စစ်တပ်က ဖမ်းထားတဲ့ ဒေသခံတွေကို AAက ဒုတိယအကြိမ် ထပ်မံကယ်ထုတ်
DTV, 24-November-2023
တိုက်ပွဲတွေအတွင်း စစ်တပ်က ဓားစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပေါက်တောမြို့က ဒေသခံတွေနဲ့ နေအိမ်အတွင်း ပုန်းအောင်းနေရတဲ့ ဒေသခံတွေကို ဒုတိယအကြိမ်အနေနဲ့ ထပ်မံကယ်ထုတ်နိုင်လိုက်တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
အဲဒီလိုကယ်ထုတ်ရာမှာ မြို့ပေါ်နေရာ ၃ ခုမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၈ဦး သေဆုံးကာ ၁၈ဦးဒဏ်ရာရှိခဲ့တယ်လို့ AAက ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရဲ့လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိလိုက်ပြီး ကျန်ရှိနေသေးတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းလျက်ရှိတယ်လို့လည်း သိရပါတယ်။
ရခိုင့်တပ်တော်AAက ပြီးခဲ့တဲ့ နိုဝင်ဘာ၁၆မှရက်က ပေါက်တောမြို့မရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ပေါက်တောမြို့က
၁၀၂၇စစ်ဆင်ရေးစတင်ပြီး ဆယ်ရက်အတွင်း AAက စခန်းပေါင်း ၄၀ကျော်ကို သိမ်းပိုက်ထား
DTV, 23 November 2023
“စစ်ဆင်ရေးစတင်ခဲ့တဲ့ နိုဝင်ဘာ၁၃ရက်နေ့မှာတင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို AAက သိမ်းပိုက်နိုင်ခဲ့ပြီး နောက်တစ်ရက်မှာတော့ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#democratictv #yakhine #AA
ကျင်စန်းကျော့ဂိတ်က မီးလောင်မှုကြောင့် ကုန်တင်ကားစီးရေ ၁၀၀ကျော် ပျက်စီး
DTV, 23-November-2023
စစ်တပ်က တပ်စွဲထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကုန်တင်ကားဝင်းအတွင်း မီးလောင်မှုကြောင့် ကုန်တင်ကားစီးရေ ၁၀၀ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ခုတော့ မီးသတ်ကားနဲ့မီးငြိမ်းနေပြီ ခန့်မှန်းစီးရေက ၁၀၀ကျော်တယ် ကုန်တင်ကားတစ်စီးရဲ့ တန်ဖိုးက နည်းတာမဟုတ်ဘူး"လို့ ဒေသခံက ဆိုပါတယ်။
ကားအများစုက ဆီကုန်နေတာအပြင် ဘက်ထရီဝပ်နေတာကြောင့် မီးလွတ်ရာကို မောင်းသွားပေးလို့မရဘဲ ပျက်စီးဆုံးရှုံးမှုကို ပိုများသွားတယ်လို့ သိရပါတယ်။
"ခန့်မှန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူး ကုန်တင်ထားတဲ့ တန်ဖိုးအပေါ် မူတည်နေတော့ ခန့်မှန်းလို့မရသေးဘူးလို့" ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်
စစ်တပ် စခန်း၁၆၄ခုအထိ MNDAA သိမ်းပိုက်ထား
DTV, 23 November 2023
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်စခန်း ၁၆၄ခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကိုးကန့်တပ် MNDAAက သတင်းထုတ်ပြန်ပါတယ်။
MNDAAဟာ မနေ့နိုဝင်ဘာလ ၂၂ရက်နေ့က ကိုးကန့်ရင့်ရှင့်နေရာမှာရှိတဲ့ စစ်တပ်စခန်း၂ခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အခုဆိုရင် စစ်တပ်စခန်း စုစုပေါင်း ၁၆၄ခုကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းမြောက်မှာ MNDAAအပါအဝင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ရက်နေ့ကစလို့ ၁၀၂၇စစ်ဆင်ရေးနာမည်နဲ့ မြို့သိမ်းတိုက်ပွဲတွေကိုဆင်နွှဲနေပြီး စစ်တပ်စခန်းပေါင်းရာချီနဲ့ နယ်စပ်မြို့တစ်ချို့ကိုလည်းသိမ်းပိုက်ထားပါတယ်။
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါ
အသက်မပြည့်သေးတဲ့ကိုရင်သုံးပါးကို လူဝတ်လဲပြီးစစ်မှုထမ်းခိုင်း
DTV, 22 November 2023
“ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က ဟေမိုးလုံ သာသနာပြုကျောင်းမှာ ရှိနေတဲ့ ကိုရင် ၂၆ ပါးကို တိုက်ပွဲတွေဖြစ်တော့မှာကြောင့် ဘေးလွတ်ရာကို ပို့ပေးမယ်ဆိုပြီး MNDAAက ခေါ်ဆောင်သွားတာပါ”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#democratictv #MNDAA
လောက်ကိုင်မြို့ကို ဝင်တိုက်နေပြီလို့ သတင်းတွေထွက် ပေါ်
DTV, 22 November 2023
ရှမ်းနယ်မြောက်ပိုင်းက ကိုးကန့်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ လောက်ကိုင်မြို့ကို ဝင်တိုက်နေပြီလို့ သတင်းတွေထွက်ပေါ်နေကြောင်းသိရပါတယ်။
''လောက်ကိုင်ကို ဒီမနက် အာရုဏ်တက်ချိန်ကတည်းက စတိုက်နေတာ'' လို့ စစ်ရေးအခြေအနေကို သိတဲ့ သတင်းအရင်းအမြစ်တစ်ဦး က DTV ကိုပြောပါတယ်။
ဒီကနေ့မှာပဲ လောက်ကိုင်မြို့အထွက် လမ်းမပေါ်ကို လက်နက်ကြီးကျည်ကျ တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိတယ် လို့ သိရပါတယ်။
