Flash News

Flash News the knowledge and news for everyone

ခေမာရီ– ဂျာနယ်ကျော်မမလေး◾◾◾တော်သလင်းလကွယ်နေ့။အရပ်လေးမျက်နှာစလုံး မှောင်အတိဖုံးကာ ဘယ်နေရာကြည့်ကြည့် အလင်းရောင်ဟူ၍မရှိမိုး...
03/09/2024

ခေမာရီ
– ဂျာနယ်ကျော်မမလေး
◾◾◾

တော်သလင်းလကွယ်နေ့။
အရပ်လေးမျက်နှာစလုံး မှောင်အတိဖုံးကာ ဘယ်နေရာကြည့်ကြည့် အလင်းရောင်ဟူ၍မရှိ
မိုးမှောင်ကြီးကျနေလေ သည်။
ခင်မေသည် ခေါင်းအုံးအောက်က နှစ်တောင့်ထိုးလက်နှိပ်ဓာတ်မီးကလေးကိုဆွဲယူကာ
လက်ပတ်နာရီကို ထိုးကြည့် လိုက်၏။ ၁၂ နာရီထိုးသွားပြီ။ ငေါက်ကနဲ အိပ်ရာမှထလိုက်ကာ ခြင်ထာင်ကိုမလျက် အပြင်သို့ထွက်ထိုင်လိုက်သည်။ တဘက်က ခြင်ထောင်ထဲတွင် အိပ်နေကြသော ကြီးတော်နှင့် ဦးလေးတို့ အသံကိုလှမ်း ၍ နားစွင့်လိုက်၏။ အိပ်မောကျနေမှန်းစိတ်ချလက်ချရှိမှ ညဦးကအိပ်ရာထဲတွင် ဝှက်ထားသောလွယ်အိတ်ကို ကောက်ယူလွယ်လိုက်သည်။ အသံမကြားအောင် ခြေဖျားထောက်လျက် အခန်းအပြင်သို့ စမ်းထွက်လာခဲ့သည်။
မီးဖိုချောင်ဘက်သို့ထွက်သောတံခါးမှဂျက်ကိုဖြည်းဖြည်းကလေးမဖွင့်ကာ၊ မီးဖိုချောင်ထဲသို့ဝင်သွားလေ၏။ ခင်မေသည်မီးဖိုထဲတွင်
တအောင့်တွေးပြီး စဉ်းစားနေသေးသည်။ အပြင်ရောက်ဖို့ တံခါးတထပ်ကျန်သေးသည်။ ညများချွတ်ဆိုလျှင် လန့်တတ်ကြောက်တတ်သည်။ အဖေါ်မပါလျှင် တယောက်ထဲမထဝံ့။ ၊ ထချင်လျှင်မဦးကို နှိုးရ၏။ ယခုတော့ကြောက်ရမှန်း၊ လန့်ရမှန်းပင်မသိတော့။ ခြေလှမ်းသွက်သွက်ကလေးလှမ်းလျက် မီးဖိုထဲရှိနောက်ဖေး တံခါးပေါက်ကို အသာသွားဖွင့်သည်။ အပြင်ဘက်တွင် ပိန်း မှောင်နေလေ၏။ နောက်ဖေးလှေကားသုံးလေးထစ်ကို အတော်ပင်စမ်းပြီးဆင်းရ၏။
မှောင်လိုက်တာမဲလို့။
မြေကြီးပေါ်သို့နင်းမိလျှင် လမ်းကိုလည်းမမြင်၊ ချုံကိုလည်းမမြင်ရ၍ လက်နှိပ်ဓာတ်မီးထိုးလျက် လမ်းရှာကြည့်ရသည်။ ဓာတ်မီးထိုးရတာ တယောက်ယောက်မြင်သွားမှာလည်းစိုးရသည်။ မြေကြီးပေါ်၌ လမ်းအတိုင်းမှန်းလျှောက်သွားလေ သည်။ ချုံပုတ်တွေထဲရောက်သွားလျှင် လမ်းမြင်အောင် မီးကို အသုံးပြုရပြန်သည်။
ခင်မေသည် မှောင်ကြီးမဲကြီးထဲတွင် တောင်ကုန်းပေါ်သို့ မနဲအားခဲ၍ တက်နေရလေ၏။ တောင်ပေါ်၌ တရုပ်စကားပင်များဖုံးအုပ်ထားသော အဆောက်အဦလေးရှိလေသည်။ အဆောက်အဦလေးမှာ လူမနေ သော ကမ္မဋ္ဌာန်းဝါးကျောင်းဖြစ်၍ တံခါးပေါက်များ ဟာလာဟင်းလင်း ပွင့်နေပေသည်။ ခင်မေသည်ခက်ခဲစွာပင် ကမ္မဋ္ဌာန်းကျောင်းလေးရှိရာသို့ ရောက်လာခဲ့၏။ ကျောင်းလှေခါးကိုနင်းတက်လိုက်ကာ၊ ခင်မေသည်ဇွတ်မှိတ်ပြီးထွက်လာခဲ့သော ဇရပ်ကလေးရှိရာသို့ ပြန်လည်ကြည့်မိ လေ၏။ ကျောင်းပေါ်တွင် တံခါးပေါက်တွေကို
တပေါက်မကျန် အရင်လိုက်ပိတ်လေသည်။
တံခါးကိုအလုံပိတ်ပြီးမှ မှောင်ထဲတွင် ကျကျနနထိုင်လိုက်သည်။ လွယ်အိတ်ထဲမှဖယောင်းတိုင်ထုပ်နှင့် မီးခြစ်ကိုထုတ်ယူသည်။ ဖယောင်းတိုင်ကို မီးညှိကာ၊ဖယောင်း စက်ချ၍ ကြမ်းပေါ်၌စိုက်ချလိုက်သည်။
မီးထွန်းပြီးလျှင် လွယ်အိတ်ထဲမှပစ္စည်းတွေကို တခုစီဆွဲ၍ထုတ်သည်။ ပထမမှန်ကလေးတချပ် ထွက်လာသည်။ နောက်မောင်းချဓား၊ နောက် ကပ်ကျေး။ မှန်ကလေးကိုနံရံနှင့်ကပ်၍ထောင်လိုက်ကာ၊ မောင်းချဓားကို ဖွင့်လေသည်။ မောင်းချဓားမှာ မောင်းသန်၍ တော်တော်နှင့်ဖွင့်မရ၊ ပါးစပ်နှင့်အားရှိပါးရှိ ကိုက်ဖွင့်မှ ပွင့်၍သွားသည်။
ဓားပွင့်လျှင် ဓားသွားကို လက်မနှင့်သပ်ကြည့်လိုက်သည်။
“ထက်လိုက်တာမြနေတာဘဲ၊ ထက်မှ….ထက်မှ”
ဓားသွားကိုလက်မနှင့်စမ်းသပ်ရင်း၊ စိတ်တိုင်းကျတော့မှ ဓားကိုချကာ ခေါင်းကဆံထုံးကိုဖြေလေသည်။
“သူတို့ ဘယ်လိုပြောပြော နားမထောင်ဘူး၊ မိနဲ့ဖနဲ့မနေရတဲ့ဘဝ၊ ကုသိုလ်ဆိုးတဲ့ဘဝ၊
အဖေမရှိရင်လောကမှာ နေဘို့ မကောင်းပါဘူး”
ခင်မေ၏ဆံပင်များမှာ တင်ပါးဖုံးအောင်ရှည်လျားလေ၏။ ဆံပင်တွေကို လက်တဘက်နှင့် အပေါ်ပင့်တင်ဆုပ်ကိုင်ထား လျက် အရင်းမှဆံပင်ဖျားအထိ ရှေ့သို့ခပ်ဖြေးဖြေးဆွဲပြီး သပ်ချနေသည့်အခိုက် ငေးငိုင်နေပြန်လေသည်။
(၂)
မိမိတသက်တာတွင် မိခင်ဖြစ်သူအား ဓာတ်ပုံထဲ၌သာ တွေ့ဘူးလေသည်။ လူမှန်းသိသည့်အရွယ်လေးက ကွယ်လွန်သွား၍၊ အမေမရှိဘဲအဖေနှင့်ပင်၊ ညီအစ်ကိုမောင်နှမမရှိ၊ တကောင်ကြွက် နေထိုင်ခဲ့ရ၏။
“ငါ့သမီးကလေး၊ မိတဆိုးကလေး” ဟု မိမိအပေါ်တွင် သက်ညှာထောက်ထားလျက် နောက်အိမ်ထောင်မပြုရှာသောဖခင်။ သားအဖနှစ်ယောက် စည်းစည်းလုံးလုံးနှင့် နေခဲ့ထိုင်ခဲ့သော အချိန်တုန်းက အဖေအလိုလိုက်ပုံ၊ ချစ်ခင်ပုံ၊ ယုယပုံတွေ မှာ အမေမရှိသည့်အဖြစ်ကိုပင် မေ့၍နေစေ၏။ ခင်မေသည် အမေဟူ၍ တွယ်တာစရာ ချစ်စရာမရှိ၍၊ အဖေ့ကိုပင် အဖေလို၊ အမေလိုချစ်၏။ အရွယ်ကလေးရောက်၍ ကျောင်းထားစကဆိုလျှင် အဖေပါကျောင်းသို့လိုက်နေရလေသည်။ မိမိအလစ်အဖေအိမ်ပြန်သွားသည်ဆိုလျှင် တကြော်ကြော်အော် ငိုခေါ်လျက် အဖေ့နောက်သို့ကောက်ကောက်ပါအောင် ပြေးလိုက်တတ်၏။
ခင်မေ၏ကစားဖော်မှာ အဖေဖြစ်သည်။ ထမင်းအိုး၊ဟင်းအိုး ချက်တမ်းကစားလျှင်၊ အိုးပုတ်ကလေးထဲတွင် သဲများထည့်ကာ အဖေနှင့်နှစ်ယောက်ချက်ကြသည်။ ထမင်းကျက်၍ သဲတွေကိုခွက်ကလေးထဲထည့်ကာ
“စားပါအုံး အဖေ” ဟု အဖေ့ကို အတင်းစားခိုင်းလေသည်။ ခွက်ကိုပါးစပ်နားတွင်တေ့ယူပြီး၊ ပါးစပ်ကိုတပြတ်ပြတ် မြည်သံပြုလျက် အဖေကစားပြရလေသည်။

