သောင်ရင်းသတင်းလွှာ

  • Home
  • သောင်ရင်းသတင်းလွှာ

သောင်ရင်းသတင်းလွှာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သောင်ရင်းသတင်းလွှာ, News & Media Website, .

25/03/2025

မြန်မာနိုင်ငံတွင် လိမ်လည်မှုအဖွဲ့နှင့် ဆက်နွှယ်နေသည့် ဂျပန်နိုင်ငံသားကို အိုဆာကာရဲတပ်ဖွဲ့က ဖမ်းဆီး

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှ ငွေလိမ်ဂိုဏ်းတစ်ခုတွင်အလုပ်လုပ်ကိုင်ရန်အတွက်
ဂျပန်အထက်တန်းကျောင်းသားတစ်ဦးအား လိမ်လည်လှည့်ဖြားမှုဖြင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် ဂျပန်အမျိုးသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က မတ်လ ၂၅ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု JiJi သတင်းကဖော်ပြသည်။

သံသယရှိသူ Tomu Fujinuma သည် အသက် ၂၀ နှစ်ခန့်ရှိ အသိမိတ်ဆွေတစ်ဦးအား Osaka မြို့အနောက်ပိုင်းရှိ လမ်းတစ်ခုမှ ယာဉ်တစ်စင်းသို့ ခေါ်ဆောင်သွားသည်ဟု စွပ်စွဲကာ ကျူးလွန်ခံရသူအား ရိုက်နှက်ပြီး ချုပ်နှောင်ကာ မော်တော်ယာဉ်ဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟုစွတ်စွဲခံထားရသူဖြစ်သည်။

၂၀၂၄ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဤအဖြစ်အပျက်ပြီးနောက် Fujinuma သည် ဂျပန်နိုင်ငံမှထွက်ပြေးခဲ့သည်။ ထိုင်းရဲများနှင့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ Fujinuma သည် မြန်မာနိုင်ငံတွင် ငွေလိမ်လည်လှည့်ဖြားမှု အစီအစဉ်တွင် ပါဝင်ပတ်သက်မှုဖြင့် ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လေဆိပ်တွင် ထိန်းသိမ်းခံခဲ့ရသည်။

Fujinuma သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မြဝတီမြို့အနီးတွင် တရုတ်နှင့် ဆက်နွယ်နေသည့် ရာဇ၀တ်ဂိုဏ်းတစ်ခု၏ အခြေစိုက်စခန်းမှ လုပ်ကိုင်လည်ပတ်နေသော ဂျပန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖြားသည့် အဖွဲ့တွင် ပါဝင်သည်ဟု ယူဆရသည်။

သူသည်အွန်လိုင်းဂိမ်းအသိုင်းအဝိုင်းတွင် တွေ့ဆုံခဲ့သည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း မီယာဂီစီရင်စုက အထက်တန်းကျောင်းသားကို လိမ်လည်မှုကျူးလွန်ဖို့ အတင်းအကြပ် ခိုင်းစေခဲ့သည်ဟုလည်းစွပ်စွဲခံထားရသည်။

25/03/2025

ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုး အား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။

25/03/2025
25/03/2025

နယ်စပ်အနီးတွင် မြန်မာကလေကြောင်း လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးနောက် ထိုင်း F-16 လေယာဥတပ်ဖြန့်

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

မြန်မာလေတပ်၏ MiG-29 တိုက်လေယာဉ် ၂ စင်း ထိုင်းနယ်စပ် ထာ့ဆောင်ယန်မြို့နယ်အနီး၌ ထောက်လှမ်းမိပြီးနောက် ထိုင်းဘုရင့်လေတပ်က နခွန်ဆာဝမ်လေတပ်စခန်းမှ F16 တိုက်လေယာဉ်နှစ်စင်းကိုယင်းနေရာသို့တပ်ဖြန့်ခဲ့သည်ဟု Thai PBS World သတင်းကမတ်လ ၂၄ရက်တွင်ဖေါ်ပြသည်။

အဆိုပါ မြင်ကွင်းသည် ထိုနေ့တွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ အစိုးရ တပ်များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည့် အချိန်နှင့် တိုက်ဆိုင်လျှက် ရှိသည်။

