Glamour - Swal Mat

Glamour - Swal Mat သတင်းထူး သတင်းဆန်းများ

ပီလခတ်ဘုရားကျောင်းတွင် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲကျင်းပရန်ကုန်၊ ဇန္နဝါရီ ၁၇ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်...
17/01/2025

ပီလခတ်ဘုရားကျောင်းတွင် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲကျင်းပ
ရန်ကုန်၊ ဇန္နဝါရီ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းရှိ ပီလခတ် စရီအန်ဂါလဲအီစ်ဝရီ စရီမဟာမူနီ(စ်)ဝရရ် တမိလ်ဟိန္ဒူဘုရားကျောင်းတွင် ဇန္နဝါရီ ၁၆ ရက်၊ ညနေ ၃ နာရီက (၁၆၁) ကြိမ်မြောက် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိန္ဒူရိုးရာ နွားလွှတ်ပွဲတွင် နွား၏ ဦးခေါင်းတွင် ပိုက်ဆံပါ ပုဝါဖြင့် ချည်ပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ၄င်းနွားကို ဖမ်းမိသူသည် ပိုက်ဆံနှင့်ပုဝါကို ယူခွင့်ရှိပြီး နွားကိုပိုင်ရှင်ထံ ပြန်လည်အပ်နှံရသည့် စည်းကမ်းချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပီလခတ္ဘုရားကျောင်းတွင် ဟိန္ဒူရိုးရာ နွားလွှတ်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး လုံခြုံရေးတင်းကျပ်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလှအပရေးရာဆေးကုမှု ဥပဒေနှင့်အညီ ထိန်းကျောင်းရန်လိုအပ်နေပြည်တော် ဇန်နဝါရီ ၁အလှအပရေးရာ ဆေးကုသမှုတွေကို ဥပဒေနဲ့အညီထိန်းကျော...
17/01/2025

အလှအပရေးရာဆေးကုမှု ဥပဒေနှင့်အညီ ထိန်းကျောင်းရန်လိုအပ်
နေပြည်တော် ဇန်နဝါရီ ၁
အလှအပရေးရာ ဆေးကုသမှုတွေကို ဥပဒေနဲ့အညီထိန်းကျောင်းနိုင်ရေး လိုအပ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောပါတယ်၊၊ ဇန္နဝါရီလ ၁၆ ရက္က ကျင်းပပြုလုပ်တဲ့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရည်အသွေးပြည့်ဝပြီး လူနာတွေ အတွက် ဘေးကင်းလုံခြုံကာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ရေး စဉ်ဆက်မပြတ် ထိန်းကျောင်း ကြပ်မတ်နေတယ်လို့ ဆိုပါတယ်၊၊
ပုဂ္ဂလိကကဏ္ဍမှာ ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကို သက်တမ်းရှိ သတ်မှတ် လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းထားသူတွေ မဖြစ်စေရေးတို့အတွက် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာ နိုင်ငံသွားနဲ့ခံတွင်းဆိုင်ရာဆေးကောင်စီနဲ့ မြန်မာနိုင်ငံ သူနာပြုနဲ့ သားဖွားကောင်စီတွေနဲ့ ချိတ်ဆက် စိစစ်နေပြီး လူ့စွမ်းအားအရင်းအမြစ်တွေ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် မူဝါဒတွေ ချမှတ်ပေးနေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်၊၊
ခေတ်ကာလ လိုအပ်ချက်အရ လက်ရှိမှာ ပုဂ္ဂလိက ကျန်း မာရေးလုပ်ငန်းဆိုင်ရာ ဥပေဒကို ဖြည့်စွက်ပြင်ဆင်တဲ့ ဥပ ဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလွအပေရးရာ ဆေးခန်းတစ်ခုမှာ ကိုယ်ခန္ဓာ အဆီထုတ်မှုခံယူဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ဇန္နဝါရီ ၂ ရက်မှသာ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အိမ်ထောင်စု ၃၀၀ စာအတွက် ဆန်နဲ့ အနွေးထည်တွေ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်နဲ့ ​ရေကြည်ချမ်း...
17/01/2025

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အိမ်ထောင်စု ၃၀၀ စာအတွက် ဆန်နဲ့ အနွေးထည်တွေ လှူဒါန်းခဲ့တဲ့ ဝေဠုကျော်နဲ့ ​ရေကြည်ချမ်းမြ
ရန်ကုန် ဇန်နဝါရီ ၁၇
The Roger and Van Hall Foundation (USA)နဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းတိုက အလှူရှင်တွေ ပူးပေါင်းပြီး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က ကျူးမိသားစု ၂၇၀ စုနဲ့ အခြားနွမ်းပါးမိသားစု ၃၀ စုတို့အတွက် ဆန်နဲ့ အနွေးထည်တွေကို ဇန္နဝါရီ ၁၆ ရက်က လှူဒါန်းခဲ့ကြပါတယ်။
အဆိုပါအလှူကို ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင် သရုပ်ဆောင် ဝေဠုကျော်နဲ့အတူ ဇနီးဖြစ်သူ အငြိမ့်မင်းသမီး ရေကြည်ချမ်းမြတို့ က ကိုယ်တိုင်သွားရောက်ပြီး ပါဝင်လှူဒါန်းပေးခဲ့ကြပါတယ်။

