Tcl Daily News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Tcl Daily News, เว็บไซต์ข่าวและสื่อ, Bangkok.

🫣😷🤫🤔
11/09/2023

🫣😷🤫🤔

28/07/2023

၂၈.၇.၂၀၂၃ အောင်လံ နေလည် ၁၂:၀၀ မှ ၁:၀၀ ထိ
ဖုန်းဖြင့် ဝယ်ရောင်းစျေး
၁။နှမ်းစမှုံ(၄၅ပိသာ)A1 ၂၈၀၀၀၀/ A2၂၇၀၀၀၀/ မလွတ်၂၆၀၀၀၀
၂။နှမ်းပြာ (၄၅ပိသာ)
၃။နှမ်းဖြူ (၄၅ပိသာ)
၄။နှမ်းနီ (၄၅ပိသာ)
၅။ပဲစင်းငုံနီ(၂၀ပိသာ) ၉၉၀၀၀
၆။ပဲစင်းငုံဖြူ (၂၀ပိသာ)
၇။ပဲဒီစိမှး (၂၀ပိသာ)၆၀၀၀၀ထိပ်
၈။ပဲနောက်(၂၀ပိသာ)
၉။မတ်ပဲ(၂၀ပိသာ)၇၃၀၀၀
၁၀။ကုလါးပဲHL(၂၀ပိသာ၈၉၅၀၀
၁၁။မြကြေး(၂၀ပိသာ)၈၉၅၀၀
၁၂။ဘိုကိတ်ပြာ(၂၀ပိသာ)
၁၃။ဘိုကိတ်ဖြူ(၂၀ပိသာ)
၁၄။ပဲကြီး(၂၀ပိသာ) ၉၈၀၀၀/ ၉၅၀၀၀
၁၅။လုံးဆံနီ (၁ပိသာ)
၁၆။လုံးဆံဖြူ(၁ပိသာ)၇၀၀၀
၁၇။ဆီဆံ၆လ(၁ပိသာ)
၁၈။ဝါ(၁ပိသာ)
၁၉။၆လတောင့်(၁ပိသာ)
၂၀။ပဲတောင့်စို(၁တင်း)
၂၁။ဆန်
အချိန်နှင့်အမျှဈေးပြောင်းလဲနိုင်ပါသည်။
ဖုန်း ၀၉၅၃၃၀၁၃၄ ၀၆၉၂၂၀၀၇၇၈
အားလုံး ရောင်းပန်းသာလို့ဝယ်ပန်းလှကြပါစေဗျာ။

28/07/2023
27/07/2023
27/07/2023
27/07/2023
27/07/2023

🟣 ဝန်ကြီးပဒေသရာဇာ၏ 'နွားဝန်တင်သမား'ဘွဲ့ တျာချင်း

ဆောင်းဦးကာလ၊ နှင်းကျသောအခါ၊ တောင်ပိုင်ထဲ၊ တက်မြဲနွားတစ်ရာ၊ ဘဲတောင်နွားဝါ၊ နွားပြာချိုကုပ်၊ တင်ခြင်းငယ်ချောပြေ၊ အုံး သားရေ၊ ရစ်ခွေနောက်မြီးတုပ်ကယ်နှင့်လေး။

တင်ချည်ထုပ်ကယ်မှာ၊ သုံးတောင်ထွာ၊ ငင်ခလောက်ကြိုး၊ ခွေးရိုး ဖောင်းစီကာ၊ ခြင်းအုံးတန်ဆာ၊ အင်္ဂါစုံပေါင်း၊ အိုးသစ်နီလွင်၊ ခြင်းမှာတင်၊ ရေငင်ကရားတောင်းငယ်နှင့်လေး။

ဆား ငါးပိထောင်း၊ ပြောင်းရောကြိုးကြယ်၊ ဆန်ဆန်ကောင်း၊ ဆန်ကောင်း ပဲသွယ်သွယ်၊ ရောနှောဆောင်သယ်၊ ထားလွယ်ထားမ။ ပုဆိုး အင်္ကျီ၊ ချည်နီတင်းတိမ်လှငယ်နှင့်လေး။

