မြို့တော်

မြို့တော် NEWS Channel Myo Taw News Channel was established on January 6, 2021. After the military coup, the channel began broadcasting News from across the country.
(1)

The channel was named "Myo Taw" to become a media outlet based in Naypyidaw, the capital city of Myanmar. Due to the lack of media coverage in the central region, particularly in Magway Division, the channel also prioritized News reporting from that area. Myo Taw News Channel currently has 26 members. The team comprises former reporters from other News agencies, Civil Disobedience Movement (CDM) p

articipants who previously served in government ministries' information departments, CDM members from the military council, other CDM activists, members of the current revolutionary organizations, and those working in the research field.

09/12/2024

ထွက်ပြေးတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိတချို့ကို AA က ဖမ်းဆီးရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OhmMloPsrEg

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


09/12/2024

ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပြီလဲ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/oE6SpgVEKpE

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ကိုစည်သူမောင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ “ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပီလဲ”ဆိုတဲ့ အကြောင်းလေးကို ပြန်လည်မျှဝေပေးမှာ ဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ်က မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနဲ့ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပတို့နဲ့ ပတ်သက်ပြီး ကိုစည်သူမောင်က ပြောခဲ့တာဖြစ်ပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


09/12/2024

🎤နွေဦးတော်လှန်ရေးသံဃကွန်ရက်က စီစဉ်သော တနင်္လာနေ့စကားဝိုင်း အမှတ်စဉ် (၁၇၅)
“တော်လှန်ရေးမျှော်ရည်ချက်အတွက် နိူင်ငံရေးဦးဆောင်သူများ မြေပြင်ဆင်းနိူင်ဖို့က ဘယ်လောက်အထိ အရေးကြီးနေသလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။
#ဆွေးနွေးသွားကြမည့်ဆရာတော်များ-
- မေတ္တာနိူင်ဆရာတော်
- ဆရာတော် ဒေါက်တာအရှင်စန္ဒာဝရ(နယ်သာလန်)
- ဓမ္မမေတ္တာ ဆရာတော်
#ဆွေးနွေးမည့်နေ့ရက်
Date: 9- 12 - 2024
Myanmar Time: 8:00 PM

♻️ ဆွေးနွေးပွဲ စတင်သည့်အချိန်တွင်
ဖော်ပြပါ Linkမှတဆင့် ဝင်ရောက်နိုင်ပါသည်။
🔺https://bit.ly/4g89PqG

#ထုတ်လွှင့်မည့် pageများ –
✅နွေဦးတော်လှန်ရေး သံဃကွန်ရက်
✅Mizzima - News in Burmese
✅The Tanintharyi Times
✅Compassie Voor Myanmar
✅မောင်း
✅D-Day News
✅လူထုခေတ်
✅မြို့တော်
✅MeKong News - မဲခေါင်သတင်း
✅Unsung Team
✅မျက်မှောက်ခေတ်
✅နွေဦးတော်လှန်ရေးမြန်မာမွတ်စလင်မ်ကွန်ရက်
✅Red News Agency
✅Chindwinyoma News- Burmese Edition
✅Ayeyarwaddy Times - TV
✅နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်
✅Delta News Agency
✅Independent Mon News Agency
✅သံလွင်ခတ် - Than Lwin Khet News
✅Learn and Share - လေ့လာဝေမျှ
✅CJ Platform
✅Rehmonnya FM
✅Tun Kyi
❗Please Like and Share our page

ထွက်ပြေးတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိတချို့ကို AA က ဖမ်းဆီးရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်...
09/12/2024

ထွက်ပြေးတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိတချို့ကို AA က ဖမ်းဆီးရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OhmMloPsrEg

မြို့တော်

ထွက်ပြေးတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိတချို့ကို AA က ဖမ်းဆီးရမိတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ....

ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပြီလဲYoutube မှာ ကြည့်ရှုရန် >>> https://youtu.be/oE6SpgVEKpE၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ...
09/12/2024

ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပြီလဲ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/oE6SpgVEKpE

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ကိုစည်သူမောင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ “ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပီလဲ”ဆိုတဲ့ အကြောင်းလေးကို ပြန်လည်မျှဝေပေးမှာ ဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ်က မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးနဲ့ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပတို့နဲ့ ပတ်သက်ပြီး ကိုစည်သူမောင်က ပြောခဲ့တာဖြစ်ပါတယ်။

မြို့တော်

ပန်းဘဲတန်း အမတ်တွေ ဘယ်ရောက်ကုန်ပြီလဲ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ....

