Burma CJ Platform - English Edition

Burma CJ Platform - English Edition We Are Freedom And Voices.

A Village Living in Harmony with BatsCJ PlatformIn Myanmar, there's a village where humans and fruit bats coexist peacef...
07/02/2025

A Village Living in Harmony with Bats

CJ Platform

In Myanmar, there's a village where humans and fruit bats coexist peacefully. The locals protect and preserve the bats that come to their village, never harming them. These bats, in turn, help keep the area green by dispersing seeds from the fruits they consume around the village.

This village is U Aie Kyin village in Sagaing Township, Sagaing Region. The Mu River, a tributary of the Ayeyarwady River, surrounds the village in ’Inverted U-curve’. Bats have been living in U Aie Kyun village for over 50 years now. According to village elders, a colony of bats first arrived in the village in 1972 (Myanmar Year 1333).

Initially, when the bats began roosting in a large tree at the village entrance, the locals were afraid. When they approached their revered monk about driving the bats away, the monk advised them to show compassion and allow the bats to stay. This marked the beginning of their coexistence.

Today, U Aie Kyun village is widely recognized as the village where large trees at the entrance are filled with bats. As one local man explains, "There must be over ten thousand bats now. They first arrived in the year 1333 (Myanmar calendar). When they came circling down and started roosting in the branches, we consulted the monastery's head monk, who instructed us not to harm the bats and led the effort to protect them."

It's fascinating to see the bats hanging upside down from the branches of the four large trees at the village entrance - they look like fruits covering the entire trees. Being fruit-eaters, these bats have helped make the surroundings of U Aie Kyun village greener by dispersing seeds through their droppings. As nocturnal creatures, they sleep in the large trees during the day, adding to the village's unique charm.

Bats play a crucial role in the ecosystem by feeding on fruits, pollen, and nectar. Among the many bat species, Myanmar is home to more than 10 species, including the Indian Flying Fox (Pteropus giganteus) and Lesser Short-nosed Fruit Bat (Cynopterus brachyotis). While some people dislike bats for feeding on orchard fruits, the residents of U Aie Kyun village don't share this animosity.

Bats are important pollinators, especially for night-blooming flowers, and some plants rely exclusively on bats for pollination. They help regenerate forests by dispersing seeds after consuming fruits. Additionally, insectivorous bats help control insect populations at night, which benefits agriculture and reduces the need for pesticides. The villagers of U Aie Kyun understand these benefits well.

Their protection of the bats demonstrates that humans and nature can coexist harmoniously. These actions represent an important step in preserving the environment for future generations.

We are excited to introduce a new segment of the CJ Platform, called “CJ Report.”The CJ Platform is a news agency dedica...
21/01/2025

We are excited to introduce a new segment of the CJ Platform, called “CJ Report.”

The CJ Platform is a news agency dedicated to fostering the growth of Citizen Journalists (CJs), aiming to combat the suppression of information and ensure transparency. Through its foundational journalism training programs, the CJ Platform has trained and empowered over 160 CJs, who are now actively engaged in the fight for press freedom on the ground.

The “CJ Report” segment has been launched to provide the public with real-time updates about events and developments happening in their communities. While the updates from this segment will deliver information quickly, they will not serve as comprehensive news articles. To obtain complete and detailed reports, the CJ Platform’s reporters and CJs will continue to investigate and provide follow-up coverage of the events.

If you want to stay informed about the latest happenings and breaking updates from across different regions, be sure to follow the “CJ Report” segment regularly.

For CJs who wish to contribute and share news updates, simply scan the QR code shown in the image or search for on Telegram to submit your information.

CJ Platform ရဲ့ ကဏ္ဍ အသစ်တစ်ခုဖြစ်တဲ့ “CJ Report” ဆိုတဲ့ ကဏ္ဍလေးကို မိတ်ဆက်ပေးချင်ပါတယ်။CJ Platform သတင်းဌာနဟာ မြေပြင်မှ...
21/01/2025

CJ Platform ရဲ့ ကဏ္ဍ အသစ်တစ်ခုဖြစ်တဲ့ “CJ Report” ဆိုတဲ့ ကဏ္ဍလေးကို မိတ်ဆက်ပေးချင်ပါတယ်။

CJ Platform သတင်းဌာနဟာ မြေပြင်မှာ Citizen Journalists ပိုမိုပြီးတော့ များပြားလာပြီး သတင်းအမှောင်ချမှုတွေကနေ ကာကွယ်နိုင်ဖို့ CJ အများအပြားကို မွေးထုတ်ပေးနေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။

CJ Platform ကဖွင့်လှစ်တဲ့ အခြေခံသတင်းစာပညာသင်တန်းတွေကို တက်ရောက်ပြီး မြေပြင်မှာ သတင်းလွတ်လပ်ခွင့် တိုက်ပွဲဝင်နေကြတဲ့ CJ ပေါင်း ၁၆၀ဦးကျော်ထိ ရှိပါတယ်။

သူတို့ဒေသမှာ ဘာတွေထူးနေသလဲ ဘာတွေဖြစ်နေသလဲဆိုတာကို ပြည်သူတွေ အမြန်ဆုံး သတင်းအချက်အလက် ရရှိနိုင်ဖို့ အမြန်ဆုံး ပေးပို့တင်ဆက်နိုင်ဖို့အတွက် ဒီ “CJ Report”ဆိုတဲ့ ကဏ္ဍ အသစ်လေးကို စတင်ရခြင်း ဖြစ်ပါတယ်။

