မူဆယ်မြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)
အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အထွက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့တို့အကြား ယမန်နေ့ ညနေပိုင်းတိုက်ပွဲဖြစ်ပွားကြောင်း ဒေသပြည်သူများနှင့် တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် မူဆယ်မြို့အထွက် နမ့်ခုတ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ရှိသည့်နေရာကို ထိုးစစ်ဆင်လာသည့်သဘောဖြစ်ကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။
"မနေ့ ညနေ ၅ နာရီခွဲလောက်ကနေ ၆ နာရီအထိ မူဆယ်မြို့အထွက် နမ့်ခုတ်ရွာနားမှာ ချကြတ
Breaking New အစ္စရေး နိုင်ငံကို ပဲ့ထိန်း ဒုံးကျည် အစင်း ၄၀၀ ကျော်ဖြင့်ပစ်။
အောကျတိုဘာ ၁
အစ္စရေး နိုင်ငံကို ဟက်ဗိုလာ အဖွဲ့က ပဲ့ထိန်းဒံားကျည် အစင်း ၄၀၀ ခန့်ဖြင့်ပစ်လွှင့်နေတယ်လို့ သိပါသည်။ ယခုအခြေနေတွင် ဒုံးကျည်နှစ်စင်းမှာ မြေပြင်သို့ကျရောက်ပေါက်ကွဲတယ်လို့သိရပြီး အပျက်အစီး လူထိခိုက်မှုကိုတော့မသိရသေးပေ။
ယခုလက်ရှိတွင် ဒုံးကျည်များပစ်လွင့်နေဆဲဖြစ်ပြီး နာရီပိုင်း အတွင်း ဒုံးကျည် အစင်းရေများ ပ်ုများနိုင်သလို အထိအခိုက် ပျက်စီးမှုများလဲ ပိုများနိုင်ပါသည်။
ပုံ/ဗီဒီယို အစ္စရေး နိုင်ငံအတွင်းသို့ပဲ့ထိန်း ဒုံးကျည်များ ပစ်လွှင့်ပြီး မိုးပေါ်တွင် ကျည်များသဖွယ် ဒုံးကျည်များကိုတွေ့ရစဥ်။
မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို KIA က တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးပြီး တင့်ကား ၁ စီး သိမ်းဆည်းရရှိ၊ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို KIA က လိုက်လံ တိုက်ခိုက်နေ(ရုပ်/သံ)
ဩဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၇ တပ်ရင်းကို KIA က တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးပြီး တင့်ကား ၁ စီး သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို လိုက်လံတိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ခမရ ၄၃၇ တပ်ရင်းကို KIA က ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီ ကျော်မှ စတင်ပြီး ၁ နာရီ
AG နှစ်ခြင်းအသင်းတော်များ မောင်းထုတ်ခံရ
သြဂုတ် ၁၉
မတူပီမြို့နယ် ေလာက်ထန်တလန်ရွာရှိ လောက်သူမျိုးနွယ်စုများ နေထိုင်သော AG နှစ်ခြင်းအသင်းတော်များကို ကြိုက်နှစ်သက်ခြင်း မရှိလို့ ရွာမှ မောင်းထုတ်ကြတယ်လို့ မီဒီယာများတွင် ဗီဒီယိုဖိုင်နဲ့တကွ ပျံ့နှံ့ လျက်ရှိပြီး ခေတ်သစ်ချင်း အနေဖြင့်သီးခြား အတည်အပြုနိုင်သေးပေ။
အွန်လိုင်းမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော ဗီဒီယိုဖိုင်ဖြစ်သည်။
ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာတံတားမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားနဲ့ပျူတွေ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက် ခံပြီး ၁၆ ရောက်သေဆုံးကာ သေနတ် ၁၆ လတ် သိမ်းဆည်းရရှိ (ရုပ်/သံ)
ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီး အဖွဲ့တွေ ဇူလိုင် ၂၄ရက် ညနေပိုင်းက လျှပ်တပြက် အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၁၆ ယောက်သေဆုံးကာ သေနတ် ၁၆ လတ် သိမ်းဆည်း ရရှိခဲ့တယ်လို့ Myanmar Paladin Force U - 18 အဖွဲ့ထံမှ သိရပါတယ်။
သိမ်းဆည်းရရှိခဲ့တဲ့ သေနတ်တွေတော့ MA1 အမျိုးအစားသေနတ် တစ်လက်| G3 အမျိုးအစား သေနတ် ၃လက် |ပြောင်းချော သေနတ် ၁လက် |ကာဘိုင်အမျိုးအစား သေနတ် ၁၀လက် | 79 မမသေနတ် ၁လက်နဲ့ ခဲရမ်းအချို့ရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဗိုလ်ကိုင်ချဲ (ကန့်ဘလူခရိုင် အထူးလှုပ်ရှားရေး) နဲ့ JH(KU)အဖွဲ့တို့က ပူး
မိုးကုတ်မြို့နယ်တစ်ခုလုံးကို TNLA က ထိန်းချုပ် သိမ်းပိုက်ပြီးနောက် တော် လှန်ရေး တပ်များကို ပြည်သူများက သောင်းသောင်းဖျဖျကြိုဆို(ရုပ်/သံ)
ဇူလိုင် ၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် TNLA ဦးဆောင်သော တပ်များက အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် မိုးကုတ်တစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်များက ထိန်းချုပ် ရရှိသွားပြီဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ဒီနေ့မှာ မိုးကုတ်တစ်မြို့နယ်လုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်" ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ မိုးကုတ်မြို့နယ်ကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မိုးကုတ်အနောက်ပိုင်းတစ်ခုလုံးကို TNLA က သိမ်းပိုက်ခဲ့က
လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်(ရုပ်/သံ)
■ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင်ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို
ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးကို MNDAAတပ်သို့
မတူပီမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးချင်းညီနောင်အဖွဲ့ထုတ်ပြန်တာကို CNF/A ကရှင်းလင်း
ဇူလိုင်လ ၁၈
CNF/A ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ချင်းညီနောင်နဲ့ မဟာမိတ်တွေကို ထိုးစစ်ဆင်တယ်လို့ ချင်းညီနောင်ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A) ပြောရေးဆိုခွင့်
ရှိသူ ဆလိုင်းထက်နီကတော့ စစ်ကောင်စီကိုလက်နက်ချဖို့အလင်းဝင်ဖို့ကလွဲရင် ကျန်တာမပြောခဲ့ဖူးဘူးလို့ အခုလိုတုံ့ပြန်ဖြေရှင်းထားပါတယ်။
မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် ချင်းအမျိုးသားတပ်ဦး (CNF/A)နဲ့ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ချင်းညီနောင်နဲ့ မဟာမိတ်တွေကို ထိုးစစ်ဆင်ခဲ့တဲ့ကြောင်းမတူပီမြို့သိမ်းတိုက်ပွဲအတွင်း အလင်းဝင်တဲ့ စစ်ကောင်စီအရာရှိတစ်ဦးပြောကြားချက်ကို ချင်းညီနောင်က ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန
ပခုက္ကူ၊ အောင်သာပျူစောထီးကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ (ရုပ်/သံ)
ဇူလိုင် ၁၇
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင် သာ ပျူစောထီးကျေးရွာစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး က