Burmese Sports

Burmese Sports BurmeseSportsIsNumberOne

မြန်မာအသင်းကတော့ အုပ်စုထွက်သွားပါပြီ ...ပွဲကိုချဉ်းကပ်တဲ့ဗျူဟာ ၊ လူထုတ်ပုံ ၊ ကစားသမားတွေနဲ့ စွမ်းရည်အများကြီး ကွာဟနေတယ်ဆ...
21/12/2024

မြန်မာအသင်းကတော့ အုပ်စုထွက်သွားပါပြီ ...

ပွဲကိုချဉ်းကပ်တဲ့ဗျူဟာ ၊ လူထုတ်ပုံ ၊ ကစားသမား
တွေနဲ့ စွမ်းရည်အများကြီး ကွာဟနေတယ်ဆိုတာ
ဒီပွဲက သက်သေပါပဲ

ကြိုးစားတာ မကြိုးစားတာနောက်ထား
ရလဒ်ကတော့ တော်တော်ဆိုးရွားလွန်းခဲ့ပါတယ်

နိုင်မှဖြစ်မယ့်ပွဲစဉ်မှာ လူအသုံးပြုပုံတွေက မှားယွင်းခဲ့တယ်လို့ သုံးသပ်မိပါတယ်

‌မောင်မောင်လွင်မပါတဲ့ ကွာဟချက်က ကြီးမား
ကြောင်းပြနေပြီး လွင်မိုးအောင်ကလဲ လုံးဝခြေစွမ်း
မပြနိုင်ခဲ့ပါဘူး ၊ သီဟဇော် ဘောလုံးကို လုံးဝ
ထိန်းချုပ်ခွင့်မရခဲ့ပါဘူး

ရသမျှဘောလုံး ဝင်းနိုင်ထွန်းဆီသာ ကန်တင်ပြီး
ပထမပိုင်းကတည်းက အပျက်များနေခဲ့ပေမယ့်
ကံတရားကြောင့် ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့
တယ်

ဒုတိယပိုင်းမှာ နောက်တန်းမှ ဖြတ်ထုတ်မှုတွေနဲ့
ခြေစွမ်းပြနေတဲ့ သီဟ‌ထက်အောင်ကို လူစားလဲ
လိုက်တာနဲ့ ခံစစ်က လုံးဝဟာထွက်သွားခဲ့ပါတယ်
( ဒါမျိုးကို အင်ဒိုနီးရှားနဲ့ ပွဲစဉ်မှာလဲ ကြုံတွေ့ခဲ့ရဖူး
ပါတယ် )

ဒုတိယပိုင်းမှာ ဝင်လာတဲ့ သက်ဟိန်းစိုးအနေနဲ့
ဗီယက်နမ်အသင်းရဲ့ တိုက်စစ်ကို လုံးဝမထိန်းနိုင်
တာကနေ ပေးဂိုးတွေ စပြီးခွင့်ပြုခဲ့ရပါတယ်

ဗီယက်နမ်အသင်းရဲ့ကစားပုံနဲ့ မြန်မာအသင်းရဲ့
ကစားပုံတွေဟာ ကလေးနှင့် လူကြီးကဲ့သို့ ကွာခြား
လွန်းနေပြီး ဗီယက်နမ်ကစားသမားတွေ အတွက်
မြန်မာအသင်းဟာ သိပ်လွယ်ကူလွန်းခဲ့ပါတယ်

သတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ်ကို
မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်

မြန်မာအသင်းရဲ့ ကစားသမားရွေးချယ်ရာမှာ
စံနှုန်းသတ်မှတ်ထားတာမျိုး ရှိပါသလားလို့ပါ

နည်းပြချုပ်အနေနဲ့ စံသတ်မှတ်ထားတာမျိုးမရှိဘဲ
လက်ရွေးစင်ဖြစ်လာတာနဲ့ စံသတ်မှတ်ချက်နဲ့
ပြည့်စုံတယ်လို့ ဖြေကြားခဲ့ပါတယ်

အဲ့ဒီအဖြေဟာ ဒီနေ့ပွဲမှာ သက်သေပြလာခဲ့ပါတယ်
လက်ရွေးစင်အဆင့် ကစားသမားတွေမှာ ရှိသင့်တဲ့
အခြေခံစွမ်းဆောင်ရည်မျိုးတောင် တစ်ချို့ကစား
သမားတွေမှာ ရှိမနေတာကို မြင်တွေ့ရပါတယ်

