Myitphyar Irra - မြစ်ဖျားဧရာ

Myitphyar Irra - မြစ်ဖျားဧရာ Myitphyar Irra - မြစ်ဖျားဧရာ. It is a news agency based in Yangon. Information on censorship was offi

09/12/2023

*မဟာဗျူဟာအမြင်၊ နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေသောအခြေ အနေ များ၊ ယခင်အတိတ်သမိုင်းကြောင်းမှာဖြစ်ပေါ်ခဲ့သောအခြေအနေများနှင့် နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေများ
*ပြည်ဖျက်မီဒီယာများမှကောလာဟလသတင်းတု၊သတင်းမှားများထုတ်လွှင့်၍ပြည်သူလူထုအား အ ကြောက် တရား ဖြင့် ခြိမ်းခြောက်စွဲဆောင်နေမှုများ၊
*၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော် မြို့နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် PDF အကြမ်းဖက် သောင်းကျန်း သူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါတိုင် များ ဖောက်ခွဲ ဖျက်ဆီးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊ဒီဇင်ဘာလ-၉ ရက်

ခေတ်မီစစ်လက် နက်ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင် မျှော်တွေးကြရန် ဗိုလ်လောင်...
08/12/2023

ခေတ်မီစစ်လက် နက်ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင် မျှော်တွေးကြရန် ဗိုလ်လောင်းသင်တန်းဆင်းပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော +++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ- ၈ ရက်

ခေတ်မီစစ်လက် နက်ပစ္စည်းများကြောင့် ပြောင်းလဲသွားမည့် စစ်ပွဲပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင် မျှော်တွေးကြရန် ဗိုလ်လောင်းသင်တန်းဆင်းပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြ ကွင်း၌ ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၅) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား ပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းက ခေတ်မီဆန်းသစ်လာသည့် ကွပ်ကဲမှုနှင့် ကြီးကြပ်မှုစနစ်ကို နားလည် တတ်ကျွမ်းအောင် ကြိုးစား အား ထုတ်ရ မည်ဖြစ်ပြီး နည်းပညာများနှင့်လိုက်လျော ညီထွေပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်း ဗျူဟာ များ ကိုလည်း လေ့လာနေရန်၊ ခေတ်ကာလအခြေအနေအရ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်း ဆောင် ကြရ မည့် သူများအနေဖြင့် စစ်ရေးဆိုင်ရာကိစ္စရပ်များအပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတကာ ရေးရာ ကိစ္စ ရပ် များကိုပါ စဉ်ဆက်မပြတ် လေ့လာနေရန် ပြောကြားခဲ့သည်။

အလားတူ ၂၁ ရာစုခေတ်သစ်စစ်ပွဲများသည်အကန့်အသတ် အတားအဆီးမဲ့ပုံစံဖြင့် အရပ် မျက်နှာအမျိုးမျိုး၊ နယ်ပယ် အမျိုးမျိုးမှ ပုံသဏ္ဌာန်မျိုးစုံဖြင့် ပုံဖော်တိုက်ခိုက် လာခြင်းဖြစ်ကြောင်း နှင့်တိုးတက်လာသည့် ခေတ် မီစစ်လက် နက်ပစ္စည်းများကြောင့် ပြောင်းလဲ သွားမည့် စစ်ပွဲ၏ပုံစံနှင့် စစ်ဗျူဟာများကို ကြိုတင်မျှော်တွေးကြရ မည်ဖြစ်ကြောင်းလည်း ယင်းကပြောသည်။

08/12/2023

#ဒီဇင်ဘာလ-၈ ရက်
*တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေတက်ရောက်၊
ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများအား မိနစ်နှင့်အမျှ ထုတ်လွှင့်နေမှုအခြေအနေများ၊
*၈-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်း၊ တာမိုးညဲ နှင့် ရခိုင်ပြည်နယ် နှုံးဘူး တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့မှ အကြီးအကဲများ သ...
07/12/2023

ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့မှ အကြီးအကဲများ သီးသန့် ဆွေးနွေး
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာ ၇ ရက်

ဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ်ဂျန်ဒါ ဆိုဖီးအာ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာ တို့ တရုတ်နိုင်ငံ တွင် သီးခြား ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကာလအတွင်း အထက်ပါအတိုင်းဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် က ကျောက် ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဆုပ် ဂျန်ဒါ ဆိုဖီးအာ နှင့်လည်းကောင်း၊ ပေကျင်းမြို့ရှိ China World ဟိုတယ်၌ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာနှင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုတိုး တက်ခိုင်မာစေရေး၊ ခရီးသွား လုပ်ငန်း၊ သာသနာရေး၊ ယဉ်ကျေးမှုကဏ္ဍများနှင့် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု မြှင့်တင်ရေး ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ဆောင်ရွက် သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံ အပြန် အလှန် ထောက်ခံရပ်တည်ရေး တို့ကို ဆွေးနွေး ခဲ့ကြပြီး၊ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီ ဘာဟီဒါ နူကာရာနှင့် တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နိုင်ငံအကြား ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားရေး ၊ထို့ပြင် နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေး၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများအတွက် လူသားချင်း စာနာထောက် ထားမှု အကူအညီပေးအပ်နိုင်မှု အလားအလာများ၊ မြန်မာနိုင်ငံ အရှေ့မြောက်နယ်စပ် ဒေသများ တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအားနေရပ်ပြန်လည်ပို့ဆောင်ရေး၊ ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် တရားဥပဒေအရ ၎င်းတို့ ရပိုင် ခံစားခွင့်များ ရရှိစေရေးနှင့် အကာအကွယ်ပေး သွားရေးနှင့် နှစ်နိုင်ငံအကြား အာဆီယံအပါ အဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

