Eleven Media Group

Eleven Media Group "THE MOST RELIABLE PARTNER BY THE PEOPLE FOR THE PEOPLE"

Visit us: www.news-eleven.com

Telegram ~ h

Eleven Media Group was established on June, 2000.
• First Eleven Sports Journal was established on 8th June, 2000.
• Premier Eleven Sports Journal was established on 31st August, 2003.
www.first-11.com sport news website was established in 2004.
• Weekly Eleven News Journal was established on 12th October, 2005.
• Biweekly Eleven News Journal was established on 14th March, 2008.
www.news-elev

en.com news website was established in 2009.
www.facebook.com/ElevenMediaGroup was established in 2010.
• Web Printing Factory has been started the operation in 2011.
• Eleven Media Group was awarded the 2011 press freedom prize by
Reporters without Borders (RSF).
• Daily Eleven SMS service was established in 2012.
• English edition news website (www.elevenmyanmar.com ) was established
in 2012.
• The Eleven Web TV was established on 1st January, 2013.
• The Daily Eleven Newspaper was established on 3rd May, 2013.

14/09/2024

စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )
- ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွှဲမှ ၁၁ ဒသမ ၅ ပေ ခန့် ရေကျော်စီးဆင်းနေဟုဆို
- ရွှေဈေးကွက်အတွင်းရှိ လေပတ်ကားသမားများကဲ့သို့ ဒေါ်လာဈေးကွက်တွင်လည်း လေပတ်ကားသမားများကြောင့် ငွေဈေး အတက်အကျ ပြင်းထန်နေ
- တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေပြီး လူပေါင်းသန်းချီ ရေဘေးဒုက္ခနှင့် ရင် ဆိုင်နေရ
- ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်းကို အစ္စရေးက ဗုံးကြဲခဲ့သောကြောင့် လူ ၁၈ ဦး သေဆုံး
- ရီးယဲလ်မက်ဒရစ်သည် ဘောလုံးသမိုင်းတွင်အကောင်းဆုံးကလပ်ဟု စီရော်နယ်လ်ဒို မှတ်ချက်ပြုခဲ့ပြီး အမ်ဘာပေ အောင်မြင်မည်ဟု သုံးသပ်
►► (Zawgyi ဖြင့်ဖတ်ရန်)

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

■ စက်တင်ဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး■လေပွေလှိုင်းသည် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ပြီး နေပြ...
14/09/2024

■ စက်တင်ဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး

■လေပွေလှိုင်းသည် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲခဲ့ပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုတွင် မိုးထစ်ချုန်းရွာသွန်းကာ လေပြင်းများတိုက်ခတ်နိုင်ဟု မိုးဇလ ထုတ်ပြန်

■ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၅၄ မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသဖြင့် မော်တော်ယာဉ်များ ပိတ်မိနေပြီး ယာဉ်လိုင်းအချို့ ယာဉ်ပြေးဆွဲခြင်းများ ယာယီရပ်နားထား

■နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးကြောင့်သေဆုံးသူ ၁၉ ဦးရှိကာ ကူညီကယ်ဆယ်မှုများဆက်လက်လိုအပ်နေ

■ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွှဲမှ ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေ

■ထိုင်းနိုင်ငံတွင် ကာလတိုသင်တန်းများ တက်ရောက်နေသူများအား ဗီဇာသက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း မြန်မာသံရုံး ကြေညာ

■ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာအပါအဝင် တောင်ပေါ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပြီး ‌မြေပြိုမှုဖြစ်ပေါ်ကာ ကနဦးစာရင်းအရ ပျောက်ဆုံးနှင့် သေဆုံးသူ ၇၅ ဦးရှိနေ

■ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးပြီး လူသေဆုံးမှုများရှိနေ

■ E Paper ကို ဝယ်လိုပါက All Access Plan ကို Subscribe လုပ်လိုက်ပါ။

➡️ Subscribe လုပ် ရန် Link: 👉🏻
https://news-eleven.com/subscriptions

Short Term Subscription မှာ Telenor, Ooredoo ဖုန်းဘီလ်နဲ့ ဝယ်ယူနိုင်မယ့်အပြင် Long Term Subscription မှာ Mobile Wallet, Mobile Banking, Visa, MasterCard & MPU များ နှင့် Subscribe လုပ်နိုင်မှာ ဖြစ်ပါတယ်။

ထိုအပြင် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြိုတိုအတွက် တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ် Plan များကို Online မှ ဝယ်ယူရာတွင် အခက်အခဲရှိသူများအား အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

Subscription Package ဝယ်ရာမှာ အခက်အခဲ တစ်စုံတစ်ရာရှိပါက 09940052800/09752800136 ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပြီးတော့ Page Message ကနေလည်း မေးမြန်းနိုင်ပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် မြောက်ဦးဆရာတော်က အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်လှူဒါန်းမည်မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာ...
13/09/2024

ရေဘေးသင့်ပြည်သူများအတွက် မြောက်ဦးဆရာတော်က အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်လှူဒါန်းမည်

မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌဌာနာစရိယ)က ရေဘေးသင့် ပြည်သူများအတွက် ပထမအကြိမ် အလှူငွေကျပ်သိန်း ၁ဝဝဝ မတည်၍ လှူဒါန်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ကြေညာထားမှုအရ သိရသည်။

အဆိုပါလှူဒါန်းငွေများကို ဆရာတော်၏ တပည့်များဖြစ်သည့် ဦးဇဝန၊ ဦးဥတ္တရဝံသနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ (မန္တလေး)က ဦးဆောင်၍ လိုအပ်ချက်များကို စီစဉ်နေကြကြောင်းသိရသည်။

မြောက်ဦးဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒသည် လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိ သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

