မတ် ၂ ရက်
သရုပ်ဆောင် လူမင်း အပါအဝင် အနုပညာရှင် (၆) ဦးကို လွတ်ငြိမ်းဖြင့် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီ၏ သတင်းဌာနကထုတ်ပြန်လိုက်ပြီး အဆိုပါလွတ်မြောက်လာမည့် အနုပညာရှင်များထဲတွင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်းတို့ပါဝင်တယ်လို့ သိရှိရသည်။
#vdocj
မိုးဗြဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘာကြောင့်အများအပြားကျဆုံးခဲ့သလဲ
"ပြည်သူတွေလှူနိုင်ရင် လှူပေးပါ။ ကျွန်တော်တို့က အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ အသက်နဲ့ ခန္ဒာရင်းနိုင်တယ်" - ဂျွန်ကနေဒီ (ဒီးမော့ဆို PDF)
ပုံ/စာ-The 74Media
စစ်ကောင်စီ လေတပ်မှ တိုက်ခိုက်ရေးယာဉ် ၁စီး စစ်ကိုင်းတိုင်း၊ အုန်းတောဘက်တွင် ပျက်ကျ...
ဖေဖော်ဝါရီ ၁၆
စစ်ကောင်စီ လေတပ် (တံတားဦး) လေတပ်စခန်းမှ တိုက်ခိုက်ရေးလေယာဉ် ၁ စီး ယနေ့ ဖေဖော်ဝါရီ ၁၆ နံနက် ၁၀ နာရီ ၄၃ မိနစ်မှာ လေ့ကျင့်ပျံသန်းစဉ် ဆက်သွယ်မှုပြတ်တောက်သွားခဲ့သဖြင့် လိုက်လံရှာဖွေရာ စစ်ကိုင်းတိုင်း အုန်းတော ကျေးရွာ အရှေ့ဘက် ရေမျက်ကြီးအင်း အတွင်း စက်ချို့ယွင်းကာ ပျက်ကျသွားခဲ့တယ်လို့ စစ်ကောင်စီသတင်းဌာနက သတင်းထုတ်ပြန်ထားရှိသည်။
အပြစ်မဲ့ပြည်သူ ၆ဦးအား အကြမ်းဖက်စစ်တပ်မှ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်
၀က်လက်မြို့နယ်၊သစ်ဆိမ့်ကြီးကျေးရွာ အပြစ်မဲ့ပြည်သူ ၆ဦးအား အကြမ်းဖက်စစ်တပ်မှအရှင်လတ်လတ်မီးရှို့သတ်ဖြတ်
၀က်လက်၊ဖေဖဝါရီ၄ရက်
၀က်လက်မြို့နယ်၊သစ်ဆိမ့်ကြီးကျေးရွာအား ဇန်နဝါရီ၂၉ရက် နံနက် ၁နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား(၄၀)ခန့်သည် ရေကြောင်းဖြင့်လာရောက်၍ လက်နက်ကြီးများဖြင့် အကြိမ် (၁၀၀)ခန့် ပစ်ခတ်ကာ ကျေးရွာအတွင်းသို့တပ်စွဲထားပြီး အပြစ်မဲ့အရပ်သားပြည်သူ သစ်ဆိမ့်ကြီးရွာမှ ကိုသူရထွန်း၊ကိုဇော်မင်းထွန်း၊ဦးကိုကိုလင်းမောင်၊ကိုသဲထွန်းမောင်၊ကိုမြင့်အောင်နှင့်ကိုမင်းမင်းထွန်းတို့ခြောက်ဦးအား လက်ပြန်ကြိုးတုတ်၍ လူသားဒိုင်းအနေဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယနေ့ ဖေဖဝါရီ ၃ရက်နေ့တွင် ၎င်းတို့ ၆ဦးအား လူမဆန်စွာ အရှင်လတ်လတ် လက်ပြန်ကြိုးတုတ်၍ မီးရှို့သတ်ဖြတ်ခံထားရပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများ ဒ
သစ်ဆိမ့်ကြီးကကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်အားမိုင်းခွဲတိုက်ခိုက် ၁၀ယောက်သေ
ဝက်လက်မြို့နယ်သစ်ဆိမ့်ကြီးကျေးရွာကို တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အားမိုင်း ခွဲတိုက်ခိုက် ၁၀ယောက်သေ
၀က်လက်၊ဖေဖဝါရီ၃ရက်
ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာကို တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ အင်အား ၃၀ ခန့်သည် ညနေ ၅ နာရီခန့်အချိန်တွင် ရှားကွဲကျေးရွာသို့သွားရာ လမ်းတွင် ရွှေဘိုမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ " ဗိုလ်စနေ " ဦးဆောင်သော "နတ်တောင်နဂါး"ပြောက်ကြားအဖွဲ့မှ မိုင်း ၃လုံးတွဲ ၂ကြိမ် ခွဲလိုက်ရာ မုန့်ဟင်းခါး (၁၀) ပွဲရလိုက်ပြီး လိုက်ပွဲများလဲ ရနိုင်ကြောင်း ဗိုလ်စနေ မှ အတည်ပြု ပြောကြားခဲ့ပါသည်။