ဆေးကျပ်ကစ၊ မီးခတ်ဆုံပါ၊ ယမ်းဆို့မှို့နီတျာ၊ ခမောက်ဧရာ၊ နေကာမိုးလွတ်၊ သိုးနှင့်လဲဘူး၊ အထူးတောင်ဝါး ပတ်ကယ်နှင့်လေး။

အဝတ်စုံညီလင်၊ ဆင်ယင်ပြီးတော့သည်။
တောင်မ တောင်ပိုင်ရွာ၊ တက်ခါနီးတော့သည်။

ပြင်ဆင်ပြီး၍၊ တက်နီးသော့ခါ၊ ငင်ကာစုရုံး၊ မြင်းအုံးဆင်တန်ဆာ၊ ဆော်ဖန်ညီညာ၊ တံပြာလက်ဝါး၊ ခြောက်ကွင်းချိုခွေ၊ ဆိုရိုးဗွေ၊ နွားပြေ၊ နွားကျစ်ကျားငယ်နှင့်လေး။

နွားပိုက်ငယ်ရှေ့သွား၊ စိတ်ထားငယ်မှန်၊ မျက်ကျားဗွေကောင်း၊ မရောင်းတစ်သက်ပန်၊ ဗွေတံခွန်၊ ရှေ့စွန်ဆော်တက်။ ခေါင်းလောင်း တင်တောင်၊ ဆွဲနောင်နောင်၊ ရှေ့ဆောင် တစ်ကောင်ကြွက်ကယ်နှင့်လေး။

အုတ်ကျက်စဉ့်ကာစီ၊ ညီညီတိုးတော့သည်။
စောင်းငိုက်ဟစ်ကြော်၊ ဆော်သံနှိုးတော့သည်။

ဆော်နှိုးမြန်းပါလို့၊ စခန်းငယ်ရောက်ခါ၊ အရာအရာ၊ အရာသိလှ၊ နှစ်ယောက်ရင်ဆိုင်၊ ထမ်းမြှောက်ကိုင်၊ တစ်ပြိုင်သာ ခြင်းအုံးချပါလို့လေး။

ထမင်းချက်ကြ၊ ခဏခိုက်သာ၊ လွှတ်လိုက်ကျောင်း သည်၊ နွားပေါင်းတင် တစ်ရာ၊ သွေးသောက်ကယ်ညီညာ၊ စုကာထမင်း၊ ဆေးမစင်သည်၊ ကြေးလင်နက်နှင့် ကျင်းပါလို့လေး။

ကင်ပလင်းရွက်၊ ဖွတ်ခြောက်စွက်ကာ၊ မီးမှာဖုတ်၊ ငရုတ်မိုးမျှော်သာ၊ ကြက်သွန်မပါ၊ ဆုံမှာထောင်းမှ၊ ထမင်းကပူ၊ ဟင်းကပူ၊ လူလူအငွေ့ ထသည်နှင့်လေး။

ရုက္ခနတ်ကိုသာ၊ တင်ကာထားတော့သည်။
တိုးဝှေ့သူ့ထက်ငါ၊ ဆုပ်ကာ စားတော့သည်။

စားသောက်ပြီးလျှင်၊ အုံးကြီးသားရေ။ လဲလျောင်းမှီကာနေ၊ အငွေ့ ဝေဝေ၊ ဧရာ့တုတ်လောက်၊ ကြေးလုပ်ဆူးရံ၊ ကန်တော့ခံ၊ ဆေးတံယူလှယ် သောက်ပါလို့လေး။

