Myanmar Harp Publishing House

Myanmar Harp Publishing House သုတ၊ ရသ စာအုပ်ကောင်းများကို စာဖတ်သူ?
(2)

မြို့ရွာအနှံ့ ဈေးဆိုင်တွေမှာ ချိတ်ဆွဲပေးဖို့ ဆိုင်းဘုတ် campaign စပါပြီ။မရှယ်ဘဲ။ ပြန်တင်ပေးကြပါ။
24/02/2021

မြို့ရွာအနှံ့ ဈေးဆိုင်တွေမှာ ချိတ်ဆွဲပေးဖို့
ဆိုင်းဘုတ် campaign စပါပြီ။

မရှယ်ဘဲ။ ပြန်တင်ပေးကြပါ။

20/02/2021
လွတ်လပ်သော စာအုပ်ထုတ်ဝေဖြန့်ချိသူများ၏သဘောထားကြေညာချက် (ထပ်တိုးစာရင်း)၆..၂..၂၀၂၁-------------------------၆..၂..၂၀၂၁ မနက်...
06/02/2021

လွတ်လပ်သော စာအုပ်ထုတ်ဝေဖြန့်ချိသူများ၏
သဘောထားကြေညာချက် (ထပ်တိုးစာရင်း)
၆..၂..၂၀၂၁
-------------------------

၆..၂..၂၀၂၁ မနက်အထိ ကြေညာချက်ကို ထောက်ခံကြောင်း
ထပ်တိုးပါဝင်လာတဲ့ စာအုပ်တိုက်ပေါင်း ၂၂၀ ကျော်၏
သဘောထား ဖြစ်ပါတယ်..

၁။ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ မတရားသော အဓမ္မနည်းဖြင့် လက်နက်အားကိုး ဥပဒေမဲ့ အာဏာသိမ်းယူခဲ့သည့် အာဏာသိမ်းစစ်အစိုးရနှင့်တကွ ၎င်းတို့၏ အဓမ္မလုပ်ရပ်များကို လွတ်လပ်စွာရပ်တည်သော စာပေထုတ်ဝေသူများ၊ ဖြန့်ချိရောင်းချသူများမှ ဆန့်ကျင် ရှုံချကန့်ကွက်ပါသည်။

၂။ ဒီမိုကရေစီနည်းအရ ပြည်သူလူထု မဲပေးရွေးချယ်ထားသည့် ပြည်သူ့ခေါင်းဆောင်များကို ဖမ်းဆီးထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေး၍ ပြည်သူ့ဆန္ဒသဘောထားအတိုင်း မတရားအာဏာသိမ်းမှုကို စွန့်လွှတ်ရန် တညီတညွတ် တောင်းဆိုပါသည်။

၃။ မတရားမှုကိုဆန့်ကျင်သည့် မပူးပေါင်းရေး Civil Disobedience လှုပ်ရှားမှုကို မိမိတို့ စာပေနယ်ပယ်မှ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့်အတူ ကိုယ်ကျိုးမဖက် ရပ်တည်သွားမည်ဖြစ်ကြောင်း မိမိတို့ စာပေထုတ်ဝေဖြန့်ချိသူများမှ လွတ်လပ်စွာသဘောထားထုတ်ဖော် ကြေညာအပ်ပါသည်။

