Zayar Shwe Myay People Defence Force

Zayar Shwe Myay People Defence Force New & media

03/03/2024

28.2.2024...ညနေ.4:00pm
တိုက်ပွဲ ... mission ထုတ်ပြန်ချက်။
☑☑☑☑☑☑☑☑☑☑☑

စစ်ကိုင်းတိုင်းဒေသကြီး စစ်ဒေသအမှတ်(၁)
စစ်ကိုင်း တိုင်းဒေသအတွင်း... မြင်းမူ မြုိ့ပေါ်...mission
ဖြစ်စဉ်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ... မြင်းမူမြို့
မြင်းမူမြို့ပေါ်ရှိ...အထက (၁) အတွင်းအင်းအားဖြည့်တင်းရန်ရောက်ရှိနေသော်...သံချပ်ကာ ကား၅စီးဖြစ့် စခ များလာရောက်ချထားသည်ကိုသတင်းပေးရရှိသဖြင့်
ကျွန်တော် တို့Myinmu Local Defence Force နှင့် ABCFအညာတပ်ပေါင်းစုတို့မှ ... 28.2.2024 ညနေ...4:00 pm အချိန်ခန့်တွင်... Fixed wing drone...
(၃)စီးဖြင့်....ဗုံးသီး (၇) အား...အထက(၁) ကျောင်းဝင်းတွင်းရှိ စခများအထိုင်ချတည်ရှိရာ.. နှင်. ရဲစခန်းဝင်းသို့..
Fixed wing မောင်းသူမဲ့ လေယျာဉ်ငယ်များဖြင့်... ဝေဟင်မှ ဗုံးသီး (၇)လုံးကျဲချနိုင်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍... မြေပြင်သတင်းပေးမူ့အရ...
စခ များနှင့်....ရဲခ များအထိနာသည်ဟုသတင်းရရှိပါသည်။

ထိုအတူ... စခများဘက်မှ လက်နက်ကြီးများ ဖြစ့်
ရမ်းသန်းပစ်ခက်မူ့ကြောင့်...မြုိ့တွင်းပြည်သူ ၄ဉီးခန့်ဒဏ်ရာအပျင်းအထန်ရရှိပြီး..၁ ဉီးသေဆုံးသည်ဟုသိရပါသည်။...

မဟာမိတ်ညီနောင်တပ်ပေါင်းစုများ..
မိဘပြည်သူများ ရဲ့ ​ေမ​တ္တာစေတနာပို့သမူ့ကြောင့်...အန္တရာယ် ကင်းလွတ်မြှောက်ရာသို့...ဆုတ်ခွာနိုင်ခဲ့ပါသည်။

ထိုကြောင့်...
Fixed wing.drone (mission) လုပ်ဆောင်မူတွင်...
ဖြတ်တောက်ရေးမိူင်းကွင်း...ညီအကိုများ...နှင့်
.Y.S.M PDF (Local) Battalion
(အညာတပ်ပေါင်းစု)groups အဖွဲ့အစည်းများ
(Local)
. Soldier(နွေဉီးရဲဘော်) Local
Killers pdf (Local)
ပကဖ အဖွဲ့(ခေါင်းဆောင်)
အနောက်ခြမ်း ပကဖ အဖွဲ့ဝင်များနှင့် ညီနှောင်တပ်ပေါင်းစု များ(Local)
ပါဝင်လူပ်ရှားခဲ့သည်။

တရားသော်စစ် ဧကန်မုချနိုင်ရမည်။

28.2.2024...ညနေ.4:00pm တိုက်ပွဲ ... mission ထုတ်ပြန်ချက်။☑☑☑☑☑☑☑☑☑☑☑စစ်ကိုင်းတိုင်းဒေသကြီး စစ်ဒေသအမှတ်(၁)စစ်ကိုင်း တိုင်...
01/03/2024

28.2.2024...ညနေ.4:00pm
တိုက်ပွဲ ... mission ထုတ်ပြန်ချက်။
☑☑☑☑☑☑☑☑☑☑☑

စစ်ကိုင်းတိုင်းဒေသကြီး စစ်ဒေသအမှတ်(၁)
စစ်ကိုင်း တိုင်းဒေသအတွင်း... မြင်းမူ မြုိ့ပေါ်...mission
ဖြစ်စဉ်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ... မြင်းမူမြို့
မြင်းမူမြို့ပေါ်ရှိ...အထက (၁) အတွင်းအင်းအားဖြည့်တင်းရန်ရောက်ရှိနေသော်...သံချပ်ကာ ကား၅စီးဖြစ့် စခ များလာရောက်ချထားသည်ကိုသတင်းပေးရရှိသဖြင့်
ကျွန်တော် တို့ Z.Y.S.M People Defence Force (Local) Battalion (စစ်ကြောင်း)နှင့် ABCFအညာတပ်ပေါင်းစုတို့မှ ... 28.2.2024 ညနေ...4:00 pm အချိန်ခန့်တွင်... Fixed wing drone...
(၃)စီးဖြင့်....ဗုံးသီး (၇) အား...အထက(၁) ကျောင်းဝင်းတွင်းရှိ စခများအထိုင်ချတည်ရှိရာ.. နှင်. ရဲစခန်းဝင်းသို့..
Fixed wing မောင်းသူမဲ့ လေယျာဉ်ငယ်များဖြင့်... ဝေဟင်မှ ဗုံးသီး (၇)လုံးကျဲချနိုင်ခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍... မြေပြင်သတင်းပေးမူ့အရ...
စခ များနှင့်....ရဲခ များအထိနာသည်ဟုသတင်းရရှိပါသည်။
ထိုအတူ... စခများဘက်မှ လက်နက်ကြီးများ ဖြစ့်
ရမ်းသန်းပစ်ခက်မူ့ကြောင့်...မြုိ့တွင်းပြည်သူ ၄ဉီးခန့်ဒဏ်ရာအပျင်းအထန်ရရှိပြီး..၁ ဉီးသေဆုံးသည်ဟုသိရပါသည်။...
မဟာမိတ်ညီနောင်တပ်ပေါင်းစုများ..
မိဘပြည်သူများ ရဲ့ ​ေမ​တ္တာစေတနာပို့သမူ့ကြောင့်...အန္တရာယ် ကင်းလွတ်မြှောက်ရာသို့...ဆုတ်ခွာနိုင်ခဲ့ပါသည်။

ထိုကြောင့်...
Fixed wing.drone (mission) လုပ်ဆောင်မူတွင်...
ဖြတ်တောက်ရေးမိူင်းကွင်း...ညီအကိုများ...နှင့်

.Y.S.M PDF (Local) Battalion

(အညာတပ်ပေါင်းစု)groups အဖွဲ့အစည်းများ

(Local)

. Soldier(နွေဉီးရဲဘော်) Local

Killers pdf (Local)

ပကဖ အဖွဲ့(ခေါင်းဆောင်)

အနောက်ခြမ်း ပကဖ အဖွဲ့ဝင်များနှင့် ညီနှောင်တပ်ပေါင်းစု များ(Local)
ပါဝင်လူပ်ရှားခဲ့သည်။

တရားသော်စစ် ဧကန်မုချနိုင်ရမည်။

.Y.S.M pdf



... #

01/03/2024
နွေဉီးတော်လှန်ရေး...  စတင်ခဲ့သည်မှာ အခုဆိုရင်...၃နှစ် ကျော်သို့ရောက်ရှိခဲ့သည်ဖြစ်ပါသည်။ ထို့ကြောင့်ဒီတော်လှန်ရေး  မှာ......
27/02/2024

