Myanmar News Agency

Myanmar News Agency Myanmar News Agency

အနော်ရထာဘုရင်လှုဒါန်းခဲ့သောမွန်ဘာသာနဲ့အုတ်ခွက်ဘုရားတွေပါ။1971မိုးမိတ်မြို့မှာတွေ့သောအုတ်ခွက်နဲ့1983ကလေးမြို့မှာတွေ့ရှိတဲ...
20/07/2022

အနော်ရထာဘုရင်လှုဒါန်းခဲ့သောမွန်ဘာသာနဲ့အုတ်ခွက်ဘုရားတွေပါ။
1971မိုးမိတ်မြို့မှာတွေ့သောအုတ်ခွက်နဲ့1983ကလေးမြို့မှာတွေ့ရှိတဲ့အုတ်ခွက်ဘုရားတွေပါ။ ကျောက်စာဝန် သီရိပျံချီဦးမြရဲ့ အုတ်ခွက်စာအုပ် ပထမတွဲက ဟာပဲ။

အနော်ရထာကိုယ်တိုင် မွန်စာ (*Mon Script/Mon-Burmese Script)နဲ့ အုတ်ခွက်ရေးရတယ်။ သူ့ခေတ်က မွန်လူမျိုးနဲ့ စာပေကို အလေးအမြတ်ပြုကြောင်း ပြထားတာပဲတဲ့။ စာစစ်စာမှန် သမိုင်းစစ် သမိုင်းမှန်များ ခွဲခြားဖတ်တတ်ကြပါစေသတည်း။

*ကပ်သတ်ပြောတတ်သူများက language ဟုထင်မှတ်မည်စိုး၍ ဘာသာပြန်ဝေါဟာရ ထပ်ထည့်ပေးသည်။

#ဆရာZaw Minn Oo

ထိုင်း ရေနံဓာတ်ငွေ့ရည် (ထင်းအစားထိုးလောင်စာ) တင်သွင်းမှု ဝါဆိုပိတ်ရက် အပြီး ဇူလှိုင်လ ၂၀ ရက်နေ့မှစ၍ပုံမှန်အတိုင်းပြန်လည်...
20/07/2022

ထိုင်း ရေနံဓာတ်ငွေ့ရည် (ထင်းအစားထိုးလောင်စာ) တင်သွင်းမှု
ဝါဆိုပိတ်ရက် အပြီး ဇူလှိုင်လ ၂၀ ရက်နေ့မှစ၍ပုံမှန်အတိုင်းပြန်လည်တင်သွင်းလာမှာဖြစ်ပါတယ်
ပုံမှန်တင်သွင်းမှုအပြင် လိုအပ်ချက်အတွက် ထပ်တိုး မှာယူလိုပါက
အမှန်တကယ် လိုအပ်သလောက်သာ မှာယူတင်သွင်းပေးမှာဖြစ်လို့
ကြိုတင်မှာကြားပေးကြစေလိုပါတယ်

Clean Energy For Future & The Best Quality ThaiGas

အမေရိကန်တို့သတိထားရမည့် ရုရှား၏ Yasen-M အတန်းစား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော -----------------------------------...
16/10/2021

အမေရိကန်တို့သတိထားရမည့် ရုရှား၏ Yasen-M အတန်းစား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော
-------------------------------------------------------------
ရုရှားရေတပ်အတွက် Yasen-M အတန်းစား K-571 Krasnoyarsk နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအား ဇူလိုင်လ ၃၀ ရက်နေ့က ရေချပွဲပြုလုပ်ခဲ့သည်။ အဆိုပါရေငုပ်သင်္ဘောတွင် ဒုံးပျံအမျိုးအစား ၃ မျိုးအား ပစ်ခတ်နိုင်သည့် ဒေါင်လိုက်ပစ်စင်များပါရှိပြီး တော်ပီဒိုပစ်ပြွန်များလည်းတပ်ဆင်ထားသည်။ Yasen-M အတန်းစား ရေငုပ်သင်္ဘောသည် ဘက်စုံသုံး ပဲ့ထိန်းဒုံးပျံတင်နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော(SSGN)ဖြစ်ပြီး ရုရှားရေတပ်၏ ခေတ်အမီဆုံး၊ အဆင့်မြင့်ဆုံးနှင့် တိုက်စွမ်းအားအမြင့်ဆုံးရေငုပ်သင်္ဘောများဖြစ်ပြီး Krasnoyarsk သည် တတိယမြောက်အစီးဖြစ်သည်။