ကျားဖြန့်ရှိသည့် မြန်မာက မြို့တစ်မြို့ကို ကိုင်တွယ်ရန် ပေတုန်တန်ပြောဘန်ကောက်၊ ဇန္နဝါရီ ၁၇မကြာသေးမီက တရုတ်သရုပ်ဆောင် ဝမ်ရှ...
17/01/2025

ကျားဖြန့်ရှိသည့် မြန်မာက မြို့တစ်မြို့ကို ကိုင်တွယ်ရန် ပေတုန်တန်ပြော
ဘန်ကောက်၊ ဇန္နဝါရီ ၁၇
မကြာသေးမီက တရုတ်သရုပ်ဆောင် ဝမ်ရှင်း (Wang Xing) ကို ကျားဖြန့်လုပ်ငန်းတစ်ခုဆီကနေ ကယ်တင်နိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြို့တစ်မြို့၏ ပြဿနာကို အေလးထား ဖြေရှင်းကြရန် ထိုင်းဝန်ကြီးချုပ် ပေတုန်တန် (Paetongtarn Shinawatra)က ပြည်တွင်းနိုင်ငံရေးသမားများကို တိုက်တွန်းခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ကျားဖြန့်စင်တာများတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ နိုင်ငံသားပေါင်းထောင်ချီ ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသည့် အရေးကိစ္စနှင့်အတူ ထိုပြဿနာကို ဖြေရှင်းရာ၌ ထိုင်းအနေဖြင့် ပိုမိုထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် အခြားနိုင်ငံများက ထိုင်းအစိုးရကို ဖိအားများပေးနေသည်။
တရုတ်သရုပ်ဆောင် ဝမ်သည် ထိုင်းတွင် သရုပ်ဆောင် အလုပ်အတွက် WeChat အက်ပလီကေးရှင်းမှ အလုပ် ခေါ်စာကြောင့် ထိုင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ဇန္နဝါရီ ၃ ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။
ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ၎င်းအား ထိုင်း-မြန်မာနယ်စပ်မှ ပြန်လည်ကယ်တင်နိုင်ခဲ့သည်။ ထိုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ် နှစ်စမှာပင် ထိုင်း၏နယ်စပ်မြို့ဖြစ်သည့် မဲဆောက် (Mae Sot) မြို့အပေါ် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
အသက် ၃၁ နှစ်အရွယ် ဝမ္ကို မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်က မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာတစ်ခုဆီကနေ ဇန္နဝါရီ ၇ ရက်တွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
မီဒီယာမ်ား၏ ဖော်ပြချက်အရ ဝမ်သည် ကရင်နယ်ခြားစောင့်တပ်(BGF) ခေါ် ကရင်အမျိုးသားတပ်မတော် (KNA) ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ၎င်းအား ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး ထိုင်း၏ ခရီးသွားကဏ္ဍအပေါ် ဆိုးကျိုးများ သက်ရောက်မည့် အခြေအနေမှ တားဆီးရန် အတွက် အစိုးရအဖွဲ့အနေနှင့် အထူးအာရုံစိုက်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဟာ ကြောက်ဖို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ကောလာဟလတွေ အများကြီး ပျံ့လာခဲ့ပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို အကောင်း ဆုံးဖြေရှင်းဖို့ ပြင်ဆင်နေပါတယ်ဟု ပေတုန်တန်က ပြောကြားခဲ့သည်။
ထို့ပြင် လူမှုမီဒီယာများပေါ်တွင် ပျံ့နေသည့် ကောလာဟလများကို အလေးထား စောင့်ကြည့်ရန်လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာနကို ပေတုန်တန်က ညွှန်ကြားထားသည်။
ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုစေရေးအတွက် တရုတ် အပါအဝင် သက်ဆိုင်ရာ နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ပေတုန်တန်က ပြောကြားခဲ့သည်။
Source: The Nation.

မန္တလေး Diamond Plazaပေါ်မှ ပန်းရံအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွားမန္တလေး ဇန္နဝါရီ(၁၆)မန္တလေးမြို့၊ချမ်းအေးသာစံ...
16/01/2025

မန္တလေး Diamond Plazaပေါ်မှ ပန်းရံအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
မန္တလေး ဇန္နဝါရီ(၁၆)
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ကဉ္စနမဟီရပ်ကွက်၊၇၇ လမ်း၊၃၃လမ်းနှင့်၃၄လမ်းကြားရှိ Diamond Plaza ဒုတိယထပ်ပေါ်တွင် ဇန္နဝါရီလ ၁၆ရက် ညေန၃နာရီ၁၅မိနစ္က ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ပန်းရံအလုပ်သ မားအမျိုးသမီးကြီးတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံ သိရသည်။
"ပြုတ်ကျရတဲ့ အကြောင်းအရင်းကို သေချာမသိဘူး။ ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆဖြစ်တာနေမှာပါ။သေသွားတဲ့အမျိုးသမီးကြီးက လုပ်ငန်းခွင်အတွင်း ပန်းရံလာလုပ်တဲ့သူပါ။အသက်၅၀ကျော်အရွယ်လောက်တော့ ရှိမယ်ထင်တယ်"လို့ မြို့ခံတစ်ဦးမှ ပြောသည်။
သေဆုံးသူအမျိုးသမီးကြီး၏ရုပ်အလောင်းကို သုခဗလ လူမွုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့်မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#အမျိုးသမီးတစ်ဦး #ပြုတ်ကျသေဆုံး #ချမ်းအေးသာစံ
#မန္တလေး