နွေဉီးတော်လှန်ရေး... စတင်ခဲ့သည်မှာ အခုဆိုရင်...
၃နှစ် ကျော်သို့ရောက်ရှိခဲ့သည်ဖြစ်ပါသည်။ ထို့ကြောင့်
ဒီတော်လှန်ရေး မှာ...စစ်အာဏာရှင် မိတ်စ္ဆာ စစ်ခွေးစနစ်အား...အမြှစ်ပြတ်အဆုံးထိတိုင်တွန်းလှန် သွားဖို့အတွက်... ပြည်သူထဲမှပြည်သူ ကို .... ကျွန်တော်တို့..
🤝🤝🤝Z.Y.S.M. L.B #
Zayar Shwe Myay People Defence Force(Local) .Battalion...မှ
နွေဉီးတော်လှန်ရေး ... အတွက်...
👉👉👉''သင့်''...အား...လက်ကမ်းကြိိုဆိုလျက်ရှိပါသည်။

(၁) အသက် ၁၈နှစ့် မှ ၃၅နှစ်အတွင်း ဖြစ်ရမည်။

(၂) ကိုယ်ကျင့်တရားနှင့်အကျင့်စာရိတ္တကောင်းမွန်ရမည်။

(၃) ပေးအပ်သော် တာဝန် နှင့် အမိန့်ကို လေးစားလိုက်နာမူ့ ရှိရမည်။

(၄) စစ်အာဏာရှင် အားမြှစ်ပြတ်သည်ထိ အဆုံးတိုင်ပါဝင် နိုင်သူဖြစ်ရမည်။

(၅) တော်လှန်ရေး တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍
စစ်အာဏာရှင် စနစ်ဆိုး အပြီးသတ်ချူပ်ငြိမ်းသွား သည့်အထိ...နွေးဉီးတော်လှန်ရေး...အပေါ် သစ္စာ ရှိရှိထမ်းဆောင်နိုင်သူဖြစ်ရမည်။

(၆) တိုင်းပြည်နှင့်ပြည်သူလူထုအပေါ်...ရိုးသားဖြောက့်မှတ်စွာရှိပြီး... ပြည်သူလူထု၏... အသက်/ အိုးအိမ်/စည်းစိမ်ကိုကာကွယ်စောက့်ရှောက်သွားရန် ခံယူချက်ရှိရမည်။

(၇) အိမ်ထောင်မရှိသူ ဖြစ်ရမည်။(ဉီးစားပေးတာဝန်ထမ်းဆောင်ရန်ခေါ်ပါမည်။... ကျား/မ)
မှတ်ချက်။ ဆေးဝါးကျွမ်းကျင်တက်မြှောက်ထားသူ အကန်သန့်ဖြစ်...။

လူဉီးရေး( 15) အကန့်သတ်ဖြစ်.။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးရည်ရွယ်သည်။
ဆက်သွယ်ရန်...။
Zayar. Shwe Myay People Defence Force(Local) Battlion.👉👉👉 # FB. page # https://www.facebook.com/profile.php?id=100089907146543&mibextid=ZbWKwL
👇👇👇
https://www.facebook.com/profile.php?id=100085964421571&mibextid=ZbWKwL

5/စစ်ကိုင်းတိုင်းဒေသကြီး...မြင်းမူမြို့နယ် ☑☑☑☑☑25.2.2024ပညာရေးအမှတ်စဉ်လူထုအခြေပြုစာအုပ်ထုပ်များပံ့ပိုးမူ့...အထောက်အကူ.....
25/02/2024

5/စစ်ကိုင်းတိုင်းဒေသကြီး...
မြင်းမူမြို့နယ်
☑☑☑☑☑
25.2.2024
ပညာရေးအမှတ်စဉ်လူထုအခြေပြုစာအုပ်ထုပ်များ
ပံ့ပိုးမူ့...အထောက်အကူ...။ ။

စစ်ကိုင်းတိုင်းဒေသကြီးစစ်ဒေသအမှတ်(၁)

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နှင့်...ပညာရေးဝန်ကြီးဌာန...မှစီစဉ်ညွှန်ကြားမူ့ဖြင့်...
ပြည်သူလူထုအခြေပြုစာသင်ကျောင်းများအတွက်...ပညာရေးဗဟုသုတ ပိုမိုဖြည့်တင်းနိုင်ဖို့... NUG.ပညာရေးဝန်ကြီးဌာနမှ စာအုပ်များ
NUG ပညာရေး နယ်ပယ်ရှိ စာသင်ကျောင်းများထံသို့
ကျောင်းသုံးစာကြည့်တိုက်စာအုပ်များကို...ကျွန်တော်တို့
Zayar Shwe Myay People Defence Force(Local) Battalion မှ... စာသင်ကျောင်းများသို့ သယ်ယူပို့ဆောင်
အရောက်ပို့ဆောင်နိုင်ခဲ့ပါသည်။ ။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)
ပညာရေးဝန်ကြီးဌာန...မှ လူထုအခြေပြု ကျောင်းစာကြည့်တိုက်...စာအုပ်များကို...NUG ပညာရေးကျောင်းတစ်ကျောင်းသို့...သယ်ယူပို့ဆောင်နေပုံနှင့်..ပညာရေးမှ တာဝန်ရှိသူ... မှ ပြန်လယ်လက်ခံနေပုံ # #

# Z.Y.S.M pdf (Local) battalion



စစ်မှန်သော်  ဖက်ဒရယ် ဒီမိုကရေစီ  ပြည်ထောင်စုတည်ဆောက်ရန်နှင့်... စစ်အာဏာရှင် အမြှစ်ပြတ်ချေမူန်းတိုက်ထုတ်နိုင်ဖို့အတွက်......
24/02/2024

စစ်မှန်သော် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန်နှင့်... စစ်အာဏာရှင် အမြှစ်ပြတ်ချေမူန်းတိုက်ထုတ်နိုင်ဖို့အတွက်...
ကျွန်တော် တို့... Zayar Shwe.Myay People Defence Force (Local) Battalion (စစ်ကြောင်း)
ထံသို့လာရောက်ကူညီပံပိုးပေးလာကျသော်မိဘပြည်သူတစ်ဉီးတစ်ယောက်ခြင်းစီးတိုင်းကိုအထူးပင်လေးစားဂုဏ်ယူလျက်ရှိပါသည်။

မိဘပြည်သူများရဲ့ ကူညီထောက်ပံပိုးမူ့သည်သာအဓိဿျသည်မို့...စစ်အာဏာရှင် အားအမြှစ်ပြတ် သည်အထိကူညီပံပိုးပေးကျပါရန်မ္မေတ္တာရပ်ခံအပ်ပါသည်။ ။

တရားသော်စစ် ဧကန်မုချနိုင်ရမည်။

.Y.S.M pdf



စစ်မှန်သော်  ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပြန်လယ်တည်ဆောက်ရာတွင်...စစ်အာဏာရှင် အားအမြှစ်ပြတ် ချေမူန်းနိုင်ဖို့အတွက်...ကျ...
22/02/2024

စစ်မှန်သော် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပြန်လယ်တည်ဆောက်ရာတွင်...စစ်အာဏာရှင် အားအမြှစ်ပြတ် ချေမူန်းနိုင်ဖို့အတွက်...
ကျွန်တော် တို့...
Zayar Shwe Myay People Defence Force (Local) Battalion (စစ်ကြောင်း)
ထံသို့လာရောက်ဆက်သွယ်ကူညီပံပိုးပေးလာကျသော်မိဘပြည်သူတစ်ဉီးတစ်ယောက်ခြင်းစီတိုင်းကို အထူးပင်လေးစားဂုဏ်ယူလျက်ရှိပါသည်။

မိဘပြည်သူများ ရဲ့ထောက်ပံ့ပိုးကူညီမူ့သည် သာအဓိကကျသည်မို့...စစ်အာဏာရှင် အားအမြှစ်ပြတ်သည်အထိ
ပါဝင်ကူညီပံပိုးပေးကျပါရန်အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။

#တရားသော် စစ်ဧကန်မုချနိုင်ရမည်။

.Y.S.M pdf (battalion)



19/02/2024
စစ့်မှန်သော်... ဖက်ဒရယ် ဒီမိုကရေစီ  ပြည်ထောင်စု  ပြန်လည်တည်ဆောက်ရာတွင်.....စစ်အာဏာရှင်  အားအမြှစ်ပြတ်ခြေမူန်းနိုင်ဖို့အတ...
18/02/2024

စစ့်မှန်သော်... ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပြန်လည်တည်ဆောက်ရာတွင်.....စစ်အာဏာရှင် အားအမြှစ်ပြတ်ခြေမူန်းနိုင်ဖို့အတွက်...
ကျွန်တော် တို့.....
Zayar Shwe Myay People Defence Force. (Local) Batttalion (စစ်ကြောင်း)
သို့လာရောက်ပံပိုးကူညီပေးလာကျသော်...မိဘပြည်သူတစ်ဉီးတစ်ယောက်ခြင်းစီတိုင်းကိုအထူးပင်လေးစားဂုဏ်ယူလျက်ရှိပါသည်။

မိဘပြည်သူများ ရဲ့ကူညီထောက်ပံပိုးမူ့သည်သာအဓိကကျသည်မို့...စစ်အာဏာရှင်... အားမြှစ်ပြတ်သည်ထိ...
ပါဝင်ကူညီပံပိုးပေးကျပါရန်မေတ္တာရပ်ခံအပ်ပါသည်။

တရားသော်စစ် ဧကန်မုချ နိုင်ရမည်။

# Z.Y.S.M (Local) Battalion

.

