Rohingya National News - RNN

Rohingya National News - RNN RNN is an independent non-profitable news agency of Rohingyas of Arakan, Myanmar. It was established on 10th May 2018 by some Rohingyas in exile based in Makkah
(6)

09/12/2024
08/12/2024
06/12/2024

မောင်တော ရိုဟင်ဂျာကျေးရွာတွေမှ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား
ရိုဟင်ဂျာတွေရဲ့စာရင်း တောင်းခံနေတဲ့အပြင် ကြက်အကောင်ရေ ၁၀၀ စီ AA ထံ ပေးအပ်ရန် ရိုဟင်ဂျာတွေ ဖိအား​ခံနေကြရ

MDN- ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၄။

ရခိုင်လက်နက်ကိုင် AA က ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းက
ရိုဟင်ဂျာကျေးရွာတွေ ဖြစ်ကြတဲ့ ရွက်ညိုတောင်၊ ကံပြင်၊ဖားဝချောင်း၊ပွင့်ဖြူချောင်း၊ ကြက်ရိုးပြင်၊ ဦးရှဥ့်ချ စတဲ့ ကျေးရွာတွေမှာ နေထိုင်ကြ တဲ့ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားရှိ ရိုဟင်ဂျာအမျိုးသားတွေရဲ့ စာရင်းကို အုပ်ချုပ်ရေးမှုးတွေမှတစ်ဆင့် တောင်းခံနေတဲ့အပြင် ကျေးရွာအသီးသီးမှ AA အတွက် ကြက်အကောင်ရေ ၁၀၀စီ ပို့ပေးရန် AA က ဖိအားပေး တောင်းခံနေတယ်လို့ ဒေသခံတွေထံမှ သိရတယ်။

" မောင်တောတိုက်ပွဲအတွင်း ရခိုင်လက်နက်ကိုင် AA တပ်သားတွေ သေဆုံးဒဏ်ရာရရှိမှု တအားများပြီး တပ်အင်အား နည်းလာသဖြင့် မောင်တော နခခ (၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် တပ်အင်အား အများအပြား လိုအပ်နေလို့ မောင်တောမြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာတွေမှ လူသစ်တွေ စုဆောင်းပေးပြီး AA တပ်တွေ နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်ဖို့ ဒီလဆန်းစကပင် ကောက်ခံခိုင်းလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ခံနေတယ် ” လို့ အုပ်ချုပ်ရေးမှုးတစ်ဦးနဲ့ နီးစပ်သူတစ်ဦးက MDN ကို ပြောပါတယ်။

" ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်ခဲ့ကပင် AA အဖွဲ့က
ကြက်ခြံလုပ်မယ့်လို့ ဆိုကာ အထက်ဖော်ပြပါ ကျေးရွာအသီးသီးမှ ကြက်အကောင်ရေ (၁၀၀)စီ AA ထံ သွားရောက်ပေးအပ်ရန် ရိုဟင်ဂျာတွေ ဖိအားခံနေကြရတယ်။ ကြက်တစ်ကောင်ရဲ့ ကာလတန်ဖိုးမှာ ၅၀၀၀၀ ကျပ်နီးပါးခန့် ရှိနေတယ် ” လို့ သူက ဆက်ပြောတယ်။ တောင်းခံလျက်ရှိသည်။

"ထိုအပြင် ယနေ့ ဒီဇင်ဘာ ၅ ရက်၊ မနက်ပိုင်းတွင် ကျောက်လှေကားနဲ့
မဂ်လားကြီးရွာတွေမှ ရိုဟင်ဂျာ အယောက် ၅၀ ကျော်အား AA က သူတွေအတွက် လုပ်အားပေးကြဖို့ ခေါ်ယူသွားပါတယ်။နယ်မြေ(၆)မှာ
ကတုတ်ကျင်းတွေနဲ့ တူးမြောင်းတွေ တူးဖော်ဖို့ ခေါ်ယူသွားတာပါ။ တချို့အား နခခ (၅) ရဲ့ အနီးဝန်းကျင်မှာ ချုံပုတ်တွေ ရှင်းလင်းဖို့နဲ့ ကတုတ်ကျင်းတွေ တူးဖော်ဖို့ ခေါ်ယူသွားခဲ့တယ် ”လို့ သတင်းရင်းတစ်ဦးက MDN ကို ပြောပါတယ်။

Photo -CJ

06/12/2024

မောင်တော နခခ ၅ ရဲ့ အနီးဝန်းကျင်ကို ပေါင် ၁၀၀၀ အပါအဝင် အကြိမ်ပေါင်း ၃၀ ကျော် လေကြောင်းကနေ အပြင်းထန်ဆုံး ဗုံးကြဲနေ

MDN- ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တစ်ခုတည်းသာ ကျန်ရှိသေးတဲ့ မြို့သူကြီးအခြေစိုက် တပ်မ၊ နခခ ၅ ကို အပြီးသတ် သိမ်းပိုက်နိုင်ရန်
AA က ဆဠအမကြိမ် ထိုးစစ်ဆင် ဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ
ဖြည့်တင်းနေတာကို စစ်ကောင်စီက ကြိုတင် သတင်းရရှိပြီး ယမန်နေ့
ဒီဇင်ဘာလ ၅ ရက် ညဥ့်အချိန်ပိုင်းကပင် ယနေ့ နေလယ်ပိုင်းအထိ
ဂျက်ဖိုက်တာတွေ၊ Y12 နဲ့ ပေါင် ၁၀၀၀ အပါအဝင် အဆက်မပြတ် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

" ဒီနေ့ ဒီဇင်ဘာ ၆ ရက်၊ မနက် ၉ နာရီကစပြီး Y-12 နဲ့ နခခ(၅) ဝန်းကျင်ကို ဗုံးကြဲတယ်။ မနက် ၉ နာရီ ၄၅ မှာလည်း ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၁၀၀၀ ဗုံး ၄ လုံးလာချတယ်။ ရွှေရင်အေးရွာမှာ ၁ လုံး၊
၃ မိုင် ဝေသာလီရွာမှာ ၁ လုံး၊ သရေကုန်တန်းမှာ ၁ လုံး၊ မောရဝတီဗျူဟာမှာ ၁ လုံးစီ ပေါင် ၁၀၀၀ ဗုံးကြဲချခဲ့တယ်။ ဒီမနက် ၁၀ နာရီမှာ နောက်ထပ် ဂျက်ဖိုက်တစ်စီးလာပြီး‌ ပေါင် ၅၀၀ ဗုံး‌ နောက်ထပ် ၄ လုံးလာကြဲတယ်။ ကညင်တန်းရပ်ကွက်မှာ ၁ လုံး၊ ဇူလာရွာမှာ ၁ လုံး၊ ပန်းတောပြင်မှာ ၁ လုံး၊ POE စခန်းမှာ ၁ လုံး၊
ပေါင် ၅၀၀ တစ်လုံးစီ ဗုံးကြဲခဲ့တယ်။ ယနေ့ မနက် ၁၀ နာရီ ၁၅ မှာ Y-12 နောက်တစ်စီးလာပြီးလှည့်ပတ်ကာ မြို့တွင်း/မြို့ပြင် နေရာတော်တော်များများနဲ့ ဗုံးကြဲနေတယ်" လို့ သတင်းရင်းတစ်ဦးက MDN ကို ပြောပါတယ်။