အပြည့်အစုံဖတ်ရန် အောက်က
လင့်ခ်ကို နှိပ်ပါ။
https://story.baraac.shop/story-list/

စာဖတ်နည်း
https://www.facebook.com/share/v/YBX5HpKEn5o6W1X8/?mibextid=oFDknk

ရှည်ရှည်နှင့် တိုတို #ဆရာကြီး_မောင်ထင်ကဆုန် နယုန် မိုးသံကြားပြီဆိုလျှင် လယ်ငှားစာချုပ် ချုပ်ရန် ကိုရာပျိုတို့လင်မယား မြိ...
26/07/2024

ရှည်ရှည်နှင့် တိုတို

#ဆရာကြီး_မောင်ထင်

ကဆုန် နယုန် မိုးသံကြားပြီဆိုလျှင် လယ်ငှားစာချုပ် ချုပ်ရန် ကိုရာပျိုတို့လင်မယား မြို့သို့ တက်လာလေ့ရှိပါသည်။

လယ်ငှားစာချုပ် ချုပ်ပြီဆိုလျှင် ကိုရာပျိုက လက်မှတ်ကိုသာ ထိုးရသည်။ သူ့မိန်းမကား သည်နှစ် စပါးပိုးကျ၍ လယ်ခကို ဘယ်ရွေ့ဘယ်မျှ လျှော့ပေါ့သင့်ပါသည်၊ ကျွဲခကိုတော့ အပြေ မပေးပါရစေနှင့်ဦး၊ စပါးပေးကိုမူ အပြေဆပ်ပါမည်၊ သို့သော် ရှစ်ဆယ်ဈေးတော့ မထားပါနှင့်၊ ဒီနှစ် စပါးဈေးကောင်းတော့ တပိဿာဈေး ထားပါ၊ ဆရာကတော့်ဆီက သရက်ထည် ဖိုးကလေးကိုတော့့ စပါးဦးပေါ်မှဘဲ အပြေဆပ်ပါရစေ၊ ယခု လယ်ထဲဆင်းခါနီးမှာ ကိုရာပျို ပဆိုးစည်းစရာ မရှိသဖြင့်၊ ဆီစိမ် ပဆိုး တထည်ကို အကြွေးယူလိုပါသေးသည်၊ အဲသည် ပုဆိုးဖိုးကိုလည်း ထဘီဖိုးနှင့်မှ တပါတည်း ပြေလည်အောင် ဆပ်ပါမည်၊ တရုတ်ဆိုင်မှာ ရွှေကျင်ဆေး တပိုလောက်တော့ အကြွေး ယူပေးပါဦး စသည်ဖြင့် လယ်မှုကိစ္စ၊ ကြွေးမြီကိစ္စ အဝဝတို့ကို စကားပြောသည်။ မိန်းမ၏ အာဝဇ္ဇာန်းကို ထောက်၍ လုပ်ငန်း၌ သူ မပါလျှင် ဘာမျှ မပြီးနိုင်သည်ကို သိသာသည်။ ကိုရာပျိုသည် ယောက်ျားဟုသာ ဆိုရငြားလည်း အရာရာ လေမျိုး၌ သူ့မိန်းမသာလျှင် အခရာ ဖြစ်သည်။

ကိုရာပျိုသည် အသားလတ်သည်။ လူလုံးလူဖန် သေးသွယ်သော်လည်း တောင့်တင်းသည်။ အရပ်အမောင်းမှာ ရှိသမျှ လယ်သမားထဲတွင် သူက လက်လေးသစ်လောက် ပို၍မြင့်သည်။ ယောင်တစောင်း အမြဲထုံးသည်။ စကားပြောလျှင် စဉ်စားရင်းနှင့် အချိန်ကုန်တတ်သည်။ ဘာမဆို သူ့ကိစ္စကို သူ မဆုံးဖြတ်တတ်။ မိန်းမကပြောမှ ပြီးပြတ်သည်။
လယ်သမားများထဲတွင် ကိုရာပျိုသည် ရုပ်ရည် အတော် သင့်သည်။ လူကြည့်လိုက်လျှင် ခါးကလေး တနွဲ့နွဲ့နှင့်မို့ အလုပ်ကြမ်း လုပ်နိုင်ပါ့မလားဟု အောက်မေ့ရသည်။ သို့သော် အလုပ်ခွင်၌ မခိုမကပ် ကြိုးစားသည်။ ထို့ကြောင့် သူ့အား လယ်သီးစား ချထားသော လယ်တွင် သူများ တဧကကို သုံးဆယ်ထွက်အောင် လုပ်သည်ဆိုလျှင် သူက အဖျင်းဆုံး သုံးဆဲ့ငါးတင်း ထွက်အောင် လုပ်နိုင်သည်။ ထို့ကြောင့် ကျွန်ုပ်၏ ဖခင်မှာ ကိုရာပျိုကို အသဲစွဲ ဖြစ်လေရာ ကိုရာပျို၏ မိန်းမက မည်မျှပင် ကတ်သီးကတ်သတ် နိုင်စေကာမူ ပြုံးပြုံး ပြုံးပြုံးနှင့် တတ်နိုင်သမျှ အလျှော့ပေးသည်။

ကိုရာပျို့ မိန်းမ နာမည်ကို ကျွန်တော် ကောင်းစွာ မမှတ်မိတော့ပါ။ မစိန်နှစ်ဟု ခေါ်သည်ထင့်။ မစိန်နှစ်မှာ ငါးကျည်းခြောက် ကျပ်တိုက်ထားသော ရုပ်မျိုး ရှိသည်။ ကိုရာပျိုနှင့် ယှဉ်လိုက်လျှင် ဗျိုင်းခြေတံရှည်၏ ဘေးတွင် လာနားသော တင်ကျီးငှက်နှင့် သဏ္ဌာန်တူလှ၏။ ကွမ်းအမြဲ ဝါးသဖြင့် သွားမှာ ညိုပုပ်ပုပ် ရှိသည်။ ဆံပင်မှ ဆီချေးတို့သည် မွဲချောက်သော ဂုတ်ပေါ်၌ ရွှဲ၍နေရာ ကော်ရင်ဂျီ ကုလားများ မွေးကင်းစကို ဆီသုတ်၍ မီးကပ်ပေါ် တင်လှိမ့်ထားသည့် ရုပ်မျိုးနှင့် တူလှသည်။

သို့သော် ထိုလင်မယားကို ရှေ့သွားနောက်လိုက် မညီဟု အသူ ဆိုဝံ့အံ့နည်း။ မယား ရှေ့ကသွားလျှင် လင်က နောက်က တကောက်ကောက် လိုက်ရသည် မဟုတ်လော။
လယ်ငှားစာချုပ်ကို ချုပ်တိုင်း ချုပ်တိုင်း ကျွန်တော်သည် သူရို့လင်မယားကို အကဲခပ် ကြည့်မိသည်။ ကိုရာပျိုက သူ့လိုဘ ရှိရာကို ဘာပဲပြောပြော မစိန်နှစ်က တချက် ဝင်တောလိုက်လျှင် ကိုရာပျိုမှာ သူ့လိုဘ ဘာလဲ ဆိုသဟာကို မပြောတတ်တော့ပြီ။ ကိုရာပျိုက သူ့၌ လိုဘ ဘာမျှမရှိဟု ဆိုစေကာမူ မစိန်နှစ်က ဝင်၍ ထောက်လိုက်လျှင် သူသည် သူ ဘာကို လိုချင်သည် ဆိုသဟာကို စကားတခွန်းလျှင် တထောက် တထောက် နားရင်း တောက်လျှောက်ကြီး ပြောချနိုင်ပါသည်။ ထိုသို့သော အခါမျိုး၌ ကျွန်တော် စောင့်ကြည့်၍ မြင်ရသော ထူးခြားချက်မှာ မစိန်နှစ် တောက်ပသော မျက်လုံးများ ဖြစ်၏။ ထိုမျက်လုံး နှစ်စုံတို့သည်ပင်လျှင် ကိုရာပျိုအား “ဇိုးဟဲ့ နွား” ဟု နှင်လျက် ရှိသည်ဟူ၍ ကျွန်တော် ယူဆမိသည်။ ကိုရာပျိုက တောင်စဉ်ရေမရတို့ကို အအထစ်ထစ်နှင့် ရေရွတ်နေသည့်အခါ မစိန်နှစ်၏ မျက်လုံး တချက်လောက် ဝင့်လိုက်လျှင် ကျွန်ုပ်တို့၏ မိတ်ဆွေ ကိုရာပျို၏ ယောင်တစောင်းကလေးမှာ ပု၍ ဝင်သွားသည်။

ထိုအကြောင်းများကြောင့် ကျွန်တော်၏ မိခင်ဖခင်တို့သည် လယ်ကိစ္စနှင့်တကွ ကိုယ်ရေးကိုယ်တာ ဟူသမျှတို့တွင် မစိန်နှစ်နှင့်သာလျှင် စခန်းသွားသည်။ လင်ကိုနိုင်သော မယားဟူ၍ အမှတ်မထားချေ။ နိုင်သင့်သောကြောင့် နိုင်ခြင်းပင် ဖြစ်လေရာ ကိုရာပျို တည်းဟူသော လူ့ငနွား၏ နဖားကြိုးကို မစိန်နှစ် တည်းဟူသော နွားကျောင်းသူကလေးကမှ ကျကျနန ကိုင်မပေးလျှင် သည်ငနွားမှာ ဘယ်ပါးစပ်နှင့် မြက်ကို ဝါးရပမတုံး။
တနှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ် စသည်ဖြင့် ကိုရာပျိုတို့ လင်မယားသည် ကျွန်ုပ်တို့၏လယ်ကို ငှား၍ လုပ်ကြသည်။ စာချုပ်အသစ် ချုပ်တိုင်း သူတို့နှင့် ကျွန်တော်မှာ ဆုံခဲ့ကြရသည်။ သို့သော် သည်တစ်ခါ ကျောင်းပိတ်ရက်အတွင်း ကိုရာပျိုတို့ လင်မယားစုံတွဲသည် မြို့သို့ တက်မလာကြချေ။ အမှန်မှာ ကိုရာပျိုတော့ လာပါ၏။ ကျွန်တော် ကျောင်းသို့ ပြန်ရမည့်နေ့ မတိုင်မီကမှ သူ ရောက်လာသည်။ သည်တခါ စာချုပ်ချုပ်တာ ပြီးစီးလွယ်လှပါသည်။ မစိန်နှစ် မှာလိုက်သည့်အတိုင်း ဖခင်ဖြစ်သူက လိုက်လျောသည့်အပြင် မစိန်နှစ် မရှိ၍ သူ့ယောက်ျား မလယ်မဝယ်ကို သူငယ်နှပ်စား လုပ်သည်ဟု အများက မလိုလျှင် မလိုသလို မပြောနိုင်အောင် မနှစ်က ကျန်သော ကျွဲခများကိုပင် လျှော်ပစ်လိုက်ပါသေး၏။