16/02/2024
တိုက်ပွဲ ...သတင်းထုတ်ပြန်ချက်...။အမှတ်...စဉ် (၅)စစ်ကိုင်းတိုင်းဒေသကြီး... စစ်မြေပြင်ဒေသ(၁)တိုက်ပွဲ ဖြစ်စဉ်...13.2.2024.....
15/02/2024

တိုက်ပွဲ ...သတင်းထုတ်ပြန်ချက်...။

အမှတ်...စဉ် (၅)

စစ်ကိုင်းတိုင်းဒေသကြီး... စစ်မြေပြင်ဒေသ(၁)

တိုက်ပွဲ ဖြစ်စဉ်...
13.2.2024...ည အချိန်......၉း၂၅ မိနစ်ခန့်

မြင်းမူမြို့ နယ်... မြင်းမူမြို့ ပေါ်ရှိ...မြန်မာ့စီးပွားရေးဘဏ်..နှင့် အထိုင်ချတပ်စွဲထားလျက်ရှိရာ... အထက(၁)
စခများရှိရာသို....ကျွန်တော်တို့...တော်လှန်ရေးညီနောင်များမှ...စစ်ကြောင်းသုံးကြောင်း...ဆင့်ကဲ ထိုးစစ် ဗျူဟာဖြစ်... မြို့တွင်းသို့..ချည်းကပ်ဝင်ရောက် ကာ ရန်သူ့ဘန်ကာအနီးသို့.ပေ(၁၀၀).အတွင်း...အသင့်ပါလာ​သောာ်လက်နက်မောင်းပြန် (Gun)ငယ်များဖြင့်...တော်လှန်ရေး(Local)battalion စစ်ကြောင်းညီနောင်များမှစတင်ပစ်ခက်တိုက်ခိုက်ခဲ့သည်။

စတင်ပစ်ခက်​တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စခများဘက်မှ...လက်နက်ကြီးများ..နှင့် 40 mm ခွေးလက်နက်ပစ်...များဖြင့်...အပြန်ပစ်ခက်ကျရင်း... ထီးဆောင်း ဘက်စခ များနှင့် အထက (၁)ရဲခွေး များ ခြေခြင်းစစ်ကူးထိုးစစ်စဉ်လာခဲ့ရာ... ကြားညှပ်တိုက်ပွဲပြင်းထန်မူ့ဖစ်ခဲ့ပြန်သည်..။
ပစ်ခက်ချိန်မှစ၍ ပီးဆုံး ထိတိုင် ကြာမြင့်ချိန် ၁ နာရီ ၂၀ မိနစ် ခန့်ကြာမြင့်ခဲ့သည် ။...မိဘပြည်သူများရဲ့ ပို့သသော်မေတ္တာကြောင့်... အထိအခိုက်မရှိ... တော်လှန်ရေး ညီနှောင်များ ဘေးကင်းလုံခြုံရာသို့မြို့တွင်းမှ ဆုတ်ခွာနိုင်ခဲ့သည်။

Shwe Myay People Defence Force
( Local) Battalion

Local Defence Force (Local)

Soldier (Local) နွေဉီးရဲဘော်

Killers Defence Force (Local) mmu

.R.F mmu (Local)

Figthers Revoltion (Local)

ပ.က.ဖ ...ခေါင်းဆောင်နှင့်

မြို့မ တိုက်နယ် နမ/(၁) ပကဖ

localတပ်ဖွဲ့မဟာညီနှောင်များ.. ပါဝင် ခဲ့ပါသည်။

ထိုစစ်ရေးဖော်ဆောင်ခြင်းသည်...၁၃ ရက်​ေန့တော်လှန်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း အား မွေးနေ့ ဂုဏ်ပြုပေးခြင်းဖြစ်သည်။
မိဘပြည်သူများခဗျာ... တိုက်ပွဲ တိုင်း လက်နက်ခဲယမ်းများပြည့်ဆုံမူရှိစေရန်..အတွက်...ပံပိုးထောက်ပို့မူ့သည် အဓိဖြစ်သည်မို့..ကူညီပေးကျပါရန်မေတ္တာရပ်ခံပါသည်။

တရားသော်စစ် ဧကန်မုချ နိုင်ရမည်။

.Y.S.M pdf (local) Battalion



ကြော်ငြာချက်......။အမှတ်...စဉ်.(၃)စစ်ကိုင်းတိုင်းဒေသကြီး... စစ်မြေပြင်ဒေသအမှတ် (၁)စစ်ကိုင်းတိုင်းဒေသကြီး... အတွင်းရှိ......
15/02/2024

ကြော်ငြာချက်......။

အမှတ်...စဉ်.(၃)

စစ်ကိုင်းတိုင်းဒေသကြီး... စစ်မြေပြင်ဒေသအမှတ် (၁)

စစ်ကိုင်းတိုင်းဒေသကြီး... အတွင်းရှိ...
ဖေဖော်ဝါရီ. 13.2.2024 ရက်နေ့မှာ ကျရောက်သော်...
တော်လှန်ရေး ဖခင်ဗိုလ်ချူပ်အောင်ဆန်း... မွေးနေ့ အထိမ်းအမှတ်နေ့၌...။

Zayar Shwe Myay People Defence Force .(Local)
တော်လှန်ရေး တပ်ဖွဲ့မှ .....
ပြည်သူ့များရဲ့...ထောက်ပို့..ကူညီလှူဒါန်းမူ့ဖြင့်...
ရဲဘော်များကို ရှေ့တန်းတိုက်ခိုက်.ရေး..အတွက်လက်နက်နှင့် ယူနီဖောင်း(U.f) များ..ပေးအပ်စဉ်မြန်း...နိုင်ခဲ့ပါသည်။

ထိုအတူ...
ကျွန်တော်တို့​...စစ်တိုင်းဒေသကြီး ကိုယ်စားပြု...

