Htu San We describe true news and knowledge posts.
(1)

အွန်လိုင်းကနေ ငွေရှာချင်သူများ Telegram မှာ  လို့ရိုက်ရှာပြီး Join ပေးပါ။
28/08/2024

အွန်လိုင်းကနေ ငွေရှာချင်သူများ Telegram မှာ
လို့ရိုက်ရှာပြီး Join ပေးပါ။

ကမ္ဘာကျော် ဂျူး လူမျိုးတို့ရဲ့ မှတ်သားဖွယ်ရာ စကားကြီး (၅) ခွန်းမင်္ဂလာပါ ပရိတ်သတ်ကြီးရေ အခုပြောပြပေးမဲ့ အကြောင်း အရာလေးက...
23/08/2024

ကမ္ဘာကျော် ဂျူး လူမျိုးတို့ရဲ့ မှတ်သားဖွယ်ရာ စကားကြီး (၅) ခွန်း

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ အခုပြောပြပေးမဲ့ အကြောင်း အရာလေးကတော့ ကမ္ဘာကျော် ဂျူးလူမျိုးတို့ လိုက်နာ ကျင်သုံးကြတဲ့ မှတ်သားဖွယ်ရာ စကားကြီး ၅ ခွန်း အကြောင်းပဲ ဖစ်ပါတယ်။

၁ ဘယ်သူမှ မခိုးယူနိုင်သော အရာသုံးမျိုး

ဂျူးလူမျိုးတို့ ပြောကြတာတော့ လောကမှာ ဘယ်သူ တစ်ဉီးတစ်ယောက်ကမှ မိမိထံကနေပြီး ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်လို့ဆိုပါတယ်။ အဲ့ဒါတွေကတော့ မိမိတို့စားသုံးပြီး ဗိုက်ထဲကို ၀င်သွားပြီးတဲ့ အစားအစာ တွေအပြင် မိမိတို့ရဲ့ စိတ်နှလုံး လေ့လာဖတ်ရှူထားတဲ့ အိပ်မက်နဲ့ ဦးနှောက်ထဲအထိ စွဲမြဲစွာနဲ့လေ့လာ မှတ်သားထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။

၂ ကံကောင်းခြင်းနဲ့ ကံဆိုခြင်း

တစ်ကယ်တော့ လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းတွေ့နဲ့ ကံကောင်းခြင်း​တွေ ဆိုတာက ကွဲကွဲပြားပြား ခွဲခြား သတ်မှတ်ပြီးတော့ ခွဲခြားထားချင်း မရှိပါဘူး။ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ဒုက္ခ တနည်းပြောရရင် ကံဆိုးခြင်းပေါ့ အဲ့ဒီလိုကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ ကနေ မိတိုရဲ့ ကိုယ်စွမ်း ညာဏ်စွမ်းတေနဲ့ ရုန်းထွက် နိုင်ခဲ့ရင် ကံကောင်းခြင်းဖြစ်ပြီး အဲ့ဒီလို ရရှိထားတဲ့ ကံကောင်းခြင်းအပေါ် ဇိမ်ခံကာ ရစ်မူးနေရင်တော့ မိတ်ဆွေထံမှာ သေချာပေါက် ကံဆိုးခြင်းတွေ ဖြစ်လာမှာ မလွဲမသွေပါပဲ။

၃ စောင့်ဆိုင်းခြင်းရဲ့ အကျိုးရလာဒ်

တစ်ကယ်​တော့ သင်ရဲ့ဘဝ တစ်လျှောက်လုံးမှာ အကျိုးမရှိတဲ့ အရာတွေပေါ်မှာသာ အာရုံထားပြီး တောက်လျှောက်သာ စောင့်မျှော် နေမယ်ဆိုရင် သေချာတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ် လာပါလိမ့်မယ်။ အဲဒီ ရလာဒ်ကတော့ သင် အိုမင်း မစွမ်း ဖြစ်သွားခြင်းပါပဲ။

