Eleven Short View

Eleven Short View Different Viewpoints and Perspectives in Myanmar Society

29/06/2024

■ ထိုင်း - ကမ္ဘောဒီးယားနယ်စပ်က မြန်မာလုပ်သားတွေအလုပ်သမားအခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရသလဲ . . .

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်က မြန်မာလုပ်သားတွေအနေနဲ့ သစ်စက်၊ စိုက်ပျိုးရေးလုပ်ငန်း၊ လှေလုပ်ငန်း၊ ပင်လယ်အစားအစာနဲ့ ပတ်သက်လုပ်တဲ့လုပ်ငန်းတွေမှာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ပါ အလုပ်သမားအခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရတယ်ဆိုတာ ထိုင်းရောက် မြန်မာလုပ်သားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပြထားပါတယ်။

Zawgyi

■ ထိုင္း - ကေမာၻဒီးယားနယ္စပ္က ျမန္မာလုပ္သားေတြအလုပ္သမားအခြင့္အေရး ဘယ္လိုခ်ိဳးေဖာက္ခံေနရသလဲ . . .

ထိုင္း - ကေမာၻဒီးယားနယ္စပ္က ျမန္မာလုပ္သားေတြအေနနဲ႔ သစ္စက္၊ စိုက္ပ်ိဳးေရးလုပ္ငန္း၊ ေလွလုပ္ငန္း၊ ပင္လယ္အစားအစာနဲ႔ ပတ္သက္လုပ္တဲ့လုပ္ငန္းေတြမွာ တိုက္႐ိုက္ေရာ၊ သြယ္ဝိုက္ၿပီးေတာ့ပါ အလုပ္သမားအခြင့္အေရး ဘယ္လိုခ်ိဳးေဖာက္ခံေနရတယ္ဆိုတာ ထိုင္းေရာက္ ျမန္မာလုပ္သားေတြအေရးကူညီေဆာင္႐ြက္ေပးေနတဲ့ ျမန္မာျပည္သားမ်ားအေရးပူးတြဲလႈပ္ရွားမႈေကာ္မတီ(JACBA) ဥကၠ႒ ဦးမိုးႀကိဳးက ေျပာျပထားပါတယ္။

28/06/2024

■ တိုက်ပွဲတွေကြားထဲက ကျောက်မဲမြို့အခြေအနေ ဘယ်လိုရှိနေသလဲ . . .

ဇွန် ၂၅ ရက်မှ စပြီး ကျောက်မဲမြို့အနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ TNLA တို့အကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ထောင်နဲ့ ချီတဲ့ ကျောက်မဲမြို့ခံတွေဟာ စစ်ဘေးရှောင်နေပါတယ်။ တိုက်ပွဲကြောင့် လူနေအိမ်ပျက်စီးမှုတွေရှိနေသလို ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ထက်မနည်းရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့မှာ အလောင်း ၂၀ ထက်မနည်း တွေ့ရှိထားလို့ ဒေသခံပရဟိအသင်းတွေက ကူညီသင်္ဂြိုဟ်ပေးခဲ့ရပါတယ်။

ကျောက်မဲမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ နမ့်ခုံး ရှမ်းများပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးနဲ့ ဇွန် ၂၈ ရက်မနက်ပိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

24/06/2024

■ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်လျှောက်ထားလွှာနှင့် ပတ်သက်၍ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်၏ ဈာပနအား ဦးစီးဆောင်ရွက်နေသည့် ဆရာတော်ကြီးများ၏ ပြန်လည်မိန့်ကြားမှု။

"လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ။ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်"