Zayar Shwe Myay People Defence Force (Local) Battalion(စစ်ကြောင်း) အဖြစ်..အသိမှတ်ပြုရည်ညွှန်း၍
ကျွန်တော်တို့...
Z.Y.S.M page. media မှတရားဝင်အသိမှတ်ပြု... မိဘပြည်သူများကို...အသိပေးအပ်ပါသည်။..........
Z.Y.S.M (Local) Battalion စစ်ကြောင်း အနေဖြစ့် တော်လှန်ရေး... ကို ပြီးဆုံးထိတိုင်...မိဘပြည်သူများအတွက်... ပါဝင်သွားမည်ဖြစ်ပါသည်။

အမှန်တရားရဲ့... ဒီတော်လှန်ရေး...ဧကန်မုချနိုင်ရမည်။ ။
ကျွန်တော်တို့ page လေးကိုလဲLike @ Follower လုပ်ပေးခြင်းဖြင့်...တော်လှန်ရေး အားဖြည့်ပေးကျပါအုံဗျာ့။
.Y.S.M (Local) battalion
#ယူနီဖောင်း နှင့် လက်နက်တပ်စဉ်ပေးမူ့ ပုံ #



15/02/2024

စစ်ကိုင်း - မုံရွာလမ်းမှာ စစ်အုပ်စုက အဖမ်းအဆီးတွေ စလုပ်၊ ပေါ်တာစဆွဲတာလို့ ဒေသခံတွေ ယူဆ၊

ကား၊ ဆိုင်ကယ်တွေကို တားဆီးကာ လက်နက်ပြ မိုက်ကြေးခွဲပြီး လူငယ်တွေကို ဆွဲချဖမ်းဆီးနေဟုဆို

ဖေဖေါ်ဝါရီ၊ ၁၁ ရက်

စစ်ကိုင်းမြိုနယ်၊ စစ်ကိုင်းမြို့နဲ့ ညောင်ပင်ဝန်းရွာကြား၊ မန္တလေး - စစ်ကိုင်း - မုံရွာ ကားလမ်းပေါ်မှာ ဒီနေ့ ဖေဖေါ်ဝါရီ(၁၁)ရက်က မနက်(၉)နာရီလောက်က စတင်ပြီး စစ်အုပ်စု အင်အား(၈၀)လောက်နဲ့ ခရီးသွား ပြည်သူတွေကို လက်နက်ပြ မိုက်ကြေးခွဲ၊ လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“စခ အင်အား(၈၀)ခန့်၊ စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေး လမ်းမကြီးပေါ် ရွာမနဲ့ လယ်ကြီး(ရွာ)ကြား တမာကုန်းတွင် ခရီးသွား ကား၊ဆိုင်ကယ်များကို တားဆီးပြီး လူငယ်များကို ပေါ်တာဆွဲနေဟု သိရ။ လူငယ် အများအပြား အဖမ်းခံထားရ”လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို သတင်းပေးပို့ပါတယ်။

စစ်အုပ်စုဟာ မုံရွာ - မန္တလေး လမ်းပေါ်က ညောင်ပင်ဝန်းရွာအနီး၊ ရွာမရွာနဲ လယ်ကြီးရွာကြားမှာ အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လာသမျှ ကားနဲ့ ဆိုင်ကယ်တွေကို တားဆီးကာ လူငယ်တွေကို ဆွဲချဖမ်းဆီးနေတာမို့ စတင် ပေါ်တာဆွဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“(မအလ)တွေ စ ယုတ်မာပါပြီ။ သူတို့စိုးမိုးတဲ့ နေရာမှန်သမျှ အဲ့လိုလုပ်တော့မယ် ထင်တယ်။ လယ်ကြီးဇရပ်မှာ ကားတွေတားပြီး အမျိုးသားတွေကို ဆွဲချ၊ ပြည်သူ့စစ်ထဲ ထည့်နေပါပြီ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးသလို သာမန် ခရီးသွား ပြည်သူတွေကိုလည်း လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာမို့ ဒေသခံတွေ သတိထား သွားလာကြဖို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ က ရေးဆွဲထားတဲ့ “ပြည်သူ့ စစ်မှုထမ်းဥပဒေ” လို့ အမည်ပေးထားတဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖေါ်ဝါရီ(၁၀)ရက်က စတင်ပြီး အသက်ဝင်ကြောင်း ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကြေညာထားပါတယ်။

“ပြည်သူ့စစ်မှုထမ်း” ဥပဒေအရ မြန်မာနိုင်ငံသား အမျိုးသား ဖြစ်လျှင် အသက်(၁၈)နဲ့ (၃၅)နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက်(၁၈)နဲ့(၂၇)နှစ် အရွယ်တွေဟာ အနည်းဆုံး နှစ်နှစ်ကနေ အများဆုံး ငါးနှစ်အထိ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုထဲ ဝင်ကာ စစ်မှုထမ်းရမှာ ဖြစ်ပြီး ဥပဒေ မလိုက်နာပါက၊ တနည်းအားဖြင့် စစ်မှုမထမ်းပါက ထောင်ငါးနှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ပုံစာ - ပြီးခဲ့တဲ့ ၂၀၂၂ အတွင်းက စစ်ကိုင်း - မုံရွာ လမ်းပေါ်မှာတွေ့ရတဲ့ စစ်အုပ်စု/Photo-S



BMC ရဲ့ အောက်ပါ Telegram channel မှာလည်း သတင်းတွေကို ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

Telegram - https://t.me/bmcburma

Source - Mandalay Free Press - MFP


Mandalay Free Press - MFP သတင်းဌာနဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဒေသအခြေပြုသတင်းမီဒီယာ (၉)ဖွဲ့နဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ Burma Media Consortium - BMC ရဲ့ မိတ်ဖက်သတင်းမီဒီယာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ BMC အဖွဲ့ဝင်တွေ ပူးပေါင်းထုတ်လုပ်နေတဲ့ နေ့စဉ် သတင်းအစီအစဉ် ဖြစ်ပါတယ်။

08/02/2024

မြောက်ခင်ရန်းကျေးရွာမှ စစ်တပ်နှင့်ပျူစောထီးများက မီးရှို့သတ်ဖြတ်လိုက်သည့် YDF ရဲဘော် ဖိုးတေနှင့် ရဲဘော်သားထောင်တို့ ဘယ်လို အဖမ်းခံခဲ့ရတာလဲ၊ အာဇာနည်ရဲဘော် ၂ ဦးရဲ့ ဘ၀ နောက်ကြောင်း ဘယ်လိုရှိသလဲ

By ရန်ကုန်ခေတ်သစ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ယောဒေသကာကွယ်ရေးတပ် YDF မှ ရဲဘော်ဖိုးတေနှင့် ရဲဘော် သားထောင် တို့ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သည် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း၊ ကုလသမဂ္ဂလစုံစမ်းရေးကော်မရှင်IIMM အထိ ဗီဒီယိုသက်သေနှင့်တကွ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦး သတ်ဖြတ်မခံရခင် အခြေအနေများနှင့် သူတို့နှစ်ဦး၏ အကြောင်းကို YDF ၏ စစ်ဒေသမှူး ကိုကောင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ အရင်ဆုံး နာမည်နဲ့ ရာထူးလေး မိတ်ဆက်ပေးပါ။

ဖြေ ။ ။ ကျွန်တော့်နာမည်က ကိုကောင်းပါ။ YDF တပ်ကပါ။ တာဝန်ကတော့ စစ်ဒေသမှူးပါဗျ။

မေး ။ ။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ရဲဘော်သားထောင်နဲ့ ရဲဘော် ဖိုးတေက ဘယ်လိုပုံစံမျိုးနဲ့ တိုက်ပွဲမှာ ပျူစောထီးတွေ ဖမ်းတာခံရလဲ။ ဘယ်လို ကျန်ရစ်ခဲ့တာလဲ။ အဲဒါလေး သိချင်ပါတယ်။

ဖြေ ။ ။ ကျွန်တော်တို့ နိုဝင်ဘာ ၆ ရက်နေ့ကနေ စပြီးမှ မြောက်ခင်ရန်းကျေးရွာကို ထိုးစစ်စခဲ့ပါတယ်ဗျ။ ထိုးစစ်စခဲ့တဲ့အချိန်မှာနိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်း ၅ နာရီ ၆ နာရီ ဝန်းကျင်ခန့်မှာ ကျွန်တော်တို့ စပြီး ထိုးစစ်ဆင် တိုက်စစ်ဖွင့်တဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့ကို မလိုသူတချို့က ပျူစောထီးတွေကို ကြိုတင်သတင်းပေးထားတယ်။ မြောက်ခင်ရန်ကျေးရွာ ပျူစောထီးတွေကို။

