ချယ်ရီလွင်

ချယ်ရီလွင် သတင်းမှန်များတင်ဆက်ပေးသွားမည်

အိမ်နီးချင်းကောင်းမပီသသူများကို တုန့်ပြန်သင့်သည့်နည်းလမ်း==============================မြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိ...
17/04/2024

အိမ်နီးချင်းကောင်းမပီသသူများကို တုန့်ပြန်သင့်သည့်နည်းလမ်း
==============================
မြန်မာနိုင်ငံရဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ
အိမ်နီးချင်းနိုင်ငံများရဲ့ သဘောထားဟာ
အလွန်အရေးကြီးပါတယ်။
နယ်စပ်ဒေသတစ်လျှောက်
အခိုင်အမာခြေကုတ်ယူထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်များဟာ
သူတို့ရဲ့အသက်
ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက်
တစ်ဖက်နိုင်ငံကို လုံးဝမှီခိုအားထားနေတယ်ဆိုတာ
အားလုံးအသိပဲ ဖြစ်ပါတယ်။
အရှေ့နဲ့ အရှေ့တောင်ဘက်မှာ
KNPP၊ KNU တို့
အားကောင်းမောင်းသန် ဖြစ်နေချိန်
ထိုင်း-မြန်မာဆက်ဆံရေးမကောင်းသလို
မြောက်နဲ့ အရှေ့မြောက်ဘက်က KIA၊ UWSA၊ MNDAA၊ TNLA အဖွဲ့တွေကလည်း
တရုတ်ကြီးရဲ့ ထိန်းညှိမှုအရ
စစ်ရေးအရှိန် အလျော့အတင်းဖြစ်လေ့ရှိပါတယ်။
တရုတ်နယ်စပ်မှာ ကြီးထွားလာပြီး
အနောက်ဘက်မှာ ရှင်သန်နေတဲ့
AA အဖွဲ့ကတော့
သူ့ဆရာက KIA လို တရုတ်ကို မှီခိုပြီး
အမေရိကန်ဆီက ထောက်ပံ့ကြေးရဖို့
ကြိုးစားနေတဲ့
နှစ်ဘက်ခွစား အဖွဲ့ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း မြန်မာအစိုးရအဆက်ဆက်ဟာ
ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုလုပ်တိုင်း
အိမ်နီးချင်းနိုင်ငံများကို ပစ်ပယ်လို့မရခဲ့တဲ့
သမိုင်းမှတ်တမ်းများရှိခဲ့ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း
တရုတ်နဲ့ထိုင်းတို့ရဲ နောက်ကွယ်က
ခြေရှုပ်၊ ထိန်းညှိမှုများနဲ့ ရှုပ်ထွေးလျက်ရှိပါတယ်။
သာမန်အားဖြင့် ထိုင်းနိုင်ငံဟာ
အမေရိကန်ဩဇာခံဖြစ်သလို
ထိုင်းနယ်စပ်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ
ထိုင်းမှတစ်ဆင့် အမေရိကန်အကူအညီရယူကြသလိုပဲ
တရုတ်နယ်စပ်မှာရှိတဲ့ အဖွဲ့တွေက
အမေရိကန်ဘက်မယိမ်းပြပဲ
တရုတ်ရဲ့ ပံ့ပိုးမှုကို ရယူနေကြတာ မြင်တွေ့ရပါလိမ့်မယ်။
လတ်တလော ၁၀၂၇ ဖြစ်စဉ်တွေမှာ တရုတ်အနေဖြင့်
နစကအစိုးရကို ပေါ်ပေါ်တင်တင် ထောက်ခံအားပေးမှုမပြုပဲ
သူ့နယ်စပ်၊ သူ့အကျိုးစီးပွားအတွက်
သူ့နယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့တွေကို
အသုံးချသွားခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း နစကအစိုးရအနေဖြင့်
တရုတ်ရဲ့ဖိအားနဲ့
တရုတ်ကြီးကို အာခံတုန့်ပြန်နိုင်ဖို့ ထွက်ပေါက်ရှာရမှာဖြစ်ပါတယ်။
အမေရိကန်ဖိအားကြောင့်
နဝတ၊ နယက အစိုးရတွေ
တရုတ်ဘက်ယိမ်းယိုင်ခဲ့သလို
တရုတ်ရဲ့ သဘောထားမမှန်မှုကြောင့်
ရုရှားဘက်ယိမ်းခဲ့တဲ့ နစကဟာ
တရုတ်နဲ့ အမေရိကန်ဖိအား ၂ ခုလုံးကို
ခံနေရတာ အလူးအလဲဖြစ်ပါတယ်။
တရုတ်ကို တန်ပြန်ဖို့ သံတမန်ရေးအရ
အာဆီယံ၊ ရုရှားနဲ့ အိမ်နီးချင်း
အိန္ဒိယနိုင်ငံတို့ရှိသလို
ဒီမိုကရေစီအကြောင်းပြပြီး အမေရိကန်နဲ့လည်း
Trust 2 လမ်းကြောင်းဖွင့်သင့်ပါတယ်။
Level အဆင့် အမျိုးမျိုးနဲ့
Trust 2 လမ်းကြောင်းကနေ
ဆွေးနွေးအဖြေရှာနိုင်ခဲ့ရင်
မြန်မာ-အမေရိကန် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာပြီး
တရုတ်-အမေရိကန်တို့ရဲ့ ဖိအားတွေ
အထိုက်အလျောက်လျော့နည်းသွားမယ်လို့ ယုံကြည်မိပါတယ်…..

အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာမြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့လုပ်ငန်းဆောင်တာများကို အ...
13/04/2024

အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ
မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်း
ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့
လုပ်ငန်းဆောင်တာများကို အောင်မြင်ပြည့်စုံစွာ
ဆောင်ရွက်နိုင်ကြပြီး
ဘေးဘယာအပေါင်းမှ
ကင်းဝေးလွတ်မြောက်နိုင်ကြပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်
🙏🙏🙏🙏🙏🙏🙏🙏🙏

မြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၊ နိုင်ငံတော် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ လု...
13/04/2024

မြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၊ နိုင်ငံတော် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ လုံခြုံရေးတပ်ဖွဲဝင်များအားလုံး ဘေးဘယ ဝေးကွာပြီး နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ...

ကျန်းမာရေး ချိုတဲ့နေသည့် မြန်မာ့လက်ဝှေ့ ကစားသမားများ၊ ဒိုင်နှင့်နည်းပြများကို ထောက်ပံ့ငွေ (၁၀) သိန်းစီပေး အပ်ကျန်းမာရေး ...
08/04/2024

ကျန်းမာရေး ချိုတဲ့နေသည့် မြန်မာ့လက်ဝှေ့ ကစားသမားများ၊ ဒိုင်နှင့်နည်းပြများကို ထောက်ပံ့ငွေ (၁၀) သိန်းစီပေး အပ်

ကျန်းမာရေး ချိုတဲ့လျက်ရှိသည့် မြန်မာ့လက်ဝှေ့ ကစားသ မားများနှင့် ဒိုင်နှင့် နည်းပြများ စုစုပေါင်း (၁၃) ဦးကို ထော က်ပံ့ငွေ တစ်ဦးလျင် (၁၀) သိန်းကျပ်စီ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲချုပ် ဂုဏ်ထူးဆောင် နာယကဦးကျင်ဦး (Popular Group ဥက္ကဋ္ဌ) မှ ယနေ့ ဧပြီလ (၈) ရ က် နံနက်ပိုင်းတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို၊ သိမ်ဖြူလက်ဝှေ့ အားကစားရုံရှိ မြန်မာနိုင်ငံရိုး ရာလက်ဝှေ့အဖွဲချုပ် အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Popular Group မှ ဥက္ကဋ္ဌ ဦးကျင်ဦးနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲချုပ်မှ ဥက္ကဋ္ဌ ဒေါ က်တာ တင်အောင်လွင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်ဝင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာနံနက်ခင်းပါခင်မျာမိတ်ဆွေများအားလုံးစိတ်အေးချမ်းသာဘေးကင်းစွာဖြင့်ကောင်းကျိုးလိုရာပြည့်ကြပါစေ🙏🙏🙏
26/03/2024

မင်္ဂလာနံနက်ခင်းပါခင်မျာ
မိတ်ဆွေများအားလုံး
စိတ်အေးချမ်းသာ
ဘေးကင်းစွာဖြင့်
ကောင်းကျိုးလိုရာပြည့်ကြပါစေ
🙏🙏🙏

အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရသည်...
25/03/2024

အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း(၃၀ နှစ်)သည် ယင်းဒဏ်ရာကြောင့် ဘရာဇီးလ်နှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့သလို၊ သက်သာခြင်းမရှိသဖြင့် ဘယ်လ်ဂျီယံနှင့်ပွဲကိုလည်း ထပ်မံလွဲချော်ခြင်းဖြစ်သည်။

ထို့ကြောင့် ဟာရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းထံ ပြန်သွားခဲ့ကြောင်း သိရသည်။ ဟာရီကိန်းသည် ဒမ်းစတက်ဒ်နှင့် ဘွန်ဒစ်လီဂါပွဲစဉ်ကတည်းက ဒဏ်ရာရရှိခဲ့သော်လည်း အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်က ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဆောက်ဂိတ်သည် ဟာရီကိန်းနည်းတူ အခြားဒဏ်ရာရကစားသမားများကိုလည်း ရွေးချယ်ထားခဲ့ခြင်းကြောင့် ဘရာဇီးလ်နှင့်ပွဲတွင် အခြားကစားသမားအချို့လည်း လွဲချော်ခဲ့ကြောင်း သိရသည်။

ဗြိတိန်မီဒီယာအချို့ကမူ ဟာရီကိန်း၏ဒဏ်ရာအခြေအနေမှာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြခဲ့ကြသည်။

ဘိုင်ယန်မြူးနစ်နှင့် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၌ ဆုံတွေ့နေပြီး ပထမအကျော့ကို ဧပြီ(၉)၊ ဒုတိယအကျော့ကို ဧပြီ(၁၇)တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိက ပွဲခန်းမတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထ...
25/03/2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်အနီးရှိက ပွဲခန်းမတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်၏ နောက်ကွယ်တွင်ရှိနေသူများကို ဖော်ထုတ်ပြီး အပြစ်ပေးသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ရုရှားတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သံသယရှိသူ သေနတ်သမားလေးဦးစလုံးကို ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် ပူတင်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

မတ် ၂၂ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်ကို အိုင်အက်စ်စစ်သွေးကြွအဖွဲ့က တာဝန်ခံထွက်ဆိုထားသော်လည်း ရုရှားသည် အဆိုပါတိုက်ခိုက်မှုကို ယူကရိန်းနှင့် ချိတ်ဆက်မှုရှိ မရှိ လေ့လာနေသည့် လက္ခဏာများလည်း ထွက်ပေါ်နေသည်။

ယူကရိန်းအရာရှိများကမူ အဆိုပါတိုက် ခိုက်မှုဖြစ်စဉ်သည် ယူကရိန်းနှင့်ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ စုံစမ်းစစ်ဆေးရေးကော်မတီက မတ်၂၂ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် လူ ၁၃၃ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ရုရှား၏ State TV အယ်ဒီတာ မာဂါရီတာ ဆိုင်မွန်ယန်ကမူ မည်သည့်သတင်းရင်းမြစ်ကိုမျှ ကိုးကားခြင်းမရှိဘဲ သေဆုံးသူ အရေအတွက် ၁၄၃ ဦးရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

ပူတင်သည် နိုင်ငံပိုင်ရုပ်သံမှ မိန့်ခွန်း ပြောကြားရာတွင် သေနတ်သမားလေးဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

“သူတို့တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ ယူကရိန်းကို သွားဖို့ ကြိုးစားခဲ့တယ်လို့ ကနဦး လေ့လာတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ယူကရိန်းဘက်ကလည်း သူတို့ကို လက်ခံဖို့ ပြင်ဆင်ထားပါတယ်”ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှား၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် FSB က သေနတ်သမားများသည် ယူကရိန်း နှင့် အဆက်အသွယ်ရှိပြီး နယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့ကာ မော်စကိုသို့ လွှဲပြောင်းပို့ ဆောင်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ပူတင်နှင့် FSB တို့က မတ် ၂၂ ရက် တိုက်ခိုက်မှုသည် ယူကရိန်းနှင့် ဆက်နွှယ်မှုရှိသည်ဆိုသည့် မည်သည့် သက်သေအ ထောက်ထားကိုမျှ လူသိရှင်ကြား တင်ပြခဲ့ခြင်းမရှိပေ။