မရမ်းကုန်းတွင် တိုက်ခန်းထဲ အမျိုးသားကြီးတစ်ဦး အသတ်ခံရရန်ကုန် ဇန်နဝါရီ ၁၆ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်က...
16/01/2025

မရမ်းကုန်းတွင် တိုက်ခန်းထဲ အမျိုးသားကြီးတစ်ဦး အသတ်ခံရ
ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ သမိုင်းမြို့သစ် (၄)လမ်းက တိုက်ခန်း (၆) လွှာမှာ ဇန္နဝါရီ ၁၅ ရက်၊ ညနေပိုင်းက အမျိုးသားကြီးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အခင်းဖြစ်ရပ်မှာ သွားရောက်ကူညီခဲ့တဲ့ မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး လည်ပင်း နဲ့ ရင်ဘတ်တွေမှာ ထိုးသွင်းပြတ်ရှဒဏ်ရာငါးချက်လောက် နဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
သေဆုံးသူဟာ နေအိမ်တိုက်ခန်းထဲမှာ တစ်ယောက်တည်း နေထိုင်တယ်လို့ သိရပြီး ဘယ်သူဘယ်ဝါဆိုတာနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေတယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။
အခင်းဖြစ်ပြီးနောက် သေဆုံးသူအမျိုးသား ရုပ်အလောင်းကို အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင် ရာ မရမ်းကုန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ပေ ၈၀ လမ်း နဲ့ ၆ လမ်းထိပ်မှာ ဇန္နဝါရီ ၁၅ ရက်၊ ည ၈ နာရီကျော်လောက်က အငှါးတက္ကစီယာဉ်မောင်း အမျိုးသားတစ်ယောက် ထိုးသွင်းပြတ်ရှဒဏ်ရာ တွေနဲ့ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ္ပုံ- မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်း

မဟာအောင်မြေတွင် ကမ္ဘောဇဘဏ် ဓားပြတိုက်မှုဖြစ်ပြီး ပြစ်မှုကျူးလွန်သူ တရားခံအား ချက်ချင်းဖမ်းဆီးရမိမန္တလေး၊ ဇန္နဝါရီ ၁၆မန္တလေးတ...
16/01/2025

မဟာအောင်မြေတွင် ကမ္ဘောဇဘဏ် ဓားပြတိုက်မှုဖြစ်ပြီး ပြစ်မှုကျူးလွန်သူ တရားခံအား ချက်ချင်းဖမ်းဆီးရမိ
မန္တလေး၊ ဇန္နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ အကွက်အမှတ်(၆၈၉) ကမ္ဘောဇဗောဓိကုန်းဘဏ်ခွဲတွင် ဇန္နဝါရီ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခြဲက ဘဏ်ဓားပြတိုက်မှုဖြစ်ပြီး ဘဏ်ဓားပြ တရားခံကို ဘဏ်လုံခြုံရေးအဖွဲ့နှင့် ပြည်သူလူထု ပူးပေါင်းပြီး ချက်ချင်း ဖမ်းမိခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဗောဓိကုန်းဘဏ်ခွဲကို လက်လုပ်သေနက်ကိုင် အမျိုးသားတစ်ဦးက သေနက်ဖြစ် ခြိမ်းခြောက်ကာ ငွေများကို အသင့်ပါ ကျောပိုးအိတ်အနက်ရောင်အတွင်း ထည့် သွင်းပြီး ထွက်ပြေးရန် ကြိုးပမ်းချိန် ဘဏ်ဝင်ပေါက်ရှိ ဘဏ်လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများက ပူးပေါင်းဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဓားပြတိုက် လုယူမှုပြစ်မှုကျူးလွန်သူ အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးချိန် လက်လုပ်သေနတ်အတိုဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လက်လုပ်သေနက်တိုဖြင့် ပစ်ခတ်ခြင်းကြောင့် ဒုတိယမန်နေဂျာတစ်ဦး လက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ မတ္လ (၂၅)ရက်၊ နံနက် (၁၁)နာရီ (၂၀)မိနစ္က မန္တလေးမြို့၊ မောရဂီဝါရပ်ကွက်၊ ၇၄ လမ်း၊ ၃၁- ၃၂ လမ်းကြားရှိ ကမ္ဘောဇဘဏ်သို့ CZI ဆိုင်ကယ် အမျိုး အစား နံပါတ်ပါနှင့် နံပါတ်မပါ နှစ်စီးဖြင့် အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။
ဓာတ္ပုံ - CJ

ဂျပန်မှာ လူသိန်းချီသေနိုင်တဲ့ အကြီးစားငလျင်ကြီး လှုပ်ခတ်ဖို့ရှိနေတိုကျို၊ ဇန္နဝါရီ-၁၆ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း...
16/01/2025