အဲဒီမှာ ကျွန်တော်တို့ သွားတဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော်တွေက မြောက်ခင်ရန်းကျေးရွာက ပျူစောထီးရန်သူစခန်းနားကို ကပ်နေတဲ့အချိန်မှာ "PDF အဖွဲ့တွေ လာတိုက်မှာလား မတိုက်မှာလား မသိဘူး။ သူပုန်တွေ စောင့်ရတာ ပျင်းနေပြီ"တွေ ဘာတွေ အဲဒီလိုမျိုးစကားပြောဆိုသံတွေ ကြားခဲ့ရပါတယ်။

ဒုတိယတစ်ချက်မှာ ကျွန်တော်တို့ ၂ ဖွဲ့ ခွဲဝင်ခဲ့ပါတယ်ဗျ။ မြောက်ခရမ်းကျေးရွာ တိုက်နယ်ဆေးရုံဘက်နဲ့ ဘူတာဘက် ၂ ဖွဲ့ ခွဲဝင်ခဲ့ပါတယ်။ တိုက်နယ်ဆေးရုံဘက်မှာကတော့ ကျွန်တော်တို့ဘက်က အဆင်ပြေခဲ့ပါတယ်ဗျ။ တပ်ဆုတ်ခွာခဲ့တဲ့အချိန်မှာ အဆင်ပြေခဲ့တယ်။ ဘူတာဘက်မှာ ကျွန်တော်တို့ ရဲဘော်ဖိုးတေနဲ့ သားထောင်တို့ ကျကျန်ရစ်ခဲ့ပါတယ်ဗျ။ ကျည်ထိမှန်တယ်လို့ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ကျွန်တော်တို့ တပ်မှူးတွေ ရဲဘော်တွေ ပြန်ပြောချက်အရ။ အဲဒီမှာ ခြေထောက်တွေ ပေါင်တွေက ထိတဲ့ အနေအထားမှာ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးက လူကြီး လူငယ် သက်ကြီးရွယ်အို မိန်းမတွေ ယောက်ျားတွေ အကုန်လုံးက ကျွန်တော်တို့ ဘူတာဘက်က တစ်ခွဲတစ်ခွဲကို ဝိုင်းလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော် ၂ ယောက်ကျန်ခဲ့ပါတယ်။

မေး ။ ။ YDF ရဲဘော်နှစ်ဦးကို ဒီလိုမျိုးရက်ရက်စက်စက် မြောက်ခင်ရန်း ပျူစောထီးတွေက မီးရှို့သတ်ဖြတ်တဲ့ ကိစ္စမှာ ဘာကြောင့် ဒီလိုမျိုးရက်ရက်စက်စက်သတ်တာပါလဲ။

ဖြေ ။ ။ အဲဒီမှာတော့ ကျွန်တော်တို့ သိရသလောက်တော့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိတဲ့ ၃ ပွင့်ဗိုလ်တစ်ယောက်ရှိတယ်လို့ ကြားသိရပါတယ်။ ဒါပြီးကာမှ မြောက်ခင်ရန်းကျေးရွာက ဘူးလက်လှဆွေ ဦးလှဆွေက နေပြီးကာမှ မြောက်ခင်ရန်းရွာအကုန်လုံးကို ချုပ်ကိုင်ထားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။

အဲဒီအနေအထားမှာ ကျွန်တော်တို့က လက်နက်ကိုင်အဖွဲ့အစည်းကိုပဲ ဝင်တိုက်တဲ့အချိန်မှာ သူတို့က ကျွန်တော်တို့ ထင်ထားတာထက်ပိုပြီးကာမှ တစ်ရွာလုံးက ပျူတွေ ဖြစ်နေတာပါ။ မြောက်ခင်ရန်းက အုပ်ချုပ်ထားတဲ့ ပျူစောထီးရွာ ၁၁ ရွာရှိတာပါ့။

မေး ။ ။ ဟုတ်ကဲ့။ အဲဒီတော့ သူတို့ကို ဒီလိုရက်ရက်စက်သတ်တာက ဘာကြောင့်လို့ထင်လဲ။ ဘယ်သူက အဓိက တာဝန်ရှိတယ်လို့ ထင်လဲ။

ဖြေ ။ ။ အခု ကျွန်တော်သိရသလောက်ကတော့ ကျွန်တော်တို့ တော်လှန်ရေး လုပ်ခဲ့တာက အစပိုင်းမှာတော့ ပါတီစွဲတွေ ပုံစံဖြစ်ခဲ့ကြပါတယ်။ NLD လိုလို ကြံခိုင်ရေးလိုလို ဖြစ်ခဲ့ကြတယ်။ အဲဒီအနေအထားမှာ ဘူးလက်လှဆွေဘက်ကနေပြီးကာမှ သူ့ဘက်က စည်းရုံးရေးဆင်းပြီးကာမှ စစ်ကောင်စီရဲ့ ပြည်သူ့စစ် အဲဒီလိုမျိုးတွေ မွေးထုတ်ခဲ့တယ်လို့လည်း ကြားသိရပါတယ်။

အဲဒီအနေအထားတွေမှာ ရက်ရက်စက်စက်သတ်တယ်ဆိုတဲ့အနေအထားတွေမှာ လက်ရှိ သူတို့က မြောက်ခင်ရန်းကျေးရွာကနေ ရွာအတွင်းကနေ ရွာပြင်ကို ထွက်လို့မရတာတွေ ဖြစ်တဲ့အပေါ် ၊ သူတို့ရွာကို လာတိုက်လို့ပေါ။ နောက်တစ်ခုက သူတို့ရွာကို စစ်ကောင်စီ မင်းအောင်လှိုင်တပ် ကျဆုံးတာတောင်မှ သူတို့ ရွာက လက် ၃ ချောင်းမကလို့ ၁၀ ချောင်းပါ ထောင်ထောင် သူတို့ရွာက အညံ့မခံဘူးတွေ ဘာတွေ အဲဒီလိုမျိုးတွေ ကြားသိရပါတယ်။

မေး ။ ။ အဲဒီတော့ YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရမှုမှာ အဓိက တာဝန်အရှိဆုံး သူသည် စုံစမ်းသိရှိရသလောက် ဘယ်သူတွေ ပါဝင်တယ်လို့ သိရသလဲဗျ။

ဖြေ ။ ။ မြောက်ခင်ရန်းကျေးရွာ ပျူစောထီးခေါင်းဆောင်က ဖြိုးဝင်းလို့ သိရပါတယ်ဗျ။ အဓိက ပြစ်မှုကျူးလွန်ထားတဲ့ လူပေါ့ဗျာ။ သူနဲ့ တွဲဖက် တွဲပါတာကတော့ အုပ်ချုပ်ရေး။ မြောက်ခရမ်းကျေးရွာရဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူး ထက်ဝေဦး လို့ သိရပါတယ်ဗျ။ ‌

မေး ။ ။ အဲဒီတော့လေ ကျဆုံးသွားတဲ့ YDF ရဲဘော် ဖိုးတေ အကြောင်းလေးကို အရင်ဆုံး ပြောပြပါလား။

ဖြေ ။ ။ ရဲဘော်ဖိုးတေကတော့ အသက် ၂၂ နှစ်ရှိပါပြီဗျ။ ကျောင်းသားပါ။ ၁၀ တန်းအောင် အဝေးသင်ပထမနှစ်တက်နေပါတယ်ဗျ။

မေး ။ ။ ရဲဘော်ဖိုးတေက ဘယ်ရွာသားလဲ။ ဘယ်ကနေ ဘယ်လိုမျိုး YDF ထဲ ရောက်လာလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ ဆရာ။ သူက ကျွန်တော် ပြောသလို ကျောင်းသားလို့ ကိုယ်ရေးအကျဉ်းမှာ ဖြေထားတော့ ကျောင်းသားဆိုတော့ ဘယ်လို ပြောမလဲ အလုပ်အကိုင်ကတော့ မြို့ပေါ်တက်လုပ်တာတွေ ရှိမယ် မထင်ဘူးဗျ။ နောက်တစ်ခု ကျွန်တော်တို့ တပ်ထဲဝင်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ယောဒေသ၊ ယောပြည်သူလူထုကို ကိုယ်စားပြုပြီးကာမှ ဝင်လာတယ်လို့တော့ ပြောပါတယ်ဗျ။