စာချုပ်ပြီးသော် ကိုရာပျိုသည် ကျွန်တော့်မိခင်နှင့် ဘယဆေးများအကြောင်း စုံစမ်းမေးမြန်းနေပါသည်။

“စပါးလှေ့ပြီးတဲ့ အချိန်ကစပြီး တပိန်ပိန် တလိမ်လိမ်နဲ့ ဘာဖြစ်နေသလဲ မသိပါဘူး။ သွေးဝမ်းကလည်း ခဏခဏ ကျတယ် ဆရာကတော်ရဲ့” ဟူ၍ ကိုရာပျိုက ကျွန်တော့်မိခင်ကို ပြောနေသည်။

အပြည့်အစုံဖတ်ရန်
အောက်က လင့်ခ်ကို နှိပ်ပါ
https://baraac.shop/the-secrets-to-marketing-in-the-gaming-industry-2/

စော်ဘွားကတော့် စိန်နားကပ် #ဆရာ_မောင်သင်[“ကြည့်စမ်း ငါ့မောင်က ဆရာဝန် ဆိုပြီးစိန်ကဲ မဖြတ်တတ်ဘူးသာ ပြောတယ်၊အမှန်းအဆ မဆိုးဘူ...
26/07/2024

စော်ဘွားကတော့် စိန်နားကပ်
#ဆရာ_မောင်သင်
[“ကြည့်စမ်း ငါ့မောင်က ဆရာဝန် ဆိုပြီး
စိန်ကဲ မဖြတ်တတ်ဘူးသာ ပြောတယ်၊
အမှန်းအဆ မဆိုးဘူး………”]

မမရင်တို့၊ မမခင်တို့ လာနေကြသည်ကို ကျွန်တော်က ဦးစွာ တွေ့ရလေသည်။ ကျွန်တော်စာရေးနေသည့် စားပွဲကပင် မြင်ရ၏။ မမရင်တို့က ကျွန်တော့်အား မြင်ကြလေမည် မဟုတ်။ မကြာမီ အိမ်ရှေ့တံခါးကို ခေါက်လာသည်။ မိရွှေသက်က တံခါးဖွင့်ပေးရ၏။

“အော် အသက်”
“မမရင်၊ မမခင်”

ကျွန်တော့်ဇနီးချောနှင့် မမရင်တို့သည် သောသောညံမျှ အလ္လာပ ပြုကြလေသည်။ ကျွန်တော့်ကိုလည်း မေးသံ ကြားရ၏။ မိန်းမက အိပ်နေထင်ပါရဲ့ဟု ဖြေသည်။ ကျွန်တော် စာရေးပျက်မည်ပို စိုးရိမ်၍ တစ်ကြောင်း၊ ကျွန်တော်က မမရင်တို့ကို မတွေ့ချင်၊ တွေ့လျှင်လည်း မိုးမြေမဆုံးနိုင် အဖွားကြီးတွေက စကားလှိုင်လှိုင်ပြောကြတော့မည်။ ကျွန်တော်တို့လင်မယားက ဟုတ်ကဲ့၊ အင်း၊ အဲသာ လိုက်ရန် ရှိ၏။ ထိုသို့သော အကြောင်းကြောင်းတွေကြောင့် မိန်းမက မုသားပါသော လင်္ကာစကားကို ဆိုတော့သည်။

မိန်းမကို ချစ်သောလင်သည် မိန်းမ၏စကားနှင့် လျော်ထွေစွာ ကျင့်ရချေ၏။ ကျွန်တော်သည် စာရေး ရလည်း မသွက်တော့သည့်အတူ အ်ိပ်ရာထက်သို့တက်၍ ခွေလိုက်ရလေသည်။ စောင်ကို ခေါင်းမြီးခြုံ ထားရသဖြင့် အပြင်က စကားတွေကိုပင် မကြားရ။ ထိုအတွင်း သမီးချော ကျောင်းက ပြန်လာသည်။ မမရင်တို့က သမီးချောကို နှုတ်ဆက်ကြသံ၊ သမီးကို သူတို့က ပွေ့ချီ နမ်းရှုံ့လေသလားမသိ၊ သမီးက ရုန်းကန်နေဟန် တူသည်။
“ဟဲ့၊ အန်တီက ချစ်လို့ပါသမီးရဲ့” ဆိုနေသံတွေ ဆူညံနေ၏။

တံခါး ကျွီ ကနဲ တစ်ချက်ကြားရပြီး သမီး ကျွန်တော့်အနား ကပ်လာဟန် ခြေသံကို ကြားရသည်။ ကျွန်တော်သည် မျက်စိကို မှိတ်ချင်ဟန် ပြုနေရ၏။

အိပ်နေဟန် မပြုမဖြစ်၊ သမီးက ၈ နှစ်ရှိသေးသည်။ သမီးဝင်လာသည် ဖြစ်၍ ကျွန်တော်က မျက်လုံးမှေးထားရာမှ ဖွင့်ကြည့်လျှင် “ဟော ဒယ်ဒီက အိပ်လဲမအိပ်ဘဲနဲ့ အိပ်ချင်ယောင် ဆောင်နေတယ်” ဟု သူ့အသံစာကလေးနှင့် အော်ချေလိမ့်မည်။

“ဟော၊ သမီး မအော်နဲ့” မျက်စိမှိတ်ပြ လက်ရိပ်ပြ၍ နားလည်မည်မဟုတ်။ ကျွန်တော်သည် ယောက်၍ အိပ်ပျော် နေသကဲ့သို့ ပါးစပ်က တခေါခေါ လုပ်နေရသည်။ ထိုအခါမှ သမီးငယ်သည် ခြေသံကလေးဖွကာ ထွက်သွား၏။

“လိမ္မာလိုက်တဲ့ သမီးဟဲ့”

ကျွန်တော်သည် မျက်လုံး ဖွင့်ကြည့်မိလေသည်။ သည့်နောက်တွင် ကျွန်တော်အိပ်ရာမှထ၍ စာရေးမည် ပြု၏။ တံခါး ကျွီ ကနဲ အသံထွက်လာပြန်၍ ပြန်အိပ်လိုက်ရလေသည်။

“ဟေး မောင်မောင်”
မိရွှေသက်သည် ကျွန်တော့်အား လှုပ်နိုးလာ၏။ ကျွန်တော် မလှုပ်၊ အိ၊ အဲပင် လုပ်နေသေး၏။

“အောင်မယ်၊ အိပ်ချင်ယောင် ဆောင်နေပြန်ပြီ။ ဒီမှာ မောင်မောင်ရဲ့၊ မမရင်တို့ စိန်နားကပ် လာပြ တယ်”

ကျွန်တော်က မျက်လုံး ဖွင့်လိုက်သည်။ မိန်းမသည် ကျွန်တော့်မျက်လုံးရှေ့ တစ်ထွာတစ်ကွာလောက်တွင် စိန်နားကပ်နှစ်ဖက်ကို ပြူး၍ ပြနေ၏။ အရောင်များက ပြိုးပြိုးပြောင်လှသဖြင့် ကျွန်တော် ဆွဲယူကြည့်ရလေသည်။ မိန်းမမျက်နှာသည် ပြုံးစေ့စေ့ ဖြစ်နေ၏။ စိန်နားကပ်ကို ကြည့်ရာမှ ကျွန်တော်က သူ့အား အံ့အားသင့်သော မျက်နှာနှင့် မော့ကြည့်လိုက်သောအခါ မိရွှေသက်သည် `ရွှီး´ တိတ်နေ ဟူသော အသွင်မျိုး ဆောင်လိုက်လေသည်။

“ဒါ ဘာလုပ်ဖို့လဲ”

“သက်ကို ဝယ်ပါဆိုပြီး လာပြနေတယ်မောင်ရဲ့၊ မမရင်တို့လေ”

“ဝှေး”

ကျွန်တော်က ရယ်ချင်နေလေသည်။ မမရင်တို့အကြောင်း ကျွန်တော်က ကောင်းစွာသိသူ ဖြစ်၏။ အသိအကျွမ်း ဖြစ်ကြရသည်မှာ မကြာသေး။ လေးငါးခြောက်လမျှ ရှိပေဦးမည်။ စကား အလွန်များကြသူများဖြစ်၏။ ပြောပါများသော စကားထဲမှ ကျွန်တော်က သူတို့ဇာတိကို သိရှိနားလည်ရသူ ဖြစ်သည်။ အရာရှိအရာခံ လူကုံထံများထဲက ဖြစ်ကြ၏။ မတ်တော်မောင် အရာရှိကြီး၏ ရာထူးဂုဏ်ပေါ်တွင် ခုန်ပျော် မြူးတူးနေကြသူများ ဖြစ်လေသည်။ စကားက ကြွယ်လှ၏။ အရာရှိက မည်မျှပင် ကြီးကြီး အရာရှိသည် လခစားပင် မဟုတ်တုံလော။ ထို့ကြောင့် မမရင်တို့ခမျာမှာ စိန်ပွဲစားလိုလို ဘာလိုလို ဘေးဘီက ငွေကို တစ်နည်းအားဖြင့် ရှာကြ ဖွေကြရရှာလေသည်။
ဒီကရတဲ့ငွေကို မမရင်တို့ အလှူအတန်း လုပ်ကြတာပါဘဲကွယ်”

