ReadAlike

ReadAlike fb.me/bookcasebysawonlineservice

ReadALike is Come back! 🦾🩶
13/01/2025

ReadALike is Come back! 🦾🩶

Reme 🩷Reme စာအုပ်လေးထဲ အမှတ်တရလေးတွေကို ရေးကြပါစို့🖊️ရေးနေချိန်မှာမသိသာပေမယ့် နောင်နှစ်ပေါင်းကြာတဲ့အခါ ခင်မင်ခဲ့ရတဲ့ မိတ...
02/01/2025

Reme 🩷

Reme စာအုပ်လေးထဲ အမှတ်တရလေးတွေကို ရေးကြပါစို့🖊️

ရေးနေချိန်မှာမသိသာပေမယ့် နောင်နှစ်ပေါင်းကြာတဲ့အခါ ခင်မင်ခဲ့ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ကြားမှာ
Remember Me ဆိုတဲ့အတိုင်း တကယ်ကိုအမှတ်ရနေစေမယ့်စာအုပ်လေးပါ 📌🔏

အချိန်တွေနှစ်တွေကြာလာတာနဲ့ အမျှ Reme ထဲမှာ ရေးပေးထားတဲ့ အမှတ်တရစာသားလေးတွေ အဖြစ်အပျက်လေးတွေနဲ့ ရေးထားပေးခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို ပုံဖော်သတိရရင်း အလွမ်းပြေကြပါစေ အချစ်တွေပိုတိုးကြပါစေ ရည်ရွယ်ရင်း …….
Reme

ဒီစာအုပ်လေးက တစ်အုပ်လုံး colorful လေးပါရှင့် 🩷❤️🧡
အချစ်ဆုံးသူငယ်ချင်းတွေကြား တကယ့်ကို အဖိုးမဖြတ်နိုင်မယ့် စာအုပ်လေးမို့ ဝယ်သင့်ပါတယ်နော် 🙆🏻‍♀️

စာအုပ်ဒီဇိုင်းကို စိတ်ကျေနပ်အောင်ရေးဆွဲပေးပါသော Memo (LAB) ကိုလည်း ကျေးဇူးအထူးတင်ပါတယ်ရှင့် 😘

အစ်မ ဝတ်ရည် စီစဉ်ပေးပြီး မင်မင်တို့ #မြဝတ်ချိုစာအုပ်တိုက် မှ ဖြန့်ချိပေးပါသော Reme🩷

📕Reme
💸8000 mmk

"မွေးနေ့မှမျှော်နေတဲ့ မသီရိနှင့်အဆက်သွယ်ပြန်ရပါစေ🥹ငါ့အတန်းတွေအရမ်းများနေလို့ မအားတာလည်း စိတ်မဆိုးနဲ့ကွာ လိုချင်တယ်ဆိုလို...
06/05/2024

"မွေးနေ့မှမျှော်နေတဲ့ မသီရိနှင့်အဆက်သွယ်ပြန်ရပါစေ🥹
ငါ့အတန်းတွေအရမ်းများနေလို့ မအားတာလည်း စိတ်မဆိုးနဲ့ကွာ
လိုချင်တယ်ဆိုလို့ စာအုပ်ဆိုင်အကုန်လိုက်မေးပြီး မှာပေးလိုက်ပါတယ်လို့။"

———————————————————————

ဆိုတဲ့ စာသားလေးနဲ့ စကားလက်ဆောင်ပါးထားပါတယ်ရှင့်....

ဒီacc ပိုင်ရှင်လေးအတွက်စာအုပ်လေး 🎁🎉📨 လက်ဆောင် ရရှိထားပါတယ်...

လက်ဆောင်လေးကို လက်ခံပေးဖို့ Page Messenger လေးသို့ဆက်သွယ်ပေးပါဦးနော် ❤

နွေရာသီကျောင်းပိတ်ရက်မှာ မေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို   က ထုတ်တဲ့ သင်္ချာနဲ့ English စာအုပ်များကို လေ့လာနိ...
10/03/2023

နွေရာသီကျောင်းပိတ်ရက်မှာ မေမေတို့အနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတွေကို က ထုတ်တဲ့ သင်္ချာနဲ့ English စာအုပ်များကို လေ့လာနိုင်ရန်အတွက် မင်မင်တို့ ဆီမှာ ဝယ်ယူနိူင်ပါပြီနော်...
PMP စာအုပ်ကို KG ကနေ Grade 8 ထိ ဝယ်ယူရရှိနိုင်ပါတယ်နော်
တစ်အုပ်ကနေစပြီး လက်လီ၊လက်ကားလည်းမှာယူနိုင်ပါတယ်။

