Monywa Peregrine People's Defence Force

Monywa Peregrine People's Defence Force မုံရွာခရိုင်တပ်ရင်းအမှတ်၂၃
(10)

29/08/2024
29/08/2024

စစ်အာဏာရှင်တွန်းလှန်ဆန့်ကျင်ရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး
အတွက် ပါဝင်ကူညီထောက်ပံ့ပေးအပ်ပါသော
မိဘပြည်သူတစ်ယောက်ခြင်းစီအားကျွန်ုပ်တို့
မုံရွာခရိုင်တပ်ရင်းအမှတ်(၂၃)မှ
ညီအစ်ကိုမောင်နှမများမှ
ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
#မုံရွာခရိုင်တပ်ရင်းအမှတ်၂၃
peregrine people's defenceforce

25/08/2024
အောင်ပွဲသို့ခြေတလှမ်းကစခဲ့ရတဲ့ ဘဝခရီးပါ။ပန်းတိုင်ရောက်မှနောက်လှည့် ကြည့်ချင်ကြည့်ပါ။တရွေ့ရွေ့နဲ့နေ့တွေ နေ့တွေ မြောက်မြား...
24/08/2024

အောင်ပွဲသို့

ခြေတလှမ်းက
စခဲ့ရတဲ့ ဘဝခရီးပါ။

ပန်းတိုင်ရောက်မှ
နောက်လှည့် ကြည့်ချင်ကြည့်ပါ။

တရွေ့ရွေ့နဲ့
နေ့တွေ နေ့တွေ မြောက်မြားစွာ။

ဒီလိုနဲ့ပဲ အောင်ပွဲဆိုတာ
ကိုယ့်လက်ထဲ ရောက်လို့လာ။

ကြံဖန်တွေးရင်း
အဝေးကြီး အဝေးကြီး
မနီးနိုင်တဲ့ခရီးလို့ ထင်ဦးမှာ။

ခြေလှမ်းအစ မတွေဝေတမ်းပ
ရွှေလမ်းငွေလမ်း မုချပါ။

အခက်အခဲ ရှိစမြဲမို့
ဇွဲရှိသူရဲ့ဆုဟာ အောင်ပွဲသာ ။ ။

၂၅.၂.၁၉၉၉(ကြာသပတေးနေ့ နံနက်ခင်)
တင်မိုး - Tin Moe

"  ရဲဘော်   "      ____________ တင်မိုး                တောကို ကိုယ့်ရပ်၊ တောင်ကို ဆွေမျိုးတအားကိုးလျက် … ။တောင်ကို ကိုယ်...
23/08/2024

" ရဲဘော် "
____________ တင်မိုး

တောကို ကိုယ့်ရပ်၊ တောင်ကို ဆွေမျိုး
တအားကိုးလျက် … ။

တောင်ကို ကိုယ့်အိမ်၊ တိမ်ကို အိမ်မိုး
တချုံလျှိုးလျက် … ။

မျှစ်ကို အစာ၊ ပြာကို ဆားပွင့်
အစားကျင့်လျက် … ။

မြင့်သည့်စိတ်ဓာတ်၊ မြတ်သည့် စိတ်ဇွဲ
ရဲသည့်စိတ်မာန်၊ ငုံ့မခံသည်
တော်လှန်ရေး၏ ရဲဘော်တည်း ။

ပြည်သူသာလျှင်၊ သူ့မိခင်ဟု
စိတ်တွင်းအမြဲ၊ သံမှိုစွဲလျက်
ဆင်းရဲမျိုးစုံ၊ သူ မဖြုံ ။

အမိ အဘ၊ နှမသားချင်း
သွေးသားရင်းနှင့်၊ ဖော်ချင်းမိတ်ဆွေ
အိမ်နေ ဇနီး၊ သားသမီးကို
စွန့်ပြီးရက်ရက်၊ စစ်မြေထွက် ။

ကိုယ်ရေးချမ်းသာ၊ သူဖယ်ခွာလျက်
သူ့မှာခံစား၊ ဆင်းရဲများကို
လားလား မလှည့်၊ ပြန်မကြည့်ဘဲ
ပြည်၏ အရေး၊ ကိုယ့်အရေးဟု
မျှော်တွေးနိုင်စွ၊ သူ့ဘဝ ။