အာဏာရပါတီက ဒုတိယအကြိမ် အာဏာသိမ်းကြောင်း တောင်ကိုရီးယားအတိုက်အခံတွေက ဝေဖန်ထောက်ပြဒီဇင်ဘာ ၉စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တော...
09/12/2024

အာဏာရပါတီက ဒုတိယအကြိမ် အာဏာသိမ်းကြောင်း တောင်ကိုရီးယားအတိုက်အခံတွေက ဝေဖန်ထောက်ပြ

ဒီဇင်ဘာ ၉

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဖြုတ်မချတာဟာ အာဏာရပါတီက ဒုတိယအကြိမ် အာဏာသိမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း အတိုက်အခံတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို လွှတ်တော်မှာ စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ပြီးခဲ့တဲ့ စနေနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မအောင်မြင်ခဲ့ဘဲ သမ္မတရဲ့ အာဏာရ PPP ပါတီ အနေနဲ့ ပါတီခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်က နိုင်ငံရေးရာတွေကို ဦးဆောင်မယ်လို့‌ ပြောဆိုထားပါတယ်။

သမ္မတအနေနဲ့ ရာထူးကနေ နုတ်ထွက်ချိန်ထိ နိုင်ငံရေး၊ သံတမန်ရေးနဲ့ ပြည်တွင်းရေးရာတွေမှာ ပါဝင်ပတ်သက်တော့မှာမဟုတ်ဘဲ ဝန်ကြီးချုပ် ဟန်ဒတ်ဆိုးက အစိုးရဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲမယ်လို့ အာဏာရပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းက ပြောပါတယ်။

ဒါပေမယ့်လည်း အဆိုပြုထားတဲ့အစီအစဉ်ဟာ တရားမဝင်သလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း မညီတာကြောင့် ဒါဟာ အာဏာရပါတီရဲ့ ဒုတိယအကြိမ် အာဏာသိမ်းမှုဖြစ်တယ်လို့ အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က ဝေဖန်ပြောဆိုပါတယ်။

ဒီလိုဆုံးဖြတ်ချက်ချဖို့အတွက် PPP ပါတီခေါင်းဆောင် ဟန်ဒေါင်ဟွန်းကို ဘယ်သူကမှ အခွင့်အာဏာပေးမထားကြောင်း သူကဆိုပါတယ်။ သမ္မတရဲ့အာဏာကို ပူးတွဲကျင့်သုံးမယ်ဆိုတဲ့ ဝန်ကြီးချုပ်နဲ့ အာဏာရပါတီရဲ့ ကြေညာချက်ဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုတာ ထင်ရှားနေတယ်လို့ ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် ကင်မင်ဆွတ် က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားပြည်သူတွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုနေကြပြီး တိုင်းပြည်ကို ဘယ်သူဦးဆောင်နေတယ်ဆိုတာ ရှင်းလင်းပြတ်သားမရှိကြောင်း ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


မြေမြှုပ်မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား ၁ ဦး ခြေကျင်းဝတ်ပြတ်သွားဒီဇင်ဘာ ၉ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊...
09/12/2024

မြေမြှုပ်မိုင်းနင်းမိလို့ စစ်ရှောင်အမျိုးသား ၁ ဦး ခြေကျင်းဝတ်ပြတ်သွား

ဒီဇင်ဘာ ၉

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အသက် ၄၇ နှစ်အရွယ် ကိုကျော်စွာဟာ ဒီဇင်ဘာလ ၅ ရက် မနက်အစောပိုင်း ၁ နာရီလောက်က စစ်ရှောင်တဲ့နေရာကနေ အိမ်ကိုခဏပြန်ချိန် ကျေးရွာအဝင်မှာပဲ မိုင်းနင်းမိတာဖြစ်ကြောင်း သိရပါတယ်။

"ဘယ်အဖွဲ့အစည်းက ထောင်ထားမှန်းမသိဘူး၊ စစ်ရှောင်နေရင်းကနေ အိမ်စိတ်မချလို့ အိမ်ပြန်လာချိန်မှာ မိုင်းနင်းမိပြီး ခြေချင်းဝတ်ပြတ်သွားတာ၊ လုပ်ကိုင်စားဖို့ ခက်သွားပြီ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ထောင်တဲ့မိုင်းတွေဟာ ကိုယ်တိုင်ခွဲမှ ကွဲတဲ့မိုင်းတွေဖြစ်ပြီး နင်းမိုင်းတွေကို စစ်ကောင်စီတပ်ကသာ အများဆုံး အသုံးပြုကြတာဖြစ်ကြောင်း သိရပါတယ်။