အိမ်ရောက်တချို့နေ၊ တွေဝေမှေးတော့သည်။ တချို့လမ်းကောင်းရာ၊ ရှာကာတွေးတော့သည်။

တရေးငံသည်၊ တစ်ဖန်ပျောက်ပြေ၊ အိပ်ကြလဲလျောင်းနေ၊ တွက်ချက် ကြေးငွေ၊ ရှာဖွေဝယ်နှီး။ ပလောင်တကာ၊ ကြိုက်ရာရာ၊ ကြေးဝါဆေးအိုး
ကြီးငယ်နှင့်လေး။

ဆေးတံကျွဲမြီး၊ ပုတီးခုနစ်တောင်။ လက်စွပ် လက်ကောက်၊ ချက်ကျောက် တပြောင်ပြောင်။ လက်ဖက်ရအောင်၊ ရည်ဆောင်ဝယ်မှ၊ လွှတ်ထားကျောင်း၊ တစ်ခါတင် နွားကပါလို့လေး။

ထထနှင်သောခါ၊ အိပ်ရာမှန်းတော့သည်။
ကျားလွတ်စည်းကာရံ၊ ခြံ၍ဝန်းတော့သည်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🔸ဇော်ဂျီ။ (၂၀၀၄)။ ရသစာပေအဖွင့်နှင့်နိဒါန်း၊ ဒု-ကြိမ် တစ်ပေါင်းတည်းထုတ်ဝေခြင်း။ ရန်ကုန်၊ စိတ်ကူးချိုချိုစာပေ။ စာမျက်နှာ ၇၆-၇၈၊ 'ရှေးက မြန်မာစာပေသစ်(၂)၊ ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ'ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🔵 ဝန်ကြီးပဒေသရာဇာ(၁၆၈၄-၁၇၅၄) ရေးဖွဲ့ခဲ့တဲ့ ❇️'လယ်သမား'၊ ❇️'ထန်းတက်သမား'၊ ❇️'ပိန်းကောလှေသမား'၊ ❇️'နွားဝန်တင်သမား'၊ ❇️'အညာလှေကြီးသမား' တျာချင်းကဗျာတွေဟာ ရှေးခေတ် သက်ဦးဆံပိုင် စနစ်အောက်က အာဏာမဲ့ ဓနမဲ့ အခြေခံလူတန်းစားတွေအကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာတွေအဖြစ် ထင်ရှားပါတယ်။
ဆရာဇော်ဂျီက 'ရှေးက မြန်မာစာပေသစ်' ဆောင်းပါးမှာ "ဝန်ကြီးပဒေသရာဇာသည် အသည် ဝန်ကြီး ဖြစ်ခဲ့ဖူးကြောင်း အဆိုရှိရာ အင်းဝတစ်ဝိုက်တွင် အသည်ဝန်ကြီးအဖြစ်ဖြင့် လှည့်လည်စဉ် မိမိသိခဲ့၊ မြင်ခဲ့သော၊ အာဏာမဲ့၊ ဓနမဲ့ လူတန်းစားသို့ စေတနာရောက်၍ ထိုသူတို့၏ဘဝ တစ်စိတ်တစ်ပိုင်းကို ယထာဘူတကျကျ ဖွဲ့ဆိုခဲ့ခြင်းပေလောဟု တွေးတောဆင်ခြင်ဖွယ် ဖြစ်သည်။"ဆိုပြီး သုံးသပ်ဖော်ပြထားပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