ဒီကဏ္ဍလေးမှာ သတင်းအချက်အလက်တွေကို အမြန်ဆုံးရရှိနိုင်မှာဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ သတင်းတစ်ပုဒ်ကိုတော့ ဖတ်ရှုနိုင်မှာ မဟုတ်ပါဘူး။

သတင်းအပြည့်အစုံတွေကို ဆက်လက် ဖတ်ရှုနိုင်ဖို့ကိုလည်း CJ Platform ရဲ့ သတင်းထောက်တွေနဲ့ CJ တွေကနေ နောက်ဆက်တွဲ သတင်းအခြေအနေကို လိုက်လံစုံစမ်း မေးမြန်းပြီးတော့ ထပ်မံ ဖော်ပြသွားပါမယ်။

ဘယ်နေရာမှာ ဘာထူးနေလဲပြီဆိုတာကို သိချင်ကြတယ်ဆိုရင်တော့ ဒီ “CJ Report” ကဏ္ဍလေးကို အမြဲစောင့်ကြည့်နေဖို့ လိုမယ်နော်။

“CJ Report” ကဏ္ဍလေးအတွက် သတင်းတွေ ပေးပို့လိုသူ CJ တွေအနေနဲ့လည်း ပုံလေးမှာ ဖော်ပြထားတဲ့ QR လေးကို Scan ဖတ်ပြီးတော့ ဖြစ်စေ၊ ဆိုပြီး Telegram မှာ ရှာဖွေပြီးတော့ ဖြစ်စေ။ သတင်းအချက်အလက်တွေကို ဝေမျှ ပေးပို့နိုင်ပါပြီ။

ညီညွတ်ကြစို့CJ Platformလမ်းချင်းတူလျှင် လူချင်းဆုံမည်ဟု ဆိုကြသည်။ ရည်ရွယ်ချက် ပန်းတိုင်တစ်ခုတည်းကိုသာ အတူတူလျှောက်လှမ်းပ...
01/01/2025

ညီညွတ်ကြစို့

CJ Platform

လမ်းချင်းတူလျှင် လူချင်းဆုံမည်ဟု ဆိုကြသည်။ ရည်ရွယ်ချက် ပန်းတိုင်တစ်ခုတည်းကိုသာ အတူတူလျှောက်လှမ်းပါက ပန်းတိုင်တစ်ခုတွင် သေချာစွာ ဆုံဆည်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။

မီးရထားသံလမ်းများသည် လမ်းချင်တူသည်။ သို့သော် ၎င်းတို့ချင်း ဆုံဆည်းရန် မဖြစ်နိုင်ပေ။ သို့သော် ၎င်းတို့ ကျောထက်တွင် သယ်ပိုးထားသည့် မီးရထားတစ်စင်းကိုတော့ လိုရာ ခရီးသို့ ပို့ဆောင်ပေးနိုင်ကြသည်။ ၎င်းတို့ချင်း ခွဲခွာခြင်း ခွဲခြားခြင်းမရှိ။ မည်သည့် သံလမ်းက ပိုမိုဝန်ထမ်းရသည်ဟု တိုင်းတာမှုသည်လည်း မရှိပေ။ ၎င်းတို့ ရည်ရွယ်ချက် ပန်းတိုင်သည် ရထားတစ်စင်း သွားလိုရာခရီးကို ဖြောင့်ဖြူးစွာ ပို့ဆောင်ရန်သာဖြစ်သည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် အချိန်ကာလအားဖြင့် (၄)နှစ်နီးပါးသို့ ရောက်ရှိလာပြီဖြစ်သည်။ လူသားကလေးငယ်တစ်ဦးဆိုပါက စကားတီတီတာ ပြောတတ်လာပြီး ကိုယ့်ခြေထောက်ငယ်ကို ကိုယ်တိုင်အားကိုးကာ သွားလာနေနိုင်ပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အလိုမရှိ တွန်းလှန်ရာမှ စတင်ခဲ့သည့် မြန်မာ့နွေဦးသည် စစ်အာဏာရှင်ပြုတ်ကျရေးမှသည် ပန်းတိုင် အသီးသီး ကိုင်ဆွဲခဲ့ကြသည်။

လမ်းချင်းတူသူတွေ ပန်းတိုင်တစ်ခုတွင် ဆုံဆည်းစ ပြုနေကြပြီ ဖြစ်သည်။ စစ်ကောင်စီသည် နိုင်ငံတဝန်း မြို့ပေါင်း (၉၀)ထက်မနည်း လက်လွှတ်ခဲ့ရပြီးဖြစ်သည်။

ဆုံဆည်းရန် မလွယ်ကူသည့် ရထားသံလမ်းသည်လည်း မိမိတာဝန်ဖြစ်သည့် မီရထားတစ်စင်းကို လိုရာပန်းတိုင်သို့ ပို့ဆောင်ရန်အတွက် ကောင်းမွန်သော ပြိုင်ဆိုင်မှု ဖြစ်ရန် လိုအပ်သည်။

CJ Platform သည် “ We Are Freedom And Voice “ ကို လက်ကိုင်ပြုသည်။ CJ Platform သည် ပြည်သူ့ထံတွင်သာ သစ္စာခံသည်။ လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း CJ Platform အနေဖြင့် ပြည်သူ့ထံသာ မျက်နှာမူကာ သတင်းများ တင်ဆက်ခဲ့သည်။ အချို့နှစ်သက်ကြသလို အချို့နှစ်သက်မှု မရှိခဲ့ကြပေ။ မည်သို့ပေဆိုစေကာမူ CJ Platform အနေဖြင့် ပြည်သူ့ထံသာ ဆက်လက်မျက်နှာမူကာ ၂၀၂၅ ခုနှစ်ကို ဖြတ်သန်းမည်ဖြစ်သည်။