စိန်အရောင်းအဝယ် ပွဲစားလုပ်ပြီး သူတို့အတွက် ကျန်သည့် ငွေကိုပင် ထိုသို့ စကားကြွယ်ဝလိုက်ပြန်သေးသည်။ မည်သို့ ဖြစ်စေ၊ ကျွန်တော်တို့မှာ လူတိုင်းနှင့် သင့်တင့်စွာ ပေါင်းသင်းနိုင်ရေး၊ ထိုသင့်တင့်စွာ ပေါင်းသင်းထားသူတို့က ကျွန်တော့်ဆေးတိုက်သို့ နေမကောင်း ထိုင်မသာ ရှိသူများကို ညွှန်ပြ စေလွှတ်ရေးက အရေးကြီးပေ၏။

“ဟုတ်ပါ့ခင်ဗျာ၊ ဟုတ်ပါ့။ မှန်ပါ့ မမရင်ရယ်”

မမရင်ဟု ခေါ်နေ ပြောနေသော်လည်း မမရင်အသက်မှာ မငယ်တော့ပါချေ။ ၅၀ မှ အနည်းငယ်ကျော်ပြီ ဖြစ်၏။ အပျိုကြီးဖြစ်၍ အရွယ်တင်သည်။ ကျွန်တော်တို့ဆီသို့ မလာသည်မှာ ကြာပြီဖြစ်၏။

ကျွန်တော်နှင့် မိရွှေသက် အိပ်ရာထက်ဝယ် တီးတိုး တီးတိုး ရယ်လိုက် ပြုံးလိုက်၊ ရယ်မိသည့်အသံကို ပါးစပ်ထဲတွင် ပျောက်သွားရန် ချုပ်လိုက် ထိန်းလိုက်ရှိနေဆဲ အပြင်ခန်းက မမရင်အသံ ပေါ်လာ၏။

“ကဲ ဒေါက်တာ နိုးပလား၊ လာ လာ၊ မမရင်တို့က အင်မတန် သင့်လွန်းလို့ ယူလာတာ၊ လာကြ လာကြ”

အပြည့်အစုံဖတ်ရန်
အောက်က လင့်ခ်ကို နှိပ်ပါ

https://baraac.shop/samsunghttps://baraac.shop/motorola-razr-2024-tomorrows-bargain-foldable/

ပို့စကတ်လေးတစ်စောင်မိုးမိုး ( အင်းလျား )အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖ...
25/07/2024

ပို့စကတ်လေးတစ်စောင်
မိုးမိုး ( အင်းလျား )

အဖြစ်ဟောင်းဟူသည် လူတိုင်းကိုယ်စီရှိကြစမြဲ ။ အချစ်ဟောင်းဆိုသည်မှာလည်း များသောအားဖြင့် ရှိခဲ့ကြစမြဲ။ ထို့ကြောင့်လည်း မောင့်တွင် အချစ်ဟောင်း ရှိခဲ့ဖူးသည်နှင့် ပတ်သက်၍ ကျွန်မစိတ်မှာ အထူးအထွေ မဖြစ်မိ။ ကျွန်မတွင်လည်း ရှိခဲ့သည်သာ။

ငယ်ကအချစ် အနှစ်တရာဆိုသော်လည်း မောင်နှင့်လက်ထပ်ပြီးသည့် အချိန်မှစ၍ ကျွန်မသည် အချစ်ဟောင်းရော၊ အချစ်နှောင်းပါ မေ့ပြီတည်း။ ကျွန်မဘဝတွင် မောင်သာရှိသည်။ ကျွန်မအချစ်သည် မောင့်ဆီမှာသာ တည်သည်။ မောင့်ကိုလည်း ထိုသို့ပင်ဖြစ်စေချင်သည်။ သို့သော် မောင်က သည်နှယ်မဟုတ်။

ကျွန်မတို့ လက်ထပ်ပြီးသည့်နောက် မောင့်အိမ်မှာပင် ကျွန်မလိုက်နေရသည်။ မောင့်အိပ်ရာ၊ မောင့်စားပွဲ၊ မောင့်စာအုပ်စင်တို့သည် ယခင်လူပျိုဘဝအတိုင်း နေရာမပျက်ရှိနေသည်။ မောင့်ရည်းစားစာ တထပ်ကြီးကလည်း မောင့်စာအုပ်စင်မှ စာအုပ်ကြားတွင် နေရာမပျက်။ ကျွန်မစာများက အပေါ်ဆုံးမှာ ဆိုပါတော့။ နောက်ဆုံးရည်းစားစာပေကိုး။
လိုက်သည်။ ဘာမျှ အလေးမထားသည့် သဘော။ သို့သော် ကျွန်မရှေ့မို့ ဟန်ဆောင်သည်လား မသိနိုင်ချေ။

“ပို့စကတ်ပို့တာ ဘယ်သူလဲဟင်”

ကျွန်မကသိလျက်နဲ့ မေးလိုက်သည်။ ဘာမျှမမေးဘဲ နေမည်ဟူသော ကျွန်မဆုံးဖြတ်ချက်ကိုလည်း ရုတ်တရက် မေ့သွားသည်။

“ဟိုလေ စံပယ်ပါ”

“ဪ နာမည်လဲ မထိုးထားဘူးနော်။ သူ့လက်ရေးကို မောင်မှတ်မိလိမ့်မယ်လို့ ယုံကြည်ပြီးသားထင်ပါရဲ့”

ကျွန်မအသံက ခနဲ့သံပါသွားသည်။ သို့သော်မတတ်နိုင်ပြီ။

“အလကားပါ ထားရယ်။ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မနေပါနဲ့။ မောင် သူ့ကိုမေ့နေတာ ကြာပါပြီ။ လာကွာ ထမင်းစားကြစို့”
ဟုတ်ပါရဲ့။ မောင်အလေးမထားတာကို ဘာကြောင့်များ အရေးတယူလုပ်ပြီး အစဖော်ပေးနေမိပါလိမ့်။ စိတ်ထဲကမူ ‘မောင့်ကိုတော့ သူ မမေ့သေးဘူး’ဟု ပြောနေမိသည်။

သည်ဇတ်လမ်းက သည်တွင် တခန်းရပ်လိုက်လျင် ကောင်းမည်။ ပြည်ဖုံးကားချလိုက်ဖို့ သင့်သည်။ သို့သော် မဆုံးနိုင်သေးသော တေးတပုဒ်သဖွယ် မစံပယ်က ဆက်လက်သီဆိုနေချေသည်။ စံပယ်ထံမှ ပို့စကတ်များကား ရောက်လာမစဲ တသဲသဲတည်း။ အဓိပ္ပါယ်ကလည်း ထပ်တူသာပင်။ ငါးလေးတကောင်တည်း ဖော်ကွဲနေပုံ၊ သမင်မလေး တကောင်တည်း တောလမ်းထဲမှာ လမ်းမှားနေပုံ၊ သစ်ခြောက်ပင်ကြီး တပင်တည်း နွေအထီးတည်း ကန္တာရမှာ မားမားကြီး ရပ်တည်နေရပုံ စသည် စသည်တို့တည်း။

မစံပယ် ဘယ်လိုရည်ရွယ်လေသလဲ၊ ဘာကိုဆိုလိုသလဲ။ ဘာကိုဖြစ်စေချင်သလဲ။ ကျွန်မ သံသယ မကင်းနိုင်ပါ။ မောင်နှင့်မစံပယ် ဘယ်သို့အခြေရောက်ခဲ့ပါသနည်း။

ဒုတိယအကြိမ် မောင့်ကို ကျွန်မရင်ဆိုင်ရပါပြီ။ သည်တခါ ပဋိပက္ခ အစပျိုးမိပြီ။

“မောင် ထားတခုမေးမယ်။ မှန်မှန်ဖြေမလား”

“ဘာများလဲ ထားရယ်”

“မောင်နဲ့စံပယ်ကဘယ်လိုလဲ”

“ဘယ်လိုမှ မလဲပါဘူး ထားရဲ့။ မောင်တို့ချင်း ချစ်ခဲ့ကြတာ သာမန်ပါပဲ။ ထားနဲ့မတွေ့ခင် သူနဲ့ပြတ်သွားတယ်။ သဘောချင်း မတိုက်ဆိုင်လို့ ဆိုပါတော့။ လမ်းတွေ့ရင်တောင် မခေါ်တော့ပါဘူး။ ထားနဲ့တွေ့ပြီးမှ လုံးဝတောင် မတွေ့တော့ပါဘူး”

“ဒါပေမယ့် သူက အမြဲ ပို့စကတ်တွေ ပို့နေတာက ဘာသဘောလဲ မောင်။ မောင်လက်ထပ်လိုက်တဲ့အတွက် သူ့မှာ သိပ်စိတ်ထိခိုက်နေရပါပြီ။ သူ့ဘဝဟာ မောင့်ကို ဆုံးရှုံးရလို့ အထီးကျန်ဖြစ်နေရပါပြီလို့ မောင့်ကို တိုင်တည်နေတာပေါ့ ဟုတ်လား”

“မောင် ဘယ်သိပါ့မလဲ ထားရယ်။ မောင် သူ့ကို လုံးဝပြတ်ပြီးသားပါ။ ဒါတွေအတွက် မောင့်ရင်ကို ဘာမှ မထိခိုက်စေတော့ပါဘူး။ မောင်ချစ်တာ ထားပါပဲ။ ထားလဲ ဒါကို လျစ်လျူရှုထားလိုက်ပါ ထားရယ် … နော်နော်”
မောင်က တောင်းပန်တိုးလျှိုးသံဖြင့် ပြောပါသည်။ မောင့်အမူအရာသည်လည်း မောင်အမှန်တကယ် ပြောနေသည်ဟု ယုံကြည်လောက်ပါသည်။ မောင့်ကို ယုံကြည်လို့သာ လက်ထပ်ခဲ့သည်ပဲ။

“မောင်နဲ့စံပယ် လမ်းမှာတခါမှ မဆုံဘူးလား” ဟု မေးလျှင် မောင်က မျက်နှာထားမှန်မှန်ဖြင့် ခေါင်းကို တွင်တွင်ယမ်းသည်။ ‘တွေ့လဲ ပြောချင်မှ ပြောမှာပေါ့’ ဟု စိတ်ထဲက ထင်လိုက်သော်လည်း ဘာမျှ ဆက်မမေးတော့။ သည်အဖြေကိုပဲ လိုချင်တာ။ သည်အဖြေရရင် ကျေနပ်ရောပေါ့ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ရသည်။