“ယူကရိန်းဟာ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်ပါဘူး။ ယူကရိန်းဟာ ရုရှားကျူးကျော်သူတွေရဲ့ ရန်ကနေ မိမိရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်နေပြီး မိမိတို့ရဲ့ နယ်မြေကို လွတ်မြောက်စေဖို့နဲ့ ရန်သူတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။ အရပ်သားတွေကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး”ဟု ယူကရိန်း၏ စစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ယူဆော့ဗ်က ပြောကြားခဲ့သည်။

သံသယရှိသူများကို ယူကရိန်းသို့ သွားသည့်လမ်းကြောင်းတွင် ဖမ်းဆီးရမိသည်ဆိုသည့် FSB ၏ ပြောကြားချက်သည် နောက်ထပ်အလိမ်အညာတစ်ခုသာဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။

အမေရိကန်ကမူ ထိုတိုက်ခိုက်မှုသည် ယူကရိန်းနှင့်ပတ်သက်သည့် အထောက်အထားများ မတွေ့ရသေးကြောင်း ပြောကြားခဲ့သော်လည်း ရုရှားလွှတ်တော်အမတ် အန်ဒရီ ကာတာပိုလော့ဗ်ကမူ ထိုတိုက်ခိုက်မှုတွင် ယူကရိန်းပါဝင်ပတ်သက်ခဲ့မည်ဆိုပါက စစ်မြေပြင်တွင် ရုရှားက ပြင်းထန်စွာ တုံ့ပြန်သွား ရမည်ဟု ပြောကြားခဲ့သည်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ နေအိမ်တစ်ခုမှာ အာဟာရချို့တဲ့နေတဲ့ အာရှဝက်ဝံနက်သား ဆယ့်ခြောက်ကောင်ကို ထိန်းသိမ်းစောင့်ရှေ...
25/03/2024

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ နေအိမ်တစ်ခုမှာ အာဟာရချို့တဲ့နေတဲ့ အာရှဝက်ဝံနက်သား ဆယ့်ခြောက်ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ Free the Bears က တွေ့ရှိခဲ့ပြီး ထိန်းသိမ်းကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရင်ဘတ်မှာ လခြမ်းဖြူပုံစံ အမွေးဖြူလေးတွေရှိတာကြောင့် လဝက်ဝံလို့ လူသိများတဲ့ ဝက်ဝံသားပေါက်ကလေး တွေဟာ မျိုးတုံးလုနီးပါးမျိုးစိတ် စာရင်း IUCN Red List မှာ ပါဝင်တဲ့ ရှားပါးတိရစ္ဆာန်တွေဖြစ်ပါတယ်။ အာရှ တစ်ဝှမ်းမှာ ထောင်ပေါင်းများစွာသော တောရိုင်းရှားပါး တရိစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် ထားရှိခြင်း (သို့မဟုတ်) စျေးကြီးတဲ့ တိုင်းရင်းဆေးပညာတွင် အသုံးပြုဖို့အတွက် မွေးမြူလေ့ရှိပါတယ်။ ပြီးခဲ့သီတင်းပတ် ကတော့ လာအိုနိုင်ငံရှိ နေအိမ်တစ်ခုမှာ ဝက်ဝံ သားပေါက် ၁၇ ကောင်ကို ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် တစ်ကောင်ဟာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဝက်ဝံပေါက်လေးတွေရဲ့ အလေးချိန်ဟာ ၁.၃ ကီလိုဂရမ်မှ ၄ ကီလိုဂရမ်ကြား ရှိပြီး အသက်ကတော့ ၂ လမှ ၄ လဝန်းကျင်ရှိမယ်လို့ ယူဆရပါတယ်။

ဒီဝက်ဝံပေါက်လေးတေံကို ဖမ်းဆီးမွေးမြူခဲ့တဲ့ အိမ်ပိုင်ရှင်ကိုတော့ ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အဆိုပါ ဝက်ဝံပေါက်တွေကို Luang Prabang တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

စပိန်တရားရုံးချုပ်ဟာ နိုင်ငံအတွင်းရှိအင်တာနက်အသုံးပြုသူတွေကို တယ်လီဂရမ်အသုံးပြုခွင့် ဆိုင်းငံ့ထားဖို့ အမိန့် ပေးလိုက်ကြေ...
25/03/2024