အလားတူ မဇ္ဈိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒကလည်း အလှူငွေ ကျပ်သိန်း ၁ဝဝဝ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းနှင့် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများကလည်း ရေဘေးသင့်ပြည်သူများအတွက် ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးထံ အလှူငွေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

■ Website Link - - - >>>https://news-eleven.com/article/295566

■Photo-မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ page

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

13/09/2024

မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို ပင်လယ်ထဲသို့ ပစ်လွှတ်

13/09/2024

ကာမလာဟဲရစ် အသာရခဲ့ပုံရသော ဖီလာဒယ်လ်ဖီးယားစကားစစ်ထိုးပွဲအပြီးတွင် အရေးပါသော ပြည်နယ်များသို့ ဟဲရစ်နှင့်ဒေါ် နယ်ထရန့်တို့ စည်းရုံးရေးဆင်း

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ခုနစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခြောက်ပေခွဲခန့် စိုးရိမ်ရေမှတ်အထက် အသီးသ...
13/09/2024

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ခုနစ်ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခြောက်ပေခွဲခန့် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်ရောက်ရှိနေ

ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေအထက်သို့ သုံးပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ဒသမ ၆၉ ပေအထက်သို့ ခုနစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

■ Read More - - - >>>https://news-eleven.com/article/295563

■Photo-Ko Phyo

►► (Zawgyi ဖြင့်ဖတ်ရန်)

စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕တြင္ ခုနစ္ေပခန႔္၊ သံလြင္ျမစ္ေရသည္ ဘားအံၿမိဳ႕တြင္ ေျခာက္ေပခြဲခန႔္ စိုးရိမ္ေရမွတ္အထက္ အသီးသီးေက်ာ္လြန္ေရာက္ရွိေန

ထုတ္ျပန္ခ်က္အရ စက္တင္ဘာ ၁၃ ရက္ ညေန ၆ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဒုဌဝတီျမစ္ေရသည္ ျမစ္ငယ္ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္ ၂၈ ဒသမ ၅၄ ေပအထက္သို႔ သုံးေပေက်ာ္ ေက်ာ္လြန္ေရာက္ရွိေနၿပီး အဆိုပါျမစ္ေရသည္ လာမည့္တစ္ရက္အတြင္း ႏွစ္ေပခြဲခန႔္ ျမင့္တက္လာႏိုင္ကာ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ ၁၉ ဒသမ ဒသမ ၆၉ ေပအထက္သို႔ ခုနစ္ေပခန႔္ ေက်ာ္လြန္ေရာက္ရွိေနၿပီး အဆိုပါျမစ္ေရသည္ လာမည့္တစ္ရက္အတြင္း သုံးေပခန႔္ ျမင့္တက္လာႏိုင္ကာ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

■ Read More - - - >>>https://news-eleven.com/article/295563

■Photo-Ko Phyo

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ရေဘေးသင့်ဒေသများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က ကျပ်သိန်း ၁၀၀ လှူဒါန်းရေဘေးသင့်ပြည်သူများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည...
13/09/2024

ရေဘေးသင့်ဒေသများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က ကျပ်သိန်း ၁၀၀ လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် သရုပ်ဆောင် ဝတ်မှုံရွှေရည်က စက်တင်ဘာ ၁၃ ရက်တွင် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း လူမှုကွန်ရက် Wutt Hmone Shwe Yi Facebook အကောင့်တွင် ဖော်ပြထားချက်အရ သိရသည်။

ခိုင်နှင်ဝေးပရဟိတအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့လှူဒါန်းမှုအတွက် သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်ကို ကျေးဇူးတင်ရှိကြောင်း ခိုင်နှင်ဝေးပရဟိတလူငယ်များအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသည့် ရေကြီးဒေသများအတွက် လိုအပ်သော ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် မခိုင်နှင်းဝေကတဆင့် ကူညီပေးဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်နှင့်အတူ လှူဒါန်းခဲ့ကြောင်း ၎င်း၏အကောင့်တွင် မျှဝေဖော်ပြထားသည်။

■Photo: Wutt Hmone Shwe Yi Facebook

■ Read More - - - >>>https://news-eleven.com/article/295562

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

မဇ္စျိမဂုဏ်ရည်ဆရာတော်က အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘ...
13/09/2024

မဇ္စျိမဂုဏ်ရည်ဆရာတော်က အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

မဇ္စျိမဂုဏ်ရည်ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒက အလှူငွေ ကျပ်သိန်း ၁၀၀၀ မတည်ပြီး ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆရာတော်က ကျပ်သိန်း ၅၀၀ မတည်ကာ ဆရာတော်ဦးဆောင်သော မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကျပ်သိန်း ၅၀၀ စုစုပေါင်း မတည်ငွေ ကျပ်သိန်း ၁၀၀၀ ဖြင့် ကူညီလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေဘေးအလှူအတွက် ရွှေနဒီရွှေရည်ကုမ္ပဏီလီမိတက်က ကျပ်သိန်း ၁၅၀၊ မြအဏ္ဏဝါပွဲရုံမိသားစု ကျပ်သိန်း ၁၀၀၊ ဖျာပုံမြို့မှ ဂဠုန်မင်းစိန်ရွှေဆိုင်က ကျပ်သိန်း ၅၀၊ ဒေါက်တာယုယုထွေးမိသားစုကျပ်သိန်း ၅၀၊ EMPEROR DUMPLINGS, U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊ ဒေါက်တာမျိုးလွင်-ဒေါ်စန်းစန်းဝေ U.S.A မိသားစုက အမေရိကန်ဒေါ်လာ ၁၀၀၀၊ အပါအဝင် တစ်ဦးချင်းလှူဒါန်းသူ အများအပြားလည်း ဆရာတော်ကြီး၏ ဦးဆောင်သည့် မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးသို့ ပေးပို့လှူဒါန်းထားကြောင်း ဆရာတော်၏ လူမှုကွန်ရက် ပေ့ချ်တွင်ဖော်ပြထားသည့် အလှူရှင်စာရင်းများအရ သိရသည်။