ပို့စကတ်များ အလာကျဲသွားသည်။ အထီးကျန်ဆန်သော ပုံလေးများ ရောက်မလာတော့ဘဲ၊ ဝါဆိုလပြည့်၊ သီတင်းကျွတ်ပွဲတော်၊ ပြည်ထောင်စုနေ့ စသည်ဖြင့် ပို့စကတ် အထူးထုတ်ဝေချိန်တွင် ထိုအထူးထုတ် ပို့စကတ်လေးများ ရောက်လာတတ်သည်။ အစဉ်မမေ့ကြောင်းကို ပြသည့်သဘောပင်ဖြစ်၏။ တခါတရံ ကျွန်မက မောင့်ကိုစတတ်သည်။

“လွတ်လပ်ရေးနေ့ကို နှစ်ရက်တောင် လွန်လာပြီ မောင်”

“ဘာဖြစ်လို့လဲ ထားရဲ့”

“ဪ လွတ်လပ်ရေးနေ့ ပို့စကတ်လဲ မရောက်သေးပါလားလို့”

“ထားကလဲကြာ”

မောင်က ရယ်မောပစ်တတ်သည်။ အင်း လုပ်လိုက်ဦးပေါ့ မစံပယ်ရေ။

မောင့် အပေါင်းအသင်းဆိုလျှင် ကျွန်မ မသိသူ နည်းသည်။ တခါမျှတော့ဖြင့် မြင်ဖူးသည်သာ။ သို့သော် ယနေ့လာသော သူကို ကျွန်မ မမြင်ဖူး။ သူ့အသားက ဖြူသည်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ မောင်နှင့် တိုက်ရိုက်တွေ့သွားသည်။
ဧည့်သည်က ကျွန်မကို သာမန်မျှသာ တချက်ဝေ့ကြည့်ကာ မောင်နှင့် အပြင်ပြန်ထွက်သွားသည်။ ကျွန်မက ခါတိုင်းလို “လက်ဖက်ရည်ဆိုင် သွားလိုက်ဦးမယ် ထားရေ” လို့ပင် ပြောမသွားနိုင်သော မောင့်ကို မကျေမနပ်ဖြစ်မိသည်။ ခါတိုင်းလည်း ယောက်ျားဧည့်သည်လာလျှင် မောင်က ကျွန်မကို ဒုက္ခမပေးတတ်။ လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ သူ့ဘာသာ ဧည့်ခံတတ်သည်။ ယနေ့တော့ ည၉နာရီကျော်ပြီမို့ မသွားသင့်တော့ဟု ကျွန်မထင်သည်။ ဧည့်သည်ကလည်း ဒီအချိန်ကြီးမှာ ဘာကိစ္စများ ရှိလို့ပါလိမ့်။ ရန်ကုန်မြို့လယ်ခေါင်ဆိုတော့ ညဉ့်နက်ပြီဟု မဆိုသာ။

“စောစောက ဧည့်သည်ကိုသိလားဟင်”

၁၀နာရီပင် ရှိပြီမို့ ကျွန်မက မောင့်ညီငယ် အထွေးကို လှမ်းမေးလိုက်သည်။

“သိတာပေါ့ ကိုကို့ရည်းစားရဲ့မောင်လေ”

အနားမှ အစ်မ အကြီးဖြစ်သူက လှမ်း၍ လက်ကုပ်လိုက်သော်လည်း အထွေးက ဒါမျိုးဆိုလျှင် ပြောချင်သူပီပီ ပြောဖြစ်အောင် လှမ်းပြောလိုက်သည်။ ကျွန်မ မျက်နှာပျက်သွားမိ၏။

အပြည့်အစုံဖတ်ရန်
အောက်က လင့်ခ်ကို နှိပ်ပါ
https://baraac.shop/samsung-galaxy-z-fold-6-review-faster-stronger-pricier/

သူ့ပင်စည်နှင့်သူ့အပွင့် #ဆရာ_လယ်တွင်းသားစောချစ်(ရွှေသမင် မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၉၀။)ဒီနေ့ သီတင်းကျွတ် လပြည့်နေ့။အိမ်မှာ...
24/07/2024

သူ့ပင်စည်နှင့်သူ့အပွင့်

#ဆရာ_လယ်တွင်းသားစောချစ်
(ရွှေသမင် မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၉၀။)

ဒီနေ့ သီတင်းကျွတ် လပြည့်နေ့။
အိမ်မှာ သားသမီး သုံးယောက်နဲ့ သူတို့ရဲ့ ဇနီး ခင်ပွန်းတွေ၊ သားသမီးတွေ အစုံအလင် ရောက်နေ ကြတယ်။ ပင်စင်စား နေရပြီ ဖြစ်တဲ့ ဖိုးဖိုးနဲ့ ဖွားဖွား (ဘိုးဘိုးနဲ့ ဘွားဘွား) ကျုပ်တို့ လင်မယားကို ကန်တော့ကြ မလို့ပေါ့။ သား အကြီးဆုံးက မွေးတဲ့ မြေးကြီး ကိုထွေး တစ်ယောက်သာ ကျန်နေ လေရဲ့။ ဆွမ်းသိမ်းပွဲ မြသပိတ် လှည့်ရာမှာ ပါသွားလို့တဲ့။ ကောင်းပါ့။

ကျုပ်ဇနီး အဘွားကြီး ကတော့ သမီး နှစ်ယောက်၊ ချွေးမ တစ်ယောက်နဲ့ အတူ အားလုံး စားဖို့ နန်းကြီးသုပ် လုပ်နေလေရဲ့။ သူ့ မြေးမတွေက ဝင်ကူရင်း ခြေရှုပ် နေကြလို့ အော်ထုတ် လိုက်ကြ၊ ထွက်ပြေးကြ။ ပြန်ရှုပ်လိုက်ကြ အော်လိုက်ကြနဲ့ ပျော်စရာကြီး။

သားကြီးနဲ့ သမက် နှစ်ယောက်တော့ ဧည့်ခန်းမှာ ထိုင်ပြီး သူ့အလုပ် အကြောင်း ကိုယ့်အလုပ် အကြောင်း၊ ဟိုအကြောင်း သည်အကြောင်း သောင်းပြောင်း ပြောနေ လိုက်ကြတာ။ ညီအစ်ကိုတွေလို ခင်ခင်မင်မင်မို့ မြင်ရတာ ရင်အေးစရာ။

ကျုပ်ကတော့ ဒီလိုရက်မှာ မြေးတွေ ခြံရံပြီး အိမ် အလယ်ခန်းက ကြမ်းပြင်မှာ ထိုင်ရတာ သိပ်ပျော်တာပဲ။ သူတို့ ပြောတာ နားထောင်ပြီး ကိုယ်က ရယ်လိုက်။ ကိုယ်ပြောတာ နားထောင်ပြီး သူတို့က ရယ်လိုက်။
ကျုပ်တို့ ဝိုင်းက ရယ်သံတွေ သိပ်ညံရင် အဘွားကြီးက မျက်စောင်း ထိုးတယ်။ အဘိုးကြီး မြေးတွေ ကြားမှာ သူငယ်ပြန် နေပြီပေါ့။ ကျုပ် မြင်သားပဲ မကြား တကြား ပြောတာလဲ ကြားသားပဲ။ ကျုပ် နေရာ ရွေးထားတာကိုက နောက်ဘက်က ချက်ပြုတ်တဲ့ လူတွေကိုလဲ မြင်ရတဲ့ နေရာ။ ဧည့်ခန်းက သားနဲ့ သမက်တွေကိုလဲ မြင်ရတဲ့ နေရာ။

“ဟော … နားထောင်စမ်း …”

ကျုပ်က ပြောလိုက်လို့ ဆူညံနေတဲ့ မြေးတွေ ငြိမ်သွားတယ်။

လေယံမှာ လွင့်ပျံလာတဲ့ အော်ဂင်သံ။

“ကျေးသံ ငှက်သံနှော ပြော ပြောကြရှာ ေဩာင်း ဥုံသံတွေ ပြင်း ဂျီမင်း ဖေဝိဇ္ဇာ”

“သေချာတယ်ကွ ကိုထွေးတို့ လာပြီ …”

ကျုပ်စကား ဆုံးတာနဲ့ ကလေး အားလုံး ထိုင်ရာက ထပြီး ဆူဆူညံညံ ဖြစ်ကုန်တယ်။

“ကိုကိုကြီးတို့ လာပြီဟေ့ …”

“ကိုထွေးတို့ ဆွမ်းသိမ်းအဖွဲ့ လာပြီဟေ့ …”

“သွားကြည့်မယ်ဟေ့ … လာကြဟေ့ …”

ခုန်ကြ ပေါက်ကြ၊ ခေါ်ကြ အော်ကြနဲ့ ခြံရှေ့က လမ်းမကြီး ဆီကို ပြေးထွက် သွားကြတယ်။

“ဖွားဖွား (ဘွားဘွား) ရေ … လာဟေ့၊ မြေးကြီး ကိုထွေးတို့ အဖွဲ့ကို အားပေး ရအောင် …”

ကျုပ်က အဘွားကြီးကို မြေးတွေ ခေါ်သလို ခေါ်လိုက်တယ်။

“လာမယ် … လာမယ် ဖိုးဖိုး (ဘိုးဘိုး) ရေ၊ ဟဲ့ … သမီးတို့လဲ လာကြလေ၊ အုပ်သင့်တာတွေ အုပ်ထားခဲ့၊ လာကြ၊ ဟဲ့ သစ်သီးပွဲနဲ့ ဆွမ်းဆန်ပွဲ ယူခဲ့ကြဦး …”

“သွားကြ … သွားကြ မေမေတို့ သွားနှင့်ကြ၊ မမတို့လဲ လိုက် သွား၊ ကြက်သွန်ကြော်အိုး ချပြီး နှင်း လိုက်ခဲ့မယ် …”

