SNIB

SNIB နောက်ဆုံးရပြည်တွင်းသတင်းများ
ဗီဒီယိုအသေးစိတ်များကို YouTube တွင်ဝင်ရောက်ကြည့်ရူနိုင်ပါသည်။

13/01/2024

မောတယ် .... 🥵

ဘဝကြီးက
သာတလှည့်...နာတလှည့်ဆိုတာ
ဒါမျိုးအခိုက်အတန့်လား...??

မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးလျှင် တရုတ်တာဝ...
18/12/2023

မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးလျှင် တရုတ်တာဝန်ရှိသူများကို မြန်မာပြည်သူများက လက်တုံ့ပြန်မည်ဟု တော်လှန်ရေးအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်သမ္မတထံသို့ အိတ်ဖွင့်ပေးစာပေးပို့

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုံဇုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦ...
18/12/2023

ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုံဇုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးသေကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိကြောင်း, စခန်းစွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံဖမ်းဆီးနေဟု CDF-Hakha ထုတ်ပြန်
Photos Crd

  တပ်သိမ်းဆီးရမိတဲ့ လက်နက်တွေထဲ လေယာဉ်ပစ်ချလို့ရတဲ့ ZPU-1 14.5mm စက် သေနတ် ပါဝင်နေ
18/12/2023

တပ်သိမ်းဆီးရမိတဲ့ လက်နက်တွေထဲ လေယာဉ်ပစ်ချလို့ရတဲ့ ZPU-1 14.5mm စက် သေနတ် ပါဝင်နေ

"အင်းလေး ငပျူခေါင်းဆောင် ပစ်သတ်ခံရ"ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒ...
18/12/2023

"အင်းလေး ငပျူခေါင်းဆောင် ပစ်သတ်ခံရ"
ဒီဇင်ဘာ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ မင်းချောင်းအနောက်ဘက်ကျေးရွာမှာ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရသူ ၂ ဦးမှာ အသက် ၅၅ နှစ်ရှိ ငပျူခေါင်းဆောင် အောင်စိုးလွင်နဲ့ နောက်လိုက်တပည့် ကျော်ဟိန်းတို့ဖြစ်ကြသည်။

နောက်ဆုံးရမြန်မာပြည်တွင်းသတင်းများကို သိနိုင်ဖို့ရန် SNIB YT Channel နဲ့ page တို့ကို Subscribe and Like လုပ်ထားလိုက်ပါ မိတ်ဆွေ....

"SNIB " သည် လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည် နိုင်ရေးအတွက် သင်တို့၏အကူအညီများကို လိုအပ်နေပါတယ်

SNIB YouTube channel Link ⚡
https://youtu.be/aP1UW8iN8NU?si=ngz1hMqC1asHWGKP

SNIB page link ⚡
https://www.facebook.com/profile.php?id=61552566745366&mibextid=hIlR13

လွိုင်ကော်မြို့ နေရာအများအပြားကို တော်လှန်ရေးအင်အားစု ဆက်ထိန်းချုပ်ထား ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို တော်လှန်ရေးပ...
18/12/2023

လွိုင်ကော်မြို့ နေရာအများအပြားကို တော်လှန်ရေးအင်အားစု ဆက်ထိန်းချုပ်ထား

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပိတ်ဆို့ တိုက်ခိုက်မှု တစ်လကျော်ကြာလာချိန်တွင် မြို့ဧရိယာ နယ်မြေအများစုကို ဆက်လက်ထိန်းချုပ်ထားသည်ဟု ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

လွိုင်ကော်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF တပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်နေ့က စတင် တိုက်ခိုက်နေပြီး ထိုထိုးစစ်ကို ၁၁.၁၁ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

လွိုင်ကော်တွင် စစ်ကောင်စီတပ်က နေရာအနည်းစုတွင်သာ ရှိနေပြီး တော်လှန်ရေးအင်အားစုက နေရာအများအပြားကို သိမ်းယူထားနိုင်သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

