STUN Magazine - Myanmar

STUN Magazine - Myanmar News / Entertainment / Live / Program
(128)

07/11/2024

“ ဘယ်တေးရေးဆရာမဆို ကိုယ့်သီချင်းကိုယ် ရာသက်ပန်၊ ရာစုနှစ် ထောင်စုနှစ်အထိ သွားချင်ကြတာပေါ့၊ဘယ်အချိန်ထိရှိမယ် ဘယ်အချိန်ထိ ဘောင်ဝင်နေမလဲဆိုတာ ပရိတ်သ-တ်ကပဲ ဆုံးဖြတ်တာ”

“ဘယ်တေးရေးဆရာမှ သီချင်းတစ်ပုဒ်ကို ပြီးပြီးရော မရေးသလို မျှော်လင့်ချက်ကို သေးသေးလေးမထားဘူး။ခေတ်မှီတယ် ခေတ်မမှီဘူးဆိုတာ တီးဝိုင်းပံ့ပိုးမှူရယ်အဆိုတော် တွေရဲ့ Talent နဲ့လည်း အများကြီးဆိုင်တယ်”

တေးရေးဆရာ လူမောင်(ဆေး-၁)နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #လူမောင်(ဆေး-၁)

စာရိတ္တ(၂)ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲ🎉🎉🎉*******************************မကြာခင်မှာ ရုံတင်ပြသတော့မယ့် စာရိတ္တ(၂) ရုပ်ရှင...
07/11/2024

စာရိတ္တ(၂)ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆက်ပွဲ🎉🎉🎉
*******************************
မကြာခင်မှာ ရုံတင်ပြသတော့မယ့် စာရိတ္တ(၂) ရုပ်ရှင်ဇာတ်ကားကြီးမိတ်ဆကိပွဲ အခမ်းအနားကို 𝐓𝐡𝐞 𝐑𝐚𝐲 𝐒𝐭𝐮𝐝𝐢𝐨 မှာ ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ(၅)နာရီ အချိန်မှာ ပါဝင်ထားတဲ့သရုပ်ဆောင်များနဲ့ အောင်မြင်စွာ စာရိတ္တ(၂) ကိတ်မုန့်ကြီးကိုခွဲခဲ့ကြတာပဲဖြစ်ပါတယ်။🎂🍾🎉🎉

“ စာရိတ္တ(၂)ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စိုးမိုးမင်းမှ အမိုက်စားပုံဖော်ရို-က်ကူးထားတာဖြစ်ပြီးဒါရို-က် တာစိုးမိုးမင်းအပြင် ပါဝင်သရုပ် ဆောင်ထားတဲ့ သူတွေဖြစ်တဲ့အကယ်ဒမီ နေဝင်း ၊ မင်းဘုန်းမြတ်၊ ကောင်းမြတ်စံ ၊ ချာလီ ၊ တေဇလင်းရောင် ၊ ထွန်းပုလဲရတနာ ၊ ဥဩသံသာတို့မှ တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။😍😍😍

#စတန်းမဂ္ဂဇင်း #𝐂𝐞𝐥𝐞𝐛𝐫𝐢𝐭𝐲 #စာရိတ္တ(၂) #ရုပ်ရှင်ဇာတ်ကားကြီး

07/11/2024

" Ruth က Shakira အသံကာလာနဲ့ တော်တော်လေးဆင်တာ လူတိုင်းသိမှာပါ။ ဒီလိုထူးခြားတဲ့အသံပိုင်ရှင်မျိုးရဖို့ဆိုတာလဲ ခက်ခဲပါတယ်။ ညီမလေး Ruth က အရမ်းကြိုးစားပြီး တော်တဲ့သူတစ်ယောက်ပါ "

" အန်နီနဲ့ Ruth က အရမ်းရင်းနှီးကြတယ်။ Messenger မှာဆို Ruth က GF လိုတောင် Nickname ပြောင်းထားတာပါ။ အယ်နီ ကိုလဲ သူနဲ့ ရွယ်တူထင်ပြီး အရမ်းစနောက်တတ်တဲ့သူပါ "

အဆိုတောင် အယ်နီရှိုင်းနှင့် အမှတ်တရတွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #အယ်နီရှိုင်း

07/11/2024

" တိုးစိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဆရာ့ဆီကို သွားတွေ့ခဲ့တာ ကိုယ်က အငယ်ဖြစ်တော့ တိုးကပဲ တောင်းပန်လိုက်တာပါ။ အစပိုင်းမှာ မခေါ်သလိုဖြစ်နေပေမယ့် စပရို-က်လုပ်လိုက်တဲ့အချိန်မှာတော့ အရင်လို ရင်းရင်းနှီးနှီးပြန်ဖြစ်သွားကြတယ် "