စစ်ကောင်စီလေတပ်က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်၊ တစ်ညလုံးနီးပါး ဂျက်တိုက်‌လေယာဥ် ၃ စီးနဲ့ ပေါင် ၅၀၀၊ပေါင် ၁၀၀၀ ဗုံးတွေနဲ့ တရစပ် အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့သလို Y-12 ဗုံးကြဲလေယာဉ်နဲ့ မြို့တွင်း/ပြင် နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နခခ ၅ ကို လေထီးတွေနဲ့ တပ်အင်အားတွေ၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ ပို့ချခဲ့တယ်လို့ မျက်မြင်သူတွေထံမှ သိရှိရပါတယ်။

" မနေ့က ညအချိန်ကတည်းက စပြီး ဒီနေ့မနက်အထိ စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ အပြင်းအထန်ဆုံး ဗုံးကြဲတိုက်ခိုက်နေတယ်။
ပေါင် ၁၀၀၀ ၊ ပေါင် ၅၀၀ လို့ ယူဆနေတယ်။ အသံကျယ်ကျယ်ကြီး ကြားခဲ့တယ်။ နှလုံးတုန်နှုန်း ရပ်တန့်အောင် ကြားခဲ့တယ်။ တစ်ညလုံး နီးပါး ကြားခဲ့တယ်။ မနေ့ ည ၈ နာရီကျော်လောက်မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတယ်။ ည ၁၀ နာလောက်မှာ Y-12နဲ့ လာပြီးဗုံးကြဲတယ်။ AA ဖက်ကလည်း ဂျက်တွေနဲ့ Y-12 ကို စက်သေနတ်တွေနဲ့ လှမ်းပစ်သံတွေကြားရတယ်။ Y-12 က ဗုံးအလုံး ၈၀ လောက်ချခဲ့တယ်။ အကြိမ် ၃၀ ကျော်အထိ လာပြီး ဗုံးကြဲသွားတယ်။ ယနေ့ မွန်းတည်ချိန်အထိ ကြားခဲ့တယ်။ အပျက်အစီး၊ သေဆုံးဒဏ်ရာ ရရှိမှုတွေကိုတော့ စုံစမ်းနေတာပါတယ်။
AA ဖက်က ကျရှူံးမှုတွေ တအား များနိုင်တယ်။ ပစ်မှတ်တွေကိုတော့ တိတိကျကျ ပစ်ခတ်နိုင်ခဲ့လို့ အေအေတပ်ဖွဲ့ဝင်တွေ ကျဆုံးမှု များနိုင်တယ်။ လက်နက်ခဲယမ်းတွေ တပုံကြီး ဆုံးရှုံးသွားနိုင်တယ် " လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက MDN ကို ပြောပါတယ်။

04/12/2024

မောင်တောတွင် ဒိလ်မာမတ်အဖွဲ့က တိုက်ပွဲ ဖော်ဆောင်ပြီး လက်ကျန် ရိုဟင်ဂျာတွေအား AA က အသက်ရှူပိတ်ဆို့မတတ်အောင် လုပ်ပြီး တိုင်းပြည်ကနေ မောင်းထုတ်နိုင်အောင် အခြေအနေကာင်း ဖန်တီးနေ

MDN- ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၄။

ရိုဟင်ဂျာတွေရဲ့သွေးစုပ်နေတဲ့ ဒိလ်မာမတ်ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့တွေက ဘဂ်လာဒေ့ချ်နိုင်ငံရှိ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှ လူသစ်တွေ စုဆောင်းနေမှုတွေ၊ စစ်ရေးဖော်ဆောင်ဖို့အတွက် စည်းရုံးနေမှုတွေ လုပ်နေတာကို သုံးသပ်ပြောမယ့်ဆိုရင် ရခိုင်ပြည်နယ် မောင်တောတွင် ကျန်ရှိသေးတဲ့ စစ်ဘေးရှောင်ရိုဟင်ဂျာနဲ့ ဒေသခံ ရိုဟင်ဂျာတွေအား AAအဖွဲ့က အသက်ရှူပိတ်ဆို့မတတ်အောင် လုပ်ပြီး ဒုက္ခမျိုးစုံနဲ့ တိုင်းပြည်ကနေ ဘဂ်လားဖက်သို့ မောင်းထုတ်နိုင်အောင် အသက်လုပြီး ထပ်မံ ထွက်ပြေးအောင် ကြိုးစားနေတာကို
သတိထားဖို့ လိုအပ်နေတယ်လို့ ရိုဟင်ဂျာလူငယ်လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောတယ်။

" ဒိလ်မာမတ်ဆိုသူဟာ မောင်တောမြောက်ပိုင်း၊ရေငုပ်ငါးသားကျေးရွာ
က ဇာတိဖြစ်ပြီး လုယက်မှု၊ မူးယစ်ဆေးဝါးအမှု၊ ဓားပြတိုက်မှုတွေနဲ့ ထောင်ဒဏ် ၁၃ နှစ် ချခံရပြီးနောက် WY မူးယစ်ဆေးဝါးတွေ ဖြန့်ဝေ ရောင်းဝယ်နေမှုကြောင့် လူသိများ၍ စစ်ကောင်စီရဲ့အမာခံလောဘီ တစ်ဦးလည်းဖြစ်လာပြီး ရိုဟင်ဂျာတွေရဲ့သွေးစုပ်ကောင်ဖြစ်လာတယ်။
မောင်တောပြည်သူ/သားများအားလုံးက အဆိုးရွာဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရခဲ့တာကို သူ့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်ခဲ့တာအား အများက သိပြီးသားဖြစ်တယ်။ ကလေးတွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ၊
သက်အိုလူကြီးတွေ ရာနဲ့ချီ အသတ်ခံရခဲ့အောင်နဲ့ လေးသောင်းနီးပါး ရိုဟင်ဂျာတွေအား လူမဆန့်စွာ ညှဥ်းပန်းနှိပ်စက်ခဲ့ပြီး တိုင်းပြည်ကနေ မောင်းတုတ်ခဲ့နိုင်အောင် အခွင့်ကောင်းအခါကောင်း ရှာနေခဲ့တဲ့ AAကို အခြေအနေကောင်းများ ဖန်းတီးပေးခဲ့သူ ပညာမဲ့ သွေးစုပ်ကောင် ဒိလ်မာမတ် ဆိုသူက ယခုတစ်ဖန် ဘဂ်လားဒေ့ချ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူတချို့ကို မက်လုံးပေးပြီး စည်းရုံးမှုတွေ၊ လူသစ်တွေ စုဆောင်းနေတာကို လူငယ်တွေ သတိထားကြပါ။ သူက ထောင်ထားတဲ့ ကွင်းကနေ ပြန်လည်မကျဖို့ သတိရှိရှိနဲ့ စောင့်ကြည့်သင့် ပါတယ်လို့ ညီကို မောင်နှမများအားလုံးကို နိူးဆော်ပေးချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

" ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်တွင် ရခိုင်လက်နက်ကိုင် AA က မောင်တောမြို့တွင်းသို့ ထိုးဖောက် မဝင်ရောက်ခင် "လူသတ်ကောင်၊ ပညာမဲ့ ဒိလ်မာမတ် ဦးဆောင်တဲ့အဖွဲ့” က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မောင်တောမြို့ပေါ်က ပညာတတ်လူငယ်တွေ၊ ပညာရှိ လူကြီးတွေ၊ ဘာသာရေးအိုလိုမာတွေ၊ဂုဏ်သရေရှိ မြို့မိမြို့ဖနဲ့ရိုဟင်ဂျာမိဘတွေကို
တချက်လွှတ်အမိန့်ဖြင့် သေနတ်ထောက် လူသစ်တွေ စုဆောင်းခဲ့တာ
တွေ၊ လူကြီးတွေအား ပါးရိုက်ခဲ့တာမျိုး ၊ ခြိမ်းခြောက်ခဲ့တာမျိုး၊ ဆဲဆိုခဲ့တာမျိုး စတဲ့ ပြစ်မှူးကျူးလွန်းခဲ့တာကို တစ်မျိုးသားလုံးမှာ မမေ့သင့်ဘူး။ ရိုဟင်ဂျာ စီးပွားရေးသမားတွေရဲ့ နဖူးပေါ်တွင် သေနတ်ထောက်ပြီး သန်းနဲ့ချီ ငွေကြေးတွေ ဓားပြလိုလို လုယူတာတွေနဲ့
အနည်းဆုံး မြန်မာငွေ ၄.၅ ဘီလီယံကနေ ၅ ဘီလီယံကြား ရရှိခဲ့တယ်။ မြို့ပေါ်က ရခိုင်ပြည်သူတွေကိုလည်း ညှဥ်းပန်းနှိပ်စက်ခဲ့တယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့ကာ AA ကို တိုက်ခဲ့တယ်။ အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းစေခဲ့တဲ့ ရိုဟင်ဂျာလူငယ် တစ်ယောက်စ နှစ်ယောက်စကို အကြောင်းခံခဲ့ပြီး ရိုဟင်ဂျာရပ်ကွက်တွေ လူနေအိမ်တွေကို AA က ဒရုန်းဗုံးတွေ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘာမဆိုင်ညာမဆိုင် အပြစ်မဲ့ သာမန်ရိုဟင်ဂျာ တွေပဲ သေနေရခဲ့တယ်။ AA အဖွဲ့တွေက မဲမဲမြင်တိုင်း ရန်သူအထင်နဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ရိုဟင်ဂျာအသက်တွေ နေ့စဥ်နဲ့အမျှ ဆုံးရှုံးခံခဲ့ရပါတယ်။ နောက်ဆုံးမှာ ဒိလ်မာမတ် ဦးဆောင်တဲ့အဖွဲ့က ရခိုင်လက်နက်ကိုင် AA ထံမှ ငွေကြေး အမြောက်အများ ယူခဲ့ပြီး တဖက်ဘဂ်လားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့တာကြောင့် AA က မြို့တွင်းသို့ အလွယ်တကူ ဝင်ရောက်နေရာယူခဲ့ပြီး စစ်ကောင်စီတပ် တွေကို မြို့ပေါ်မှ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားပြီ ဘီလီယံနဲ့ချီ တန်းဖိုးရှိ ရိုဟင်ဂျာ ပိုင်ဆိုင်မှုတွေကို လုယူသွားပြီး AA က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှုကြောင့် နတ်မြစ်ကမ်းအနီး
အစုလိုက် အပြုံလိုက် ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရပြီး ၄၀၀၀၀ နီးပါး ရိုဟင်ဂျာတွေကို ဘဂ်လားဖက်သို့ မောင်းထုတ်နိုင်ခဲ့တယ်။ ” လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက MDN ကို ဆိုကြပါတယ်။

“ AA က မောင်တောမြို့ပေါ်ကို ထိန်းချုပ်ပြီးနောက် စစ်ကောင်စီ တပ်မ၊ နခခ(၅)ကို ဉီးတည် တိုက်ခိုက်မှုတွေ မလုပ်ပဲ စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းများနှင့် အနီးပတ်ဝန်းကျင်က ဆက်သွယ်ရေးလမ်းခရီး အားလုံးနီးပါးကို ပြတ်ထောက်ခဲ့ပြီး ဝန်းရံပိတ်ဆို့ လိုက်တယ်လို့ဆိုပါတယ်”။ ထိုသို့ ဝန်းရံပိတ်ဆို့မှု ပြုလုပ်ရန် အနီးပတ်ဝန်းကျင်က ရိုဟင်ဂျာရွာများကို အရင်ဆုံးရှင်းလင်းခဲ့ကြပါတယ်။ AA အဖွဲ့က ရှေ့ပြေးအနေနဲ့ ဒရုန်းများစေလွတ်ပြီး ရိုဟင်ဂျာရွာများကို ညလုံးပေါက် ဗုံးကြဲခဲ့ကြတယ်။ ရန်သူကင်းရှင်းပြီးလို့ယူဆရရင် အဲဒီ ရိုဟင်ဂျာရွာ တွေမှာ ခြေကုပ်နေရာယူကြပြီး AA အဖွဲ့တွေက မဲမဲမြင်တိုင်း ရန်သူအထင်နဲ့ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံရိုဟင်ဂျာတွေမှာတော့ “တစ်ညလုံး အမှောင်ထဲမှာ ပြေးလွှားနေရခဲ့ပြီး သားထမ်းသမီးထမ်း တစ်ရွာဝင်တစ်ရွာထွက် အိပ်စရာမရှိ ခိုနားစရာမရှိဘဲ ဗုံးဆံကြည်ဆံများ အကြားမှာ အသက်လုထွက်ပြေးနေရခဲ့တယ်။ ဗုံးဆံထိပြီး လဲသွားသူကိုတောင် ထူမပြေးနိုင်ဘဲ ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးနေရခဲ့တယ်”လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက နာကြင်စွာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်၊ ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီကို
စစ်ကူပေးဖို့ ဘဂ်လားဖက်ကနေ မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာ၊ အောင်ဗလရွာဖက်သို့ လှော်လှေတွေဖြင့် ဝင်လာခဲ့တဲ့ ဒိလ်မာမတ် ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၆၄ ဦးအား AA က ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့မှုကြောင့် ဒဏ်ရာ ရခဲ့တဲ့ ၈ ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင် အားလုံး အသက်ဆုံးရှုံးသွားခဲ့တယ်။ ယခုလို AA ကို ဝင်တိုက်မယ့်ဆိုရင် မောင်တောမှာ အေးအေးဆေးဆေး နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ သူတွေရဲ့ လုပ်ရပ်ကြောင့် ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ရွာတွေ မီးရှိုးခံရပြီး အကုန်လုံးကို စစ်ဘေးရှောင်ဘဝနဲ့ ဘဂ်လားဖက်သို့ မောင်းထုတ်ခံရ နိုင်တဲ့အပြင် နဂိုတည်းက တိုက်ပွဲကာလတလျှောက်မှာ ကုန်စည်စီးဆင်းမှု ပြတ်ထောက်ခံရမှုကြောင့် အစာရေစာ ပြတ်လပ်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ မောင်တော ဒေသခံရိုဟင်ဂျာများမှာ အခုချိန်မှာတော့ ကမ္ဘာပျက်မတတ်အောင် ဒုက္ခမျိုးစုံကြုံတွေ့နေရပါတယ် ” လို့ အေအေနဲ့ နီးစပ်သူတစ်ဦးက MDN ကို ပြောပါတယ်။

03/12/2024

မောင်တောမြောက်ပိုင်းတွင် AA က အခွန်ငွေကောက်ခံနေတဲ့အပြင် ရိုဟင်ဂျာတွေ ပိုင်ဆိုင်ကြတဲ့ ပုဇွန်ကန်တွေကို မတရား သိမ်းယူပြီး AA ထံမှ မဖြစ်မနေ အဌားယူရန် ခြိမ်းခြောက်ဖိအားပေးနေ