မြန်မာနိုင်ငံအနှံ့ အိမ်အရောက် ငွေချေစနစ်နဲ့ပို့ဆောင်ပေးနေပါပြီ 🥰

Happy New Year ပါ စာဖတ်ချစ်သူတို့ရေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ReadALike စာပေမှ ဆုမွန်ကော...
01/01/2023

Happy New Year ပါ စာဖတ်ချစ်သူတို့ရေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ReadALike စာပေမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

နှစ်ဟောင်းက အဆင်မပြေတာတွေ တွေထားခဲ့ပြီး နှစ်သစ်မှာ အသစ်အသစ်သော ရည်မှန်းချက်များနဲ့ သာယာသော ဘဝများရရှိပိုင်ဆိုင်နိုင်ပါစေရှင်

စာချစ်သူများသာယာသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေနော်

အမေရိကန် နှင့် ကနေဒါ နယ်စပ်ရှိ အေးခဲနေတဲ့ Niagara ရေတံခွန်Crd:
29/12/2022

အမေရိကန် နှင့် ကနေဒါ နယ်စပ်ရှိ အေးခဲနေတဲ့ Niagara ရေတံခွန်

Crd:

တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်မှန်ရင် မပြောသင့်တဲ့ အဓိက စကား (၁) ခွန်းက Resources တွေ မလုံလောက်ဘူးဆိုတဲ့ စကားပါပဲ။ အချိန်...
28/12/2022

တိုးတက်ပြောင်းလဲချင်တဲ့ လူငယ်မှန်ရင် မပြောသင့်တဲ့ အဓိက စကား (၁) ခွန်းက Resources တွေ မလုံလောက်ဘူးဆိုတဲ့ စကားပါပဲ။

အချိန်မရှိလို့၊ ငွေမရှိလို့၊ ကူမယ့်သူမရှိလို့၊ နည်းပညာတွေမသိလို့ အစရှိပြီး ဟိုဟာမရှိလို့ ဒီဟာမရှိလို့နဲ့ အကြောင်းပြချက်တွေက အဖြေမဟုတ်ဘူးလေ။

အချိန်မရှိရင်
အရင်လုပ်နေတဲ့အလုပ်တွေကို ပိုမြန်အောင်ဘယ်လိုလုပ်မလဲ၊ ကိုယ်ပိုင်အချိန်ထဲက ဘယ်လိုအသုံးပြုမလဲ၊ Time Management ကို ဘယ်လိုစီမံခန့်ခွဲရမလဲ စဉ်းစားရမယ်။

ရင်းနှီးမြှုပ်နှံဖို့ ငွေမရှိရင်
ငွေဘယ်ကလှည့်ရင် ကုန်ကျစရိတ်ပိုသက်သာမလဲ၊ ငွေစိုက်ထုတ်စရာမလဲပဲ ဘယ်လိုလည်ပတ်အောင်လုပ်မလဲ အစရှိပြီး စဉ်းစားရမယ်။

ကူမယ့်သူမရှိရင်
ဘယ်သူ့ဆီက ဘယ်လိုပုံစံနဲ့ အကူအညီတောင်းရမလဲ၊ ဘယ်သူအကူအညီမှမပါပဲ ကိုယ့်အားကိုယ် ဘယ်လိုကိုးမလဲ စဉ်းစားရမယ်။

နည်းပညာတွေ မသိရင်
‌ဖေ့ဘွတ်ပွတ်နေမယ့်အစား ရှာဖွေလေ့လာမှုတွေ၊ စမ်းစစ်မှုတွေလုပ်ဖို့စဉ်းစားရမယ်။ သိပြီးသားသူတွေဆီကနေ လေ့လာသင်ယူရမယ်။

ဒါမှသာ စိန်ခေါ်မှုတွေကနေ အောင်မြင်မှုတွေဆီ ကူးပြောင်းနိုင်မှာဖြစ်တဲ့အကြောင်း လူငယ်များအတွက် နှစ်သစ်စကားလက်ဆောင်လေး ပါးလိုက်ပါရစေ။