"ယခုပြောတာကတော့ ကြွရောက်လာသော ဝန်ကြီးနဲ့ တကွ အားလုံးသောဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်လူကြီးမင်းများဟာ ဥယျာဉ်တစ်ခုလှပအောင် ဝင်းနိမ္မိတာရုံကျောင်းတိုက်က အားလုံးဟာ ဥယျာဉ်တစ်ခုပါပဲ။ လက်ရှိတွေရော သက်မဲ့တွေရော။ အားလုံးအကဲခတ်ပြီး သွားကြပါ။ ဒီလိုစည်းနဲ့ ကမ်းနဲ့ စနစ်နဲ့ သန့်ရှင်းသပ်ရပ်တည်ငြိမ်မှုကို
အလွန်လိုလားတော်မူတဲ့ ဆရာတော်ဘုရားကြီးဟာ သူ့ရဲ့မလိုလားတဲ့ အချင်းအရာနဲ့ နိဂုံးချုပ်ရတာကို ဝမ်းနည်းရတာပါ။

■ ဝင်းနိမ္မိတာရုံကျောင်းဆရာတော်၏ ဈာပနအား ဦးစီးဆောင်ရွက်နေသည့် ဆရာတော်ကြီးများ၏ ပြန်လည်မိန့်ကြားမှု။

ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်လျှောက်ထားခဲ့သည်။ ဇွန် ၂၂ ရက်၊ ရက်စွဲဖြင့် ပေးပို့ခဲ့သည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တောင်းပန်လျှောက်ထားချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက်တွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဈာပနအတွက် ဦးစီးဆောင်ရွက်နေသည့် ဆရာတော်သံဃာတော်ကြီးများထံသို့ ဖတ်ကြားလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

24/06/2024

■ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်းပန်လျှောက်ထား

ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်လျှောက်ထားခဲ့သည်။ ဇွန် ၂၂ ရက်၊ ရက်စွဲဖြင့် ပေးပို့ခဲ့သည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တောင်းပန်လျှောက်ထားချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဇွန် ၂၄ ရက်တွင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဈာပနအတွက် ဦးစီးဆောင်ရွက်နေသည့် ဆရာတော်သံဃာတော်ကြီးများထံသို့ ဖတ်ကြားလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တောင်းပန်လျှောက်ထားချက်နှင့် ပတ်သက်၍ ဆရာတော်၏ ဈာပနအတွက် ဦးစီးဆောင်ရွက်နေသည့် ဆရာတော်သံဃာတော်ကြီးများမှ ပြန်လည်မိန့်ကြားချက်ကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

23/06/2024

■ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် မေ့ဖျောက်ကြရန် ဝင်းနိမ္မိတာရုံဆရာတော် ဈာပနသို့ ကြွရောက်ခဲ့သည့် သီတဂူဆရာတော်ကြီး မိန့်ကြား။

"အဲဒီတော့ ဒီကနေ့ တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတဲ့အတွက် နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲဒါကြောင့် တိုင်းသူပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါဘုရား။ နှစ် ခွင့်လွှတ်တော်မူကြပါ။ သုံးကတော့ မေ့ပျောက်တော်မူကြပါ။ ပြန်ပြင်လို့ မရတော့တဲ့ ဒီအမှားကို တစ်စုံတစ်ယောက်မှားတဲ့ ဒီအမှားကို တပည့်တော်တို့ သံဃာတော်တွေဟာ အားပေးမိရာ မရောက်အောင် ထပ်ပြီးတော့ မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါဘုရား"

(Zawgyi)

■ သည္းခံျခင္း၊ ခြင့္လႊတ္ျခင္းႏွင့္ ေမ့ေဖ်ာက္ၾကရန္ ၀င္းနိမၼိတာ႐ံုဆရာေတာ္ စ်ာပနသို႔ ၾကြေရာက္ခဲ့သည့္ သီတဂူဆရာေတာ္ႀကီး မိန္႔ၾကား။