#လွတ်လပ်သောစာအုပ်ထုတ်ဝေဖြန့်ချိသူများ
၁။ ပန်းဆက်လမ်းစာပေ
၂။ ဇလပ်နီစာပေ
၃။ ပဉ္စဂံစာပေ
၄။ မဟာစာပေ
၅။ ပင်ဝါးရုံစာပေ
၆။ ဆန်းစသော်တာစာအုပ်ထုတ်ဝေရေး
၇။ စိတ်ကူးချိုချိုအနုပညာ
၈။ အပါးတော်မြဲစာအုပ်တိုက်နှင့်စာအုပ်ဆိုင်များ
၉။ ဇာစ်မြစ်
၁၀။ ငါတို့စာပေ၊
၁၁။ Exit Book
၁၂။ Yoke Pya
၁၃။ WE Distribution
၁၄။ Yangon Book Plaza
၁၅။ စာပေလောကစာအုပ်တိုက်များအားလုံး
၁၆။ နှစ်ကာလများ
၁၇။ ကျော်မွှေးစာပေ
၁၈။ စာနဒီ
၁၉။ ဘဝတက်ကသိုလျ
၂၀။ The Book Town
၂၁။ လင်းသစ်ရောင်စဥ်
၂၂။ 10A
၂၃။ ရသယဥ်စွန်းတန်း
၂၄။ ချန့်ချန်
၂၅။ ဒေါင်းမြူးစာပေ
၂၆။ ဂျာနယ်လစ်စာပေ
၂၇။ ဖူးပွင့်ဝေဝေ
၂၈။ သိင်္ဂါရပင်လယ်
၂၉။ စာပေခရီးသွားများ
၃၀။ အညာနေစာပေ
၃၁။ အာရှအလင်း
၃၂။ မြကြာငုံစာအုပ်တိုက်
၃၃။ အမတနှင်းဆီ
၃၄။ မာန်အောင်စာပေ
၃၅။ မြက်ခင်းစာပေ
၃၆။ ချင်းတွင်းအိမ်
၃၇။ ကောင်းဆုသာစာပေ
၃၈။ လောကနတ်
၃၉။ စိန်မိုးယံစာပေ
၄၀။ မီလျှံနာစာပေ (တောင်ကြီး)
၄၁။ မျိုးဆက်သစ်စာပေ နှင့် မျိုးဆက်စာပေ
၄၂။ အဖြူရောင်စာပေ
၄၃။ မိုးမခ
၄၄။ ရိုးမတိုင်းမ်
၄၅။ ချမ်းမြေ့အိမ်စာပေ
၄၆။ Momentum Book Publishing
၄၇။ မြကန်စာပေ
၄၈။ လူထုကြီးပွားရေးစာအုပ်တိုက်
၄၉။ TK စာပေ
၅၀။ ကဗျာကဖေးစာပေတိုက်
၅၁။ အမေ့ဥယျာဥ်စာအုပ်တိုက်
၅၂။ အလင်းသစ်စာပေ
၅၃။ တိုးမြစ်စာအုပ်တိုက်
၅၄။ Phoenix kingdom publishing
၅၅။ K Moe Media
၅၆။ ဖရီးဒမ်း(Freedom)စာအုပ်တိုက်
၅၇။ Salmon Publishing House
၅၈။ အိပ်မက်ရိပ်စာပေ
၅၉။ မြင့်မိုရ်မေမေစာပေ
၆၀။ ဂျုးစာပေ
၆၁။ နေရီရီစာအုပ်တိုက်
၆၂။ ရွှေနဒီစာပေ
၆၃။ the key collection press
၆၄။ ပြည့်စုံစာအုပ်တိုက်
၆၅။ အိမ်သူရွှေမစာအုပ်တိုက်
၆၆။ ​စောဦးစာပေ
၆၇။ ရာပြည့်စာအုပ်တိုက်
၆၈။ ဓူဝံစာအုပ်တိုက်
၆၉။ သားနှင့်သမီးစာအုပ်တိုက်
၇၀။ ထွန်းလင်းအိမ်စာအုပ်တိုက်
၇၁။ စာအုပ်ဈေးစာအုပ်တိုက်
၇၂။ ပြည်သူ့အရေးဂျာနယ်
၇၄။ နတ်မောက်စာပေ
၇၅။ ဂလိုဘယ်အလင်းစာပေ
၇၆။ ဇော်ဂျီဖိုဝင်စာအုပ်တိုက်
၇၇။ ကိုတင်အေး Perfect စာအုပ်ချုပ်
၇၈။ အိပ်မက်အသစ်စာပေ
၇၉။ Little Corner Publishing House
၈၀။ ဆောင်းစုရတီစာပေ
၈၁။ ခတ္တာစာပေ
၈၂။ ကံ့ကော်ဝတ်ရည်စာပေ
၈၃။ ဆုပြည်စုံထွန်းစာပေ
၈၄။ Quality Publishing House
၈၅။ ဟိမဝန္တာစာပေ
၈၆။ လင်းလွန်းခင်စာပေတိုက်
၈၇ ။ စံညွှန်ဆုစာပေတိုက်
၈၈။ ရတနာပုံစာအုပ်တိုက်
၈၉။ ရန်ကုနိလမ်းမများ
၉၀။ ရုပ်ပြောင်စာပေ
၉၁။ နန်းဒေဝီ စာပေ
၉၂။ ရွှေမိုဃ်းစာပေ
၉၃။ Alpha Books
၉၄။ ဝန်ချတောင်စာပေ
၉၅။ အာသီသစာပေ
၉၆။ စာပေကြီးစာပေ
၉၇။ Innwa Books and Cafe
၉၈။ ၉၀/၉၁
၉၉။ အလင်းတန်းစာပေ မှော်ဘီ
၁၀၀။ နှင်းဆီဖြူစာပေ
၁၀၁။ Power Books
၁၀၂။ ထွန်းတောက်ကြယ် စာပေ
၁၀၃။ ကြောင်နှစ်ကောင်စာအုပ်တိုက်
၁၀၄။ ကိုလတ်စာပေ
၁၀၅။ ထိန်ဝင်းစာပေ
၁၀၆။ သားငယ်စာပေ
၁၀၇။ ဓမ္မအနုပညာစာပေ
၁၀၈။ Mandalarian စာပေ
၁၀၉။ ဗမာ့ရာစု - Burma's Century
၁၁၀။ ပီတိအိမ်စာပေ
၁၁၁။ သက်ခိုင်စာပေ
၁၁၂။ ပီတိစာပေရပ်ဝန်း
၁၁၃။ ရွှေပေစာပေ
၁၁၄။ KHIT Publishing House
၁၁၅။ Myanmar Liberty
၁၁၆။ ခြူးခြူးစာပေ
၁၁၇။ လမ်းမကျောင်းစာပေ
၁၁၈ ။ Ekam Publishin
၁၁၉။ ရွှေလာဘ်စာပေ
၁၂၀ ။ ဝေမျှသူ ဓမ္မနှင့် ရသစာပေတိုက်
၁၂၁။ Shwe La Wunn Publishing House
၁၂၂။ အောင်မြင့်သိန်းစာပေ
၁၂၃။ ရတနာသိုက်စာပေ
၁၂၄။ ဆုရတနာစာပေ
၁၂၅။ အောင်ဟိန်းထက်စာပေ
၁၂၆။ UNITY စာပေ
၁၂၇။ ကြယ်နီစာအုပ်တိုက်
၁၂၈။ လူပန့်စာပေ
၁၂၉။ မင်းနဲ့မေစာပေ
၁၃၀။ the umbrella
၁၃၁။ ထွန်းဦးစာပေ
၁၃၂။ လမ်းပြကြယ် စာပေ
၁၃၃။ သဒ်စတိုရီပရောဂျက်စာပေတိုက်
၁၃၄။ ပုညခင်စာပေ
၁၃၅။ Inya Bookclub စာအုပ်လုပ်ငန်း
၁၃၆။ဗဂျီအိမ်စာပေ
၁၃၇။ PICA Media
၁၃၈။ ရေတံခွန်စာပေ
၁၃၉ ။ မိုးသိင်္ဂီစာပေ
၁၄၀။ ရပ်ကြီးသူစာပေတိုက်
၁၄၁။ ရင်စူးမြားစာပေ
၁၄၂။ စိမ်းမြရွက်ဝေစာပေ
၁၄၃။ Yammobookstore
၁၄၅။ ရွှေသဲစာပေ
၁၄၆။သရဖူစာပေ
၁၄၇။ The Book Garden
၁၄၈။ ပထမကမ္ဘာ
၁၄၉။ ပင်မရေစီးစာပေ
၁၅၀။ ရန်ကုန်လမ်းများ(ROY)
၁၅၁။ ခဝါလှေမွန်စာအုပ်တိုက်
၁၅၂။ Lawka Tharaphu Publishing House
၁၅၃။ ရွှေမင်းသားစာပေ နေပြည်တော် မြို့မဈေး
၁၅၄။ Synergy Publications
၁၅၅။ Better Day Media Services Co Ltd
၁၅၆။ မွမဉ်ဇူစာပေ
၁၅၇။ ရှင်နှောင်းစာပေ
၁၅၈။ ဂလိုဘယ်အလင်း စာပေ
၁၅၉။ခေတ်မီးအိမ်
၁၆၀ ။ စာမျှားချိတ်
၁၆၁။ အောင်ဟိန်းထက်စာပေ
၁၆၂ ။ ကွန်းခိုရာစာပေ
၁၆၃။ Myanmar Harp Publishing House
၁၆၄။ Knowledge Land
၁၆၅။ ဇွန်ပွင့်စာအုပ်တိုက်
၁၆၆။နေမျိုးစာပေ
၁၆၇။ AMAZE PUBLICATION
၁၆၈။ လဝန်းရိပ်စာပေ
၁၆၉။ ရွှေသမီးစာအုပ်ချုပ်လုပ်ငန်း
၁၇၀။ သလယံစာအုပ်တိုက်
၁၇၁။ Fluke စာပေ
၁၇၂။ တေးသီငှက်စာပေ
၁၇၃။ လောကသစ်စာပေ
၁၇၄။ ကောင်းသန့်စာပေ
၁၇၅။ ဒူးယားစာပေ
၁၇၆။ လင်္ကာဒီပစာအုပ်တိုက်
၁၇၇။ အင်း၀စာအုပ်ဆိုင်ခွဲများ
၁၇၈။ ကျော်မိုးသိမ်းစာပေ
၁၇၉။ နဂါးစာပေ
၁၈၀။ ရွှေလက်ဆောင်စာပေ
၁၈၁။ ဥတ္တရလွင်ပြင်
၁၈၂။ ခရမ်းပြာစာပေ
၁၈၃။ ရွှေနံ့သာစာပေ
၁၈၄။ လင်းခိုင်စာပေ
၁၈၅။ အောင်စာပေ ထားဝယ်
၁၈၆။ ဒက္ခိဏပန်းခင်း မြိတ်
၁၈၇။ ရာပြည့် ၃၆လမ်း
၁၈၈။ ကျော်ကျော်စာပေ မော်လမြိုင်
၁၈၉။ သော်တာစန်းစာပေ ပျဉ်းမနား
၁၉၀။ မယူမြစ်စာပေ
၁၉၁။ အက္ခရာစာပေ သပြေကုန်းစျေး နေပြည်တော်
၁၉၂။ လရိပ်မွန်စာပေ
၁၉၃။ Pansoedan Book Corner
၁၉၄။ APK Books Publishing
၁၉၅။ ကျော်စိုးမိုး စာပေ
၁၉၆။ HAE Publishing
၁၉၇။ Wit Publishing
၁၉၈။ ဝါးလည် Society
၁၉၉။ တေးသီငှက်စာပေ
၂၀၀။ လှဆင့်စာအုပ်တိုက်
၂၀၁။ ကောင်းဆု စာအုပ်ချုပ်
၂၀၂။ ဧပြီဦး စာပေ
၂၀၃။ မိုးစာပေ
၂၀၄။ မိုးကောင်းကင်စာပေ မန္တလေး
၂၀၅။ KPAT Books
၂၀၆။ နှင်းဆီတစ်ရာစာပေဝိုင်း ကလော
၂၀၇။ ကောင်းကင်မေစာပေ
၂၀၈။ ကောင်းဇော်စာပေ
၂၀၉။ Mommy's Notes Publishing House
၂၁၀။ နေဝန်းနီ စာပေ
၂၁၁။ စာပေနန်းတော်
၂၁၂။ နှင်းဆီနီစာပေ
၂၁၃။ နှင်းဆီနက်စာပေ
၂၁၄။ ဖိုးသာထက်စာပေ
၂၁၅။Favorite Books Publishing
၂၁၆။ ရွှေသော့စာပေ
၂၁၇။ အဓိပတိစာပေ နေပြည်တော်၊ မုံရွာ
၂၁၈။ ရှင်းနှောင်းစာပေ
၂၁၉။ အလိုတော်ပြည့်စာပေ
၂၂၀။ ပုသိမ်သူ စာပေတိုက်
၂၂၁။ စာပေရွှေခေတ် စာအုပ်တိုက်
၂၂၂။ Fortune Publishing House