သူ ပြောတာလေးတစ်ခုတော့ ရှိပါတယ်။ တိုင်းရင်းသား ၁၃၅ မျိုးရှိတဲ့အထဲမှာ ယောကလည်း ယောလူမျိုးဆိုပြီး ရှိခဲ့တယ်။ ဂန့်ဂေါခရိုင်ဆိုပြီးကာမှ တိုင်းဒေသကြီးတွေ ခွဲပြီးကာမှ ဂန့်ဂေါခရိုင်ဆိုပြီးကာမှ ရှိခဲ့တယ်။ အဲဒီအချိန်မှာ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ ၊ မြို့ဖြစ်ပြီးကာမှ ကျန်တဲ့ဒေသတွေက အုပ်ချုပ်တယ်။ ဒါပြီးနောက်တစ်ခုက တန်းတူအခွင့်အရေးတွေ မရခဲ့ဘူး။

ပညာရေး၊ သူပြောသွားတာကတော့ ယောက ပြည်သူလူထုတွေအတွက် အများကြီး ကိုယ်စားပြုပြီး ပြောသွားပါတယ်ဗျ။ ကျန်းမာရေးကဏ္ဏမှာဆိုလည်း ပြည်သူ့ဆေးရုံရှိတယ်။ ဒါပေမယ့် ခြေသည်းခွံကွာတာလောက်လေးကိုမှ သူတို့က ဂန့်ဂေါပြည်သူ့ ဆေးရုံက အလုပ်မလုပ်ဘူး။ ဒီလောက်လေးကိုမှ မန္တလေးကို သွား။ ပညာရေးမှာလည်း ၁၀ တန်း အောင်ပြီးတာနဲ့ တခြားနယ်တွေကို လွှတ်။ ပညာရေးပိုင်းမှာဆိုရင်လည်း မြို့တွေ ဖြစ်ပြီး ခရိုင်တွေ ဖြစ်ပြီးကာမှ ပညာရေးကောလိပ်တို့ အဝေးသင်တို့ အဲဒီလိုမျိုး ရှိရမယ်ဆိုပြီး တန်းတူအခွင့်အရေးတို့ဆိုပြီး ကျွန်တော်တို့ရှေ့မှာ ရင်ဖွင့်ထားတာလေးတွေတော့ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ သူကတော့ဘယ်အချိန်လောက်မှာ YDF ထဲကို ဝင်ပြီးတော့လာလဲ ။

ဖြေ ။ ။ အာဏာသိမ်းပြီး ယောကာကွယ်ရေးတပ်ထဲကို စရောက်လာတာပါဗျ။ တပ်ဦးကာလ တပ်တည်ထောင်တဲ့အထဲမှာ ဘယ်လိုတွေ လုပ်ရင် ကောင်းမယ် သွားလာပြောဆိုတဲ့အထဲမှာ ရဲဘော်ဖိုးတေကလည်း အဓိက ကျတဲ့လူပဲဗျ။

မေး ။ ။ ကျဆုံးသွားတဲ့ ရဲဘော်သားထောင်ရဲ့ အကြောင်းလေး ပြောပြပေးပါခင်ဗျာ။

ဖြေ ။ ။ ရဲဘော်သားထောင်ကတော့ ၁၀ တန်းဗျ။ အဲဒီအချိန် ကိုဗစ်ဖြစ် အာဏာသိမ်းတာနဲ့ သူကတော့ ဆန္ဒတွေပြ သပိတ်တွေ ပြတဲ့အချိန်မှာ တော်လှန်ရေးအစကတည်းက ညီအစ်ကိုလို တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဗျ။

မေး ။ ။ သူက အသက် ဘယ်လောက်ရှိပြီလဲဗျ။

ဖြေ ။ ။ အခု ၂၂ နှစ် ၂၃ ထဲမှာဗျ။

မေး ။ ။ ရဲဘော် သားထောင်ကရော ဘာကြောင်မို့လို့ တပ်ထဲကို ဝင်ခဲ့တယ်လို့ ပြောခဲ့တာရှိလား။ ဘယ်လို ခံယူချက် တော်လှန်ရေးမှာ ဘယ်လိုကြောင့် လက်နက်ကိုင်ပြီး ပါလာရတယ်ဆိုတာ။

ဖြေ ။ ။ ရဲဘော် သားထောင်ကတော့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မကြိုက်လို့ ပြည်သူလူထုတွေကို ညှဉ်းပန်းနှိပ်စက်တာတွေ ဂန့်ဂေါမြို့ပေါ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ အဲဒီအပေါ်တွေမှာ အခြေပြုပြီး YDF ထဲ ပါလာတာဗျ။

မေး ။ ။ ဒီရဲဘော် ၂ ဦးက သူတို့ ဘယ်လောက်ပဲ နှိပ်စက်ခံရပါစေ။ သူတို့ မျက်ဝန်းတွေထဲမှာ ဒီဟာကို ကြံ့ကြံ့ခံသွားတဲ့ သတ္တိကို မြင်ရတယ် ၊ ဒီအပေါ်မှာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ရော စစ်ဒေသမှူးအနေနဲ့ရော သူတို့ ၂ ဦးရဲ့ စွန့်လွှတ်မှုအပေါ်မှာ ဘယ်လိုများ မှတ်ချက်ပေးချင်သလဲ။

ဖြေ ။ ။ ကျွန်တော်တို့ရဲဘော်တွေကတော့ ပြည်သူလူထုကို ဦးစားပေးပြီးကာမှ သူတို့ရဲ့အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေလည်း ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ကတော့ သူတို့ ခံစားရသလို ကျွန်တော်တို့မှာလည်း ဒီထက်မက အခုလောက် အချိန်အထိ ခံစားနေရပါတယ်။

စစ်ကောင်စီက လူ့အခွင့်အရေးတွေကို ချိုးဖောက်နေပြီး စစ်သုံ့ပန်းနဲ့ အညီ မကိုင်တွယ်တာကို နိုင်ငံတကာသိအောင်လို့ ဆရာတို့ဘက်ကနေမှ နိုင်ငံတကာနည်းဥပဒေတွေ ဘာတွေကိုလည်းတင်ပြစေလိုပါတယ်ဗျ။

မေး ။ ။ နောက်ဆုံး နိဂုံးချုပ် ပြောချင်တာများ ရှိပါသလား။

ဖြေ ။ ။ နောက်ဆုံးနိဂုံးချုပ်အနေနဲ့ စစ်ကောင်စီက ပြည်သူလူထု၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို အကြောက်တရားနဲ့ စိုးမိုးနေတဲ့အချိန်မှာ ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကိုယ်စားပြည်သူလူထုရဲ့ရှေ့မှာ စစ်ကောင်စီက အကြောက် တရားနဲ့ ဘယ်လိုပဲ အုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့က ပြည်သူလူထုရှေ့မှာ မားမားမတ်မတ်ဆက်လက်ရပ်တည်နေမှာပါလို့ ပြောကြားလိုပါတယ်။

ဖက်ဒရယ်  ဒီမိုကရေစီ  ပြည်ထောင်စု...  ပြန်လည်တည်ထောင်ရန်အတွက်... ​ပြည်သူထဲမှပြည်သူ မှတစ်ထောက့်တစ်နေရာကနေ...( ခဲ့ယမ်းဖိုး....
07/02/2024

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု... ပြန်လည်တည်ထောင်ရန်အတွက်... ​
ပြည်သူထဲမှပြည်သူ မှတစ်ထောက့်တစ်နေရာကနေ...( ခဲ့ယမ်းဖိုး...)
ထောက်ပို့ပေးမူ အတွက်... အထူးပင်လေးစာဂုဏ်ယူလျက်ရှိပါသည်။

ပြည်သူများရဲ့... ကူညီပံ့ပိုးမူသည်...ရဲဘော်များအတွက်ခွန်အားဖြစ်ပါသည်။

အမှန်တရားရဲ့စစ်ပွဲ... ဧကန်မုချနိုင်ရမည်။

.Y.S.M pdf



06/02/2024
ကျွန်တော်... တို့ Zayar Shwe Myay people Defence Force. (Local) တပ်ဖွဲ့ထံသို့...အမည်မဖော်လိုသူ....ပြည်သူထဲမှပြည်သူ  မှ.....
03/02/2024

ကျွန်တော်... တို့

Zayar Shwe Myay people Defence Force. (Local)
တပ်ဖွဲ့ထံသို့...
အမည်မဖော်လိုသူ....
ပြည်သူထဲမှပြည်သူ မှ... ရေသန့်ကပ် နှင့် အချိုရည်ဗူးများ မုန် များကို...ပေးပို့ထောက်ပို့ မူ့ အား
ကျွန်တော်တို့... Z.Y.S.M (pdf) မှ လက်ခံရရှိပါသည်။

ပြည်သူများရဲ့.. ပံပိုးထောက်ပို့မူ့သည်...

