မြင်းမူတွင် စစ်ကောင်စီအထိုင်ချတပ်စွဲထားရာကို ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်
ဖေဖေါ်ဝါရီ ၅၊ SGG
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများကို Done ၉ စီးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးဟု PKDF-MMU မှ ထုတ်ပြန်အသိပေးသည်။
စစ်ကောင်စီတပ်သားများမှ လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခက်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟုသိရသည်။
မြင်းမူမြို့နယ် ပကဖ လက်အောက်ခံ People's knight Defense Force Myinmu (PKDF-MMU)၊ MMU - PDF၊ စစ်ကိုင်းခရိုင် အမှတ်(၆)တပ်ရင်း ခွဲ (၁)မြင်းမူ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့(Team6) Drop For Justice ၊ People Securrity Force (Ayadaw)၊ Mine Prince(Ayadaw)၊ 3..star(Ayadaw)၊ ကျားသစ်နက်(Ayadaw)၊ မုံရွာခရိုင် အမှတ်(၂၁)တပ်ရင်းနှင့် နယ်မြေခံ PDF များစသည့်အ
စစ်ကောင်စီရိက္ခာနှင့်စစ်သားများ တက်ဆောင်လာသော ၁၂ ဘီးကား ၃ စီး မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးပျက်စီးမှုများရှိ
ဩဂုတ် ၂၃ ၊ SGG
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄:၄၂ နာရီအချိန် မုံရွာ- အရာတော်လမ်းပေါ် ပင်လုံဆီဆိုင်အနီးတွင် စစ်ကောင်စီ၏ ရိက္ခာတင်ဆောင်လာသော ၁၂ ဘီးကား ၃ စီးအား ပဒေသာမိုင်း ၉ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ကိုက် ၅၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲတာကြောင့် စစ်ကောင်စီ စစ်သားများသေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ်။
ကားတွေပေါ်မှာ အင်အား ၃၀ လောက်ပါမယ်၊ မုံရွာ-အရာတော် ကားလမ်းပေါ် ကင်းပုန်ဝပ်ခဲ့တဲ့ စစ်သားတွေ စခတ ၁၀ ကို အပြန် လမ်းကြုံပြန်လိုက်လာတာ၊ ကားကိုယ်ထည်ပျက်စီးမှုရှိတယ်၊ စစ်ကောင်စီ စစ်သား ၆ ဦးသေ၊ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း တပ်တွင်းသတင်းအရ သိရတယ် Danger Force LPDF ကပြေ
စစ်ကိုင်း တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်းကို ၈၀ မမဖြင့် ၈ ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်
ဇူလိုင် ၉၊ SGG
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာကို ဇူလိုင်လ ၆ ရက်နေ့ နံနက် ၆:၃၀ နာရီအချိန်ခန့်မှာရောက်ရှိလာတဲ့ စစ်ကိုင်း တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်းကို ၈၀ မမ ဖြင့် ၈ ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PKDF-MMU သိရပါတယ်။
People's knight Defense Force Myinmu (PKDF-MMU)၊ DKPDF -MMU ၊ D.B.B.F-MMU စသောမဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။
💬 m.me/SGGNews
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်
https://t.me/SGGNews
စစ်ကိုင်း ကင်းထောက်
https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးများဖြင့်တိုက်ခိုက်
ဇူလိုင် ၉ ၊ SGG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းစခန်းကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှာ ၆၀ မမ ၅လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်နယ်စွန် PDF ကပြောပါတယ်။
ညနေ ၃:၂၅ နာရီအချိန် စစ်ကောင်စီ စစ်ကြောင်း မြင်းမူမြို့နယ် မန်းကျီးကန်ရွာ မြောက်ပိုင်းမှ မီးစတင် ရှို့နေစဉ် တိုက်နယ်စွန် PDF မှ ၆၀ မမ အလုံး ၂၀ နီးပါးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