07/12/2023

*နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းမှု၊
*အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများမှ ကောလာဟလ သတင်းတု၊ သတင်းမှားများ အချိန်ကိုက် လှုံ့ဆော်ဝါဒဖြန့်နေမှုများ၊
*၇-၁၂-၂၀၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား မှုအခြေအနေများ၊
*အစိုးရအနေဖြင့် နိုင်ငံရေးရည်မှန်းချက်နှင့်အမျိုးသားရေးရည်မှန်းချက်များအပေါ် ရပ်တည်ဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်-ဒီဇင်ဘာလ-၇ ရက်

ဗဟိုဘဏ်က ပို့ကုန်ရငွေ၏ ၅၀ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ထုတ်ပြန်+++++++++++++++++++...
06/12/2023

ဗဟိုဘဏ်က ပို့ကုန်ရငွေ၏ ၅၀ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ထုတ်ပြန်
++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ-၆ ရက်

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင် နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဖြေလျော့ပေး လိုက်ကြောင်းယနေ့ ဒီဇင်ဘာ(၆)ရက် ရက်စွဲ၊အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၃ ဖြင့် ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

ယင်းတွင်ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်ဟု ဖော်ပြ ထားသည်။

၎င်းကို အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက် စေရမည်ဖြစ်ကြောင်းနှင့် လိုက်နာခြင်းမရှိပါက နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်းလည်း ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြား ချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း (၁၃-၇- ၂၀၂၃) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၁၅/၂၀၂၃) ဖြင့် သတ်မှတ်ခဲ့ကြောင်း၊ယခုအခါ ၃၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မ...
06/12/2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ပေကျင်းမြို့တွင်တွေ့ဆုံဆွေးနွေး
+++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ-၆ ရက်

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ပေကျင်းမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သိရသည်။

ယင်းထုတ်ပြန်ချက်တွင်တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီး များအဆင့် အစည်းအဝေးများ ကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ၆-၁၂-၂၀၂၃ ရက် (၁၆၃၀) နာရီတွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်မှ ကျောက်ဖြူရေ နက်ဆိပ်ကမ်း၊ တရုတ်-မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကွန်ရက် တည် ထောင်ရေးအပါအဝင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွား ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းသွား ရေးအပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ အမြစ်ပြတ် တိုက်ဖျက်သွားရေးအတွက် နှစ်ဖက်တရားဥပဒေစိုးမိုးရေး အဖွဲ့များအကြား ပိုမိုနီးကပ်စွာ ဆက် လက်ပူး ပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်စေနိုင်သည့် သတင်းအမှားများကို ဟန့်တားထိန်းချုပ်သွားနိုင်ရန် မီဒီယာကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်သွားရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ယုံကြည်မှု၊ နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို မြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်မြတ်အား မြန်မာနိုင်ငံသို့ သင့်လျော်မည့်အချိန်တွင် ပဉ္စမအကြိမ်မြောက် ပင့်ဆောင်သွားနိုင်ရန်အတွက် နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် နယ်မြေတည် တံ့ခိုင်မြဲမှုတို့အပေါ် အစဉ်လေးစားမှုနှင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုခြင်းနှင့် မြန်မာနိုင် ငံနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း ရွေးချယ်မှုတို့အပေါ် ထောက်ခံလျက်ရှိသည့် တရုတ်နိုင်ငံ ၏ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ကြောင်း လည်း သိရသည်။

06/12/2023

•မြန်မာနိုင်ငံတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံမှု ရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နယ်စပ် ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေများ၊
•၆-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများ၊
•ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ-၆ ရက်

 ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရ...
05/12/2023


ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr Nikolai PATRUSHEV အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။

 ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander N...
05/12/2023


ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူးက လက်ရောက် အပ်နှင်းခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်မှု ကဏ္ဍတိုးမြှင့်ရေး တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

04/12/2023

*သူရဲကောင်းစစ်သည်များအတွက် ဆုတောင်းအလေးပြုခြင်း အခမ်းအနားကျင်းပခဲ့မှု၊
*နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် စစ်သည်များမှ ဆက်သွယ်တင်ပြလာမှုဆိုင်ရာ အခြေအနေများ၊
*US Department State Website ၏ Country Reports on Terrorism 2022 အမည်ဖြင့် ၂၀၂၂ ခုနှစ်အ တွင်း နိုင်ငံအလိုက် အကြမ်းဖက်မှုဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံမှ PDF အကြမ်းဖက်အဖွဲ့များက ၅၇ ရာခိုင်နှုန်းကျော်၊ KNLA နှင့် KNDF သောင်းကျန်းသူအဖွဲ့က ၁၄ ရာခိုင်နှုန်းကျော် ကျူးလွန်ခဲ့ကြောင်းဖော်ပြခဲ့မှု၊
*တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးမှုနှင့် မီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင် နည်းအမျိုးမျိုးဖြင့် ဝေဖန်တိုက်ခိုက်မှုများ၊
*၄-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မုန်းမြို့ နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်-ဒီဇင်ဘာလ ၄ ရက်

04/12/2023

* မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊
*တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေမှုများအပေါ် အနောက်နိုင်ငံအားပေး၊ အထောက်အပံ့ယူထားသည့်မီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန်တိုက်ခိုက်မှုများ၊
* AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးခရိုင်ရှေးဟောင်းသုတေသနဦးစီးဌာန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်များ၊ ခရိုင်ဖွံ့ဖြိုးရေးယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက်ယာဉ်များ၊ သာသနာ ရေးဝန်ကြီဌာနပိုင်ယာဉ်များအား လက်နက်ငယ်များဖြင့်ခြိမ်းခြောက်ယူဆောင်၍ ၎င်းတို့ အဖွဲ့ကိုယ်ကျိုးအတွက် အသုံးပြုနေမှုများ၊
*၃-၁၂-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တပ်မတော်မှ ခြေလျင်တပ် များ၊ လေယာဉ် နှင့် အမြောက်များပေါင်းစပ်ပြီး ရွံ့ရွံ့ချွံ့ချွံ့ ခုခံချေမှုန်းခဲ့မှုကြောင့် ဆုပ်ခွါထွက်ပြေးသွားမှုအခြေအနေများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်-ဒီဇင်ဘာလ ၄ ရက်

