11/06/2024
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယန်မြို့မှာ တောင်တွေကို ဖောက်ပြီး တည်ဆောက်ထားတဲ့ မိုးပျံအမြန်ရထားလမ်းတွေကို တွေ့မြင်ရတာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး ဥမင်လိုဏ်ခေါင်းဖောက်ကိရိယာတောင် မကြာသေးခင်က တည်ဆောက်ပြီးစီးလို့ စတင်အသုံးပြုနေပြီပဲဖြစ်ပါတယ်။
သွားလာရခက်ခဲပြီး တောင်ကုန်းတောင်တန်း ထူထပ်တဲ့ ဒေသတွေမှာ တောင်ကိုဖောက်ပြီး လမ်းဖောက်တဲ့နည်းပညာဟာ အတော်လေး အသုံးဝင်လာပါတယ်။ အဲဒါအပြင် တရုတ်မှာ အခုဆိုရင် မြစ်ကူးတံတားတွေတည်ဆောက်တဲ့အခါ ရေအောက်ဥမင်လမ်းတွေပါ ပူးတွဲတည်ဆောက်လာနေပြီဖြစ်ပါတယ်။