ပြည်သူ့တပ်သား၊ ပီပီသားလျှင်
သူ့ဓားမချ၊ တဆဆနှင့်
ရန်စသသူ၊ ဖိနှိပ်သူကို
ကျူပင်ကိုခုတ်၊ ကျူငုတ်မကျန်
အဓိဋ္ဌာန်ဖြင့်
တော်လှန်ရေးကို ဆင်လျက်တည်း ။ ။

■တင်မိုး

22/08/2024

စစ်အာဏာရှင်တွန်းလှန်ဆန့်ကျင်ရေးနှင့်
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး လိုအပ်သောဆေးဝါးများဝယ်ယူရန်
အတွက် ပါဝင်ကူညီထောက်ပံ့ပေးအပ်ပါသော
မိဘပြည်သူတစ်ယောက်ခြင်းစီအားကျွန်ုပ်တို့
မုံရွာခရိုင်တပ်ရင်းအမှတ်(၂၃)မှ
ညီအစ်ကိုမောင်နှမများမှ
ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
#မုံရွာခရိုင်တပ်ရင်းအမှတ်၂၃
peregrine people's defenceforce

30/07/2024
30/07/2024

”စစ်ကျွန်ဘဝဆိုတာ အင်မတန်လူဖြစ်ရှူံးတယ် ။
စစ်ဖိနပ်အောက်မာ လူ့ဂိုဏ်သိက္ခါ ကင်းမဲ့ခဲ့ရတယ်။
လူဖြစ်ရှူံးတဲ့ဘဝမာ ဒူးထောက်အညံ့ခံပီး နေသာသလိုနေမလား။
ဆုံးရှူံးနေတဲ့ လူ့ဂုဏ်သိက္ခါကို ပြန်ရအောင်တိုက်ယူမာလား။

# ဦးရည်မွန်

❐ ဒုတိယဖက်ဆစ်တော်လှန်ရေး..........................................................ဒီကနေ့ မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ပြ...
30/03/2024

❐ ဒုတိယဖက်ဆစ်တော်လှန်ရေး..........................................................

ဒီကနေ့ မြန်မာပြည်သူတွေ ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ လွန်ခဲ့တဲ့ အနှစ် (၇၀) ကျော် ၁၉၄၅ ခုနှစ် မတ်လ ၂၇ရက်က ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးရဲ့ အဆက်ဖြစ်ပါတယ်။

ဖက်ဆစ်ဆိုတဲ့သဘောက လူမျိုးခြား ဘာသာခြားကို မုန်းတယ်၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး လူမျိုးကြီးဝါဒ ကျင့်သုံးတယ်။ ကိုယ့်လူမျိုးအချင်းချင်းလည်း လက်နက်ကိုင် အုပ်စုဖွဲ့ပြီး အခွင့်ထူးခံကာ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတယ်။ ဒီလိုစိုးမိုးနိုင်ဖို့ မိမိတို့သာ တိုင်းပြည်ရဲ့ ကယ်တင်ရှင်၊ မိမိတို့သာ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်သူစတဲ့ ဆိုင်းပုဒ်တွေ ထောင်မယ်၊ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြုဆက်ဆံမယ်။ ဒီဆိုင်းပုဒ်တွေရဲ့ နောက်ကွယ်မှာတော့ ထင်သလို ကိုယ်ကျိုးရှာတဲ့ အကျင့်ဆိုးတွေ တွေ့ရမယ်။

တပ်မတော်သာအမိ တပ်မတော်သာအဖ လို့ ဆိုင်းပုဒ်တင်လိုက်ကတည်းက မြန်မာစစ်အုပ်စုဟာ ဖက်ဆစ်ဝါဒအမွေခံများ ဖြစ်ကြောင်း ဗြောင်ထုတ်ဖော်ကြေညာပြီး ဖြစ်တယ်။

ဖက်ဆစ်ကို တော်လှန်ပြီး ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ဖက်ဆစ်စစ်ကျွန်ဘဝက လွတ်မြောက်စေဖို့ဟာ သမိုင်းပေးတာဝန် ဖြစ်တယ်။