ပြီးခဲ့တ့ရက်ပိုင်းကတော့ MNDAA က လောက်ကိုင်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေကိုမိမိတို့နိုင်ငံ ပြန်ကြဖို့နဲ့ လောက်ကိုင်မှာနေထိုင်တဲ့ အရပ်သားတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးဌာနနဲ့ တပ်စခန်းတွေရဲ့ အဝေးမှာ နေကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democrac
စစ်တပ်က ဓားစာခံအနေနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူ၁၀၀ကျော်ကို AAကယ်ထုတ်
DTV, 22-November-2023
တိုက်ပွဲတွေအတွင်း စစ်တပ်က ဓားစာခံအနေနဲ့ လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးထားတဲ့ ပေါက်တောမြို့က ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူ ၁၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ AAက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
ရခိုင့်တပ်တော်AAက ပြီးခဲ့တဲ့ နိုဝင်ဘာ၁၆မှဦ ပေါက်တောမြို့မရဲစခန်းကို သိမ်းပိုက်ပြီးနောက် စစ်အုပ်စုက ပေါက်တောမြို့ကို ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ၂၁ရက်မှာတော့ AAက ပေါက်တောမြို့က စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ရက်ကြာဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုကယ်ထုတ်ရာမှာလည်း နှစ်ဘက်တိုက်ပွဲတွေပြင်းထန်ခဲ့
သေဆုံးသွားပြီလို့ စစ်တပ်ကဝါဒဖြန့်ထားတဲ့ လွိုင်ကော်တက္ကသိုလ်ပါချုပ်နဲ့ဝန်ထမ်းနှစ်ရာကျော် ဘေးကင်းလျက်ရှိ
DTV, 21-November-2023
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ သတ်ဖြတ်ခံလိုက်ရပြီလို့ ဝါဒဖြန့်ထားတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဆရာ၊ဆရာမတွေ ဘေးကင်းလုံခြုံနေကြောင်း KNDFက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် ကိုသတ်ဖြတ်လိုက်တယ်လို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့်ခဲ့တာပါ။
"ကျွန်တော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ် လုံလုံခြုံခြုံ ကျန်းကျန်းမာမာရှိကြောင်း ပြောချင်ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့အားလုံး ကျန်းကျန်းမာမာ လုံလုံခြုံခြုံနဲ့ နေရပါတယ်"လို့ ဦးခင်အောင်မြင့်က ရုပ်သံထဲမှာ ပြောဆိုထားပါတယ်။
၁၁၁
ကရင်နီမှာတစ်ပတ်အတွင်း အရပ်သား၅၀နီးပါးသေ
DTV, 20 November 2023
“တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ တစ်ပတ်အတွင်းအရပ်သားထိခိုက်သေဆုံးမှု ၅၀ နီးပါးရှိပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#democratictv #ကရင်နီ
လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းမှာကလေးငယ် ၈ဦးသေဆုံး
DTV, 17 November 2023
“ချင်းပြည်နယ်၊ မတူပီမြို့မှာ ကျောင်းသားတွေရဲ့ စာ ကျက်ဝိုင်းကို စစ်အုပ်စုက ဂျက်ဖိုက်တာနှစ်စီးနဲ့ တိုက် ခိုက်ခဲ့တာကြောင့် ကလေး၈ဦးအပါအဝင် ပြည်သူ၁၀ဦးကျော် သေဆုံးခဲ့ပါတယ်”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#Democratictv #ချင်း #မတူပီ #ဗုံးကြဲ
သုံးရက်အတွင်းစစ်သားနဲ့ရဲ၂၀၀ကျော် လက်နက်ချအလင်းဝင်
DTV, 16 November 2023
“မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ နိုဝင်ဘာ ၁၂ ရက်နေ့က စစ်တပ် တပ်ဖွဲ့ဝင် ၁၂၇ ဦး ကိုးကန့် MNDAA တပ်တွေထံ လက်နက်ချခဲ့ကြတဲ့ ဖြစ်စဉ်ဟာဆိုရင် အာဏာသိမ်းပြီးနောက် စစ် တပ် အဖွဲ့ဝင်တွေ အများဆုံး လက်နက်ချအလင်းဝင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#Democratictv #လက်နက်ချ #ရဲ #စစ်သား
စစ်ရေးတင်းမာနေတဲ့လောက်ကိုင်မှာ စစ်အုပ်စုက ရာထူးအပြောင်းလဲပြုလုပ်
DTV, 16 November 2023
“စစ်တပ်ဟာ လောက်ကိုင်မြို့ကို လက်ရှိဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစမှူး) ဗိုလ်မှူးချုပ် မိုးကျော်သူ နဲ့ အတူ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ကိုပါ အားဖြည့်လိုက်တာဖြစ်ပါတယ်”
Democratic Tvရဲ့ သတင်းတွေကို Youtube channel
https://www.youtube.com/@democractictv2856
နဲ့ Telegram Channel
https://t.me/democratictv
တို့မှာလည်း ကြည့်ရှူနိုင်ပါတယ်။
#Democratictv #လောက်ကိုင် #mndaa #myanmar