02/12/2023

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ) နှင့် မြန်မာနိုင်ငံ တပ်မတော်(ရေ)တို့မှ ရေပြင်ရန်ကာကွယ်ရေး၊ ဝေဟင်ရန်ကာကွယ်ရေး၊ ရေအောက်ရန် ကာကွယ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်မှုအခြေအနေ၊
• မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊
• ၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊
• လောက်ကိုင်တွင်သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လာသူများအား MNDAA မှ အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ-၂ ရက်

01/12/2023

*မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ မြန်မာနိုင်ငံ တပ်မတော်(ရေ) စစ်ရေယာဉ်များ ပူးပေါင်း ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများဆောင်ရွက်မှုအခြေအနေ
*မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
*၁-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊
*ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကို အားပေးလုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဇင်ဘာလ-၁ ရက်

30/11/2023

*မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် စစ်ရေယာဉ်များကို အပြန်အလှန် လေ့လာခြင်း
*နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများအား တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမှု အခြေအနေများ
*နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတို့အတွက် တရုတ်-မြန်မာနှစ်နိုင်ငံ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်နေမှုများ
*ပြည်ဖျက်မီဒီယာများ၊ အနောက်နိုင်ငံအားကိုးမီဒီယာများမှ နိုင်ငံအတွင်းဖြစ်ပေါ်နေသောအခြေအနေများကို ကောလာဟလသတင်း မျိုးစုံထုတ်လွှင့်နေမှုများ
*၃၀-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများအတွင်း ရန်သူများအနေဖြင့် ပြည်သူပိုင်အဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အဦများကို အကာကွယ်ယူ၍တိုက်ခိုက်နေပြီး တပ်မတော်အပေါ် မဟုတ်မမှန် ကောလာဟလထုတ်လွှင့်နေမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
++++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ-၃၀ ရက်

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့များက စစ်သုံးအဆင့် Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း နစက ဥက္ကဌ ပ...
29/11/2023

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် လက်နက်ကိုင်အဖွဲ့များက စစ်သုံးအဆင့် Drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း နစက ဥက္ကဌ ပြော
++++++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ-၂၉ ရက်

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များကိုသုံးသပ် ကြည့်မည်ဆိုပါက သာလွန် အင်အားများစုစည်းခြင်းနှင့် နည်းပညာသာလွန်မှုကို အသုံး ချ၍ စစ်သုံးအဆင့် Drone များဖြင့် Drop Bomb များအသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့အနေဖြင့် Drop Bomb အသုံးပြုမှုမှာ ယခုအချိန် အထိ အလုံးပေါင်း ၂၅၀၀၀ ကျော်ခန့်အသုံးပြုခဲ့သကဲ့သို့ ၁၀၇ မီလီမီတာ လျှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ကိုသိရှိရကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂၉ ရက် (ယနေ့)တွင် ပြုလုပ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂ဝ၂၃)တွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နောက်ခံအကြောင်းအရင်းများနှင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်အရေးယူ၍အင်အားတိုးချဲ့စုဆောင်းခြင်းများ ပြုလုပ်လာ‌ကြောင်း လည်း ယင်းကပြောသည်။

KIA အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ အစွန်းရောက်သည့် လူငယ်များကို KIA စခန်းများ၌ စစ်ရေးလေ့ကျင့်ပေးခြင်းများပြုလုပ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် တပ်မ တော်နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားနေချိန်၌ ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်း ငယ် တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း AA အဖွဲ့များပါ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပတ်မြို့၊ချင်းပြည်နယ်အတွင်းရှိ ဟားခါး၊ လိုင်လင်းပီ မြို့များကိုလည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊UWSA အဖွဲ့အနေဖြင့်ငြိမ်းချမ်းရေးယူခဲ့သည်မှာနှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်သော်လည်း လွန်ခဲ့သည့် ၁၀ သိသိသာသာ ဖွံ့ဖြိုး တိုးတက်လာခဲ့ကာ ကိုယ်ပိုင်လက်နက် ထုတ် လုပ်မှုများကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်းလည်း ပြောသည်။
TNLA အဖွဲ့က မန္တလေး-လားရှိုး-သိန္နီလမ်းကြောင်း ပေါ်ရှိ နောင်ချို၊ သိန္နီမြို့များ ကို Drone ကြီးများသုံး၍ Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကာ ယခုအခါ မူဆယ်ကိုလည်း လာရောက်တိုက်ခိုက်လျက်ရှိပြီး မန္တလေး-လားရှိုး မူဆယ် - ချင်းရွှေဟော် ဆက်သွယ်သည့် လမ်းကြောင်း ပေါ်မှအဓိကကျသည့် သိန္နီမြို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ ကြောင်း၊ MNDAA နှင့်ပူးပေါင်း အဖွဲ့များ က Drop Bomb များဖြင့်တိုက်ခိုက် ခြင်း၊ သာလွန်အင်အားများဖြင့် တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစု ဝင်များ၏ အသက်အန္တရာယ်လုံခြုံရေးအရ အချို့နေရ ာများကို စွန့်ခွာပေးခဲ့ကြောင်း၊ နယ်စပ်ဒေသဖြစ်ခြင်းကြောင့် တစ်ဖက်နိုင်ငံမှအထင်အမြင် မလွဲမှားစေရန် ကန့်သတ် ထိန်းသိမ်း ဆောင်ရွက်ရပြီး အရပ်သူအရပ်သားအပြစ်မဲ့ ပြည်သူများမထိခိုက်အောင် လည်း ဆောင်ရွက်ခဲ့ရခြင်းများလည်းရှိကြောင်း နစက ဥက္ကဌက ပြောသည်။