Crd:Pyae Sone Win

ယခုအပတ်အတွက် အသစ်ထွက်ရှိသော စာအုပ်များဖြစ်ပါတယ်ရှင် 💙အသစ်အသစ်သောစာအုပ်တွေမှ ဖတ်ချင်ပါတယ်ဆိုတဲ့ စာဖတ်ချစိသူများအတွက်........
27/12/2022

ယခုအပတ်အတွက် အသစ်ထွက်ရှိသော စာအုပ်များဖြစ်ပါတယ်ရှင် 💙
အသစ်အသစ်သောစာအုပ်တွေမှ ဖတ်ချင်ပါတယ်ဆိုတဲ့ စာဖတ်ချစိသူများအတွက်....... ⭐

#စိတ်ကိုလည်းအစာကျွေးပါ
#ခရမ်းရင့်ရာင်မိုးတိမ်းများ
#စံပယ်ပွင့်လေးခေါင်းပေါ်တင်
#မိတ်တဗလဋီကာ
#ခွင့်လွှန်ခြင်းဖြင့်လွတ်မြောက်ခြင်း

စာအုပ်များကိညမှာယူလိုပါက မှာ မှာယူနိုင်ပါပြီ။

စာချစ်သူများသာယာသောနေ့လေးဖြစ်ပါစေရှင် ❄⭐

25/12/2022

☃️🎄Happy Merry Christmas☃️🎄

ပထမဆုံးမန့်တဲ့သူ ၃ သိန်း
ဒုတိယမန့်တဲ့ သူ ၂ သိန်း
တတိယမန့်တဲ့ သူ ၁ သိန်း

09776935649
မင့် k pay ထဲ ထည့်ပေးလို့ရပါပီ 😁😁😁

Merry Christmas, everyone! မင်မင်အလုပ်လေးများသွားလို့ Post လေးတင်တာ နောက်ကျသွားရင် တောင်းပန်ပါတယ်ရှင် 🙏💙💛
25/12/2022

Merry Christmas, everyone!
မင်မင်အလုပ်လေးများသွားလို့ Post လေးတင်တာ နောက်ကျသွားရင် တောင်းပန်ပါတယ်ရှင် 🙏💙💛

ဒီနေ့ဟာ ကရင်နှစ်သစ်ကူးနေ့ဖြစ်လို့  ကရင်အလံတော်  ဖြူ နီ ပြာ အဓိပ္ပါယ် ကို မသိ သေးတဲ့သူတချို့ရှိလို့သိသလောက်လေး ပြန်လည်မျှ...
22/12/2022

ဒီနေ့ဟာ ကရင်နှစ်သစ်ကူးနေ့ဖြစ်လို့ ကရင်အလံတော် ဖြူ နီ ပြာ အဓိပ္ပါယ် ကို မသိ သေးတဲ့သူတချို့ရှိလို့သိသလောက်လေး ပြန်လည်မျှဝေ ပေးခြင်းပါ ။

ကရင်လူမျိုးမှာ ( ၁၁ )မျိုး ရှိကြပါတယ် စာပေ ဘာသာ
စကား ဓလေ့ထုံးစံ ကိုးကွယ်မှုတွေမတူကြပေမဲ့ ကျွန်မတို့အားလုံးဟာဒီအလံတော်အောက်မှာ တူတူပါပဲ
ဒီကရင်အမျိုးသားအလံတခုပဲသုံးကြပါတယ် ။

အနီရောင်သည် = ရဲရင့်ခြင်း, သတ္တိရှိခြင်း။

အဖြူရောင်သည် = စိတ်ထားဖြူစင်ခြင်း ၊ သန့်ရှင်းခြင်း။

အပြာရောင်သည် = ဖြောင့်မတ်ခြင်း ၊ တည်ကြည်ခြင်း ၊ သစ္စာရှိခြင်း။

တက်သစ်စနေဝန်းသည် နေရောင်ခြည်(၉)သွယ် ကရင်တို့၏ လူနေမှုဘဝ တိုးတက်သာယာခြင်း။

မင်္ဂလာဖားစည်သည် = ကရင်တို့၏ ယဉ်ကျေးမှုအထိမ်းအမှတ်နှင့် သာယာဝပြောခြင်းကို ဖော်ဆောင်ခြင်း။