တပ်မ (၇) မှ KNU တပ်ဖွဲ့ဝင်များသည် ထာ့ဆောင်ယန်မြို့နယ် ဘန်မဲဆလစ်လွမ်ရွာဘက်ရှိ မြန်မာစစ်သားများက ယမန်နေ့က ကရင်တပ်မမှူးအိမ်အား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

ထိုင်းနယ်စပ်မှ မီတာ ၅၀၀ ခန့်အကွာရှိ KNU တပ်ဖွဲ့ဝင်များ၏ နေရာကို မြန်မာ့လေတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့် ကလေး ၁၀၀ ခန့်ကို ထိုင်းဘက်ခြမ်း ထာ့ဆောင်ယန်မြို့ဘက်သို့ ယမန်နေ့က ရွှေ့ပြောင်းပေးခဲ့သည်။

ယခုအခါ ထိုင်းမြေပေါ်ရှိ အဆောက်အဦးတစ်ခုတွင် ရွှေ့ပြောင်းနေထိုင်သူများကို ကုသပေးလျက်ရှိသည်။

25/03/2025
25/03/2025

လမ်းကင်းထွက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးပြီးလက်နက်တွေရ

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ်၈ပြည်ထောင်စုလမ်းပိုင်းပေါ် ကင်းထွက်လာတဲ့ စစ်သားတွေကို ဒေသတော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က အရာရှိအပါဝင် အများအပြားသေ၊ လက်နက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

မနေ့မနက် ၉နာရီခန့်က ရေဖြူမြို့နယ်၊ ညင်းထွေးရွာ နဲ့ ကျောက်ကညှာရွာကြားရောက်လာတဲ့ ကင်းလှည့်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား ၂၀ ကျော် သေ၊ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က RPG 7 အမျိုးအစား လက်နက် ၁ လက်၊ MA4 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA1 အမျိုးအစား သေနတ်၂ လက် နဲ့ စစ်သုံးပစ္စည်းအချို့သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

ဒီစစ်ဆင်ရေးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ဒူရကစစ်ကြောင်းကဦးဆောင်ပြီး ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။

စစ်ရေးအရှိန်မြှင့်တိုက်ခိုက်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့သွားလာနေထိုင်ကြဖို့နဲ့ စစ်အုပ်စုဘက်တော်သားတွေအနေနဲ့ အာဏာရှင်လက်အောက်ကနေ ထွက်ခွာပြီး နီးစပ်ရာတော်လှန်ရေးတပ်တွေထံ အမြန်ဆုံးအလင်းဝင်ရောက်ကြဖို့ သတိပေးထားပါတယ်။

#သောင်ရင်းသတင်းလွှာ #ထားဝယ် #ရေဖြူ #စကစ #ကင်းပတ်နေတဲ့စစ်ကြောင်း #ကြားဖြတ်တိုက်ခိုက် #စစ်အုပ်စုအထိနာ

25/03/2025

ပခုက္ကူကနေ ပခန်းဘက်စစ်ကူလာတဲ့ စစ်တပ်သံပြားကာကားတန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်အုပ်စုထိခိုက်သေဆုံးမှုရှိ

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

မကွေးတိုင်း၊ ပခုက္ကူကနေ ပခန်းဘက် စစ်ကူလာတဲ့ Jummer သံပြားကာကားတန်းကို နတ်မိကျောင်းစစ်ဆင်ရေးပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Southern YSO PDF ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ရက်နေ့ညနေ ၃နာရီ ၂၀မိနစ်အချိန်က စစ်အကူထွတ်ရှိလာတဲ့စကစ အင်အား ၂၀ကျော်ပါသော ရှေ့ပြေးယာဉ် (ဂျန်ဘာတပ်ဆင်ထား )ကျည်ကာကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၄ယောက်ကျော်သေဆုံးသွားတယ်လို့သိရပါတယ်။