ဂျပန်မှာ လူသိန်းချီသေနိုင်တဲ့ အကြီးစားငလျင်ကြီး လှုပ်ခတ်ဖို့ရှိနေ
တိုကျို၊ ဇန္နဝါရီ-၁၆
ဂျပန်နိုင်ငံမှာ လာမယ့်နှစ် ၃၀ အတွင်း အကြီးစားငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းထိ တိုးလာကြောင်း ဂျပန်အစိုးရရဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က သတိပေးလိုက်ပါတယ်။
အဲဒီ အင်အားပြင်း မြေငလျင်ကြီးဟာ ရစ္ခ်္တာစေကး အဆင့် ၈ ကေန ၉ ထိရှိနိုင်တာကြောင့် ဆူနာမီလှိုင်းများလည်း ဖြစ်ပေါ်နိုင်ပြီး ငလျင်ကြောင့် လူသိန်းချီသေဆုံးနိုင်ကာ ဒေါ်လာဘီလီယံများစွာ ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ငလျင်ကြီးလှုပ်ခတ်နိုင်ခြေဟာ ယခင်က ၇၄ ရာခိုင်နှုန်းမှ ၈၁ ရာခိုင်နှုန်းရှိမယ်လို့ မြေငလျင်သုတေသန ကော်မတီက ယခင်ခန့်မှန်းထားပေမယ့် လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခှိုင်နှုန်း တိုးလာတာလို့ ဆိုပါတယ်။
ဂ်ပန္နိုငငံ၏ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ကီလိုမီတာ ၈၀၀ အကွာမှာရှိနေတဲ့ နန်ကိုင်းကျောက်လွှာနဲ့လည်း သက်ဆိုင် နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အဲဒီကျောက်လွှာကြောင့် ရစ္ခ်္တာစေကး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ထပ်ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိသေးတယ်လို့ ဂျပန်မိုးလေဝသဌာနက သတိပေးထားပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ အတွင်း အဲဒီကနေအစပြုတဲ့ ငလျင်အကြီးစားလှုပ်ခတ်မှုဟာ နှစ် ၁၀၀ နဲ့ ၂၀၀ အတွင်း ဖြစ်ပေါ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ဆုံး လှုပ်ခတ်မှုမှာ ၁၉၄၆ ခုနှစ်ကဖြစ်ပါတယ်။ နောက်ဆုံးငလျင်လှုပ်ခတ်မှုဟာ ၇၉ နှစ်ရှိပြီဖြစ်ပြီး နောက် ထပ် ငလျင်တခုလှုပ်ခတ်နိုင်ခြေဟာ နှစ်စဉ် ၁ ရာခိုင်နှုန်းတိုးလာတယ်လိုပ ဂျပန်အစိုးရရဲ့ မြေငလျင် သုတေသနကော်မတီ တာဝန်ရှိသူတယောက်ကပြောပါတယ်။
၂၀၁၂ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ ခန့်မှန်းချက်တွေအရ ပင်မကမ်းရိုးတန်ရှိ သေးငယ်တဲ့ ကျွန်းတွေဟာ အမြင့်မီတာ ၃၀ ကျော်ထိ ဆူနာမီလှိုင်းဒဏ်ခံရနိုငပြီး ဟွန်ရှူးနဲ့ ရှီကိုကုကျွန်းရှိ လူနေထူထပ်တဲ့နေရာတွေကတော့ မိနစ်အနည်းငယ်အတွင်း ဆူနာမီလှိုင်းတွေရိုက်ခတ်မယ်လို့ ကျွမ်းကျင်သူတွေကလည်း သတိပေးထားပါတယ်။
Ref:CAN
Photo:AP
#ဂျပန် #ငလျင်လှုပ်ခတ်မှု #နှစ်၃၀ #သတိပေး

16/01/2025

မြိတ်အရသာနဲ့ ရန်ကုန်အရသာနှစ်မျိုးပေါင်းပြီး အရသာရှိရှိစားချင်သူများအတွက် မြောက်ဒဂုံ ၃၉ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့နတ်မောက်လမ်းထောင့်မှာ ဖွင့်လှစ်လိုက်တဲ့
ရွှေမြိတ် မြန်မာထမင်းဆိုင်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၁၆ကြိမ်မြောက်ဆန်၊ဆီလှူဒါန်းမှုတွင်ပင်အလှူရှင်ဖြစ်သောTrust Double 9 သောက်ရေသန့်ကုမ္ပဏီမှ က...
16/01/2025

