိုးတက်ရာ တိုးတက်ကြောင်းတွေအတွက် လူအား၊ စိတ်အား အကြံဉာဏ်ကောင်းတွေပေးပြီး
ဝိုင်း၀န်း support ကြပါလိမ့်မယ်။

မကောင်းတဲ့သူတွေဟာလည်း မကောင်းတဲ့အလျောက် ကျွန်မတို့ကို စိတ်ဒုက္ခပေးကြမှာတော့ အသေအချာပါပဲ။ ကိုယ့်ရဲ့ စိတ်ကို ညစ်ညူးစေမယ်၊ ယုံကြည်မှုတွေကို အလွဲသုံးစား လုပ်မယ်၊ ကိုယ့်ရဲ့ မေတ္တာကို စော်ကားမယ်၊ နောက်ကျော ဓားနဲ့ထိုးမယ် စသဖြင့်ပေါ့ စိတ်ဒုက္ခတွေ ပေးကြပါလိမ့်မယ်။

ဘယ်သူပဲဖြစ်ဖြစ် ကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့သူတွေပဲ ဖြစ်ဖြစ် အကြောင်းရှိလို့ ဆုံကြရတာပါ။ တွေ့ဆုံမှုတိုင်းရဲ့ နောက်ကွယ်မှာ အကြောင်းတရားတွေ ကိုယ်စီရှိကြပြီးသား ဖြစ်ပါတယ်။

✳️✳️ဒါကြောင့်မိုလို့ Blessing တစ်ခု၊ Lesson တစ်ခုအနေနဲ့ သဘောထားမလား၊ ဒါမှမဟုတ် ကံဆိုးမှု တစ်ခုအနေနဲ့ သဘောထားမလား ဆိုတာကတော့ ကျွန်မတို့ရဲ့ စိတ်ထားတတ်မှုနဲ့ပဲ ဆိုင်ပါတယ်။ ဘ၀မှာ စိတ်ထားတတ်ရင်၊ လက်ခံတတ်ရင် စိတ်အေးချမ်းမယ်၊ စိတ်မထားတတ်ရင် ပူလောင်ရမယ် ဒါပါပဲ။

ကိုယ့်ဘ၀ထဲက ကောင်းမွန်တဲ့သူတွေဟာ Blessing ဖြစ်တယ်။ ကောင်းချီးတစ်ခု ဖြစ်ပါတယ်။ "သူတို့ရှိလို့ တော်ပါသေးတယ်" လို့ ခံစားရတဲ့ ခံစားချက်ဟာ blessing ပါပဲ။ ကောင်းချီးဆိုရင် ချီးမွမ်းတတ်ရတယ်။ ကိုယ့်အတွက် တန်ဖိုးရှိရင် တန်ဖိုးထားတတ်ရတယ်။ အလေးထားတတ်ရတယ်။ သူတို့တွေရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုလေးကို စိတ်ထဲမှာ အမြဲ ကျေးဇူးတင်တတ် ရပါတယ်။

မကောင်းတဲ့ သူတွေကတော့ ကျွန်မတို့အတွက် ကံဆိုးမှုမဟုတ်ဘဲ သင်ခန်းစာ (Lesson) တစ်ခုသာ ဖြစ်ပါတယ်။ သေချာ ပြန်စဥ်းစားကြည့်တဲ့အခါ လူအကြောင်းကို လူတွေကပဲ သင်ပေးသွားကြတာပါ။ မကောင်းတဲ့သူတွေနဲ့ ဆုံခဲ့ရပြီးတဲ့ နောက်မှာ လူတွေရဲ့ သဘောမနောတွေ အကြောင်း၊ အပြုအမူတွေ အကြောင်း၊ အတွင်းစိတ်သဏ္ဌာန်တွေ အကြောင်း အများကြီး လေ့လာသင်ယူခဲ့ရတယ် မဟုတ်လား။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့၊ boundary ထားတတ်ဖို့တွေကိုလည်း သူတို့တွေကပဲ သင်ပေးသွားကြတာပါ။

✳️✳️ဒါကြောင့်မို့ မကောင်းတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ရတဲ့အပေါ် နာကျည်းမုန်းတီးတဲ့ စိတ်တွေ မထားတော့ဘဲ Lesson တစ်ခုအနေနဲ့ပဲ လက်ခံယူတတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တွေးမိတိုင်း တနုံ့နုံ့နဲ့ ကိုယ်ပဲ ပူလောင်၀မ်းနည်းပြီး နာကျင်နေရမှာဖြစ်ပါတယ်။