ယင်းလှူဒါန်းငွေများကို ရေဘေးသင့်ဒေသများသို့ မဇ္ဈိမပရဟိတသာသနာပြုဥပတ္ထမ္ဘကအဖွဲ့ကြီးက ကိုယ်တိုင်သွားရောက်လှူဒါန်းမည်ဖြစ်ပြီး အချို့သောနေရာများတွင် ဒေသခံဦးဆောင်သူများနှင့် ဆက်သွယ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

■ Read More - - - >>>https://news-eleven.com/article/295560

►► (Zawgyi ဖြင့်ဖတ်ရန်)

မဇၥ်ိမဂုဏ္ရည္ဆရာေတာ္က အလႉေငြ က်ပ္သိန္း ၁၀၀၀ မတည္ၿပီး ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းမည္

မဇၥ်ိမဂုဏ္ရည္ဆရာေတာ္ေဒါက္တာဘဒၵႏၲေကာဝိဒက အလႉေငြ က်ပ္သိန္း ၁၀၀၀ မတည္ၿပီး ေရေဘးသင့္ျပည္သူမ်ားအတြက္ လႉဒါန္းမည္ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔လႉဒါန္းရာတြင္ ဆရာေတာ္က က်ပ္သိန္း ၅၀၀ မတည္ကာ ဆရာေတာ္ဦးေဆာင္ေသာ မဇၩိမပရဟိတသာသနာျပဳဥပတၳမၻကအဖြဲ႕ႀကီးက က်ပ္သိန္း ၅၀၀ စုစုေပါင္း မတည္ေငြ က်ပ္သိန္း ၁၀၀၀ ျဖင့္ ကူညီလႉဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဆရာေတာ္၏ ဦးေဆာင္လမ္းၫႊန္မႈျဖင့္ ေရေဘးအလႉအတြက္ ေ႐ႊနဒီေ႐ႊရည္ကုမၸဏီလီမိတက္က က်ပ္သိန္း ၁၅၀၊ ျမအဏၰဝါပြဲ႐ုံမိသားစု က်ပ္သိန္း ၁၀၀၊ ဖ်ာပုံၿမိဳ႕မွ ဂဠဳန္မင္းစိန္ေ႐ႊဆိုင္က က်ပ္သိန္း ၅၀၊ ေဒါက္တာယုယုေထြးမိသားစုက်ပ္သိန္း ၅၀၊ EMPEROR DUMPLINGS, U.S.A မိသားစုက အေမရိကန္ေဒၚလာ ၁၀၀၀၊ ေဒါက္တာမ်ိဳးလြင္-ေဒၚစန္းစန္းေဝ U.S.A မိသားစုက အေမရိကန္ေဒၚလာ ၁၀၀၀၊ အပါအဝင္ တစ္ဦးခ်င္းလႉဒါန္းသူ အမ်ားအျပားလည္း ဆရာေတာ္ႀကီး၏ ဦးေဆာင္သည့္ မဇၩိမပရဟိတသာသနာျပဳဥပတၳမၻကအဖြဲ႕ႀကီးသို႔ ေပးပို႔လႉဒါန္းထားေၾကာင္း ဆရာေတာ္၏ လူမႈကြန္ရက္ ေပ့ခ်္တြင္ေဖာ္ျပထားသည့္ အလႉရွင္စာရင္းမ်ားအရ သိရသည္။

ယင္းလႉဒါန္းေငြမ်ားကို ေရေဘးသင့္ေဒသမ်ားသို႔ မဇၩိမပရဟိတသာသနာျပဳဥပတၳမၻကအဖြဲ႕ႀကီးက ကိုယ္တိုင္သြားေရာက္လႉဒါန္းမည္ျဖစ္ၿပီး အခ်ိဳ႕ေသာေနရာမ်ားတြင္ ေဒသခံဦးေဆာင္သူမ်ားႏွင့္ ဆက္သြယ္လႉဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

■ Read More - - - >>>https://news-eleven.com/article/295560

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ရေကြီးရေလျံမှုများကြောင့် ကယ်ဆယ်ရေး မော်တော်ယာဉ်များအား Max Highway တိုးဂိတ်များတွင် အခမဲ့ဖြတ်သန်းခွင့်ပြုဘေးဒုက္ခကြုံတွ...
13/09/2024

ရေကြီးရေလျံမှုများကြောင့် ကယ်ဆယ်ရေး မော်တော်ယာဉ်များအား Max Highway တိုးဂိတ်များတွင် အခမဲ့ဖြတ်သန်းခွင့်ပြု

ဘေးဒုက္ခကြုံတွေနေရသည့် မြို့ရွာအသီးသီးမှ ရေဘေးသင့်သူများကို ကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် အဘက်ဘက်မှဆောင်ရွက်ပေးနေကြသည့် ရေဘေးကယ်ဆယ်ရေး မော်တော်ယာဉ်များအား Max Highwayမှ BOT စနစ်ဖြင့် ဆောင်ရွက်နေသော လမ်းမကြီးများ၏ တိုးဂိတ်များတွင် အခမဲ့ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ Max Highway Co Ltd က ထုတ်ပြန်သည်။

ထို့ပြင် စက်တင်ဘာ ၁၂ ရက်ကလည်း New Day ဆီဆိုင်က နေပြည်တော်သို့ ရေဘေးလာကူမည့် ပရဟိတယာဉ်အစီး ၁၀၀ အတွက် တစ်စီးလျှင် စက်သုံးဆီ ၁၀ ဂါလံနှုန်း လှူဒါန်းမည်ဟု ‌ကြေညာခဲ့သည်။