MDN- ဒီဇင်ဘာလ ၃ ရက်၊ ၂၀၂၄။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းက ရခိုင်လက်နက်ကိုင် AA က သိမ်းပိုက်ထားတဲ့ ပြင်ဖြူစခန်း (နယ်မြေ ၆)မှာ တာဝန်ကျ နေတဲ့ နယ်မြေမှူးက လက်ရှိ ၂၀၂၄ ခုနှစ်အတွက် ရံပုံငွေဟု ဆိုကာ ကျောက်လှေကားကျေးရွာရှိ ဈေးဆိုင်ခန်းတိုင်းမှ လက်နက်အားကိုးပြီး အတင်းအခွန်ငွေ ကောက်ခံနေတယ်လို့ သိရှိရပါတယ်။

" AA အဖွဲ့က ကျောက်လှေကားကျေးရွာရှိ စျေးဆိုင်တိုင်းမှ အခွန်ငွေ
ကောက်ခံနေတယ်။ ဆိုင်ခန်းကြီးဆိုရင် ၁၅၀၀၀၀ မှ ၂၀၀၀၀၀ ကျပ်ထိ ဆိုင်ခန်းငယ်ဆိုရင် ၁၀၀၀၀၀ မှ ၁၅၀၀၀၀ ကျပ်ထိ ကောက်ခံနေတယ်။
တစ်နေ့လျှင် အယောက် ၂၀ ယောက်စီ ပြင်ဖြူစခန်း (နယ်မြေ ၆) ကို ခေါ်ယူသွားပြီး အတင်း ကောက်နေတာပါ။ ကျောက်လှေးကား ဈေးမှာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ရှိနေပါတယ်။ ယမန်နေ့ကပင် ကောက်နေတာပါ။ ဒီနေ့ဆိုရင် ၂ ရက် ပေးပြီးပါပြီ။ အယောက် ၄၀ ပြီးသွားပါပြီ” လို့ အမည်မဖော်လိုတဲ့ ဆိုင်ရှင်တစ်ဦးက MDN ကို ပြောပါတယ်။

ထို့အပြင် မောင်တောမြို့နယ်၊ မဂ်လာကြီးနဲ့ သရက်အုပ်ကျေးရွာတွေမှ ရိုဟင်ဂျာ ဘိုးဘွားပိုင် ပုဇွန်ကန်တွေကို ULA/AAက မဟုတ်မတရား သိမ်းလိုက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေး လုပ်ပြီး
၎င်းပုဇွန်ကန်တွေကို အငှားပေးမယ်၊ ဘာညာ လုပ်မယ် လို့ AA က ပြောသွားတယ်။ AA ဆီမှ အငှားယူရင် ပုဇွန်ကန်တွေကို လုပ်စားဖို့ ခွင့်ပြုမယ်။ AA ဆီမှ အငှားမယူရင် ဘယ်သူ့ကိုမှ ဘယ်ပုဇွန်ကန်တွေ ကိုတော့ လုပ်စားခွင့် စကား မပြောနဲ့ အနားတောင်မှ ကပ်ခွင့်ပြုမှာ မဟုတ်ဘူး။ အကယ်၍ တစ်စုံတစ်ယောက်က AA ရဲ့ ခွင့်ပြုချက် မယူပဲနဲ့ လုပ်စားတာကို တွေ့ကြားမယ့်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကို
အုပ်ချုပ်ရေးမှုးတစ်ဦးနဲ့ နီးစပ်သူတစ်ဦးထံမှ သိရတယ်။

Breaking News: 🚨 the terrorist Arakan Army - AA Abducts three innocent Rohingya Youths in Buthidaung Township Arakan sta...
03/12/2024

Breaking News: 🚨 the terrorist Arakan Army - AA Abducts three innocent Rohingya Youths in Buthidaung Township Arakan state of Myanmar

03, Dec,2024- Rohingya Report

On December 3, 2024, the Rakhine terrorist group Arakan Army (AA) abducted three innocent Rohingya youths from Oli Marung and Lambabil villages in Buthidaung Township, Arakan State, Myanmar.

The victims, identified as Mohammad Kaisel (16) and Mohammad Reyas (32) Mohamed Junaid sons of Belal Hussain from Oli Marung village, and Dr. Mohammad Faisel (26), son of Abdu Munaf from Lambabil village, are from prominent families in their communities. They were reportedly taken based on fabricated allegations.

The responder said that heavily armed members of the Arakan Army entered the villages, instilling fear among residents. They inspected homes, intimidated villagers, and forcibly removed the three individuals from their houses, some while they were sleeping.

A source revealed, the armed group systematically targeted the villages, using intimidation tactics to create an atmosphere of terror. The abducted youths were brutally tortured before being taken to Buthidaung prison.

This incident highlights the ongoing systematic targeting of the Rohingya community in the region. The Arakan Army is accused of abducting prominent Rohingya individuals under false pretexts and extorting money from local families. Many residents report living under constant fear of violence and oppression.

The abductions have intensified challenges for the Rohingya in Buthidaung Township, restricting their movement and jeopardizing their safety. The international community is urged to take immediate action to address these human rights violations and ensure the safety of innocent civilians in the region.

Sources - Ground Report
Photos - Mohammad Reyas & Signboard
Media - Rohingya Report

03/12/2024

ဘူးသီးတောင်ပြည်သူ့ခရီး၊ ရှင်သန်မှုနှင့် ခွန်အားဇာတ်လမ်း

🌏 ကမ္ဘာသို့ အသနားခံစာ 🌏

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မြို့နယ်ငယ်တစ်ခုဖြစ်သည့် ဘူးသီးတောင်သည် တစ်ချိန်က ရိုဟင်ဂျာအသိုက်အဝန်းအတွက် အသက်မွေးဝမ်းကြောင်းပြုခဲ့သည့် နေရာတစ်ခုဖြစ်သည်။ Goffor Shab's Junction၊ ရှေးခေတ် Buthdah ဥမင်လိုဏ်ခေါင်း၊ Taung Bazar နှင့် Big Lake တို့သည် အထင်ကရနေရာများ သာမက ၎င်းတို့၏မြေပေါ်တွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော လူများ၏နေ့စဉ်စည်းမျဥ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မျိုးဆက်ပေါင်းများစွာ၊ ဤမြို့သည် နေအိမ်၊ သန့်ရှင်းရာဌာနဖြစ်ပြီး တက်ကြွသော ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်နေပါသည်။

သို့သော် ဘူးသီးတောင်မြို့နယ်၏ သမိုင်းသည် နှိပ်စက်ညှဉ်းပန်းမှု၏ ကြောက်မက်ဖွယ်ရာများနှင့် ခွဲထွက်၍မရသော အမှောင်ဘက်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်က ရှင်သန်ခဲ့ဖူးသော ဤမြို့၏အမည်သည် ရိုဟင်ဂျာများ၏ ခံနိုင်ရည်မရှိသော ဆင်းရဲဒုက္ခများ၊ မြန်မာစစ်တပ်၊ ဒေသခံရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ရက္ခိုင့်တပ်မတော်တို့၏ မထင်မှတ်နိုင်သော အကြမ်းဖက်မှုများ၏ သားကောင်များ၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

☄ အကြောက်တရားနှင့် ဆုံးရှုံးရာနေရာ ☄

ရိုဟင်ဂျာများကို ဆန့်ကျင်သည့် ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှုကြောင့် ရွာလုံးကျွတ် မီးလောင်သွားသည်ကို တွေ့ခဲ့ရသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အတင်းအကြပ် ပျောက်ဆုံးမှုများကြောင့် မိသားစုများ ပြိုကွဲခဲ့ရသည်။ ဘူးသီးတောင်တဝိုက်တွင် မတ်စောက်သော မေယုတောင်တန်းများ သည် လွတ်မြောက်ရန် ကြိုးပမ်းသူများ၏ ထောင်ချောက် ဖြစ်လာသည်။ ဘေးကင်းရန် လမ်းကြောင်းဖြစ်သင့်သည် ဆိုသည်မှာ မရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအတွက် သင်္ချိုင်းတွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