"ကျွန်တော်တို့အဖွဲ့တွေထောင်တဲ့မိုင်းက ကိုယ်တိုင်ခွဲမှ ပေါက်တာ၊ ခုဟာက စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိလို့ ခုလိုဖြစ်သွားတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ ရက်ကလည်း နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက် ကုန်းသာအုပ်စု၊ လေးအိမ်တန်းရွာက လူငယ်အမျိုးသား ၁ ဦး သူ့ရွာအနီး နွားကျောင်းနေချိန် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


အာဏာသိမ်းစစ်ကောင်စီစခန်းချတဲ့ ကျေးရွာ ၃ ရွာကို MDY-PDF ပြန်လည်သိမ်းပိုက်ဒီဇင်ဘာ ၉မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ခြမ်းရှ...
09/12/2024

အာဏာသိမ်းစစ်ကောင်စီစခန်းချတဲ့ ကျေးရွာ ၃ ရွာကို MDY-PDF ပြန်လည်သိမ်းပိုက်

ဒီဇင်ဘာ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့အနောက်ခြမ်းရှိ ခေတ္တလက်လွှတ်ထားရတဲ့ ကျေးရွာ ၃ ရွာရှိ စစ်စခန်း ၃ ခုကို ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MDY–PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ နေ့လည် ၁၁ နာရီလောက်က သတင်းထုတ်ပြန်ထားပါတယ်။

"နိုဝင်ဘာလအတွင်း စစ်ကောင်စီက မတ္တရာအနောက်ခြမ်းကရွာတွေကို ထိုးစစ်ဆင်တော့ PDFနဲ့ တိုက်ပွဲဖြစ်တယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အင်အားမမျှတာနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတာ၊ အခုက အနောက်ခြမ်းကရွာတွေကို PDF တွေ ပြန်လည်သိမ်းပိုက်ရရှိသွားပြီ" လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF ခေတ္တလက်လွှတ်ထားရတဲ့ မတ္တရာမြို့အနောက်ဘက်ခြမ်း ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတွေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာ ၃ ရွာကို ပြန်ရသည့်အပြင် အာဏာသိမ်းစစ်အုပ်စုထံမှ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်း အာဏာသိမ်းစစ်အုပ်စုက မတ္တရာမြို့နယ်အနောက်ခြမ်းကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခေတ္တပြန်လည်ဆုတ်ခွာပေးထားတာဖြစ်ကာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျေးရွာသုံးရွာကို ပြန်လည်သိမ်းပိုက်ရယူပြီး စစ်ကောင်စီစခန်းတွေကို အပြီးသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို စုံစမ်းသိရှိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


09/12/2024

အင်အား ၅၀ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါဝင် စစ်ကောင်စီတပ်သား ၂၄ ဦးထိ သေဆုံးပြီး ၂၆ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၉

ရေတာရှည်မြိုနယ်၊ စစ်တောင်းမြစ်အနောက်ဖက်ကမ်း ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာအထိ အင်အား ၅၀ကျော်ရှိတဲ့ စစ်ကောင်စီစ်ကြောင်းကို ဒီဇင်ဘာလ ၅ရက် မနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ပစ်ခတ်ရာမှ စတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၂၄ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရရှိခဲ့ကာ RTC အဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲမှာ ၁ နာရီ ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်များရဲ့ စောင့်ကြိုပစ်ခတ်ခြင်းကြောင့် အထိနာသွားတဲ့ အကြမ်းဖက် စကစတပ်သားတွေဟာ မနက် ၉ နာရီခန့်အချိန်မှာ ကျွန်းတောကုန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ၆၀ မမ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း၊ ၁၂၀ မမ လက်နက်ကြီးများနဲ့ ပြန်လည်ပစ်ခတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်‌ကောင်စီတပ်သားတွေ ပြန်လည်ဆုတ်ခွာ
သွားတဲ့အချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်က ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျုဟာအမှတ် ၁၇ လက်အောက်မှာရှိတဲ့ တပ်ရင်းအမှတ် ၈၀၄၊ ၉၀၁ များမှ စစ်ကူရောက်ရှိလာတာကြောင့် လက်နက်ကြီးပစ်ကူပေးမှုများရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကာ G3 ကျည်ဆံအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မွန်းတည့် ၁၂ နာရီခန့်အချိန်မှာတော့ စစ်ကောင်စီဘက်က ဒုတိယအကြိမ် စက်သေနတ်တင် သံချပ်ကာကားတွေနဲ့ အင်အားဖြည့် စစ်ကူ စစ်ကြောင်းများဖြည့်တင်းကာ ထပ်မံစစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာချိန် ၁ နာရီကျော် ထပ်မံကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်စစ်တိုင်း ဗျူဟာအမှတ် ၁၇လက်အောက်ရှိ နေပြည်တော်တပ်ရင်း ၈၀၄၊၉၀၁၊ RTC စစ်ကြောင်းနဲ့အတူ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်းပူးပေါင်းအဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


