HAPPY BIRTHDAY #Kawahlaymon ခဝါလှေမွန်
ရှစ်နှစ်သားတောင်ရောက်ခဲ့ပြီပေါ့
ရင်မှဖြစ်ရတဲ့ ရတနာလိုပါပဲ...
မျှော်လင့်ချက်တွေ ခံယူချက်တွေ တပုံတပင်နဲ့ ရှေ့ဆက်ခဲ့ကြတာ
၂၀၁၂ နို၀င်ဘာကနေ ၂၀၂၀နို၀င်ဘာတောင် တိုင်လုရောပေါ့...
ပျော်ရပါတယ် ကျေနပ်ခဲ့ရပါတယ်...
ပြန်လှည့်ကြည့်လိုက်ရင် မွေးဖွားရှင်သန်ခဲ့ရတဲ့ခရီးတလျှောက်
စာကောင်းပေမွန်တို့နဲ့သာ ခရီးဆက် လက်တွဲခဲ့ရတယ်လေ
သူတော်ကောင်းတွေနဲ့သာ ကြုံတွေ့ခွင့်ရရပါစေဆိုတဲ့ ဆုတောင်းမျိုးလိုပေါ့...
နောင်တရစရာ တစ်ခုမှမရှိခဲ့ပါဘူး...
အကျိုးအမြတ်တွေကတော့ ထင်သလောက်ရချင်မှရခဲ့မှာပေါ့လေ
ဒါပေမယ့် စိတ်အေးချမ်းသာခဲ့ရပါတယ်
အုပ် ၅၀ ကျော်တောင် ထုတ်ဝေနိုင်ခဲ့ပြီ... ကျေးဇူးတင်ရပါတယ်...
စာအုပ်ထုတ်ဝေခြင်းလုပ်ငန်းကို ဘာတစ်ခုမှမသိပဲ ထုတ်ဝေသူဘ၀ကို ခံယူခွင့်ပေးခဲ့ပြီး
ခဝါလှေမွန်စာအုပ်တိုက်ရဲ့ အယ်ဒီတာဘ၀ကို ကျေကျေနပ်နပ်ခံယူလိုက်တဲ့ချစ်ရတဲ့ ခင်ပွန်း Hla Myint Aung
စာအုပ်တွေကို တာ၀န်ယူဖြန့်ချိပေးခဲ့ဖူးတဲ့ ဇွန်ပွင့်စာအုပ်တိုက်မှ ချစ်ရတဲ့အစ်ကို Naing Thit Niနဲ့ အစ်မ မ၀င်းမာတင်
စာအုပ်တွေ အတူတူဖြန့်ခဲ့ဖူးတဲ့ ညီမလေးနှင်းနှင်း Hnin Ei Khaing
လိုချင်တဲ့ဒီဇိုင်းတွေကို မငြီးမညူဆွဲပေးတဲ့ Art Creator : Chit Khoon Nyan
စာအုပ်ပုံးတွေကို မမောနိုင်မပန်းနိုင်ထမ်းပြီး စာအုပ်ဖြန့်ပေးနေတဲ့ ချစ်တပည့် မန်နေဂျာကြီး Ar Kar
ဂျီကျသမျှ အလိုလိုက်ပေးခဲ့တဲ့ ပန်းလှေပုံနှိပ်တိုက်မှ ကိုကြီးOo Thar
စာအုပ်တိုက်လေးစတင်တဲ့အချိန်ကတည်းက ယုံကြည်စွာ စာမူချီးမြှင့်ပေးခဲ့သော ချစ်ခင်လေးစားရပါသော စာရေးဆရာ ဆရာမများ (ဒီပို့စ်လေးမြင်ရင် အမှတ်တရစကားလေးများ ရေးပေးစေချင်)🙏🙏🙏
အနယ်နယ် အရပ်ရပ်မှ တာ၀န်ယူရောင်းချပေးနေသော စာအုပ်တိုက်ကြီးများ
ခဝါလှေမွန်စာအုပ်တိုက်မှ ထုတ်ဝေပြီးသောစာအုပ်များကို ရောင်းချပေးခဲ့သော စာအုပ်တိုက်အသီးသီးမှ အရောင်းဝန်ထမ်းများ
စာအုပ်တိုက်စတင်ချိန်မှစ နင်တို့တော့ရှုံးမှာသေချာတယ်ဟု စိတ်ခွန်အားပေးခဲ့ကြသော (အခုချိန်ထိလည်းမှန်နေသော) သူငယ်ချင်းမိတ်ဆွေများ ညီအစ်ကိုမောင်နှမများ 😁😁😁
စာအုပ်များကို အစဉ်တစိုက် အားပေးဖတ်ရှုပေးခဲ့ကြသော စာချစ်သူပရိသတ်များနှင့်
ကျေးဇူးတင်ထိုက်သူအားလုံးကို
သီတင်းကျွတ်ကာလ stay home အမှတ်တရလေးမှာ
မှတ်မှတ်ရရ ကျေးဇူးစကားဆိုလိုက်ပါရစေ
🙏🙏🙏
ဝါလကင်းလွတ်
သီတင်းကျွတ် အခါသမယတွင်
လူသားများအားလုံး
ကပ်ရောဂါအမှောင်ဘေးဆိုးမှ
အမြန်ဆုံးကင်းဝေး၍
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာခြင်းဟ