05/02/2021

#ကျွန်ုပ်တို့ရှုတ်ချသည်
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း-MPBA သည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း
ကြေညာချက် တစုံတရာ ထုတ်ပြန်ရန် ယနေ့အထိ
ပျက်ကွက်နေဆဲ ဖြစ်ပါသည်။

Myanmar Harp Publishing House စာအုပ်တိုက်သည် MPBA အသင်းဝင် ဘယ်တုန်းကမျှ မဟုတ်ခဲ့ဖူးသဖြင့် နှုတ်ထွက်ရန်
လည်း မရှိပါ။သို့သော် စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ နှုတ်ဆိတ်နေသော အသင်း၏ အပြုအမှုကို နှစ်သက်လိုလားခြင်း မရှိသည့်အတွက်၊ နောင်တွင် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း - MPBA နှင့် ပတ်သက်ခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ပါ။

တိုင်းပြည်၏ အရေးကြီးသောအချိန်တွင် ပြည်သူနှင့်
အတူ ရပ်တည်ရန် ပျက်ကွက်နေသော မြန်မာနိုင်ငံ
စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း-MPBAကို
ကျွန်ုပ်တို့ စာအုပ်တိုက်က ပြင်းထန်စွာရှုတ်ချ
ကန့်ကွက်လိုက်သည်။

ထိုအသင်းသည် ကျွန်ုပ်တို့နှင့် သက်ဆိုင်ခြင်း လုံးဝမရှိ။

(ဤစာကို စာအုပ်တိုက်များအနေဖြင့် လွတ်လပ်စွာ
ကူးယူဖော်ပြနိုင်သည်)

Myanmar Harp Publishing House စာအုပ်တိုက်
၅၊ ဖေဖော်ဝါရီ၊ ၂၀၂၁
သောကြာနေ့၊ ရန်ကုန်မြို့။

01/02/2021

#ကျွန်ုပ်တို့ဆန့်ကျင်သည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ကျွန်ုပ်တို့ ရပ်တည်သည်၊ သူ့ကို ထောက်ခံသည်။

တပ်မတော်မှ အာဏာသိမ်းယူခြင်းကို
Myanmar Harp Publishing House က
လုံးဝ လုံးဝ လုံးဝ
ကန့်ကွက်သည် ၊
ရှုတ်ချသည် ၊
ဆန့်ကျင်သည်။

Myanmar Harp Publishing House

Myanmar Harp Publishing House စာအုပ်တိုက်ရဲ့ ထုတ်ဝေ၊ ဖြန်ချိရေးလုပ်ငန်းများအားယာယီရပ်ဆိုင်းထားပါမည်။ပြန်လည် စတင်မည့်ရက်က...
01/02/2021

Myanmar Harp Publishing House စာအုပ်တိုက်ရဲ့ ထုတ်ဝေ၊ ဖြန်ချိရေးလုပ်ငန်းများအားယာယီရပ်ဆိုင်းထားပါမည်။

ပြန်လည် စတင်မည့်ရက်ကို ကြိုတင်ကြေညာပေးပါမည်။

စာချစ်သူ မိတ်ဆွေများ ရန်သူမျိုး ၅ ပါးဘေးမှ
ကင်းဝေးကြပါစေ။

မြန်မာ့အသံနှင့် ၈၈ အရေးတော်ပုံ================="စစ်အုပ်စုနဲ့ အပွန်းအရှ ရှိတာပေါ့။ ကိုအေးမြင့်ကို ခေါ်ပြီး သေနတ်ထုတ်ပြတာလ...
31/01/2021

မြန်မာ့အသံနှင့် ၈၈ အရေးတော်ပုံ
=================

"စစ်အုပ်စုနဲ့ အပွန်းအရှ ရှိတာပေါ့။ ကိုအေးမြင့်ကို ခေါ်ပြီး သေနတ်ထုတ်ပြတာလေ။ ဒါကြောင့်ကျနော်တို့ ရုံးကိုပြန်မဝင်ကြတော့တာပါ။ ကျန်တာတွေတော့ ထားပါတော့ . . . "
(ကိုလေအိုး)

မြန်မာ့အသံစိန်ရတုကာလဖြစ်၍ မြန်မာ့အသံသီချင်းများသီဆိုထုတ်လွှင့်ပြသပေးနေသလို အစိုးရသတင်းစာများတွင်လည်း စိန်ရတုအထိမ်းအမှတ်ဆောင်းပါးများ ဖော်ပြပေးနေတာ တွေ့ရသည်။မြန်မာ့အသံဝန်ထမ်းဟောင်းများ၏ ကိုယ်တွေ့ဆောင်းပါးများဖတ်ရှုရသလို မြန်မာ့အသံနှင့်ဆက်စပ်ပတ်သက်ဖူးသည့်ပညာရှင်တချို့၏အောက်မေ့တသသည့်မြန်မာ့အသံဆောင်းပါးများကိုလည်း ဖတ်ရသည်။မြန်မာ့အသံသီချင်းများသီဆိုဖျော်ဖြေပွဲကို အပတ်စဉ်သောကြာနေ့တိုင်းမြန်မာ့ရုပ်မြင်သံကြားတွင် နားဆင်ကြည့်ရှုရပြီး မြန်မာ့အသံအမာခံပရိသတ်(များသောအားဖြင့်ခြောက်ဆယ်တန်း၊ခုနှစ်ဆယ်တန်း၊ငါးဆယ်ကျော်တန်းများ)များ၏ မကျေမချမ်းသံများလည်း အွန်လိုင်းတွင်ရေဘောင်ဘင်ခတ်သလိုခတ်နေတာ အပတ်စဉ် တွေ့မြင်ရသည်။ကိုယ်တိုင်လည်း ဝန်ထမ်းဟောင်းတဦးဖြစ်သလို မြန်မာ့အသံသီချင်းများနှင့် အချိန်အတိုင်းအတာတခုကြာသည်အထိ ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်၍ ယခု မြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်ပေးနေသည့် မြန်မာ့အသံပြန်ဆိုတေးများကို ခံတွင်းတွေ့လှသည်မဟုတ်ချေ။မူရင်းအဆိုတော်များက သူတို့သီချင်းသူတို့ကိုယ်တိုင်ပြန်ဆိုတာ ကောင်းလှသော်လည်းစတူဒီယိုလိုင်းကအဆိုတော်များက မြန်မာ့အသံသီချင်းပြန်ဆိုလျင် သီချင်းပျက်တော့သည်။ပျက်လိုက်တာမှ ကိုသန်းလှိုင်၏အလွမ်းသီချင်းတပုဒ်ကို ပြန်ဆိုခဲ့ရာတွင် ပေါ့သီချင်းဖြစ်သွားပြီး သီချင်းတပုဒ်လုံး သုံးမရအောင်ဖြစ်သွားခဲ့သည်။ထားတော့။ယခုဆောင်းပါးတွင် မြန်မာ့အသံစီနီယာဝန်ထမ်းဟောင်းများ၏ ဆောင်းပါးများကိုဖတ်ပြီး မြန်မာ့အသံမှသည်မြန်မာ့ရုပ်သံဆီသို့ပုံရိပ်များကိုထင်လင်းစွာမြင်ရအောင်ဆက်စပ်ကြည့်မည်ဖြစ်သည်။