AA အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် နီပွန်ဖောင်ဒေးရှင်း၏ စေ့စပ်စီစဉ်ပေးမှုဖြင့် ပစ် ခတ် တိုက်ခိုက်မှုများရပ်စဲပေးခဲ့ပြီး တစ်ဖက်မှလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားခြင်းမှ ရုတ်သိမ်း ပေးခဲ့ချိန်မှစ၍ လူသစ်စုခြင်း၊ ပြန်ပေးဆွဲခြင်း၊ အုပ်ချုပ်မှုကိစ္စရပ်များတွင်ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်စခန်းများ တိုးချဲ့ဆောက်လုပ်လာခြင်း လုပ်ဆောင်ခဲ့ကြောင်း၊မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၏ပျက် စီးထိခိုက်မှုကို ပြန်လည်ထူထောင်ရေးလုပ်၍ ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော်လည်း AA အနေဖြင့် သစ္စာမရှိဘဲ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ကာ MNDAA အဖွဲ့နှင့်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်ပါဝင်ခဲ့ကြောင်းလည်း ပြောသည်။

မကြာခင်ကပလက်ဝဒေသရှိ လုံခြုံရေးစခန်းငယ်နှစ်ခု နှင့် ပေါက်တောမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအချို့ကိုလည်း သာလွန် အင်အားများဖြင့် တိုက်ခိုက်ခဲ့၍ လက်ရှိအချိန်တွင် ပြန်လည်ထိန်းချုပ်ထား နိုင်ပြီဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး KNPP/KNDF အဖွဲ့အနေဖြင့်ကယားပြည်နယ်လွိုင်ကော်မြို့သို့ အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊KNU အဖွဲ့တွင်ဖဒိုကွယ်ထူးဝင်း ဥက္ကဋ္ဌ အဖြစ် တက်လာပြီးနောက် KNLA တပ်မဟာ ၅ ၊ တပ်မဟာ ၆ တို့သည် NCA လမ်းကြောင်းပေါ်မှ သွေဖယ်ခဲ့ပြီး တပ်မတော်တပ်စခန်းငယ်များနှင့် မြဝတီ၊ ကော့ကရိတ်မြို့တို့ကို နှောင့်ယှက်တိုက်ခိုက်လာခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက် တွင် KNLA တပ်မဟာ ၅ အနေဖြင့် တပ်မတော် တပ်စခန်းတစ်ခုကို အင်အားအလုံး အရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မဟာ ၆ က နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရော မြို့နယ်ရှိချောင်းနှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

29/11/2023

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း ရှိ စစ်သည်များ ရန်ကုန်မြို့အတွင်း ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း
• နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့် တရားမဝင် ဝင်ရောက်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ
• ဖမ်းဆီးခံထားရသောလွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦးထပ်မံ လွတ်မြောက်မှု
• ၂၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများ
• ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့ဖြစ်သော (RCSS/SSA) နှင့် (SSPP)အဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့သောသတင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ-၂၉ ရက်

အနံ့အသက်ဆိုးဝါးနေသောသိမ်ဆည်းခံ လယ်ယာမြေပေါ်က အမှိုက်ပုံကို ဖယ်ရှားပေးရန် ရပ်ကွက်နေပြည် သူများ တောင်းဆိုနေ+++++++++++++++...
29/11/2023

အနံ့အသက်ဆိုးဝါးနေသောသိမ်ဆည်းခံ လယ်ယာမြေပေါ်က အမှိုက်ပုံကို ဖယ်ရှားပေးရန် ရပ်ကွက်နေပြည် သူများ တောင်းဆိုနေ
++++++++++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ-၂၉ ရက်

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ၊ ခနောင်တို အရှေ့ရပ်ကွက် ၊ ရှုခင်းသာမြို့ပတ်လမ်း ၊ ကွင်း အမှတ် ၁၉၀ လ၊ ဦးပိုင်အမှတ် ၆၆ / ၃ ၊ ဧရိယာ ၉ ဧက တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ က အမှိုက်ပုံနေရာ ပြုလုပ်ထားရာ ယင်းအမှိုက်ပုံမှ အနံ့အသက်များ ဆိုးဝါးနေ၍ဖယ်ရှားပေးရန်ရပ်ကွက်နေ ပြည်သူများ တောင်းဆိုနေကြကြောင်း သိရသည်။

အမှိုက်ပုံကို ဖယ်ရှားပေးရန် ရပ်ကွက်နေ ပြည်သူ ၁၅၀ ကျော်မှ လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ သို့ တိုင် တန်းခဲ့သော်လည်း ယနေ့ ထက်ထိ အကြောင်းမထူးသေးကြောင်း ရပ်ကွက်နေ ပြည်သူများနှင့် မြေပိုင် ရှင် လယ် သမားများက မီဒီယာများကို ပြောသည်။