Yaesan-M အတန်းစားရေငုပ်သင်္ဘော၏ အထွေထွေအချက်အလက်များ
-------------------------------------------------------------
Yaesan-M အတန်းစားသည် ယခင် Yaesan အတန်းစားအား အဆင့်မြှင့်တင်မှုများပြုလုပ်ထားခြင်းဖြစ်ပြီး ပိုမိုတိတ်ဆိတ်ကာ လျှပ်စစ်သံလိုက်လှိုင်းအား နည်းပါးသည့် သံမဏိဖြင့်တည်ဆောက်ထားခြင်းကြောင့် ရေအောက်တွင်ထောက်လှမ်းရန်ပိုမိုခက်ခဲစေသည်။ ယခင် ဆိုဗီယက် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများနှင့်အဓိကမတူသည့်အချက်မှာ Yaesam-M အတန်းစားအား ဘက်စုံတာဝန်များထမ်းဆောင်နိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ပြီး အမေရိကန်၏ Seawolf သို့မဟုတ် Virginia အတန်စားရေငုပ်သင်္ဘောများနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိသည်။
Yaesam-M အတန်းစားရေငုပ်သင်္ဘောသည် အလျား ၁၃၀ မီတာ၊ ရေအောက်တန်ချိန် ၁၃၈၀၀ တန်ရှိပြီး ရေအနက် ၆၀၀ မီတာထိ ငုပ်နိုင်ပြီး ကိုယ်ပိုင်ထိန်းကြောင်းမှုစနစ်ဖြင့် ရက်ပေါင်း ၁၀၀ ကျော် တာဝန်ထမ်းဆောင်နိုင်သည်။ ယခင်ရေငုပ်သင်္ဘောများတွင် ရေငုပ်သင်္ဘောကိုယ်ထည်အား ၂ ထပ်တည်ဆောက်ထားသော်လည်း Yaesam-M တွင် ကိုယ်ထည်တစ်ထပ်တည်းဖြင့်သာတည်ဆောက်ထားသည်။ Krasnoyarsk တွင် အဆင့်မြင့် အလိုလျောက်စနစ်များတပ်ဆင်ထားပြီး တပ်ဖွဲ့ဝင်အင်အား အနည်းဆုံး ၈၅ ဦး ဖြင့် တာဝန်ထမ်းဆောင်နိုင်သည်။ OK-650KPM နျူကလီးယား ဓာတ်ပေါင်းဖိုတစ်လုံးတပ်ဆင်ထားပြီး ၂၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးသည်။ အဆိုပါ နျူကလီးယားဓာတ်ပေါင်းဖို၏ လည်ပတ်နိုင်စွမ်းအားသည် ရေငုပ်သင်္ဘောအား အသုံးပြုနိုင်သည့် သက်တမ်းပြည့်သွားသည့်တိုင် ပြန်လည်ဖြည့်တင်းပေးရန်မလိုအပ်ပေ။ Krasnoyarsk အား ရေအောက်တွင် အသံတိတ်ဆိတ်စွာဖြင့် အမြန်နှုန်း တစ်နာရီ ၃၂ မိုင်နှုန်း(အများဆုံး တစ်နာရီ မိုင် ၄၀ နှုန်းဖြင့်) နှင့် ရေပေါ်တွင် တစ်နာရီ ၂၃ မိုင်နှုန်းဖြင့်မောင်းနှင်နိုင်သည်။

အာရုံခံစနစ်များနှင့် လက်နက်စနစ်များ
---------------------------------
Yaesan-M သည် ရုရှားရေတပ်တွင် Spherical sonar တပ်ဆင်ထားသည့် ပထမဆုံးသောရေငုပ်သင်္ဘော အတန်းစားဖြစ်သည်။ ဦးစွန်းပိုင်းတွင် Irtysh-Amfora spherical sonar တပ်ဆင်ထားပြီး ရေငုပ်သင်္ဘောဘေးပိုင်းတွင်လည်း Sonar များတပ်ဆင်ထားသည်။ ရေငုပ်သင်္ဘော၏ နောက်ပိုင်းအား ထောက်လှမ်းနိုင်ရန် Towed array sonar တပ်ဆင်ထားသည်။ ရေမျက်နှာပြင်တွင် ရေကြောင်းသွားလာရေးနှင့် ရှာဖွေရေးအတွက် MRK-50 Albatross(Snoop Pair) Radar တပ်ဆင်ထားသည်။ အီလက်ထရောနစ်စစ်ဆင်ရေးအတွက် Rim Hat ESM တပ်ဆင်ထားသည်။ လက်နက်ဆိုင်ရာတပ်ဆင်ထားမှုအဖြစ် အကွာအဝေးကီလိုမီတာ ၆၀၀(၃၇၃ မိုင်) ထိ ပစ်ခတ်နိုင်သည့် အသံထက် ၂.၅ ဆ မြန်သည့် Supersonic anti-ship cruise missile P-800 Oniks ဒုံးပျံ ပစ်ခတ်နိုင်သည့် ဒေါင်လိုက်ဒုံးပစ်ပြွန်(VLS) ၁၀ ခုတပ်ဆင်ထားပြီး စုစုပေါင်း ဒုံးပျံအစင်း ၄၀ တင်ဆောင်နိုင်သည်။ Oniks ဒုံးပျံတွင် အဆင့်မြင့် ပဲ့ထိန်းလမ်းညွှန်မှုစနစ်(flight with satellite guidance and search with active radar)တပ်ဆင်ထားပြီး Fire and Forget စနစ်ဖြစ်သောကြောင့် Krasnoyarsk သည် Oniks ဒုံးပျံအား ပစ်ခတ်ပြီးပါက လွတ်လပ်စွာ စစ်ကစားလှုပ်ရှားနိုင်စွမ်းရှိသည်။ Oniks တွင် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည်။ Oniks ဒုံးပျံမသုံးပါက အမေရိကန်၏ Tomahawk ဒုံးပျံနှင့် အရည်အသွေးညီသည့် Kalibr ဒုံးပျံများအသုံးပြုနိုင်ပြီး အစင်းရေ ၅၀ ထိတင်ဆောင်နိုင်သည်။ Kalibr ဒုံးပျံသည်လည်း နျူကလီးယားထပ်ဖူးတပ်ဆင်အသုံးပြုနိုင်သည်။