စပိန်တရားရုံးချုပ်ဟာ နိုင်ငံအတွင်းရှိအင်တာနက်အသုံးပြုသူတွေကို တယ်လီဂရမ်အသုံးပြုခွင့် ဆိုင်းငံ့ထားဖို့ အမိန့် ပေးလိုက်ကြောင်း သိရပါတယ်။ တယ်လီဂရမ်နဲ့ပတ်သက်ပြီး ကော်ပီရိုက်အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆို တဲ့တိုင်တန်းချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့အတွက် စပိန်တရားရုံးက အခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

စပိန်မီဒီယာလေးခုက ၎င်းတို့ဖော်ပြတဲ့ ကွန့်တန်အကြောင်းအရာတွေကို ခွင့်ပြုချက်မရှိဘဲ တယ်လီဂရမ် လူမူကွန်ရက်ပလက်ဖောင်းမှာ သုံးစွဲသူတွေ ပြန်လည်မျှဝေတာတွေရှိတယ်လို့ တိုင်တန်းခဲ့ပြီးနောက် တရားရုံးက စုံစမ်းနေတာဖြစ်ပါတယ်။

တရားရုံးဟာ စုံစမ်းစစ်ဆေးမှုအစိတ်အပိုင်းအဖြစ် တယ်လီဂရမ်ပိုင်ရှင်ကိုလည်း တိကျတဲ့သတင်းအချက်အလက် တွေပေးဖို့ တောင်းဆိုထားပြီးတောင်းဆိုချက်ကို လိုက်နာမှုမရှိဘူးဆိုရင် တယ်လီဂရမ် လူမှုကွန်ရက် အက်ပလီကေးရှင်းကို နိုင်ငံအတွင်း တားမြစ်သွားမယ်လို့ ဆိုပါတယ်။
တရားသူကြီးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ချိန်အတွင်းတယ်လီ ဂရမ်အသုံးပြုမှုတွေကို ဆိုင်းငံ့ထားမှာဖြစ် ကြောင်း ပြောပါတယ်။ စပိန်နိုင်ငံသား ၁၉ ရာခိုင်နှုန်းဟာ တယ်လီဂရမ်လူမှုကွန်ရက် အက်ပလီကေးရှင်းကို အသုံးပြုနေကြောင်း စစ်တမ်းအဖွဲ့တစ်ခုက ဖော်ပြထားပါတယ်။

စပိန်နိုင်ငံမှာ စပိန်တရားရုံးရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ပွားနေပြီး သုံးစွဲသူအချို့က သင့်တော်သူမရှိတဲ့ ထုတ်ပြန်ချက်ဖြစ်ကြောင်း ပြောပါတယ်။ အဆိုပါ တယ်လီဂရမ်လူမူကွန်ရက်ပလက်ဖောင်းကို ရုရှားနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Pavel Durov ဆိုသူက စတင်လုပ်ကိုင်ခဲ့ပြီး ကမ္ဘာတဝှမ်းမှာ အသုံးပြုသူအရေအတွက် သန်း ၈ဝဝ ကျော် ရှိနေကြောင်း သိရပါတယ်။

ကယ်လီဖိုးနီးယားနိုင်ငံ မြောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ဒေသမှာ စနေနေ့(မတ်လ ၂၃ ရက်) က တောင်ခြင်္သေ့ တိုက်ခိုက်ခံရမှုကြောင့်...
25/03/2024

ကယ်လီဖိုးနီးယားနိုင်ငံ မြောက်ပိုင်းရှိ ဝေးလံခေါင်သီတဲ့ဒေသမှာ စနေနေ့(မတ်လ ၂၃ ရက်) က တောင်ခြင်္သေ့ တိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါ တယ်။