“လွိုင်ကော်မြို့ရဲ့ ၈၅ ရာခိုင်နှုန်းကို သိမ်းယူထားနိုင်ပြီလို့ ပြောလို့ရပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ် ရှိနေသည့် နေရာများမှာ နောင်ယားရပ်ကွက်ရှိ ကက်သလစ် ဘုရားကျောင်း၊ မီးသတ်ရုံး၊ မင်းစုရပ်ကွက်ရှိ ဆေးရုံကုန်း၊ လွိုင်ကော်အကျဉ်းထောင်တို့ ဖြစ်သည်ဟု သိရသည်။

လွိုင်ကော်အကျဉ်းထောင်ကို သိမ်းယူနိုင်ရန် ဒီဇင်ဘာ ၁၆ နှင့် ၁၇ တို့တွင် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

“လွိုင်ကော်ထောင်ကို နှစ်ရက်ရှိပြီ လုပ်တာ၊ အဆင်မပြေဘူး။ ခဏပြန်နားထားတယ်။ အခြေအနေအမျိုးမျိုးကြောင့်ပေါ့နော်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲအခြေအနေ အသေးစိတ်ကို ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုခြင်းမရှိပေ။

တိုက်ပွဲတွင် KNDF တပ်မှူးတစ်ဦးဖြစ်သူ ဆရာကျောင်း ထိခိုက် သေဆုံးသွားသည်ဟု Myanmar Now သတင်းဌာန၏ အတည်ပြုချက်ရနိုင်ခဲ့သည်။

လွိုင်ကော်ထောင်အတွင်း ထိန်းသိမ်းခံနေရသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းပြုချက်အရ သိရသည်။

စစ်ကောင်စီတပ် ခံစစ်ပြင်ထားသည့် နေရာတွင် အကျဉ်းသားများလည်း ရှိနေသဖြင့် တော်လှန်ရေးအင်အားစုက ထိုးစစ်ဆင်ရ ခက်နေသည်ဟုလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

၁၁.၁၁ စစ်ဆင်ရေး၏ အထင်ကရ တိုက်ပွဲများ

လွိုင်ကော်မြို့တွင်းရှိ အထပ်မြင့်အဆောက်အအုံကဲ့သို့ နေရာ ၁၈ ခုခန့်တွင် စစ်တပ်က ခံစစ်ပြင်ထားခဲ့ရာ ထိုအထဲမှ နေရာ ၁၀ ခုခန့်ကို တော်လှန်ရေးအင်အားစုက သိမ်းယူထားနိုင်ပြီဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုထားသည်။

နိုဝင်ဘာ ၁၁ ရက်နေ့က အစပြုသည့် ၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် ဖြစ်ပွားသည့် တိုက်ပွဲများမှာ ထင်ရှားသည်။

နိုဝင်ဘာ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်အတွင်းရှိ တပ်စခန်းကို KNDF က တိုက်ခိုက်သိမ်းယူလိုက်နိုင်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်သား ၁၁၀ ခန့် သေဆုံးသည်ဟု KNDF က ဆိုသည်။

တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို အပါအဝင် အထိနာနေကြသော စစ်သား ၃၂ ဦး လက်နက်ချခဲ့ကြသည်၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နှင့် ခဲယမ်းပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု KNDF က ထုတ်ပြန်ခဲ့သည်။

KNDF က လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမနှင့် မိသားစုဝင် ၂၀၀ ကျော်ကို တိုက်ပွဲဖြစ်သည့် နေရာမှ ကယ်ထုတ်ခဲ့ရသည်။

လတ်တလော လွိုင်ကော်တက္ကသိုလ်တွင် ကျင်းပမည့် အဝေးသင်စာမေးပွဲများကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