တစ်ချိန်က ကုန်သွယ်မှုနှင့် လူနေမှု စည်ကားရာ တောင်ဘဇားသည် ပျက်စီးဆုံးရှုံးရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ ရိုဟင်ဂျာအများစု နေထိုင်ရာ ရွာငယ်လေးများ ဝိုင်းရံထားသည့် ဤဒေသတွင် အသက်ရှင်ကျန်ရစ်သူများသည် မဆုတ်မနစ်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တောင်များနှင့်သစ်တောများသည် စစ်မှန်သော ခိုလှုံရာမရှိ—မသေချာမရေရာသော အနာဂတ်ဆီသို့ ကြမ်းတမ်းပြီး သေစေမည့်လမ်းကြောင်းတစ်ခုသာဖြစ်သည်။

🚸 ထွက်မြောက်ရာ 🚸

ဘူးသီးတောင်၏ ကြောက်မက်ဖွယ်ရာ ပြေးခြင်းသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခံနိုင်ရည်ရှိသော ခရီးတစ်ခုဖြစ်သည်။ ရှင်သန်လိုစိတ်ကလွဲလို့ ဘာကိုမှ မဆောင်ထားတဲ့ မိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ပေါက်ဖြစ်တဲ့ နတ်မြစ်ဆီ ခရီးကြမ်းကို စတင်ခဲ့ကြပါတယ်။ အချို့အတွက်၊ ၎င်းသည် လရှည်ခရီးဖြစ်သည်။ တခြားသူတွေအတွက်တော့ ဒီထက်ပိုပြီး ကျယ်ပြန့်လာတယ်။

မေယုတောင်တန်းများကို ဖြတ်ကျော်ရသည်မှာ အထူးဆိုးရွားလှသည်။ လွတ်မြောက်လာသူများသည် အရွက်များနှင့် သစ်တောမှ ပေးစွမ်းနိုင်သည့် အစားအစာမှလွဲ၍ ရက်ပေါင်း ၂၀ ကျော်ကြာအောင် လှည့်ပတ်ပြေးသည်ကို မှတ်မိကြသည်။ လမ်းတစ်လျှောက်တွင် ပင်ပန်းနွမ်းနယ်မှု၊ ငတ်မွတ်ခေါင်းပါးမှု သို့မဟုတ် အကြမ်းဖက်မှုကို မရှင်သန်နိုင်သော မိခင်များ၊ ဖခင်များနှင့် ကလေးငယ်များ လမ်းများပေါ်တွင် စွန့်ပစ်ထားသော အလောင်းများကို တွေ့ခဲ့ရသည်။ ဆင်များနှင့် ကျားများကဲ့သို့ တောရိုင်းတိရိစ္ဆာန်များ၏ တိုက်ခိုက်မှုများသည် အိပ်မက်ဆိုးထဲသို့ တိုးဝင်လာသည်။

ကြမ်းတမ်းသော လမ်းကြောင်း တောင်ကုန်းမှ လွတ်မြောက်ပြီးသည့်တိုင် ရိုဟင်ဂျာများသည် အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။ ရခိုင်အများစုနေထိုင်ရာ ကျေးရွာများကို ဖြတ်သန်းသွားလာရာတွင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုနှင့် လုယက်မှုများကို ခံရပ်နိုင်ခဲ့သည်။ အမျိုးသမီးများသည် တစ်ချိန်က အိမ်နီးနားချင်းဖြစ်ခဲ့ကြသူများ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ခံခဲ့ရတယ်။

နတ်မြစ်ကို ရောက်တာတောင် ဘေးကင်းဖို့ အာမခံချက် မရှိဘူး။ လူကုန်ကူးသူများသည် ၎င်းတို့၏ စိတ်ပျက်အားငယ်မှုကို အသုံးချကာ စွမ်းရည်ထက် ကျော်လွန်၍ လူများကို လှေများဖြင့် ပြည့်ကျပ်စေခဲ့သည်။ လှေအများအပြား နစ်မြုပ်ခဲ့ပြီး ခရီးသည်များ ရေထဲသို့ ဖိတ်ကျခဲ့သည်။ အချို့က ရေနစ်သေဆုံးကြသည်။ လူကုန်ကူးသူများသည် ဝန်ကို ပေါ့ပါးစေလိုသောအခါ အခြားသူများကို မြစ်ထဲသို့ ပစ်ချခဲ့သည်။ အသက်ရှင်ရပ်တည်နိုင်သူ တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဖြတ်ကျော်ဝင်ရောက်လာချိန်မှာ သူတို့ရဲ့ နောက်ဆုံးပိုင်ဆိုင်မှုတွေကို မကြာခဏ လုယက်ခံရလေ့ ရှိပါတယ်။

☯ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိပ်မြုံတစ်ခု ☯

သူတို့ခရီးရဲ့ ကြောက်မက်ဖွယ် ကောင်းမှုတွေကြားက ဘင်္ဂလားဒေ့ရှ်ကို ရောက်လာတာက မျှော်လင့်ချက်တွေ တောက်ပလာခဲ့တယ်။ဘင်္ဂလားဒေ့ရှ်ပြည်သူများနှင့် အစိုးရတို့သည် ဆုံးရှုံးခဲ့ရသူများအတွက် စားနပ်ရိက္ခာ၊ ရေ၊အမိုးအကာ နှင့် အဝတ်အထည်များ လှူဒါန်းပြီး ကူညီပံ့ပိုးပေးခဲ့သည်။ ရိုဟင်ဂျာများအတွက်၊ ဤကရုဏာသည် အသက်သွေးကြောဖြစ်သည်—ဤမျှလောက်ရက်စက်ကြမ်းကြုတ်မှုကိုခံရပ်ပြီးနောက် ရှားပါးသော အကြင်နာတရားတစ်ခုဖြစ်သည်။

⛑ ဒုက္ခသည်များ၏ဘဝ ရုန်းကန်မှုများ ⛑

သို့သော် ဒုက္ခသည်စခန်းများရှိ ဘဝသည် မလွယ်ကူလှပါ။ လူများလွန်းခြင်း၊ အကန့်အသတ်ရှိသော အရင်းအမြစ်များနှင့် သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်ချက်များသည် ၎င်းတို့၏နေ့စဉ်အဖြစ်မှန်ကို ဆက်လက်ဖော်ပြနေပါသည်။ ကလေးများအတွက် ပညာရေးသည် ရှားပါးသောကြောင့် မျိုးဆက်တစ်ခုလုံး အသိပညာ သို့မဟုတ် အခွင့်အလမ်းမရှိဘဲ ကြီးပြင်းလာနိုင်သည့် အန္တရာယ်ရှိသည်။ စခန်းများအတွင်း အကြမ်းဖက်မှုများနှင့် ရာဇ၀တ်မှုများ ဖြစ်ပွားမှုများနှင့်အတူ လုံခြုံရေးသည် အမြဲတစေ စိုးရိမ်ပူပန်နေရဆဲဖြစ်သည်။

ရေရှည်တည်တံ့သော ၀င်ငွေရရှိနိုင်မှု မရှိခြင်းသည် အခြားသော အဓိကစိန်ခေါ်မှုဖြစ်သည်။ မိသားစုများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မှီခိုနေရသော်လည်း စခန်းရှိလူတိုင်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ထောက်ပံ့ရေးပစ္စည်းများမှာ မကြာခဏ မလုံလောက်ပါ။ ငတ်မွတ်မှု၊ မသေချာမရေရာမှု နှင့် မှီခိုမှုတို့သည် ရိုဟင်ဂျာများ ချိုးဖျက်ရန် မဖြစ်နိုင်သော အားနည်းချက် သံသရာကို ဖန်တီးသည်။