" တိုးကို ဒီနေရာရောက်အောင် ဆရာကပဲ သင်ပြပေးခဲ့တာပါ ၊ ဆရာနဲ့တပည့်ကြားမှာ ချစ်ခြင်းမေတ္တာက အရေးကြီးဆုံးပါပဲ။ ဆရာပြောတယ်ဆိုတာကလည်း တိုးကို စိတ်ပူလို့ပါ "

TikTok Cele တိုးအောင် နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #တိုးအောင်

06/11/2024

🙏 ဂမ္ဘီရမျက်ရှင် ဆရာဘုန်းတေဇ ၏‌‌‌‌ ကြာသပတေးသားသမီးများ၏စိတ်နေစိတ်ထားနှင့်ဘဝအတွေ့အကြုံများကို (၇) ရက်သားသမီးများအတွက် ဝေမျှတင်ဆက်ပေး လိုက်ပါသည်🙏
STUN Magazine(စတန်းမဂ္ဂဇင်း)၏ မနက်ပိုင်းဗေဒင်ကဏ္ဍကို (၇)ရက်သားသမီးတို့၏အကျိုးကိုရည်ရွယ်ကာ၊ မနက်(၆)နာရီတိတိအချိန်တွင် နေ့စဉ်မပြတ်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။🙏
#ဆရာဘုန်းတေဇ #စတန်းမဂ္ဂဇင်း #မနက်ပိုင်းဗေဒင်ကဏ္ဍ #ဗေဒင်

06/11/2024

" ကျွန်တော်ရယ် မီးမီးရယ် သဲသဲရယ်ဆိုတာ စွယ်တော်ရွက်တွေလိုပါပဲ ၊ ဘယ်တော့မှ ခွဲကြမယ့် မိသားစုတွေ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်က ရင်ထဲမေတ္တာ စေတနာတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမလို့ မစိုးရိမ်ဖို့ ပြောချင်တယ် "

" ဖိုင်နယ်ညမှာ လာကြည့်တဲ့သူတွေရဲ့ တစ်ဝက်က မြန်မာတွေချည်းပဲ ၊ သဲသဲကို ရိုးရိုးသားသားနဲ့စင်ပေါ်က ခေါ်လိုက်တဲ့အချိန်မှာ လူအုပ်က အရမ်းများတော့ အဲ့လိုတွေဖြစ်သွားတာပါ "

National Director ထူးအံ့လွင် ၊ အလှမယ် အိအိအောင်ထွန်း @ မီးမီး ၊ သဲစုညိမ်း @သဲသဲ တို့နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #ထူးအံ့လွင် #အိအိအောင်ထွန်း #မီးမီး #သဲစုညိမ်း #သဲသဲ

စိန်နန်းတော်နဲ့အတူ ကြော်ငြာတွေရို_က်ကူးပြီး တောင်ကြီးက ပရိတ်သ_တ်တွေနဲ့ ထိတွေ့ရတော့မယ့် သဲသဲလေး♥️💎👏**********************...
06/11/2024

စိန်နန်းတော်နဲ့အတူ ကြော်ငြာတွေရို_က်ကူးပြီး တောင်ကြီးက ပရိတ်သ_တ်တွေနဲ့ ထိတွေ့ရတော့မယ့် သဲသဲလေး♥️💎👏
****************************
" အလှမယ်လေး သဲစုညိမ်း@သဲသဲဟာ စိန်နန်းတော်နဲ့အတူ လက်တွဲပြီး ကြော်ငြာတွေ ရို_က်ကူးတော့မှာဖြစ်ပါတယ်။ မကြာမီမှာလဲတောင်ကြီးမှာ ကျင်းပပြုလုပ်မယ့် စိန်နန်းတော်ရဲ့စျေးရောင်းပွဲတော်ကြီးမှာလဲ ပါဝင်သွားမှာဖြစ်ပြီး စိန်နန်းတော်ရဲ့ လက်ဝက်ရတနာတွေနဲ့အတူ လှပတင့်တယ်နေတဲ့ အလှမယ် သဲစုညိမ်း@သဲသဲ၊ အိအိအောင်ထွန်း@မီးမီး တို့ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ် "