၄ အချိန်

လောကမှာ အချိန်ဟာ မိမိတို့တွေ့ကြုံ ခံစားခဲ့ရတဲ့ စိတ်ဝေဒနါကို ကုသပေးနိုင်တဲ့ သမားတော်ကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သင် တစ်ခု သိထားရမာကတော့ အချိန်ဟာ စိတ်ဝေဒနါကို ကုသပေးနိုင်ပေမဲ့ ပြဿနာကို ဖြေရှင်း ပေးနိုင်တဲ့ ဆရာ ကြီးတော့ မဟုတ်ဘူး ဆိုတာကတော့ သတိပြုရပါမယ်။

၅ နောင်တ

လောကမှာ လုပ်သင့် လုပ်ထိုက်တဲ့ အရာတွေကို မလုပ်ပဲ အချိန်ဖြုန်းကာ နေရင်တော့ မလွဲမသွေ ကြုံရမယ့် အရာကတော့ "နောင်တ" ရခြင်းပါပဲ။ ဒါကြောင့် ကြိုးစားပြီးမှ မလုပ်နိုင်ခဲ့လို့ နောင်တ ရရင်ရပါစေ မိမိမကြိုးစားခဲ့လို့ ရသွားတဲ့ နောင်တမျိုးတော့ မလိုချင်ပါနဲ့။

အဆုံးထိ ဖတ်ရှူအားပေးခဲ့ကြတဲ့ ပရိသတ်ကြီးတို့လည်း သာယာပျော်တဲ့ နေလေးတစ်နေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

22/08/2024

အခြေနေ နားမလည်ရင် မုဆိုးလဲ သားကောင်ဖြစ်ရတာပဲ

21/08/2024

ဒီလူတွေက သတ္တိကောင်းတာလား? ရူးမိုက်တာလား? ဒီလောက်ရေစီးနေတာကို

ကမ္ဘာ့အရုပ်ဆိုးဆုံးငါး BLOBFISH အကြောင်းလေးပြောပြချင်ပါတယ်။ဒီငါးကိုတော့ ဩစတေးလျ၊ တက်စမေးနီးယား နှင့် နယူးဇီလန် ကမ်းရိုးတ...
20/08/2024

ကမ္ဘာ့အရုပ်ဆိုးဆုံးငါး

BLOBFISH အကြောင်းလေးပြောပြချင်ပါတယ်။

ဒီငါးကိုတော့ ဩစတေးလျ၊ တက်စမေးနီးယား နှင့် နယူးဇီလန် ကမ်းရိုးတန်းတွေရဲ့ ရေနက်ပိုင်း ပေ ၄၀၀၀ လောက်မှာတွေ့နိုင်ပါတယ်။

သူတို့ကို ပထမဆုံးစတွေ့တာကတော့ ၂၀၀၃ ခုနှစ်က သြစတေးလျ ကမ်းလွန်ပင်လယ်ပြင်ရေနက်လေ့လာရေးတစ်ခုမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Blobfish မှာ ထူးခြားတာတစ်ခုရှိပါတယ်။ ဒါကတခြားငါးတွေလို ရေကူးရန် ငါးဆီပေါင်း မပါရှိပါဘူး။ သူ့အရေပြားအောက်မှာ ဂျယ်လီရည်လိုအလွှာတစ်ခုရှိပါတယ်။ ဒါကပဲ သူ့ကို ရေနက်ဖိအားကိုခံနိုင်ပြီး ရေကူးလို့ရစေတဲ့ သဘာဝရဲ့ လက်ဆောင်လို့ထင်ပါတယ်။ BLOBFISH ဟာ ရေကိုအကြာကြီးမြန်မြန်ဆန်ဆန်မကူးနိုင်ပါဘူး ဘာလို့လဲဆိုတော့ သူ့မှာပါတဲ့ အရိုးတွေဟာ အခြားငါးတွေထက်ပါးပြီး ကျိုးလွယ်လို့ဖြစ်ပါတယ်။