ဆိုတော့ မြန်မာဘောလုံးပရိသတ်အနေနဲ့ သုံးသပ်
ကြည့်ရပါရင် မြန်မာဘောလုံးအသင်းဟာ ယခုလို
အခြေအနေမျိုးနဲ့ လာမယ့်နှစ်တွေမှာ လွယ်ကူမယ့်
ပုံမပေါ်ပါဘူး

ဒါကြောင့် တာဝန်ရှိသူလူကြီးမင်းတွေအနေနဲ့
မြန်မာဘောလုံးအသင်းမှာ ပါဝင်ရမယ့် အမြင့်ဆုံး
သော ကစားသမားတွေကို အမြင့်ဆုံးသော
သတ်မှတ်စံချိန်စံနှုန်းများနှင့် အညီ အတိအကျ
ပြန်လည်ရွေးချယ် ဖွဲ့စည်းမှသာ အခြေအနေတစ်ခု
မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်

သေချာပေါက် ပြန်လည်ဖွဲ့စည်းဖို့ရာသာ တိုက်တွန်း
ချင်မိပါတယ် ..... ။

21/12/2024

ပွဲပြီးရလဒ် ( မစ်ဇူဘီရှီဖလား )

ဗီယက်နမ် 🇻🇳 ( ၅ - ၀ ) 🇲🇲 မြန်မာ

21/12/2024
21/12/2024

ပထမပိုင်းရလဒ် ( မစ်ဇူဘီရှီဖလား )

ဗီယက်နမ် 🇻🇳 ( ၀ - ၀ ) 🇲🇲 မြန်မာ

- မြန်မာအသင်း ဘောလုံးထိန်းမသေသပ်ဘဲ
အပျက်များနေဆဲ

M_A_T_C_H_D_A_Y ....................................
21/12/2024

M_A_T_C_H_D_A_Y ....................................

မနက်ဖြန်မှာ အုပ်စုအတွင်း အင်အားအကြီးဆုံးပါဆိုတဲ့ ဗီယက်နမ်အသင်းနဲ့ ရင်ဆိုင်ရပါမယ် ဗီယက်နမ်အသင်းဟာ ဧည့်သည်မြန်မာအသင်းထက် အ...
20/12/2024

မနက်ဖြန်မှာ အုပ်စုအတွင်း အင်အားအကြီးဆုံးပါ
ဆိုတဲ့ ဗီယက်နမ်အသင်းနဲ့ ရင်ဆိုင်ရပါမယ်

ဗီယက်နမ်အသင်းဟာ ဧည့်သည်မြန်မာအသင်း
ထက် အခွင့်အရေးများစွာ ပိုများနေပြီး
အုပ်စုတက်ဖို့အတွက်လဲ သိပ်ပြီးစိတ်ပူပင်စရာ
မလိုတဲ့ အသင်းပါ

အသင်းမှာ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့
ငုယင်တီရယ်လင်း ၊ ငုယင်ကွမ်ဟိုင်တို့အပြင်
ဘရာဇီးမွေးစားသားတစ်ဦးလည်း မနက်ဖြန်ပွဲမှာ
ပါဝင်လာမယ်လို့ သိထားရပါတယ်

မြန်မာအသင်းကတော့ အဝေးကွင်းလာရောက်
ယှဉ်ပြိုင်ရမယ် ၊ ပြီးတော့ အုပ်စုတက်ချင်တယ်
ဆိုရင် ပြိုင်ဘက်ကို အနိုင်ရမှသာ သေချာမှာဖြစ်
ပါတယ်

တစ်ခြားသူအမြင်ကိုတော့ သိပ်မတွေးတတ်ပေမယ့်
ကျွန်တော့်တစ်ဦးတည်း အတွေးအရဆိုရင်တော့
သရေရလဒ်ထွက်ပေါ်ရင်လည်း မရေရာမယ့် အတူ
ကြောက်ကြောက်လန့်လန့်နဲ့ ပိတ်ကစားမနေဘဲတိုက်စစ်ဖွင့် ကစားစေချင်ပါတယ်

တိုက်စစ်ဖွင့်ဆိုလို့ နောက်တန်းကြီး ပွင့်ထွက်သွား
တဲ့အထိ တစ်သင်းလုံးတက်ကစားတာမျိုးမဟုတ်ဘဲ ရှေ့လယ်နောက် မျှမျှတတနဲ့ ရဲရဲဝံ့ဝံ့ ဖွင့်ကစား
စေချင်တာမျိုးပါ