"အဲဒီေတာ့ ဒီကေန႔ တိုင္းျပည္အေျခအေနက ညီၫြတ္ဖို႔က သိပ္အေရးႀကီးေနတဲ့အတြက္ ႏိုင္ငံေတာ္နဲ႔ တပည့္ေတာ္တို႔ သံဃာ၊ ႏိုင္ငံေတာ္အစိုးရနဲ႔ သံဃာ လက္မတြဲႏိုင္ရင္ တပည့္ေတာ္တို႔ တိုင္းျပည္က ဒုကၡျဖစ္စရာအမ်ားႀကီးရွိတယ္။ အဲဒါေၾကာင့္ တိုင္းသူျပည္သားလူအမ်ားကို ျပန္ငဲ့ညႇာ တိုင္းျပည္ရဲ႕ အစဥ္အၿမဲတည္တံ့မႈ Union United ဆိုတဲ့ ညီၫြတ္မႈကိုလည္း အားေပးတဲ့အေနနဲ႔ တစ္ သည္းခံေတာ္မူၾကပါဘုရား။ ႏွစ္ ခြင့္လႊတ္ေတာ္မူၾကပါ။ သုံးကေတာ့ ေမ့ေပ်ာက္ေတာ္မူၾကပါ။ ျပန္ျပင္လို႔ မရေတာ့တဲ့ ဒီအမွားကို တစ္စုံတစ္ေယာက္မွားတဲ့ ဒီအမွားကို တပည့္ေတာ္တို႔ သံဃာေတာ္ေတြဟာ အားေပးမိရာ မေရာက္ေအာင္ ထပ္ၿပီးေတာ့ မမွားမိေအာင္ သည္းခံျခင္း၊ ခြင့္လႊတ္ျခင္း၊ ေမ့ေပ်ာက္ျခင္းျဖင့္ ထိန္းသိမ္း ေစာင့္ေရွာက္ေတာ္မူၾကပါဘုရား"

21/06/2024

■ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ရှင်းလင်းချက်

"ကံမရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကံမရွာဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစ်စင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ ကားပေါ်ကနေ အော်ဟစ်တားဆီးတာတွေ၊ လက်ပြတားဆီးတာတွေ လုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကို မိုးပေါ်ထောင် ပစ်ခတ်တားဆီးတယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား၊ Surf ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျင်းသိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်ဆန်းစစ်သွားမှာ ဖြစ်ပါတယ်"

■ ဗိုလ်ချုပ် ဇော်မင်းထွန်း
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

(Zawgyi)

■ ပဲခူးၿမိဳ႕၊ ၀င္းနိမိၼတာ႐ံုေက်ာင္းဆရာေတာ္ ပ်ံလြန္ေတာ္မူခဲ့သည့္ျဖစ္စဥ္ႏွင့္ ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ရွင္းလင္းခ်က္

"ကံမရြာရဲ႕ထိပ္ ဘုရားအနီးလမ္းေပၚမွာ ကံမရြာဘက္က ေမာင္းႏွင္လာတဲ့ အရပ္နံပါတ္လိုင္စင္တပ္ Surf အမ်ိဳးအစားယာဥ္တစ္စင္းနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။ ယာဥ္ကို ရပ္တန္႔ဖို႔ ကားေပၚကေန ေအာ္ဟစ္တားဆီးတာေတြ၊ လက္ျပတားဆီးတာေတြ လုပ္ခဲ့ေၾကာင္း သိရွိခဲ့ရပါတယ္။ ေနာက္ဆံုး ေသနတ္ကို မိုးေပၚေထာင္ ပစ္ခတ္တားဆီးတယ္ဆိုတာလည္း သိရွိခဲ့ရပါတယ္။ အရပ္ကား၊ Surf ကားက ေက်ာ္တက္ေမာင္းႏွင္သြားတဲ့အခါ ေနာက္ကေနလည္း ပစ္ခတ္တားဆီးခဲ့တယ္ဆိုတာကို အၾကမ္းဖ်င္းသိရွိရပါတယ္။ ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး အေသးစိတ္ထပ္မံစိစစ္ဆန္းစစ္သြားမွာ ျဖစ္ပါတယ္"

■ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း
နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္

18/06/2024

■ တစ်ပတ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား နှစ်သောင်းကျော် ဘယ်လို ဖမ်းဆီးခံခဲ့ရသလဲ . . .