ဗုံးသီးတွေသယ်လာတဲ့ ပကဖ ကား ၁ စီးကို အာဏာသိမ်းစစ်ကောင်စီဘက်က ခြုံခိုတိုက်ခိုက်ဒီဇင်ဘာ ၉မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်း...
09/12/2024

ဗုံးသီးတွေသယ်လာတဲ့ ပကဖ ကား ၁ စီးကို အာဏာသိမ်းစစ်ကောင်စီဘက်က ခြုံခိုတိုက်ခိုက်

ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာအနီးမှာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲရဲ့ လက်နက်ခဲယမ်းသယ်လာတဲ့ကား ခြုံခိုတိုက်ခိုက်ခံခဲ့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးက ဟွန်ဒါအဖြူရောင်ကားနဲ့ တပ်ဖွဲ့အခြေစိုက်စခန်းမှာ သေနတ်နဲ့ ဗုံးသီးတွေသယ်ပြီး ထွက်လာချိန်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။

"၁၀ နာရီလောက်က လက်နက်သွားထုတ်တာ၊ ပခန်းကြီးအနားရောက်တော့ စစ်ကောင်စီစစ်ကြောင်းတွေ့ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ၊ ရဲဘော် ၁ ဦးကတော့ ကျည်ထိမှန်ပြီး ဒဏ်ရာရသွားတယ်၊ အသက်သေဆုံးမှုတော့မရှိပါဘူး” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့တော်ကိုပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ပစ်ခတ်မှုအတွင်း ကားစက်နှိုးလိုမရတဲ့အတွက် လူတွေသာလွတ်အောင် ဆုတ်ခွာခဲ့ရတာကြောင့် ကားနဲ့ G***k (.38) ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီးအလုံး ၄၀၊ စုစုပေါင်းကျပ်သိန်း ၂၀၀ တန်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ဘက်က အရမ်းဆုံးရှုံးနစ်နာရတာ၊ အရေးအကြောင်းဆို ကားစက်နှိုးမရတော့ ပစ္စည်းတွေထားခဲ့ပြီး လူပဲအလွတ်ပြေးခဲ့ရတာ၊ ဆုံးရှုံးမှုက ကားရယ်၊ ဗုံးသီးအလုံး ၄၀ ရယ်၊ ပစ္စတို ၁ လက်ရယ်ပါသွားတာ၊ တွက်ကြည့်ရင် သိန်း ၂၀၀ ဖိုးလောက်ရှိတယ်" လို့ တော်လှန်ရေးရဲဘော်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ပစ်ခတ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ ခလရ(၂၅၆)၊ ခလရ(၂၅၇)နဲ့ ခလရ(၂၅၈)က တပ်သားတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးနိုင်ကြောင်း သိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


တောင်ကုတ်နဲ့ မင်းတုန်းတဝိုက်က တိုက်ပွဲတွေကြောင့် စစ်ကောင်စီ ခံစစ်ပြင်နေရဒီဇင်ဘာ ၉ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က မင်း...
09/12/2024

တောင်ကုတ်နဲ့ မင်းတုန်းတဝိုက်က တိုက်ပွဲတွေကြောင့် စစ်ကောင်စီ ခံစစ်ပြင်နေရ

ဒီဇင်ဘာ ၉

ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့က မင်းကြီးတောင်ပေါ်မှာ ဒီဇင်ဘာလ ၁ ရက်နေက စတင်ပြီး လက်နက်ကြီးတပ်ဆင်ဖို့အတွက် အထိုင်နေရာတွေ ပြင်ဆင်နေကာ ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ စုံစမ်းသိရှိရပါတယ်။