■ Read More - - - >>>https://news-eleven.com/article/295559

►► (Zawgyi ဖြင့်ဖတ်ရန်)

ေရႀကီးေရလ်ံမႈမ်ားေၾကာင့္ ကယ္ဆယ္ေရး ေမာ္ေတာ္ယာဥ္မ်ားအား Max Highway တိုးဂိတ္မ်ားတြင္ အခမဲ့ျဖတ္သန္းခြင့္ျပဳ

ေဘးဒုကၡႀကဳံေတြေနရသည့္ ၿမိဳ႕႐ြာအသီးသီးမွ ေရေဘးသင့္သူမ်ားကို ကူညီကယ္ဆယ္ေပးႏိုင္ရန္အတြက္ အဘက္ဘက္မွေဆာင္႐ြက္ေပးေနၾကသည့္ ေရေဘးကယ္ဆယ္ေရး ေမာ္ေတာ္ယာဥ္မ်ားအား Max Highwayမွ BOT စနစ္ျဖင့္ ေဆာင္႐ြက္ေနေသာ လမ္းမႀကီးမ်ား၏ တိုးဂိတ္မ်ားတြင္ အခမဲ့ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္း အဆိုပါ Max Highway Co Ltd က ထုတ္ျပန္သည္။

ထို႔ျပင္ စက္တင္ဘာ ၁၂ ရက္ကလည္း New Day ဆီဆိုင္က ေနျပည္ေတာ္သို႔ ေရေဘးလာကူမည့္ ပရဟိတယာဥ္အစီး ၁၀၀ အတြက္ တစ္စီးလွ်င္ စက္သုံးဆီ ၁၀ ဂါလံႏႈန္း လႉဒါန္းမည္ဟု ‌ေၾကညာခဲ့သည္။

■ Read More - - - >>>https://news-eleven.com/article/295559

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က ရေဘေးသင့် ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရ...
13/09/2024

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က ရေဘေးသင့် ပြည်သူများထံသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ သယ်ဆောင်ပေးမည်

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ရေဘေးသင့် ပြည်သူများ ထံသို့ ကယ်ဆယ်ရေးပစ္စည်းများ နှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိနိုင်စေရန်အတွက် ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါဒေသများမှ သွားလာရေးခက်ခဲသည့် ဒေသများမှ ပြည်သူများထံသို့ ကယ်ဆယ်ရေး ပစည်းနှင့် ဆေးဝါးများ အဆင်ပြေ ချောမွေ့စွာရောက်ရှိနိုင်‌စေရန် ပြည်တွင်း ပြည်ပ ခရီးစဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကာ လှူဒါန်းပေးပို့လိုသူများအနေဖြင့် (MNA)လေကြောင်းလိုင်း၏ Cargo Operation Team သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ သက်ဆိုင်ရာလေကြောင်း အာဏာပိုင်တွေဆီကခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ ကယ်ဆယ်ရေးပစ္စည်းနြဲ ဆေးဝါးတွေကို ပြည်တွင်း ပြည်ပ ခရီးစဉ်တွေမှာ အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု (MNA )လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

■ Website Link - - - >>>https://news-eleven.com/article/295558

စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု)

- တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေတစ်ရှိန်ထိုးမြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်နှင့်ကားလမ်းများပေါ်အထိ ရေကျော် လွန်ရောက်ရှိကာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လာ
- သံလွင်မြစ်ရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်း ဘားအံမြို့အပါအဝင် မြစ်ကမ်းဘေးဒေသခံများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ
- မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အတွင်းဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ (၇) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
- ကာမလာဟဲရစ် အသာရခဲ့ပုံရသော ဖီလာဒယ်လ်ဖီးယားစကားစစ်ထိုးပွဲအပြီးတွင် အရေးပါသော ပြည်နယ်များသို့ ဟဲရစ် နှင့်ဒေါ်နယ်ထရန့်တို့ စည်းရုံးရေးဆင်း
- မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို ပင်လယ်ထဲသို့ ပစ်လွှတ်

မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှ...
13/09/2024

မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ထား

မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ခဲ့ရပြီး ၃၃ ဦး သေဆုံးကာ ကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားကြောင်း နစက ၏ ထုတ်ပြန် ပြောဆိုမှုအရ သိရသည်။

" သေဆုံးမှု၊ ဒဏ်ရာရမှုအနေနဲ့ တစ်နိုင်ငံလုံးမှာ သေဆုံးမှု ၃၃ ဦး ရှိတယ်။ ဒဏ်ရာရ တစ်ဦး ရှိပါတယ်။ တစ်ချို့နေရာတွေမှာလည်း မိုးစရွာကတည်းက၊ မိုးကြီးကတည်းက ဆက်သွယ်မှု ပြတ်တောက်နေတဲ့ နေရာတွေတော့ ရှိတယ်။ ရမည်းသင်းဘက်မှာဆိုရင် အတည်မပြုနိုင်သေးတဲ့ သတင်းအရ ရမည်းသင်းရဲ့ မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေပေါ့၊ တစ်ချို့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေတဲ့သူတွေ ရှိတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးလည်း မြေပြိုကျပြီးတော့ ပျောက်ဆုံးမှုတွေရှိတယ်လို့ သိတယ်။ အဲ့တာတွေကိုတော့ ကျွန်တော်တို့ လိုက်လံစုံစမ်းနေဆဲပဲ ဖြစ်တယ်"ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေသော မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ဖြစ်ကြောင်း သိရသည်။

နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများ အမြန်ပြန်လည်ပြုပြင်ရေးအတွက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့( စက်တင်ဘာ ၁၃ ရက်) လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

■ Website Link - - - >>> https://news-eleven.com/article/295557

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ကျပ်သိန်းသုံးဆယ် လှူဒါန်းရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စို...
13/09/2024

ရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ကျပ်သိန်းသုံးဆယ် လှူဒါန်း

ရေဘေးသင့်ပြည်သူများအတွက် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က စက်တင်ဘာ ၁၃ ရက်တွင် ကျပ်သိန်းသုံးဆယ် လှူဒါန်းခဲ့ကြောင်း Sai Sai Kham Leng Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ခိုင်နှင်းဝေပရဟိတအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထိုသို့လှူဒါန်းမှုအတွက် အဆိုတော် အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်ကို ကျေးဇူတင်ရှိကြောင်း ခိုင်နှင်းဝေပရဟိတအသင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

လက်ရှိတွင် နေပြည်တော်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ ၊ ကလော၊ မြစ်သား၊ ကျိုင်းတုံ၊ ဟဲဟိုး၊ တာချီလိတ်၊ ဘားအံ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ် ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

■Photo: Sai Sai Kham Leng Facebook

■ Read More - - - >>>https://news-eleven.com/article/295561

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

လူရာနှင့်ချီ နေထိုင်သည့် ရမည်းသင်းမြို့နယ် သပြေပင် ‌ကျေးရွာအပါအဝင် တောင်ပေါ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး ရေနစ်မြ...
13/09/2024

လူရာနှင့်ချီ နေထိုင်သည့် ရမည်းသင်းမြို့နယ် သပြေပင် ‌ကျေးရွာအပါအဝင် တောင်ပေါ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်ပြီး ‌မြေပြိုမှုဖြစ်ကာ ကနဦးစာရင်းအရ ပျောက်ဆုံးနှင့် သေဆုံး ၇၅ ဦး‌ရှိနေ

လူရာနှင့်ချီ နေထိုင်သည့် ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာအပါအဝင် တောင်ပေါ်ရှိ ကျေးရွာအချို့ ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်ပြီး ‌မြေပြိုမှုဖြစ်ကာ အနည်းဆုံး ၇၅ ဦး‌သေဆုံးခဲ့သည်ဟု ရမည်းသင်းဒေသခံများက ဖုန်းဖြင့်ဆက်သွယ် ‌ပြောကြားသည်။

ရေကြီးမြေပြိုမှုဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် နံနက်အ‌စောပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ညအချိန်ဖြစ်သဖြင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ဖြစ်တာက တမြန်နေ့ ညပိုင်းပေါ့။ ရက်နဲ့ဆို ၁၂ ရက်နေ့ ၁ နာရီလောက်မှာဖြစ်တာပေါ့။ ညဘက်ဆိုတော့ လူသေဆုံးတာတွေ ဖြစ်တယ်။ အခုထိဆို ပျောက်ဆုံးနဲ့ သေဆုံးက ၇၅ ဦးထွက်တယ်။ သေစာရင်းအတိအကျတော့ မထွက်သေးဘူး။ ဒါက အခုချိန်ထိ စာရင်းပေါ့။ မနက်ဖန်ဆို စာရင်းက ထပ်ထွက်လာ‌လောက်တယ်။ တောင်ပေါ်မှာက ရွှေကျင်းတွေရှိတယ်။ အဲ့ဒီမှာလည်း သေတာ ပိတ်မိတာတွေရှိတယ်။ ဘယ်လောက်ဆိုတာ မသိရသေးဘူး"ဟု ‌ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

တောင်‌ခြေရှိ ကျေးရွာများမှာ တောင်ပေါ်မှာ ရေနှင့်အတူပါလာသည့် ရွှံ့၊ သဲများဖုံးလွှမ်းခဲ့ပြီး လက်ရှိတွင်လည်း တောင်ပေါ်သို့ တက် ရောက်နိုင်သည့် လမ်းများပျက်စီးခဲ့သဖြင့် သွားရောက်ရန် မလွယ်ကူကြောင်း သိရသည်။

" ကန်သာအေးကျေးရွာဆိုရင် အိမ်တလုံးနဲ့ လူတစ်ယောက် ပါသွားတာ။ အခုချိန်ထိ အစအန ရှာမတွေ့သေးဘူး။ ‌ပြောရရင်တော်တော် ဆိုးဆိုးဝါးဝါးပါပဲ" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

‌ရေကြီး‌မြေပြိုမှု ဖြစ်ပွားခဲ့သည့် အဆိုပါနေရာတွင် ကူညီကယ်ဆယ်မှုများနှင့် စားစရာသောက်စရာများ လိုအပ်နေသည်ဟု သိရသည်။

" သွားလို့ရတဲ့ နေရာအထိတော့ ကျန်းမာရေးစောင့်ရှောက်တာတွေ လိုအပ်တာတွေ လုပ်နေတယ်" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

■ Read More - - - >>>https://news-eleven.com/article/295556
■Photo: R Kar Min Maung

►► (Zawgyi ျဖင့္ဖတ္ရန္)

လူရာႏွင့္ခ်ီ ေနထိုင္သည့္ ရမည္းသင္းၿမိဳ႕နယ္ သေျပပင္ ‌ေက်း႐ြာအပါအဝင္ ေတာင္ေပၚရွိ ေက်း႐ြာအခ်ိဳ႕ ႐ြာလုံးကြၽတ္နီးပါး ေရနစ္ျမဳပ္ၿပီး ‌ေျမၿပိဳမႈျဖစ္ကာ ကနဦးစာရင္းအရ ေပ်ာက္ဆုံးႏွင့္ ေသဆုံး ၇၅ ဦး‌ရွိေန