ဒါကြောင့် ဒီကနေ့ ဆင်နွှဲနေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးဟာ "ဒုတိယဖက်ဆစ်တော်လှန်ရေး" ဖြစ်တယ်လို့ ခံယူကြတယ်။ ဒုတိယဖက်ဆစ်တော်လှန်ရေးရဲ့ အလံတော်ကလည်း ၁၉၄၅ ပထမဖက်ဆစ်တော်လှန်ရေးရဲ့ အနီထဲက ကြယ်ဖြူပွင့် အလံတော်ကိုပဲ ဆက်ခံထားတာ ဖြစ်တယ်။ အနီထဲက ကြယ်ဖြူပွင့်ဟာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ တလုံးတစည်း စုစည်းညီညွတ်မှု ပြယုဂ် ဖြစ်ပါတယ်။

ဒီစုစည်းညီညွတ်မှုနဲ့ပဲ ပထမဖက်ဆစ်တော်လှန်ရေးကို အနိုင်တိုက်ခဲ့တယ်။ အခုလည်း အနီထဲက ကြယ်ဖြူပွင့် အလံတော်ကို လွှင့်ထူရင်း အပြီးသတ် ပြည်သူ့အောင်ပွဲဆီ ဆက်လက်ချီတက်ကြပါမယ်။

ဦးရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

25/07/2023
25/07/2023

ယနေ့ ကျရောက်တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ ဟာ နွေဦးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးသော နေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀) ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ဘဏ်၏တာ၀န်ရှိသူများ ပြောကြားသကဲ့သို့ UAT Soft Launch သို့မဟုတ် Private Beta Testing ကာလ ဟုလည်း မှတ်ယူနိုင်ပါတယ်။

နွေဦးဘဏ်ကို ပြည်တွင်းပြည်ပမှ ခေတ်ပေါ် နည်းပညာရှင်၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာရှင်တွေနဲ့ အတူ ပြင်ဆင်ဆောင်ရွက်လာခဲ့တာ (၇) လတာ ရှိပါပြီ။ လက်ရှိ ငွေကြေးအကျပ်အတည်း၊ အချိန် အကန့်အသတ်တွေကြားကနေ ပြည်သူလူထုအားလုံးရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲများစွာကို လွှမ်းခြုံပြီး ဘဏ်ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မူဝါဒဆိုင်ရာ ချမှတ်ရေးဆွဲတာတွေ၊ ၀န်ဆောင်မှုအသစ်တွေ ဖန်တီးရတာတွေ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ သမားရိုးကျဘဏ်လို မဟုတ်တဲ့အတွက် စနစ်တကျ တဆင့်ချင်း အကောင်အထည်ဖော် စီစဥ်ရတာမျိုး ရှိပါတယ်။

သို့သော် ပထမဆုံး ဘဏ်စတင်လည်ပါတ်တဲ့ နေ့ day 1 မှာပဲ နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နွေဦးဘဏ် ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယုံကြည်မှုတခု၊ ပန်းတိုင် တခု တည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက်စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

လက်တလော ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နှင့်အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာမို့ စိတ်ရှည်စွာနဲ့ ဆက်လက်အားပေး ဝန်းရံကြပါ ၊ အကြံပြုပူးပေါင်း ပါဝင်ပေးကြပါလို့ မိဘပြည်သူများကို မေတ္တာရပ်ခံပါတယ်။

မိဘပြည်သူအပေါင်း လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်အပြီးတိုင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တော်လှန်ရေးခရီးဟာ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းပါတယ်။ ထိုနည်းတူစွာ ငွေကြေးစနစ်စုံလင်တဲ့ Multi-Currency Digital Bank ဖြစ်တဲ့ နွေဦးဘဏ်ဟာ ရှုထောင့်ယန္တရား၊ ယဥ်ကျေးမှုသဏ္ဍာန် စုံလင်တာဖြစ်လို့ ဘက်ပေါင်းစုံကနေ တာဝန်ဝတ္တရားအားဖြင့် အလျားအနံ ကျယ်ပြန့်တာမို့ ပူးပေါင်းဆောင်ရွက်မှုတွေ များစွာလိုအပ်ပါတယ်။