မြို့တော်လွိုင်ကော်၌ အခြေစိုက်ထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၉ ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူခဲ့သည်။ အင်အား ၅၀ ဝန်းကျင်ခန့် တပ်စွဲထားသည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု Progressive Karenni People Force – PKPF ၏ ထုတ်ပြန်ချက်တွင် ရဲအချုပ်ကား၊ အထိကရုဏ်းနှိမ်နင်းရေး ရဲကား၊ ရဲတပ်ဖွဲ့သုံး ဆိုင်ကယ် ၁၀ စီးခန့်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် လွိုင်ကော်ခရိုင်တရားရုံးလည်း နိုဝင်ဘာ ၁၆ ရက်နေ့ တိုက်ပွဲကာလတွင် မီးလောင်သွားခဲ့သည်။

လွိုင်ကော်မြို့နယ်သည် စတုရန်းကီလိုမီတာ ၁,၅၀၀ ဝန်းကျင်သာရှိပြီး ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၁၂ ခုဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့နယ်အတွင်း လူဦးရေ တစ်သိန်းခန့် နေထိုင်သည်။ မြို့နေလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်သည် နယ်မြေထိစပ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ အများဆုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ခိုလှုံနေကြရသည်။

KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက လွိုင်ကော်မြို့၏ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချမည်ဟု နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ မြို့သိမ်းတိုက်ပွဲများသည် ပျက်စီးနစ်နာမှုများနိုင်သည်ကို သိသော်လည်း အာဏာရှင်စနစ် အမြစ်မတွယ်ရန် စစ်ဆင်ရေးကို ချမှတ်ခြင်းဖြစ်ရာ ပြည်သူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြရန် ခွန်းဘီထူးက တိုက်တွန်းထားသည်။

မယ်စဲ့မြို့ကို အပြည့်အဝ ထိန်းချုပ်ထား

ကရင်နီပြည်နယ်အတွင်းရှိ မယ်စဲ့၊ ရှားတော၊ ရွာသစ်၊ ရှမ်းပြည်နယ် မိုးဗြဲမြို့တို့ကိုလည်း သိမ်းပြီးဖြစ်သည်ဟု ခွန်းဘီထူးက Myanmar Now သတင်းဌာနကို ပြောခဲ့သည်။ ကရင်နီပြည်နယ်၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် လူဦးရေ ၈၀၀၀ ခန့် နေထိုင်သည့် မယ်စဲ့မြို့ကိုလည်း တော်လှန်ရေးအင်အားစုက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

မယ်စဲ့မြို့နယ် ပန်တိန်းဒေသအတွင်း၌ နေရာယူတပ်စွဲထားသည့် စစ်တပ်သည် နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားရာ မယ်စဲ့မြို့နယ်သည် တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာ ဒေသဖြစ်လာခဲ့သည်။

တော်လှန်ရေးအင်အားစုက မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ယခုနှစ် ဇွန်လဆန်းတွင် တိုက်ခိုက်ရာ မယ်စဲ့ဒေသအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ယင်းနောက် စစ်တပ်က စစ်ကူလိုက်ပါလာပြီး မယ်စဲ့မြို့နယ် ပန်တိန်းရှိ နယ်ခြားစောင့်တပ်ရင်း ဌာနချုပ်နှစ်ခုကို ဇွန်လကုန်ပိုင်းက စတင်ပြီး ယာယီ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း ၁၁.၁၁ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် ပန်တိန်းဒေသမှ ဆုတ်ခွာသွားခဲ့ခြင်းကြောင့် မယ်စဲ့ဒေသအတွင်း၌ စစ်ကောင်စီ တပ်စခန်းများ မရှိတော့ပေ။

လက်ရှိ ကရင်နီဒေသအတွင်း၌ စစ်တပ်က ဖားဆောင်း၊ ရှားတော၊ ဘော်လခဲ နှင့် လွိုင်ကော်မြို့ရှိ နေရာအချို့တွင်သာ ကျန်တော့ကြောင်း ကရင်နီတပ်မတော် (KA) ဘက်က ဆိုသည်။