လူရာႏွင့္ခ်ီ ေနထိုင္သည့္ ရမည္းသင္းၿမိဳ႕နယ္ သေျပပင္ေက်း႐ြာအပါအဝင္ ေတာင္ေပၚရွိ ေက်း႐ြာအခ်ိဳ႕ ႐ြာလုံးကြၽတ္နီးပါး ေရနစ္ျမဳပ္ၿပီး ‌ေျမၿပိဳမႈျဖစ္ကာ အနည္းဆုံး ၇၅ ဦး‌ေသဆုံးခဲ့သည္ဟု ရမည္းသင္းေဒသခံမ်ားက ဖုန္းျဖင့္ဆက္သြယ္ ‌ေျပာၾကားသည္။

ေရႀကီးေျမၿပိဳမႈျဖစ္စဥ္မွာ စက္တင္ဘာ ၁၂ ရက္ နံနက္အ‌ေစာပိုင္းတြင္ ျဖစ္ပြားခဲ့ၿပီး ညအခ်ိန္ျဖစ္သျဖင့္ လူေသဆုံးမႈမ်ား ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

"ျဖစ္တာက တျမန္ေန႔ ညပိုင္းေပါ့။ ရက္နဲ႔ဆို ၁၂ ရက္ေန႔ ၁ နာရီေလာက္မွာျဖစ္တာေပါ့။ ညဘက္ဆိုေတာ့ လူေသဆုံးတာေတြ ျဖစ္တယ္။ အခုထိဆို ေပ်ာက္ဆုံးနဲ႔ ေသဆုံးက ၇၅ ဦးထြက္တယ္။ ေသစာရင္းအတိအက်ေတာ့ မထြက္ေသးဘူး။ ဒါက အခုခ်ိန္ထိ စာရင္းေပါ့။ မနက္ဖန္ဆို စာရင္းက ထပ္ထြက္လာ‌ေလာက္တယ္။ ေတာင္ေပၚမွာက ေ႐ႊက်င္းေတြရွိတယ္။ အဲ့ဒီမွာလည္း ေသတာ ပိတ္မိတာေတြရွိတယ္။ ဘယ္ေလာက္ဆိုတာ မသိရေသးဘူး"ဟု ‌ရမည္းသင္းေဒသခံတစ္ဦးက ေျပာၾကားသည္။

ေတာင္‌ေျခရွိ ေက်း႐ြာမ်ားမွာ ေတာင္ေပၚမွာ ေရႏွင့္အတူပါလာသည့္ ႐ႊံ႕၊ သဲမ်ားဖုံးလႊမ္းခဲ့ၿပီး လက္ရွိတြင္လည္း ေတာင္ေပၚသို႔ တက္ ေရာက္ႏိုင္သည့္ လမ္းမ်ားပ်က္စီးခဲ့သျဖင့္ သြားေရာက္ရန္ မလြယ္ကူေၾကာင္း သိရသည္။

" ကန္သာေအးေက်း႐ြာဆိုရင္ အိမ္တလုံးနဲ႔ လူတစ္ေယာက္ ပါသြားတာ။ အခုခ်ိန္ထိ အစအန ရွာမေတြ႕ေသးဘူး။ ‌ေျပာရရင္ေတာ္ေတာ္ ဆိုးဆိုးဝါးဝါးပါပဲ" ဟု ရမည္းသင္းေဒသခံတစ္ဦးက ေျပာၾကားသည္။

‌ေရႀကီး‌ေျမၿပိဳမႈ ျဖစ္ပြားခဲ့သည့္ အဆိုပါေနရာတြင္ ကူညီကယ္ဆယ္မႈမ်ားႏွင့္ စားစရာေသာက္စရာမ်ား လိုအပ္ေနသည္ဟု သိရသည္။

" သြားလို႔ရတဲ့ ေနရာအထိေတာ့ က်န္းမာေရးေစာင့္ေရွာက္တာေတြ လိုအပ္တာေတြ လုပ္ေနတယ္" ဟု ရမည္းသင္းေဒသခံတစ္ဦးက ေျပာၾကားသည္။

■ Read More - - - >>>https://news-eleven.com/article/295556
■Photo: R Kar Min Maung

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းက အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံရေဘေးသင့်‌ဒေသများလှူဒါန်းရန် ...
13/09/2024

ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းက အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံ

ရေဘေးသင့်‌ဒေသများလှူဒါန်းရန် မန္တလေးတွင် အဆိုတော်ချယ်ရီသင်းက အနုပညာနှင့် ဖျော်‌ဖြေကာ အလှူခံမှုပြုလုပ်ခဲ့သည်။

အဆိုတော်ချယ်ရီသင်းနှင့်အတူ fire cracker music band နှင့် မန္တလေးဂီတမောင်နှမများ၊ မန္တ‌လေးမြို့ရှိ အနုပညာရှင်များ၊ TikTok cele များပူး‌ပေါင်းကာ မန္တလေးတက္ကသိုလ်အနီးရှိ အညာသူ ကဖေးတွင် သီဆိုဖျော်ဖြေအလှူခံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"ချယ်တို့ဒီမှာ မနက် ၉ နာရီကနစပြီး ဖျော်‌ဖြေအလှူခံမှုတွေ ပြုလုပ်‌နေတယ်။ လမ်းသွားလမ်းလာ အများပြည်သူအလှူငွေက အခုနေ့လည်ပိုင်းအထိ သိန်း ၃၀ ကျော်ရပါပြီ။ k pay တို့၊ သီခြားနာမည်စာရင်းနဲ့တကွ လှူဒါန်းထားတာတွေလည်းရှိပါတယ် အကုန်လုံးကိုတော့ စာရင်းမပေါင်းရသေးပါဘူး။ လုပ်ဖြစ်သွားတာက ရေကြီးတဲ့ဒေသတွေက အခြေအနေတွေကို အွန်လိုင်းမှာတွေ့ပြီး ချယ်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ကူညီတာတဲ့သဘောပါ။ မန္တလေးမှာလုပ်ဖြစ်တာက ချယ်က လတ်တလော မန္တလေးမှာရှိ‌နေတာအတွက်ကြောင့်ပါ။ "ဟု အဆိုတော် ချယ်ရီသင်းက ပြောကြားသည်။