#စတန်းမဂ္ဂဇင်း #သဲစုညိမ်း #မီးမီး
#စိန်နန်းတော်

06/11/2024

" မေပန်းချီက သူ့နှုတ်ခမ်းနီCommercial အတွက် အလှပုံရိုက်ပေးဖို့ သေချာပြောလာတာနဲ့ ရို-က်ပေးဖြစ်တာပါ။ အရင်က အလှသေချာပြင်ပြီး အဲ့လိုပုံတွေ မရို-က်ဖြစ်တော့ ဘာလုပ်လို့လုပ်ရမလဲကို မသိဘူး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကြည့်နေတာ "

" အလှတွေ ပြင်ပြီးရို-က်ထားတဲ့ပုံတွေဆိုတော့ ပရိသ-တ်တွေက သိပ်မမှတ်မိကြဘူး ။ မန့်တွေမှာတောင် ဒါက အရံလုပ်တဲ့မင်းသမီးလား မှတ်တောင်မမှတ်မိဘူးဆိုပြီး ရေးထားတာ တွေ့လိုက်တယ် "

သရုပ်ဆောင် အေဏီဇော် ၊ စင်သီယာ ၊ ဇာခြည်လွင် ၊ အင်ကြင်း တို့နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #အေဏီဇော် #စင်သီယာ #ဇာခြည်လွင် #အင်ကြင်း

06/11/2024

" တာချီလိတ်ကို လာလှူတဲ့သူက အမ ပထမဆုံးလို့ပြောကြတယ် ၊ တကယ်ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပေးကြပြီး ဝမ်းသာနေကြတာမြင်တော့ ပီတိဖြစ်ရတယ်။ ဒီမှာ အသက်ဆုံးရှုံးသွားတဲ့သူတွေကို ရေစက်ချ မေတ္တာပ်ု့ပြီး အမျှဝေပေးဖြစ်တယ် "

" ရေဘေးကြောင့် အကုန်ဆုံးရှုံးသွားတဲ့အချိန်မှာ မခိုင်နှင်းဝေအခုလိုလာလှူပေးတော့ အသစ်ပြန်လည်ထူထောင်ဖို့ ငွေအားရော ခွန်အားပါ ရတယ်။ အမကို အရမ်းကျေးဇူးတင်ပါတယ် "

မခိုင်နှင်းဝေ နှင့် တာချီလိတ်ရှိ ရေဘေးသင့်ပြည်သူ များနှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #ခိုင်နှင်းဝေ #တာချီလိတ် #ရေဘေးသင့်ပြည်သူ

06/11/2024

" Medic Journey အနေနဲ့မြန်မာနိုင်ငံကလူနာတွေကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ Global Careနဲ့အတူ နားလည်မှုစာချွန်လွှာ
ရေးထိုးပြီး အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးကင်ဆာဌာနဖြစ်တဲ့ HCGဆေးရုံကြီးကို မိတ်ဆက်တဲ့ အခမ်းအနားလဲဖြစ်ပါတယ် "

" ကျွန်မတို့ရဲ့ Medic Journey Health Care ကဆိုရင် နိုင်ငံခြားမှာရှိတဲ့ ကမ္ဘာ့အဆင့်အတန်းမှီဆေးရုံကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသချင်တဲ့ လူနာတွေအတွက် အစအဆုံး ဝန်ဆောင်မှုပေးတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံခြားသို့ ဆေးကုသချင်တဲ့ လူနာတွေအတွက် လေယာဉ်လက်မှတ်၊ Passport၊ Visa၊ စကားပြန် စသည် ဝန်ဆောင်မှုတွေ ပေးသွားမှာပဲ ဖြစ်ပါတယ် "

Medic Journey Health Care မှ Managing Director ဒေါက်တာ ဒေါ်မေမြတ်ဇော်နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင့် .MayMyatZaw

06/11/2024

" ေ-ဆးပညာနဲ့ပတ်သက်ပြီး ဆရာက ဘာတွေကုလဲလို့မေးရင် (၉၆)ပါး ရောဂါလုံးပျောက်အောင် ကုပေးနိုင်တဲ့ ေ-ဆးဝိဇ္ဇာလို့ပြောရမယ်။ ယုံကြည်မှုက တကယ်ကို အရေးကြီးပါတယ် "

" ေ-ဆးပညာမှာ ချို့ယွင်းချက်တွေက ရှိပေမယ့် အဓိကအရေးကြီးတာကတော့ Will Power ပါပဲ ၊ ဆရာ့မျက်နှာကို မြင်တာနဲ့ ရောဂါတစ်ဝက်ပျောက်တာကလည်း Will Powerအားကောင်းတာလို့ပြောရမှာပေါ့ "

လူရွှင်တော် ငွေတိုး ၊ ချစ်ချော တို့နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #ငွေတိုး #ချစ်ချော