“ရပ်ကွက်တွေထဲထိ အနံ့အသက်တွေ မခံနိုင်လောက်အောင် ဝင်လာတယ် ၊အမှိုက်ပုံကြောင့် ကျန်းမာရေး ကစ္စ ကလည်း အရေးကြီးတယ်။မတော်လို့ အမှိုက်ပုံမီးလောင်ရင်လည်း ပြဿနာ ဖြစ်လာနိုင် ဆိုတဲ့ အချက်တွေနဲ့ ရပ်မိရပ်ဖတွေ၊ရပ်ကွက်နေပြည်သူတွေသဘောတူညီချက်တွေနဲ့ စာတင်တာ”ဟု ခနောင်တို အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦး သက်မြင့်ဝင်းက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်မှ အမှိုက်ပုံ ပြုလုပ်ထားသည့် နေရာအပါအဝင် ဆပ်စက် မြေဧက ၉ ဧက ကို ၁၉၉၀ ပြည့်နှစ်တွင် အိမ်ယာစီမံကိန်း ပြုလုပ်မည်ဟု ဆိုကာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိမ်းယူထားခဲ့ ကြောင်း ၊သို့သော်လည်းယခုအခါ နှစ် ၃၀ ကျော်ကာလ ကြာမြင့်လာသည့်အချိန်ထိ ယင်းမြေယာ အပေါ်တွင် အိမ်ရာစီံမံကိန်း အကောင်အထည် မဖော်နိုင်သေးဘဲ ပလပ်မြေအဖြစ် ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် မြေသိမ်းဥပဒေ သိမ်းဆည်းခံ လယ်ယာမြေ ဥပဒေ ပြဋ္ဌာန်းထားချက်နှင့်အညီ မူလ ပိုင်ရှင်လယ် သမားများက ၎င်းတို့ပိုင်အဆိုပါလယ်ယာမြေများကို ပြန်လည်ပေးအပ်ရန် လယ်ယာမြေ စီစစ်ရေး ကော်မတီထံ အဆင့်ဆင့် တင်ပြထားဆဲ ဖြစ်ကြောင်းလည်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၆ ၊ ၂၀၁၇ လောက်က ရပ်ကျေးလယ်စီမှာ သိမ်းဆည်းခံလယ်ယာမြေ ဥပဒေ နဲ့ အညီ လယ် သမား ကနေ မြေယာ အမှု့ဖွင့်ထားတယ် ၊ ရပ်ကျေးနဲ့ မြို့နယ်လယ်စီမှာ စစ်ပြီးပြီ ၊ စစ်ရင်းတန်းလန်းမှာ ကိုဗစ် ဖြစ်တာရယ်၊နိုင်ငံရေး အပြောင်းအလဲ ဖြစ်တာရယ်ကြောင့် အခုထိ မြေယာ အမှုကအခုထိ မပြတ်သေးဘူး ၊ လယ်သမားတွေက မကျေနပ်သေးရင်တောင် ခရိုင် အဆင့် တိုင်းအဆင့်နဲ့ ဗဟိုလယ်စီ အဖွဲ့တွေနဲ့ အဆင့် ဆင့် ဆုံးဖြတ်ရမယ့် အဆင့်တွေ ကျန်သေးတယ် ”ဟု လယ်သမား ဦးမင်းမင်းက ပြောသည်။

ယခုအခါ အဆိုပါ တွံတေးတူးမြောင်း နှင့် ဆိပ်ကြီးခနောင်တိုမြို့ အကြား ရှိ ယင်း သိမ်းဆည်းခံလယ် မြေပေါ် တွင် အမှိုက်ပုံပြုလုပ်ထားသည့်အပြင် ယင်းမြေပေါ်တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်လုပ်ကိုင်လာသည့် လယ် သမားများကို ဖယ်ရှားပေးရန်လည်း ဖိအားပေးလာခြင်းမျိုးကြုံနေရကြောင်း သိရသည်။
ယင်းကြောင့်လယ်သမားများက အနံ့ဆိုးများထွက်နေသည့် အမှိုက်ပုံနှင့် အဆိုပါ မြေနှင့်ပတ်သက်၍ လယ်ယာ မြေ ဥပဒေ နှင့် အညီ တရားနည်းလမ်းတကျ ဆောင်ရွက်ပေးရန် တောင်းဆိုလျက် ရှိသည်။

“အခုတော့ ဥပဒေ နည်းလမ်းတကျ ဆောင်ရွက်ပေးဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို တောင်းဆိုပါတယ် ၊ စည်ပင်ဧရိယာထဲမှာ ရှိလို့ စည်ပင်က ခန့်ခွဲခွင့် ရှိတာ မှန်ပေမယ့် ဒီမြေသည် မြို့တော်စည်ပင်က ပိုင်ဆိုင်တဲ့မြေ မဟုတ်ဘူး၊ ဒီမြေဟာ ဓားမဦးချ လယ်သမားပိုင်တဲ့ မြေသာဖြစ်တယ် ၊ စီမံကိန်း မလုပ်ဖြစ်လို့ ပိုလျှံတဲ့ မိမိပိုင် မြေကိုသာ လယ်သမားက ဥပဒေအရ ပြန်တောင်းနေ တာဖြစ်တယ်”ဟု ဦးမင်းမင်းကပြောသည်။

အဆိုပါ မြေနေရာကို မြို့ကွက်သစ် ဖော်ဆောင်ရန် ၁၉၉၀ ပြည့်နှစ်တွင် လယ်သမားများထံမှ သိမ်းယူကာ ၁၉၉၃ ခုနှစ်မှ စတင်ကာ မြို့ကွက်သစ်များ ဖော်ဆောင်ခဲ့ကြကြောင်း၊ယခုလယ်သမားများက ပြန်လည်တောင်း ခံနေသည့် မြေမှာ မြို့ကွက်သစ်များ ဖော်ထုတ်အပြီး ကျန်ရှိနေသေးသည့် မြေနေရာများလည်းသိရသည်။