💬 m.me/SGGNews
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်
https://t.me/SGGNews
စစ်ကိုင်း ကင်းထောက်
https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
အရာတော် စခတ (၁၀) အား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်၊ မိုင်တဲတာဝါတိုင်အား ဖေါက်ခွဲဖျက်ဆီး
ဇူလိုင် ၉ ၊ SGG
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ ( ၁၀) အား ဇူလိုင်လ ၅ ရက်နေ့ နံနက် ၄ နာရီခွဲခန့်အချိန် (၁၀၇) မမ ၊ (၈၀) မမ ၊ (၆၀) မမ တို့ဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။
စစ်ကောင်စီဘက်မှလဲ လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့တယ်။ တော်လှန်ရေးတပ်ဖွဲ့များမှာ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်၊ စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံး စာရင်းမသိရသေးဘူးလို့ Danger Force LPDF ကပြောပါတယ်။ Danger Force LPDF နှင့် မုံရွာခရိုင်ရင်း( ၆) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ဇူလိုင်လ ( ၇) ရက်နေ့ ၊ ညနေ ( ၅:၀၅) နာရီခန့်အချိန်ကလည်း အရာတော်မြို့၊ အနောက်ဘက် စစ်ကောင်စီ၏ စက်မှုလယ်ယာ ဂိတ်အ
စစ်ကောင်စီနှင့် ပျူစောထီးများ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ဇွန် ၂၃ ၊ SGG
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးများအစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၅:၁၅ နာရီအချိန် ငွေတွင်းရွာမှာ စစ်ကောင်စီနှင့် ပျူစောထီး အစည်းအဝေးပြုလုပ်ရာ အဆောက်အဦးနှင့် ကတုတ်ကျင်းများပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး (၁၄) လုံးဖြုတ်ချနိုင်ခဲ့ပြီး ကင်းသမား ၂ ဦးအပါအဝင် စစ်ကောင်စီ စစ်သားနှင့် ပျူစောထီးများထဲမှ ၁၇ ဦး သေဆုံးတယ်၊ ကတုတ်ကျင်းထဲကို ကြောက်လန့်တကြားဝင်ပြေးတဲ့ စစ်သား (၄)ဦး ဒဏ်ရာရခဲ့ပြီး အရာတော်ဆေးရုံမှာ ကုသနေတယ်လို့ Danger Force LPDF က ပြောပါတယ်။
Danger Force LPDF မှ Drone Mission များပြုလုပ်နိုင်ရန် တန်ဖိုး (၈၅)သိန်းရှိ DJI Mavic 3 Drone အား အကြွေးဖြင့် ဝယ်ယူထ
မာလဲတောရွာ ပျူစောထီးကင်းတဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်
ဇွန် ၁၈ ၊ SGG
စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာ ပျူစောထီးကင်းတဲစခန်းကို ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ ကင်းတဲ အတွင်းတည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
ဒရုန်းဖြင့် ဗုံသီးနှစ်လုံချတိုက်ခိုက်ခဲ့ရာမှာ ပျူရွာ ကင်းတဲ အတွင်း တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပျူတွေဘက်မှ ထိခိုက်မှုရှိနိုင်ကြောင်း၊ ပျူတွေဘက်မှ အရင်စစ်ဆင်ရေးများကဲ့သို့ ပြန်လည်ပစ်ခတ်မှုမရှိခဲ့ဘူးလို့ပြောပါတယ်။
စစ်ကိုင်းခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၄)၊ တပ်စု(၂) နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့ နှင့် တောတွင်း တွတ်ပီအဖွဲ့တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရ
စစ်ကောင်စီ လေ့ကျင့်ရေးတပ် (စခတ ၁၀)အား ၁၀၇ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
ဇွန် ၈ ၊ SGG
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စစ်ကောင်စီ လေ့ကျင့်ရေးတပ် (စခတ ၁၀) အား ၁၀၇ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်သား အများအပြား ဒဏ်ရာအများအပြားရရှိနိုင်ပြီး ထိခိုက်သေဆုံးမှုများရှိနိုင်လို့ Danger Force LPDF ကပြောပါတယ်။