ရေဘေးအတွက်အလှူခံခြင်းကို နှစ်ရက်တိုင်ပြုလုပ်မည် ဖြစ်ပြီးစက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်းမနက်၉ နာရီမှ ညနေ ၄ နာရီအထိ ယင်းဆိုင်၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/295555

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

13/09/2024

တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေတစ်ရှိန်ထိုးမြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်နှင့်ကားလမ်းများပေါ်အထိ ရေကျော်လွန်ရောက်ရှိ ကာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလိုအပ်လာ

13/09/2024

ပုဂံညောင်ဦးဒေသတွင် နှစ်ပေါင်း ၆၀ အတွင်း မိုးရေစံချိန်သစ်တင်ခဲ့ပြီး ပုဂံရှေးဟောင်းစေတီအချို့၏ တံတိုင်းအချို့ ပြိုကျ

ရေဘေးသင့်ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် ၇၀၀ နှင့် စာတို (SMS) ၇၀၀ ကို MPT ပေးအပ်ရေဘေးဒဏ်ကြုံ...
13/09/2024

ရေဘေးသင့်ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် ၇၀၀ နှင့် စာတို (SMS) ၇၀၀ ကို MPT ပေးအပ်

ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် ၇၀၀ မိနစ်နှင့် စာတို (SMS) ၇၀၀ ကို ပေးအပ်မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် MPT က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီ နယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ စက်တင်ဘာလ ၁၀ ရက်မှ စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှု အခက် အခဲအချို့ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

MPT မှ ဝန်ဆောင်မှုများအား နဂိုအတိုင်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ MPT သည် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်း ခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS)အစောင် ၇၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို ခုနစ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

■ Read More - - - >>>https://news-eleven.com/article/295554

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေကလောမြို့တွင် တောင်ကျရေများကြောင့...
13/09/2024

ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေ

ကလောမြို့တွင် တောင်ကျရေများကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများရှိနေကြောင်း သိရသည်။

ကလောမြို့တွင် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှ စတင်ကာ မိုးရွာသွန်းမှုများလာသဖြင့် ကလောချောင်းရေမြင့်တက်လာခဲ့ပြီး ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

“ဒီတစ်ခါ အသေအပျောက်တွေရှိရတဲ့ အကြောင်းရင်းက လူကြီးသူမတွေက နှစ်တိုင်းတက်နေကျပါအေဆိုပြီး ရွှေ့ခိုင်းမရလို့များတယ်တဲ့၊ ရေတက်အရမ်းမြန်တာမို့ ဘာမှလုပ်ချိန်မရပါဘူးတဲ့၊ ခုတော့ ဖုန်းလိုင်းတချို့ပြန်ရပြီ ပြောပါတယ်။ မီးမလာတော့ အားကုန်နေကြတယ်၊ MPT တွေတော့ရတယ် အသံတော့သိပ်မကြည်ပါဘူး။ စားသောက်ဖို့ကလည်း ဆိုင်တွေအကုန်မြှုပ်တော့ ရောင်းပေးနိုင်တဲ့ဆိုင် သိပ်မရှိဘူးပြောပါတယ်။ ကိုကြည်မြင့်ဆိုင်ထိရေတက်ထားတာမို့လေ။ အချင်းချင်းကူလို့ရသမျှတော့ ကူနေကြပါတယ်တဲ့ လမ်းတွေလည်း စရှင်းနေကြပြီပြောပါတယ်”ဟု ကလောမြို့၏ အခြေအနေနှင့် ပတ်သက်ပြီး Thin Zar Htet ဟုဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် ကလောမြို့ဒေသခံအချို့နှင့် နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရနေအိမ်အချို့မှာ ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးလျက်ရှိသည်ကို တွေ့ရသည်။

လူသေဆုံးမှုများနှင့် ပတ်သက်ပြီး ကလောမြို့ဒေသခံလူမှုကူညီရေး အသင်းအချို့ထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိသဖြင့် The Daily Eleven သတင်းစာအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

■ Read More - - - >>> https://news-eleven.com/article/295553

►► (Zawgyi ျဖင့္ဖတ္ရန္)

ကေလာၿမိဳ႕တြင္ ေတာင္က်ေရမ်ားေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူေသဆုံးမႈမ်ားရွိေန

ကေလာၿမိဳ႕တြင္ ေတာင္က်ေရမ်ားေၾကာင့္ ေနအိမ္မ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူေသဆုံးမႈမ်ားရွိေနေၾကာင္း သိရသည္။

ကေလာၿမိဳ႕တြင္ စက္တင္ဘာ ၁၀ ရက္ ညေနပိုင္းမွ စတင္ကာ မိုး႐ြာသြန္းမႈမ်ားလာသျဖင့္ ကေလာေခ်ာင္းေရျမင့္တက္လာခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ပြားလာျခင္းျဖစ္သည္။