ကမ္ဘာသို့ အသနားခံစာ ဘူးသီးတောင်ပြည်သူများ၏ ခရီးသည် လူသားတို့၏ ခံနိုင်ရည်အား သက်သေပြလိုက်သော်လည်း တရားမျှတမှုကို တောင်းဆိုသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဤအမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများသည် မတွေးဝံ့စရာ ကြောက်မက်ဖွယ်ရာများကို ပြေးလွှားပြီး အခြားဒုက္ခတစ်မျိုးဖြင့် ပိတ်မိနေကြသည်ကို တွေ့ရှိရသည်။ သူတို့၏ဘဝများသည် ယခုအခါတွင် ၎င်းတို့၏ဆင်းရဲဒုက္ခများကို အချည်းနှီးမဖြစ်ကြောင်း သေချာစေရမည့် ကမ္ဘာ့အသိုက်အဝန်း၏ လက်ထဲတွင် ရှိနေသည်။

ရိုဟင်ဂျာတွေရဲ့ ဒုက္ခကို ကမ္ဘာက မေ့ထားလို့ မရပါဘူး။ သူတို့၏အသံများသည် ရှင်သန်ခြင်းဆိုင်ရာ သတင်းစကားများ သယ်ဆောင်လာသော်လည်း ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် ၎င်းတို့၏ဘဝများကို ပြန်လည်တည်ဆောက်ခွင့်အတွက် တောင်းဆိုမှုတစ်ခုလည်းဖြစ်သည်။ ဤသည်မှာ သူတို့၏တိုက်ပွဲသက်သက်မဟုတ်ပါ။ လူသားမျိုးနွယ်အတွက် တိုက်ပွဲတစ်ခုဖြစ်သည်။

================================

“The journey of Buthidaung People; A story of survival and strength” အမည်ဖြင့် ဆောင်းပါးရှင် ရို မောင်ရွှေက“အဂ်လိပ်လို ရေးသားထားသည့် ဆောင်းပါးကို ကျနော်တို့ Maungdaw Daily News အယ်ဒီတာအဖွဲ့က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။

29/11/2024

မောင်တောမြို့တွင်းနဲ့ချောင်းဝကင်းစခန်းတွေ လေကြောင်းတိုက်ခိုက်ခံ ရမှုကြောင့် ရာနဲ့ချီ သေဆုံးဒဏ်ရာ ရရှိခဲ့တဲ့ AA တပ်သားတွေကို ကားတွေဖြင့် သယ်ယူသွား၊ ရိုဟင်ဂျာတချို့လည်း ဒဏ်ရာရ

MDN- နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၄။

ရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့တွင်းနဲ့ နတ်မြစ်ကမ်းတလျှောက်ရှိ ချောင်းဝကင်းစခန်း(၄)ခု အပါအဝင် တခြားစခန်းတွေကို ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်၊ည ၉ နာရီကျော်ကနေ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၁၀၀၀ ဗုံးတွေ အပါအဝင် တခြား လက်နက်ကြီးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် AA တပ်ဖွဲ့ဝင်
၂၃၁ ဦး သေဆုံးခဲ့ပြီး ၁၀၇ ဦး ဒဏ်ရာပြင်းရရှိခဲ့ကာ ရိုဟင်ဂျာတချို့ လည်း ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

" မနေ့ည ၉ နာရီကျော်တွင် AAထိန်းချုပ်ထားတဲ့ မောင်တောမြို့တွင်း၊ နတ်မြစ်ကမ်းအနီးရှိ ကညင်ချောင်းစီးပွားရေးဇုန် ချောင်းဝကင်းစခန်း၊
ပြင်ဖြူချောင်းဝကင်းစခန်း၊ ရွှေဇား အောင်ဗလချောင်းဝ ကင်းစခန်း၊
ရွက်ညိုတောင်ချောင်းဝ ကင်းစခန်း၊ ရွှေဇား ဂုံးနားရွာစခန်း စတဲ့ တပ်စခန်းတွေ ပေါင် ၁၀၀၀ ဗုံး ၅ လုံးအပါအဝင် တခြားဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရတယ်။ဂျက်ဖိုက်တာ ၂စီးနဲ့လာဗုံးကြဲခဲ့တယ်။ အသံကျယ်ကျယ်ကြီးကြီး ကြားရတယ်။ ပေါင် ၁၀၀၀ ဗုံးတွေလို့ ထင်တယ်။ ငလျင်လှုပ်သလို မြေကြီးတွေရော အိမ်တွေပါ လှုပ်ခါသွား ပါတယ်။ နေအိမ်တောင် ပြိုကျသွားပြီးလို့ ထင်နေတာပါ။ တအားပြင်းထန်ပါတယ်။ ကျနော်တို့ ပြည်သူတွေ အအိပ်ပျက် ရင်တုန်တုန်နဲ့ ကြောက်မက်ဖွယ်ရာ ဖြစ်နေပါတယ် " လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မောင်တော နခခ ၅ ကို စစ်ကူ ပို့နိုင်အောင် အခုလို နစ်မြစ်တစ်လျှောက်ရှိ ချောင်းဝကင်းစခန်းတွေကို ဗုံးကြဲတိုက်ခိုက် လမ်းကြောင်း ရှင်းနေတာပါ။ ကမ်းတက်ခွင့် ရရင် မြို့ထဲမှာ ခြေကုတ် နေရာယူပြီး တန်ပြန်ထိုးစစ်ဆင် ဖော်ဆောင်ဖို့ ကြိုးစားနေတာပါ။ မနေ့ညက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် AA တပ်သားတွေ
၂၃၁ ဦး သေဆုံးခဲ့ပြီး ၁၀၇ ဦး ဒဏ်ရာပြင်းရခဲ့တယ်။ ကညင်ချောင်း စီးပွားရေးဇုန် ချောင်းဝကင်းစခန်းနဲ့ပြင်ဖြူချောင်းဝ ကင်းစခန်းတွေမှာ သေဆုံးဒဏ်ရာ ရရှိခဲ့သူတွေကို ညဥ့်အချိန်ပိုင်းမှာ တီဘာကား ၃ စီးဖြင့် လှဖိုးခေါင် ကယ်ဆယ်ရေးစခန်းကို ဖြတ်ပြီး ကျီးကန်ပြင်ရှိ ကွပ်ကွဲရေးဌာနချုပ်သို့ သယ်ယူသွားခဲ့တယ်။ ဗုံးစထိမှန်ပြီး စက်လှေတွေဖြင့် ငါးရှာနေတဲ့ ရိုဟင်ဂျာတချို့နဲ့ ပေါင်းဇားရွာသား ၂ ယောက်လည်း မိမိနေအိမ်မှာ အိပ်ပျော်နေစဥ် အိမ်ထရံတွေကို ဗုံးစန ထိုးပေါက်ပြီး ဒဏ်ရာရခဲ့တယ်။ ရွယ်ညိုတောင်ချောင်းဝကင်းစခန်းမှာ သေဆုံး ဒဏ်ရာရရှိသူတွေကို ကံပြင်ကျေးရွာဖက်သို့ ကားတွေဖြင့် သယ်ယူသွားခဲ့တယ်။ မြို့တွင်းနဲ့ ဂုံးနားရွာမှာ သေဆုံးဒဏ်ရာရရှိ သူတွေကိုတော့ ငွေတောင်ဖက်သို့ ကားတွေဖြင့် သယ်ယူသွားခဲ့တယ်။ ဒဏ်ရာရ ပြင်းရသူတွေ အသက်အန္တာရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေတဲ့အတွက် သေဆုံးသူ တိုးလာနိုင်တယ်” လို့ သတင်းရင်းတစ်ဦးက MDN ကို ပြောပါတယ်။