စစ်မှုထမ်းဥပဒေကြောင့် အရွယ်ကောင်းတဲ့လူငယ်မောင်မယ် တော်တော်များများက အနီးဆုံးဖြစ်တဲ့အိမ်နီးချင်း ထိုင်းနိုင်ငံကို အပြေးအလွှားပြေးဝင်ကြတယ်။ တစ်ဖက်မှာလည်း တရားဝင် MoU စနစ်က ၆ လနဲ့ တစ်နှစ်အထိ ကြာတယ်။ လုပ်ထုံးလုပ်နည်းတွေကလည်း ကြန့်ကြာနှောင့်နှေးတယ်။ အဲဒီတော့ တရားမဝင် လမ်းကြောင်းကိုပဲ ရွေးချယ်ပြီး အမြန်ရောက်ချင်ဇောနဲ့ လာကြတယ်။ ပွဲစားကတစ်ဆင့် ထိုင်းနိုင်ငံနေရာအနှံ့ကို ဟိုရောက်၊ ဒီရောက် ရောက်တယ်။ စာရွက်စာတမ်းအထောက်အထားတွေက မရှိတဲ့သူရယ်၊ မပြည့်စုံတဲ့လူကို "ကတွက်ပေါက်က ဗျိုင်းစောင့်" သလို ထိုင်း လဝကတွေက အခုလို စောင့်ဖမ်းတဲ့သဘောမျိုးပဲ။

■ ဦးမိုးကြိုး (ဥက္ကဋ္ဌ)
( မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ၊ JACBA)

ထိုင်းနိုင်ငံအစိုးရရဲ့ တရားမဝင် အလုပ်သမားပပျောက်ရေးစီမံချက် ရက်ပေါင်း(၁၂၀)အရ ပြီးခဲ့တဲ့ ဇွန် ၅ ရက်မှ ဇွန် ၁၂ ရက်အတွင်း ထိုင်းနိုင်ငံအတွင်းရှိ စက်ရုံ၊အလုပ်ရုံနဲ့ လုပ်ငန်းခွင်ပေါင်း (၁၇၇၄) နေရာတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ဗီယက်နမ်အပါအဝင် တရားမဝင် အထောက်အထားမဲ့နိုင်ငံခြားသား ၂၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအလုပ်သမားစီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံသား ၂၀၁၁၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၉၇၁ ဦး၊ လာအိုနိုင်ငံသား ၁၆၅၉ ‌ဦးနဲ့ အခြားနိုင်ငံသား ၄၄၄ ဦး အပါအဝင် တရားမဝင်နိုင်ငံခြားသားအလုပ်သမား ၂၆၁၈၉ ဦးတို့ဟာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်ခြင်း၊ အထောက်အထားမရှိခြင်းနဲ့ အထောက်အထားမပြည့်စုံခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက မြန်မာနိုင်ငံသား ၁၉၀ ဦး၊ လာအိုနိုင်ငံသား ၃၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၈ ဦးနဲ့ အခြားနိုင်ငံသား ၄ ဦး စုစုပေါင်း ၂၄၀ ဦးဟာ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

ထိုင်း အစိုးရတာဝန်ရှိသူတွေရဲ့ တရားမဝင် အလုပ်သမားပပျောက်ရေးစီမံချက်မှာ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုအခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားတွေအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးနဲ့ မေးမြန်းထားတာဖြစ်ပါတယ်။

17/06/2024

■ "နိုင်ငံကို ထိခိုက်နာကျင်မှုအနည်းဆုံးနဲ့ အကူးအပြောင်းဖြစ်နိုင်ဖို့အတွက် ရွေးကောက်ပွဲက အဆင့်တစ်ခုဖြစ်လိမ့်မယ်လို့ မြင်တယ်"