🖋အယ်ဒီတာ

#အယ်ဒီတာ့အာဘော်

နှစ်သစ်ဆုတောင်းCJ Platformမကြာသေးမီ အချိန်ကလေးကပင် မိမိတို့ ၂၀၂၄ ဆိုသည့် နှစ်တစ်နှစ်၊ ကိန်းဂဏန်းတစ်ခုကို ထားရစ်ခဲ့ရပြီဖြ...
31/12/2024

နှစ်သစ်ဆုတောင်း

CJ Platform

မကြာသေးမီ အချိန်ကလေးကပင် မိမိတို့ ၂၀၂၄ ဆိုသည့် နှစ်တစ်နှစ်၊ ကိန်းဂဏန်းတစ်ခုကို ထားရစ်ခဲ့ရပြီဖြစ်သည်။ မိမိတို့ မည်သည့်အရာများ ပြုလုပ်ခဲ့သည့်အတွက် မည်သည်တို့ ကျန်ခဲ့ပြီး မိမိနောက်က ထက်ကြပ် ကပ်လိုက်လာပါသနည်း။ စဉ်းစားတွေးတော သင့်ပေသည်။

မိမိတို့ မြန်မာနိုင်ငံကြီး အတိဒုက္ခရောက်နေသည်မှာ ၂၀၂၄ တစ်နှစ်တည်းမဟုတ်ခဲ့ဘဲ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ စသည့်ခုနှစ်သက္ကရာဇ် လေးခုပြောင်းခဲ့ရပြီဖြစ်သည်။ ၂၀၂၅ ဆိုသည့် ခုနှစ်တွင်လည်း အလားတူ အဆိုးနွံထဲတွင် တဝဲလည်နေပါမည်လော။ တစ်ဦးချင်း၊ တစ်ယောက်ချင်း စဉ်းစားတွေးတော သင့်ပေသည်။ စဉ်းစားတွေးတော ကြပါကုန်လော့…

အမှန်ကို မြင်၍ အမြင်မှန်များ ရကြပါလော့…

တစ်ဦးချင်းက မစဉ်းစားဘဲ၊ မတွေးတောဘဲ ချန်လှပ်ထားပါက မိမိ၊ သူတစ်ပါးအပါအဝင် တစ်ပြည်သားလုံး အာဏာရှင်ဝဲဂယက်တွင် ဆက်လည်နေပေဦးမည်။

မိမိတို့သည် အာဏာရှင်နိဂုံးကို မြင်တွေ့လိုကြပေသည်။ ဤသည်မှာ တစ်ပြည်လုံး ဆန္ဒ… တစ်ပြည်လုံး ရည်သန်ရာ…

ထို့ကြောင့် အောင်ပွဲတွေ ဝေခဲ့သော ၂၀၂၄ အပြီးတွင် ၂၀၂၅ သည် နေပြည်တော်သို့ အောင်လံလွှင့်ချီရတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၂၅ သည် အာဏာရှင်အားလုံး(အားလုံး) နိဋ္ဌိတံပြီး ဓမ္မတရားများထွန်းပေါ်ကာ ပြည်သူ/ပြည်သားအားလုံး ဆန္ဒနဲ့ ဘဝထပ်တူကြသည့် နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း CJ Platform ဝိုင်းတော်သားများက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

🖋အယ်ဒီတာ

#နှစ်သစ်ဆုတောင်း

◼️ လူသတ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချတာနဲ့ပတ်သက်ပြီး စလင်းက တော်လှန်ရေးအဖွဲ့တွေ သဘောထားကွဲလွဲနေ◼️ NUG နှုတ်ဆိတ်နေCJ Pl...
09/12/2024

◼️ လူသတ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချတာနဲ့ပတ်သက်ပြီး စလင်းက တော်လှန်ရေးအဖွဲ့တွေ သဘောထားကွဲလွဲနေ
◼️ NUG နှုတ်ဆိတ်နေ

CJ Platform

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ လူသတ်မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ချတာနဲ့ပတ်သက်ပြီး စလင်းတော်လှန်ရေးအဖွဲ့တွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ပထမပတ်အတွင်း ကြေညာချက်တွေအသီးသီး ထုတ်ပြန်နေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေ ဂုန်ညှင်းနွယ်ရွာမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဦးစံ(၄၂ နှစ်)က အဓမ္မပြုကျင့်ပြီးနောက် ရက်ရက်စက်စက်သတ်ဖြတ်မှုကို နိုဝင်ဘာ ၁၅ ရက်နေ့က သေဒဏ်ချမှတ်လိုက်တဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာပါ။