အတူနေ သမီးငယ်က ဆီချက်အိုးနှင့် ခဏ ကျန်ရစ်သည်။

ဧည့်ခန်းက သားကြီးနဲ့ သမက် နှစ်ယောက်လဲ ထ,လာကြပြီ။
“လာ … လာ … မေမေ သား တွဲမယ် …”

သားကြီး ကိုဦးက အုတ်ခုံလေးက ဆင်းနေတဲ့ သူ့အမေကို လက်ကမ်း လိုက်တယ်။

“နေပါ … သားရယ် ရပါတယ်။ မေမေက တွဲဖို့ မလိုပါဘူး၊ မင်း ဖေဖေ အဘိုးကြီးကိုသာ သွားတွဲ …”

“ဟား … ဟား … ကျုပ်တို့က မြေးတွေနဲ့တောင် ပြိုင်ပြေး နိုင်ပါ့ဗျာ၊ မင်းကို စောင့်နေရလို့ပါ”

ကျုပ်တို့ နှစ်ယောက်ကို ကြည့်ပြီး လူငယ်တွေ ရယ်ကြတယ်။

ခြံရှေ့က လမ်းပေါ် ရောက်တော့ ကျုပ်ကို နှစ်ယောက်က ပေါက်ဖွားပြီး သားသမီး သုံးယောက်က ပြန့်ပွါးလိုက်တဲ့ မြေးတွေ။ တစ်ပေါင်း တစ်စုတည်း ဆိုတော့ အားရစရာ။

“ဖိုးဖိုး (ဘိုးဘိုး) ချီပါ …”

“ဖွားဖွား (ဘွားဘွား) ချီပါ …”

မြေအငယ်ဆုံး နှစ်ယောက်က သူတို့ အဖေတွေ အမေတွေ ရှိလျက်နဲ့ ကျုပ်တို့ အဘိုးကြီး အဘွားကြီးကို အချီခိုင်း နေကြလို့ တစ်ယောက်စီ ကောက်ချီ လိုက်ကြရတယ်။

ဆွမ်းသိမ်းအဖွဲ့ ရောက်လာကြပြီ။

ရှေ့ဆုံးက ခရုသင်း မှုတ်သူ၊ ကြေးစည် တီးသူများ။ နောက်မှာ အစဉ်အတိုင်း ထီးကိုင် ကျိုင်းကိုင်၊ သိုင်းကိုင်သူများ။ မှန်စီရွှေချ ဆွမ်းတော်ကြီးအုပ် ထမ်းသူများ အားလုံး ဝတ်ဖြူစင်ကြယ် ဝတ်လျက်။

သစ်သီးဆွမ်းများကို ဆွမ်းတော်ကြီး အုပ်မှာ လောင်းလှူ ကြတော့ မြေး အကြီးမများက ပါဝင်နေကြ ပြန်တယ်။
ဘုရား တင်ထားတဲ့ ကားပေါ်မှ အလှူခံ ဖလား၊ မြသပိတ် တင်ထားတဲ့ ကားမှ အလှူခံ ဖလားများမှာ အားလုံး အလှူငွေ ထည့်ကြသည်။

ကျုပ်က အသင့် ဆောင်ထားတဲ့ ငါးကျပ်တန် အသစ်ကလေး တစ်ရွက်။ အဘွားကြီး ကလည်း သူ့အိတ်ထဲမှာ အသင့် ထည့်ထားတဲ့ ကျပ်တန် အသစ်ကလေး ငါးရွက်။

မြေးတွေကလည်း တစ်မတ်၊ ငါးမူး၊ ဆယ်ပြား သူတို့ တတ်အားသမျှ မုန့်ဖိုး ငွေလေးတွေ လှူကြတယ်။

မြသပိတ် တင်တဲ့ ကားနောက်မှာ ပန်းစည်းများ ကိုင်ထားတဲ့ မိန်းကလေးများ။ ယောဂီလုံချည် ယောဂီတဘက် ကလေးတွေနဲ့ ဣနြေ္ဒ ရှိပါ၊ လှပါ့။

နောက်ဆုံးမှာမှ ကိုထွေးတို့ တီးဝိုင်းအဖွဲ့။

တီးဝိုင်းသံ ကြားတာနဲ့ ကလေးတွေ အူမြူး နေကြပြီ။

“သင်းတပျံ့ပျံ့ နှင်းရနံ့ငယ် ကြိုင်စွာ လှိုင်စွာ ဂေါ်ဖီ ပင်မင်း အင်ကြင်း ရွှေဝါ ယင်းမာ ခတ္တာ ကြိုင်လှိုင် မြိုင်လုံးရယ် …”

အော်ဂင်သံက ကြည်လင်တယ်။ သာယာတယ်။ ကြားရသူကို မြူးစေတယ်။ ခေါ်ဒိုး လိုက်ဒိုးသံများနဲ့ ပေါင်းလိုက်တော့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှတယ်။

အပြည့်အစုံဖတ်ရန်
အောက်က လင့်ခ်ကို နှိပ်ပါ

https://baraac.shop/samsung-galaxy-z-fold-6-review-faster-stronger-pricier/

ဦးဇင်းတစ်ပါးနှင့်  ကိုရင်ငယ်တစ်ပါး ရွာထဲ ဆွမ်းခံကြွလာတယ်။ ရွာထဲက ဆင်းရဲတဲ့အိမ်တစ်အိမ်ရှေ့ ရောက်တော့ ဆွမ်းခံရပ်တယ်။ အိမ်ရ...
23/07/2024

ဦးဇင်းတစ်ပါးနှင့်
ကိုရင်ငယ်တစ်ပါး
ရွာထဲ ဆွမ်းခံကြွလာတယ်။
ရွာထဲက ဆင်းရဲတဲ့အိမ်တစ်အိမ်ရှေ့
ရောက်တော့ ဆွမ်းခံရပ်တယ်။

အိမ်ရှင်ဖြစ်သူတွေက
တော်ရုံနဲ့ ထွက်မလာ၊
အတော်ကြာမှ
အဖွားအိုတစ်ယောက်ထွက်လာပြီး
"မောင်ပဉ္စင်းတို့
ကန်တော့ဆွမ်းပါဘုရား"လို့
လျှောက်ရင်း
မြေပြင်မှာပဲ ဦးချတယ်။

ကြာကြာလေး ရပ်စောင့်ပေမယ့်
ဆွမ်းမရဘဲ
"ကန်တော့ဆွမ်းပါဘုရား"ဟူသော
စကားတစ်ခွန်းသာ ရတာမို့
ကိုရင်ငယ်က သိပ်မကြည်။

ဦးဇင်းကတော့-
"ကျန်းမာချမ်းသာပါစေ
ဒကာမကြီး"လို့ မေတ္တာပို့ပြီး
ဆွမ်းခံဆက်ကြွတယ်။

ဒါနဲ့ ဆွမ်းခံပြန်တော့ ကိုရင်ငယ်က
ဦးဇင်းကို မေးတယ်....

"ဦးဇင်း၊ ဦးဇင်းကသာ
နေ့တိုင်းနီးပါး ဒီဒကာမကြီးအိမ်ရှေ့
ဆွမ်းခံရပ်တာ၊ ဆွမ်းကျတော့
ရတာလည်းမဟုတ်ပဲနဲ့"

"ဒီအိမ်က အဖွားက
ဆင်းရဲတယ်လေ ကိုရင်ရဲ့
ဆွမ်းဘယ်လောင်းနိုင်ပါမလဲ"

"ဒါဖြင့် ဦးဇင်းက
ဘာဖြစ်လို့ နေ့တိုင်းကြွပြီး
ဆွမ်းတွေဘာတွေ
ဘာမှလည်းမရဘဲနဲ့
ဘာလို့ ဆုပေး(မေတ္တာပို့)တာလဲ"

"ဆွမ်းအနေနဲ့ ဘာမှမရတာတော့
မှန်ပါတယ် ကိုရင်၊
ဒါပေမယ့် ဆွမ်းခံကြွလာတဲ့
သံဃာတော်တွေကို ဖူးမြင်ရတဲ့အခါ
အဖွားအတွက် ကုသိုလ်ရစေတယ်"
(သမဏာနဉ္စ ဒဿနံ)

"အဖွားက ရှေးက ဒါနကံ
အားနည်းခဲ့လို့ ဒီဘဝမှာ ဆင်းရဲ
မပြည့်စုံဖြစ်ရတယ်၊ ဒီဘဝမှာ
ဒါနကံ အားမကောင်းဘဲ
ထပ်နည်းနေမယ်ဆိုရင်
နောက်ဘဝကျ ပိုဆိုးလိမ့်မယ်"
(မရှိလို့ မလှူ၊ မလှူလို့ မရှိ)ဆိုတဲ့
စကားလိုပေါ့။

"ဆွမ်းမလှူနိုင်ပေမယ့်
"ကန်တော့ခြင်း" ဆိုတဲ့ဆွမ်း
သို့မဟုတ် ကန်တော့ခြင်းဆိုတဲ့
(ဦးချကန်တော့ခြင်း)အလှူကိုတော့
ပြုလို့ ရစေတယ်လေ"

"ဒါကြောင့် ဆွမ်းရဖို့ထက်
ကုသိုလ်ပေးချင်လို့
ကြာကြာရပ်စောင့်နေတာပေါ့
ကိုရင်"

"မှန်ပါ့၊ နားလည်ပါပြီဘုရား"...