“လွတ်လပ်ဧကန် နွေဦးဘဏ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ လုံခြုံလွတ်လပ်ခြင်းကို မြတ်နိုးတဲ့ ပြည်သူအယောက်စီတိုင်းကို ဝန်ဆောင်မှုပေးနိုင်ဖို့သည် နွေဦးဘဏ်ရဲ့ ပဓာနဂုဏ် ရည်မှန်းချက်ဖြစ်ပါတယ်။

ယနေ့ထိ နွေဦးဘဏ်ကို အားပေး၀န်းရံခဲ့သူများကို ကျေးဇူးတင်ရင်း များမကြာမီ အချိန်မှာ လက်ရှိ ပဏာမအဆင့် beta အား တည်ငြိမ်စွာလည်ပတ်နိုင်ပြီး Full Launch ကာလရောက်ရင်လည်း ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာစီမံနိုင်ရေး အနာဂတ်တခုအတွက် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစု၊ ဆွေမျိုးသားချင်းတွေကို လည်း နွေဦးဘဏ်နှင့်အတူ လက်တွဲခေါ်ပေးကြပါလို့ ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


စစ်အာဏာရှင် တွန်းလှန်တော်လှန်ရေး အတွက်ပါဝင် ထောက်ပံ့ကူညီပေးသော အလှူရှင် တစ်ယောက်စီတိုင်းအား ကျနော် တို့ အမဲလိုက်သိန်းငှက...
06/07/2023

စစ်အာဏာရှင် တွန်းလှန်တော်လှန်ရေး အတွက်ပါဝင် ထောက်ပံ့ကူညီပေးသော အလှူရှင် တစ်ယောက်စီတိုင်းအား ကျနော် တို့ အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင် ရှိပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်။ Telegram တွင်လည်း နေ့စဥ် စစ်ရေးဆိ...
05/07/2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်။
Telegram တွင်လည်း နေ့စဥ် စစ်ရေးဆိုင်ရာသတင်းအကျဥ်းချုပ်ကို ဖတ်ရှု့နိုင်ပါသည်။
https://t.me/modnugmyanmar
ရန်သူ့စစ်တပ်၏ အကြမ်းဖက်မှူများ၊ တပ်တည်၊ တပ်လှုပ် သတင်းများ၊ အကြမ်းဖက်ထောက်တိုင်များ၏ သတင်းအချက်အလက်များစသည့် အကြမ်းဖက်စစ်တပ်နှင့်ပတ်သက်သော သတင်းများကို အောက်ပါအတိုင်း ပေးပို့နိုင်ပါသည်။
အများပြည်သူ သတင်းပေးပို့ရန်
>>> Telegram - https://t.me/info2mod
>>> Email - [email protected]
လေကြောင်းသတင်းပေးပို့ရန်
>>> Telegram - https://t.me/MASurveillance24
ဖရဲသီးများ ဆက်သွယ် သတင်းပေးပို့ရန်
>>> Telegram - https://t.me/myanmarpeople
>>> Facebook -
https://www.facebook.com/PeoplesEmbrace

(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့ ပေးပို့သောသဝဏ်လွှာ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၃) ရ...
05/07/2023

(၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ)တပ်မတော်နေ့သို့
ပေးပို့သောသဝဏ်လွှာ
၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၃) ရက်
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