AA ချောင်းဝကင်းစခန်းတွေအလိုက် သေဆုံးဒဏ်ရာရရှိသူတွေမှာ__
ရွှေဇား ဂုံးနား/အောင်ဗလချောင်းဝကင်းစခန်းတွေနဲ့ ကညင်ချောင်း စီးပွားရေးဇုန်ချောင်းဝကင်းစခန်းမှ ၇၄ဦး သေဆုံးပြီး ၂၆ဦး ဒဏ်ရာရ၊ ပြင်ဖြူချောင်းဝကင်းစခန်းမှ ၆၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရ၊ ရွက်ညိုတောင်ချောင်းဝကင်းစခန်းမှ ၁၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရနဲ့
မြို့တွင်းမှ ၇၆ ဦး သေဆုံးပြီး ၃၁ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

" မောင်တော နခခ ၅ ကို အပြီးသတ် သိမ်းပိုက်ဖို့ အင်အား အလုံးအရင်းဖြင့် အရပ်လေးမျက်နှာကနေ အပြင်းထန်ဆုံး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမယ့် ဘာတစ်ခုမှ လှုပ်လို့ မရခဲ့တဲ့အတွက် နခခ ၅ ကို သိမ်းနိုင်မယ့် ဖြစ်နိုင်ခြေ ၅ % တောင် မယုံဘူးလို့ AA အောက်ခြေတပ်သားတွေ အချင်းချင်း စိတ်ဓာတ်ကျပြီး ပြောဆိုနေကြ ပါတယ်။ရခိုင်အခြေစိုက်မီဒီယာတွေက မြေပြင်ကပဂတိအမှန်တရားကို ဖုံးကွယ်ပြီး လိုရဆွဲရေးပြီး ပြည်သူ့ရှေ့မှောက်တွင် တင်ပေးနေကြတဲ့ သတင်းတွေ မမှန်မကန်ဝါဒဖြန့်နေမှုက ကြာရှည်မခံဘူး။ AA အပေါ် ရခိုင်ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ထောက်ခံအားပေးမှုတွေ တဖြည်းဖြည်း ကျဆင်းနေပါတယ်” လို့ မြေပြင်သတင်းအရ သိရှိရပါတယ်။

မောင်တော နခခ ၅ က အမည်မဖော်လိုတဲ့ ဗိုလ်မှူးတစ်ဦးက__
AA တပ်စခန်းတွေနဲ့ ဝေးဝေး နေကြဖို့ ပြည်သူတွေအား အကြိကြိမ် ကြိုတင် ပေးပြီးသား ရှိတယ်။ ဒီဇင်ဘာလကုန်လုနီးပါးတွင် AA တပ်သားတွေ မျိုးပြုတ်တော့မယ်လို့ ကြိုတင် သတင်းပို့ပြီးသား။ AA တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက် လမ်းကြောင်းတွေ ရှင်းလင်းပြီး မြို့ထဲသို့ ဝင်ရောက်နေရာယူပြီး ပြည်သူတွေအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်ကပင် ခေါ်ယူလာမယ်။ AA အဖွဲ့က ပြည်သူတွေအား လူသားဒိုင်ကာအဖြစ် သူတွေ (AA) တပ်စခန်းတွေနဲ့
နီးစပ်ပြီး နေထိုင်ခိုင်းတာပါ။ လေကြောင်း အတိုက်မခံရအောင် ပေါ့။
ပြည်သူတွေ ရှိနေသာ၍ AA တပ်စခန်းတွေကို ဗုံးကြဲချေမှုန်းသွားဖို့ ခက်ခဲနေတယ်။ ဗုံးစနတွေ ထိမှန်ပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရမှာကို စိုးလို့ပါ။ ဒါကြောင့်မို့လို့ AA တပ်စခန်းတွေနဲ့ နီးစပ်ရာ နေထိုင်ကြတဲ့ ပြည်သူတွေအား AA နဲ့ ဝေးဝေး နေထိုင်ကြဖို့ ရှောင်ကြဖို့ ထပ်မံ သတိပေးချင်ပါတယ်”လို့ MDNနဲ့ ဆက်သွယ်လာ ပြောပါတယ်။

မနေ့ ညအချိန်ပိုင်းတွင် မြန်မာဘက်က ပေါက်ကွဲသံ အနည်းဆုံး ၅ခုကို နယ်စပ်မြို့များဖြစ်ကြတဲ့ တက်ကနက်၊ အိုကီးယားနဲ့ နတ်ကျောက်ဆရီမြို့နယ်တို့ကနေ ကျယ်လောင်စွာ ကြားခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

28/11/2024

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအမှုအတွက် ICC တရားရုံး နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး IIMM အကြီးအကဲက ကြေညာ

MDN- နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄။

ရိုဟင်ဂျာများကို နိုင်ငံတွင်းမှနှင်ထုတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်းဖြင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ရှေ့နေချုပ်က လျှောက်ထားလိုက်ပြီဖြစ်ရာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေဖြင့် ICC တရားရုံးနှင့် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင် ထုတ်ပြန် ကြေညာသည်။

ICC ၏ တရားလိုရှေ့နေက စုံစမ်းစစ်ဆေးရာတွင် များစွာသော အထောက် အထားများနှင့် စိစစ်သုံးသပ်ချက်များ၊ သက်သေများ၏ ထွက်ဆိုချက်များကို တရားလိုရှေ့နေ၏ ရုံးထံ မျှဝေပေးခြင်းဖြင့် IIMM နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ကြုံတွေ့ခံစားခဲ့ရသူများစွာကို တွေ့ဆုံမေးမြန်းရာတွင်လည်း IIMM နှင့် ICC တို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ICC တရားသူကြီးများက တရားလိုရှေ့နေ၏ တင်သွင်းချက်နှင့် အထောက်အထားကို ဆန်းစစ်သုံးသပ်ပြီး ဖမ်းဝရမ်း ထုတ်၊ မထုတ် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ အမြင့်ဆုံးရာထူးရှိသူကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းသည် ဥပဒေ၏အထက်တွင် မည်သူမျှရှိမနေကြောင်း ပြစ်မှုကျူးလွန်သူများထံသို့ သတင်းစကားပါးလိုက်ခြင်း ဖြစ်ကြောင်း IIMM အကြီးအကဲက ဆိုသည်။