"ကျွန်တော်တို့ ပစ်လွှတ်လိုက်သောတင့်ဖျက်အာပီဂျီ အဖူးသည်ကျည်ကာကား ထိပ်တည့်တည့်ကို ဖောက်ဝင်ကာ ပြင်းထန်စွာ ပေါက်ကွဲစေခဲ့သည်။ကျော်ထွတ်သွားသော ကျည်ကာကားနောက်ဖင်အတွင်းကို ၄၀မမ အသီး ၃ လုံး ကွက်တိကျအောင် ပစ်ခတ်နိုင်ခဲ့ပါသည်။တစ်ပြိုင်တည်းလက်နက်ငယ်များဖြင့် ကျည်ကာကား၏ ရှေ့ခေါင်းနောက်ဖင်ကို အပြိုင်ပစ်ခတ်နိုင်ခဲ့ပါသည်။၁၀၁ တပ်မှ ၁ ကောင်(တပ်ကြပ်ကြီးနိုင်လင်း)၊ ၂၃၅တပ်မှ ၁ကောင်(တပ်ကြပ်ကြီး နေဝင်း)၊၂၅၉ တပ်မှ ၂ ကောင်၊ မကွေးတိုင်းလူပ်ရှားရဲ အများစု ၁၀ကောင် အထက်နဲ့ပေါင်း ၁၄ကောင်ကျော် မာလကီးယားပါသည်"လို့ Southern YSO PDF ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သေဆုံးအလောင်းတွေကို သက်ဆိုင်ရာတပ်ဆီ ပြန်သယ်ဆောင်တာတွေရှိသလို စစ်အုပ်စုမကွေးတိုင်းလူပ်ရှားတပ်က အလောင်းတွေကိုတော့ လေယာဉ်ကွင်း ဂိတ်စခန်းအတွင်း သယ်သွားပြီး မီးရှို့လိုက်တယ်လို့သိရပါတယ်။

ဒီစစ်ဆင်ရေးကို Southern YSO PDF၊ ပြည်သူ့အားမာန် PDF
၊ Yesagyo Revolutin Group(YRG)၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ King Cobra၊ ရေစကြိုမြို့နယ် ပလဖတို့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျည်ကာကားကို စီးနိုင်ဖို့ ကြိုးစားနေစဉ် Southern YSO စစ်ကြောင်းမှူး လက်နက် Error တက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် အရေးပေါ်ပြန်ဆုတ်ခဲ့ရတယ်လို့သိရပါတယ်။

#သောင်ရင်းသတင်းလွှာ #ပခန်း #နတ်မိကျောင်းစစ်ဆင်ရေး #စကစယာဉ်တန်း #ကြားဖြတ်တိုက်ခိုက် #စစ်သား၁၄ယောက်သေ

25/03/2025

ဘန်ကောက် ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းခွင်က မြန်မာလုပ်သား ၂ ဦး ဓာတ်လိုက်သေဆုံး

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ လမ်းသွယ် ၃၇ က ရေမြောင်းသန့်ရှင်းရေးလုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး မနေ့ညက ဓာတ်လိုက် သေဆုံးသွားတယ်လို့ AAC မဟာမိတ်အဖွဲ့က ဆိုတယ်လို့ BBC ကမတ်လ ၂၅ ရက်မှာဖော်ပြပါတယ်။

မတ် ၂၄ ရက်၊ ညသန်းခေါင်အချိန်မှာ ရေမြောင်းသန့်ရှင်းရေးလုပ်ရင်း မြေအောက်လိုဏ်ဂူထဲမှာ လုပ်ငန်းခွင်မတော်တဆ ဖြစ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အလုပ်သမား မိသားစုဝင်တွေရဲ့ အကူအညီတောင်းချက်အရ နစ်နာကြေးရရှိအောင် လိုက်ပါ ကူညီပေးနေတယ်လို့ AAC မဟာမိတ်အဖွဲ့ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက လူမှုကွန်ရက်မှာ ဆိုထားတာပါ။

ဒါဟာ မတ်လအတွင်း ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေထဲမှာ မြန်မာအလုပ်သမားတွေ ဒုတိယအကြိမ် မတော်တဆမှုဖြစ်ပြီး သေဆုံးရတဲ့ဖြစ်စဉ်ပါ။

မတ် ၁၅ ရက်တုန်းကလည်း ဘန်ကောက်မြို့က ရာမာ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ပြိုကျပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးသေဆုံးခဲ့ပါတယ်။

25/03/2025

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ထန်တလန်မြို့က ပိုင်ဆိုင်မှုတွေကို ချင်းကာကွယ်ရေးတပ်ကသိမ်း