တော်ပီဒိုတပ်ဆင်ထားမှု
-------------
Krasnoyarsk တွင် Type 65 650mm Heavy weight Torpedo ထည့်သွင်းပစ်ခတ်ရန် တော်ပီဒိုပြွန် ၁၀ ခုပါရှိပြီး တော်ပီဒို အလုံး ၃၀ တင်ဆောင်နိုင်သည်။ အဆိုပါတော်ပီဒိုများသည် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောအုပ်စု၊ ရန်သူ့ ရေငုပ်သင်္ဘောများနှင့် ဆီတင်ရေယာဉ်အကြီးစားများ၊ ကုန်သွယ်ရေယာဉ်ကြီးများအား တိုက်ခိုက်ရာတွင် အသုံးပြုရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားခြင်းဖြစ်ပြီး အကွာအဝေး ၆၂ မိုင်( ၁၀၀ ကီလိုမီတာ) ထိပစ်ခတ်နိုင်သည်။ အဆိုပါ တော်ပီဒိုသည် ပေါင် ၁၂၁၂(၅၅၀ ကီလိုမီတာ) ရှိ ထိပ်ဖူးအား သယ်ဆောင်နိုင်ပြီး တစ်စင်းတည်းဖြင့် ရန်သူ့ Battle ship ကဲ့သို့ ရေယာဉ်ကြီးအား ပစ်ခတ်နှစ်မြုပ်နိုင်သည်။

ခြိမ်းခြောက်မှုပိုမိုကြီးမားလာမည့် ရေငုပ်သင်္ဘောမှ ပစ်ခတ်နိုင်သည့် Zircon hypersonic missile
----------------------------------------------------------
ယခုအခြေအနေမှာပင် ရုရှား၏ Krasnoyarsk နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောသည် ပြိုင်ဘက်နိုင်ငံများအတွက် ကြီးမားသော ချိန်းခြောက်မှုဖြစ်နေသည်။ သို့သော် ထိုမျှလောက်နှင့်ပင် ချိန်းခြောက်မှုကမပြီးသေးပေ။ ရုရှား၏ Hypersonic missile Zircon အား ရေငုပ်သင်္ဘောမှ စမ်းသပ်ပစ်ခတ်အောင်မြင်ပြီးဖြစ်သည်။ ထိုကြောင့် Krasnoyarsk ၏ တိုက်စွမ်းအားအား မြှင့်တင်ရန် အဆိုပါ Zircon ဒုံးပျံအား Krasnoyarsk တွင် တပ်ဆင်သွားမည်ဖြစ်ကြောင်းပြောကြားထားသည်။ Zircon ဒုံးပျံ၏ အမြန်နှုန်းသည် အသံထက် ၉ ဆမြန်ပြီး ပစ်မှတ်ဆီသို့ အနိမ့်ပျံသွားသောကြောင့် ရန်သူရေဒါများမှ ဖမ်းယူရန်ခက်ခဲပြီး ကြားဖြတ်ပစ်ခတ်ချရန်အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ ဖျက်အားပြင်း ထိပ်ဖူးနှင့် ပျံသန်းမှုနှုန်းအလွန်မြင့်မားခြင်းကြောင့် ဒုံးပျံ၏ Kinetic energy အလွန်မြင့်မားပြီး ဒုံးပျံတစ်စင်းတည်းဖြင့် ရန်သူလေယာဉ်တင်သင်္ဘောအား အင်အားချိနဲ့သွားအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်။ ထိုကြောင့်လည်း ရုရှား၏ ပြိုင်ဘက် အမေရိကန်သည် Zircon ဒုံးပျံ နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။

ရုရှားသည် Yasen-M အတန်းစား နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော ၈ စီးအထိ တည်ဆောက်သွားရန် အစီအစဉ်ရေးဆွဲထားသည်။

https://navalpost.com/yasen-m-nuclear-submarine/

16/10/2021

Address

Yangon

Alerts

Be the first to know and let us send you an email when Myanmar News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share