ယခုတောင်းဆိုမှုသည် ဖမ်းဝရမ်းအတွက် ပထမဆုံးတောင်းဆိုမှုဖြစ်ပြီး “နောက်ထပ်လည်း ရှိလာဦးမည်” ဟု တရားလိုရှေ့နေ၏ရုံးက ဖော်ပြနေကြောင်း၊ ICC ၏ စုံစမ်းစစ်ဆေးမှုများတွင် IIMM ယန္တရားက ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ IIMM ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက်များ မျှဝေပေးပြီး ၎င်းတို့၏ အချက်အလက်များကို ICC ထံသို့ တဆင့်မျှဝေခွင့်ပြုပေးသည့် ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာများနှင့် အခြားသက်သေများကို IIMM က အမှတ်ရ ဂုဏ်ပြုကြောင်း၊ အဆုံးတိုင်တရားမျှတမှုရရှိရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများက အခရာအကျဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရာထောင်ချီသည့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ အတင်းအကြပ် ပြေးဝင်ခိုလှုံရစေသည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်သည့် ရာဇဝတ်မှုများကို ငါးနှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် တရားလိုရှေ့နေက ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရုံးများရှိ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များအား ကူညီပံ့ပိုးရန် IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ IIMM ယန္တရားသည် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံနေရာအနှံ့တွင် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ အထောက်အထားများကို စုဆောင်းနေကြောင်း၊ ကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူများ၏ လူမျိုးစု၊ ဘာသာဝင် သို့မဟုတ် နိုင်ငံရေးရပ်တည်ချက်များကို မခွဲခြားကြောင်း၊ ယန္တရား၏ လုပ်ပိုင်ခွင့်အရ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်သော ရာဇဝတ်မှုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း IIMM အကြီးအကဲက ထုတ်ပြန်ပြောဆိုထားသည်။

28/11/2024

စစ်ကောင်စီအကြီးအကဲကို ဖမ်းဝရမ်းထုတ်ဖို့ ICC ကြိုးပမ်းမှု တရုတ်ဝေဖန်

MDN- နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICC ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို လူ့အခွင့်အရေးဆောင်ရွက်သူတွေက ကြိုဆိုနေပေမဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဝေဖန်လိုက်ပါတယ်။

“ICC တရားရုံးအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်ဆိုတဲ့ ရပ်တည်ချက်ကို တရုတ်က အမြဲ စွဲကိုင်ထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပေကျင်းမြို့တော်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ပဲ ပြောလိုက်တာပါ။

တရားစီရင်ရေး အခြေခံမူတွေနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူတွေ၊ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုမှုနဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ Rome Statute သဘောတူစာချုပ် အတိုင်း လိုက်နာမှု စတဲ့မူတွေကိုတရုတ်နိုင်ငံက ကြပ်ကြမ်မတ်မတ်လိုက်နာတယ်လို့ ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။ လုံခြုံရေးကောင်စီက ဖမ်းဝရမ်းထုတ်ခိုင်းတာမဟုတ်ဘဲနဲ့ Rome Statute စာချူပ်မှာ လက်မှတ်ထိုးမထားတဲ့နိုင်ငံတွေမှာ ICC ရဲ့ လုပ်ပိုင်ခွင့် မရှိတာကိုလည်း သူကထောက်ပြ ထားပါတယ်။ Rome Statute စာချူပ်မှာ လက်မှတ်ထိုးထားခြင်း မရှိတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံ ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်သလို ICC ပြောကြားချက်တွေကိုလည်း အသိအမှတ်မပြုကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကစတင်ဆောင်ရွက်နေတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M ကတော့ ကြိုဆိုခဲ့တာပါ။ နိုင်ငံတကာဥပေဒတွေအရအကြီးလေးဆုံးပြစ်မှုတွေကို မြန်မာတနိုင်ငံလုံးမှာ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဆက်လက်ကျူးလွန်နေချိန်ဖြစ်လို့ ဒီကြိုးပမ်းမှုဟာ အချိန်အရ အသင့်တော်ဆုံးနဲ့ အကြိုဆိုသင့်ဆုံးဖြစ်တယ်လို့ SAC-M အထူးအကြံပေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကျူးလွန်သူတွေအရေးယူမခံရဘဲ လွတ်မြောက်နေတာကြောင့် တနိုင်ငံလုံးမှာ အကြမ်းဖက်ခံနေ ရသူတွေအနေနဲ့ တရားမျှတမှု မရနိုင်ကြတဲ့ အခြေအနေဖြစ်နေချိန်မှာ ဒီဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုဟာ အရေးယူနိုင်ဖို့ ခြေတလှမ်း ပိုနီးသွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ စစ်တပ်ရဲ့ ဆိုးဝါး ရက်စက်တဲ့ကျူးလွန်မှုတွေအတွက်တရားမျှတမှုရဖို့ ရိုဟင်ဂျာတွေ တောင်းဆိုနေရဆဲဆိုတာကိုလည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

SAC-M အထူးအကြံပေး ကောင်စီအဖွဲ့ဝင်တယောက်ဖြစ်တဲ့ Dr. Yanghee Lee ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ အထူးစုံစမ်းရေးမှူးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးကောင်စီအတွက် အစီရင်စာတွေ ပြုစုခဲ့သူဖြစ်ပါတယ်။

Photo - မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC ရာဇဝတ်ရုံးက ဖမ်းဝရမ်းထုတ်ဖို့ကြိုးပမ်းမှုကို ဝေဖန်လိုက်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning

28/11/2024

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအတွက် လုံခြုံစိတ်ချရမယ့် ဘေးကင်းဇုံ ပေါ်ပေါက်လာရေး ဆွေးနွေး

MDN- နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄။

အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးရှေ့နေချုပ် ကရင်မ် ခန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အကြံပေးအရာရှိချုပ် ပါမောက္ခ မိုဟာမဒ် ယူနွတ်စ်တို့ ဒါကာမြို့ နိုင်ငံတော်ဧည့်ရိပ်သာ ယမုံနာမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တယ်လို့ Dhaka Tribune သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ရခိုင်ဒေသအခြေအနေ၊ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားဖို့နဲ့ မြန်မာ့စစ်တပ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုတွေကို ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဆင့်ဖို့ ခုံရုံးကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။

ကရင်မ် ခန်းဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကြိုးပမ်းမှုနဲ့ လာမယ့် ၂၀၂၅ မှာကျင်းမယ့် ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အထူးညီလာခံကိုလည်း ထောက်ခံခဲ့ပြီး ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ခု ရရှိလာဖို့ မျှော်လင့်တယ်လို့ အကြံပေးချုပ်ကို ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးသူငယ်တွေရဲ့ အနာဂတ်က အရေးကြီးပြီး သူတို့ရဲ့ မျှော်လင့်ချက်ကို ကမ္ဘာကြီးက စားပွဲဝိုင်းပေါ်မှာ ရေရှည်တည်တံအောင် ဖော်ဆောင်ပေးရမှာ ဖြစ်တယ်လို့ အကြံပေးချုပ်က ပြောခဲ့ပါတယ်။

ရခိုင်ပြည်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည်တွေ သောင်းနဲ့ချီ ထပ်မံဝင်ရောက်လာမှု ရှိနေပြီး ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း ဘေးကင်းဇုံတစ်ခု တည်ဆောက်ဖို့ အကြံပေးအရာရှိချုပ်က ထပ်မံတောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာအရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Khaliliur Rahman၊ SDGs ရေးရာ အဓိက ညှိနှိုင်းရေးမှူး Lamiya Morshed နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နောက်ထပ် အတွင်းဝန် Riaz Hamidullah တို့ တက်ရောက်ခဲ့တဲ့ အဆိုပါ ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် တရားရုံးမှာ အပြည်ပြည်ဆိုင် ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ အိုင်စီစီ ရှေ့နေချုပ်က ပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ အိုင်စီစီရဲ့Rome Statute မှာပါဝင်တဲ့ ပထမဦးဆုံးသော အာရှနိုင်ငံတွေထဲကဖြစ်ပြီး လာမယ့်ရက်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာဖို့ မျှော်လင့်နေပါတယ်လို့ Rahman က ပြောကြားခဲ့ပါတယ်။

Source link👇
https://www.facebook.com/share/p/18fo7ySE19/

Address

Chittagong

Website

Alerts

Be the first to know and let us send you an email when Rohingya National News - RNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share