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၁၆ကြိမ်မြောက်ဆန်၊ဆီလှူဒါန်းမှုတွင်ပင်အလှူရှင်ဖြစ်သောTrust Double 9 သောက်ရေသန့်ကုမ္ပဏီမှ ကျပ်သိန်း ၅၅၀လှူဒါန်း
ရန်ကုန်၊ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၁၆ကြိမ်မြောက် ဆန်၊ဆီလှူဒါန်းမှုတွင်ပင် အလှူရှင်ဖြစ်သောTrust Double 9 သောက်ရေသန့်ကုမ္ပဏီမှ တတိယအကြိမ် ကိုလူချော၊ ရုပ်ရှင်အလွှာပေါင်းစုံ လူဦးရေ ၁၅၀၀ အတွက် ကျပ်သိန်း ၅၅၀လှူဒါန်းပေးအပ်ပွဲကို ဇန္နဝါရီ ၁၅ ရက်က မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးခန်းမ၌ ပြုလုပ်ခဲ့ပါတယ်။
စားသောက်ကုန်များထောက်ပံ့လှူဒါန်းရာတွင် အဓိကအလှူရှင်အဖြစ် Trust Double 9 သောက်ရေသန့်ကုမ္ပဏီမှ ဦးလွှမ်းမြင့်ကျော်+ဒေါ်နီနီအောင်၊ သားမင်းခန့်ကျော် တို့က ဆန်အိတ် 10 Kg အိတ်(၁၅၀၀)နှင့်ဆီပိဿာ (၁၅၀၀) တို့ကို မ,တည်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်ခမ...
16/01/2025