“ကျွန်တော်လယ်လုပ်ရင်းလုပ်ရင်းနဲ့ မြို့နယ် စည်ပင်ကနေ လယ်ထဲမှာ အမှိုက်လာပုံတယ် ၊ လယ်သမား နေစရာ တော့ ရှိသေးတယ်ဆိုပြီး ဘာမှ မပြောခဲ့ဘူး ၊ အခုက အမှိုက်ပုံ တိုးချဲ့မယ်၊ဖျက်ပေးဆိုတော့ ကျွန်တော် တို့ ဘ၀ ပျက်ပြီ ၊ တစ်သက်လုံးလယ်လုပ်စားလာပြီးတော့ ကျွန်တော်တို့မှာ နေစရာ ထိုင်စရာလည်း မရှိတော့ ဘူး ၊ မြို့နယ်စည်ပင်ကလည်းလာလာပြီး စာတွေကပ်နေလို့ အခုဆို နွားကော လူကောနေစရာ တောင် မရှိ တော့ပါဘူး” ဟု လယ်သမား ဦးမောင်ကို က ဆိုသည်။

ရပ်ကွက်နေ ပြည်သူများက အနံ့အသက်ဆိုးများကြောင့် ရှိရင်းစွဲ အမှိုက်ပုံကို ဖယ်ရှားပေးရန် လိုလားတောင်း ဆိုနေသည့် အပြင်သိမ်းဆည်းခံ လယ်သမားများမှလည်း လယ်ယာမြေ နှင့် မြေသိမ်းဥပဒေပါ အချက်များနှင့် အညီ ဥပဒေ အရ ၎င်းတို့ ပိုင်ဆိုင်သည့် မြေယာများကို ပြန်လည်ရယူရန် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ ကူညီတားဆီးဖြေ ရှင်းပေး ဖို့ တောင်းဆိုလျက် ရှိကြောင်း သိရသည်။

၂-နှစ်ခန့် ရပ်နားထားခဲ့သည့် ဆီဒိုးနားဟိုတယ်ကို ဒီဇင်ဘာလ ၁ ရက်တွင်ပြန်ဖွင့်မည်+++++++++++++++++++++++++++++++++++++++++++...
29/11/2023

၂-နှစ်ခန့် ရပ်နားထားခဲ့သည့် ဆီဒိုးနားဟိုတယ်ကို ဒီဇင်ဘာလ ၁ ရက်တွင်ပြန်ဖွင့်မည်
++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ-၂၉ ရက်

၂-နှစ်ခန့် ရပ်နားထားခဲ့သည့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ကို ဒီဇင်ဘာလ ၁ ရက်တွင်ပြန်ဖွင့်မည်ဖြစ်ကြောင်း အဆိုပါဟိုတယ်က ထုတ်ပြန်ထားသည်။

ဆီဒိုးနားဟိုတယ်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ကပင် လုပ်ငန်းများ ရပ်နားထားခဲ့ပြီး Keppel က အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် စင်ကာပူလုပ်ငန်းစု Spring Blossom Ventures ထံ ရောင်းချခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် Keppel ကော်ပိုရေးရှင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ Spring Blossom Ventures အနေဖြင့် ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းစုဖြစ်ပြီး ပြည်တွင်း၌ဟိုတယ်လုပ်ငန်းအား ဆက်လက်လုပ် ကိုင် ရန်ရည်ရွယ်ထားကြောင်း သိရသည်။

ဆီဒိုးနားဟိုတယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီဟိုတယ်အဖြစ် အစောဆုံးဖွင့်လှစ်ခဲ့သည့် ကြယ်ငါးပွင့်အဆင့်ဟိုတယ်လည်းဖြစ်ပြီး မြန်မာနိုင်ငံ၏ခရီးသွားနှစ်ဖြစ်သော ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့် လှစ်ခဲ့ခြင်း ဖြစ်သည်။

မူလက အခန်းပေါင်း ၃၆၆ ခန်းရှိပြီး ၂၀၁၅ ခုနှစ်က အခန်းအရေအတွက် ၈၀၀ ခန့်ပါ အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့် ရင်းနှီးထားသော၂၉ ထပ်အမြင့် ရှိအဆောက်အဦသစ်ကို ထပ်မံတိုး ချဲ့ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရ သည်။

28/11/2023

* မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊
*မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း စစ်သင်္ဘောများအား လေ့လာခြင်းများအပါအဝင် တပ်မတော်နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်နေမှုအခြေအနေများ၊
*၂၈-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
+++++++++++++++++++++++++++++++++++++++++++++++++++++
နိုဝင်ဘာလ- ၂၈ ရက်

တရုတ်နိုင်ငံအနေဖြင့်မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်ရပ်တည် လျက်ရှိနေဟုဆို+++++++++++++++++++++++++++...
28/11/2023

တရုတ်နိုင်ငံအနေဖြင့်မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်ရပ်တည် လျက်ရှိနေဟုဆို
++++++++++++++++++++++++++++++++++++++++++++++++++++++++++နိုဝင်ဘာလ-၂၈ ရက်

တရုတ်ကမြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်ရပ်တည် လျက်ရှိနေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် စစ်ရေးလေ့ ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် ယခု ကာလတွင် တရုတ်ဆန့်ကျင်ရေးများ ပြုလုပ်ရန်မသင့်ကြောင်းလည်းအကြံပြုပြောဆို နေသူများရှိနေကြောင်း စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းကပြောဆိုနေကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီး၏ပုံမှန် စစ်ရေးလေ့ ကျင့်မှုကို နိုဝင်ဘာလ (၂၅)ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၌ နှစ်နိုင်ငံ နယ်ခြားဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်မြေဒေသ လုံခြုံရေးချမ်းရေးအတွက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဘက်ကို အ ကြောင်း ကြား ထားကြောင်း သိရသည်။