"ကျွန်တော်တို့အားလုံးမှာ သေဒဏ်စီရင်ခွင့်မရှိပါဘဲ စီရင်ခြင်း၊ မြို့နယ်ပအဖလို့ သုံးစွဲခဲ့ခြင်းတွေကြောင့်သာ တရားဝင်စာထုတ်ကန့်ကွက်ခဲ့ရတာဖြစ်ပါတယ်" လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီပအဖက သေဒဏ်စီရင်မှုဟာ လူသားစာနာ တာဝန်ခံ မဟန်နီကန်တစ်ယောက်တည်းရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပအဖဆီ အသိပေးတာနဲ့ အကြောင်းကြားတာမျိုး လုံး၀မရှိခဲ့တာကြောင့် ပအဖနဲ့ မသက်ဆိုင်ဘူးလို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"ကျွန်မတို့ အုပ်ချုပ်ရေးအနေနဲ့ တရားရေးတာဝန်ခံတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုမရှိပေမဲ့ ကြားထဲကနေ တာဝန်ခံတိုင်းအဆင့်ဆင့်ကနေ ပေးပို့ထားမှုနဲ့ ဖုန်း Call နဲ့ပေးပို့မှုတွေရှိပါတယ်။ ကျွန်မ မြေပြင်မှာ အသေးစိတ်တိုင်းကို တာဝန်ခံဆီကိုရော ရုံးပိုင်းကိုရော Report လှမ်းပေးတယ်။ သူတို့က မြေပြင်နဲ့ ကြားကာလဗဟိုနဲ့ Communicate လုပ်ပေးရမှာ သူတို့အလုပ်ပါ" လို့ မဟန်နီကန်က ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်စွဲနဲ့ထုတ်ပြန်ချက်ထဲ “မြို့နယ်အတွင်းဆိုးဆိုးရွားရွားဖြစ်ပျက်သွားတဲ့ လူသတ်မုဒိန်းမှုကိုတောင် အာရုံမထား၊ ဂုန်ညှင်းနွယ်ရွာတောင် မရောက်ဘဲ အခုလိုကန့်လန့်တိုက်တာကို ရှုတ်ချပြီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်” လို့ ဆိုထားပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့က CJ Platform ဖော်ပြခဲ့တဲ့သတင်းထဲ ပြန်လည်ဖြေဆိုပေးခဲ့တဲ့ စလင်းမြို့နယ်ပအဖရဲ့ ဥပဒေရေးရာ ပူးတွဲတာဝန်ခံ မဟန်နီကယ်၊ ဂုန်ညှင်းနွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပကဖတာဝန်ခံ၊ သတင်းထောက်လှမ်းရေးတာဝန်ခံတို့ရဲ့ လက်မှတ်တွေနဲ့အတူ တာဝန်ရှိသူ ခုနစ်ဦးရဲ့လက်မှတ်တွေနဲ့ ထုတ်ပြန်ထားတာပါ။

"ဥပဒေရုံးအဖွဲ့ကို ကျွန်တော်တို့ မြို့နယ် Meeting ထိုင်ပြီး နို၀င်ဘာ ၁၄ ရက်နေ့က တိုင်ပင်လုပ်ခဲ့တာပါ။ လူကုန်ကူးမှုတောင် ဘာမှလုပ်မပေးတာ လျှို့၀ှက်ပြီးလုပ်ခဲ့တဲ့အမှုတောင် အခု တအားနာမည်ကြီးသွားတဲ့ အမှုဆိုတော့ Media အား၊ ပြည်သူအားနဲ့ မဖြစ်မနေလုပ်လိုက်ရတာ" လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

မှုခင်းအတိုင်း ဆက်လက်စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့လည်း မှုခင်းဖြစ်ပေါ်ပြီးနောက် လုပ်ငန်းစဥ်တွေနဲ့ စီရင်ချက်ချနိုင်ရေးအတွက် မြို့နယ် ပကဖဘက်က ထောက်လှမ်းရေးကလည်း တာ၀န်ရှိသူတွေဆီ တင်ပြခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဦးစံကို ပြစ်ဒဏ်စီရင်ရတာမျိုးမရှိသေးဘဲ စလင်းမြို့နယ် ပအဖအချုပ်ထောင်မှာ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စလင်းတော်လှန်ရေးအဖွဲ့တွေရဲ့ မိခင်ဌာန အမျိုးသားညီညွှတ်ရေးအစိုးရဆီ CJ Platform က ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။

ဒါ့အပြင် NUG ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြောတာမျိုး ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ မရှိသေးပါဘူး။

ဒါ့အပြင် စလင်းမြို့နယ်မှာ ဒီနှစ် ၂၀၂၄၊ သြဂုတ်လ ၂၃ ရက်နေ့က လူကုန်ကူးမှုနဲ့ ဖမ်းမိထားတဲ့ အသက် ၂၀ ကျော်အရွယ် လင်မယားနှစ်ယောက်(မြို့နယ်ပကဖက နာမည်တွေထုတ်မပြောသူတွေ)ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့မှာ စာအမှတ် ၀၁၄/စလ အနေနဲ့ တရားရေးဌာနကို ဦးတိုက်ပေးပို့စရာမလိုဘဲ ကြားကာလဗဟိုကိုသာလိပ်မူပေးပို့ပါဆိုတဲ့အတွက် တာဝန်ခံဆီ ပေးပို့ထားတယ်လို့ မဟန်နီကန်က ပြောပါတယ်။

အဲဒီအမှုကိုတော့ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့အထိ ပြစ်ဒဏ်ချမှတ်နိုင်ခြင်းမရှိသေးပါဘူး။

🖋 Justino

ဓာတ်ပုံ - စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

ပုံစာ- စလင်းမြို့နယ်မှာ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံ

#စလင်းမြို့ #မုဒိမ်းမှု #ဦးစံ

“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်နေ့အထိ) CJ Platform “အဖွင့်ဈေးအတိုင်းပိတ်တဲ့ရွှေဈေး” ဒီတစ်ပတ်ထဲ ပြည်တ...
09/12/2024

“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဒီဇင်ဘာ ၂ ရက်ကနေ ၇ ရက်နေ့အထိ)