တောင်ခြင်္သေ့ဟာ ဂျော့ခ်ျတောင်းဧရိယာမှာ သမင်တွေကို အမဲလိုက်နေရင်း အသက် ၂၀ နှစ်ဝန်းကျင် ညီအစ်ကို ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ El Dorado ကောင်တီ ရဲအရာရှိရုံး က ဆိုပါတယ်။ တိုက်ခိုက်မှုမှာ အစ်ကိုဖြစ်သူဟာ ခြင်္သေ့အဆွဲခံခဲ့ရပြီး ညီဖြစ်သူကတော့ မျက်နှာမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။ အဲဒီနောက် ညီဖြစ်သူက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားပြီးနောက် ဆေးရုံမှာ ကုသမှုခံခဲ့ရပြီး ပျောက်ဆုံးအစ်ကိုကိုတော့ တာဝန်ရှိသူ တွေက စနေနေ့ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်ခန့်က မြေပြင်ပေါ်ဝပ်တွားနေတဲ့ တောင်ခြင်္သေ့ရဲ့ဘေးရှိ မြေပြင်ပေါ်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အစ်ကိုဖြစ်သူကတော့ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယား ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနက ဒီတိုက်ခိုက်မှု ဘယ်လိုကြောင့် ဖြစ်ပွားရခြင်းဖြစ်တယ်ဆိုတာ သိရဖို့ ကြိုးပမ်းနေပါတယ်။ တောင်ခြင်္သေ့တွေက လူသားတွေကို တိုက်ခိုက်တာ ရှားပြီး ဒါဟာ ကယ်လီဖိုးနီးယားမှာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး လူသေဆုံးရတဲ့ တောင်ခြင်္သေ့ တိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

❝တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ...
25/03/2024

❝တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ ရွေးကောက်ပွဲကို တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားဖိုရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား❞

ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလိုရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့ (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖိုဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့်စုံပြီးလိုရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ကျွန်တော်တိုရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ် လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ITAR-TASS Media နဲ့ အင်တာဗျူးမှာ ဗိုလ်ချုပ်မှူးကြီးက ယခုလို ထည့်သွင်းပြောကြားသွားခဲ့တာပါ။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လိုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သလို လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တိုရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရော တာဝန်ယူထားတဲ့အတွက်ကြောင့် အားလပ်ချိန်နည်းတာမှန်ပေမယ့် နေ့စဉ်မနက်ပိုင်း လမ်းလျှောက်ပြီး ရတဲ့အချိန်လေးမှာ စာဖတ်သလို ကြည့်သင့်ကြည့်ထိုက်တဲ့၊ လေ့လာသင့်တဲ့ဟာတွေ လိုက်ကြည့်ပြီး မှတ်ချက်တွေ မှတ်တာတွေနဲ့ အသိပညာရအောင် ကြိုးစားတာတွေလည်းရှိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူ...
25/03/2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ၂၀၂၄ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတက်ရောက်ကြည်ညို

နိုင်ငံတကာ ခြေစမ်းပွဲစဥ်ပွဲပြီးရလဒ်အင်္ဂလန် 0-1 ဘရာဇီးလ်⚽️ Endrick 80'ဘရာဇီးလ်အသင်းက လူစားဝင် ဆယ်ကျော်သက် တိုက်စစ်ကစားသမ...
25/03/2024

နိုင်ငံတကာ ခြေစမ်းပွဲစဥ်

ပွဲပြီးရလဒ်

အင်္ဂလန် 0-1 ဘရာဇီးလ်

⚽️ Endrick 80'

ဘရာဇီးလ်အသင်းက လူစားဝင် ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်ရဲ့ သွင်းဂိုးကြောင့် ဝင်ဘလေမှာ အိမ်ရှင် အင်္ဂလန်တို ရှုးပွဲကြုံခဲ့ရ

အန်းဒရစ်ခ်ကလည်း ဘရာဇီးလ် ကစားသမားဘဝ ပထမဆုံးဂိုးကို စတင် သွင်းယူနိုင်ခဲ့

Myanmar Star ပြိုင်ပွဲမှာ Winner ဆု(ကျပ်ငွေ သိန်း ၁၀၀၀) ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတဲ့ ကလေးမြို့မှ Le Len
25/03/2024

Myanmar Star ပြိုင်ပွဲမှာ Winner ဆု(ကျပ်ငွေ သိန်း ၁၀၀၀) ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားတဲ့ ကလေးမြို့မှ Le Len

အရမ်းဂရုစိုက်တာပဲ ဦးရဲကြီးက😁😆
12/03/2024

အရမ်းဂရုစိုက်တာပဲ ဦးရဲကြီးက😁😆

လောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် မတ်လ ၁၁ ရက် နောက်ဆုံးထား၍ MNDAA အဖွဲ့က ရွှ...
12/03/2024

လောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် မတ်လ ၁၁ ရက် နောက်ဆုံးထား၍ MNDAA အဖွဲ့က ရွှေ့ပြောင်းခိုင်းထားကြောင်း ဗမာတန်းတွင် စျေးရောင်းချသူအချို့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားချက်အရ သိရသည်။