ကရင်အလံတော်ကိုနေမထွက်ခင် အစောကြီးအလံသွားရောက်လွှင့်ထူတဲ့ အဓိပ္ပါယ် က (တဘ၃်စဲခံဘ၃်) လုံ့လဝီရိယ ရှိရမယ် ၊မပျင်းရိရဘူး သူများနောက်မှာကျန်နေခဲ့လိမ့်မယ်တဲ့ ငယ်တုန်းကအဖီးအဖူးအဲ့လိုခဏခဏပြောပြ မပျင်းရအောင်အများအားဖြင့် ကရင်နှစ်သစ်ကူးမှာ ကောက်ညှင်း ပေါင်းကြွေးတာက ကရင်မျိုးနွယ်စုတွေ ကောက်ညှင်းပေါင်းလိုစည်းစည်းလုံးလုံး ရှိကြဖို့ပါ တဲ့ အနည်းအကျဉ်း သိသလောက်လေးပါ အမှားပါရင်ခွင့်လွတ်ပေးပါ ၊ တခြားသိထားတာရှိရင်
ထပ်ဆင့်ဝေမျှပေးပါဦးနော်

မင်္ဂလာမနက်ခင်းလေးပါရှင် 💛💚စာဖတ်ချစ်သူများတစ်နေ့တာလုံးစိတ်အေးချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းများပြည့်စုံနိုင်ကြပါစေလို့ ဆ...
21/12/2022

မင်္ဂလာမနက်ခင်းလေးပါရှင် 💛💚

စာဖတ်ချစ်သူများတစ်နေ့တာလုံး
စိတ်အေးချမ်းသာခြင်း
ကိုယ်၏ကျမ်းမာခြင်းများပြည့်စုံနိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

စိတ်ခံစားမှုက အရမ်းအရေးကြီးလွန်းပါတယ်❣️မင်မင်တို့စိတ်လေး အေးချမ်းပြီး Depression မဝင်ရအောင် ဒီစာအုပ်လေးတွေက အပြည့်အဝအကူအ...
20/12/2022

စိတ်ခံစားမှုက အရမ်းအရေးကြီးလွန်းပါတယ်❣️
မင်မင်တို့စိတ်လေး အေးချမ်းပြီး Depression မဝင်ရအောင် ဒီစာအုပ်လေးတွေက အပြည့်အဝအကူအညီပေးပါလိမ့်မယ်ရှင့် ❣️

စာအုပ်လေး နာမည်က '' HOPE " ပါ။ မြန်မာလိုကတော့ '' မျှော်လင့်ချက် '' ပေါ့။
ဒါပေမယ့် ဒီ HOPE ရဲ့ အရှည်ကောက်က Hold On, Pain Ends ပါ။ '' နာကျင်စရာတွေ ပြီးတော့မယ်.. အားတင်းထား'' ဆိုတဲ့ အဓိပ္ပာယ်လေးပါ။
ကိုယ်တိုင်က စာဖတ်ပျင်းသူတစ်ယောက်ဖြစ်လို့
တစ်ချို့အမှားတွေက သိန်းဆယ်ချီတန်ပါတယ်။ တစ်ချို့အမှားတွေကသိန်းရာချီတန်ပါတယ်။ဒိီစာအုပ်လေးက
မမှားမိအောင် ဆင်ခြင်နိုင်ဖို့ ထုတ်တဲ့ စာအုပ်လေးဖြစ်ပါတယ်။
ကျွန်တော် ဖြတ်သန်းလာရတဲ့ အနိမ့်အမြင့်အတက်အကျတွေရယ်။ အမှားတွေ သင်ခန်းစာတွေကို ချရေးထားတာ ဖြစ်လို့ အကျိုးမရှိရင်တောင် အကျိုးမမဲ့စေရပါဘူး။
: Sint nyi

#စိတ်တသုခ
#စိတ်လုံခြုံမှုရပ်ဝန်းငယ်


စာအုပ်များကို တွင်မှာယူနိုင်ပါပြီ။

ကျောင်းများနှင့် စာကြည့်တိုက် 🏦စာကြည့်တိုက်မရှိသောကျောင်းသည် အင်္ဂါရပ်များနှင့် မပြည့်စုံ၊ကျောင်းနေပျော်၍ စာတော်ရမည်။ စိ...
16/12/2022

ကျောင်းများနှင့် စာကြည့်တိုက် 🏦

စာကြည့်တိုက်မရှိသောကျောင်းသည် အင်္ဂါရပ်များနှင့် မပြည့်စုံ၊ကျောင်းနေပျော်၍ စာတော်ရမည်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ... အစ
ရှိသည့် ဆောင်ပုဒ်များဖြင့် အခြေခံပညာဦးစီးဌာနအောက်ရှိ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ
အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတွင် အရေးပါသော ကဏ္ဍတစ်ခုပင်ဖြစ်၏။