ဘ၀ထဲမှာ ရှိနေပေးကြတဲ့ ကောင်းတဲ့လူတွေကိုလဲ blessing တစ်ခုအဖြစ် အမြဲ တန်ဖိုးထားသွားပါ။
မကောင်းတဲ့လူတွေနဲ့ ကြုံခဲ့ရရင်လဲ lesson အဖြစ်သာ လက်ခံယူပြီး ခွင့်လွှတ်သင့်တာ၊ ခွင့်လွှတ်ခဲ့၊ မလိုတာတွေဆိုရင် ချန်ခဲ့ပြီး ဘ၀ကို ရှေ့ဆက်သွားဖို့ပဲ ကြိုးစားပါ။

✳️✳️ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းရှိလို့ ဖြစ်လာတာ၊ဘယ်အရာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကောင်းဖို့အတွက် ဖြစ်လာတာပါလို့ လက်ခံစိတ် ထားတတ်လာတဲ့အခါ ဆိုးရွားတယ်လို့ ထင်ရတဲ့အရာတွေကတောင် ထင်သလောက် မဆိုးရွားတော့ဘဲ ကျွန်မတို့ကို ဆက်လက် ရှင်သန်နိုင်ဖို့ ခွန်အားတွေ ဖြစ်စေပါလိမ့်မယ်။

#ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်
#စူးရှမေ
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

ကြိုက်နှစ်သက်လို့မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🤗🤗

ဗုဒ္ဓဦးနှောက်📚      ဇော်ဝင်းကြူ (ပျဉ်းမနား) မြန်မာပြန် ✍️✍️Price - 265 bath ဤစာအုပ်သည် ဗုဒ္ဓဦးနှောက်သည် သာမန်လူများ၏ ဦးန...
16/01/2024

ဗုဒ္ဓဦးနှောက်📚
ဇော်ဝင်းကြူ (ပျဉ်းမနား) မြန်မာပြန် ✍️✍️

Price - 265 bath


ဤစာအုပ်သည် ဗုဒ္ဓဦးနှောက်သည် သာမန်လူများ၏ ဦးနှောက်နှင့်မတူဘဲ မည်သို့တမူထူးခြားနေကြောင်း ဗုဒ္ဓဦးနှောက်၏ ထူးခြားသောဖွဲ့စည်းပုံနှင့် အလုပ်လုပ်ပုံစနစ်များကို စူးစမ်းဖော်ထုတ်ရေးသားထားသော စာအုပ်မဟုတ်ပါ။

ဗုဒ္ဓ၏ကျင့်စဉ်များသည် လူ့ဦးနှောက်နှင့် အာရုံကြောစနစ်အပေါ်တွင် မည်သို့သက်ရောက်မှုရှိပြီး ယင်းဦးနှောက်နှင့် အာရုံကြောစနစ်ကို မည်သိူ့ ပြုပြင်ပြောင်းလဲသွားစေနိုင်သည်များကို တင်ပြထားသောစာအုပ်ဖြစ်သည်။

(သင့်ဦးနှောက်၏ စွမ်းရည်များကို ထုတ်ယူသုံးစွဲရန်နှင့် ပိုမိုကြီးမားသည့် ချမ်းသာသုခနှင့် စိတ်၏ငြိမ်းချမ်းမှုအတွက် သင့်ဦးနှောက်ကို ရေရှည်ပြန်လည်မွမ်းမံရန် ဤစာအုပ်ကို အသုံးပြုနိုင်ပါသည်။ )

#ဗုဒ္ဓဦးနှောက်
#ဇော်ဝင်းကြူ(ပျဉ်းမနား)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🌿🌿🌿🌿🌿

ကိုယ့်ကို အနွံတာခံသူကို တန်ဖိုးထားပါ ~       လူ့ဘဝမှာ နာကျင်ဝမ်းနည်းစရာအကောင်းဆုံးက မပိုင်ဆိုင်ရတာ မဟုတ်ဘဲ...ပိုင်ဆိုင်ပ...
16/01/2024