ဆွမ်းခံတယ်ဆိုတိုင်းလည်း
လိုချင်လို့၊ ရချင်လို့
အိမ်ပေါက်စေ့ လိုက်တောင်းနေတာ
မဟုတ်ပါဘူး။

ယူတတ်ရင် ရအောင်လို့၊
ရစေချင်လို့၊ အိမ်တိုင်းရှေ့
လိုက်ရပ်ပေးနေတာပါ။
အနည်းဆုံးတော့....
ဦးချတဲ့ကုသိုလ်လေး
ရသွားစေချင်တယ်။

Credit - Than Tun (ဓမ်မနဒီ)

လှိုင်းအသင့်အတင့် #ဆရာမ_ဂျူး(၂၀၀၈ခု၊ စက်တင်ဘာလ၊ အမှတ် (၂၈၃)၊ ကလျာမဂ္ဂဇင်း)ဓနိပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့်စက်လ...
23/07/2024

လှိုင်းအသင့်အတင့်

#ဆရာမ_ဂျူး
(၂၀၀၈ခု၊ စက်တင်ဘာလ၊ အမှတ် (၂၈၃)၊ ကလျာမဂ္ဂဇင်း)

ဓနိပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့်စက်လှေဆိပ်မှာ ဆိပ်ခံတံတား မရှိ။ လှေအဆင်း မြေအတက် ဆက်သွယ်ပေးသည့် ကုန်းဘောင်ဟုခေါ်သောသစ်သားပြားမရှိ။ လှမ်းမြင်ရသမျှ ရွာထဲ အဝင်လမ်းသည် ရေစပ်စပ်၊ ရွှံ့နွံထူထပ်သည့် မြေစိုစိုစွတ်စွတ်။စက်လှေပေါ်မှ ကမ်းစပ်ဓနိတော ရွှံ့မြေပေါ် ခုန်ဆင်းလိုက်သည့်အခါ ဗွက်ထဲ သို့ နစ်ဝင်သွားသည်။ရွှံ့သည် ရာဘာလည်ရှည် ဖိနပ်၏ ခြေဖမိုးနေရာတခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ရွာကအမျိုးသမီးတွေနှင့် အတူတူ ဖြစ်အောင် ထဘီ ဝတ်လာခဲ့ရသော်လည်း တကယ်တော့ ကျွန်မ ဘောင်းဘီဖြင့်သာ လာချင်သည်။ အခုလို လှေအဆင်းမှာ လွှားခနဲ ခုန်ချင်ခုန်၊ ရေမြောင်းကလေးတွေ ရေအိုင်ဗွက်တွေတွေ့ လျှင် လွှားခနဲ ခုန်ချင်ခုန် ကြိုက်သလောက်ခုန် ထဘီလည်း ခဏခဏ ပြင်ဝတ်စရာ မလိုအောင်ပေါ့။သို့သော် ကျွန်မ ထဘီ ဝတ်မှကို ဖြစ်မည်။ မိန်းကလေး ဟူ၍ ကျွန်မ တယောက်တည်း ပါသည်။ ထိုတယောက်ကပါ ယောက်ျားလို ဝတ်ဆင်ထားလျှင် ရွာက အမျိုးသမီးတွေက ကျွန်မ ကို တခြားကမ္ဘာက ဂြိုဟ်သားဟုသတ်မှတ်လိုက်ကြလိမ့်မည်။
ရွာဟုခေါ်ရသော်လည်းရွာမပီတော့ချေ။ အခုမှ ပြန်ထူထားခါစ အိမ်တိုင်များနှင့် အမိုးမမိုးရသေးသည့် ခေါင်များကို တအိမ်တလေ မြင်ရသော်လည်း အများစုကတော့ ယိုင်ရွဲ့နေသည့် တဲကလေးများ၊ တဲဘေးနားမှာ ဖြစ်သလိုစုပုံထားသော အိုးခွက်ပန်းကန်များ၊ ပလတ်စတစ် ဂါလံပုံးဟောင်းများ၊ စဉ့်အိုးကွဲများ၊ အိမ်သာခွက်ဖြစ်ခဲ့ဖူးသော အဖြူရောင် ပလတ်စတစ် ခွက်အကျိုးအပဲ့များ အစုအဝေးသာ ဖြစ်သည်။ အိမ်ဟု ခေါ်ရမည့် အိမ်မည်ကာမတ္တတို့သည် အမိုးနှင့် အကာမှာ အပြာတပိုင်း လိမ္မော်တပိုင်း တာပေါ်လင်စများဖြစ်သည်။

ဒီရွာမှာမုန်တိုင်းမတိုင်မီက အိမ်ခြေ ဘယ်လောက် ရှိသလဲ။ အသက်ဆုံးရှုံးသွားသူဦးရေ ဘယ်လောက်လဲ။မိဘမဲ့ ကလေးတွေ ဘယ်နှယောက် ရှိသလဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီး ဘယ်နှယောက် ရှိသလဲ။ ထိုမေးခွန်းများကို မေးစရာ မလိုတော့ပါ။ ကျွန်မအတွက် ပထမဦးဆုံးအခေါက် ဖြစ်သော်လည်း အတူလိုက်ပါလာသည့် ယောက်ျားလေးအဖွဲ့အတွက် ဒါက ဒုတိယအခေါက် ဖြစ်သည်။ သူတို့ ပထမအကြိမ် လာတုန်းကတည်းက သိသင့်သိထိုက်သည့်အချက်အလက်တွေကို မှတ်တမ်း ရယူပြီးသား ဖြစ်သည်။ တခုပဲ ရှိသည်။ လွန်ခဲ့သည့်တစ်ပတ်ကလူဦးရေနှင့် အခုလူဦး ရေ တူချင်မှ တူလိမ့်မည်။ ကယ်ဆယ်ရေး စခန်းတွေဆီမှ တဖြည်းဖြည်းချင်းပြန်လာနေသော အမျိုးသမီးတွေ ကလေးတွေဦးရေက တိုးလာနေလိမ့်မည်။
ရွာ၏ဦးဆောင်သူက ကျွန်မတို့အဖွဲ့ကို စက်လှေဆိပ်တွင် လာကြိုသည်။

“ကျွန်တော်မျှော်နေတာကြာပြီဗျ။ စိတ်တောင်ပူနေပြီ။ ဘာဖြစ်လို့ နောက်ကျကြတာလဲ၊ လှိုင်းထန်သလား”

“လှိုင်းကအသင့်တင့်ပါပဲ”

လပွတ္တာဆိပ်ကမ်းအထိလာကြိုသည့် စက်လှေသမားလူငယ်က ခပ်ပြုံးပြုံး ပြောသည်။

ဟင်အဲဒါ အသင့်အတင့်လား။ ကျွန်မတို့လှေသည် လှိုင်းဖြင့် မြောက်တက်သွားလိုက် ပြန်ကျလာလိုက်ဟိုဘက်ယိမ်းလိုက် သည်ဘက်ယိမ်းလိုက် လှုပ်ခတ်မွှေနှောက်နေခဲ့၏။ ကျွန်မရင်ထဲအထိ မူးဝေကာအသက်ရှူကျပ်လာခဲ့သည်။ အသက်ကယ်အင်္ကျီ ဝတ်ထားခဲ့မိလို့ တော်သေးသည်။ ကျွန်မ ရေးမကူးတတ်ပါ။

နံနက်ပိုင်းမို့မထန်ဘူးဟု စက်လှေသမားလေး ပြောသော လေသည် လှေကို ဦးက ထောင်လိုက် ပဲ့ကထောင်လိုက် ဖြစ်အောင်ကြမ်းတမ်းပါသည်။ မြစ်ပြင်ကလည်း အကျယ်ကြီး။ ကျွန်မ ဧရာဝတီမြစ်ကို မော်တော်ဖြင့် စက်လှေဖြင့် လှေဖြင့် အတန်တန်အခါခါ ဖြတ်ဖူးပါသည်။ သို့သော် ပြန်မလော့ မြစ်ကတော့ ကျွန်မအတွက်တော်တော်ကြီး ကျယ်ပြန့်ပြီး တော်တော်ကြမ်းတမ်းသည့်မြစ်ဖြစ်သည်။ ပင်လယ်ဟု ထင်ရသည်။ ပင်လယ်ထဲ ဝင်နေပြီ ဖြစ်သည့်အပိုင်းမို့ မြစ်သည် မြစ်နှင့်မတူ။ပင်လယ်ကြီးနှင့် တူနေ၏။ ရွာသို့ ချောချောမောမော ရောက်လာတာ တော်ပါသေးသည်။

အပြည့်အစုံဖတ်ရန် အောက်ကလင့်ခ်ကို နှိပ်ပါ

https://baraac.shop/how-to-make-your-digital-marketing-more-inclusive-for-neurodivergent-consumers/

အဆင်လေးတွေကို ကိုယ်လုပ်တော်တင်မြှောက်ခဲ့တဲ့ သမိုင်းထဲက မင်းသမီးတရုတ်သမိုင်းထဲတွင် အမျိုးသားကိုယ်လုပ်တော်များကို တင်မြှော...
22/07/2024

အဆင်လေးတွေကို ကိုယ်လုပ်တော်တင်မြှောက်ခဲ့တဲ့ သမိုင်းထဲက မင်းသမီး

တရုတ်သမိုင်းထဲတွင် အမျိုးသားကိုယ်လုပ်တော်များကို တင်မြှောက်ခဲ့သော တော်ဝင်မင်းသမီးတစ်ပါး ရှိခဲ့ဖူးသည်။ သူမ၏ အမည်မှာ လျိုချူယွီ (劉楚玉) ဖြစ်ပြီး တောင်-မြောက်မင်းဆက်များခေတ်ကာလ၊ လျိုစုန့်တိုင်းပြည် (劉宋時代 420-479) မှ မင်းသမီးဖြစ်သည်။ သူမ၏ မင်းသမီးဘွဲ့အမည်မှာ စန်းယင်မင်းသမီး (山陰公主) ဖြစ်ပြီး နောက်ပိုင်းတွင် အဆင့်အတန်းပိုမြင့်သော ကွေ့ကျီးမင်းသမီး (會稽公主) အဖြစ် ချီးမြှင့်ခံရလေသည်။

လျိုချူ၏ ဘဝ

လျိုချူယွီသည် လျိုစုန့်ဧကရာဇ် ရှောက်ဝူ(劉宋孝武帝) နှင့် မိဖုရားခေါင်ကြီး ဝမ်ရှန့်ယွမ် 王憲嫄 တို့၏ သားသမီး ၆ ယောက်ထဲတွင် သမီးတော်ကြီး ဖြစ်သည်။ လျိုချူယွီ၏ မွေးနှစ်သက္ကရာဇ်ကို တရုတ်နန်းတွင်းထုံးစံအရ မှတ်တမ်းမတင်သောကြောင့် မသိရှိရပေ။ ရှောက်ဝူဧကရာဇ် လက်ထက်တော်၌ လျိုချူယွီကို စန်းယင်မင်းသမီးဘွဲ့ပေးကာ နန်းတွင်းအမတ်ကြီး ဟယ်ရန် 何偃 ၏ သားတော် ဟယ်ကျီ 何戢 နှင့် လက်ထပ်ထိမ်းမြားပေးခဲ့သည်။