🟣 ဝန်ကြီးသည် အင်းဝရွှေမြို့တော်မှ ရှမ်းပြည်နယ် တောင်ပိုင် တောင်မသို့တက်၍ ကုန်သွယ်ကြသော နွားဝန်တင်သမားတို့၏ အမူအရာကိုလည်း စောင့်ကြည့်၍ ထိုသူတို့၏ လုံ့လ၊ ထိုသူတို့၏ ကျေးဇူးတို့ကိုလည်း ချီးကျူးခဲ့သေးသည်။ လှေကြီးသမားများသည် ရေကြောင်းကုန်သွယ်သူများ ဖြစ်သကဲ့သို့၊ နွားဝန်တင်သမားများသည် ကုန်းကြောင်း ကုန်သွယ်သူများ ဖြစ်ကြသည်။ လှေကြီးသမားများ၌ ရေအန္တ ရာယ်ရှိသကဲ့သို့၊ နွားဝန်တင်သမားများ၌ ကုန်းအန္တ ရာယ်ရှိမည် ဖြစ်သည်။ ထိုခေတ်တွင် အင်းဝမှ ရှမ်းပြည်နယ် တောင်ပိုင်သို့ တက်သောလမ်းသည် ပုဂံခေတ် ရှမ်းသင်္ခဗိုလ်တို့ မက္ခရာ၊ မြင်စိုင်း၊ ပင်လယ်တို့သို့ တစိမ့်စိမ့်ဝင်လာသော လမ်းတစ်လမ်းဖြစ်တန်ရာသည်။ အင်းဝမှ မြစ်ငယ် တစ်ဖက်ကမ်းသို့ ကူး၍သော်လည်းကောင်း၊ အင်းဝမှ ပင်းယသို့၊ ပင်းယမှ ကျောက်ဆည် ခရိုင်သို့၊ ကျောက်ဆည်ခရိုင်မှ မြေလတ်တောင်ကို ကျော်၍ သော်လည်းကောင်း၊ တောအထပ်ထပ်၊ တောင်အထပ်ထပ်၊ ချောက်ကမ်းပါးစောင်းအထပ်ထပ်တို့တွင် နွားသွားသာရုံရှိသောလမ်းအတိုင်း၊ စခန်းများစွာ ရပ်နားလျက် ရက်ရှည်လများ၊ တောင်မ တောင်ပိုင်သို့ အရောက်သွားရခြင်း ဖြစ်သည်ဟု ယူသင့်သည်။ အင်းဝမှ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ကွမ်း၊ ကွမ်းသီး၊ ငါးပိ၊ ငါးခြောက်၊ ပန်းကန်၊ အိုးခွက်၊ ချည်ထည် စသော မြန်မာကုန်များကို တင်ဆောင်၍ ရှမ်းပြည်တစ်လွှားမှ လက်ဖက်စို၊လက်ဖက်ခြောက်၊
ချိပ်၊ သစ်စေး၊ မက်မန်းသီး စသော ရှမ်းတောင် တန်းဒေသကုန်များကို ယူချလာတတ်သည်ဟု ယူသင့်သည်။ တောလမ်း တောင်လမ်းတစ်လျှောက်၊ ကုန်များကို တင်ဆောင်ယူချ ပြုကြရာတွင် နွားဝန် တင်များကို သုံးကြသည်။ နွားဝန်တင်တစ်ကောင်တွင် ခြင်းရှည်နှစ်လုံးကို အုံးခံ၍ တင်သည်။ ထိုခြင်းရှည်ကြီးကို တတင်ဟု ခေါ်တတ်သည်။
ဝန်ကြီးသည် ထိုနွားဝန်တင်သမားများကို အင်းဝမြို့ဝန်းကျင် ဗဟိုစခန်း၌လည်း မြင်ဖူးဟန်တူသည်။ ခရီးထောက်စခန်းများ၌လည်း မြင်ဖူးဟန်တူသည်။ ဆောင်းဦးတွင် အင်းဝစခန်း၌ ထိုနွားဝန် တင်သမားများသည် နွားတစ်ရာဖြင့် တောင်ပိုင်တက်ရန် ပြင်ကြသည်။ ချည်ထုပ်များကို နွားကျောပေါ်သို့ တင်သူက တင်ကြသည်။ တောတောင်ခရီး၌ မပါမဖြစ်သော ထားလွယ်၊ ဓားမ၊ မီးခတ်၊ ဆုံ၊ ယမ်း၊ မှို့၊ စားရေရိက္ခာတို့ကို ထည့်သူက တည့်ကြသည်။ ပြင်ဆင်မှုကိစ္စ ပြီးသောအခါ နွားပြာ၊ နွားဝါ၊ နွားပြေ၊ နွားကျစ်၊ နွားကျား စသည်တို့ကို ဟစ်အော်နှိုးဆော်၍ ခရီးထွက်ကြသည်။ နွားတို့တွင် ရှေ့ဆောင် နွားပိုက်ဟူ၍ပါသည်။ ထိုနွားပိုက်၌ ခေါင်းလောင်းဆွဲထားရာ နောက်နွားတို့သည် တင် တောင်နောင်နောင် မြည်သော ခေါင်းလောင်းသံကို နားထောင်၍ အစဉ်တစိုက်လိုက်ကြသည်။ နားနေရာ စခန်းတစ်ခုသို့ ရောက်ကြသောအခါ၊ နွားဝန်တင်သမားများသည် နွားတို့၏ကျောမှ ခြင်းနှင့် အုံးတို့ကို တစ်ယောက်တစ်လက် ချပေးကြသည်။ ထို့နောက် ထမင်း ဟင်း ချက်ပြုတ်၍ ကျက်သောအခါ နတ်တင်ပြီးမှ စားကြသည်။ ထို့နောက် သားရေအုံးကိုမှီ၍ ဆေးတံသောက်ကာ ထမင်းလုံး စီလိုက်ကြသည်။ ထိုသူတို့သည်လည်း အညာလှေကြီးသမားများကဲ့သို့ နိုင်ငံ၏စီးပွားရေး အချက် အချာတစ်ခုပင်ဟု ဝန်ကြီးသိ၍ ထိုသူတို့၏ အလေ့အလာနှင့် လုံ့လကို မြင်သောအခါ ဝမ်းမြောက်ခြင်း ဖြစ်ရာသည်။
🔹ဇော်ဂျီ၊ ၂၀၀၄၊ စာ ၇၅-၇၆။
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