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

ချင်းကာကွယ်ရေးတပ် ထန်တလန်(CDF-TT)က စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ကာလပေါက်ဈေး ကျပ်သိန်း ၆,၀၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ထန်တလန်မြို့က အိမ်၊ ခြံ၊ မြေတွေကို သိမ်းဆည်းလိုက်တယ်လို့ မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အိမ် ၂ လုံး၊ မြေ ၃ ကွက်နဲ့ စိုက်ပျိုးရေးခြံ ၂ ခြံကို သိမ်းလိုက်တာလို့ CDF-TT အထွေထွေ အတွင်းရေးမှူးက BBCကို ပြောပါတယ်။

“၂၀၂၁ မတိုင်ခင်က သူဟာ ထန်တလန်ပြည်သူတွေအားကိုးရတဲ့ လူကြီးဖြစ်ပေမဲ့ ဒီနောက်ပိုင်း ချင်းပြည်သူတွေ ထိခိုက်သေဆုံးချိန်မှာ စကစ ဘက်မှာ ဆက်လက် ရပ်တည်နေခဲ့တယ်။ သူ့ ရပ်တည်ချက်ကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို သိမ်းဆည်းလိုက်တာဖြစ်တယ်” လို့ အထွေထွေ အတွင်းရေးမှူးကပြောပါတယ်။

ထန်တလန်တိုက်ပွဲမြို့သိမ်းအတွင်း စစ်ကောင်စီတပ်သားတွေက ဒေါက်တာမှုထန်နေအိမ်မှာ တပ်စွဲခုခံတာလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ထန်တလန်မြို့ပေါ်ကို ချင်းကာကွယ်ရေးတပ်တွေ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသလို ဟားခါး-ထန်တလန်ကြားက ချင်းကာကွယ်ရေး တပ်ထိန်းချုပ်နေရာကို စစ်ကောင်စီက ထိုးစစ်ဆင်နေတာရှိပါတယ်။

ဆရာဝန်နိုင်ငံရေးသမားဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ထန်တလန် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ရောက် ယှဥ်ပြိုင်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ခံခဲ့ရခြင်းမရှိပါဘူး။

သူက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ဖို့ ချင်းပါတီအသစ်တည်ထောင်ဖို့အတွက် ချင်းနိုင်ငံရေးသမားတချို့နဲ့ ဆွေးနွေးတာရှိခဲ့တယ်လို့ ချင်းဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

25/03/2025

မြန်မာနိုင်ငံမှ ကယ်တင်ခဲ့သည့် မလေးရှားနိုင်ငံသား ၂၄ ဦးကို တတိယအသုတ်အဖြစ် ပြန်လည်ပို့ဆောင်မည်

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

မြန်မာနိုင်ငံမှ ကယ်ဆယ်ခံရသူ ၂၄ ဦး ပါဝင်သော မလေးရှားနိုင်ငံမှ တတိယအသုတ် အလုပ်အကိုင် လိမ်လည်ခံရသူများကို မတ်လ ၂၅ ရက်နေ့တွင် နေရပ်သို့ ပြန်ပို့မည်ဟု မျှော်လင့်ရသည်ဟာ ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။

ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံဆိုင်ရာ ယာယီသံအမတ်ကြီး B**g Yik Jui က ဘန်ကောက်မြို့ရှိ သံရုံးသည် ထိုင်းအာဏာပိုင်များနှင့် ရန်ကုန်ရှိ မလေးရှားသံရုံးတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှ ပြန်ပို့ခံရသော မလေးရှားနိုင်ငံသားများ၏ အထောက်အထားကို စိစစ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

"ဒီအဖွဲ့မှာ အသက်၁၉ နှစ်ကနေ ၃၇ နှစ်ကြား ကျူးလွန်ခံရသူ အမျိုးသမီးတစ်ဦး အပါအဝင်ဖြစ်ပါတယ်။ သူတို့ကို မဲဆောက်ကနေ Bukit Kayu Hitam လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်၊ သီးသန့်ခွဲနဲ့ လုံခြုံရေးဌာနကို ဘတ်စ်ကားနဲ့ အမြန်ပြန်ပို့မှာပါ" ဟု Bernama ကမတ်လ ၂၄ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် ပြောကြားခဲ့သည်။

မတ်လ ၂၆ ရက်နေ့ညနေတွင် Bukit Kayu Hitam သို့ယင်းတို့ရောက်ရှိမည်ဟုမျှော်လင့်ရသည်။ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ကို ရန်ကုန်ရှိ မလေးရှားသံရုံး၊ ဘန်ကောက်ရှိ မလေးရှားသံရုံးနှင့် Songkhla ရှိ မလေးရှားကောင်စစ်ဝန်ချုပ်တို့အကြား အနီးကပ် ညှိနှိုင်းဆောင်ရွက်နေကြောင်း B**g မှ ပြောကြားခဲ့သည်။

"မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီ နေရပ်ပြန်ပို့ရေး လေ့ကျင့်ခန်းတွေကို ထိပ်တန်းဦးစားပေးအဖြစ် သဘောထား ညွှန်ကြားချက်တွေ ပေးထားပြီး မလေးရှား ဒုက္ခသည်တွေ မွေးရပ်မြေကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး သေချာစေဖို့အတွက် Wisma Putra က ညွှန်ကြားထားပါတယ်ဟုလည်းသူကဆိုသည်။

“သက်ဆိုင်ရာသံရုံးတွေက အစိုးရအေဂျင်စီတွေဖြစ်တဲ့ Royal Malaysia Police (PDRM)၊ မလေးရှားနိုင်ငံခြားရေးဌာန၊ ဒါမှမဟုတ် သံရုံးတွေကို တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ခဲ့ကြတဲ့ ဒုက္ခသည်တွေရဲ့ မိသားစုတွေနဲ့လည်း အဆက်အသွယ်ရှိပါတယ်။ "မကြာခင်မှာ ဒုက္ခသည်တွေ ထပ်ပြီး လွတ်မြောက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။

ဖေဖေါ်ဝါရီလမှစတင်၍ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းလိမ်လည်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့သူ မလေးရှားနိုင်ငံသား စုစုပေါင်း ၄၀ ကို ဖေဖော်ဝါရီ ၂၄ ရက်နှင့် မတ်လ ၁၂ ရက်တို့တွင် သီးခြားအသုတ်ခွဲ ၂ ခုဖြင့် အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး ပြန်လည်ပို့ဆောင်ခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်အဖွဲ့အစည်းများမှကယ်ဆယ်ခံခဲ့ရသည့် လူမျိုးပေါင်းစုံ စုစုပေါင်း ၄၈၉၅ ဦးကို ၎င်းတို့၏မိခင်နိုင်ငံကို ပြန်ပို့လိုက်ပြီဟုထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၂၁ ရက်ကကြေညာသည်။

25/03/2025

ထိုင်းပညာရေးအားအဆင့်နိမ့်သတ်မှတ်ချက်ကို ပယ်ချ

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

ထိုင်းပညာရေးကောင်စီ (OEC) သည် ထိုင်းနိုင်ငံ၏ ပညာရေးစနစ်အား အခြားသောအာဆီယံနိုင်ငံအများစုအောက်၌ ထားရှိသည့် အစီရင်ခံစာကို ပယ်ချခဲ့ပြီး အဆင့်သတ်မှတ်ချက်သည် ရှင်းလင်းပြတ်သားသော အချက်အလက်များကို မဖော်ပြဘဲ လက်ရှိအခြေအနေအား ဖော်ပြခြင်းမရှိဟု ဆိုကြောင်း ဘန်ကောက်ပို့စ်သတင်းက မတ်လ ၂၅ ရက်တွင်ဖေါ်ပြသည်။

ဒေတာဝဘ်ဆိုဒ်တစ်ခုဖြစ်သည့် World Population Review မှ ၂၀၂၅ ခုနှစ် ပညာရေးအဆင့်သတ်မှတ်မှုတွင် ထိုင်းနိုင်ငံသည်နိုင်ငံပေါင်း ၂၀၃ နိုင်ငံအနက် အဆင့် ၁၀၇ တွင်ရှိသည်ဟုသတ်မှတ်ထားပြီးအခြားအာဆီယံနိုင်ငံ ကိုးနိုင်ငံအနက် ခုနစ်နိုင်ငံအောက်တွင်ထိုင်းကရောက်ရှိနေပြီး စင်ကာပူက အဆင့် ၁၁၊ ဘရူနိုင်းအဆင့် ၄၇၊ အင်ဒိုနီးရှားက အဆင့် ၆၇၊ ဗီယက်နမ်အဆင့် ၅၃၊ ဖိလစ်ပိုင်က အဆင့် ၇၁၊ မလေးရှားက အဆင့် ၈၉ နှင့် လာအိုက အဆင့် ၁၀၂ တွင် ရှိနေပြီး မြန်မာနှင့်ကမ္ဘောဒီးယားတို့ကပိုမိုနိမ့်ကျသည်။

တောင်ကိုးရီးယားက ပထမ၊ ဒိန်းမတ်နဲ့ နယ်သာလန်တို့နောက်မှာ ရပ်တည်နေသည်။ US News and World Report, BAV Group နှင့် Pennsylvania တက္ကသိုလ်မှ Wharton School of the Wharton School of the Best Countries Report တို့မှ ရင်းမြစ်ဖြစ်သည်ဟု OEC က သုံးသပ်သည်။

25/03/2025

၂၀၂၄ ခုနှစ်တွင် ရွှေ့ပြောင်းအခြေခသူများသေဆုံးမှု စံချိန်တင်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြား

မတ်လ ၂၅၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းများတွင် အနည်းဆုံး လူပေါင်း ၈၉၃၈ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ဖော်ပြခဲ့ပြီး အသေအပျောက်အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် အထောက်အထားမဲ့ သေဆုံးမှု အများအပြားကြောင့် အမှန်တကယ်သေဆုံးသူသည် “ပိုမိုများပြားဖွယ်ရှိသည်” ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်ဟု AFP သတင်းကမတ်လ ၂၄ ရက်တွင်ဖော်ပြသည်။

“ကမ္ဘာတစ်ဝှမ်းမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် တိုးလာနေတာဟာ ကြေကွဲစရာကောင်းပြီးတားဆီးလို့ရနိုင်သလိုလက်ခံနိုင်စရာမရှိပါဘူး” ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Ugochi Daniels က မတ်လ ၂၁ ရက် အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

"နံပါတ်တိုင်းရဲ့နောက်ကွယ်မှာ လူသားတစ်ယောက်ရှိတယ်၊ ဆုံးရှုံးမှုက ဆိုးရွားလွန်းတဲ့ လူတစ်ယောက်ပါ။"ဟုသူကဆက်ပြောသည်။

အေဂျင်စီ၏အချက်အလက္များအရ၊ ၂၀၂၄ ကိန်းဂဏန်းသည် ရွှေ့ပြောင်းနေထိုင်မှုနှင့် ဆက်နွှယ်သည့်သေဆုံးမှုစာရင်းဝင်ခဲ့သမျှ အမြင့်ဆုံးအရေအတွက်ကို ကိုယ်စားပြုပြီး ငါးနှစ်ဆက်တိုက် တိုးလာခြင်းဖြစ်ကြောင်း IOM မှ ပြောကြားခဲ့သည်။

"ကမ္ဘာ့ဒေသအများအပြားတွင် သေဆုံးမှု တိုးလာခြင်းသည် ကျွန်ုပ်တို့၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်သည့် နိုင်ငံတကာနှင့် အလုံးစုံသော တုံ့ပြန်မှု လိုအပ်ကြောင်း ပြသသည်" ဟု Daniels က ပြောကြားခဲ့သည်။

အာရှ (၂၇၇၈) ၊ အာဖရိက (၂,၂၄၂) နှင့် ဥရောပ (၂၃၃) အပါအဝင် ဒေသအများအပြားတွင် ရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှု ၂၀၂၄ တွင် အများဆုံးဖြစ်ကြောင်း IOM မှ မှတ်ချက်ပြုခဲ့သည်။

ယမန်နှစ်ကမှတ်တမ်းတင်ထားသော မြေထဲပင်လယ်တွင် သေဆုံးသူ ၂,၄၅၂ ဦးသည် ယခင်မှတ်တမ်းများကို မချိုးဖျက်ခဲ့သော်လည်း၊ မြင့်မားသော အရေအတွက်သည် "လုံလောက်သော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစနစ်များ လိုအပ်မှုနှင့် အန္တရာယ်ကင်းသော ခရီးလမ်းများအတွက် လုံခြုံပြီး ပုံမှန်ရွှေ့ပြောင်းသွားလာမှုများ လိုအပ်ကြောင်း မီးမောင်းထိုးပြထားသည်။"

အမေရိကအတွက် နောက်ဆုံးနံပါတ်များ မပါဝင်သေးသော်လည်း လက်ရှိဒေတာသည် ကာရေဘီယံတွင် စံချိန်တင်ကိန်းဂဏန်းများအပါအဝင် ၂၀၂၄ ခုနှစ်တွင် အနည်းဆုံးသေဆုံးမှု ၁၂၃၃ဦး နှင့် ပနားမားနှင့် ကိုလံဘီယာကြား Darién Gap (၁၇၄)ဦး တို့အပါအဝင်ဖြစ်သည်။