CJ Platform

“အဖွင့်ဈေးအတိုင်းပိတ်တဲ့ရွှေဈေး”

ဒီတစ်ပတ်ထဲ ပြည်တွင်းရွှေဈေး အတက်အကျများခဲ့ပေမဲ့ အဖွင့်နေ့ကဈေးနီးပါးအတိုင်း ပြန်လည်ပိတ်သွားတာ တွေ့ရပါတယ်။

ဒီဇင်ဘာပထမပတ် ရွှေဈေးကွက်အတွင်း အဖွင့်နေ့ တနင်္လာမှာ အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၆၀ ငါးသောင်းနဲ့ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့ပါတယ်။ အမြင့်ဆုံးဈေးကတော့ ကြာသပတေးနေ့မှာ တစ်ကျပ်သား ၆၁ သိန်းခြောက်သောင်းအထိမြင့်တက်ခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့ တစ်ပတ်လုံးအတိုင်းအတာနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်တစ်သောင်း မြင့်တက်သွားတာတွေ့ရပါတယ်။

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးတွေကတော့ တစ်ပတ်အတွင်း တစ်ကျပ်သားကို တစ်သိန်းနီးပါးကျဆင်းသွားတာ တွေ့ရပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းတွေကတော့ ဒီတစ်ပတ်ထဲ အတက်အကျတွေများခဲ့ပေမဲ့ တစ်အောင်စကို အမေရိကန် ၄ ဒေါ်လာလောက် မြင့်တက်သွားတာ တွေ့ရပါတယ်။

ဒီတစ်ပတ် စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်း ငါးသောင်းကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်းတစ်သောင်းဈေးရှိပြီး YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၃ သိန်း သုံးသောင်းကျပ်ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန် ၂၆၃၃ ဒေါ်လာဖြစ်ပါတယ်။

🖋အကြင်နာ

Source – Myanmar Market Price

#ရွှေစျေး #ဒီတစ်ပတ်ရဲ့ကုန်စျေးနှုန်းတွေ

Facebook အစားထိုး စစ်ကောင်စီရဲ့ MySpace App ပြန်လည် အသက်ဝင်နေ CJ Platform ပြည်သူတွေ ဝိုင်းဝန်း Report ထုတာကြောင့် Play S...
09/12/2024

Facebook အစားထိုး စစ်ကောင်စီရဲ့ MySpace App ပြန်လည် အသက်ဝင်နေ

CJ Platform

ပြည်သူတွေ ဝိုင်းဝန်း Report ထုတာကြောင့် Play Store ကနေ ပျောက်ကွယ်သွားတဲ့ စစ်ကောင်စီရဲ့ MySpace Myanmar Application ဟာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ စတင်ပြီး အသုံးပြုသူတွေ များပြားစေဖို့ ဆွဲဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ နည်းပညာကျွမ်းကျင်သူတွေဆီက သိရပါတယ်။

မြန်မာပြည်တွင်း လူသုံးအများဆုံးဖြစ်တဲ့ Facebook နဲ့ အခြား Social Media တွေကို ပြည်သူတွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီးနောက် စစ်ကောင်စီဟာ MySpace Myanmar Application နဲ့ အစားထိုးဖို့ ပြန်လည်လုပ်ဆောင်လာတာပါ။

“Play store ကနေ ဖြုတ်ချခံရပြီး အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ Website ကနေပြန်ပြီးတော့ လည်ပတ်ဖို့ စတင်လာတယ်။ အရင် အကောင့်ဖွင့်ထားဖူးတဲ့သူတွေကိုလည်း Email တွေပို့တယ်။ သူတို့က တူရကီက Wonder ကို အခြေခံပြီးတော့ သူတို့ လုပ်ထားတာ။ Play Store ကိုတော့ သူတို့ ပြန်မတင်နိုင်သေးဘူး။ လုံခြုံရေးအရ ယုံကြည်စိတ်ချရတဲ့ App တစ်ခု မဟုတ်ဘူးလို့ပဲ ယူဆပါတယ်” လို့ နည်းပညာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက လုပ်ဆောင်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက Facebook ကို ပိတ်ပင်ပြီးနောက် အစားထိုးလူမှုကွန်ရက်တစ်ခုကို အသုံးပြုစေမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီနှစ် ၂၀၂၄၊ မတ်လဆန်းပိုင်းမှာ MySpace ဆိုတဲ့ App တစ်ခုကို ပြည်သူတွေအသုံးပြုဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိသူတွေက တိုက်တွန်းဆွဲဆောင်ခဲ့ပြီး မေ ၃၀ ရက်နေ့မှာ Facebook ကို VPN တွေ ချိတ်ဆက်မရအောင် စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။

ဇွန်လဆန်းပိုင်းမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက MySpace App ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းချုပ်ရယူမယ့် စစ်ကောင်စီရဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ပြည်သူတွေကလည်း စစ်ကောင်စီထိန်းချုပ်မှုကို လက်မခံလိုတာကြောင့် Play Store မှာရှိနေတဲ့ MySpace Myanmar ၊ MySpace Messenger ၊ MySpace Club တို့ကို ဝိုင်းဝန်း Report ထုခဲ့ကြတာကြောင့် စစ်ကောင်စီရဲ့ MySpace ဟာ Play store ကနေ ဖြုတ်ချခံရပြီး သူတို့ အကြံစည်ဟာ ရပ်တန့်ခဲ့ရပါတယ်။