27/07/2023
27/07/2023
27/07/2023

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ…
××××××××××××××××××××××××××××××

တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါး နန်းတက်ခဲ့တယ်။ ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….
ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

#မေးခွန်းက

#လောကကြီးမှာရှိတဲ့အမျိုးသမီးတိုင်း
#အလိုချင်ဆုံးအရာကဘာလဲ ?????

အဲဒီမေးခွန်းကတော့ ဘုရင်းလေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုတ်ထွေးစေ တော့တာပါဘဲ…..တချိုက မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ်……ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့ လက်ခံလိုက်ရတာပေါ့…..

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ ကြိုးစားပါတော့တယ်….ဒါပေမဲ့ ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး….

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမအိုကြီး တစ်ယောက် သာလျှင် ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှေက်တင်ကြတယ်…..စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာ တဖြေးဖြေးနီးလာပါပြီ….
စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှ အဖြေပေးနိုင်မယ်လို့ ဆိုပါတယ်… တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုရဆုံးသူငယ်ချင်း လဲဖြစ်၊ နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကို လက်ထပ်ပေး ဖို့ပါဘဲ….

ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…..စုန်းမကြီးပုံစံက ခါးကုန်ကုန်၊ ကျောကုန်းဘုနှင့် အမြင်ဆိုရွားလှတယ်….သွားကလဲ ရှေသွား တစ်ချောင်ထဲရှိတယ်…အနံ့အသက်ကလဲ ဆိုရွားလှတယ်…စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….
ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နုညံ့သိမ်မွေ့ စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက် အရေးမကြီးကြောင်း ပြောဆိုပြီး အဆိုကို လက်ခံပါ့မယ်လို့ ဘုရင် လေးကို
လျှောက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကို ကြေငြာလိုက်ပြီး ဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

"“ #လောကကြီးမှာရှိတဲ့
#အမျိုးသမီးတိုင်းအမှန်တကယ်အလိုချင်ဆုံး
#အရာကသူတို့ရဲ့ဘဝကိုသူတို့
#စိတ်တိုင်းကျစီမံခန့်ခွဲချင်တာပါပဲ""


ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီး ဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

#အမတ်ကြီးနဲ့စုန်းမကြီးတို့ရဲ့မင်္ဂလာပွဲ
#ဘယ်လိုဖြစ်သွားလဲ????

ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနဲခြင်းတွေကို တပြိုင်နက်ခံစားနေရပြီပေါ့…. သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့ အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့ အမျိုးအမီးလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့ လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…ဒီအတွက်ကြောင့် စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတစ်ခု ပေးချင်ပါတယ်….ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့ အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင် အောင် ဖန်ဆင်းထားမယ်လို့ ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်

ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…အမတ်ကြီးလဲသေ ချာစဉ်းစားပြီး အဖြေပေးရတော့မယ်….
နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကို မိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာ စုန်းမကြီးနဲ့အတူတူအိပ်မလား. ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာ ပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား..???
အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ

#သင်ကိုယ်တိုင်ဆိုရင်ကော #ဘာကိုရွေးချယ်မှာလဲ………?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့

"" မင်းသဘောအတိုင်းပါဘဲကွာ"" တဲ့

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…..

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “

ဘာကြောင့်လဲဆိုတော့ သူမဘဝကို သူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????

သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်………

သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ
မလှပနိုင်တော့ဘူးနော်..

Credit by... myanmaronlinenew

"နွား"ကိုချောက်ထဲတွန်းချလိုက်ပါတစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာ...
27/07/2023

"နွား"ကိုချောက်ထဲတွန်းချလိုက်ပါ

တစ်ခါက.. ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ၀င်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်
-
"တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး"
-
အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုပ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။
-
အဲဒီလို စုတ်ချာလှတဲ့တဲပုပ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်
-
"ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ" လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က
-
"အိုး..ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်၀မ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ" လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။
-
အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။
-
အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။
-
အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်
-
"ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ"
-
အဲဒီအခါ အိမ်ရှင်ယောက်ျားက
-
"ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အ၀တ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး"
-
အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်
-
"ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား" လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက
-
"မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား"လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က
-
"ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ" လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက
-
"ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်" လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က
-
"မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့" လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက
-
"တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ" လို့ပြန်ပြောလိုက်တယ်။
-
အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။
-
-
အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်၀န်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အ၀တ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်
-
"အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို" လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-။
-
"ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်၀ယ်မယ်ပေါ့။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ၀ယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်၀ယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ"
-
ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘ၀ကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာ၀ရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘ၀ကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘဝရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။ အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘ၀ထက် ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။
-
လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို ၊ လောကလူသားတိုင်းဟာ "ဘ၀တဏှာ"လို့ခေါ်တဲ့ လက်ရှိဘ၀ကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘ၀ရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့့ သဘာ၀ကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်။ လူသားတွေဟာ မိမိရဲ့ဘ၀၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာ၀နာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘ၀သံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်။
-
လောကီအမြင်အရလည်း-- လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘ၀နဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘ၀ကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။
-
ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာ၀ကို ဆင်ခြင်သင့်လှတယ်။ "ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘ၀ကို ဦးတည်နေသူလား၊ ဒီဘ၀နဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား" ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာ၀ကို လုံး၀ဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။
-
Comfort zone is a beautiful place, but nothing ever grows there.
-
သက်တောင့်သက်သာနေထိုင်ရတဲ့ဘ၀ဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး"
-
ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘဝနေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘ၀ကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘ၀မှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။
-
တကယ်တော့လည်း ကျွန်တော်တို့ဟာ "နွား"ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်
လက်ရှိဘ၀မှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ

Credit မူရင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tcl Daily Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


เว็บไซต์ข่าวและสื่อ อื่นๆใน Bangkok

แสดงผลทั้งหมด