လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့

  • Home
  • Myanmar
  • Sagaing
  • လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်

25/11/2024

တော်လှန်ရေး အရှိန်မြင့်လာတဲ့အချိန်မှာ တော်လှန်ရေးကို တော်လှန်ရေးလို လုပ်ကြပါ တော်လှန်ရေးအကြောင်းပြပီး လုပ်စားနေတဲ့သူတွေလဲရှိပါတယ် နှစ်ဘက်ချွန်တွေလဲရှိပါတယ် ငါကတော့ဘယ်သူပိုင်တယ် သိတယ်ဆိုပီး လုပ်စားနေတဲ့လူတွေလဲရှိပါတယ် တော်လှန်ရေး အမြန်ပီးဖို့ တကယ်လုပ်နေတဲ့ တော်လှန်ရေးသမားများ တော်လှန်ရေး အရောင်ပြတွေကို အထူးဂရုစိုက်ကြပါ လုပ်စားနေတဲ့သူတွေ များနေပါပီ အထူးဂရုစိုက်ကြပါ .....အားလုံးကိုစီစစ်ကြပါ .....

" တိုက်ပွဲသတင်းထုတ်ပြန်ချက် "
05/11/2024

" တိုက်ပွဲသတင်းထုတ်ပြန်ချက် "

05/11/2024
သတင်းထုတ်ပြန်ချက်
01/08/2024

သတင်းထုတ်ပြန်ချက်

“ တိုက်ပွဲသတင်း ထုတ်ပြန်ချက် “
19/06/2024

“ တိုက်ပွဲသတင်း ထုတ်ပြန်ချက် “

“ သတင်းထုတ်ပြန်ချက် “
14/06/2024

“ သတင်းထုတ်ပြန်ချက် “

" နှစ်သစ်ဆုတောင်း "မြန်မာ့နှစ်သစ်အခါသမယမှစ၍ ပြည်သူများအားလုံးဘေးကင်းလုံခြုံပါစေကြောင်းနှင့် အာဏာရှင်စနစ်ကိုအပြီးသတ် ချေမ...
17/04/2024

" နှစ်သစ်ဆုတောင်း "

မြန်မာ့နှစ်သစ်အခါသမယမှစ၍ ပြည်သူများအားလုံး
ဘေးကင်းလုံခြုံပါစေကြောင်းနှင့် အာဏာရှင်စနစ်ကို
အပြီးသတ် ချေမှုန်းနိုင်ကာ၊ ပြည်သူ တရပ်လုံး လိုလား
တောင့်တနေသော "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု"
အမြန်ဆုံး ဖြစ်ထွန်း ပေါ်ပေါက်နိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းအပ်ပါသည်။

ပြည်သူများအားလုံး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း
နှင့် ပြည့်စုံနိုင်ကြပါစေ။

16/04/2024

စစ်ကောင်စီနဲ့ပူးပေါင်းပြီး အဓမ္မစီးပွားရှာနေသောအုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ဧပြီ ၁၆၊ SGG

ယမန်နေ့ ဧပြီလ ၁၅ ရက် နေ့လည်ပိုင်းမှာ ဘီယာအကြွေးဝယ်ပြီး ပြန်လာတဲ့ စစ်ကိုင်းမြို့၊ မန်းကျီးစင်ရွာ စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးမှူး လင်းအောင် "လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့" ရဲ့ရှင်းလင်းခြင်းခံရပြီးသေဆုံးသွားခဲ့ပါတယ်။

လင်းအောင် ဟာ လောင်းကစားဝိုင်းတွေကနေ ငွေကြေးကောက်ခံပြီး စစ်တပ်ထောက်ပို့လုပ်နေသူဖြစ်ပြီး ပြည်သူတွေကို ခြိမ်းခြောက် စစ်ကောင်စီ အတွက်စစ်မှုထမ်းရန် လူရှာပေး၊ အဓမ္မလုပ်ငန်းတွေလုပ်ကိုင်နေသူဖြစ်တာကြောင့် နေအိမ်မှာ နေထိုင်ရဲခြင်းမရှိဘဲ တပ်မ(၃၃)ထဲ သွားရောက်နေထိုင်သူတဦးလဲဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ လင်းအောင် အလောင်းလာကောက်ပြီး အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီက လုယက်မှုပြုသွားခဲ့ပါတယ်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