MySpace ဘက်ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုချက်တွေကို ထုတ်ပြန်နေပြီး MySpace ဟာ Commercial App တစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ MySpace ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စတင်ရေးဆွဲတာလို့ ဆိုပါတယ်။

ဒီ App ကို ရေးဆွဲနိုင်ဖို့ အိန္ဒိယပညာရှင်တွေနဲ့ ပူးပေါင်းဖို့ လုပ်ဆောင်ခဲ့ပေမဲ့ မပူးပေါင်းဖြစ်ဘဲ မြန်မာ Developer တွေဟာ Open Source Product ကိုဝယ်ယူပြီး ပြင်ဆင်ရေးသားခဲ့တယ်လို့ သူတို့က ဆိုပါတယ်။

MySpace ဟာ Local Business Owner တွေ၊ SME Online Shopping တွေအတွက် Business Digital Platform အဖြစ် အသုံးပြုနိုင်ဖို့ ရေးဆွဲတာလို့ ဆိုပေမဲ့ နည်းပညာကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်ထားတဲ့ App တစ်ခုသာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းယူခဲ့ချိန်ကနေ စတင်ပြီး ဒီနှစ် ၂၀၂၄၊ ဇူလိုင် ၃၀ ရက်နေ့အထိ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ သူတို့ကို ဝေဖန်ရေးသားခဲ့တဲ့ ပြည်သူ ၁၆၉၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Data for Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

🖋ပြည်စိုး

ငဖဲရှိ ချင်းရွာတွေဆီ ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ထားမှု လေးလကြာတဲ့အထိ ပြန်မဖွင့်ပေးသေး CJ Platform မကွေးတိုင်း...
13/09/2024

ငဖဲရှိ ချင်းရွာတွေဆီ ဆန်နဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ထားမှု လေးလကြာတဲ့အထိ ပြန်မဖွင့်ပေးသေး

CJ Platform

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ချင်းရွာတွေဆီ စစ်ကောင်စီက ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်ထားမှု လေးလကြာတဲ့အထိ ပြန်မဖွင့်သေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီ ချင်းရွာဒေသခံတွေဟာ PDF တွေကို ထောက်ခံအားပေးတယ်လို့ စွပ်စွဲပြီး မေလ ၁ ရက်နေ့ကနေစတင်ပြီး ဒီကနေ့အထိ စစ်ကောင်စီတပ်ဘက်က ပိတ်ထားတာဖြစ်ပါတယ်။

ဂုတ်စီးရိုး၊ စွန်ပျော်၊ မထုံး စတဲ့ကျေးတွေဟာ ဆန်နဲ့ စားသောက်ကုန်တွေ လုံးဝ သယ်ယူခွင့်မရဘဲ ကန်မြင့်ကန်၊ ဂုတ်ကြီး၊ လိုင်၊ လေသာ၊ လင်းတဲ၊ တုံးကြီး၊ နောင်၊ စပ်စီရွာနဲ့ တခြားကျေးရွာတွေကိုလည်း ဆန်တစ်အိတ်အပြည့် သယ်ယူခွင့်မပေးဘဲ စစ်ကောင်စီရဲ့ နတ်ရေကန် စစ်ဆေးရေးဂိတ်က ကန့်သတ်ထားတယ်လို့ သိရပါတယ်။

“ဆန် လုံးဝ သယ်လို့မရတဲ့ ရွာတွေဟာ တောလမ်းကနေ အနီးနားက ရွာတွေမှာ ဝယ်ရတယ်။ တခြား ရွာတွေကလည်း ဆန်တစ်အိတ် အပြည့်သယ်ယူရင် စစ်ဆေးခံရတယ်” လို့ အဲဒီဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဆန်နဲ့ စားသောက်ကုန်တွေ သယ်ခွင့်ပိတ်ထားတဲ့ ကျေးရွာတွေဟာ အရင်က အမ်း-မင်းဘူး ကားလမ်းအတိုင်း ဆိုင်ကယ်နဲ့ ပဒါန်းမြို့မှာ အဓိက ဝယ်ယူစားသုံးနေကြသူတွေဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ နတ်ရေကန်တပ်စခန်းမှ အင်အား ၄၀ ခန့်ဟာ စွန်ပျော်ရွာမှာ တပ်စွဲထားပြီး ရွာသားတွေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီက ကျေးရွာတွေမှာ ဆန်နဲ့ စားသောက်ကုန်တွေ သယ်ယူခွင့် ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရတယ်လို့ ဆိုကြပါတယ်။

“ငပိ၊ ဆား၊ ဟင်းချိုမှုန့်တွေဆိုလည်း လိုသလောက် သယ်လို့မရဘူး။ ဆန်ဆိုလည်း သူတို့ခွင့်ပြုသလောက် သယ်လို့ရတာ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့မှာ ပဒါန်းမြို့ ခဏခဏဆင်းနေရတယ်။ လူလည်းပင်ပန်းတယ်။ အလုပ်ပျက်တယ်။ ဆိုင်ကယ်ဓာတ်ဆီဖိုး ကုန်တယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီ ငဖဲမြို့နယ်က ကျေးရွာတွေမှာ ဒီနှစ် ဧပြီလ နောက်ဆုံးအပတ်ကစပြီး သြဂုတ်လ ၂၉ ရက်နေ့အထိ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့မှုဖြစ်ပွားပြီးနောက် ကျေးရွာတွေဆီ ဆန်နဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ခဲ့တာလို့ သိရပါတယ်။