ကျွန်တော်တို့က သေကြေပျက်စီးတာတွေ၊ အိုးအိမ်စွန့်ခွာရတာတွေ၊ အနိဌာရုံတွေကို ဒီထက်ပိုပြီးတော့ ပြင်းထန်လာအောင် ကျွန်တော်တို့က လုပ်မလား၊ အဲဒါတွေကို ရပ်တန့်အောင် လျော့ပါးအောင် လုပ်မလားဆိုရင်တော့ ရွေးကောက်ပွဲနည်းလမ်းက လမ်းစတစ်ခုပေါ်လာမယ်လို့ ယုံကြည်တယ်။ဒီဟာက တက်လာတဲ့ အစိုးရနဲ့ လွှတ်တော်ကနေပြီးတော့ ဒီပြဿနာတွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းဖို့အတွက် အခြေခံတစ်ခု၊ လမ်းစတစ်ခုဖြစ်လာမယ်လို့ ဖြစ်ပါတယ်။ ... ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့ရင် ရွေးကောက်ပွဲက တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဖွဲ့စည်းလိုက်တဲ့ အစိုးရဟာ ပြဿနာပေါင်းစုံကို တာဝန်ယူရဲတဲ့ ရင်ဆိုင်ရဲတဲ့သူတွေဖြစ်ဖို့ လိုတယ်။ သမာရိုးကျကတော့ ရွေးကောက်ပွဲပြီး အာဏာရတယ်ဆိုတာမျိုးက ပုံမှန်အခြေအနေမှာ ပြောတာ။ အခုက ကျွန်တော်တို့က တာဝန်ယူစိတ်ရှိတဲ့ တာဝန်ယူချင်တဲ့လူတွေကို စိန်ခေါ်မှုတွေအပြည့်နဲ့ စောင့်နေတဲ့အခြေအနေလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံကို ထိခိုက်နာကျင်မှုအနည်းဆုံးနဲ့ အကူးအပြောင်းဖြစ်နိုင်ဖို့အတွက် ရွေးကောက်ပွဲက အဆင့်တစ်ခုဖြစ်လာလိမ့်မယ်လို့ အဲဒီလို မြင်ပါတယ်။

■ ဦးကိုကိုကြီး (ဥက္ကဋ္ဌ)

ပြည်သူ့ပါတီ

လာမယ့်နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က မိတ္ထီလာမြို့ခရီးစဉ်အတွင်း ထည့်သွင်းပြောကြားခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

15/06/2024

"လက်နက်ကြီးကျတာက နေ့တိုင်းတော့ မဟုတ်ဘူး ရက်ခြား ရက်ခြားကျနေတာ။ ဘယ်ဘက်က ပစ်လို့ပစ်မှန်းမသိဘူး။ရွာက တချို့တစ်ဝက်ကတော့ မြစ်ကြီးနားမှာ ရွှေ့ပြောင်းနေထိုင်ကြတာ။ အသက်ကြီးပိုင်းတွေက အဲဒီမှာ သူ့ဆွေမျိုးအသိုင်းအဝိုင်းဆီ ပြောင်းနေတာပဲ။ ကျန်တဲ့လူတွေကတော့ ရွာက ကြီးတော့
တောင်သူတွေဆိုတော့ ပစ္စည်းတွေနဲ့ သယ်ဖို့ ပြောင်းဖို့ ရွှေ့ဖို့က ခက်ခဲတယ်။ ကျွန်တော်တို့ကတော့ တောင်သူတွေဆိုတော့ အေးအေးချမ်းချမ်းနဲ့ လယ်တွေ ဘာတွေ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ အခုကျတော့ ရင်တထိတ်ထိတ်နဲ့ အိပ်မရ။ ရင်တထိတ်ထိတ်နဲ့ ကိုယ့်အိမ်ပဲ ကျလာမလား။ သူများအိမ်ပဲ ကျမလား။ ဘယ်ရပ်ကွက်ကို ကျမလဲ မိုးလင်း၊ မိုးချုပ် ဒါပဲတွေးနေရတယ်"

ခတ်ချိုကျေးရွာ ဒေသခံ

ဝိုင်းမော်မြို့နယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအတွင်းကို ပြီးခဲ့တဲ့ မေနဲ့ ဇွန်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာမှ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နစကဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