19/03/2024

ဆင့်ခေါ်စာလို့ ခေါ်ကြတဲ့
အတင်းအကျပ် စစ်မှုထမ်းဖို့ ခေါ်တဲ့စာ
အိမ်ရောက်လာတဲ့အခါ

ဘာလုပ်မယ် ဘယ်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကို
သွေးပူနေတဲ့ချိန်မှာ အလောတကြီးမဆုံးဖြတ်ပဲ၊ စိတ်ကို
အေးအေးထားပြီး နီးစပ်ရာ ပြည်သူ့ဘက်တော်သား
အဖွဲ့အစည်းတွေဆီကို အကူအညီတောင်းဖို့လုပ်ပါ။

ပြည်သူ့ဘက်တော်သားအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်
အတိုင်း တစ်ဆင့်ချင်းပြုလုပ်၍ အကြမ်းဖက်စစ်တပ်ရဲ့
အတင်းအဓမ္မစစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခြေအနေမှ
လွတ်မြောက်ရန် ကြိုးစားလို့ရပါတယ်။ ဆင့်ခေါ်စာ ဒီနေ့
အိမ်ကိုရောက်ရင်၊ မနက်ဖြန် စစ်ထဲဝင်ရမှာမဟုတ်လို့
ပြင်ဆင်ချိန်၊ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချဖို့
အတွက် လုံလောက်တဲ့အချိန်တွေ ရှိနေပါသေးတယ်။

ပြည်သူ့ဘက်တော်သားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေး
အဖွဲ့အစည်းတွေကလဲ၊စစ်မှုထမ်းဖို့ အကြမ်းဖက်ဆင့်ခေါ်
ခံရတဲ့သူတွေကို အတတ်နိုင်ဆုံး ကူညီပေးနိုင်ဖို့ ကြိုးစား
ဆောင်ရွက်နေပါတယ်။ ကျနော်တို့အားလုံး အတူပူးပေါင်း
ပြီး လက်ရှိကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့
ရက်စက်ယုတ်မာမှုတွေကို တွန်းလှန်ကြမယ်။

လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့ (စစ်ကိုင်း)

တိုက်ပွဲသတင်းထုတ်ပြန်ချက်ရက်စွဲ 5.3.20244.3.2024 ရက်နေ့ ညနေ (၅း၁၅) မိနစ်အချိန်တွင် အုန်းတောဘက်မှ မိုင်းထိမှန်ထားသော အကြမ...
05/03/2024

တိုက်ပွဲသတင်းထုတ်ပြန်ချက်
ရက်စွဲ 5.3.2024

4.3.2024 ရက်နေ့ ညနေ (၅း၁၅) မိနစ်အချိန်တွင်
အုန်းတောဘက်မှ မိုင်းထိမှန်ထားသော အကြမ်းဖက်-
စစ်ခွေးကားကို ပြန်လည်ခေါ်ဆောင်လာသော အကြမ်းဖက်-
စစ်ခွေးကားကြီး(၂)စီး၊ အိမ်စီးကားတစ်စီး၊ အကြမ်းဖက်-
စစ်ခွေးများတင်ဆောင်လာသော လူနာကားတစ်စီး၊ စုစုပေါင်း
ခွေးကား(၄)စီးပါ ယဥ်တန်းအား “လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့ “ ရဲဘော်များမှ စစ်ကိုင်းတက္ကသိုလ်အကျော်တွင်
မိုင်းပွိုင့် (၁)ပွိုင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ခွေးကားကြီး(၁)စီး၏နောက်ပိုင်းနှင့် ဒဏ်ရာရခွေးနာများတင်လာ
သော ခွေးနာတင်ကားအား ထိမှန်၍ ခွေးအသေအပျောက်များ
ရှိနိုင်ပါသည်။

မိုင်းထိမှန်ပြီးချိန်တွင် အကြမ်းဖက်စစ်ခွေးများမှ ရမ်းသမ်း
ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါသည်။

စစ်ကိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းအား ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ဖေဖေါ်ဝါရီ ၂၉၊ SGGဖေဖေါ်ဝါရီလ ၂၇ ရက်၊ ည ၁၁ နာရီအချိန...
01/03/2024

စစ်ကိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းအား ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