“သူတို့ တပ်က ဖားဆောင်းမှာ ရှိမယ်၊ ဘော်လခဲမှာက သူတို့ ဗျူဟာရုံးရှိမယ်၊ လွိုင်ကော်မှာက သုံးလေးနေရာလောက် ကျန်မယ်။ လွိုင်ကော်ကနေ ရှားတောသွားတဲ့ ပွန်ချောင်းလမ်းကိုလည်း ကျွန်တော်တို့ သိမ်းလိုက်ပြီ။ မိုးဗြဲကိုလည်း သိမ်းထားပြီးပြီ” ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

မိုးဗြဲမြို့သည် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း ပါဝင်သော်လည်း ထိုဒေသကို ကရင်နီပြည်နယ်အရေး လှုပ်ရှားသူတို့က ၎င်းတို့၏ ဒေသအဖြစ် သတ်မှတ်ထားသည်။

မိုးဗြဲမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှာ မြို့မြောက်ဘက်ရှိ မိုးဗြဲဆည်တွင် တပ်စွဲထားဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

မိုးဗြဲမှ လွိုင်ကော်မြို့သို့ သွားရာလမ်းကြောင်းကိုလည်း တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားပြီး လွိုင်ကော်မြို့ရှိ စစ်ကောင်စီတပ်ကို ဝိုင်းပတ် ပိတ်ဆို့ထားသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်လိုသူ အများအပြားသည် ကရင်နီဒေသ လက်နက်ကိုင်အဖွဲ့များတွင်လည်း ပူးပေါင်းပါဝင်နေကြသည်။

နယ်စပ်ဒေသဖြစ်သော၊ ရှမ်းပြည်နယ်နှင့်လည်း ထိစပ်နေသော ဤဒေသသည် လက်နက်ခဲယမ်း ဝယ်ယူနိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိပြီး စစ်ကောင်စီတပ် အထိနာစေရန် တိုက်ခိုက်နိုင်သော ဒေသများထဲတွင် ကရင်နီပြည်နယ်လည်း ပါဝင်လာသည်။

ဒေသတွင်း တော်လှန်ရေးအင်အားစု၏ အောင်မြင်မှုများမှာ ရှမ်းပြည်နယ်အတွင်း စခန်းသိမ်းတိုက်ပွဲကြီးများ ပါဝင်သည့် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။

ကရင်နီပြည်နယ် တော်လှန်ရေးအင်အားစုထဲမှ KNDF သည် ၁၀၂၇ စစ်ဆင်ရေးတွင်ပင် ပါဝင် အားဖြည့်ထားသည်။

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်သည် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ အခြေချရာ နေပြည်တော်နှင့် မိုင် ၁၄၀ ကွာဝေးပြီး ကားလမ်းခရီးဖြင့် သွားရောက်ပါက ၅ နာရီခန့် ကြာမြင့်နိုင်သည်။

ကရင်နီပြည်နယ်ကို ပါလီမန်ခေတ် ဝန်ကြီးချုပ် ဦးနုအစိုးရလက်ထက် ၁၉၅၂ ခုနှစ်တွင် ကယားပြည်နယ်ဟု အမည်ပြောင်းခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစု ဖွဲ့စည်းထူထောင်ခဲ့သည့် ကရင်နီပြည်န
ယ်အတိုင်ပင်ခံကောင်စီ (KSCC) က ကယားပြည်နယ်အစား “ကရင်နီပြည်နယ်” ဟု ခေါ်ဝေါ်သုံးစွဲရန် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

#လွိုင်ကော် #ကရင်နီ

စစ်ကိုင်းတိုင်းဘက်မှာ သိမ်းဆည်းမိတဲ့ စကစရဲ့ Orlan-10E ဒရုန်းတစ်စင်းရဲ့ပုံပါ။Orlan-10 ကို ရုရှားကထုတ်လုပ်ပြီး ပြည်ပကိုရော...
18/12/2023