အဆိုပါတောင်ဟာ န၀ဒေးတံတားထိပ်နဲ့ သင်္ဘောဆိပ်တို့ကို အပေါ်စီးမှ မြင်ရပြီး အကွက်အကွင်းကျတဲ့ နေရာဖြစ်ကာ စစ်ကောင်စီတပ် စစ်ကြောရေးစခန်း တပ်လိုင်းခန်းတွေ၊ စရဖ ရုံးနဲ့ မြန်မာ့အသံ ထပ်ဆင့်အသံလွှင့်ရုံတွေလည်းရှိနေပြီး တခြားရှေးဟောင်းအဆောက်အအုံတွေလည်း ရှိတဲ့နေရာဖြစ်ကာ စစ်ကောင်စီရဲ့ ဗျူဟာကုန်းသဖွယ် အရေးပါတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

"မင်းကြီးတောင်ပေါ်မှာ အမြှောက်တွေထားဖို့ မြေကြီးတွေဖို့နေပြီး ၁၅၅ မမ တွေလည်းပါတယ်လို့ ပြောသံကြားတယ်။ အရေးပေါ်ဆင်းဖို့ ရဟတ်ယာဥ်ကွင်းလည်း ပြင်နေတယ်။ ပြည်လေယာဥ်ကွင်းကိုလည်း ပြန်ပြင်နေတယ်။ န၀ဒေးတံတားအောက်တွေမှာကော မြို့ထဲတွေမှာပါ အရပ်၀တ်တွေနဲ့ သေနတ်တွေဖွက်ပြီး သွားနေကြတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အခုရက်ပိုင်းထဲမှာ ပန်းတောင်းမြို့နယ်ရဲစခန်းက အချုပ်သားတွေကိုလည်း Express ကားနဲ့ သယ်ဆောင်ပြီး ပြည်မြို့အကျဥ်းထောင်အပြင်က အချုပ်ထဲမှာပဲ ထားရှိတယ်လို့ သိရပါတယ်။

"ပန်းတောင်းရဲစခန်းက အချုပ်သားတွေအကုန် ပြည်ထောင်ကို ပို့တယ်။ အမှုရင်ဆိုင်ရင် ပြည်ထောင်ကြီးချုပ်ကနေ လာပြီး ပန်းတောင်းတရားရုံးမှာ ရင်ဆိုင်ရမယ်။ ပန်းတောင်းက စခန်းတွေမှာ ရဲအင်အား မလုံလောက်လို့ လို့လဲကြားတယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်ရိုးမပေါ်က တိုက်ပွဲတချို့အပြင် မင်းတုန်းမြို့နယ်နဲ့ တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွေမှာ အထိနာကျရှုံးမှုတွေများပြီး မကြာခင်ရောက်လာမယ့် ထိုးစစ်အတွက် အခုလို ခံစစ်ပြင်ဆင်နေတာ ဖြစ်နိုင်ကာ စစ်ကောင်စီလော်ဘီများကလည်း ပြည် ဒကစမှုးကို ခံစစ်ပြင်ဖို့ ၀ိုင်းဖိအာပေးထားကြတယ်လို့လည်း ဒေသတွင်း သတိအရင်းမြစ်တွေအရ စုံစမ်း သိရှိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က ဖမ်းဆီးရမိဒီဇင်ဘာ ၉ရခိုင့်တပ်တော်(AA)က နခခ(၅)ကို တိုက်ခိုက်သိမ်းပိုက်...
09/12/2024

စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉

ရခိုင့်တပ်တော်(AA)က နခခ(၅)ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့‌နောက်မှာ ထွက်ပြေးသွားတဲ့ စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဦးစီးတဲ့ အရာရှိစစ်သည်တွေကို မွတ်ဆလင်လက်နက်ကိုင် ၈၀ ကျော်နဲ့အတူ ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီခန့်က မောင်တောမြို့ သီဟိုဋ်ခြံအနီးမှာ AA က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အရာရှိအဖွဲ့က သီဟိုဋ်ခြံဖက်ကို မွတ်ဆလင်စစ်သား ၈၀ ကျော်နဲ့ ထွက်ပြေးတိမ်းရှောင် ပုန်းခိုနေခဲ့ကြတာဖြစ်ပြီး AA ဘက်က ရှာဖွေတိုက်ခိုက်ပြီး လက်ရဖမ်းဆီးနိုင်ခဲ့ကြတာလို့ သိရပါတယ်။

ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အရေးပါတဲ့ အရာရှိတချို့ကို AA က ကားတစ်စီးနဲ့ လုံခြုံတဲ့နေရာကို ခေါ်ဆောင်သွားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

မောင်တောအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅)ကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ရခိုင့်တပ်တော်(AA) က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးသွားနိုင်တာကြောင့် ရခိုင်ပြည်ဘက်အခြမ်း နတ်မြစ်အတွင်း ခရီးသွားလာမှုကို AA က ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၁၅၀ ကျော်ကို မီးရှိဖျက်ဆီးဒီဇင်ဘာ ၉မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက...
09/12/2024

အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၁၅၀ ကျော်ကို မီးရှိဖျက်ဆီး

ဒီဇင်ဘာ ၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီခန့်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

"အင်အား ၇၀ ကျော်လောက်နဲ့ ရွာထဲကို အလုံးအရင်းဝင်လာပြီး မီးရှို့တာ၊ အိမ်ကြီးအိမ်ကောင်းတွေများတဲ့ဘက်က စရှို့တာ၊ ရွာကတော့ ၃ ပုံ ၂ ပုံလောက်ပြုတ်ပြီဗျာ" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းက ငါးမိုင်ကျေးရွာဘက်ကနေ ရွာသစ်ရွာကို ရောက်လာပြီး အင်အား ၇၀ လောက်နဲ့ ရွာအနောက်ခြမ်းဘက်က စပြီး မီးရှိဖျက်ဆီးခဲ့လို့ ရွာရှိနေအိမ် ၁၅၀ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

"သူတို့က ရွာကိုမဲတာ၊ အရင်လတုန်းက ရွာအနားမှာ PDFတွေနဲ့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဘက်က သေဆုံးတာများလို အခုလိုလုပ်တာ" လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

ရွာသစ်ကျေးရွာဟာ အိမ်ထောင်စု ၂၀၀၊ လူဦးရေ ၇၀၀ ကျော်ရှိတယ်လို့ သိရပြီး ရွာသစ်ရွာကို မီးရှိပြီးတဲ့နောက်မှာလည်း စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာခြင်းမရှိဘဲ ရွာသစ်ရွာနဲ့ ကြိုးဝိုင်းရွာကြားမှာ တပ်စွဲထားတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များ အရ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီက မင်းတုန်းမြို့နယ်မှာရှိတဲ့ ကျေးရွာအများအပြားကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အခု ရွာသစ်ရွာ မီးရှို့ဖျက်ဆီးမှုမှာလည်း ဒေသခံတွေက ကြိုတင် ထွက်ပြေး တိမ်းရှောင်နေတာဖြစ်လို့ အသက်ဆုံးရှုံးမှု မရှိတာလို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက် မနက် ၅ နာရီလောက်ကလည်း စစ်ကောင်စီရဲ့ အင်အား ၁၀၀ ပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


အကျဥ်းထောင်ပွင့်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဒီဇင်ဘာ ၉ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်...
09/12/2024

အကျဥ်းထောင်ပွင့်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်

ဒီဇင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး ဒီဇင်ဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ KIA က ဗန်းမော်မြို့အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဗန်းမော်အကျဉ်းထောင်ပွင့်သွားကာ အခြားအကျဉ်းသားတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက်ခဲ့တယ်လို့ ဒေသအရင်းအမြစ်တွေအရ သိရပါတယ်။

"တိုက်ပွဲဖြစ်ပြီး ထောင်ကပွင့်သွားတာ၊ နိုင်ငံရေးအကျဉ်းသားတွေပါ လွတ်မြောက်သွားတာ၊ ညပိုင်းမှာ ထောင်ကို ဖွင့်ပေးလိုက်တယ်၊ အင်တာနက်လိုင်းတွေကလည်း ဖြတ်ထားတော့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းလည်း မရှိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KIA မဟာမိတ်တပ်ပေါင်းစုက ဗန်းမော်နဲ့ မန်စီမြို့ကို ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်နေ့မှာ ဗန်းမော်မြို့အကျဉ်းထောင်ပွင့်သွားပြီး ၇ ရက်နေ့မှာ မြို့အတွင်းပိုင်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