ဖေဖေါ်ဝါရီ ၂၉၊ SGG

ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို တပ်မ (၃၃)မှ ထွက်ခွာလာသော အိမ်စီးကားလေး (၃)စီးပါ ယာဉ်တန်းအား စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ မိုင်းဆွဲတိုက်ခိုက်ပြီး မိနစ်အနည်းငယ်အတွင်း တိုက်ခိုက်သည့်နေရာသို့ စစ်ကိုင်းမြို့နယ် အမှတ်(၁၆)ရဲတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်မှုပြုခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ညနေ ၃:၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ တပ်မ(၃၃)မှ ထွက်ခွာလာသော အင်အားပြည့်ပါ စစ်ကောင်စီ စစ်ကားကြီး(၅)စီးပါ စစ်ယာဉ်တန်းအား စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် မိုင်းပွိုင့် (၄)ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကားကြီးတစ်စီး ထိထိမိမိ ထိမှန်ခဲ့ပြီး မောင်းနှင်မရအောင်ပျက်စီးရပ်တန့်သွားသည်။ တိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကောင်စီတပ်သားများမှ မိနစ် (၂၀)ခန့်ကြာသည့်တိုင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုခဲ့ပြီး စစ်ကားကြီး (၄)စီးသာ ဆက်လက်ထွက်ခွာသွားနိုင်ခဲ့သည်။ စစ်ကောင်စီတပ်သားများ အထိအခိုက်သေဆုံးများနိုင်ကြောင်းသိရပြီး တော်လှန်ရေးရဲဘော်များ လဲအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

စစ်ဆင်ရေးများအား
အညာသားလေး(SGG)၊
လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့၊
Phoenix(SGG)၊
စစ်ကိုင်းမြို့နယ်(ပ.က.ဖ)တို့မှ
ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

01/03/2024

စစ်ကိုင်းတွင် စစ်ကောင်စီ စစ်ယာဉ်တန်းအား ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

ဖေဖေါ်ဝါရီ ၂၉၊ SGG

ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို တပ်မ (၃၃)မှ ထွက်ခွာလာသော အိမ်စီးကားလေး (၃)စီးပါ ယာဉ်တန်းအား စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်တွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ မိုင်းဆွဲတိုက်ခိုက်ပြီး မိနစ်အနည်းငယ်အတွင်း တိုက်ခိုက်သည့်နေရာသို့ စစ်ကိုင်းမြို့နယ် အမှတ်(၁၆)ရဲတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့်လိုက်လံပစ်ခတ်မှုပြုခဲ့သည်။

ဖေဖေါ်ဝါရီလ ၂၈ ရက်၊ ညနေ ၃:၃၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ တပ်မ(၃၃)မှ ထွက်ခွာလာသော အင်အားပြည့်ပါ စစ်ကောင်စီ စစ်ကားကြီး(၅)စီးပါ စစ်ယာဉ်တန်းအား စစ်ကိုင်း-မုံရွာကားလမ်းပေါ်တွင် မိုင်းပွိုင့် (၄)ပွိုင့်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကားကြီးတစ်စီး ထိထိမိမိ ထိမှန်ခဲ့ပြီး မောင်းနှင်မရအောင်ပျက်စီးရပ်တန့်သွားသည်။ တိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကောင်စီတပ်သားများမှ မိနစ် (၂၀)ခန့်ကြာသည့်တိုင် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုခဲ့ပြီး စစ်ကားကြီး (၄)စီးသာ ဆက်လက်ထွက်ခွာသွားနိုင်ခဲ့သည်။ စစ်ကောင်စီတပ်သားများ အထိအခိုက်သေဆုံးများနိုင်ကြောင်းသိရပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

စစ်ဆင်ရေးများအား အညာသားလေး(SGG)၊ လင်းယုန်ညီနောင်ပျောက်ကြားတပ်ဖွဲ့၊ Phoenix(SGG)၊ စစ်ကိုင်းမြို့နယ်(ပ.က.ဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

Telegram Channel - https://t.me/SGGNews
သတင်းပေးပို့ရန်
>>> Messenger - 💬 m.me/SGGNews
>>> Telegram - https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

Address

Sagaing

Website

Alerts

Be the first to know and let us send you an email when လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share