ကစားသမားစာရင်းကို ပြန်သုံးသပ်ကြည့်ရရင်
မောင်မောင်လွင်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကလွဲလို့ ကစားသမားအစုံအလင် ပြန်ပါလာမယ်

DM နေရာက ဝေလင်းအောင် ပြန်ပါလာမှာဖြစ်ပြီး
ခံစစ်ဘယ်ခြမ်းမှာ ဥက္ကာနိုင်ကို အသုံးပြုစေချင်မိ
ပါတယ် ၊ ဗဟိုခံစစ်မှာ စိုးမိုးကျော်နဲ့ လာဘ်ဝေဘုန်း
( သို့မဟုတ် ) သီဟထက်အောင်ကို အထိုင်ချပြီး ညာခြမ်းမှာ ဟိန်းဖြိုးဝင်းနဲ့ တည်မယ်ဆို ပိုမိုတောင့်တင်းမယ်လို့ တွေးမြင်မိပါတယ်

ကွင်းလယ်မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ဇော်ဝင်းသိန်း
၊ လွင်မိုးအောင် ၊ သီဟဇော် ...

တိုက်စစ်မှာ အောင်ကောင်းမာန်နဲ့ ဝင်းနိုင်ထွန်းကို
တစ်ပြိုင်တည်း ပွဲထုတ်လာမယ်လို့ ထင်မိပါတယ်

ဗီယက်နမ်အသင်းဟာ passing , crossing တွေ
တိကျပြီး ခေါင်းတိုက်အားကောင်းမွန်တဲ့ ငုယင် -
တီရယ်လင်းကို မြန်မာနောက်တန်းတွေ အထူး
သတိထား ထိန်းချုပ်ရပါမယ်

မနက်ဖြန်ပွဲမှာ ဖြစ်နိုင်တာက မြန်မာကွင်းလယ်နဲ့
နောက်တန်းမှာသာ ဘောလုံးက အရှိများဖို့ ရှိနေပြီး
ဂိုးသမားရဲ့ လက်စွမ်းက အရေးပါမယ့် ပွဲစဉ်ပါ

ကွင်းလယ်ကနေ တိုက်စစ်ဆင်တဲ့ နေရာမှာ
ဂိုးတွေ ဖြုန်းတီးပစ်တာမျိုးကို ရှောင်ကြဉ်သင့်ပြီး
တိကျတဲ့ အဝေးဘောကန်သွင်းချက်တွေကို
အသုံးပြုမှသာ ပြိုင်ဘက်အသင်းကို တုံ့ပြန်နိုင်ဖို့
မြင်မိပါတယ်

ဘာပဲဖြစ်ဖြစ် အုပ်စုတက်တာ မတက်တာထက်ပြိုင်ဘက်အသင်းကို ရေကုန်ရေခမ်း ကြိုးစား
ကစားတာမျိုးကို ပရိသတ်အများစုက မြင်ချင်မိ
ကြမှာတော့ အသေအချာပါပဲ

ဆိုတော့ အ‌စဉ်အလာကို ရင်မှာ ခဏတာမေ့ထားပြီး
မိနစ် ( ၉၀ ) အဆုံးအဖြတ်ကို အစွမ်းကုန်ကြိုးစား
သွားကြဖို့ မျှော်လင့်မိပါတယ် .... ။

Captain's talk ... 🗣️
20/12/2024

Captain's talk ... 🗣️

( ၂၀၁၀ ) နောက်ပိုင်းကျင်းပခဲ့တဲ့ အာဆီယံဖလားပြိုင်ပွဲများမှ မြန်မာ - ဗီယက်နမ် တွေ့ဆုံမှုများ .....
19/12/2024

( ၂၀၁၀ ) နောက်ပိုင်းကျင်းပခဲ့တဲ့ အာဆီယံဖလား
ပြိုင်ပွဲများမှ မြန်မာ - ဗီယက်နမ် တွေ့ဆုံမှုများ .....