ပထမဦးစွာခေတ်အဆက်ဆက်ဖြတ်သန်းခဲ့ကြသည့် မြန်မာ့အသံဝန်ထမ်းဟောင်းများကို မှတ်တမ်းတင်ကြည့်ပါမည်။ယခင် ဝင်ဒါမီယာအသံလွှင့်ရုံတွင် ဦးကျော်ညိန်း၊ဦးတင်ဦး၊စနယားအောင်ခင်၊ဦးဇော်ဝင်း၊ဦးငြိမ်းမောင်၊ဦးကျော်မင်း၊ဦးနေဝင်းတို့တာဝန်ထမ်းဆောင်ခဲ့ကြသည်။။ ထို့ေ့နာက်ဦးကျော်ဦး၊ဦးသာဦး၊ဦးအောင်မြင့်၊ဦးသိန်းဟန် စသူတို့ ရောက်လာကြသည်။အမျိုးသမီးဝန်ထမ်းများဖြစ်ကြသည့် ဒေါ်သန်းနှစ်၊ဒေါ်တင်ညွန့်၊ဒေါ်တင်တင်မြ(အဆိုတော်)။စသူများလည်း ပါရှိသည်။အင်္ဂလိပ်ပိုင်းအစီအစဉ်တွင် မူလက ဦးကြီးတင်၊ဦး(ပါစီ)လှဘူး၊ဇနီး ဒေါ်အောလစ်လှဘူး၊ဒေါ်အယ်လစ်ဆင်ထွန်းငွေတို့အပြင် ဒေါ်မာရီကွန်ဝေး(ခေါ်)ဒေါ်တင်မိုးခိုင်(အဆိုတော်)၊ဒေါ်နီနီနေဝင်း(ဗိုလ်ချုပ်နေဝင်း၏သမီးကြီး ဒေါ်စနာဝင်း၏ယောက်မ)၊ဦးညီညီ၊ဦးအုန်းခိုင်၊ဦးခင်မောင်သွင် စသူတို့ ရှိလာကြသည်။

တိုင်းရင်းသားအစီအစဉ်တွင် ကရင်တွင် ဦးမန်းထွန်းကြိုင်၊ဒေါ်ဘက်စီ၊ရှမ်းဘာသာတွင် ဒေါ်လှထယ်၊ဦးညွန့်ရှိန်၊ဒေါ်မေသင်းရီ(အဆိုတော် မေသင်းရီ)၊ကချင်ဘာသာတွင် ဒေါ်အင်ဂျင်လင်းရွိုင်၊ချင်းဘာသာတွင် ဒေါ်ဟင်နီကျော်ထွေး စသူတို့ ရှိလာသည်။သတင်းခန်းတွင် ဦးမောင်မောင်ဟိန်၊ဦးဟားကုတ်လူနီ၊ဦးညီညီ၊ဦးခင်မောင်ညိန်း(မြန်မာပိုင်းမှ ဦးကျော်ညိန်း၏သား)၊ဦးထွန်းသန်း(မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ယောက်ခမ)၊ဦးအေး၊ဒေါ်ဒီဘိုရာချစ်မောင်၊ဒေါ်သန်းသန်းမော်၊ဒေါ်ချိုချိုးသင်းကလေး၊ဒေါ်ဝင်းဝင်းမေ စသူတို့ ရှိလာကြသည်။ဒါက ပြည်လမ်းအသံလွှင့်ရုံတည်ထောင်ဖွင့်လှစ်ခါစ ၁၉၆၀တဝိုက်က အသံလွှင့်ရုံဝန်ထမ်းဟောင်းများဖြစ်ကြသည်။၁၉၈၀ကျော်ကာလ မြန်မာ့ရုပ်မြင်သံကြားထုတ်လွှင့်သည့်အခါ ဝန်ထမ်းများထပ်ရောက်လာပြန်သည်။

တီဗီခေတ်ဝန်ထမ်းများတွင်ဦးခင်မောင်ညိန်း(နောင် အာအက်အေရေဒီယို)၊ ဒေါ်ခင်အေးလွင် (ကွယ်လွန်)၊ ဒေါ်သန်းသန်းဝင်း၊ ဒေါ်ညွန့်ညွန့်သိန်း၊ ဦးလှဝင်း၊ ဦးသိန်းလှမော်၊ ဦးကျော်စိုးဦး၊ ဒေါ်အေးအေးသန်း၊ ဒေါ်နွယ်မာဝင်း၊ ဒေါ်မေမေသန်းတို့ပါဝင်လာသည်။ထိုဝန်ထမ်းများအနက် အချို့သောဝန်ထမ်းများမှာ ၁၉၈၈ အရေးတော်ပုံအပြီးတွင် အလုပ်ပြုတ်သည့်အထဲ ပါသွားကြသည်။(ဖော်ပြပါဝန်ထမ်းများသည် အသံလွှင့်နှင့်ရုပ်မြင်သံကြားတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီးစက်မှုနှင့်စီမံဝန်ထမ်းများ မပါဝင်ပါ)။၂၀၁၉ခုနှစ်ထဲ မြန်မာ့အသံညွှန်ကြားရေးမှုးချုပ်လုပ်ခဲ့ဖူးသူ ဦးကျော်မင်းဆုံးတော့ ဝန်ထမ်းဟောင်းဦးခင်မောင်ညိန်းက စာရေးပြီးလွမ်းရာတွင် ၁၉၈၈ အရေးအခင်းကို ယခုလို ရေးသားဖော်ပြခဲ့သည်။