.Y.S.M (pdf)



03/02/2024

တိုက်ပွဲ... သတင်းထုတ်ပြန်ချက်။.... ။

စစ်ကိုင်းတိုင်းဒေသကြီး... ၅/ စစ်ဒေသအမှတ်(၁)

မြင်းမူ မြို့..နယ်အတွင်း... စစ်ရေးလုပ်ရှားမူ့...

ဖြစ်စဉ်။..... 1.2.2024...ရက်နေ့ တွင်
(မအလ) မတရားသဖြင့်... အာဏာသိမ်းခြင်းကို
ထက်တလဲလဲဆန့်ကျင်သော်အနေဖြင့်...

1.2.2021... မှ 1.2.2024(၃)နှစ်​ပြည့်မူ့အတွင်း..
ပြည်သူများနဲ့အတူ..."White Campaing"..."အဖြူရောင် အသံတိတ်သပိတ်အား...(Silent.Strike)"...အထိမ်းအမှတ်သို့...
မြင်းမူမြို့ပေါ်...သို့... မနက်
၉:၀၀နာရီ ချည်ကပ်ပီး..၉:၁၅မိနစ်ခန့်၌...
အထက(၁) စာသင်ကျောင်းကြီးဝင်းအတွင်းနှင့်...စခ များအထိုင်တည်ရှိရာ... ရဲစခန်းဝင်း သို့...
တော်လှန်ရေး... မဟာမိတ်...(Local) များမှသွားရောက်တိုက်ခဲ့ရာ...RPG...7.တစ်လုံးပစ်သွင်းခြင်းဖြင့်...စတင်ခဲ့သည်။
ထို့အတူ... Local တော်လှန်ရေး ညီအကိုများမှ အသင့်ပါလာသော်...မောင်းပြန် (Gun) လက်နက်ငယ်များဖြင့်အပြန်အလှန်...ပစ်ခတ်တိုက်ခိုက် ကျရာ...တိုက်ပွဲ... ကြာချိန်...၄၅ မိနစ်ခန့် ကြာအနီးကပ်ဖြစ်ပွားခဲ့သည်။
မြေပြင်...သတင်းပေးအနေထားအရ...စခ ဘက်မှ...ဗိုလ်မှူးအဆင့်ရှိ...တစ်ယောက်...ဒု ဗိုလ်...တစ်ယောက် နေရာတွင်ပွဲခြင်းပီး...(Tay) ကျန် စခ ၄ယောက်အပျင်းထန်ဒဏ်ရာရှိ...ကြောင်းအတည်ပြု... သတင်းရရှိသည်။၂ ယောက် အရှင်ဖမ်းမိ...။

ထိုတိုက်ပွဲ...တွင်...

. Shwe Myay People Defence Force. MMU (Local)

KILLERS Defence Force. MMU (Local)

(pk df )MMU(Local)

MMU (Local)

Fighter MMU (Local)

#ဒေါင်းဘုရင် MMU(Local)

#မြင်းမူမြို့နယ်...အနောက်ခြမ်း ပကဖ...

#မိုးညို...Pdf (Local)

အဖွဲ့များ
နှင့်...အတူ အခြား..ဖြတ်တောက်ရေး...နှင့်.(Local) ဖောက်ခွဲရေး (မိူင်း) များဖြင့် ပူးပေါင်းပါဝင်အားဖြည့်ခဲ့ကျရာ... မိဘပြည်သူများရဲ့... ပို့သသော်မေတ္တာကြောင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

မြုိ့သိမ်းတိုက်ပွဲများ..ပိုမို...သိမ်းပိုက်နိုင်ရန်အတွက်..လက်နက်ခဲယမ်းဖိုးများ...ပံ့ပိုးပေးကျပါရန် အထူးပင်မေတ္တာရပ်ခံပါသည်။

တရားသော်စစ်ဧကန်မုချနိုင်ရမည်။
Campaing " Silent... သပိတ် လူပ်ရှားခြင်း #

.Y.S.M pdf



02/02/2024

မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးအရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး တပ်မိသားစုဝင် ၂ ဦးကို အရှင်းဖမ်းဆီးရရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်၉ နာရီ ၄ မိနစ်အချိန်မှစ၍ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းများကို DK MMU.အဖွဲ့ ၊ P.K.D.F.MMU.အဖွဲ့ ၊ ဒေါင်း ဘုရင် MMU.အဖွဲ့ ၊ ဇေရာရွှေမြေ MMU အဖွဲ့၊ ဖိုက်တာ MMU.အဖွဲ့ ၊ မိုးညို MMU.အဖွဲ့၊ ရ.သ.လ. ပ.က.ဖ.အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ တိုက်ပွဲအချိန် ၄၅ မိနစ်ကြာမြင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်အထိုင်စခန်းမှ တပ်ကြပ် ကျော်နိုင်၏ ဇနီးနှင့် သမီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးကို မြင်းမူမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ မြင်းမူမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပစ်ခတ်နေစဉ်။

02/02/2024

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

31/01/2024

အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ(T-NUG) ပြန်လည်ဖွဲ့စည်းမည်

ရွှေနွယ်၊ ဂျူချန်း

မဇ္ဈိမ။ ။ တော်လှန်ရေးအလွန်ကာလတွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ဖွဲ့စည်းမည်ဟု တော်လှန်ရေးအစုအဖွဲ့မှ ဘုံသဘောထားရပ်တည်ချက်ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNF) စသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးနှင့် စနစ်ပြောင်းလဲရေး တည်ဆောက်မှုအတွက် အသုံးချရန်ဖြစ်ကြောင်း ဖော်ပြသည်။ တော်လှန်ရေးအလွန်ကာလတွင်မူ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ်တည်ဆောက်ရန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ဆောင်ရွက်ရာတွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ကနဦးဖွဲ့စည်းမည်ဟု ဖော်ပြသည်။ ဖက်ဒရယ်ယူနစ်အစိုးရများကိုလည်း သက်ဆိုင်ရာပြည်နယ်၊ ဖက်ဒရယ်ယူနစ်အလိုက် လွတ်လပ်စွာဖွဲ့စည်းမည်ဟုဆိုသည်။

ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးချမှတ်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်အား တည်ဆောက်အကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်သည် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရရှိနိုင်ရန် မျှော်မှန်းပြီး နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည်မဟုတ်ဟုလည်း ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သည့် ဘုံသဘောတူညီချက်တွင် နိုင်ငံရေးဦးတည်ချက် ခြောက်ချက်၊ ရပ်တည်ချက် ကိုးရပ်နှင့် လုပ်ငန်းစဉ် ခြောက်ရပ်ပြဋ္ဌာန်းထားပြီး အဆိုပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည်ကြောင်း ဖော်ပြသည်။

စာတည်း - သန့်ဇော်(သန်လျင်)


#အသွင်ကူးပြောင်းရေးကာလ
-NUG
#ဖက်ဒရယ်ဒီမိုကရေစီ
#ဘုံသဘောထားရပ်တည်ချက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