"KIA က ဗန်းမော်မြို့ကိုပါ အနိုင်ရမလိုဖြစ်နေတော့ စစ်ကောင်စီက မြို့ထဲကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တယ်၊ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်၊ ထွက်ပြေးတိမ်းရှောင်နေရတယ်၊ တိုက်ပွဲက ပြင်းတယ်၊ KIA က စစ်ကောင်စီရဲ့ အခြေစိုက်စခန်း တော်တော်များများကို သိမ်းယူနေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲက ဗန်းမော်နဲ့ မန်စီမြို့မှာ တော်တော်ပြင်းထန်နေပြီး ယခုနှစ်အတွင်း အကျဉ်းထောင်ပွင့်ခြင်းဖြစ်စဉ် လာရှိးမြို့အကျဉ်းထောင်မှာလည်း ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ ဗန်းမော်အကျဉ်းထောင်နည်းတူ လွတ်မြောက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


ရခိုင်ဒေသစစ်ဆင်ရေး အရှုံးနဲ့အတူ စစ်ခေါင်းဆောင်ကို တပ်တွင်းဝေဖန်မှု မြင့်တက်လာဒီဇင်ဘာ ၉ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တကျော...
09/12/2024

ရခိုင်ဒေသစစ်ဆင်ရေး အရှုံးနဲ့အတူ စစ်ခေါင်းဆောင်ကို တပ်တွင်းဝေဖန်မှု မြင့်တက်လာ

ဒီဇင်ဘာ ၉

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေဟာ ပြင်းထန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းကာလအတွင်း ယာယီအပစ်ရပ်ထားရာက ပြန်စတဲ့ ဒီတိုက်ပွဲတွေမှာ အေအေဘက်က စစ်စခန်းများ၊ စစ်တပ်ဌာနချုပ်များ သာမကပဲ နယ်မြေများစွာကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

ရခိုင်မှာ အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီဘက်က ရခိုင်မှာ စစ်ဆင်ရေးထိုးနေတဲ့ တပ်မ/စကခတွေကို ကရင်နီ၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေဘက်ကို စစ်ဆင်ရေးထိုးဖို့ ပြန်ဆွဲထုတ်ခဲ့ပါတယ်။

ဒီလိုလုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့်ပဲ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အင်အားလျော့နည်းမှုကြောင့် ကြာကြာမခုခုံနိုင်တော့ဘဲ အချိန်တိုအတွင်းမှာ နယ်မြေများစွာကို စွန့်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

လက်တလောမှာ အေအေက မောင်တောက နခခ(၅)ကို ဒီဇင်ဘာလ ၆ ရက်က သိမ်းယူထားပြီး နပခ(အမ်း)ကိုလည်း သိမ်းယူနိုင်တော့မယ်လို့ သိရပါတယ်။ အေအေဘက်က ဒီဌာနချုပ်နေရာတွေကို ရက်ရှည်လများ တိုက်ခိုက်နေပေမယ့် စစ်ကောင်စီဘက်က လုံလောက်တဲ့ စစ်ကူ၊ ပစ်ကူ မပေးနိုင်တာကြောင့် တပ်တွင်းမှာ မကျေနပ်မှုတွေ များလာနေပါတယ်။

ခေတ်မီတပ်မတော်ကြီးကို ပိုင်ဆိုင်ထားပါတယ်ဆိုပြီး ကြွေးကြော်လေ့ရှိတဲ့၊ နိုင်ငံတော်ကို ကယ်တင်လိုက်ပါတယ်လို့ ပြောနေတဲ့ စစ်ခေါင်းဆောင်ဟာ လက်အောက်က အရာရှိ၊ စစ်သည်တွေရဲ့ဘဝကိုတောင် မကယ်တင်နိုင်တာကြောင့် နခခ(၅)ကို လက်လွှတ်အပြီး စစ်ကောင်စီတပ်တွင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