" ဒီနောက် ၁၉၈၀ ပြည့် မြန်မာ့ရုပ်မြင်သံကြား စလုပ်ကြပြီး မကြာခင်မှာ ဦးကျော်မင်းက ညွှန်ချုပ် ဖြစ်လာတယ်။ ကျနော်က လ/ထ ညွှန်မှူးအဖြစ်နဲ့ ရုပ်မြင် သတင်းဌာနစိတ်ကို တာဝန်ယူထားတော့ အဲဒီအချိန်ကစပြီး သူနဲ့ လက်ပွမ်းတတီး အတူ အလုပ်လုပ်ခဲ့ရတယ်။ သူက ဥပဒေပညာ သတင်းစာပညာတို့ကိုလဲ ဘွဲ့ရထားသူမို့ အစစ အရာရာ စေ့စပ်သေချာတယ်။ သူ့ဆီက ပညာတွေလဲ အတော်ရခဲ့ပါတယ်။ ဒီနောက် ၁၉၈၈ ခု အရေးအခင်းကြီး ပေါ်လာတဲ့အချိန်မှာ စစ်အရာရှိကြီးတွေဖြစ်လေ့ရှိတဲ့ ဌာန အကြီးအကဲတွေကြားမှာ အရပ်သားဖြစ်နေတဲ့ ဦးကျော်မင်းဟာ တော်တော် အနေရ ကြပ်ခဲ့ရပါတယ်။ အရေးအခင်း အရှိန်မြင့်လာတဲ့ သြဂုတ်လလောက်မှာ သူဟာ အိမ်ကို မပြန်တော့ဘဲ နေ့ရော ညပါ ရုံးမှာဘဲ နေလာခဲ့တယ်။ ကျနော့်ကိုလဲ လုပ်ငန်းမပျက် ညစဉ် တီဗွီ လွှင့်ထုတ်နိုင်ဖို့ အသံလွှင့်ဌာနဘေး ပြည်လမ်းပေါ်ရှိ ဒရိုင်ဘာတန်းလျားက အခန်းလွတ်တခုမှာ နေစေခဲ့ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ဝန်ထမ်းတွေက တာဝန်သိသိ အလုပ်လုပ် အသံလွှင့်နေကြပေမယ့် ဘေးက ဖိအားတွေ များလာတဲ့အခါ လမ်းပေါ်ထွက် ဆန္ဒပြကြဖို့ တောင်းဆိုလာကြပါတယ်။ ဒီအခါမှာ ဦးကျော်မင်းက လမ်းပေါ်တက်လိုသူတွေ တက်ပါ။ မရှိမဖြစ် အင်အားစုတွေအနေနဲ့တော့ မနက်ခင်း ဆန္ဒပြကြပြီးရင် ညနေဖက် အလုပ်ခွင်ပြန်ဝင်ပါလို့ စီစဉ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စစ်အရာရှိတွေနဲ့ ဆန္ဒပြဝန်ထမ်းတွေအကြား ပွန်းရှမှုကို ရှောင်နိုင်ခဲ့ပါတယ်။ အရေးအခင်းပြီးသွားတော့ ကျနော်က အလုပ်ပြုတ်၊ သူကတော့ ညွှန်ချုပ်အဖြစ် ဆက်ရှိခဲ့တယ်။ "

ဦးကျော်ညိန်းက ဒီပို့စ်ကို ၂၀၁၉ခုနှစ်၊ဇူလိုင် ၅ရက်တွင်ရေးတင်ထားတာဖြစ်ပြီး သူ့ပို့စ်အောက်က ကောမန့်များက ပိုစိတ်ဝင်စားစရာကောင်းနေသည်။ဖတ်ကြည့်ပါ။

"အကို စစ်အုပ်စုနဲ့ အပွန်းအရှ ရှိတာပေါ့ ကိုအေးမြင့်ကို ခေါ်ပြီး သေနတ်ထုတ်ပြတာလေ ဒါကြောင့်ကျနော်တို့ ရုံးကိုပြန်မဝင်ကြတော့တာပါ ကျန်တာတွေတော့ ထားပါတော့ အကိုရေ"ဒါကဝန်ထမ်းဟောင်းတဦးရေးတာပါ။
"အရေးအခင်းကာလတုန်းကဦးကျော်မင်းနဲ့ ဦးဝင်းဆွေတို့ကိုအေးမြင့်ကို မလှိမ့်တစ်ပါတ်နဲ့ညာခေါ်ပြီးဗိုလ်မှူးကြီး တစ်ယောက်( အမည်မမှတ်မိတော့ပါ ) ဆီပို့ထားခဲ့တာလေ။Untold story တွေ အဲဒါနဲ့နောက်နစ်နေ့ကိုအေးမြင့် ဘားလမ်းက သပိတ်စခန်းရောက်လာပြီး သတင်းစာရှင်းလင်းပွဲ
ွဲလုပ်ရတာလေ။88 တုန်းက အဖြစ်အပျက်တွေအခြေအနေပေးရင် ရေးပါအုံးမယ်။အထူးသဖြင့် အဖိုးလေး အတွက်ပါဗိုလ်မှူးကြီးမြင့်မောင် လေ
အမှန်တရားဘက်တော်သားကြီးပထမဆုံး တစ်ယောက်တည်း နာမည်နဲ့
အလုပ်အထုတ်ခံခဲ့ရတာလေ။ကိုကျင်ရှိန် နဲ့ ကျနော် အဖိုးလေး မရှိတော့မှ
မြန်မာ့အသံကနေ ထွက်ပြေးခဲ့ကျတာပါ။
သပိတ်စခန်းမှာကိုညီညီ ဥက္ကဌ၊ကိုကျင်ရှိန် ဒုဥက္ကဌ၊ကိုဘစိုးတင် အတွင်းရေးမှူး၊ကိုအောင်သိန်း ပြန်ကြားရေးနဲ့ဟောပြောရေး ဆပ်ကော်မတီ ဥက္ကဌ
ကျနော် အောင်သိန်း ပါမေတ္တာဖြင့်အောင်ကျော်စိုးလှမောင်"။ဒါလည်းမြန်မာ့အသံဝန်ထမ်းဟောင်းတဦးဝင်မန့်ထားခြင်းပင်။

ထိုစဉ်က မြန်မာ့အသံသပိတ်ကော်မတီတွင် ခေါင်းဆောင်သူအများစု အလုပ်ပြုတ်ခဲ့ကြသည်။တချို့လည်း ခံဝန်ကတိထိုးပြီးအလုပ်ပြန်ဝင်ကြသည်ဟု ကျနော်မြန်မာ့အသံကို ၁၉၉၁ခုနှစ်တွင်ရောက်တော့ကြားရသည်။၁၉၆၀ကျော်ကာလက မြန်မာ့အသံဝန်ထမ်းဟောင်းများကမူ မြန်မာ့အသံတွင်ဆက်ရှိနေခဲ့သည်ကိုလည်း တွေ့မြင်ရသည်။ဦးအောင်မြင့်၊ဦးသာဦး၊ဦးသိန်းဟန်၊ဦးလှဝင်း၊စသူတို့ဖြစ်သည်။(အကုန်အစင်တော့မမှတ်မိပါ)မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၈နှင့်၈၈အလွန်ကာလများတွင် တီဗီသတင်းဖတ်သူများအဖြစ်ထပ်ရောက်လာသူများက ဒေါ်ခင်မလေးနှင့်ဒေါ်သန္တာခင်တို့ဖြစ်ကြသည်။၁၉၈၈ ခုနှစ်စက်တင်ဘာ၁၈ရက်တွင်တပ်မတော်ကအာဏာသိမ်းတော့ မြန်မာ့အသံညွှန်ချုပ်က ဦးကျော်မင်းဖြစ်ပြီး သူ့စာအုပ်တွင် ယခုလို မှတ်တမ်းတင်ရေးသားခဲ့သည်။