■ Zawgyi

"လက္နက္ႀကီးက်တာက ေန႔တိုင္းေတာ့ မဟုတ္ဘူး ရက္ျခား ရက္ျခားက်ေနတာ။ ဘယ္ဘက္က ပစ္လို႔ပစ္မွန္းမသိဘူး။ရြာက တခ်ိဳ႕တစ္၀က္ကေတာ့ ျမစ္ႀကီးနားမွာ ေရႊ႕ေျပာင္းေနထိုင္ၾကတာ။ အသက္ႀကီးပိုင္းေတြက အဲဒီမွာ သူ႔ေဆြမ်ိဳးအသိုင္းအ၀ိုင္းဆီ ေျပာင္းေနတာပဲ။ က်န္တဲ့လူေတြကေတာ့ ရြာက ႀကီးေတာ့
ေတာင္သူေတြဆိုေတာ့ ပစၥည္းေတြနဲ႔ သယ္ဖို႔ ေျပာင္းဖို႔ ေရႊ႕ဖို႔က ခက္ခဲတယ္။ ကၽြန္ေတာ္တို႔ကေတာ့ ေတာင္သူေတြဆိုေတာ့ ေအးေအးခ်မ္းခ်မ္းနဲ႔ လယ္ေတြ ဘာေတြ လုပ္ႏိုင္ရင္ အေကာင္းဆံုးေပါ့။ အခုက်ေတာ့ ရင္တထိတ္ထိတ္နဲ႔ အိပ္မရ။ ရင္တထိတ္ထိတ္နဲ႔ ကိုယ့္အိမ္ပဲ က်လာမလား။ သူမ်ားအိမ္ပဲ က်မလား။ ဘယ္ရပ္ကြက္ကို က်မလဲ မိုးလင္း၊ မိုးခ်ဳပ္ ဒါပဲေတြးေနရတယ္"

ခတ္ခ်ိဳေက်းရြာ ေဒသခံ

၀ိုင္းေမာ္ၿမိဳ႕နယ္။

ကခ်င္ျပည္နယ္၊ ၀ိုင္းေမာ္ၿမိဳ႕နယ္၊ ခတ္ခ်ိဳေက်းရြာအတြင္းကို ၿပီးခဲ့တဲ့ ေမနဲ႔ ဇြန္လအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲမႈေတြေၾကာင့္ လူထိခိုက္ေသဆံုးမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ ၀ိုင္းေမာ္ၿမိဳ႕နယ္၊ ခတ္ခ်ိဳေက်းရြာမွ ေဒသခံတစ္ဦးကို ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။ ၀ိုင္းေမာ္ၿမိဳ႕နယ္အတြင္းျဖစ္ပြားေနတဲ့ တိုက္ပြဲျဖစ္စဥ္ေတြနဲ႔ ပတ္သက္လို႔ နစကဘက္က သတင္းထုတ္ျပန္ထားတာ မရွိေသးပါဘူး။

15/06/2024

"လက်ရှိ မြဝတီမြို့ထဲမှာတော့ လူလတ်တန်းစားတွေ၊ ဆန်အိတ်လိုက် ဝယ်ချင်တဲ့လူတွေအတွက် ဝယ်လို့ မရဘူး။ ဒါပေမဲ့ လက်လုပ်လက်စား တစ်ပြည်၊ နှစ်ပြည်၊ လေးပြည်အတွက်တော့ ရပ်ကွက်ဆိုင်တွေမှာ ဝယ်လို့ ရတယ်။ ဆိုင်ကြီးတွေက ပိတ်ထားကြတာပေါ့။ လုံးဝမရောင်းတာဖြစ်နေတယ်။ ဆန်ဆိုင်ကို ပိတ်ထားတာဆိုတော့ ဈေးနှုန်းတက်တာတွေ၊ မတက်တာတွေမသိဘူး။ လူတွေကတော့ ဆန်ရဖို့ဈေးနှုန်းတက်ရင်လည်း ဝယ်ရမှာပဲ။ သို့သော်လည်း ဆန်ဆိုင်တွေက ပိတ်ထားတဲ့အခါကျတော့ ဘယ်မှာမှ ဝယ်လို့ မရဘူးပေ့ါဗျာ။"