စစ်ကိုင်းတိုင်းဘက်မှာ သိမ်းဆည်းမိတဲ့ စကစရဲ့ Orlan-10E ဒရုန်းတစ်စင်းရဲ့ပုံပါ။
Orlan-10 ကို ရုရှားကထုတ်လုပ်ပြီး ပြည်ပကိုရောင်းတဲ့ export version ကို Orlan-10E လို့ခေါ်ပါတယ်။

နောက်ဆုံးရမြန်မာပြည်တွင်းသတင်းများကို သိနိုင်ဖို့ရန် SNIB YT Channel နဲ့ page တို့ကို Subscribe and Like လုပ်ထားလိုက်ပါ မိတ်ဆွေ....

"SNIB " သည် လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည် နိုင်ရေးအတွက် သင်တို့၏အကူအညီများကို လိုအပ်နေပါတယ်

SNIB YouTube channel Link ⚡
https://youtu.be/aP1UW8iN8NU?si=ngz1hMqC1asHWGKP

SNIB page link ⚡
https://www.facebook.com/profile.php?id=61552566745366&mibextid=hIlR13

18/12/2023

အလင်းဝင်လာသည့် စစ်ကောင်စီ၏ တပ်မ-၂၂

#လေးစားစွာဖိတ်ကြားအပ်ခြင်း
လွတ်လပ်သော မီဒီယာအဖြစ်ရပ်တည်နိုင်ရန် Like and Share ခြင်းဖြင့်ကူညီပါ။

#မိတ်ဆွေ

SNIB YouTube channel Link ⚡

https://youtu.be/aP1UW8iN8NU?si=ngz1hMqC1asHWGKP

#တပ်မ၂၂ #အလင်းဝင် #စစ်ကောင်စီတပ်

ပလောင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် နမ့်ဆန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု TNLA ကြေညာSNIB ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ...
18/12/2023

ပလောင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် နမ့်ဆန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု TNLA ကြေညာ

SNIB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အဓိကမြို့ နမ့်ဆန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု တအာင်းလက်နက်ကိုင်တပ် TNLA က ယနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

နမ့်ဆန်အခြေစိုက် စစ်ကောင်စီတပ်များကို ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်ပြီး ၆ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာ ၁၅ တွင် စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံး၊ စစ်ကောင်စီတပ်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု TNLA က ဆိုသည်။

တိုက်ပွဲအတွင်း သုံ့ပန်းနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၆၄ ဦးကို ဖမ်းမိထားပြီး ဟောင်ဝစ်ဇာအမြောက် ၄ စင်း၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံအမြောက်အမြား သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က အရပ်ဘက်ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်သဖြင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးကြောင်း TNLA က ကြေညာသည်။ ထို့ပြင် လူနေအိမ် ၁၄ လုံး၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံတချို့လည်း ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နမ့်ဆန်နှင့် မန်တုံမြို့တို့ကို ပေါင်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။

လက်ဖက်စို၊ လက်ဖက်ခြောက် ထုတ်လုပ်မှုကြောင့် လူသိများသည့် နမ့်ဆန်သည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့တို့အနီးတွင် တည်ရှိသည်။ စစ်ကောင်စီထုတ် ၂၀၂၂ စာရင်းများအရ နမ့်ဆန်တွင် လူ ၇ သောင်းကျော် နေထိုင်ပြီး ၈၃ ရာခိုင်နှုန်းမှာ တအာင်း (ပလောင်) မျိုးနွယ်စုများ ဖြစ်ကြသည်။

ထိုဒေသကို အုပ်ချုပ်ရန် ရွေးကောက်ပွဲမှ တက်လာသည့် သမ္မတက ခန့်ထားခွင့်ရှိသော်လည်း အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က စိတ်ကြိုက်ရွေးထားသည့် တာသိန်းဇော်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားသည်။