၁။ ယနေ့သည် ကရင်အမျိုးသားတရပ်လုံး လေးစားတန်ဖိုးထား ဂုဏ်ယူရသည့် (၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့ဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ကရင်အမျိုးသားပြည်သူ တရပ်လုံး ဘေးကင်းရန်ကွာရှိကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါသည်။။
၂။ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်ခဲ့သော ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးသည် အဖိနှိပ်ခံပြည်သူလူထုနှင့်တကွ ရပ်တည်ပြီး အာဏာရှင်စနစ်ကို တွန်းလှန် ဖြိုဖျက်လာခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
၃။ ၁၉၅၆ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့တွင် ကရင့်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်နှင့်ကိုက်ညီသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army) ကို အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို အစွဲပြု၍ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြု ကျင်းပခဲ့သည်။
၄။ ကရင့်အမျိုးသားတော်လှန်ရေးခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ် စွန့်လွှတ် ပေးလှူခဲ့ကြသော ကရင်အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီးများ၊ သူရဲကောင်းများနှင့်တကွ ပြည်သူများအားလုံးကို အလေးအနက် အောက်မေ့ဦးညွှတ်အပ်ပါသည်။
၅။ ကရင်အမျိုးသားလွတ်မြောက်ရေး(ကော်သူးလေ) တပ်မတော်သည် အဖိနှိပ်ခံ တော်လှန်ပြည်သူများနှင့် ရပ်တည်လျက် အာဏာသိမ်းအကြမ်းဖက်စစ်တပ်အား နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်မှ ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် အောင်မြင်စေရန် နည်းနာပေါင်းစုံဖြင့် ပါဝင်ပံ့ပိုးကူညီလျက်ရှိသည်။
၆။ ယနေ့အချိန် အုပ်ချုပ်ရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး၊ စိတ်ဓာတ်ရေးရာ စသည့် မျက်နှာစာ အများအပြားတွင် ကြီးမားသော ထိခိုက် ဆုံးရှုံးမှုများနှင့် အကြပ်တွေ့လျက်ရှိသည့် အကြမ်းဖက် စစ်တပ်အား အမြစ်ပြတ်သည်အထိ ခုခံတွန်းလှန်ပြီး ပြည်သူလူထုတရပ်လုံး၏ မျှော်မှန်းချက် ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှု အပြည့်အဝ အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်း တည်ဆောက်နိုင်လိမ့်မည်ဟု လေးနက်စွာ ယုံကြည်ပါသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ)တပ်မတော်သည် ကရင်အမျိုးသား တရပ်လုံး၏ အကျိုးစီးပွားကို မြင့်တင်ပေး နိုင်သော၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်သော တပ်မတော်ကောင်း တရပ်အဖြစ် ဆက်လက်ရပ်တည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ယနေ့ကျရောက်သော (၇၄) နှစ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေး (ကော်သူးလေ) တပ်မတော်နေ့သို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

17/04/2023

တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း..........................................................
2023 ခုနှစ် ဧပြီလ 17ရက် မြန်မာနှစ်ဆန်း (၁)ရက်နေ့ နံနက် ၁၀နာရီ ခန့်တွင် ကျွန်တော်တို့ Monywa Peregrine People Defence Force နှင့် ဆရာချစ်နှင့် ညီနောင်များ အဖွဲ့ တို့ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် လုယှက်စားသောက်နေသော ခွေးပုရွာ အား လက်လုပ် (၆၀)မမ. ၈လုံးပြစ်သွင်းခဲ့ပါသည်။
မိိဘပြည်သူများ ပို့သအပ်သော မေတ္တာဓာတ်ကြောင့် ရဲဘော်များ အထိခိုက်မရှိ ဆုပ်ခွာနိုင်ခဲ့ပါသည်။
ပြည်သူများ အနေဖြင့်လည်း ခုလို တိုက်ခိုက်မူများဆက်လက်လုပ်ဆောင်နိုင်ရန် 500.1000မှအစ ကူညီပေးကြပါရန် ညှိုးငယ်စွာ တင်ပြ တောင်းခံအပ်ပါသည် ။
Need Your Supporting
#အရေးတော်ပုံ အောင်ရမည်။
#အရေးတော်ပုံ အောင်ရမည်။
#အရေးတော်ပုံ အောင်ကို အောင်ရမည်။

စစ်အာဏာရှင် တွန်းလှန်တော်လှန်ရေး အတွက်ပါဝင်ကူညီထောက်ပံ့ကူညီပေးသော အလှူရှင် တစ်ယောက်စီတိုင်းအား ကျနော် တို့ အမဲလိုက်သိန်း...
05/04/2023

စစ်အာဏာရှင် တွန်းလှန်တော်လှန်ရေး အတွက်ပါဝင်ကူညီထောက်ပံ့ကူညီပေးသော အလှူရှင် တစ်ယောက်စီတိုင်းအား ကျနော် တို့ အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အထူးပင်ကျေးဇူးတင် ရှိပါသည်။

Address

Singapore

Alerts

Be the first to know and let us send you an email when Monywa Peregrine People's Defence Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Monywa Peregrine People's Defence Force:

Videos

Share


Other News & Media Websites in Singapore

Show All