■ ဒေသခံတစ်ဦး၊ မြဝတီမြို့။

မိုးရွာသွန်းပြီး ဒေါနတောင်ကျော်လမ်းမှာ သွားလာရအခက်အခဲကြောင့် မြန်မာ - ထိုင်းနယ်စပ်မြဝတီမြို့မှာ ဆန်ကား ဝင်ရောက်မှုနည်းပါးတဲ့အတွက် ဆန်ဆိုင်တွေ အရောင်းပိတ်ထားတဲ့အတွက် ဒေသခံတွေ ဆန်ဝယ်ယူရတာအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြန်မာဆန်ကား ဝင်ရောက်မှုနည်းပါးခြင်းကြောင့်
ဒေသခံ ဆန်ဆိုင်တွေဟာ လက်ရှိအချိန်မှာ ဆန်မာနဲ့ ထိုင်းဆန်ကို အစားထိုးရောင်းချနေတယ်လို့ သိရပါတယ်။ မြဝတီမြို့မှာဖြစ်ပေါ်နေတဲ့ ဆန်ဝယ်ယူရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြဝတီမြို့ခံတစ်ဦးကို ဇွန် ၁၄ ရက်က ဆက်သွယ်မေးမြန်းထားပါတယ်။

13/06/2024

■ လမ်းပိတ်၍ ကုန်စည်၀င်ရောက်မှုမရှိသည့် ပူတာအိုမြို့၏ ‌ကုန်ဈေးနှုန်းအခြေအနေ

Zawgyi

■ လမ္းပိတ္၍ ကုန္စည္၀င္ေရာက္မႈမရွိသည့္ ပူတာအိုၿမိဳ႕၏ ‌ကုန္ေဈးႏႈန္းအေျခအေန

24/05/2024

■ EV ကားတင်သွင်းခွင့်ပါမစ်တွေကို ပြန်လည်ရောင်းချမှုတွေ ရှိနေသလား ...

"(EV ကားတင်သွင်းခွင့်ပါမစ်တွေကို မော်တော်ယာဉ်မတင်သွင်းဘဲ ပါမစ် ပြန်လည်ရောင်းချမှုတွေ ရှိနေတယ်ဆိုတာကို) ဆရာတို့လည်း ကြားတော့ ကြားတယ်။ကြားတဲ့အပေါ်မှာ သက်သေ၊သာဓကနဲ့ အထောက်အထားနဲ့တော့ ဆရာတို့အသင်းအနေနဲ့ရော ဆရာ့အနေနဲ့ရော ဘာမှမရှိဘူး။ ဒါပေမဲ့ ရောင်းတယ်ဆိုတာကိုတော့ အခုဖြစ်စဉ်မှ မဟုတ်ဘူး။ICE ကားတွေကို Showroom မှာ အရောင်းစင်တာ ဖွင့်တုန်းကလည်း တကယ်တမ်း Showroom တောင် မရှိဘဲနဲ့ ပါမစ်လျှောက်ပြီး ရောင်းစားသွားတဲ့ဖြစ်စဉ်တွေရှိတဲ့အတွက် ဒါကြီးကို မဟုတ်ပါဘူးလို့ ငြင်းစရာမရှိဘူးလို့ ပြောချင်တယ်။"

"ဒီလိုမျိုးဖြစ်စဉ်တွေက လုံးဝမရှိသင့်ဘူး။ EV ကား ဆိုတာ မြန်မာပြည်အတွက် အခက်အခဲကြားထဲက Pilot Project လုပ်ထားတဲ့ Plan တစ်ခုဖြစ်တယ်။ Tax Rate အနေနဲ့လည်း Zero Rate နဲ့ ပေးထားတယ်။ ဒီလိုမျိုးဟာမျိုးက အများအကျိုးရှိဖို့၊ အသုံးပြုဖို့ မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ရောင်းစားတယ်ဆိုတာ မဖြစ်သင့်အတွက်မို့လို့ ကားလောကအပေါ် ကောင်းတဲ့သက်ရောက်မှု မရှိဘူး။ မကောင်းတဲ့ဘက်က သက်ရောက်မှုရှိမယ်လို့ မြင်တယ်။"