သူတို့ဟာ ပင်လဟ်ရေအောက်မှာတော့ ရုပ်က အခုလောက်ထိမဆိုးပါဘူး ရေပြင်ပေါ်ရောက်လာချိန်မှ ပတ်ဝန်းကျင်နဲ့ ပြင်းထန်တဲ့ ရေဖိအားတွေကြောင့် အခုလို ရုပ်ဆိုးလာရတယ်လို့ဆိုပါတယ်။

BLOBFISH တွေဟာ ပင်လယ် ရေနက်ပိုင်းလို ပြင်းထန်တဲ့ ဖိအားရှိတဲ့နေရာမှာ အရိုးပါးပါးလေးနဲ့ နေထိုင်နိုင်တာဟာ အံ့သြစရာတစ်ခုပါပဲဗျာ။

ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရွေးချယ်တင်ဆက်မှာမို့ ကျနော့ page လေးကို Like & follow လုပ်ခဲ့ကြပါအုံးဗျာ။

19/08/2024

ပေါ့ဆတဲ့ ဘက်ဟိုးသမားကြောင့် ကားသမားက အချောင် ဘဝကူးသွားရတယ်

သတ္တဝါတွေကို ကျောက်ရုပ်ဖြစ်စေတဲ့ အနီရောင်ရေကန်သတ္တဝါတွေကို ကျောက်ရုပ်ဖြစ်စေတဲ့နေရာ၊ ရဲရဲနီနေတဲ့ကန်ရေပြင်​၊ ထူးခြား ရှားပ...
19/08/2024

သတ္တဝါတွေကို ကျောက်ရုပ်ဖြစ်စေတဲ့ အနီရောင်ရေကန်

သတ္တဝါတွေကို ကျောက်ရုပ်ဖြစ်စေတဲ့နေရာ၊ ရဲရဲနီနေတဲ့ကန်ရေပြင်​၊ ထူးခြား ရှားပါးတဲ့ ဇီဝမျိုးစိတ်တွေကြောင့် Natron ရေကန်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနှင့် အထူးဆန်းဆုံးရေကန်များထဲမှ တစ်ခုဖြစ်တည်ရှိနေပါတယ်။

အကြောင်းရာလေးကို မတင်ဆက်ခင်မှ ကျနော်တို့ Page လေးကို Like & Follow မလုပ်ရသေးဘူးဆိုရင် Like & Follow လုပ်ပေးသွားကြပါအုံးဗျာ။

Natron ရေကန်ဟာ အရှေ့အာဖရိက၏ အလယ်ဗဟို၊ ကင်ညာနိုင်ငံနှင့် နယ်နိမိတ်ချင်း နီးကပ်တဲ့ တန်ဇန်းနီးယားနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိပါတယ်။

ရေကန်သည် ခန့်မှန်းခြေအားဖြင့် ဧရိယာ 1,040 စတုရန်းကီလိုမီတာ (400 စတုရန်းမိုင်) ကျယ်ဝန်းပြီး ရေအနက်ဟာ 3 မီတာ (10 ပေ) အောက်သာရှိပါတယ်။

ကန်တွင်းရှိရေများဟာ မယုံနိုင်လောက်အောင် အယ်ကာလိုင်းဖြစ်ပြီး pH အဆင့် 10.5 အထိ မြင့်မားကာ အမိုးနီးယားကဲ့သို့ ဖြစ်နေပါတယ်။

ကန်ရေတွေ ဆားငန်နှင့် အယ်လ်ကာလီဓာတ် မြင့်မားမှုသည် အဓိကအားဖြင့် ပတ်ဝန်းကျင်တောင်ကုန်းများမှ ဆိုဒီယမ်ကာဗွန်နိတ်နှင့် အခြားသတ္တုဓာတ်များဟာ မိုးရေများမှတစ်ဆင့် ကန်ထဲသို့ဝင်ရောက် ဓါပြုသွားခြင်းကြောင့် ဖြစ်ပါတယ်။