“တရုတ်နိုင်ငံရဲ့ မူဝါဒက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည် လျက်ရှိပြီး မြန်မာ့တပ်မတော် နဲ့အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ အတူ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွားမယ်လို့ အကြောင်းကြားလာပါတယ်” ဟု နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောများလည်း ချစ်ကြည်ရေးခရီး မြန်မာ နိုင်ငံကို မကြာမီမှာ လာရောက် လည်ပတ်ဖို့ ရှိပါတယ်။ တရုတ် - မြန်မာ နှစ်နိုင်ငံ တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိ ကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါ တယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် တန်မင်းဆက်နှင့် ပျူနိုင်ငံမှ ယနေ့အထိ ရှည်လျားသော သမိုင်းကြောင်းရှိခြင်း၊တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ ပံ့ပိုးကူညီမှု၊ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် လိုက်နာဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မည် သည့်နည်းဖြင့်မျှ ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ် ကုမ္ပဏီ များ သည် နိုင်ငံ၏ အခွန်ငွေနှင့် မြန်မာလူမျိုးများအတွက် အလုပ်အကိုင်များ ဆောင်ကြဉ်းပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေခြင်းစသည်တို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရေရှည် ကြည့်ရှု၍ တရုတ်ဆန့်ကျင်ရေးကို မပြုလုပ်စေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရင် ပြည်တွင်းက အလုပ်သမားတွေ ပြည်ပကို ထွက်ပြီး အလုပ်သွားလုပ်ဖို့ မလိုတော့ဘူး၊တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်ကောင်းမွန်စေသည့် ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကြည့်ရှုရင် သိနိုင်ပါတယ်။အားလုံးကတော့ အကျိုးအမြတ်အတွက် လုပ်ကြတာ ဆိုပေမဲ့ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးက တရုတ် ဖြစ်နေတာကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းကို ရစေလိုတာကို တွေ့ရမှာပါ၊ ဒါကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်တာမျိုး မလုပ်စေချင်တာဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်း နိုင်ငံဖြစ်တာကြောင့် ခင်မင်ရင်းနှီးကြတဲ့ ဆွေမျိုးတွေ ဖြစ်တယ်ဆိုတာ သမိုင်းမှာ အတိအလင်း ရှိနေတာပါ။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို လှုံ့ဆော်ဖန်တီးတဲ့ သူတွေ၊ အဖွဲ့အစည်း တွေမှာ မကောင်းတဲ့ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေကြသလဲ ဆိုတာ မေးခွန်းထုတ်မိပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း MMDAA ၊ TNLA၊ AA တို့အနေဖြင့် တပ်မတော်အပေါ် အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ကျောက်မဲမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး စခန်းကို ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း ၊ယင်း မှာ မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ က ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ရင်ဆိုင် နေရချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီဖေးမမှုကို လိုအပ်ပါတယ်။ အာဆီယံဒေသတွင်းမှာတောင် အနောက် အုပ်စုရဲ့ သြဇာခံနိုင်ငံတွေရဲ့ ရန်လိုခြင်းကို ခံနေရတဲ့ အချိန်မျိုးမှာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ နဲ့ဆက်ဆံရေးဟာ အထူးကောင်းမွန်နေမှသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည် (မြောက်ပိုင်း)မှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ် လည်မှုတွေနဲ့ ပတ်သက် လို့ တရုတ်ဘက်က အလေးထားပြီး ပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်း ပီသ စွာ လက်တွဲဖြေရှင်းဆောင်ရွက်ပေးနေပြီ ဖြစ်သလို မြန်မာပြည်အတွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ အကြမ်းဖက်မှု များနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်းပီသစွာ လက်တွဲဆောင်ရွက်ပေးခဲ့မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ယခုရက်ပိုင်းအတွင်း တရုတ်နှင့်ပတ် သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူက ပြောသည်။

တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေး နှင့် ဆက်ဆံရေး တွင် မဟာဗျူဟာကျသော တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ဆိုသည့် အဖွဲ့များက အနှောင့်အယှက်ပေးလာသောကြောင့် မြန်မာ နိုင်ငံအစိုးရအနေဖြင့် ယင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းနေရာများတွင် လုံခြုံရေးတိုးမြှင့်ချထားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့သူတစ်ဦးက “ကျွန်တော်တို့ဆန္ဒပြတောင်းဆိုမှုတွေဟာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်းမျိုးမဟုတ် ဘဲ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ကြဖို့၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဖို့၊ အိမ်နီးချင်း တရုတ် အနေနဲ့လည်း အကြမ်းဖက်အဖွဲ့ အစည်း တွေကို ကူညီပံ့ပိုးခြင်း မပြုဖို့ ဆိုတဲ့ တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုရခြင်းဟာလည်း ရှမ်းပြည် (မြောက်ပိုင်း)မှာ ဒေသခံ ပြည် သူထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခကြုံ တွေ့နေရတဲ့အပေါ်မှာ စာနာထောက် ထားဖို့ကိုသာ ဦးတည် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး တရုတ် - မြန်မာ အစိုးရ နှစ်ရပ် တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကို အလေး ထားပြီး လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြ ခြင်းဖြစ်ပါတယ်။ ဆန္ဒပြတောင်း ဆိုမှုများဟာ အမျိုးသား ရေးရှုထောင့်ကနေ တောင်းဆိုခြင်းဖြစ်တဲ့အတွက် အကြောင့် နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် တောင်း ဆိုမှုမျိုးတွေ မပါဝင်ခဲ့ပါဘူး”ဟု ဆိုသည်။