TNLA ၏အဆိုအရ နမ့်ဆန်ကို ဗိုလ်ချုပ်နေဝင်း ပထမအကြိမ်အာဏာသိမ်းပြီးနောက် ပေါ်လာသည့် အိမ်စောင့်အစိုးရခေတ် ၁၉၅၉ မတ်လ ၂ ရက်နေ့မတိုင်ခင်အထိ တအာင်းစော်ဘွား စဝ်ခွန်ပန်းစိန် အုပ်ချုပ်ခဲ့ပြီး ၆၄ နှစ်အကြာမှ ၎င်းတို့လက်ထဲ ပြန်ရောက်ခဲ့သည်ဟု ဆိုသည်။

TNLA အပါအဝင် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် မြောက်ပိုင်းညီနောင်မဟာမိတ်များသည် တရုတ်နိုင်ငံကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ကြသည်ဟု ဒီဇင်ဘာ ၁၁ ရက်နေ့တွင် သတင်းထွက်ပေါ်လာခဲ့သော်လည်း TNLA၊ ရခိုင်တပ် AA တို့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။

TNLA သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မူဆယ် ၁၀၅ မိုင်နှင့် နယ်စပ်မြို့ နမ့်ခမ်းမြို့တို့ကိုလည်း ထိန်းချုပ်ထားသည်။

နမ့်ဆန်ကျဆုံးမှုအတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

#နမ့်ဆန် #ရှမ်းမြောက်

🌟ကမ္ဘာပေါ်က အောင်မြင်နေတဲ့သူတွေဟာ မွေးရာပါပင်ကိုယ်ပါရမီရှိရုံသာမကသူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အလုပ်အပေါ်မှာထားတဲ့ သ...
08/12/2023

🌟ကမ္ဘာပေါ်က အောင်မြင်နေတဲ့သူတွေဟာ မွေးရာပါပင်ကိုယ်ပါရမီရှိရုံသာမက
သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အလုပ်အပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားတွေကြောင့် အောင်မြင်နေတယ်ဆိုတာအသေချာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာတော့ အောင်မြင်တဲ့ လူတစ်ယောက်အတွက် လိုအပ်တဲ့အချက် ၈ ချက်ကိုဖော်ပြပေးသွားမှာပါ။

🎯စိတ်အားထက်သန်မှု
အောင်မြင်ဖို့အတွက် ပထမဆုံးလိုအပ်တဲ့အချက်ဟာ စိတ်အားထက်သန်မှုပါပဲ။

🎯အလုပ်ကြိုးစားမှု
နောက်တစ်ခုက အလုပ်ကြိုးစားခြင်းပါပဲ။ အောင်မြင်နေတဲ့သူတွေဟာ အားလပ်ချိန်မှာတောင် တိုးတက်ဖို့တွေးတောကြံဆနေပါတယ်။

🎯ကောင်းအောင်လုပ်ပါ
ဘာပဲလုပ်လုပ် စေတနာပါပါနဲ့ အကောင်းဆုံးလုပ်ပါ။ ဒီအချက်ကလည်း အဓိကကျတဲ့တစ်ခုပဲဖြစ်ပါတယ်။

🎯အာရုံစူးစိုက်မှု
အားရုံစူးစိုက်မှုမရှိခြင်းက သင့်ကိုအောက်ဆုံးဆွဲချမှာဖြစ်လို့ တစ်ခုခုကို လုပ်မယ်ဆို အာရုံစူးစိုက်မှုအပြည့်ထည့်ပါ။

🎯ကန့်သတ်ချက်များကို တွန်းဖယ်လိုက်ပါ
ကိုယ့်အတွက် မမှန်ကန်ဘူးလို့ထင်တဲ့ လူ့အဖွဲ့အစည်းရဲ့ အချို့သောကန့်သတ်ချက်တွေကို မေ့ထားပါ။

🎯စိတ်ကူးများဖန်တီးပါ
သင့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ဆိုတာ အမှန်တကယ်ဖန်တီးဖို့လိုအပ်ပါတယ်။ အခုပဲ စတင်လိုက်ပါ။