ရေအပူချိန်သည် 60°C (140°F) အထိရှိပါတယ်။ ဒီကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ အထူးလိုက်လျောညီထွေသော မျိုးစိတ်အနည်းငယ်မှလွဲပြီး အခြားသက်ရှိများအတွက် နေထိုင်ရန်အဆင်မပြေပါ။

Natron ရေကန်၏ အထူးဆန်းဆုံးအင်္ဂါရပ်များထဲမှတစ်ခုမှာ ရေထဲတွင် သေဆုံးနေသော တိရစ္ဆာန်များ၏ အကြွင်းအကျန်များကို ထိန်းသိမ်းနိုင်စွမ်းရှိခြင်းဖြစ်သည်။

အလွန်အမင်း အယ်ကာလီဓာတ်နှင့် သတ္တုဓာတ်ကြွယ်ဝသော ရေများသည် ခန္ဓာကိုယ်များကို ခဲစေကာ အခြေခံအားဖြင့် ၎င်းတို့ကို ကျောက်အဖြစ်သို့ ပြောင်းလဲစေသည်။

ယင်းကြောင့် ရေကန်၏ ကမ်းခြေတစ်လျှောက်တွင် ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲသွားသည့် ငှက်များနှင့် အခြားသတ္တဝါများ၏ ကြောက်စရာကောင်းသော ရုပ်ပုံများကို တွေ့မြင်နေရသည်။

ဒီရေကန်ဟာ ကမ္ဘာ့ရှားပါးစာရင်းဝင် မျိုးတုန်းလုနီးပါဖြစ်နေတဲ့ flamingos ငှက်တို့ မျိုးပွားရာဌာနေဖြစ်နေပါတယ်။

Flamingo များဟာ အစာအဖြစ် ကန်အတွင်းမှာပေါက်တဲ့ ရေညှိတွကို စားကြပါတယ်။

Natron ရေကန်ဟာ ဇီဝဗေဒနှင့် ဓာတုဗေဒဆိုင်ရာ ထူးခြားမှုများအပြင်၊ အခြားကမ္ဘာ့အလှတရားကြောင့် လူသိများပါတယ်။

ရေကန်ရဲ့ မျက်နှာပြင်ဟာ အလင်းပြန်ခြင်း၏အကျိုးဆက်အဖြစ် ရောင်ခြယ်ပစ္စည်းထုတ်လုပ်သည့် စပီရူလိုင်းနားကဲ့သို့သောရေညှိများ တစ်ခြားဆားနှစ်သက်တဲ့ အဏုဇီဝသက်ရှိများ မြင့်မားစွာပါဝင်မှုကြောင့် အနီရောင်၊ လိမ္မော်နှင့် ပန်းရောင်တို့ ကွက်ကွက်ကွင်းကွင်းတောက်ပနေတတ်ပါတယ်။

ရေကန်ကို အပေါ်မှကြည့်လျှင် ရေအရောင်ဟာ အထူးသဖြင့် ထူးထူးခြားခြားလှပနေပြီး ဝေဟင်ဓာတ်ပုံရိုက်ရန်အတွက် အလွန်ရေပန်းစားပါတယ်။

ကြောက်မက်ဖွယ်အသွင်အပြင် ထူးခြားသော ဂေဟစနစ်ပေါင်းစပ်မှုတို့က Natron ရေကန်ကိုဆန်းကြယ်စေသည်။ သဘာဝအတိုင်း အံ့သြဖွယ်တွေကို ဖြစ်စေသည်။

ဒီအချက်တွေကြောင့် Natron ရေကန်ဟာ သိပ္ပံပညာရှင်များနဲ့ ခရီးသွားတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နေပါကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

ဒီအကြောင်းအရာလေးဟာ မိတ်ဆွေတို့ကို ဒေသန္တရ ဗဟုသုတဖြစ်စေတယ်ဆိုရင် ရှယ်ပေးခဲ့ပါအုံးဗျာ။ နောက်ထပ် Posts တွေမှာ ပြန်လည်ဆုံတွေ့ကြပါစို့ဗျာ။