31/01/2024

ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

MTO

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ငါးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နန်းဦးနှင့် ရေယှားကျေးရွာ အကြားတွင် တကြိမ် နှင့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် သောင်အရှေ့ရွာနှင့် နွယ်နီကျေးရွာ အကြားတွင် တကြိမ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို (ပကဖ) မှ တာဝန်ရှိသူတဦးက ပြော သည်။

“နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရဲဘော်တွေရဲ့ အမြင်အရ ငါးယောက် အပြင်းအထန်းဒဏ်ရာ ရတယ်၊ ဒဏ်ရာရတဲ့ကောင်တွေကို ချက်ခြင်းပဲ စက်လှေပေါ်တင်ပြီး မြင်းခြံမြို့နယ် ဆိတ်ညံဆိပ် ကမ်း ဘက်ကိုကူးသွားတယ်” ဟု ရေစကြို ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မြင်းခြံဘက်သို့ ဆက်လက်ထွက် ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ အဲဒီစစ်ကြောင်းက မြင်းခြံဘက်ကို ကူးမှာကို ရေလယ်ကျွန်းကို ပတ်ဝင်သွားတဲ့သဘောမျိုးပဲ၊ ရေလယ်ကျွန်းဒေသက မင်းရွာ(ပျူရွာ) ကို ဝင်တာလည်းမရှိဘူး၊ ကျေးရွာတွေကို မီးရှို့တာမျိုးလည်းမရှိ ဘူး “ ဟု ရေစကြို (ပကဖ) တာဝန်ရှိသူက ပြောသည်။

ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ နွေဦးစစ်သည် ရေလယ် ကျွန်းဒေသ စစ်ကြောင်းတို့ မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်

ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကိုတွေ့ရစဉ်

#ရေလယ်ကျွန်း

#တိုက်ပွဲဖြစ်
website link >>> https://bur.mizzima.com/2024/01/31/13641
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

စစ်မှန်သော်... ဖက်ဒရယ်ဒီမိုကရေစီ... ရရှိရေးစစ်အာဏာရှင်.အားအမြှစ်ပျက်တိုက်ထုတ်နိုင်ရေးအတွက်...ကျွန်တော်တို့Zayar Shwe Mya...
31/01/2024

စစ်မှန်သော်... ဖက်ဒရယ်ဒီမိုကရေစီ... ရရှိရေး
စစ်အာဏာရှင်.အားအမြှစ်ပျက်တိုက်ထုတ်နိုင်ရေးအတွက်...ကျွန်တော်တို့
Zayar Shwe Myay People Defence Force. (local)
ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံသိို့ပေးပို့လှူဒါန်းပေးလာသော် မိဘပြည်သူတစ်ဉီးတစ်ယောက်ခြင်းစီတိုင်းကိုအထူးပင်လေးစားဂုဏ်ယူလျက်ရှိပါသည်။

မိဘပြည်သူများရဲ့ ကူညီပေးပို့မူ့ဖြင့်...စစ်အာဏာရှင် အားအမြှစ်ပြတ် ချေမူန်း နိုင်ဖို့အတွက်....ဆက်လက်ပါဝင်ကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
..
အမှန်တရားအတွက် ဧကန်မုချ နိုင်ရမည်။

.Y.S.M pdf



25/01/2024

ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ ခြိမ်းခြောက်မှု အန္တရာယ်

၂။ ခုန်ပျံပေါက်ကွဲမိုင်း

MFP၊ ဇန်နဝါရီ - ၁၄

ခုန်ပျံပေါက်ကွဲမိုင်း (S-Mine)ကို အရက်စက်ဆုံး လူသတ်မိုင်းအဖြစ် လူသိများပါတယ်။ ခုန်ပျံပေါက်ကွဲမိုင်း တွေကို ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီဂျာမနီက ထုတ်လုပ် သုံးစွဲခဲ့တာပါ။ ရှေ့တန်းခံစစ်တွေ၊ တပ်စခန်းတွေ အနီး ရန်သူ့ လက်နက်ကိုင်တပ်တွေ ဝင်ရောက် မလာနိုင်အောင် ကာကွယ်ရာမှာ ခုန်ပျံပေါက်ကွဲမိုင်းကို အဓိက အသုံးပြုပါတယ်။

မိုင်းနဲ့ သွယ်တန်းထားတဲ့ ၀ါယာကြိုးကို တိုက်မိလို့ ဖြစ်စေ၊ တိုက်ရိုက်ဖိအား သက်ရောက်မှုကြောင့် ဖြစ်စေ ပေါက်ကွဲ နိုင်ပါတယ်။ ဖိအားသက်ရောက်မှုကြောင့် မိုင်းဟာ အသက်ဝင်သွားပါက မြေပြင်ကနေ သုံးပေ (ဒါမှမဟုတ်) လူ့ခန္ဓာကိုယ်ရဲ့ ရင်ညွန့်ခန့် အမြင့်ထိ မြှင့်တက်လာပြီးမှ လေထဲမှာ ပေါက်ကွဲလေ့ရှိပါတယ်။ ဒါကြောင့် ဒီမိုင်းကို ခုန်ပျံပေါက်ကွဲမိုင်းလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ခုန်ပျံပေါက်ကွဲမိုင်းကို မြေမှာ မြှပ်ပြီး ထောင်လေ့ရှိပါတယ်။ အရောင်က သံလွင်သီးရောင်၊ အစိမ်းပုပ်ရောင်၊ အနက်ရောင်၊ အညိုရောင်၊ ခဲပြာရောင် စတဲ့ တွေ့မြင်ဖို့ ခက်ခဲတဲ့ အရောင်းတွေ အသုံးပြုလေ့ ရှိပါတယ်။ နို့ဆီဗူးပုံသဏ္ဍာန် ရှိပြီး များသောအားဖြင့် အမြင့် (၆)လက်မ၊ အချင်း (၄) လက်မခန့် ရှိပါတယ်။

မိုင်းဟာ မြေပြင်ကနေ အမြင့် (၃)ပေလောက် ခုန်တက်ပြီး လေထဲမှာ ပေါက်ကွဲတာကြောင့် အစအနတွေဟာ ဘေးပတ်ပတ်လည်ကို ဖျာထွက်လွှင့်စင်ပြီး (၆၆)ပေ ပတ်လည်အတွင်း ရှိနေပါက အပြင်အထန်ဆုံး ထိခိုက် သေကြေနိုင်ပါတယ်။ ပေ(၄၆၀) ပတ်လည်အတွင်း ထိခိုက် သေဆုံးနိုင်ပါတယ်။ အမြင့် (၃)ပေလောက် လေထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားတာကြောင့် တခြားသော မိုင်းပေါက်ကွဲမှုတွေထက် ထိခိုက်သေဆုံးနိုင်ချေ ပိုများတာ ဖြစ်ပါတယ်။

ခုန်ပျံပေါက်ကွဲမိုင်းတွေကို လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ရှေ့တန်းခံစစ်တွေ၊ တပ်စခန်းတွေ အနီး၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ သွားလာအသုံးပြုတဲ့ လမ်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေ တပ်စွဲထားတဲ့၊ ဒါမှမဟုတ် တပ်စွဲခဲ့တဲ့ နေရာတွေနဲ့ ရန်သူ့တပ်တွေ ချီတက်လာနိုင်တဲ့ စစ်ရေးအရ အရေးပါတဲ့ အနီးပတ်ဝန်းကျင် နေရာတွေမှာ တွေ့ရလေ့ ရှိပါတယ်။

မြေမြှုပ်မိုင်းတွေ၊ လက်လုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေ ပေါက်ကွဲပြီး ထိခိုက်မိပါက အသက်သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာ စတဲ့ ဆိုးရွားပြင်းထန်တဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေ ရှိနေနိုင်တဲ့ သံသယဖြစ်ဖွယ် နေရာတွေကို ဝေးဝေးက ရှောင်ရှားပါ။

Address

Mandalay
Mandalay

Website

Alerts

Be the first to know and let us send you an email when Zayar Shwe Myay People Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share