13/12/2023
အကယ်ဒမီများရှင်
မင်းသားကြီးဦးညွန့်၀င်း၏ ယုံကြည်အောင်ဖန်ဆင်း
ယုံကြည်အောင်ဖန်ဆင်း
လူ့ဘဝ၌ ရှိသည့် လူတွေ၏ စရိုက်သဘာဝ အမျိုးမျိုး၊ ဆရာဝန်၊ လူဆိုးသူခိုး၊ ခါးပိုက်နှိုက်၊ ထန်းရည်သမား၊ စစ်သား၊ ရှေ့နေ၊ တော်လှန်ရေးသမား၊ စာရေးဆရာ . . . အစရှိသည့် လူ့လောက၌ တကယ်ရှိခဲ့ကြသည့် လူအမျိုးမျိုး၏ ဘဝအမျိုးမျိုး စရိုက်အမျိုးမျိုးကို ထင်ဟပ်စေရန် ပရိသတ်အား ဖန်ဆင်းပြနိုင်သူ။ ယုံကြည်အောင် ဖန်ဆင်းနိုင်သူ။
ဖန်ဆင်းမှုအနုပညာ၏ လျှို့ဝှက်ချက်ကို သိစွမ်းသူ။
ဖန်ဆင်းမှုအနုပညာ၏ လျှို့ဝှက်ချက် · · · ။
သရုပ်ဆောင်တစ်ယောက်သည် ပါရမီပါရုံသက်သက်နှင့် ဖန်ဆင်းသူ မဖြစ် နိုင်။ သရုပ်ဆောင်ပညာကို ထဲထဲဝင်ဝင် လေ့လာသိရှိရမည်။ ချစ်ခင်မြတ်နိုးရမည်။ လေ့ကျင့်နည်းယူရမည်။
ယခုအံ့ဖွယ်စာအုပ်ကို ဦးညွန့်ဝင်းဆိုသူက အသက် ၈၀ ပြည့်ချိန်မှာ အနှစ် ၃၀ ကြာ ပြုစုရေးသားခဲ့သည်။ သူသည် စာရေးဆရာမဟုတ်။ သရုပ် ဆောင်ပညာရှင်တစ်ဦးသာ ဖြစ်သည်။ သို့သော် သရုပ်ဆောင်ခြင်း (On Acting) ကို အသက် ဂဝ အရွယ်အထိ လေ့လာဆည်းပူးနေသူဖြစ်သည်။ အနုပညာဝိညာဉ်နှင့် ထုံမွှမ်းနေပြီး သူသိသည့် တွေ့မြင်ရရှိသည့် “ယုံကြည်အောင် ဖန်ဆင်းခြင်း” အနုပညာကို အမွေထားခဲ့၊ အမွေပေးခဲ့ခြင်းဖြစ်သည်။
ဤသည်ကား ဦးညွန့်ဝင်း၏ ကြီးမားသော “မေတ္တာ”တရားဖြစ် သည်။ မိမိလုပ်သော အလုပ်အပေါ် “မေတ္တာ“ထားခြင်း၊ ပရိသတ်အပေါ် “မေတ္တာ“ ထားခြင်း၊ သရုပ်ဆောင်မှုအတတ်ပညာအပေါ် “မေတ္တာ”ထားခြင်း၊ “သစ္စာ၊ မေတ္တာ“ ဟူသော ဆောင်ပုဒ်အတိုင်း ကျင့်ကြံ၍ ပရိသတ်နှင့် သရုပ်ဆောင်အတတ်ပညာ အပေါ် သစ္စာရှိခြင်း၊ မေတ္တာရှိခြင်းသည်ပင် . . .
ယုံကြည်အောင် ဖန်ဆင်းခြင်း၏ လျှို့ဝှက်ချက်ဖြစ်ပါသည်။
အောင်စိုးဦး
📖 ယုံကြည်အောင်ဖန်ဆင်း 📖
🖊 စာရေးသူ - ညွန့်ဝင်း
💸 တန်ဖိုး - 3,000 (ပထမအကြိမ်)
🗒 စာမျက်နှာ - 124 မျက်နှာ
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်
🍀ခေတ် စာအုပ်တိုက်ထုတ်စာအုပ်များကို
စာအုပ်ကိုယ်စလှယ်ယူလို၍ဖြစ်စေ
အွန်လိုင်း အရောင်းဆိုင်များအတွက်ဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပြီး
🍀စာအုပ်ထုတ်ဝေဖြန့်ချီလိုသူများအနေနဲ့လည်း
ခေတ် စာအုပ်တိုက်မှတဆင့် စိတ်တိုင်းကျ
ထုတ်ဝေဖြန့်ချီပေးနေပါပြီ
🍀သင်က စာအုပ်ဖတ်ချင်တာလား?
စာအုပ် ၀ယ်ချင်တာလား?
စာအုပ်ပြန်ရောင်းချင်တာလား?
စာအုပ်ထုတ်ချင်တာလား?
🍀၀၉၄၀၁၆၆၇၅၄၅ သို့
ဖုန်းတစ်ချက်သာဆက်လိုက်ပါ။
သင့် စိတ်တိုင်းကျ One Stop Service အနေနဲ့
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်
ခေတ်
စာအုပ်တိုက်