06/11/2024

" အားကစားတစ်ခုမှာ အရှုံးနဲ့အနိုင် နှစ်ခုပဲရှိတာမလို့ ရှုံးရင် ဘာကြောင့်ရှုံးလဲ နိုင်သွားရင်လည်း နောက်တစ်ခေါက်ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့အတွေးပဲတွေးတယ် ၊ Training တွေ ပိုလုပ်ဖြစ်တယ် "

" ဘယ်သူမဆို နိုင်ချင်ကြတာပါပဲ ၊ ရှုံးသွားခဲ့ရင် အနည်းနဲ့အများစိတ်ဓာတ်ကျပေမယ့် ရှုံးသွားတဲ့ပွဲကြောင့်ဆိုပြီး ကြက်တောင် Careerက ရပ်တန့်သွားမှာ မဟုတ်လို့ ပိုကောင်းအောင်ပဲ ကြိုးစားတယ် "

ကြက်တောင်ရို-က် ကစားသမား သက်ထားသူဇာ နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #သက်ထားသူဇာ

06/11/2024

“မနက်စာ ၊ ညစာတောင် မှန်အောင်
ရုန်းကန်ပြီးစားသောက်နေကြတာမွေးနေ့ဆိုတာ သူစိမ်းတစ်ယောက်လိုပဲ ဘာမှန်းမသိဘူး။ ဒီဝေဒနာရှင်
အမျိုးတွေကပဲကျွန်တော့်ကိုမွေးနေ့ဆိုတာလုပ်ပေးခဲ့တာ”

“ ရိုးသားစွာပြောရရင် ကိတ်ဝယ်စရာကိုမလိုတာ အမျိုးတွေကပဲအသိအမှတ် ပြုပေးတဲ့အရာလေးပါ။ တစ်နှစ်တော့ ေ-သဖို့ နီးလာပြန်ပြီပေါ့”

သရုပ်ဆောင် ဆရာထူးခန့်ကျော် နှင့်တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #ထူးခန့်ကျော်

06/11/2024

“ မရတဲ့အချိန်မှာဖြစ်သွားတဲ့မျက်နှာ over လုပ်ပြီး reaction တွေလုပ်ကြတာတွေ့ပါတယ် ။ တော်တော်များများပြောနေတာ Drama Queen ပေါ့။ ဘာလို့လဲဆို NCမှာ သဲသဲရဲ့ မျက်လုံးအကြည့်တွေ မာန်ထည့်လိုက်တာတွေကို Dramaလုပ်တယ်ထင်နေကြတဲ့အတွက်ဘာမှတော့မပြောချင်ပါဘူး”

“ NC ကလည်း နတ်ကြီးတဲ့ဝတ်စုံဖြစ်တဲ့အတွက် ဝတ်စုံကိုပဲတောင်းပန် ခိုင်းတာ သဲသဲကိုတောင်းပန်ဖို့ပြောတာမဟုတ်ဘူး။ကောင်းကောင်းမွန်မွန်ပဲပြောခဲ့တာပါ အလှမယ်စိတ်မကောင်းဖြစ်မှာစိုးလို့ သဲသဲက NC ဝတ်စုံချွတ်ပြီးတာနဲ့ ပြန်ပြီးတောင်းပန် ပါသေးတယ်”

အလှမယ် သဲစုညိမ်း ၊ National Director ထူးအံ့လွင် နှင့်တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #သဲစုညိမ်း #ထူးအံ့လွင်

" မေတ္တာတရားတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့တဲ့ ဆရာထူးခန့်ကျော်ရဲ့ (၄၆) နှစ်ပြည့် မွေးနေ့ မဂ်လာ🎉🙏👏🥰🎂" " ယနေ့ နိုဝင်ဘာလ (၆) ရက...
06/11/2024

" မေတ္တာတရားတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့တဲ့ ဆရာထူးခန့်ကျော်ရဲ့ (၄၆) နှစ်ပြည့် မွေးနေ့ မဂ်လာ🎉🙏👏🥰🎂"

" ယနေ့ နိုဝင်ဘာလ (၆) ရက်နေ့ကတော့ သရုပ်ဆောင် @ ဆရာထူးခန့်ကျော် ၏ (၄၆)နှစ်ပြည့် မွေးနေ့ မဂ်လာ အခါတော်ရက်မြတ်ဖြစ်ပြီး နေအိမ်ဖြစ်သည့် မြောက်ဒဂုံမှာပင် စတုဒီသာအလှူများ ၊ အာဟာရအလှူများ ၊ မိတ် ဆွေ တပည့်တပန်းများ၏ ဖျော် ဖြေမှုများဖြင့်ပြည့်နှက်နေသည့် ပုံရိပ်များစွာနှင့်အတူမွေးနေ့အမှတ် တရအဖြစ်လည်း ဝေဒနာရှင် အယောက်ပေါင်း (၂၀၀၀) ကျော်ကိုလည်း ‌မေတ္တာဖြင့်ကျေးဇူးတုံ့ပြန်သွားမည်ဟုလည်းသိရပါသည်။🙏👏🎂