စာကြည့်တိုက်တံခါးပွင့်ခြင်းသည် စာသင်ကျောင်းတံခါးများပွင့်ခြင်းနှင့်အတူတူပင်ဖြစ်၍ ကျောင်းစာကြည့်တိုက် တိုးတက်ဖွံ့ဖြိုးပြီး ရေရှည်တည်တံ့နိုင်ရေးကို အထူးအလေးပေးဆောင်ရွက်သင့်သည်။ စာကြည့်တိုက်တို့၏ အင်္ဂါရပ်များတွင် စာအုပ်စာစောင်၊ အဆောက်အအုံ၊ စာငှားဖတ်သူ၊ငွေကြေးနှင့် စာကြည့်တိုက်ပညာဟူ၍ရှိရာ ယနေ့အခြေခံပညာကျောင်းစာကြည့်တိုက်များ အတွက်ကား စာကြည့်တိုက်ပညာနှင့် ငွေကြေးကိစ္စမှာ
မရှိမဖြစ်အဓိကအချက်ဟု မြင်ပါသည်။

သို့ဖြစ်လျှင် ကျောင်းစာကြည့်တိုက်များသက်ဆိုးရှည်နိုင်ရေးတွင်ဘာအရေးကြီးဆုံးလဲဟူသော သဘောကို တွေးမြင်နိုင်ကြစေလိုကြောင်း။

ပညာတန်ဆောင်မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၀ပြည့်နှစ်။

ဦးမြင့်ကြိုင်(အမျိုးသားစာကြည့်တိုက် စာကြည့်တိုက်ပညာ၊စာကြည့်တိုက်အကြောင်း စာအုပ်မှ)

🌷💗သဘာဝကိုချစ်မြတ်နိုးသလို ပန်းကလေးတွေကိုရောချစ်တတ်သူဆို ‘tell me more’ ဆိုတဲ့စာအုပ်ကလေးဖတ်ကြည့်ပါနော🌷💗ဒီစာအုပ်ကလေးထဲမှာ ...
16/12/2022

🌷💗သဘာဝကိုချစ်မြတ်နိုးသလို ပန်းကလေးတွေကိုရောချစ်တတ်သူဆို ‘tell me more’ ဆိုတဲ့စာအုပ်ကလေးဖတ်ကြည့်ပါနော🌷💗

ဒီစာအုပ်ကလေးထဲမှာ ပန်းလေးတွေအကြောင်းရေးထားတဲ့အပြင် ပန်းပုံလှလှလေးတွေပါပါလို့
စာလဲဖတ်၊ပန်းလေးတွေရဲ့အလှကိုလည်း ခံစားလို့ရပါမယ်💗

ပြီးရင်ပန်းလေးတွေရဲ့စတင်ဖြစ်ပေါ်လာတဲ့ပုံပြင်လေးတွေနဲ့ပန်းလေးတွေရဲ့ဘာသာစကားကိုပါရေးသားထားလို့ ကိုယ်ချစ်တဲ့သူတွေကိုဘာပန်းလဲပေးရမလဲ။ဘာပန်းလေးပေးရင်ဘာအဓိပ္ပာယ်လဲဆိုတာပါသိရလို့ အရမ်းသဘောကျသောရှင်💗

အခုတော့အလှစိုက်ပန်းထဲမှာ နာမည်ကြီးတဲ့ ပန်းလေးဖြစ်တဲ့ ခေါ် မြန်မာလို ခြောက်လပန်းလို့ခေါ်ပါတယ်တဲ့ ။

သူက နက်ရှိုင်းတဲ့ခံစားချက်တွေ ၊ နားလည်ပေးမှုအတွက် ကျေးဇူးတင်တာနဲ့တောင်းပန်တာတွေကို ကိုယ်စားပြုတယ်လိုဆိုလိုပါသတဲ့ရှင်။ 💙

စာအုပ်တန်ဖိုး - ၆၈၀၀ကျပ်

စာအုပ်လေးကို မှာ မှာယူနိုင်ပါပြီနော် ❣

လက်ခံလိုက်ပါပြီ အဲဒီ့အမှန်တရားကို 😊😊"ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !"တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများ...
15/12/2022

လက်ခံလိုက်ပါပြီ အဲဒီ့အမှန်တရားကို 😊😊

"ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !"

တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။
နောက်တစ်ယောက်က "မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်" ဆိုပြီး စကားများကြရာ ရွာသူကြီး အိမ်ရောက်လာကြတယ်။

သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး
၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။

ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။

သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။

သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီး
ပြောပါတယ်။

ထို့ကြောင့် ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း
ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။

လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်ရာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ပြိုင်ငြင်းရင် ပါးစပ်( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာက ပိုအဆင်ပြေနိုင်ပါတယ်။

ထို့အတွက်ကြောင့်
"ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !"


ဘဝမှာ အရေးကြီးဆုံးက စိတ်ထားတတ်ဖို့အရေးကြီးဆုံးပါပဲ...စိတ်သာအေးချမ်းရင် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျေနပ်စရာတွေချ...
15/12/2022

ဘဝမှာ အရေးကြီးဆုံးက စိတ်ထားတတ်ဖို့အရေးကြီးဆုံးပါပဲ...
စိတ်သာအေးချမ်းရင် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျေနပ်စရာတွေချည်ပါပဲ ဒီလိုစိတ်နေစိတ်ထား တတ်ဖို့အဘက်ဘက်က စိတ်ခွန်းအားဖြည့်ဖို့ လိုအပ်ပါတယ်။
ဥပမာ-အာဟာရပြည့်ဝဖို့ အစားအသောက်တွေစားရသလို စိတ်ခွန်အားပြည့်ဖို့ စာဖတ်ခြင်းပြုလုပ်တာတွေက အရမ်းအရေးကြီးပါတယ်။
မင်မင်ရဲ့စာဖတ်ချစ်သူတို့ကိုလည်း လိုအပ်တဲ့စိတ်အာဟာရပြည့်ဝစေရန်ရည်ရွယ်ပြီး စျေးကွက်တွင်ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်များသော စာအုပ်လေးများကို တင်ပေးလိုက်ပါတယ်နော် 💙💚💛

ပုံတစ်ပုံချင်းစီရဲ့အောက်မှာအညွှန်းလေးတွေပါပါတယ်နော်. တစ်ပုံချင်းထောက်ပြီး ဖတ်ရှုလို့ရပါတယ်ရှင့်📗

စာဖတ်ချစ်သူများသာယာသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်။

စာအုပ်လေးတွေကိုမှာယူလိုပါက မှာ မှာယူနိုင်ပါပြီနော် ။

မင်္ဂလာညချမ်းလေးပါ စာဖတ်ချစ်သူတို့ရှင့်....💙မင်တို့ Page လေးကို စာအုပ်လေးတွေ မတင်ဖြစ်တာအရမ်းကြာသွားလို့ မင်တို့တောင်းပန်...
14/12/2022

မင်္ဂလာညချမ်းလေးပါ စာဖတ်ချစ်သူတို့ရှင့်....💙
မင်တို့ Page လေးကို စာအုပ်လေးတွေ မတင်ဖြစ်တာအရမ်းကြာသွားလို့ မင်တို့တောင်းပန်ပါတယ်နော် 😟
နောက်ပိုင်းမင်မင်တို့ အသစ်အသစ်တွေ နဲ့ စျေးကွက်တွင်းရှိသောစာအုပ်များကို အခါအားလျော်စွာ မင်တို့ တင်ပေးသွားပါမယ်နော် 😘
စာအုပ်တွေသာမက စာအုပ်များနဲ့သက်ဆိုင်တဲ့ အခြားပစ္စည်းများကို မင်တို့ Update အမြဲဖြစ်အောင်စာဖတ်ချစ်သူတို့အတွက် တင်သွားပေးပါ့မယ်နော် 💙

မကြာခင်အချိန်အတွင်းမှာလည်း Christmas Promotion အပြင် New Year ကံစမ်းမဲများကိုလည်း ဆောင်ရွက်သွားမှာဖြစ်လို့ မင်တို့ရဲ့ စာဖတ်ချစ်သူတို့ Page လေးကို စောင့်ကြည့်အားပေးပါဦးနော် 😍

စာဖတ်ချစ်သူများ ဘေးရာကင်းကွာပြီးစိတ်အေးချမ်းသာစွာအိပ်စက်အနားယူနိုင်ပါစေလို့ Admin Team မှ ဆုမွန်ကောင်းပေးလိုက်ပါတယ်ရှင်😘

Address

Yangon

Telephone

+959760592943

Website

Alerts

Be the first to know and let us send you an email when ReadAlike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share