■ ဦးကျော်စွာထွန်းမြင့်(အတွင်းရေးမှူး)
မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း

10/05/2024

ပြည်ပအမျိုးသားလုပ်သားထွက်ခွာခွင့်သည် ယာယီဆိုင်းငံ့ထားခြင်းဖြစ်သည့်အတွက် စိုးရိမ်စိတ်တွေများပြီး နီးစပ်ရာဖြင့် (တရားမဝင်)ထွက်ခွာမှုမျိုးမလုပ်ပါနဲ့။

■ ဦးကျော်ထင်ကျော်(ဒုတိယဥက္ကဋ္ဌ - ၂)

မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်

■ Zawgyi

ျပည္ပအမ်ိဳးသားလုပ္သားထြက္ခြာခြင့္သည္ ယာယီဆိုင္းငံ့ထားျခင္းျဖစ္သည့္အတြက္ စိုးရိမ္စိတ္ေတြမ်ားျပီး နီးစပ္ရာျဖင့္ (တရားမ၀င္)ထြက္ခြာမႈမ်ိဳးမလုပ္ပါနဲ႔။

■ ဦးေက်ာ္ထင္ေက်ာ္(ဒုတိယဥကၠ႒ - ၂)

ျမန္မာႏိုင္ငံ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္

09/05/2024

■ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ တောင်းဆိုမှု လတ်တလော မဖြစ်နိုင်သေး

''ကျွန်တော်တို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမယ်။ ဒီဟာနဲ့ပတ်သက်ပြီး နှောင့်နှေးစေနိုင်မယ့် အဖြစ်အပျက်မျိုးပေါ့၊ နှောင့်နှေးစေနိုင်မယ့်ဟာမျိုးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာ ဖြစ်ပါတယ်။ ခုနက ပြောတဲ့ဟာပါပဲ၊ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တယ်၊ မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ လက်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းတော့ မရှိသေးပါဘူး"

ဗိုလ်ချုပ် ဇော်မင်းထွန်း(ပြောရေးဆိုခွင့်ရှိသူ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

■ Zawgyi

■ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆံုခြင့္ေပးရန္ ကေမၻာဒီးယား၀န္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္၏ ေတာင္းဆိုမႈ လတ္တေလာ မျဖစ္ႏိုင္ေသး

''ကြၽန္ေတာ္တို႔ ေရွ႕လုပ္ငန္းစဥ္ (၅)ရပ္ရွိတယ္။ ေရွ႕လုပ္ငန္းစဥ္အတိုင္း ေဆာင္႐ြက္သြားမယ္။ ဒီဟာနဲ႔ပတ္သက္ၿပီး ေႏွာင့္ေႏွးေစႏိုင္မယ့္ အျဖစ္အပ်က္မ်ိဳးေပါ့၊ ေႏွာင့္ေႏွးေစႏိုင္မယ့္ဟာမ်ိဳးေတာ့ ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး ေရွာင္ရွားသြားမွာ ျဖစ္ပါတယ္။ ခုနက ေျပာတဲ့ဟာပါပဲ၊ ေရွ႕လုပ္ငန္းစဥ္အတိုင္း ေဆာင္႐ြက္တဲ့ေနရာမွာ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ ေႏွာင့္ေႏွးေစႏိုင္တယ္၊ မလိုအပ္ဘူးလို႔ ယူဆတယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ လက္တေလာမွာ ေဆာင္႐ြက္ေပးႏိုင္စရာအေၾကာင္းေတာ့ မရွိေသးပါဘူး"

ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း(ေျပာေရးဆိုခြင့္ရွိသူ)
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ

Address

No. (65)/Corner Of Myamarlar Street And Myanma Gon Yi Street, Thaketa Industrial Zone, Thaketa Township
Yangon
11311

Alerts

Be the first to know and let us send you an email when Eleven Short View posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleven Short View:

Videos

Share


Other Media/News Companies in Yangon

Show All