အူရီဒူးမြန်မာက မြန်မာနိုင်ငံ eSports ကဏ္ဍ၏ မှတ်တိုင်သစ်တစ်ခုဖြစ်သည့် Gameverse Champion League ပြိုင်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့
ရန်ကုန်၊ ဇန္နဝါရီ ၁၆
အူရီဒူးမြန်မာသည် ၂၀၂၅ ခုနှစ် ဇန္နဝါရီ (၁၁) ရက်နေ့နှင့် (၁၂) ရက်နေ့တို့တွင် Times City နှင့် Junction Square Outdoor Area တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည့် Gameverse Champion League ပြိုင်ပွဲကြီး၏ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာလိုက်သည်။ အဆိုပါပြိုင်ပွဲကြီးတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ် Mobile Legends (MLBB) ပြိုင်ပွဲများနှင့် ပေါ့ပေါ့ပါးပါး ဂိမ်းများပါဝင်ပြီး ဆုကြေးငွေကျပ် စုစုပေါင်း ကျပ်သိန်း ၃၂၀ ထိ ပေးအပ်ခဲ့ကာ နိုင်ငံတစ်ဝန်းမှ ထိပ်တန်း eSports ကစားသမားများနှင့် ဂိမ်းဝါသနာရှင်များအတွက် အောက်မေ့ဖွယ် အတွေ့အကြုံကို ပေးစွမ်းခဲ့ပါသည်။ ယင်းအခမ်းအနားသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်များ၊ အစီအစဉ်များ၊ ဖျော်ဖြေမှုများနှင့် တစ်မူထူးခြားသော ဂိမ်းအတွေ့အကြုံများက ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ဇန္နဝါရီ (၇) ရက့်နှင့် (၈) ရက်တို့တွင် ကျင်းပခဲ့သည့် Group Stage အွန်လိုင်း ပြိုင်ပွဲများအပြီးတွင် ရန်ကုန်၊ ပုသိမ်၊ တောင်ကြီးနှင့် မန္တလေးတို့မှ ဒေသတွင်းချန်ပီယံများနှင့်အတူ Gameverse Mission 2024 မွ အနိုင်ရရှိခဲ့သည့် အသင်းများဖြစ်သော Falcon Esports နှင့် AI Esports တို့နှင့် Gameverse Battle Land မွ အနိုင်ရရှိခဲ့သူများသည် ဇန္နဝါရီ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ကျင်းပခဲ့သော Gameverse Champion League သို့ အတူတကြ တက်လှမ်းခဲ့ကြပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါသည်။ ဇန္နဝါရီ (၁၁) ရက် Semi-final ပွဲစဉ်များတွင် Actual Esports သည် AI Esports နှင့် ယှဉ်ပြိုင်ခဲ့ပြီး Team 7 သည် Falcon Esports နှင့် ယှဉ်ပြိုင်ခဲ့ကြကာ နောက်ဆုံး Final ပွဲစဉ်သို့ AI Esports နှင့် Falcon Esports တို့ တက်ရောက်ခဲ့သည်။ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်များကို ဇန္နဝါရီ (၁၂) ရက်တွင် ဆက်လက်ကျင်းပခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် AI Esports နှင့် Falcon Esports တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြကာ Mobile Legends (MLBB) ၏ ချန်ပီယံအသင်းအဖြစ် AI Esports က အနိုင်ရရှိခဲ့သည်။ ထို့အတူ PUBG Mobile Battle Land နှင့် Regional Events မ်ားမွ အနိုင်ရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပြီး Battle Land Winner အဖြစ် Nexus Vanguard က ရရှိခဲ့ပြီး Regional Winner အဖြစ် Burmese Ghouls က ထိုက္တန္စြာ ရရှိခဲ့ကြသည်။ ဤစိတ်လှုပ်ရှားဖွယ်ရာအောင်ပွဲများသည် Gameverse Mission 2024၊ Gameverse Battle Land နှင့် ဒေသတွင်းပြိုင်ပွဲများမှ တစ်ဆင့် နေရာတစ်ခု ရရှိထားသော အသင်းများ၏ ထူးခြားသော စွမ်းရည်များကို ပြသခဲ့သော ပြိုင်ပွဲများဖြစ်ပါသည်။ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့်အတူ နောက်ဆုံးပွဲစဉ်တွင် ကစားသမားများနှင့် ပရိသတ်များသည် eSports ၏ အမြင့်မားဆုံး ရင်ခုန် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များကို မြင်တွေ့ခဲ့ရပြီး မမေ့နိုင်သော အတွေ့အကြုံကို ဖန်တီးပေးခဲ့သည်။
ရင်သပ်ရှုမောဖွယ်ရာ ပြိုင်ဆိုင်မှုများအပြင် အူရီဒူးမြန်မာသည် စိတ်လှုပ်ရှားစရာ ပွဲနေရာနှစ်ခုဖြင့် ပရိတ်သတ်များအတွက် အောက်မေ့ဖွယ် ပွဲအတွေ့အကြုံကိုလည်း ပေးစွမ်းခဲ့ပါသည်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များ၏ Main Stage ကို Times City Outdoor Area တွင် ကျင်းပခဲ့ပြီး Junction Square Outdoor Area တွင် ပရိသတ်များအနေဖြင့် အရည်အသွေးမြင့် LED ဖန်သားပြင်ကြီးများထက်တွင် ဂိမ်းကစားသူများ၏ လှုပ်ရှားမှုများကို ကြည့်ရှုခံစားနိုင်သည့် မြန်မာနိုင်ငံတွင် ပထမဆုံးသော Watch Party Experience ကို ရရှိခံစားနိုင်ခဲ့သည်။ ပွဲနေရာနှစ်ခုစလုံးသည် ပရိသတ်များကို ပွဲအတွင်း အပြည့်အဝ စိတ်လှုပ်ရှားပျော်ရွှင်နိုင်ရန်အပြင် နာမည်ကြီး Streamer Monica နှင့် Mobile Legends Fan Match တွင် ပါဝင်ခြင်း၊ နာမည်ကြီး အဆိုတော် Shine နှင့် Team 143 တို့၏ တိုက်ရိုက်ဖျော်ဖြေမှုများကို ခံစားနိုင်ခြင်း၊ Cosplay ပြိုင်ပွဲများ ပါဝင်ခြင်း၊ Chill Zone တွင် အပန်းဖြေခြင်း၊ Photo Booth တွင် အမွတ္တရ ဓာတ်ပုံရိုက်ကူးခြင်း စသည့် အစီအစဉ်များအားလုံးကို ၎င်းတို့၏ စိတ်ကြိုက်အသင်းများကို အားပေးနေစဉ် ခံစားရရှိနိုင်ခဲ့သည်။ ပွဲစဉ် အတွင်းပါရှိသော Cosplay ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Cosplayer Parade တစ်ခုဖြစ်ပြီး အရည်အချင်းပြည့်ဝသော Cosplay မ်ား၏ ရင်သပ် ရှုမောဖွယ် ဖျော်ဖြေမှုများဖြင့် ပွဲကြည့်ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Eduardo Quiroga က Gameverse Champion League ကို မယုံနိုင်လောက်အောင်ကို အများကြီး လာရောက်အားပေးခဲ့ကြသူတွေနဲ့ ဒီပြဲရဲ့ အောင်မြင်မှုအတွက် ကျွန်တော်တို့ ကျေနပ်ဝမ်းသာမိပါတယ်။ ကစားသမားတွေနဲ့အတူ ပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုက တကယ္ကို စိတ်လှုပ်ရှားစရာပါပဲ။ အနိုင်ရရှိခဲ့တဲ့ အသင်းတွေအားလုံးကိုလည်း Congratulations ပါလို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီပြဲကိုအခုလိုအောင်မြင် ​အောင် ပံ့ပိုးပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မြန်မာ့ eSports အသိုက်အဝန်းကို ဆက်ပြီးပံ့ပိုးကူညီနိုင်ဖို့နဲ့ ဂိမ်းကစားသမားတွေအတွက် ပိုပြီးပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေ ထပ်ပြီး ယူဆောင်လာဖို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ် ဟု ပြောကြားခဲ့သည်။
အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်လက်တိုးတက်လာနေသော eSports အသိုက်အဝန်းကို ပံ့ပိုးပေးနိုင်ရန်အတွက် ကတိကဝတ်ပြုထားသည်။ Gameverse Champion League သည် ဂိမ်းကစားသူများကို ၎င်းတို့၏ စွမ်းရည်များကို ပြသရန်နှင့် ပရိသတ်များနှင့် ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းများ ပေးဆောင်ရန်ဟူသော အူရီဒူးမြန်မာ၏ စိတ်အားထက်သန်မှုကို ထင်ဟပ်စေပါသည်။ မြန်မာ့ eSports ကဏ္ဍ ဆက်လက်တိုးတက်လာသည်နှင့်အမျှ အူရီဒူးမြန်မာသည် မြန်မာနိုင်ငံ၏ ဂိမ်းအသိုက်အဝန်းအတွက် ပိုမိုစိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များ ဆောင်ကြဉ်းပေးမည့် ပြဲမ်ားကို အနာဂတ်တွင် ပံ့ပိုးပေးနိုင်ရန် မျှော်လင့်လျက်ရှိသည်။

ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့ သောတုဇနစာသင်သား သံဃာတော်များ၊ သီလရှင်များနဲ့ ဆိုက္ကားသမားများကို ဆွမ်းဆန်စိမ်း၊ အေ...
16/01/2025

ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့ သောတုဇနစာသင်သား သံဃာတော်များ၊ သီလရှင်များနဲ့ ဆိုက္ကားသမားများကို ဆွမ်းဆန်စိမ်း၊ အခြေခံစားသောက်ကုန်လှူဒါန်းမှုမှာ အနုပညာရှင်များလည်းပါဝင်လှူဒါန်းခဲ့
ရန်ကုန်၊ဇန်နဝါရီ ၁၆
အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားလျှက် ဆရာတော်ရဲ့တပည့်ရင်း အသျှင်ကုမာရ (ခ) ဦးဇင်းဘီလူးဦးစီးပြီး စေတနာရှင် အလှူရှင် သရုပ်ဆောင် အဆိုတော်များက နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်နေ့ ရှင်တစ်ထောင် အခါတော်နေ့အဖြစ် သောတုဇန စာသင်သား သံဃာတော်များ သီလရှင်များနဲ့ မရှိဆင်းရဲသားဆိုက္ကားသမားများကို ဆွမ်းဆန်စိမ်း၊ အခြေခံစားသောက်ကုန်လှူဒါန်းခြင်းကို ဇန္နဝါရီ ၁၃ရက်၊ ပြာသိုလပြည့်နေ့ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။
ဆရာတော် အသျှင်ကုမာရ (ခ) ဦး ဇင်းဘီလူးကနှစ်
ဟောင်းကုန်ဆုံးပြီးဖြစ်တဲ့ နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်နေ့ ရှင်တစ်ထောင် အခါတော်နေ့ သောတုဇန စာသင်သား သံဃာတော်တွေ သီလ ရှင်တွေ ဆွမ်းဆန်စိမ်းလောင်းလှူဖြစ်တယ်။ အနှေးယာဉ်ဆိုက္ကားသမားတွေကို အခြေခံစားသောက်ကုန်တွေ လှူဖြစ်တာပါ။ ခုလိုလှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ပါတယ်။ ဦးဇင်းအနေနဲ့တတ်နိုင်သရွေ့ အလှူအတန်းတွေ အဆက်မပြတ်လှူဒါန်းသွားမှာပါလို့ မိန့်ကြားပါတယ်။
အဆိုပါ လှူဒါန်းမှုမှာ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုတဲ့အနေနဲ့ နှစ်သစ်မင်္ဂလာ အလှူတော်မင်္ဂလာပွဲတော်ကို ပြာသိုလပြည့်​နေ့ ရှင်တစ်ထောင် အခါတော်နေ့မှာ အနုပညာရှင်တများဖြစ်တဲ့ အဆိုတော် ထူးအယ်လင်း၊ အဆိုတော်သရုပ်ဆောင်ထက်ယံ၊ သရုပ်ဆောင် နိုင်လူ စတဲ့သူများတက်ရောက်ပြီး သောတုဇန စာသင်သား သံဃာတော် ၅၂၈ ပါးတို့ကို ဆွမ်းဆန်တော်လောင်းလှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် မယ်သီလရှင် ၁၀၀ ပါးတို့ကို ဆွမ်းဆန်တော်လောင်း လှူဒါန်းခဲ့သလို မရှိဆင်းရဲ နွမ်းပါးတဲ့ ဆိုက္ကားသမား အယောက် ၁၀၀ တို့ကို ဆန်၊ ဆီ ၊ ကော်ဖီမစ်၊ မုန့်၊ ခေါက်ဆွဲခြောက်စတဲ့ အခြေခံစားကုန်တွေနဲ့ ငွေကြေးတချို့ကို လှူဒါန်းခဲ့ကြကြောင်းသိရှိရပါတယ်။
#ဆရာတော်အသျှင်ကုမာရ

#အလိုတော်ပြည့်ကျောင်းတိုက်
#ပြာသိုလပြည့်နေ့ရှင်တစ်ထောင်အခါတော်နေ့

မြဝတီတွင် ယနေ့ညပိုင်းကမီးလောင်မှုဖြစ်မြဝတီ ဇန်နဝါရီ ၁၅ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီ ၁၅ ရက် ...
16/01/2025

မြဝတီတွင် ယနေ့ညပိုင်းကမီးလောင်မှုဖြစ်
မြဝတီ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယနေ့ ဇန်နဝါရီ ၁၅ ရက် ည ၇ နာရီခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျွန်းတောတွင် နေအိမ်တစ်လုံးမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်သာသနာနုဂ္ဂဟအသင်းဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းနာယက ဦးစောမုတ်သုန်ဦးစီးသည့် အဖွဲ့ဝင်များနှင့် အနီးဝန်းကျင်နေသူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။
"အခု မီးလောင်တဲ့နေရာက အိမ်တွေစိတ်တယ်။ မီးသတ်ကားတွေလည်း အချိန်မီရောက်လာတာတွေ့တယ်။ မီးအားကတော့များတယ်။ သိရသလောက်ဆိုရင်တော့ အိမ်တွေ ၄/၅ လုံးလောက်ပျက်စီးသွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ မီးငြိမ်းသွားပြီဖြစ်၍ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို ကာကွယ်ရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေးထား ရန်ကုန် ဇန်နဝါရီ ၁၄လက...
15/01/2025