" ၁၉၈၈ခု စက်တင်ဘာလ ၁၈ရက်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သည်။ညနေ ၃နာရီကျော်ကျော်တွင် ဒုတိယဝန်ကြီးနှင့်အတူ ကျနော့်ရုံးခန်းတွင်ထိုင်ပြီးစကားစမြည်ပြောနေစဉ်တံခါးခေါက်ပြီးဝင်လာသော စစ်ယူနီဖောင်းဝတ်ပုဂိုလ်တစုကိုတွေ့လိုက်ရသည်။ဗဟိုဆက်သွယ်ရေးတပ်ရင်းမှုးဗိုလ်မှုးကြီးမျိုးသန့်(နောင် ဗိုလ်ချုပ်မျိုးသန့်၊ပြန်ကြားရေးဝန်ကြီးဌာနဖြစ်လာသူ)က ဒုတိယဝန်ကြီးအားပြန်နိုင်ပါပြီဟုပြောသံကြားလိုက်ကတည်းက ထူးခြားပြီကိုသိလိုက်သည်။ဒုတိယဝန်ကြီး ကျနော့်ရုံးခန်းတံခါးကို ဖွင့်ပြီးထွက်သွားသောအခါ ဗိုလ်မှုးကြီးမျိုးသန့်က ရုံးစာအိတ်ကြီးထုတ်ပေးသည်။ဖွင့်ဖောက်လိုက်သောအခါ....။

ကျနော်ဦးဝင်းဆွေရုံးခန်းသို့ တယ်လီဖုန်းဆက်ပြီး ဦးသာဦး ရှာပြီးလွှတ်လိုက်ရန် မှာကြားသည်။ဦးသာဦးကလည်း ရောက်နေခိုက်ဖြစ်၍မကြာမတင်မှာပင်ရောက်လာသည်။
ဦးသာဦးအား အသံမထွက်စေဘဲဖတ်ရန် ဗိုလ်မှုးကြီးကပြောသည့်အတိုင်းသူက စာရွက်ဖြန့်ပြီးဖတ်လိုက်သည်။ထို့နောက်ကျနော်ကပင်ဦးဆောင်ကာ အသံလွှင့်ခန်းသို့ အားလုံးထသွားကြသည်။"

တပ်မတော်ကအာဏာသိမ်းလိုက်ကြောင်းကြေညာချက်ကို ရေဒီယိုစလွှင့်လွှင့်ချင်း ဖတ်ခဲ့တာဖြစ်ပြီး ဒီတုန်းကရေဒီယိုအနောင်စာက ဒေါ်ခင်ထားနီဖြစ်သည်။အခန်းထဲကထထွက်သွားခဲ့တဲ့ ပြန်ကြားရေးဒုဝန်ကြီးက ဦးသန်ထွဋ်(စာရေးဆရာ တိုက်စိုး)ဖြစ်သည်။၁၉၈၈ အရေးအခင်းတွင် အသံလွှင့်ဝန်ထမ်းများ၊ရုပ်မြင်သံကြားဝန်ထမ်းများအတော်များများအလုပ်ပြုတ်သွားကြပြီး ထိုသူတို့နေရာအတွက် အလုပ်ခေါ်ရာမှ ၁၉၉၁ခုနှစ်တွင် မြန်မာ့အသံသို့ ကျနော်တို့ ၁၆ ယောက်အုပ်စုကြီး ရောက်သွားခဲ့ကြတာဖြစ်သည်။ထိုအချိန်တွင် ဦးသာဦးက အသံလွှင့်ဌာနခွဲတွင် လက်ထောက်ညွှန်ကြားရေးမှုးဖြစ်နေပြီး အာဏာသိမ်းကြေညာချက်ကို သူဖတ်ခဲ့ရကြောင်း မကြာခဏ ပြောပြလေ့ရှိသည်။

မြန်မာ့အသံတွင် အရပ်သားထဲမှ ညွှန်ကြားရေးမှုးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရသွားသူ ဦးကျော်မင်းအကြောင်းကို ဆရာမောင်ခင်မင်(ဓနုဖြူ)က အခုလို စာဖြင့်တို့ထိဖူးသည်။

"နောက်တစ်ယောက်က အစ်ကိုကျော်မင်းဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း၏ အစ်ကိုတော်ပြီး “ကဗျာဆရာ ဝင်းနိုင်” ဟု ထင်ရှားသည်။ ကျွန်တော်တို့ ငယ်စဉ်က စာပေအဖွဲ့များဖွဲ့ကြရာ အစ်ကိုကျော်မင်းလာပြီး စာပေ ရေးရာများနှင့်ပတ်သက်၍ လမ်းညွှန်ပေးကာ စာပေ အတွေ့အကြုံများကို ပြောပြသည်။ ဆောက်လုပ်ရေးရုံး၌ အမှုထမ်းနေရာမှ မြန်မာ့အသံသို့ပြောင်းရွှေ့ပြီး “မြန်မာ့ အသံကျော်မင်း” အဖြစ် ဝင်လာသည်။ ဇာတ်လမ်းများ၊ သီချင်းများရေးသည်။ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ် အဆင့်အထိ ဆောင်ရွက်ပြီး အငြိမ်းစားယူသည်။ မိသားစု နှင့်အတူ ပြည်ပသို့သွားကြောင်း သတင်းကြားရသည်။ လွန်ခဲ့သော လေး၊ ငါးနှစ်က ကျွန်တော့်ဆီရောက်လာပြီး သူ့စာမူများကို စာအုပ်ထုတ်ရန်ကိစ္စ တိုင်ပင်သေးသည်။
နောက်မကြာမီ ကွယ်လွန်သွားရှာသည်။"
ကိုလေအိုး

Online မှ စာအုပ်မှာယူသူ မိတ်ဆွေများအတွက်  #ကျေးဇူးတုန့်ပြန်ခြင်း~~~~~~~~~~~~~~~~~Myanmar Harp Publishing House ထုတ် စာအု...
29/01/2021