ဇွန်လ ၆ ရက်နေ့ နေ့လည် ၂:၄၁ နာရီအချိန်က စစ်ကောင်စီရဲ့ စခတ ၁၀ ကို Danger Force LPDF တပ်ဖွဲ့နှင့် မုံရွာခရိုင် တပ်ရင်း ၆ တို့ ပူးပေါင်းပြီး ၁၀၇ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးချိန်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် (၆) ကြိမ် ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်အကျဆုံးမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့သိရပါတယ်။
https://fb.watch/l0-MhqCjyl/?mibextid=Nif5oz
💬 m.me/SGGNews
စစ်ကိုင်းမြို့နယ် သတင်းမှန်
စစ်ကိုင်း - မုံရွာ လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်
မေ ၂၉ ၊ SGG
စစ်ကိုင်း - မုံရွာလမ်းပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
မေလ ၂၇ ရက်နေ့၊ နံနက် ၄::၃၅ နာရီအချိန်ခန့်တွင် မုံရွာမှ စစ်ကိုင်းဘက်ကိုဦးတည်ပြီး စစ်ကောင်စီကား ၈ စီးပါယာဥ်တန်းထွက်ခွာလာခဲ့ရာ မြင်းမူဘက်ကို ဝင်ရောက်လာတဲ့ စစ်ကား ၃ စီးထဲမှ ၂ စီးမြောက်ကားကို ဝမ်းပြည့်ကျေးရွာနှင့်မြင်းမူမြို့ ကြားမှာ၂ ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိမိုင်းဆွဲနိုင်ခဲ့ပြီး စစ်ကားပေါ်ကနေ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ကြတယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီစစ်သားများ မြင်မူ အထက ၁ ထဲမှာ ဆေးကုသမှုခံယုပြီးနောက် ထီးဆောင်းဘက်ကို ဆက်လက်ထွက်ခွာခဲ့တယ်လို့သိရပါတ
တိုက်နယ်စွန် PDF တပ်ဖွဲ့အမည် အသုံးပြု၍ ဖေ့ဘုတ်ပေ့အတု ရှိနေကြောင်း တပ်ဖွဲ့ ဒုတာဝန်ခံမှရှင်းလင်းအသိပေး
မေ ၂၇ ၊ SGG
စစ်ကိုင်းတိုင်းအခြေစိုက် တိုက်နယ်စွန် PDF တပ်ဖွဲ့ နာမည်အသုံးပြုပြီး ဖေ့ဘုတ်ပေ့အတု ပေါ်ပေါက်လျှက်ရှိနေပါတယ်။
တိုက်နယ်စွန် PDF ဒုတာဝန်ခံ ပြန်ကြားရေးတာဝန်ခံ စွန်နက် က ဗွီဒီယိုဖိုင်နှင့်တကွ ရှင်းလင်းအသိပေးပါတယ်။
https://fb.watch/kNRlJrK7BR/?mibextid=Nif5oz
💬 m.me/SGGNews
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးမီဒီယာ၏ တယ်လီဂရမ်ချယ်နယ်
https://t.me/SGGNews
စစ်ကိုင်း ကင်းထောက်
https://t.me/sagaingscouts
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဆားတောင် ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
မေ ၁၂ ၊ SGG
စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းကို မေလ ၉ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် Drone ဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြရာ ရဲတပ်သား ၁ ဦး သေဆုံးတယ်လို့သိရပါတယ်။
တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သော်လည်း UNICORN ပျောက်ကြားတပ်ဖွဲ့ ၏ Drone တစီး ဗုံးသီး error တက်ပြီး လေပေါ်မှာ ပေါက်ကွဲခဲ့တာကြောင့် ဆုံးရှုံးမှုရှိခဲ့ပါတယ်။
ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေမဲ့ ပျက်စီးသွားသော drone တစီးကို ပြန်လည်အားဖြည့်ရန်အတွက် ပြည်သူများ အနေဖြင့် တက်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးကြဖို့ Unicorn Guerrilla Force ပြောက်ကြားတပ်ဖွဲ့မှ မေတ္တာရပ်ခံအပ်ထားပါတယ်။
Unicorn Guerrilla Force ၊ Phoenix Sgg ၊ Fight For Federal ၊ Yong Wolf ၊ ABCF ၊ စစ်ကိုင်းမြို့နယ်ပကဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ တပ်ခွဲ ၄ စသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့