🎯ဇွဲရှိပါ
တစ်ခါ မအောင်မြင်လို့ လက်လျှော့လိုက်တာမျိုးဟာ သင့်ရဲ့ အားနည်းချက်ဖြစ်မနေသင့်ပါဘူး။ ဒါကြောင့်ဘာပဲလုပ်လုပ် ဇွဲရှိခြင်းက အောင်မြင်ဖို့လမ်းစပါပဲ။

🎯ဆုံးဖြတ်ချက်တိုင်းကို ရဲရဲချပါ
သင်အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ သက်ဆိုင်နေပါတယ်။ မှန်ကန်တယ်လို့ထင်တဲ့ ဆုံးဖြတ်ချက်မျိုးကို မတွန့်မဆုတ်ဘဲ ရဲရဲချမှတ်နိုင်ဖို့လည်းလိုအပ်ပါတယ်။

အခုချိန်မှာ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားတယ်ဆိုရင်လည်း လက်တွေ့အကောင်အထည်ဖော်ပါ။

26/11/2023

မဂ်လာ နံနက်ခင်း🙏🙏🙏

မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းပါစေ

ကမ္ဘာမြေကြီးလည်း အေးချမ်းပါစေ
🙏🙏🙏

Pizza 🍕🍕 ချစ်သူများအတွက်
26/11/2023

Pizza 🍕🍕 ချစ်သူများအတွက်

မှန်တဲ့စကားမို့လို့လားမသိဘူး၊ ကြားရတာ ငန်ကျိကျိနဲ့———————————————————————-တစ်ခါတုန်းက မြစ်တွေဟာ ပင်လယ်ကို မကျေမနပ်နဲ့ ဆဲ...
26/11/2023

မှန်တဲ့စကားမို့လို့လားမသိဘူး၊ ကြားရတာ ငန်ကျိကျိနဲ့
———————————————————————-

တစ်ခါတုန်းက မြစ်တွေဟာ ပင်လယ်ကို မကျေမနပ်နဲ့ ဆဲရေးပြစ်တင်တယ်။

သူတို့ပေးလိုက်တဲ့ရေတွေကို ပင်လယ်က ငန်အောင်လုပ်ပစ်လို့တဲ့။

ပင်လယ်က တစ်ခွန်းပဲ ပြန်ပြောတယ်။

ငါသာ မင်းတို့ပေးလိုက်တဲ့ ရေတွေကို လက်ခံမထားရင် တစ်ကမ္ဘာလုံး ရေတွေဖုံးလွှမ်းကုန်ပြီတဲ့။

ပင်လယ်ရဲ့စကား မှန်လို့လားမသိဘူး။ မြစ်တွေရဲ့ နားထဲမှာတော့ ကြားရတာငန်ကျိကျိနဲ့။

အဲ့လိုပဲ မှန်တဲ့စကားဟာ လက်မခံနိုင်သူတွေရဲ့ နားထဲမှာတော့ ကြားရတာ ငန်ကျိကျိနဲ့။


(1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချ...
25/11/2023

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင်
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို ပြန်ကောင်းပါလိမ့်မယ်။

17/10/2023

ကမ္ဘာ့သတင်း ၊ စစ်ရေးသတင်း ၊ ဟားမတ် နဲ့ အစ်စရေး

https://youtu.be/n4aejcWjzH4?si=3pw1ck2t0nwGejZy

#ဟားမတ် #စစ်ရေးသတင်း

17/10/2023

ကမ္ဘာ့သတင်း ၊ စစ်ရေးသတင်း ၊ ဟားမတ် နဲ့ အစ်စရေး

#ဟားမတ် #စစ်ရေးသတင်း

Address

54B , 134 A, Myandalay
Mandalay
05024

Alerts

Be the first to know and let us send you an email when SNIB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SNIB:

Videos

Share