ဒေသအများအပြားတွင် ယုံကြည်စိတ်ချရသော အချက်အလက်မရှိခြင်းကြောင့် အမှန်တကယ်သေဆုံးမှုနှင့် ပျောက်ဆုံးမှုအရေအတွက်သည် ပိုမိုများပြားဖွယ်ရှိကြောင်း IOM မှ အလေးပေးပြောကြားခဲ့သည်။ သေဆုံးသူအများစုမှာ အမည်မသိဖြစ်ပြီး ၎င်းတို့၏ မူရင်းနိုင်ငံများကို မသိရပေ။

“သေဆုံးမှု တိုးလာမှုက ကြောက်စရာကောင်းပါတယ်၊ ဒါပေမယ့် နှစ်စဉ် ထောင်နဲ့ချီပြီး အမည်မသိသူတွေသေဆုံးနေတာက ပိုလို့တောင် ဝမ်းနည်းစရာပါပဲ” ဟု IOM ၏ Missing Migrants Project ၏ ညှိနှိုင်းရေးမှူး Julia Black က ပြောကြားခဲ့သည်။

"ချစ်ရသူကိုဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေရင်ဆိုင်ရတဲ့ စိတ်ပျက်အားငယ်မှုတွေနဲ့ မဖြေရှင်းနိုင်တဲ့မေးခွန်းတွေအပြင်၊ ရွှေ့ပြောင်းနေထိုင်သူတွေရင်ဆိုင်ရတဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့အချက်အလက်မရှိတာက အသက်ကယ်တဲ့တုံ့ပြန်မှုတွေကို အဟန့်အတားဖြစ်စေပါတယ်” ဟု သူ
က ထပ်လောင်းပြောကြားခဲ့သည်။

24/03/2025

မင်းကွန်းဒေသတိုက်ပွဲအတွင်း၊ စစ်အုပ်စုဘက်က ၇ဦးသေ၊ ဗိုလ်မှုးကြီး ဇင်မျိုးဦးအပါဝင်ထိခိုက်ဒဏ်ရာရသူတွေများပြား

မတ်လ ၂၄၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ

စစ်ကိုင်း၊ မင်းကွန်းဒေသတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၇ဦးသေ၊ ဗိုလ်မှုးကြီး ဇင်မျိုးဦးတပ်မ ၃၃ (ဒုတပ်မမှူး)အပါဝင်ထိခိုက်ဒဏ်ရာရသူတွေအများအပြားရှိခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကစပြီး လက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်ပွားနေကာ စစ်အုပ်စုဘက်က အထိခိုက်အကျအဆုံးများပြားနေတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း ဒုတပ်မမှူးဇင်မျိုးဦးရဲ့ ဖုန်းကို သိမ်းမိထားပြီး တပ်အတွင်းမှ အခြားရာထူးအဆင့်ရှိသူတစ်ဦးရဲ့ ကျောင်းနေ အရွယ်မိန်းကလေးတစ်ဦးနဲ့ လှုမှုရေးဖောက်ပြန်မှု အချက်အလက်များလည်း အတိအကျရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့နဲ့ အတူထွေလီကာလီ Attacking and Production၊ Acid LPDF (ဝက်လက်)၊ စစ်ကိုင်း PDF၊ မင်းကွန်း PDF၊ တောတွင်းတွတ်ပီ
၊ People Servant Force၊ Phoenix Sgg
၊Royal Falcon Guerrilla Force၊ အင်းသားလေး လက်နက်ကြီး တပ်ဖွဲ့၊ Golden Triangleတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော် ၄ဦး မစိုးရိမ်ရဒဏ်ရာရရှိထားတယ်လို့ဆိုပါတယ်။

#သောင်ရင်းသတင်းလွှာ #စစ်ကိုင်း #မင်းကွန်း #တိုက်ပွဲပြင်းထန်နေ #စစ်အုပ်စုအထိနာ

Address


Telephone

+66960168034

Website

Alerts

Be the first to know and let us send you an email when သောင်ရင်းသတင်းလွှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to သောင်ရင်းသတင်းလွှာ:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share