President's Talk .... 🗣️
19/12/2024

President's Talk .... 🗣️

ပွဲပြီးသွားတော့ ပျော်နေပြီး ရေးစရာတွေလဲ ပေါ်လာပြန်တယ် ပြိုင်ပွဲက ဒရမ်မာဆန်သွားတယ် ....လာအိုအသင်း ဦးဆောင်ဂိုးသွင်းပြီးနော...
18/12/2024

ပွဲပြီးသွားတော့ ပျော်နေပြီး ရေးစရာတွေလဲ
ပေါ်လာပြန်တယ်

ပြိုင်ပွဲက ဒရမ်မာဆန်သွားတယ် ....
လာအိုအသင်း ဦးဆောင်ဂိုးသွင်းပြီးနောက်
" ဟာ .... သွားပြီ " ဆိုတဲ့ စိတ်မျိုးဝင်သွားခဲ့တယ်

ပြောရရင် မြန်မာအသင်းက မိနစ် ( ၆၀ ) ကျော်
အထိ လုံးဝအစီးအသာနဲ့ ကစားနေပြီးမှ
ဘောလုံးကို အလှကစားနေတယ်လို့ မြင်မိတယ်

သွင်းဂိုးထပ်မံ သွင်းယူရမယ့် အစား ကွင်းလယ်နဲ့
တိုက်စစ်မှာ လူပေးနေတာနဲ့တင် အချိန်ကုန်နေခဲ့
တယ်

လာအိုအသင်းက ချေပဂိုးသွင်းပြီးနောက်မှာ
အသင်းရဲ့ စိတ်ဓာတ်ပိုင်းအနည်းငယ် ဖရိုဖရဲဖြစ်
သွားပြီး ( ၄ ) မိနစ်အတွင်း နောက်ထပ် ဦးဆောင်
ဂိုးပါ ထပ်ပေးလိုက်ရတယ်

အဲ့အချိန်ရောက်မှ မြန်မာအသင်း စပြီး ညှစ်ကန်
တော့တာပါပဲ .....

ဒီနေ့ပွဲရဲ့ ဘောလုံးမင်းသားက ဝင်းနိုင်ထွန်းပဲ
( ညီလေး တကယ်ကျေးဇူးတင်မိပါတယ် )

မြန်မာအသင်းအနေနဲ့ မိနစ် ( ၇၀ ) ကျော် ဇာတ်လမ်း
ရှိထားတော့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတဲ့
အချိန်ရောက်မှ ချေပဂိုးနဲ့ နာကျင်အချိန်ပိုမှာ
သွင်းတဲ့ ဦးဆောင်ဂိုးကြောင့် အသံကုန်အောင်ပွဲခံ
ခဲ့မိတယ်

မြန်မာအသင်းဟာ ကံကောင်းလို့ နိုင်တာပဲဖြစ်ပါစေ
အင်မတန်မှ ပျော်ရွှင်မိပါတယ် ၊ ဘာလို့ဆို ကိုယ့်
ထက် အင်အားကြီးတဲ့ အင်ဒိုနဲ့ ဖိလစ်ပိုင်တို့က
ကိုယ့်လို ကံမကောင်းခဲ့ကြလို့ပါပဲ ...

ဒီနေ့ပွဲရလဒ်ကို မြန်မာဘောလုံးချစ် ပရိသတ်
တော်တော်များများ ပျော်ရွှင်ကြမယ်လို့ မျှော်လင့်
မိပါတယ် ၊ ပွဲအပြီးမှာ မောင်မောင်လွင်အနေနဲ့
ပရိသတ်ကို ပြန်လည်တောင်းပန်တာကလည်း
ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပါပဲ

မိနစ် ( ၈၀ ) ‌ကျော် နောက်ပိုင်း ကြိုးစားအားထုတ်
မှုတွေအတွက် ပရိသတ်များကိုယ်စား အသင်းသား
တွေကို ကျေးဇူးတင်ပါတယ် ....

ပရိသတ်ကို မျက်နှာမူပြီး ဆက်လက်ကြိုးစားပေး
ကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ် .... ။

18/12/2024

ပွဲပြီးရလဒ် ( မစ်ဇူဘီရှီဖလား )

မြန်မာ 🇲🇲 ( ၃ - ၂ ) 🇱🇦 လာအို
⚽ လွင်မိုးအောင်
⚽⚽ ဝင်းနိုင်ထွန်း

18/12/2024

ပထမပိုင်းရလဒ် ( မစ်ဇူဘီရှီဖလား )

မြန်မာ 🇲🇲 ( ၁ - ၀ ) 🇱🇦 လာအို

လွင်မိုးအောင် ( ၃၂ မိနစ် )

18/12/2024

ဂိုးးးးး

လွင်မိုးအောင် ( ၃၂ မိနစ် )

မြန်မာ 🇲🇲 ( ၁ - ၀ ) 🇱🇦 လာအို

အနိုင်ရမှ ဖြစ်မယ့်ပွဲစဉ် ......
18/12/2024

အနိုင်ရမှ ဖြစ်မယ့်ပွဲစဉ် ......