နခခ(၅)ကို ကွပ်ကဲရတဲ့ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ဟာလည်း ကိုယ်လွတ်ရုန်း ထွက်ပြေးသွားလို့ နခခ(၅)ထဲမှာ ပိတ်မိပြီး ကျန်ခဲ့တဲ့ အရာရှိ၊ စစ်သည်တွေက မကျေမနပ် ရင်ဖွင့်ပြောဆိုထားတဲ့ ရုပ်သံမှတ်တမ်းဟာလည်း မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့က ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့ခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူး စွယ်တော်ကို မြို့တော်က ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ “စကခ(၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းက အလုပ်သင်(၂၂) ဆင်းဗျ။ အရင်က လပခ(မန္တလေး)က တိုင်းဦးစီးချုပ် ပါ။ နောက်မှ စကခ(၁၅) ကို စကခမှူးအနေနဲ့ ပြောင်းလာတာ။ မောင်တောက စစ်ကောင်စီ စစ်ကြောင်းတွေ၊ စခန်းတွေကို နောက်မဆုတ်ဖို့ လက်နက်မချဖို့ ဆဲဆို အမိန့်ပေးနေတာကြာပြီ။ အခု သူကြတော့ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးသွားတာ” လို့ မြို့တော်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ရခိုင်ပြည်နယ်တစ်ခုလုံး အေအေက သိမ်းပိုက်နိုင်အောင် လက်အောက်ကို စစ်ကူ၊ ပစ်ကူမပေးဘဲ ထားခဲ့တယ်လို့ တပ်တွင်းမှာ ဝေဖန်နေကြပါတယ်။ ရခိုင်ပြည်နယ်ကို အေအေက အလုံးစုံ ထိန်းချုပ်မိသွားရင် အေအေတောင်းတာ လိုက်လျောမယ့်သဘောရှိနေတယ်လို့ စစ်တပ်တွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


08/12/2024

ထွက်ပြေးလာတဲ့ စကစတပ်ဖွဲဝင်တွေကို ကယ်ဖို့ကြိုးစားနေတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/iElWWTD2euQ

မြို့တော်

ထွက်ပြေးလာတဲ့ စကစတပ်ဖွဲဝင်တွေကို ကယ်ဖို့ကြိုးစားနေတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်တဲ့...
08/12/2024

ထွက်ပြေးလာတဲ့ စကစတပ်ဖွဲဝင်တွေကို ကယ်ဖို့ကြိုးစားနေတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/iElWWTD2euQ

မြို့တော်

ထွက်ပြေးလာတဲ့ စကစတပ်ဖွဲဝင်တွေကို ကယ်ဖို့ကြိုးစားနေတဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA နဲ့ အာရက္ခတပ်တော် AA တို့ တိုက်...

UFC တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က အမေရိကန်ဖိုက်တာကို အမှတ်ဖြင့်အနိုင်ရဒီဇင်ဘာ ‌၈ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်...
08/12/2024

UFC တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က အမေရိကန်ဖိုက်တာကို အမှတ်ဖြင့်အနိုင်ရ

ဒီဇင်ဘာ ‌၈

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ပြိုင်ဘက် အမေရိကန်ဖိုက်တာကို အမှတ်နဲ့ အနိုင်ယူပြီး UFC ရဲ့ MMA ပြိုင်ပွဲမှာ ၅ ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၈ နံနက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ UFC 310 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်မှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က အမေရိကန်ဖိုက်တာ ကိုဒီဒါဒန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့တာပါ။

ပွဲစဥ်အတွင်း ကိုဒီဒါဒန်က ချုပ်ကွက် တွေနဲ့ အသာစီရဖို့ ကြိုးစားခဲ့ပေမယ့် ဂျိုရှုအာဗန်က ရှောင်ရှားနိုင်ခဲ့ပြီး Boxing ထိုးချက်တွေနဲ့ အသာစီး ထိုးသတ်နိုင်ခဲ့ပါတယ်။

ဂျိုရှုအာဗန်အနေနဲ့ ပြိုင်ဘက်ကို အလဲမထိုးနိုင်ခဲ့ပေမယ့် လက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီး ၃ ဦးစလုံးက ဂျိုရှူအာဗန်ကို ၂၉-၂၈၊ ၃၀-၂၆၊ ၃၀-၂၇ အမှတ်နဲ့ အနိုင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဒီပွဲစဥ်ဟာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC ရဲ့ MMA ပြိုင်ပွဲ ၆ ပွဲမြောက် ပွဲစဥ်ဖြစ်ပြီး ၆ ပွဲမှာ ၅ ပွဲအထိ နိုင်ပွဲရယူကာ ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။

သိုင်းပေါင်းစုံပြိုင်ပွဲများမှာ UFC က နာမည်အကြီးဆုံး ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ဂျိုရှုအာဗန်ဟာ UFC ပြိုင်ပွဲမှာ ပထမဆုံးဝင်ပြိုင်တဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။

မြို့တော်

page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
Telegram Channel - https://t.me/myotawnews


ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မြို့တော်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์