ကိုယ့်ကို အနွံတာခံသူကို တန်ဖိုးထားပါ ~
လူ့ဘဝမှာ နာကျင်ဝမ်းနည်းစရာအကောင်းဆုံးက
မပိုင်ဆိုင်ရတာ မဟုတ်ဘဲ...ပိုင်ဆိုင်ပြီးနောက် ကောင်းကောင်းတန်ဖိုးမထားခြင်းပါပဲ။
ဒီလိုစကားမျိုး မကြာခဏကြားဖူးလိမ့်မယ် ထင်ပါရဲ့..."နှမြောဖို့ကောင်းလိုက်တာ...သူ့မျက်ဝန်းထဲမှာ ငါ့ကိုပဲ မြင်တဲ့ချစ်သူကို ငါဆုံးရှုံးလိုက်ရပြီ"ဆိုတာမျိုးပေါ့။
သင်နဲ့ အိပ်ရေးအတူပျက်ခံတဲ့သူကို သင်မှတ်မိပါသေးရဲ့လား...ဘယ်လောက်ညည့်နက်နက် သင်မက်ဆေ့ချ်ပို့တိုင်း "ရှိနေပါတယ်"လို့သင့်ကို ချက်ချင်းမက်ဆေ့ချ်ပြန်တတ်တဲ့သူကိုပေါ့။
သင့်ကြောင့် သူ့ကိုယ်သူပြောင်းလဲလိုက်တဲ့သူကို သင်မှတ်မိပါသေးရဲ့လား...သင်နဲ့မဆုံခင် သူ့တစ်ကိုယ်လုံးက ဆူးပဲ။ သင်နဲ့တွေ့ပြီးမှ သူဟာ နူးညံ့ဖို့ နားလည်သွားတဲ့သူကိုပေါ့။
ကိုယ့်မှာ မိတ်ဆွေတစ်ယောက်ရှိတယ်။တခြားသူရဲ့ရှေ့မှာဆိုရင် သူဟာသန်မာသန်စွမ်းလှတယ်။ အိမ်ပြန်ရောက်ရင် သူဟာအရာရာနာခံသူ ဖြစ်သွားတယ်။ မိတ်ဆွေတချို့က သူ့ကိုလှောင်ရယ်ကြတယ်။ သူဟာ အိမ်မှာ နေရာမရသူ...အသုံးမကျသူဆိုပြီးတော့ပေါ့။
ဒါပေမဲ့ အဲဒီမိတ်ဆွေက ပြောပါတယ်..."လူတစ်ယောက် အသုံးကျတယ်၊ မကျဘူးဆိုတာ အိမ်မှာနေရာရတယ် ၊မရဘူးနဲ့ မဆိုင်ပါဘူး။ သူချစ်တဲ့သူကို တကယ့်ပျော်ရွှင်မှုတွေ ခံစားစေနိုင်လား၊ပေးနိုင်လားဆိုတာနဲ့ပဲ ဆိုင်ပါတယ်"တဲ့။
လူတစ်ယောက်ကိုချစ်ရင် အဲဒီလူအပေါ်သည်းခံစိတ် ရာနှုန်းပြည့် ပေးလိုတယ်။ချစ်ကြိုက်ဖို့ရာ လွယ်ကူပေမယ့် တကယ့်ပေါင်းသင်းဖို့ကျတော့ အဲဒီလောက် မလွယ်ကူတော့ဘူး။
လူနှစ်ယောက် ပေါင်းသင်းရာမှာ အကျင့်စရိုက်၊ အပြုအမူ ၊စိတ်နေသဘောထားမတူလို့ အချင်းချင်းပွတ်တိုက်၊တွေဝေ၊ အထင်အမြင်မှားတာ မျိုးတွေဖြစ်ပေါ်စေနိုင်တယ်။ ဒီလိုပွတ်တိုက်မှုကို တချို့က သည်းမခံနိုင်ကြဘူး။ ဒီလိုနဲ့ လမ်းတစ်ဝက်မှာတင် လက်ပြနှုတ်ဆက်သွားကြတယ်။တချို့ကတော့ ဘာပဲဖြစ်နေဖြစ်နေ သင်နဲ့အတူ ဆံဖြူ၊သွားကျိုးတဲ့အထိ အတူနေချင်လို့ သင့်ကိုအနွံတာခံတယ်။
လူ့ဘဝတစ်သက်မှာ လူပေါင်းများစွာနဲ့ တွေ့ဆုံကြတယ်။ထွက်သွားတဲ့ သူကိုပဲ သင် ခေါင်းမာတင်းခံမျှော်လင့်မနေဖို့ ကိုယ်အကြံပြုချင်ပါတယ်။ သင့်အတွက်နဲ့ သင့်အနားကျန်ရစ်နေမယ့် သူကမှ သင့်ကို ခရီးအဆုံးအထိ လျှောက်လှမ်းလိုသူပါ။ သင့်အပေါ်အနွံတာခံ၊သည်းခံသူတစ်ယောက်တိုင်းကို တန်ဖိုးထားပါ။ တချို့လူတွေကို လက်လွှတ်မိလိုက်တာနဲ့ နောက်ထပ်ရှာမတွေ့နိုင်တော့လို့ပါ။


#နိုင်းနိုင်းစနေ
#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖💖💖

ที่อยู่

Mae Sot

เบอร์โทรศัพท์

+66827742324

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မဲ့ဆောက်လင်း VCD -အေးချမ်းမြတ်ဘုန်း စာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์