18/08/2024

သတ္တဝါတွေကို ကျောက်ရုပ်ဖြစ်စေတဲ့ အနီရောင်ရေကန်

သာယာတဲ့ အိမ်ထောင်ရေးသို့😍
18/08/2024

သာယာတဲ့ အိမ်ထောင်ရေးသို့😍

မြွေကျွန်းသက်ဆိုင်သူတွေကလွဲပြီး ဘယ်သူ့ကိုမှ ခြေမချရန် တားမြစ်ထားတဲ့ ကျွန်းတစ်ကျွန်း။ အဖိုးတန် သယံဇာတတွေနဲ့အတူ ကမ္ဘာ့ လူ့...
17/08/2024

မြွေကျွန်း

သက်ဆိုင်သူတွေကလွဲပြီး ဘယ်သူ့ကိုမှ ခြေမချရန် တားမြစ်ထားတဲ့ ကျွန်းတစ်ကျွန်း။ အဖိုးတန် သယံဇာတတွေနဲ့အတူ ကမ္ဘာ့ လူ့ အသက်အန္တရာယ် အရှိဆုံး နေရာ။ ဒီနေရာကတော့ မြွေကျွန်းလို့ နာမည်ကြီးတဲ့ ဘရာဇီးနိုင်ငံ က llh da Queimada Grande ( အီလာ ဒါ ကျူးမာဒါ ဂရမ်းဒီ) ကျွန်းပဲဖြစ်ပါတယ်။

အကြောင်းအရာလေး မစခင် ကျနော်တို့ Page လေးကို Like & Follow မလုပ်ရသေးဘူးဆိုရင် လုပ်ထားပေးကြပါအုံးဗျာ။

ဘရာဇီးနိုင်ငံရှိ မြွေကျွန်းကနေပြီးတော့ ကြိုဆိုလိုက်ပါသည်။ စွဲမက်ဖွယ် သဘာဝအလှတရားတွေနဲ့ ကမ္ဘာ့အဆိပ်အပြင်းဆုံးမြွေများထဲမှ တစ်မျိုးဖြစ်သည့် ရွှေရောင်လှံခေါင်းမြွေပွေးတို့ တည်ရှိရာ နေရာဖြစ်ပါတယ်။

ဒီကျွန်းဟာ ရာဇီးနိုင်ငံ၊ ဆောပေါလိုကမ်းခြေမှ ၃၃ ကီလိုမီတာ( မိုင်အားဖြင့် ၂၀ ကျော်)အကွာ မှာတည်ရှိပြီး၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းမှာရှိပါတယ်။ ကျွန်းရဲ့ အကျယ်အဝန်းဟာ 43 ဟက်တာ ဧကအားဖြင့် 110ဧက ခန့်ရှိပါတယ်။

ကျွန်းရဲရာသီဥတုဟာ ပူနွေးစိုစွတ်သောအနေထားရှိပါတယ်။ မြေမျက်နှာသွင်ပြင်ကတော့ ကြမ်းတမ်းပြီး ကျောက်ဆောင်ထူထပ်ပါတယ်။ ဒါပေမယ့် အပူပိုင်း မိုးသစ်တောများလည်း ဖုံးလွှမ်းထားပါတယ်။

မြွေကျွန်းရဲ့ နောက်ခံသမိုင်းကြောင်းကတော့ နာမည်ဆိုးနဲ့ ကြော်ကြားပါတယ်။ တစ်ချိန်က လူတွေဟာ ဒီကျွန်းမှာ စိုက်ပျိုးရေးလုပ်ရန်အတွက် မြေယာ ရှင်းလင်းမှု့တွေပြုလုပ်ပြီး အခြေချနေထိုင်ခဲ့ပါတယ်။ အခြေချနေထိုင်သူတွဟာ ကျွန်းပေါ်မှာ မြွေဆိုးတွေ အလွန်များပြာတာကြောင့် ဆက်လက်မနေထိုင်နိုင်တော့ပဲ စွန့်ခွာသွားရပါတော့တယ်။