MNDAA၊ TNLA၊ AA အဖွဲ့များအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွား ရေးနှင့် ဆက်ဆံရေးတို့ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးနေကြောင်း ၊မကြာသေးခင်ကလည်းမြန်မာ-တရုတ် စီးပွားရေးနှင့် ဆက်သွယ် ရေးတို့အတွက် အဓိကကျ သည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ် လျှောက် ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လမ်းများပိတ်ဆို့ခြင်းများ၊ လမ်းများဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းကတရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခကို အနီးကပ်စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ် စဲ ရန်နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံဘေးကင်းရေး သေချာစွာ ဆောင်ရွက်ရန် သက်ဆိုင်သော အဖွဲ့ အစည်းများကို တိုက်တွန်းကြောင်း ပြောကြားထားသေးသည်။

လက်ရှိမြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် တိုက်ပွဲကို ရပ်တန့်သင့်သည်ဟု နိုင်ငံရေးသုတေသနပညာရှင်များက ယုံကြည်ကြသည်။ စစ်ပွဲသည် လူတို့၏ ကိုယ်ရေး ကိုယ်တာနှင့် ပစ္စည်းဥစ္စာ လုံခြုံမှုကို ထိခိုက်စေရုံသာမကဘဲ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေ သည်။

ယခုဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိဘဲ ကုန်သည်များနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းရှင်များ နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အများပြည်သူများ ထိခိုက်နစ်နာခဲ့ရသောကြောင့် ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေး နှင့် နယ်စပ် ကုန်သွယ်မှု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ယခင်အတိုင်း ပုံမှန်အတိုင်း လည်ပတ်နေမှသာလျှင် ပြည်သူများသည် အေးချမ်းသာယာစွာ နေထိုင် လုပ်ကိုင်နိုင်ပြီး ပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။

လက်ရှိ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က အမည်ပေးထားသော 1027 သည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးဖြစ် ပြီး ယင်းကို ရပ်တန့်ကာ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်သင့်ကြောင်း အကြံပြုပြောဆိုနေကြ သည်။

နှစ်ဘက် အပြန်အလှန်နားလည်မှုနည်းဖြင့်သာရေရှည်ငြိမ်းချမ်းရေးရရှိရန်၊ နိုင်ငံတော် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ကာ ပြည်သူများအား အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်စေရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ် ပြောဆိုနေကြသည်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်-မြန်မာနယ်စပ်တွင် ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံကို အသိပေးထားသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ကျင့်သုံးပြီး တရုတ်နှင့် မြန်မာကြား နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ နိုဝင်ဘာလ ၂၃ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ တွေ့ဆုံခဲ့စဉ်ကလည်းမြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာ ရေးနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်သွားရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို အမြစ် ပြတ်နှိမ်နင်းရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိကြသည်။

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်သူများ လွှဲပြောင်းပေးရာတွင် တရုတ် နိုင်ငံမှ လိုချင်သူများ မပါသေး၍ မြောက်ပိုင်းတွင်တိုက်ပွဲများဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း MNDAA နှင့် အနောက်အုပ်စုအ ထောက် အပံ့ယူမီဒီယာများက မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဆောင်ရွက် နေကြ ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောဆိုထားသေးသည်။

“အဓိကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ မီဒီယာများအနေနဲ့ မဟုတ်မမှန်သတင်းတွေ ထုတ် လွှင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူ လူထုအကြား အထင်အမြင်လွဲစေရေး ဆောင် ရွက်နေတာတွေ ရှိပါတယ်။ ဒီထဲမှာ တရုတ်က လိုချင်တဲ့သူတွေမပါလို့မို့ မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက် နေတယ်ဆိုတဲ့၊ တိုက်ပွဲတွေဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံမျိုးတွေ။ ဒါတွေ သည် နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိ ပြုမယ်၊ ဂရုပြုရမယ့် အချက်တွေဖြစ်ပါတယ်။ သူတို့လိုချင်တာသည် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ ဖျက်ဆီးရေးပေါ့။ တစ်နိုင်ငံလုံး ပျက်စီးစေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေ တာဖြစ် ကြောင်း တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်ကတော့ MNDAA ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုပေါ့။ ဒါတွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာသည် အနောက်နိုင်ငံရဲ့ အထောက် အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းဌာနများက အဓိကဖြစ်နေကြောင်း တွေ့ရပါတယ်။ ထပ်ပြီးထူးခြားမှုရှိတာက ဒီအကြမ်းဖက် MNDAA ရဲ့ တရုတ်ဘာသာနဲ့ ရေးသားတဲ့သတင်းတွေ Website တွေမှာတောင် မတင်သေးဘူး။ အနောက်အားပေး နိုင်ငံတစ်ခုမှာရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့မီဒီယာမှာ ဦးစွာပါလာတာကိုတွေ့ရပါတယ်။ ပြီးရင် MNDAA အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကို တင်နေတာ လည်းတွေ့ရတယ်။ MNDAA အဖွဲ့ သူတို့မှာလည်း သတင်းပြန်ကြားရေးအဖွဲ့ရှိမှာပေါ့။ အဲဒီသတင်းပြန် ကြားရေးအဖွဲ့နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ပြီးတော့လည်း လုပ်ဆောင်နေတာရှိပါတယ်။ ဒါတွေသည် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ အဓိကထား ဂရုပြုရမယ့်အချက်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ယင်းက ပြော သည်။

Times

Address

Yangon
<<NOT-APPLICABLE>>

Alerts

Be the first to know and let us send you an email when Myitphyar Irra - မြစ်ဖျားဧရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myitphyar Irra - မြစ်ဖျားဧရာ:

Videos

Share

Myitphyar Irra- မြစ်ဖျားဧရာ

ပြည်တွင်းပြည်ပ သတင်းများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘ၀ ဆောင်းပါးများကို အချိန်နှင့်အမျှ ဖော်ပေးနေတဲ့ Myitphyar Irra- မြစ်ဖျားဧရာ - Page ကို Like & Follow လုပ်ထားပါ။