“ဒီတစ္ခါ အေသအေပ်ာက္ေတြရွိရတဲ့ အေၾကာင္းရင္းက လူႀကီးသူမေတြက ႏွစ္တိုင္းတက္ေနက်ပါေအဆိုၿပီး ေ႐ႊ႕ခိုင္းမရလို႔မ်ားတယ္တဲ့၊ ေရတက္အရမ္းျမန္တာမို႔ ဘာမွလုပ္ခ်ိန္မရပါဘူးတဲ့၊ ခုေတာ့ ဖုန္းလိုင္းတခ်ိဳ႕ျပန္ရၿပီ ေျပာပါတယ္။ မီးမလာေတာ့ အားကုန္ေနၾကတယ္၊ MPT ေတြေတာ့ရတယ္ အသံေတာ့သိပ္မၾကည္ပါဘူး။ စားေသာက္ဖို႔ကလည္း ဆိုင္ေတြအကုန္ျမႇဳပ္ေတာ့ ေရာင္းေပးႏိုင္တဲ့ဆိုင္ သိပ္မရွိဘူးေျပာပါတယ္။ ကိုၾကည္ျမင့္ဆိုင္ထိေရတက္ထားတာမို႔ေလ။ အခ်င္းခ်င္းကူလို႔ရသမွ်ေတာ့ ကူေနၾကပါတယ္တဲ့ လမ္းေတြလည္း စရွင္းေနၾကၿပီေျပာပါတယ္”ဟု ကေလာၿမိဳ႕၏ အေျခအေနႏွင့္ ပတ္သက္ၿပီး Thin Zar Htet ဟုဆိုသည့္ လူမႈ ကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ ကေလာၿမိဳ႕ေဒသခံအခ်ိဳ႕ႏွင့္ နီးစပ္သူမ်ားက လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ေဖာ္ျပထားသည့္ ဓာတ္ပုံမ်ားအရေနအိမ္အခ်ိဳ႕မွာ ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္စီးလ်က္ရွိသည္ကို ေတြ႕ရသည္။

လူေသဆုံးမႈမ်ားႏွင့္ ပတ္သက္ၿပီး ကေလာၿမိဳ႕ေဒသခံလူမႈကူညီေရး အသင္းအခ်ိဳ႕ထံ ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္မႈမရရွိသျဖင့္ The Daily Eleven သတင္းစာအေနျဖင့္ အတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

■ Read More - - - >>> https://news-eleven.com/article/295553

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

13/09/2024

ရန်ကုန်- မန္တလေးအမြန်လမ်းမိုင်တိုင် ၃၅၄ မှ စတင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေသဖြင့် မော်တော်ယာဉ်များ ပိတ်မိနေပြီး ယာဉ်လိုင်းအချို့ မော်တော်ယာဉ်ပြေးဆွဲခြင်းများ ယာယီရပ်နားထားရ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစ...
13/09/2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ လှူဒါန်းမည့် ကုန်တင်ခရီးစဉ်များကိုအခမဲ့ပို့ဆောင်ပေးမည်

လက်ရှိအချိန်တွင် မြန်မာနိုင်ငံဒေသအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အဆိုပါဒေသများမှ သွားလာရေးခက်ခဲ သည့် ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်နှင့် ကျိုင်းတုံစသည့်မြို့များသို့ ကုန်တင်ခရီးစဉ်များကို အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ယင်းမြို့များသို့ ကုန်ပစ္စည်းလှူဒါန်းပေးပို့လိုသူများအနေဖြင့် (MAI)လေကြောင်းလိုင်း၏ Cargo Operation Team သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လေကြောင်းလိုင်းအနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ ကုန်စည်ပစ္စည်းတွေကို အခမဲ့ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု (MAI )လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

■ Read More - - - >>>https://news-eleven.com/article/295552

►► (Zawgyi ဖြင့်ဖတ်ရန်)

အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္း (MAI) က ေရေဘးသင့္ေဒသမ်ားျဖစ္သည့္ ေနျပည္ေတာ္၊ မႏၲေလး၊ ဟဲဟိုး၊ တာခ်ီလိတ္ႏွင့္ က်ိဳင္းတုံစသည့္ၿမိဳ႕မ်ားသို႔ လႉဒါန္းမည့္ ကုန္တင္ခရီးစဥ္မ်ားကိုအခမဲ့ပို႔ေဆာင္ေပးမည္

လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံေဒသအခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး အဆိုပါေဒသမ်ားမွ သြားလာေရးခက္ခဲ သည့္ ေဒသမ်ားျဖစ္သည့္ ေနျပည္ေတာ္၊ မႏၲေလး၊ ဟဲဟိုး၊ တာခ်ီလိတ္ႏွင့္ က်ိဳင္းတုံစသည့္ၿမိဳ႕မ်ားသို႔ ကုန္တင္ခရီးစဥ္မ်ားကို အခမဲ့ ပို႔ေဆာင္ေပးသြားမည္ျဖစ္ကာ ယင္းၿမိဳ႕မ်ားသို႔ ကုန္ပစၥည္းလႉဒါန္းေပးပို႔လိုသူမ်ားအေနျဖင့္ (MAI)ေလေၾကာင္းလိုင္း၏ Cargo Operation Team သို႔ ဆက္သြယ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္မတို႔ေလေၾကာင္းလိုင္းအေနနဲ႔ သက္ဆိုင္ရာ အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္ ရရွိထားၿပီးျဖစ္တဲ့ ကုန္စည္ပစၥည္းေတြကို အခမဲ့ပို႔ေဆာင္ေပးသြားမွာျဖစ္ပါတယ္”ဟု (MAI )ေလေၾကာင္းလိုင္းက တာဝန္ရွိသူတစ္ဦးက ေျပာျပခဲ့သည္။

■ Read More - - - >>>https://news-eleven.com/article/295552

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

Address

No-65 , Corner Of Myamalar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11311

Alerts

Be the first to know and let us send you an email when Eleven Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleven Media Group:

Videos

Share

Category

Other Newspapers in Yangon

Show All