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို ကာကွယ်ရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေးထား
ရန်ကုန် ဇန်နဝါရီ ၁၄
လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိ ​ပေးရေးသားထားသည်။
လတ်တလောအချိန်တွင် အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များ သတိထားကြရန်နှင့် အအေးဆုံးအချိန်မှာ နံနက် စောစော (၂) နာရီမှ (၇) နာရီလောက်အထိ အအေးဆုံးအချိန်များဖြစ်ပြီး အပူဆုံးအချိန်မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီကျော်သည်အထိ ဖြစ်နေတတ်ကြောင်း ၎င်းက ဆိုသည်။
"ဘာကြောင့်လဲဆိုတော့ ညဦးပိုင်းသိပ်မအေးခင်မှာ အနွေးထည်မပါဘဲ အိပ်တတ်ကြတဲ့အတွက် အအေးပိုလာချိန်မှာ မနိုးရင် လေဖြတ်သွားတတ်ပါတယ်။ ပူတဲ့ အချိန်တွေမှာတော့ အရိပ်အောက်မှာနေခြင်း၊ ချွေးထွက်မလွန်အောင်နေခြင်းဖြင့် heat-stroke ဖြစ်နိုင်မဲ့ အန္တရာယ်ကို အသိရှိရှိကာကွယ်နိုင်ကြပါလိမ့်မယ်"ဟု ဦးဝင်းနိုင်က ဆိုထားသည်။
သို့သော် လက်ရှိအချိန်မှာတော့ လွန်ကဲသည့် အပူချိန်မဖြစ်သေးသောကြောင့် စိုးရိမ်စရာ မရှိသေးကြောင်းလည်း ၎င်းက ဆိုထားသည်။

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ဟင်္သာတ ဇန်နဝါရီ ၁၄ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ...
15/01/2025

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်
ဟင်္သာတ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ် မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော်ကြီးသည် သီတင်းသုံးနေထိုင်တော်မူလျှက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဉ် ရုတ်တရက်ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ပျံလွန်တော်မူသွားခဲ့သည့် ထိုင်ခုံပေါ်တွင်ထားရှိကာ ယင်း ထိုင်ခုံအား မှန်ဖြင့်ကာရံ၍ (၇)ရက်တိုင် အပူဇော်ခံထားရှိမည်ဖြစ်သည်။
ဆရာတော်ကြီးသည် ကျန်းမာရေးကောင်းမွန်ကာ ဆေးကုသနေရခြင်းမရှိဘဲ နေ့စဉ်ဆွမ်းခံကြွတော်မူလေ့ရှိပြီး ဒကာဒကာမများအား တရား ဟောကြားမှုများကို အစဉ်ပြုလုပ်တော်မူလေ့ရှိပြီး ကျောမခင်းဓုတင်အပါအဝင် ဓုတင် (၉)ပါးကို ကျင့်ဆောင်နေတော်မူလျက်ရှိကာ ပျံလွန်တော်မူချိန်၌ သက်တော်(၇၆)နှစ်၊ ဝါတော် (၅၂)ဝါရှိပြီဖြစ်သည်။

ဘားအံမြို့၌ လူနေတဲအိမ်မီးလောင်မှုဖြစ်ဘားအံ ဇန်နဝါရီ ၁၃ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ ဇန်နဝါရီ ၁၃ ရက်ညနေ ၄ နာရီ ၁၅ မိနစ...
13/01/2025

ဘားအံမြို့၌ လူနေတဲအိမ်မီးလောင်မှုဖြစ်
ဘားအံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ ဇန်နဝါရီ ၁၃ ရက်ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က လူနေတဲအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မာဃလူမှုကူညီိရေးအသင်း(ဘားအံ)ထံမှ သိရသည်။
ဘားအံမြို့၊ အမှတ်(၄)ရက်ကွက်၊ ပြည်ထောင်စု မီိးပွိင့်အဆင်း၏ မြို့ပတ်လမ်းသစ်အနီိးရှိ လူနေတဲအိမ်တစ်လုံးမီိးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် မာဃလူမှုကူညီိရေးအသင်း(ဘားအံ)တို့မှ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ညနေ ၅ နာရီတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေတဲအိမ်မှာပျက်စီးဆုံး ရှုံးခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီး သတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

13/01/2025

"ဝါသနာပါတဲ့အလုပ်ကို လုပ်နေရရင်တော့ ​ပျော်နေတာပါပဲ။ အနုပညာကို ငယ်ငယ်ကတည်းကကို ရူးသွပ်လို့လုပ်တာပါ။ ကျွန်တော့်ဇာတ်လမ်းတိုလေးတွေ ထွက်လာရင်လည်း အားပေးကြပါဦး"လို့ဆိုလာတဲ့ သရုပ်ဆောင်ညီ

Address

No. 187, First Floor, 35 Street (Middle), Kyauktada Township
Yangon
11182

Alerts

Be the first to know and let us send you an email when Glamour - Swal Mat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Glamour - Swal Mat:

Videos

Share