ထိုသို့ နေအိမ်ဆိုင်ခန်းများ ဖျက်သိမ်းရွှေ့ပြောင်းရန် မတ်လ ၉ ရက်က MNDAA အဖွဲ့က အကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် နေအိမ်ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယခုကိစ္စရပ်အား အကြောင်းကြားမှုမရရှိမီကတည်းက ကြိုတင်သတင်းကြားသဖြင့် MNDAA အဖွဲ့၏ လောက်ကိုင်မြို့ အုပ်ချုပ်ရေးရုံးထံ သုံးကြိမ်တိုင်သွားရောက်၍ နေအိမ်များကို ဖျက်သိမ်းခြင်းမပြုရန် အကူအညီတောင်းခံ တင်ပြခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဗမာတန်းဆိုင်ခန်းများ၏ အရှေ့ဘက်နှင့် နောက်ကြောဘက်တွင် တစ်လမ်းမောင်းလမ်း တစ်လမ်းစီရှိပြီး ဗမာတန်းသည် တစ်လမ်းမောင်းလမ်း နှစ်လမ်း၏ အလယ်တွင်ရှိနေသဖြင့် ယခုဖျက်သိမ်းရန်အကြောင်းပြချက်မှာ လမ်းချဲ့ရန်အတွက်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိတစ်လမ်းမောင်း နှစ်လမ်း၏ အကျယ်မှာ ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး တစ်ပြိုင်တည်းသွားလာနိုင်ပြီး ပလက်ဖောင်းအကျယ်မှာလည်း တစ်ဖက်လျှင် ၁၀ ပေခန့်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါ ဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်း အလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းကြောင့် ဒေသခံများက ဗမာတန်းဟု ခေါ်တွင်ခြင်းဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်းမှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ MNDAA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ယင်းဆိုင်ခန်းများမှာ လမ်း၏ အလယ်တွင် ဆောက်ထားခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွင် လမ်းကြောကျပ်တည်းသည့် နေရာများကို လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

“လူမျိုးရေးကြောင့် ဗမာတန်းကိုဖျက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဗမာတန်းတစ်ခုတည်းကိုမဟုတ်ဘဲ တခြားလမ်းက အဆောက်အဦလည်း လမ်းနဲ့မလွတ်လို့ ဖျက်တယ်။ လူအရမ်းစည်ပြီး လမ်းကျဉ်းတဲ့နေရာတွေ လမ်းချဲ့တယ်၊ လမ်းချဲ့တဲ့နေရာတွေမှာ မဖြစ်မနေ ဖျက်ရပါတယ်''ဟု လီကျားဝင်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အတူ ဗမာလူမျိုးများ လောက်ကိုင်သို့ ဝင်ခွင့်မပြုရန် တားမြစ်ထားခြင်း မရှိကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုရှိသော်လည်း မည်သည့်လူမျိုးကို မဆိုဝင်ခွင့်ပြုကြောင်းနှင့် နိုင်ငံရေးနောက်ကြောင်း မရှင်းသူများကိုသာ လက်မခံခြင်းဖြစ်ကြောင်း ၎င်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆၅၂၃ ဦးရှိသည့်အနက် ပထမနေ့မြန်မာစာလာရောက်ဖြေဆိုသူ ၁၂၈၈၀...
12/03/2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၄၆၅၂၃ ဦးရှိသည့်အနက် ပထမနေ့မြန်မာစာလာရောက်ဖြေဆိုသူ ၁၂၈၈၀၁ ဦးရှိကြောင်း မတ် ၁၁ ရက်ညပိုင်း MRTV သတင်းကြေညာချက်အရ သိရသည်။

ယနေ့(မတ် ၁၁ ရက်) တွင် စတင်ဖြေဆိုခဲ့သည့် ယင်းတက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေး၏ ပထမဆုံးစာမေးပွဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ ခု၊ စာစစ်ဌာနစုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ ၁၄၆၅၂၃ ဦးရှိပြီး မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၁၂၈၈၀၁ ဦး၊ ပျက်ကွက်သူ ၁၇၇၂၂ ဦးရှိပြီး ဖြေဆိုသူရာခိုင်နှုန်းအနေဖြင့် ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Address

Pyin Oo Lwin
Yangon

Website

Alerts

Be the first to know and let us send you an email when ချယ်ရီလွင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category