05/12/2023
ပြီးခဲ့တဲ့ ယူ ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက မာလီအသင်းဟာ အာဂျင်တီးနားကို တတိယလုပွဲမှာအနိုင်ရခဲ့ပြီးတဲ့နောက် တစ်သင်းလုံးနီးပါးက ရော်နယ်ဒိုရဲ့ "စူး၀ီးးး" နဲ့အောင်ပွဲခံခဲ့ကြပါတယ်။
အဲဒိနေ့အပြီး နောက်တစ်ရက်မှာတော့ ဂျာမနီအတွက် ဂိုးသွင်းပေးခဲ့တဲ့ ဘရန်နာက ရော်နယ်ဒိုရဲ့ စူး၀ီးးး အကွက်နဲ့ပဲ အောင်ပွဲခံခဲ့ပြန်တယ်။
ဒီတော့ မေးစရာရှိလာတာက ဘောလုံးလောကရဲ့နောက်တက် လူငယ်လေးတွေဟာ ရော်နယ်ဒို ကို ဘာလို့ ကိုးကွယ်လာကြတာလဲ။ GOAT တံဆိပ်ချင်းအတူတူ မက်ဆီရဲ့နောက်ကို ဘာလို့မလိုက်သွားကြတာလဲ။
ဒီနေ့မှာတော့ အဲဒီမေးခွန်းလေးနဲ့ပတ်သက်ပြီး သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။
ရော်နယ်ဒို ကို ချာတိတ်လေးတွေ ဘာလို့ ကိုးကွယ်ကြသလဲ။
ဒီမေးခွန်းအတွက် ရိုးရှင်းတဲ့အဖြေကတော့ သူတို့ဟာ ရော်နယ်ဒိုရဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်မှ အောင်မြင်မှုရမယ်ဆိုတဲ့ သီအိုရီ ကို လက်ခံထားကြတာမို့ပါပဲ။
ပိုပြီး လက်တွေ့ကျကျပြောရမယ်ဆိုရင် လူ ၁၀၀ မှာ ၉၅ ယောက်လောက်က မက်ဆီလိုမဖြစ်နိုင်ပေမယ့်၊ ကိုယ်တိုင်သာကြိုးစားမယ်ဆိုရင် ရော်နယ်ဒိုလိုတော့ ဖြစ်နိုင်သေးတာမို့ပါ။
မက်ဆီဟာ ဘောလုံးပါရမီရှင်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဘောလုံးနဲ့ပတ်သက်တဲ့ စက်ယန္တယားတစ်ခုကရှိနေခဲ့ပြီးသား။ ရော်နယ်ဒိုက အရမ်းအေးတဲ့နေ့တွေမှာ လေ့ကျင့်ခန်းတွေဆင်းနေရပေမယ့်၊ မက်ဆီကတော့ အဲလိုနေ့တွေဆိုအိပ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် နောက်တစ်ရက်ပွဲကန်ရင် မက်ဆီက ခြေစွမ်းပြနိုင်တာပါပဲ။
ပြောချင်တာက လူတိုင်းဟာ မက်ဆီလို ပါရမီမပါဘူးဆိုတာ လူငယ်တွေလက်ခံလိုက်ကြပြီးတဲ့နောက် ကြိုးစားမှုကနေ အသီးအပွင့်တွေရတယ်ဆိုတဲ့ ရော်နယ်ဒိုရဲ့လမ်းစဥ်ကို လူငယ်တွေ လိုက်လာခဲ့ကြတာပါပဲ။