ဒီလိုနဲ့ 20 ရာစုအစောပိုင်းကာလတွေမှာတော့ ဘရာဇီးလ်ကမ်းရိုးတန်းတစ်လျှောက် သင်္ဘောများကို လမ်းညွှန်ရန်အတွက် ကျွန်းပေါ်မှာ မီးပြတိုက်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် မီးပြတိုက်မှာ တာဝန်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေအလွန် နည်းပါခဲ့ပါတယ်။ အကြောင်းကတော့ မီးပြတိုက် အမှုထမ်းတွေ မြွေကိုက်ခံရမှုနှင့် သေဆုံးမှုများပြားလွန်းတာကြောင့်ဖြစ်ပါတယ်။

နောက်ပိုင်းမှာ မီးပြတိုက်ကို လူမလိုတဲ့အလိုအလျောက်စနစ်နဲ့ အစားထိုးခဲ့ပါတယ်။ ဒီကနေစပြီး ကျွန်းပေါ်မှာ လူသားတွေကင်းကွာလာပါတော့တယ်။ မြွေကျွန်းနဲ့ ပတ်သက်တဲ့ ကောလဟာလ တစ်ခုလဲရှိပါတယ်။ ဒါကတော့ တချိန်က ပင်လယ်ဓါးပြတွေဟာ ရတနာတွေကို ကျွန်းပေါ်မှာ ဝှက်ထားခဲ့ပြီး လူတွေမနေနိုင်အောင် မြွေတွေလွတ်ထားခဲ့တယ်ဆိုတဲ့ ကောလဟာလပဲဖြစ်ပါတယ်။

လေ့လာသူတွေရဲ့အဆိုအရကတော့ ဒီကျွန်းမှာမြွေပေါများရတာဟာ ငှက်တွေ​နဲ့ အခြားဇီဝမျိုးစိတ်တွေ ကြောင့်လို့ဆိုပါတယ်။ ငှက်နဲ့ အခြားဇီဝမျိုးစိတ်တွေဟာ လူသာတွေနဲ့ အလှမ်းဝေးတာကြောင့် ကောင်းမွန်စွာ ဆင့်ကဲ ဖွင့်ဖြိုးနိုင်ခဲ့ပါတယ်။ ဒီလိုဖွင့်ဖြိုးမှု့ကြောင့် ရွှေရောင်လှံခေါင်းမြွေပွေးတို့ ကောင်းစွာအမဲလိုက်ခွင့်ရနေပါတော့တယ်။

ဇီဝမျိုးစုံ မျိုးကွဲများ ထူးခြားသော သစ်ပင်ပန်းမန်များ ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာတွင်မှ ရှာမတွေ့နိုင်တဲ့ အစုလိုက်မျိုးစိတ်များကို မြွေကျွန်းမှာတွေ့နိုင်ပါတယ်။ ဒါတွေဟာ ဇီဝမျိုးစိတ် ဇီဝဖွင့်ဖြိုးတိုးတက်မှု့ ဆင့်ကဲဖြစ်စဥ်တွေကို သုတေသနပြုလုပ်ဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်ပါတယ်။ ကျွန်းရဲ့ ဂေဟစနစ် မပျက်စီးစေဖို့အတွက် ဘရာဇီးအစိုးရဟာ ကျွန်းပေါ်ကို သုတေသနလာလုပ်သူတွေကိုတောင် အကန့်အသက်နဲ့ပဲ ခွင့်ပြုပေးပြီး တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေပါတယ်။

ကျွန်းပေါ်တွင် ရင်ဆိုင်နေရသော အကြီးမားဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုမှာ တရားမဝင် မှောင်ခိုသမားတွေပဲဖြစ်ပါတယ်။ သူတို့ဟာ ရွှေရောင်လှံခေါင်းမြွေပွေးကို အဓိကဖမ်းယူကြပါတယ်။ မြွေရဲ့ ပြင်းထန်တဲ့အဆိပ်ကြောင့် တရားမဝင် အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားသူများကြားမှာ ပေါ်ပြူလာဖြစ်ပါတယ်။ ရွှေရောင်လှံခေါင်းမြွေတစ်ကောင်ကို မှောင်ခိုစျေးကွက်မှာ ဒေါ် ၃ သောင်း (မြန်မာငွေ သိန်း ၂၀၀၀ ဝန်းကျင် ) ထိပေါက်ပါတယ်။