ယနေ့ တာချီလိတ် တပ်ထောက်ခံပွဲ၌ ဗုံးကွဲမူ့ဖြစ်စဉ် ၁/၂/၂၀၂၂ ဖေဖဝါရီ
တာချီလိတ် တပ်ထောက်ခံပွဲ၌ ဗုံးကွဲမူ့ဖြစ်စဉ် ရုပ်သံ
တာချီလိတ်၊ ဖေဖော်ဝါရီ ၁
စစ်ကောင်စီ လက်အောက်ခံများ၏ လိုက်လံပစ်ခတ်မှုကြောင့် ထောက်ခံပွဲတွင် ပါဝင်သူ (၂)ဦးသေဆုံးပြီး ပစ်ခတ် ဗုံးကွဲခြင်းကြောင့် စစ်မှူထမ်းဟောင်းများ အပါအဝင် (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင်ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် စစ်တပ်ထောက်ခံပွဲ လုပ်နေစဉ် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က ရမ်းကားပစ်ခတ်သဖြင့် တပ်ထောက်ခံသူ ၂ ဦး သေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"ကျည်ထိပြီး ဆုံးတာက လူအုပ်ထဲက သူတို့လူတွေ သေတာ ။ ၃၀ ကျော်ဒဏ်ရာရတာက လမ်းသွားလမ်းလာတွေရော စစ်တပ်ထောက်ခံပွဲက လူတွေရော ဖြစ်တာ။ ပစ်တာက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူနေတဲ့ စစ်တပ်က ပစ်တာ။ အခုတော့ တစ်မြို
တောင်ကြီးမှာ နေ့စားတွေနဲ့တပ်ထောက်ခံပွဲလုပ်တဲ့သတင်းကိုတော့ လျစ်လျူရှုတဲ့အနေနဲ့မတင်တော့ပါဘူး အဲ့ဒီအစား သတင်းကောင်းလေးရှဲပေးချင်ပါတယ်
တာချီလိတ်က တပ်ထောက်ခံပွဲ ကတော့ ဗုံးခွဲခံရပါတယ်တဲ့
ထုံးစံအတိုင်း ရမ်းသမ်းပစ်တာခတ်တာတွေနဲ့ ဆောင်ကြာမြိုင်တေဇောခသွားတယ်လို့ သိရပါတယ်
#taunggyinwayoochannel
ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် PDF ကမိုင်းဆွဲတိုက်ခိုက်မှုရုပ်သံ
ထီးချိုင့်မြို့နယ်တိုက်ပွဲတွင်တပ်ရင်းမှုးတစ်ဦးအပါအဝင် စကစတပ်သား (၁၅) ဦးသေဆုံး
ထီးချိုင့်၊ဇန်နဝါရီ၁၆ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တုံလုံ ဝေမာစိုက်ခင်းရှေ့တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုနှင့် M-79 အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် စစ်ကောင်စီဘက်မှ (၁၅) ဦးသေဆုံးကြောင်း Eagle Army - HPDF ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း အကျဆုံးများနေသော စကစတပ်များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် " စစ်ကောင်စီဘက်မှ အကောင်ကြီး (၁) ကောင်ထိသောကြောင့် ကား (၃) စီးဖြင့် အမြန်ပြန်ဆင်းသွားကြောင်း " Eagles Army - HPDF ကထုတ်ပြန်သည်။
#sagaingnews
အသက်နဲ့ရင်းပြီး ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကို ဘယ်တော့မှ မမေ့နိုင်ဘဲ အမြဲတမ်း သတိတရရှိနေမှာပါ....
ဒီမိုကရေစီရရှိဖို့ ဘဝတွေ ၊ အသက်တွေ ရင်းနှီးထားကြရပါတယ် ။ အဆုံးအဖြတ်တိုက်ပွဲအတွက် တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သလိုလေးတွေ ကူညီပေးကြပါ။
အားလုံးလည်း ဘေးကင်းကြပါစေ ဂရုစိုက်ပါ 🙏🏻
Credit Video
သြဂုတ် ။ ၉ ။ ၂၀၂၁
ယမန်နေ့ သြဂုတ် ၈ ရက်နေ့ညနေက ရန်ကုန်မြို့ ပုဇွန်တောင်စျေးအနီးဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ် ဗီဒီယို ထွက်ပေါ်လာ...
Video-CJ
#sagaingnews