Online မှ စာအုပ်မှာယူသူ မိတ်ဆွေများအတွက်
#ကျေးဇူးတုန့်ပြန်ခြင်း
~~~~~~~~~~~~~~~~~

Myanmar Harp Publishing House ထုတ် စာအုပ်တွေကို online ကနေ အိမ်တိုင်ရာရောက် မှာကြားဝယ်ယူ အားပေးနေတဲ့ စာချစ်သူမိတ်ဆွေတွေကို ကျေးဇူး
တုန့်ပြန်တဲ့အနေနဲ့ လတစ်လအတွင်း စာအုပ်မှာကြားသူတွေထဲက ၃ ဦးကို မဲနှိုက်ရွေးချယ်ပြီး ပုံမှာ ဖေါ်ပြထားတဲ့ ကျောက်စီပန်းချီကားလေးနဲ့ အသစ်ထွက်စာအုပ်တစ်အုပ်ကို လစဉ်မေတ္တာလက်ဆောင်ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ကျောက်စီပန်းချီကားနဲ့အတူရရှိမယ့် စာအုပ်ကတော့ စာရေးဆရာ လင်းဆက်ငြိမ်းချမ်းရေးသားတဲ့ "မလင်းတဲ့ခေတ်ထဲက မငြိမ်းတဲ့အက်ဆေးတွေ"ဆိုတဲ့ စာအုပ်သစ်လေးပဲ ဖြစ်ပါတယ်။

ကံထူးတဲ့ စာဖတ် ပရိတ်သတ် ၃ ဦး ရဲ့အမည်စာရင်းကိုတော့ ၁၀ - ၂ - ၂၀၂၁ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

စာချစ်သူမိတ်ဆွေများ ရွှင်လန်းချမ်းမြေ့လို့ ကပ်ရောဂါဘေးက ကင်းဝေးကြပါစေ။

လူထုခေါင်းဆောင်  #ဒေါ်အောင်ဆန်းစုကြည် က ဂျပန်နိုင်ငံထုတ်   Mainichi သတင်းစာမှာ Letter from Burma: Reunion, Union -1 ဆိုတ...
27/01/2021

လူထုခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည်
က ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာမှာ
Letter from Burma: Reunion, Union -1
ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ ဆောင်းပါး
လေးကို စာရေးဆရာ #နေသွင်ညိဏ်း‌ က
"မြန်မာပြည်ကရေးတဲ့စာ- ပြန်လည်ဆုံဆည်း
ကြရာဝယ်" လို့ ဆီလျော်အောင် ပြန်ဆို‌ရေး
သားထားပါတယ်။

မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ စာချစ်သူ
မိတ်ဆွေတို့ ဖတ်ဖို့ ဒီဆောင်းပါး‌ကို
#တစ်ခါကမြန်မာ့နွေဦး စာအုပ်ထဲကနေ
ထုတ်နုတ် ဖေါ်ပြလိုက်ရပါတယ်။ အောက်မှာ
ဖေါ်ပြထားတဲ့ ပုံ‌တွေမှာ အစဉ်လိုက် ဖတ်ရှုနိုင်
ပါတယ်။

ဖတ်ကြည့်ပြီး စာအုပ်လေးကို ဝယ်ချင်ပြီ
ဆိုရင်တော့ ===>>>

ရန်ကုန်နဲ့ မန္တလေးက #စာအုပ်ဆိုင် ကြီးတွေနဲ့
ဆိုင်တွေမှာ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေ
အနေနဲ့ ဖုံးနံပါတ် 09 956 836 801နှင့်
09 420 730 611 သို့ ဆက်သွယ်၍ ဖြစ်
စေ၊
fb page ရဲ့ messenger မှာ -
#အမည် #လိပ်စာ. #ဖုံးနံပါတ်များ
ရေးသား ပေးပို့၍ ဖြစ်စေ မှာကြားနိုင်ပါ
တယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို တန်ဖိုး ၄၅၀၀ ကျပ် နဲ့ ပို့ခ
၅၀၀ ကျပ်၊ စုစု‌ပေါင်း ၅၀၀၀ ကျပ်သာ
ကျသင့်မှာ ဖြစ်ပါတယ်။

 #စီးပွားရေးအတွေးအခေါ်၅၀ (တတိယအကြိမ်) #ဆင်းရဲနွမ်းပါးမှုနဲ့ဝင်ငွေမညီမျှမှု(ဒုတိယအကြိမ်)~~~~~~~~~~~~~~~~ #စီးပွားရေးပညာရပ...
26/01/2021

#စီးပွားရေးအတွေးအခေါ်၅၀ (တတိယအကြိမ်)
#ဆင်းရဲနွမ်းပါးမှုနဲ့ဝင်ငွေမညီမျှမှု(ဒုတိယအကြိမ်)
~~~~~~~~~~~~~~~~

#စီးပွားရေးပညာရပ်ကို စိတ်ဝင်တစား
လေ့လာသင်ယူနေသူတွေ၊
/ / သင်တန်းတက်
ရောက်နေသူတွေ၊
#ဘဏ်လုပ်ငန်းခွင်မှာ ကျင်လည်နေသူ
တွေ၊
#ဘောဂဗေဒပညာရပ်ကို တီးမိခေါက်မိ
ဖြစ်‌အောင်လေ့လာလိုသူတွေ
#နိုင်ငံရေးနဲ့စီးပွားရေး ဆက်စပ်ပုံတွေကို
သဘောပေါက်နားလည်ချင်သူတွေအနေနဲ့
မဖြစ်မနေဖတ်သင့်တဲ့ စာအုပ် ၂ အုပ်။
~~~~~~~~~~~~~~~~~

ရန်ကုန်နဲ့ မန္တလေးက စာအုပ်ဆိုင်ကြီးတွေနဲ့
ဆိုင်တွေမှာ ဝယ်ယူဖတ်ရှု နိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေ
အနေနဲ့ ဖုံးနံပါတ် 09 956 836 801နှင့်
09 420 730 611 သို့ ဆက်သွယ်၍ ဖြစ်
စေ၊
fb page ရဲ့ messenger မှာ -
အမည် လိပ်စာ. ဖုံးနံပါတ်များ
ရေးသား ပေးပို့၍ ဖြစ်စေ မှာကြားနိုင်ပါ
တယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို ပို့ခ ၅၀၀ ကျပ်သာ ကျသင့်
မှာ ဖြစ်ပါတယ်။

Myanmar Harp စာအုပ်တိုက်တွင်  #မှာကြားနိုင်သည့်စာအုပ်များ~~~~~~~~~~~~~~~~~၁။ ဂျိုး ဘိုင်ဒင်၏ဘဝ၊ လာရာနှင့်လားရာ      [စည်...
23/01/2021

Myanmar Harp စာအုပ်တိုက်တွင်
#မှာကြားနိုင်သည့်စာအုပ်များ
~~~~~~~~~~~~~~~~~
၁။ ဂျိုး ဘိုင်ဒင်၏ဘဝ၊ လာရာနှင့်လားရာ
[စည်သူကျော် (မြန်မာပြန်ဆိုသည်)]
၂။ တစ်ခါက မြန်မာ့နွေဦး (နေသွင်ညိဏ်း)
၃။ ဆင်းရဲနွမ်းပါးမှုနှင့် ဝင်ငွေမညီမျှမှု (ကျော်စွာ)
၄။ စီးပွားရေးအတွေးအခေါ် ၅ဝ (ကျော်စွာ)
၅။ နိုင်ငံရေးဆိုင်ရာ အဓိကအယူအဆများ
(သူရိန်မျိုးမြင့်)
၆။ ပြူတင်းအမှတ် ၇၅ (နိုင်ငံရေး၊ မီဒီယာ၊ လော်ဘီ)
(ကိုမင်းအို)
၇။ ကျွန်တော်လွတ်ကျခဲ့တဲ့ လွှတ်တော် (နေဘုန်းလတ်)
၈။ မြန်မာ့အသံမှာ ၁၅ နှစ်တာ (ကိုရွှေအောင်)
၉။ ဒီမိုကရေစီနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း
(သူရိန်မျိုးမြင့်)
၁၀။ ရွေးကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သား
သမ္မတဖြစ်ဖို့လိုတယ် [ဖိုးရာဇာ (မအူပင်)]
၁၁။ ၂ဝဝ၈ အခြေခံဥပဒေ ဟာကွက်၊ လစ်ကွက်များ
(လင်းထိုက်)
၁၂။ သစ်ခုတ်သမားတမ်းခြင်းနှင့်
နိုင်ငံရေးဆောင်းပါးများ
[ကျော်စွာလင်း (မြန်မာစာ)]
၁၃။ သုံးထောင်စံ (မောင်သံခဲ)
၁၄။ ဒီမိုကရေစီပျောက်ရင် အာဏာရှင်အောက်
ပြန်ရောက်မယ်နှင့် နေ့စဉ်နိုင်ငံရေးအတွေးများ
[ဖိုးရာဇာ (မအူပင်)]
၁၅။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို
ဘယ်သူပိုင်သလဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြုပြင်ရေးဆောင်းပါးများ [ဖိုးရာဇာ (မအူပင်)]
၁၆။ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ (ဝေယံဘုန်း)
၁၇။ ချစ်သောဆရာ ချစ်သောသင်္ချာ (ဝေယံဘုန်း)
၁၈။ နံရံပါးပါးနှင့် အခြားဝတ္ထုတိုများ
(မင်းဆက်သက်ခိုင်)
၁၉။ ငါတို့ခေတ်က တက္ကသိုလ် (ရွှေကူမေနှင်း)
~~~~~~~~~~~~~~~~~~

ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူဖတ်ရှုလိုသူတွေအနေနဲ့
ရန်ကုန်နဲ့ မန္တလေးက #စာအုပ်ဆိုင်ကြီး တွေနဲ့
ဆိုင်တွေမှာ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေကတော့
ဖုံးနံပါတ် 09 956 836 801နှင့် 09 420 730 611
သို့ ဆက်သွယ်၍ ဖြစ်စေ၊
fb page ရဲ့ messenger မှာ -
#အမည် #လိပ်စာ. #ဖုံးနံပါတ်များ
ရေးသားပေးပို့၍ဖြစ်စေ မှာကြားနိုင်မှာ ဖြစ်ပါတယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို #ပို့ခ ၅၀၀ ကျပ်သာ ကျသင့်
မှာ ဖြစ်ပါတယ်။

23/01/2021

#ဂျိုးဘိုင်ဒင်၏ဘဝ၊ လာရာနှင့် လားရာ

City mart ဆိုင်တွေမှာလည်း ရနေပါပြီ။

ဝယ်ယူဖတ်ရှုနိုင်ပါပြီ~~~~~~~~~~~~ဒီစာအုပ်လေးကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူဖတ်ရှုလိုသူတွေအနေနဲ့  ရန်ကုန်နဲ့ မန္တလေးက    စာအု...
21/01/2021

ဝယ်ယူဖတ်ရှုနိုင်ပါပြီ
~~~~~~~~~~~~