" HAPPY Birthday 🥳🎂 ပါ ဆရာထူးခန့်ကျော် ။ ဆရာ့ရဲ့ဘဝမှာကောင်းခြင်းအရာတွေဆထက်တိုးပွားပြီး လူထုအကျိုး သာသနာ့အကျိုးကို ဒီ့ထက်မကအကျိုးပြုသွားနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးရင်း 🙏🎂

#စတန်းမဂ္ဂဇင်း #ထူးခန့်ကျော် #မွေးနေ့

06/11/2024

" စုက မိန်းကလေးအရမ်းလိုချင်တော့ ဗိုက်ကြီးတဲ့အချိန်မှာ ယောက်ျားလေးဖြစ်မှာ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အဲ့အချိန်မှာ သမီးလေးကို အိမ်မက်မက်ခဲ့တော့ သေချာတာ မိန်းကလေးပဲမွေးမှာလို့ တွေးခဲ့တာ အမှတ်တရပဲ "

" ရတနာအလုပ်တွေ လုပ်ဖြစ်တာကလည်း ဒီကလေးရဲ့ကံကြောင့်လို့လည်း ဗေဒင်ဆရာတွေက ပြောကြတယ်။ သူ့ကို မွေးပြီးတဲ့အချိန်မှာ ရတနာတွေအများကြီးလည်း ရခဲ့တယ် "

သရုပ်ဆောင် စုလင်းရှိန် နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #စုလင်းရှိန်

06/11/2024

" ကိုပိုင်ဇေရဲထွန်းတို့ လင်မယားနှစ်ယောက်လုံးက အခုချိန်နုပျိုနေတော့ ဘာတွေလုပ်လဲမေးကြည့်သေးတယ်။ အကိုက ရေများများသောက်တဲ့ လီလီလည်း အသက်အရွယ်တစ်ခုရောက်လာပြီဆိုတော့ မေးရမယ်လေ "

" နောက်ဆယ်နှစ်လောက်နေရင် လီလီလည်း အဲ့လိုနုပျိုချင်တယ်။ ဘယ်လိုဖြစ်မလဲဆိုတာ ပြောလို့မရသေးဘူးလေ ၊ အကိုတို့နှစ်ယောက်လုံးကိုတော့ တကယ်အားကျတယ် "

သရုပ်ဆောင် လီလီကျော်ခိုင် နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #လီလီကျော်ခိုင်

06/11/2024

" Street Foodလို့ ညစ်ပတ်တာမျိုးမဟုတ်ဘဲ သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်နဲ့ စားချင်စဖွယ်ဖြစ်တာမျိုးလိုချင်လို့ အတတ်နိုင်ဆုံး အသန့်ရှင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ် "

" အမဆိုင်မှာ ဆယ်စုနှစ်တစ်ခုလောက်ထိ ဝယ်စားလာတဲ့ Customer တွေလည်း ရှိတယ်။ ဆိုင်ဖွင့်ပြီးနှစ်နာရီအတွင်းမှာတင် ပစ္စည်းတွေပြတ်အောင်ထိ ရောင်းရတယ် ၊ အမတို့က တစ်နေ့စာတစ်နေ့ လတ်လတ်ဆတ်ဆတ်ပဲ ရောင်းပေးပါတယ် "

ဘိုင်လေး ကြက်ကြော် ဆိုင်ပိုင်ရှင် မအိဖြူစင် နှင့် တွေ့ဆုံခြင်း

#စတန်းမဂ္ဂဇင်း #အိဖြူစင် #ဘိုင်လေးကြက်ကြော်

Address

Yangon

Alerts

Be the first to know and let us send you an email when STUN Magazine - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to STUN Magazine - Myanmar:

Videos

Share

Our Story

ပရိသတ် စိတ်တိုင်းကျ သုတ၊ ရသ၊ အလှအပ၊ ဗဟုသုတ ဟူသမျှကို စေတနာ စိတ်အား ထက်သန်စွာ မျှဝေပေးနေသော မဂ္ဂဇင်း ဖြစ်ပါသည်။