ဒီလို စျေးကောင်းလွန်းတာကြောင့် မှောင်ခိုးသမား မြွေဖမ်းသူတွေဟာ အသက်စွန့်ပြီး ခိုးဝင်ဖမ်းကြပါတယ်။ ​တဖက်မှာလဲ ဘရာဇီးအစိုးရဟာ မုဆိုးများကို ဟန့်တားရန်အတွက် ကျွန်းတစ်ဝိုက်တွင် ကင်းလှည့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သော်လည်း ဝေးလံခေါင်သီသော တည်နေရာနှင့် ခက်ခဲသော မြေမျက်နှာသွင်ပြင်ကြောင့် ကျွန်းကို အပြည့်အဝကာကွယ်ရန် ခက်ခဲနေပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

ဒီအကြောင်းရာ လေးဟာ မိတ်ဆွေတို့အတွက် ဒေသန္တရ ဗဟုသုတရစေတယ်ဆိုရင် ရှယ်ပေးခဲ့ကြပါအုံးဗျာ။ မိတ်ဆွေတို့ ရှယ်တစ်ချက်ဟာ ကျနော်တို့လို ရှာဖွေတင်ဆက်ပေးနေသူတွေအတွက် အင်အားတစ်ခုဖြစ်ရပါတယ်ဗျာ။



16/08/2024

နွားရိုင်းစီးသူဟာ သူ့ကိုယ်သူဘဝကူးသွားမယ်လို့မထင်မိဘူး

မှိန်းမနေကြနဲ့
16/08/2024

မှိန်းမနေကြနဲ့

15/08/2024

မည်သူမှ ခြေမချရန် အထူးတားမြစ်ထားခံရသည့် ကျွန်းတစ်ကျွန်း

တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်ရတိုင်း ရေစက်ပါလာတယ်လို့မထင်ပါနဲ့အုံး...ဝဋ်ကြွေးတွေ ဆပ်ရဖို့ ဆုံခွင့်ရတာလဲ ဖြစ်နိုင်ပါတယ...
15/08/2024

တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခွင့်ရတိုင်း ရေစက်ပါလာတယ်လို့မထင်ပါနဲ့အုံး...

ဝဋ်ကြွေးတွေ ဆပ်ရဖို့ ဆုံခွင့်ရတာလဲ ဖြစ်နိုင်ပါတယ်

ညက သတင်းလိုက်ကြည့်ရင်း အိပ်ရေးပျက်တာ ကိုယ်တယောက်ထဲလား😇 အခုလက်ရှိအခြေနေက ဝမ်းသာရမှာလား ဘာလား အီလည်လည်ကြီးနဲ့🥶
14/08/2024

ညက သတင်းလိုက်ကြည့်ရင်း အိပ်ရေးပျက်တာ ကိုယ်တယောက်ထဲလား😇

အခုလက်ရှိအခြေနေက ဝမ်းသာရမှာလား ဘာလား အီလည်လည်ကြီးနဲ့🥶

ညအိပ်ခါနီးရင် စားစရာတွေပဲ မြင်နေရတာ မင်မင်တယောက်ထဲလား 🙄
13/08/2024

ညအိပ်ခါနီးရင် စားစရာတွေပဲ မြင်နေရတာ မင်မင်တယောက်ထဲလား 🙄

13/08/2024

လူထူးဆန်းများအကြောင်း

13/08/2024

စွန့်ပစ်ခံ အဖိုးရဲ့ ရင်နင့်ဖွယ်အဖြစ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htu Sanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


เว็บไซต์ข่าวและสื่อ อื่นๆใน Bangkok

แสดงผลทั้งหมด