Player's talk 🗣️ " ရှေ့က နှစ်ပွဲမှာ လိုချင်တဲ့ရလဒ် မရခဲ့တာ ရှိတယ်   ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့  ကြိုး...
17/12/2024

Player's talk 🗣️

" ရှေ့က နှစ်ပွဲမှာ လိုချင်တဲ့ရလဒ် မရခဲ့တာ ရှိတယ်
ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့
ကြိုးစားအားထုတ်မှုက လျော့ကျမသွားပါဘူး

ကျွန်တော်တို့ ပရိသတ်တွေအတွက် အမြဲ
ကြိုးစားနေမှာပါ ..... "

အမေရိကန်နိုင်ငံရှိ Semi - professional league တစ်ခုဖြစ်တဲ့ UPSL က Los Angeles FC အသင်းမှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်...
17/12/2024

အမေရိကန်နိုင်ငံရှိ Semi - professional league
တစ်ခုဖြစ်တဲ့ UPSL က Los Angeles FC အသင်းမှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူဟာ
ယခုနှစ်ရာသီအတွက် ခြေစွမ်းပြကစားထားကာ
အသင်းနဲ့ အတူ ( ၇ ) ပွဲကစားထားအပြီး ( ၁၁ ) ဂိုးသွင်းယူထားကာ ဂိုးသွင်းအများဆုံး ကစားသမား
ဖြစ်ခဲ့သလို League Champion ဆုကိုလည်း
သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ် ။

မေထက်လူဟာ မြန်မာအမျိုးသမီးလိဂ်ကလပ်
အား/ကာသိပ္ပံအမျိုးသမီး၏ ကစားသမားဟောင်း
တစ်ဦးဖြစ်ကာ မြန်မာလူငယ်အသင်းများနှင့်
စီနီယာအသင်းကြီးအတွက် ရွေးချယ်ခံခဲ့ရဖူးတဲ့
ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။

( ၂၀၁၀ ) ခုနှစ်နောက်ပိုင်းကျင်းပခဲ့တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ မြန်မာအသင်းနှင့် လာအိုအသင်းတို့ဟာ ( ၄ ) ကြိမ်တွ...
16/12/2024

( ၂၀၁၀ ) ခုနှစ်နောက်ပိုင်းကျင်းပခဲ့တဲ့ အာဆီယံ
ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ မြန်မာအသင်းနှင့်
လာအိုအသင်းတို့ဟာ ( ၄ ) ကြိမ်တွေ့ဆုံထားပြီး
( ၂ ) ပွဲနိုင် ၊ ( ၂ ) ပွဲသရေ ရလဒ်ထွက်ပေါ်ထားခဲ့
ပါတယ် ။

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ လက်ကျန်ပွဲစဉ် ( ၂ ) ပွဲတွင် တိုက်စစ်မှူးဝင်းနိုင်ထွန်းနှင့် ဒဏ်ရာ...
16/12/2024

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်
အသင်း၏ လက်ကျန်ပွဲစဉ် ( ၂ ) ပွဲတွင် တိုက်စစ်မှူး
ဝင်းနိုင်ထွန်းနှင့် ဒဏ်ရာ ပြန်လည်သက်သာလာတဲ့
နောက်ခံကစားသမား စိုးမိုးကျော်တို့ ဟာအသင်းနှင့်အတူ ပြန်လည်ပူးပေါင်းသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်

မြန်မာ့လက်ရွေးစင်အသင်းဟာ အုပ်စုပွဲစဉ် ( ၂ ) ပွဲ
ကစားထားအပြီး တစ်ပွဲသရေ ၊ တစ်ပွဲရှုံးရလဒ်
ဖြင့် ရမှတ် ( ၁ ) မှတ်ရရှိထားကာ လက်ကျန်ပွဲစဉ်
များအဖြစ် လာအိုအသင်း ၊ ‌ဗီယက်နမ်အသင်းတို့
နှင့် ဆက်လက်ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ် ။

Address

Sagaing
02371

Alerts

Be the first to know and let us send you an email when Burmese Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burmese Sports:

Share