“ဆန်နဲ့ ငါးပိ၊ ဆား၊ ဟင်းချိုမှုန့်တွေကို ရွာသားတွေက အများကြီးသယ်လာရင် သူတို့ဆီက ကျွန်တော်တို့ ရိက္ခာတွေရမှာ စစ်ကောင်စီက ကြောက်နေတာပါ။ ကျွန်တော်တို့မှာ ရိက္ခာလမ်းကြောင်းက သီးသန့်ရှိပြီးသားပါ။ ပြီးခဲ့တဲ့လတွေမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီက အထိနာများလို့ အခုလိုရွာသားတွေကို လျှောက်လုပ်နေတာပါ” လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွင်း အာဇာကျေးရွာက အသက်ကြီးပိုင်း ချင်းအမျိုးသား တစ်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ငဖဲမြို့နယ်က ချင်းရွာတွေမှာ စစ်ကြောင်းထိုးတဲ့ ငဖဲ ကပစ တပ်ရင်းနဲ့ နတ်ရေကန် တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ တောင်ယာနဲ့ ဥယျာဥ်ခြံတွေက သီးနှံတွေကိုလည်း ခိုးယူစားသုံးနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

🖋ဆလိုင်း

ဓာတ်ပုံ - လူမူကွန်ရက်

#မကွေးတိုင်း #ငဖဲမြို့ #အခြေခံ စားသောက်ကုန်

ဧရာဝတီတိုင်းအတွင်း ရဲဝန်ထမ်းဟောင်းတွေပါဝင်တဲ့ ခရိုင်အဆင့် လုံခြုံရေးကြီးကြပ်အဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီ ညွှန်ကြား CJ Platfo...
13/09/2024

ဧရာဝတီတိုင်းအတွင်း ရဲဝန်ထမ်းဟောင်းတွေပါဝင်တဲ့ ခရိုင်အဆင့် လုံခြုံရေးကြီးကြပ်အဖွဲ့ဖွဲ့ဖို့ စစ်ကောင်စီ ညွှန်ကြား

CJ Platform

ဧရာဝတီတိုင်းအတွင်း ရဲဝန်ထမ်းဟောင်းတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး ခရိုင်ကြီးကြပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ CJ Platform က စုံစမ်း သိရှိရပါတယ်။

လက်နက်ပေးကိုင်ဖို့ စိတ်ချရတဲ့ ရဲဝန်ထမ်းဟောင်းတွေကို စုစည်းကာ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာ၊ မအူပင်၊ ဖျာပုံ၊ ကျုံပျော်၊ မြန်အောင် စတဲ့ခရိုင်တွေမှာ အနည်းဆုံး ရဲဝန်ထမ်းဟောင်း ၁၅ ဦး ပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းဖို့ ညွှန်ကြားလာတာပါ။

“ကျွန်တော်တို့တော့ အမည်စာရင်းပါတယ်ဆိုလို့ ရပ်ကွက်ရုံးမှာ ဖောင်သွားဖြည့်လိုက်ရတယ်။ ဓာတ်ပုံရိုက်ယူထားတယ်။ ကြီးကြပ်အဖွဲ့လို့တော့ပြောတာပဲ။ အားလုံး ကိုးယောက်ပါ” လို့ နာမည်နဲ့ မြို့ မဖော်ပြလိုသူ ရဲဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်မှာတော့ ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းနေတဲ့ ပုသိမ်ခရိုင်နဲ့ မြန်အောင်ခရိုင်တွေမှာ ၁၅ ဦးပါ ကြီးကြပ်အဖွဲ့ကို နှစ်ဖွဲ့အထိ ဖွဲ့စည်းရမယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြို့နယ်အများစုမှာ ကြီးကြပ်အဖွဲ့အတွက် ရဲဝန်ထမ်းဟောင်းတွေကို စတင်ခေါ်ယူနေပြီဖြစ်ပြီး နာမည်၊ ဝန်ထမ်းလုပ်ကိုင်ခဲ့စဉ်က ကိုယ်ပိုင်အမှတ်၊ ရာထူး၊ မှတ်ပုံတင်အမှတ်၊ အရပ်၊ ကိုယ်အလေးချိန်၊ အသက်၊ မွေးသက္ကရာဇ်၊ သွေးအုပ်စု၊ ထင်ရှားတဲ့အမှတ်အသား၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ လူမျိုး/ဘာသာ၊ ပါဝင်ခဲ့တဲ့အဖွဲ့အစည်း၊ နေရပ်လိပ်စာ၊ မိဘ အမည်/အလုပ်အကိုင်/နေရပ်လိပ်စာ၊ ဇနီးအမည်/အလုပ်အကိုင်/နေရပ်လိပ်စာ၊ သားသမီးအမည်/အလုပ်အကိုင်/နေရပ်လိပ်စာနဲ့ ပြစ်ဒဏ်ကျခံဖူးခြင်းရှိ/မရှိတို့ကိုလည်း ဖြည့်သွင်းခိုင်းနေတယ်လို့ ကိုယ်တိုင် စာရင်းပေးခဲ့ရသူ နာမည်နဲ့ မြို့ မဖော်ပြလိုသူ ရဲဝန်ထမ်းဟောင်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ရဲဝန်ထမ်းဟောင်းတွေကို ခေါ်ယူရာမှာတော့ အခုအသစ်ဖွဲ့ဖို့ကြိုးပမ်းနေတဲ့ ပြည်သူ့စစ်တွေလိုပဲ အသက် (၃၅)နှစ်ကနေ (၆၅)နှစ်အထိကိုပါ ထည့်သွင်းခေါ်ယူနေတာပါ။