၄၆၄ ခုနှစ်၌ လျိုချူယွီ၏ ဖခမည်းတော် ရှောက်ဝူဧကရာဇ် နတ်ရွာစံသွားခဲ့သောကြောင့် သူမ၏ မောင်ငယ်လေး လျိုကျစ့်ရဲ့ (劉子業) သည် ချမ်ဖေ့ဧကရာဇ် 劉宋前廢帝 အဖြစ် နန်းတက်လာခဲ့သည်။ သူမ၏ မောင်ငယ်သည် သူမကို ချစ်ခင်သောကြောင့် မောင်နှမများထဲတွင် သူမတစ်ဦးတည်းသာ နန်းတော်ပြင်ပမှ နန်းတွင်းထဲသို့ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်နိုင်လေသည်။ တစ်နေ့သောအခါ လျိုချူယွီက ချမ်ဖေ့ဧကရာဇ်ကို “ငါတို့ဟာ ခမည်းတော်တစ်ပါးတည်းမှ မွေးဖွားလာတဲ့သူများ ဖြစ်ပါလျက် အဘယ်ကြောင့် ငါတို့၏ (လိင်) ဖြစ်တည်မှုကြောင့် ရပိုင်ခွင့်များ ကွာခြားကုန်ရသနည်း။ မောင်ငယ် နင့် နန်းတော်ထံပါးမှာတော့ဖြင့် မောင်းမမိဿံ ၁၀၀၀၀ ကျော်ရှိပါလျက်နှင့် ငါ့ထံမှာတော့ လင်ကောင်တစ်ယောက်သာ ရှိပေတယ်။ ဒါတော့ဖြင့် မတရားလိုက်တာကွယ်” ဟု ဆိုလေသည်။

ထိုအခါ ချမ်ဖေ့ဧကရာဇ်သည် ချက်ချင်းပင် ရုပ်ရည်ချောမောလှပသော အမျိုးသား ၃၀ ကို ကိုယ်လုပ်တော်အဖြစ် လျိုချူယွီထံသို့ ပေးအပ်ပြီး ထိုကိုယ်လုပ်တော်များကို မြန့်ရှို (面首 - အဆင်လေး/ လင်ငယ်လေး) ဟု ခေါ်တွင်စေသည်။ ထိုမှစ၍ တရုတ်သမိုင်းထဲမှ 面首 အသုံးအနှုန်းသည် အမျိုးသမီးတို့၏ ချစ်မြတ်နိုးသော အမျိုးသားအဆင်လေးများကို ခေါ်ဝေါ်သည့် အသုံးအနှုန်း ဖြစ်လာခဲ့သည်။ ချမ်းသာသောအမျိုးသမီးများ သူတို့၏ ဘေးတွင်း အဆင်လေးများကို ထားရှိပါက ထိုသူများကို 面首 ဟု ယဉ်ယဉ်ကျေးကျေး သုံးနှုန်းကြလေသည်။ မောင်ငယ် ချမ်ဖေ့ဧကရာဇ်သည် အစ်မတော် လျိုချူယွီ၏ ဂုဏ်သိက္ခာကို မထိပါးဝံ့စေရန် အဆင့်အတန်းကို မြှင့်တင်သည့်အနေဖြင့် ကွေ့ကျီးမင်းသမီး (會稽公主) အဖြစ် ချီးမြှောက်ပေးလေသည်။

လျိုချူယွီသည် ထိုမျှနှင့် မတင်းတိမ်သေးပဲ ချမ်ဖေ့ဧကရာဇ်ထံခစားနေသော ငယ်ရွယ်ချောမောလှသည့် အလယ်တန်းအရာရှိ ချူယွမ်ကို မြင်သောအခါ ဆွဲစားချင်လာပြန်သည်။ လျိုချူယွီက ဧကရာဇ်ထံသို့ ချူယွမ်ကို သူမ၏ ချစ်သူအဖြစ် ပေးအပ်ရန် တောင်းဆိုလေသည်။ ဧကရာဇ်လည်း ချက်ချင်းသဘောတူလိုက်ပြီး ချူယွမ်ကို အစ်မတော်၏ အိမ်တော်၌ ၁၀ ရက်နေရန် အမိန့်ပေးလိုက်သည်။ လျိုချူယွီသည် ထိုရက်အတွင်း အရာရှိလေးကို ဆွဲဆောင်နိုင်မည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း ချူယွမ်က သူမနှင့် အတူအိပ်စက်ချစ်တင်းနှောရန် ငြင်းဆန်ခဲ့သောကြောင့် လျိုချူယွီလည်း အလျှော့ပေးလိုက်ရတော့သည်။

၄၆၆ ခုနှစ်တွင် ချမ်ဖေ့ဧကရာဇ်ကို သူ၏ ကိုယ်ရံတော် ရှို့ကျိကျစ်း 壽寂之 လုပ်ကြံသောကြောင့် နတ်ရွာစံသွားလေရာ ဦးရီးတော် ရှန်းတုန့်မင်းသား လျိုယွီသည် မင်ဧကရာဇ်အဖြစ် တက်လာခဲ့သည်။ ဦးရီးတော်သည် နန်းမတက်ခင် လျိုချူယွီ၏ ဖွားတော် မယ်တော်ကြီး လုဟွေ့နန်၏ အမည်နာမဖြင့် အမိန့်ထုတ်ပြန်ကာ လျိုချူယွီနှင့် မောင်ငယ်လေး ယွီ့ကျန်းမင်းသား လျိုကျစ့်ရှန်တို့ကို သေဒဏ်ပေးခဲ့သည်။ လျိုချူယွီနှင့် လျိုကျစ့်ရှန်တို့သည် အကျင့်စာရိတ္တပျက်ပြားမှု၊ အကြမ်းဖက်လိုမှုတို့ဖြင့် မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ကြရန် အမိန့်ပေးခဲ့လေသည်။ လျိုချူယွီသည် ၄၆၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အဆုံးစီရင်သွားလေသည်။

ကဲ အမျိုးသမီးတို့ အားကျတယ်ဆိုရင် အရင်ဆုံး ချမ်ဖေ့ဧကရာဇ်လို လိမ္မာတဲ့ မောင်လေးတစ်ယောက်ကိုသာ မိဘတွေကို ထပ်မွေးခိုင်းကြပေတော့ဗျာ။

#林圛朙「天下第一」

တစ်ခါက လယ်သမားတစ်ယောက်ဟာ မုန့်ဖုတ်သမား တစ်ယောက်ကို ထောပတ်တစ်ပေါင်စီ နေ့စဉ် ရောင်းချလေ့ ရှိတယ်။ တစ်နေ့ကျတော့ မုန့်ဖုတ်သမာ...
22/07/2024

တစ်ခါက လယ်သမားတစ်ယောက်ဟာ
မုန့်ဖုတ်သမား တစ်ယောက်ကို ထောပတ်တစ်ပေါင်စီ နေ့စဉ် ရောင်းချလေ့ ရှိတယ်။

တစ်နေ့ကျတော့ မုန့်ဖုတ်သမားဟာ
လယ်သမား ချိန်ပေးလိုက်တဲ့
ထောပတ် တစ်ပေါင် ပြည့်မပြည့် သိချင်လာတဲ့အတွက် ကိုယ့်ဘာသာ ပြန်ချိန်
ကြည့်လိုက်တယ်။

ဒီအခါမှာ ထောပတ်ဟာ တစ်ပေါင်မပြည့်ပဲ တော်တော်လိုနေတာကို တွေ့လိုက်ရတဲ့အတွက် ဒေါသထွက်သွားတယ်။

အတော်မရိုးသားတဲ့ လူဘဲဆိုပြီး ထော
ပတ်နဲ့ အတူ လယ်သမားကို တရားသူကြီးထံ သွားတိုင်တယ်။

တရားသူကြီးက လယ်သမားကို ခေါ်စစ်ပါတယ်။

"ခင်ဗျား ဘာလို့ ထောပတ်ကို အလေး
ပြည့်အောင် မချိန်တာလဲ "လို့ တရားသူ
ကြီးကမေးတော့ …

"ကျွန်တော်မှာ ၁ပေါင် အလေးမရှိတဲ့အတွက်ကြောင့်ပါ" လို့ လယ်သမားက ပြန်ဖြေတယ်။

"အလေးမရှိမှတော့ မင်းချိန်တာ မှားပြီ
ပေါ့၊ ဘယ်နည်းနဲ့ ချိန်သလဲ" လို့ တရားသူကြီးက ထပ်မေးတော့ …

လယ်သမားက...
"ကျွန်တော့်မှာ အလေးမရှိပေမယ့် မှန်ကန်တဲ့ စံချိန်တစ်ခုတော့ ရှိပါတယ်....

ဒီလိုပါ..
မုန့်ဖုတ်သမား ကျွန်တော့်ဆီ မလာခင်
မနက်တိုင်းမှာ ကျွန်တော်ဟာ သူ့ဆီကနေ ပေါင်မုန့် ၁လုံး ၀ယ်လေ့ရှိပါတယ်...
၁ပေါင် ရှိတဲ့ပေါင်မုန့်ပါ …

သူ ကျွန်တော့်ဆီက ထောပတ်လာ၀ယ်
တော့ တစ်ဖက်မှာသူ့ဆီက ၀ယ်ယူလာတဲ့ ၁ပေါင် အလေးချိုန်ရှိ ပေါင်မုန့်ကို ထည့်ချိန် လိုက်တာပါပဲ

ဒီအတွက်ကြောင့် အလေးချိန် မပြည့်တာ မုန့်ဖုတ်သမားနဲ့ဘဲ ဆိုင်ပါတယ်" လို့
ပြန်ဖြေလိုက်ပါတယ်။"

သူတပါးရဲ့ ရိုးသားမှုကို လိုချင်ရင်
ကိုယ့်ဘက်ကလည်း ရိုးသားနေဖို့
လိုအပ်ပါတယ် …။

Credit - original
စာပေမြို့တော်မှ ကူးယူသည်

Address

729 Woodlands Circle
Singapore
730729

Alerts

Be the first to know and let us send you an email when Flash News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Flash News:

Videos

Share


Other News & Media Websites in Singapore

Show All