ဒီစာအုပ်လေးကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူ
ဖတ်ရှုလိုသူတွေအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက
စာအုပ်ဆိုင်ကြီးတွေနဲ့ City mart ဆိုင်တွေမှာ
ဝယ်ယူ ဖတ်ရှုနိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေအနေနဲ့တော့ ဖုံးနံပါတ် 09 956 836 801နှင့် 09 420 730 611 သို့ ဆက်သွယ်၍ ဖြစ်စေ၊ fb page ရဲ့ messenger မှာ -
အမည် လိပ်စာ. ဖုံးနံပါတ်များ ရေးသား
ပေးပို့၍ ဖြစ်စေ မှာကြားနိုင်မှာ ဖြစ်ပါတယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို ပို့ခ ၅၀၀ ကျပ်သာ ကျသင့်
မှာ ဖြစ်ပါတယ်။

ဒီနေ့ထုတ် ဒီလှိုင်းထဲက စာအုပ်အညွှန်း~~~~~~~~~~~~~~~~~~~~~~~ဒီစာအုပ်လေးကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူဖတ်ရှုလိုသူတွေအနေနဲ့  ရ...
21/01/2021

ဒီနေ့ထုတ် ဒီလှိုင်းထဲက စာအုပ်အညွှန်း
~~~~~~~~~~~~~~~~~~~~~~~

ဒီစာအုပ်လေးကို ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူ
ဖတ်ရှုလိုသူတွေအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက
စာအုပ်ဆိုင်ကြီးတွေနဲ့ City mart ဆိုင်တွေမှာ
ဝယ်ယူ ဖတ်ရှုနိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေအနေနဲ့တော့ ဖုံးနံပါတ် 09 956 836 801နှင့် 09 420 730 611 သို့ ဆက်သွယ်၍ ဖြစ်စေ၊ fb page ရဲ့ messenger မှာ -
အမည် လိပ်စာ. ဖုံးနံပါတ်များ ရေးသား
ပေးပို့၍ ဖြစ်စေ မှာကြားနိုင်မှာ ဖြစ်ပါတယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို ပို့ခ ၅၀၀ ကျပ်သာ ကျသင့်
မှာ ဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ကတော့ အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါပြီ။ မြန်မာပြည်မှာလည်း ဂျိုးဘိုင်ဒင်အကြောင်းကိုမြန်မာဘာသ...
20/01/2021

ဂျိုးဘိုင်ဒင်ကတော့ အမေရိကန်သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါပြီ။

မြန်မာပြည်မှာလည်း ဂျိုးဘိုင်ဒင်အကြောင်းကို
မြန်မာဘာသာနဲ့ လေ့လာဖတ်ရှုနိုင်ပါပြီ။
စာအုပ်အမည်က - - -
"ဂျိုးဘိုင်ဒင်၏ဘဝ၊ လာရာနှင့် လားရာ" တဲ့။

ဒီစာအုပ်ရဲ့ ထူးခြားချက်က - - -

- သူ့ရဲ့ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေအထိ ပါဝင်တဲ့စာအုပ်။

- အမေရိကန်ပြည်ထောင်စုမှာ အင်္ဂလိပ်ဘာသာနဲ့
ထုတ်ဝေပြီး ၂ လကျော် အကြာမှာ မြန်မာဘာသာကို
ပြန်ဆိုထုတ်ဝေနိုင်ခဲ့တဲ့စာအုပ်။

- လက်ရှိအချိန်မှာ ဂျိုးဘိုင်ဒင်အကြောင်း မြန်မာ
ဘာသာနဲ့ အပြည့်စုံဆုံး လေ့လာနိုင်မယ့် တစ်အုပ်
တည်းသော စာအုပ်။

- မူရင်းရေးသားသူက နာမည်ကြီးဂျာနယ်လစ်၊
ပူလစ်ဇာဆုရော၊ အမျိုးသားစာပေဆုပါရထားတဲ့
စာရေးဆရာ အီဗန် အော့စ်နော့စ်၊

- ဘာသာပြန်သူကလည်း နာမည်ကြီးစာအုပ်‌
တွေကို မြန်မာဘာသာပြန်ဆိုထားတဲ့ ဘာသာပြန်
စာရေးဆရာစည်သူကျော်။

- အသေသပ်ဆုံး ဒီဇိုင်းအပြင်အဆင် လက်ရာတွေနဲ့
စာဖတ်သူတွေလက်ထဲ အရောက်ပို့ပေးမယ့်
Myanmar Harp Publishing House ရဲ့ စီစဉ်
တင်ဆက်မှု။

~~~~~~~~~~~~~

ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူဖတ်ရှုလိုသူတွေအနေနဲ့
ရန်ကုန်နဲ့ မန္တလေးက စာအုပ်ဆိုင်ကြီးတွေနဲ့ City mart ဆိုင်တွေမှာ ဝယ်ယူဖတ်ရှုနိုင်ပါပြီ။

🏠 #အိမ်တိုင်ရာရောက်မှာကြားလိုသူ‌တွေအနေနဲ့တော့ ဖုံးနံပါတ် 09 956 836 801နှင့် 09 420 730 611 သို့ ဆက်သွယ်၍ ဖြစ်စေ၊ fb page ရဲ့ messenger မှာ -
အမည် လိပ်စာ. ဖုံးနံပါတ်များ ရေးသား
ပေးပို့၍ ဖြစ်စေ မှာကြားနိုင်မှာ ဖြစ်ပါတယ်။

🏠 #အိမ်အရောက်ပို့ဆောင်ပေးရာမှာ
ရန်ကုန်မြို့တွင်း ဖြစ်ဖြစ်၊ နယ်ပဲ ဖြစ်ဖြစ်
တစ်အုပ်ကို ပို့ခ ၅၀၀ ကျပ်သာ ကျသင့်
မှာ ဖြစ်ပါတယ်။

Address

35 Street (middle)
Yangon

Telephone

+959420730611

Website

Alerts

Be the first to know and let us send you an email when Myanmar Harp Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Harp Publishing House:

Share

Nearby media companies