ဧရာဝတီတိုင်းအတွင်း မြို့နယ်အသီးသီးနဲ့ ကျေးရွာတွေမှာ အောက်ခြေ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့အတွက် အတင်းအကျပ် လုပ်ဆောင်နေတာတွေရှိနေပြီး အမည်စာရင်းပါဝင်သူတချို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖြစ်စဉ်တွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုက ခံတပ်ဖွဲ့တာပါ။ သင်တန်းတက်သူတွေ ဂိတ်တွေမှာ စောင့်ရမယ်။ တော်လှန်ရေးရဲဘော်တွေလာရင် ချဖို့ပြင်ဆင်တာ” လို့ ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လ ၁၆ ရက်နေ့မှာ ပြည်ထောင်စုအဆင့် “ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” ကို ဖွဲ့စည်းခဲ့ပြီးနောက် အခုလို ခရိုင်အဆင့်တွေမှာ ထပ်တိုးဖွဲ့စည်းလာတာပါ။

🖋လဂွန်းအိမ်

ပုံစာ - ဧရာဝတီတိုင်းအတွင်း ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးမှု လုပ်ဆောင်နေပုံ (ပုံဟောင်း)

#ဧရာဝတီတိုင်း #ရဲဝန်ထမ်းဟောင်း #ပြည်သူ့လုံခြုံရေး

19/08/2024

ဒီကနေ့ ဩဂုတ် ၁၉ ရက်အတွက် ထူးခြားသတင်းတင်ဆက်မှု(Daily CJ Report)

(၁) ကရင်လူမျိုးတွေရဲ့ လက်ချည်ပွဲတွေ ကျင်းပတဲ့သတင်း၊
(၂) တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူကို AA မလာခင် ‌စစ်ကောင်စီ စစ်အင်အားတိုးချနေတဲ့သတင်း၊
(၃) ငါန်းဇွန်က ငါန်းမြာကြီးရဲစခန်းကို PDF များဝင်သိမ်းလိုက်နိုင်တဲ့သတင်း၊
(၄) တော်လှန်ရေးတပ်တွေ ဝင်သိမ်းခဲ့တဲ့ ဒီပဲယင်းက ပြည်သူတွေရဲ့အခြေအနေ စတဲ့စတင်းတွေအပါအဝင် ဒီကနေ့ရဲ့ နောက်ဆုံးရ အထူးခြားဆုံးသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

YouTube တွင် ကြည်ရှုရန် >>> https://youtu.be/jz3wyHfl5h0

18/08/2024

“ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ဖို့ ကြိုးစားသော်ငြားလည်း”

YouTube တွင် ကြည်ရှုရန် >>>https://youtu.be/q5RooZWdroU

18/08/2024

“တစ်ရစ်ထပ်တိုးကြပ်ခံရတဲ့ နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်”

YouTube တွင် ကြည်ရှုရန် >>>https://youtu.be/43UgLAGvdqs

18/08/2024

“ကြောင်ခံတွင်း ပျက် ဝမ်ယိနဲ့ တောင်ပံကျိုး မင်းအောင်လှိုင်တို့ တွေ့ကြလေသော်”

YouTube တွင် ကြည်ရှုရန် >>>https://youtu.be/E0TO1qrN1Eg

18/08/2024

“ပန်းတွေနဲ့ဝေ တကောင်းမြေ”

YouTube တွင် ကြည်ရှုရန် >>> https://youtu.be/06-F4-Z7yeM

18/08/2024

“မင်းအောင်လှိုင် ဘယ်ပြေးမလဲ”

YouTube တွင် ကြည်ရှုရန် >>> https://youtu.be/PRGs8OH1FB4

#

18/08/2024

“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဩဂုတ် ၁၁ မှ ၁၇ ရက်အထိ)

CJ Platform

ဒီတစ်ပတ် ဩဂုတ် ၁၁ မှ ၁၇ ရက်အထိ စစ်ကောင်စီရဲ့အကျအဆုံးတွေကို ထပ်မံမြင်တွေ့ခဲ့ရသလို အလှုပ်အခပ်အများဆုံး ရက်သတ္တပတ်လို့ဆိုရပါမယ်။ အကြီးမားဆုံးလှုပ်ခပ်ခဲ့တာကတော့ မင်းအောင်လှိုင်ပြေးတော့မယ်လို့ တပ်တွင်းက သတင်းထွက်လာတာပါ။ နောက် ဝမ်ယိရဲ့ မြန်မာခရီးစဉ်သတင်းတွေကလည်း ထိပ်တန်းရောက်ခဲ့ပါတယ်။ ဒါ့အပြင် တကောင်းမြို့သိမ်းပိုက်နိုင်လိုက်တဲ့သတင်းနဲ့အတူ ပြည်ပထွက်အလုပ်လုပ်ခွင့် ထပ်ကြပ်တာ၊ ဘဏ်တိုးနှုန်းတွေ ထပ်တိုးတာ၊ နိုင်ငံတဝန်း စက်သုံးဆီတွေ ဆိုးဆိုးရွားရွားပြတ်လပ်နေတာ စတဲ့သတင်းတွေအပါအဝင် ထူးခြားသတင်းတွေကို အနှစ်ချုပ်ဖတ်ပြသွားမှာဖြစ်ပါတယ်။

YouTube တွင် ကြည်ရှုရန် >>> https://youtu.be/toUNQVyMrdU

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66945981411

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma CJ Platform - English Editionผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burma CJ Platform - English Edition:

วิดีโอทั้งหมด

แชร์