Leilum Vaang Khua

Leilum Vaang Khua Leilum, Tedim, Zogam, Kawlgam, leh Leitung thu tuam tuam te hih ih page pan hong han ciam nung. Lungd

Leilum veeng ah a teeng a hi Pa Mung ( Pa Thang Khan Mung k*m 65 ) in a galtaina Kawlpi Munlai veng Taungphilar mualnuai...
23/07/2024

Leilum veeng ah a teeng a hi Pa Mung ( Pa Thang Khan Mung k*m 65 )
in a galtaina Kawlpi Munlai veng Taungphilar mualnuai lam ah tuzingsang nai 6:00am in sunglam damlohna ( sungpai natna ) tawh ong nusia vat mawk hi. Zingciang nitak nai 2:00pm hun in Kawl mah ah ki vui ding hi.

Adah akap mimalkim tungah T**a hehnepna bukim hong tung ta hen.

 # #1988 ခုနှစ် မှာ မွေးတယ်။Facebook မရှိသေးဘူး။ ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေး...
20/07/2024

# #1988 ခုနှစ် မှာ မွေးတယ်။
Facebook မရှိသေးဘူး။
ဖုန်းတွေ အော်တိုဖုန်း ဘဝပဲရှိသေး။
Sim card 1 ကဒ်ကို အနည်းဆုံး သိန်း၅၀ပေးဝယ်တောင်၀ယ်မရသေးဘူး။

ဖုန်းဆက်ချင်ရင် အိတ်ချိန်းရုံးကိုသွားရတယ်
၁ မိနစ် ငါးဆယ်/တရာ ပေးပြောခဲ့ရတယ်။

ရပ်ကွက်တိုင်းရဲ့ လမ်းမပေါ်မှာ ကလေးတွေ
ဆူညံစွာ ပြေးလွှား ဆော့ကစားနေတယ်။

အိပ်ယာဝင်ချိန်တွေ စောတယ်။

လမ်းထိပ်က စာအုပ်ဆိုင်မှာ စာအုပ်ငှါးတယ်၊
မိုးအေးအေးလေးမှာ ဖယောင်းတိုင်မီးနဲ့
ဖတ်တယ်။

တဖက်သတ်ကြွေနေရတဲ့ သူအတွက်
စာရွက်ပေါ်မှာ ချစ်တဲ့အကြောင်းတွေ
ချရေးတယ်။ဘောလုံးကန်လို့ဒူးပြဲတဲ့ဒဏ်ရာက
အနာဖေးကိုသွေးထွက်အောင်ခွာသွေးထွက်လာတော့
အဲသွေးနဲ့စာရွက်အဖြူပေါ်မှာချစ်တယ်ဆိုတဲ့စာကိုရေး
ကိုကြိုက်နေတဲ့ကောင်မလေးကိုပေးလိုပေး😅😅

ရုပ်ရှင်ဆိုတာ
လမ်းဆုံက ဗီဒီယိုပြတဲ့ဆိုင်မှာပဲရှိသေး
နောက်ပိုင်းကာလတွေမှာ ကိုယ့်အိမ်မှာကိုယ်
ဗီဒီယိုခွေနဲ့ ကြည့်နိုင်လာတယ်။

သီချင်းတွေ ဒီလောက်မမြန်သေးဘူး၊
အဆိုတော်တွေလည်း ဒီလောက် မများသေးဘူး။

TV ကြော်ငြာတွေ အရမ်းကြည့်လို့ကောင်းတုန်း
ဒွေးနဲ့ထက်ထက်မိုးဦး၊လွင်မိုးနဲ့ခိုင်သင်းကြည်။

TV Channel က
MRTV နဲ့ MWD နှစ်ခုပဲရှိတယ်
၇ နာရီမှာ ဝူခုန်းကား၊ အာယားယားကား၊
၉ နာရီမှာ ကျန်ကျောင်းကား၊ လုရီကား ကို
ရင်ခုန်စွာကြည့်ခဲ့ရတယ်။

လသာတဲ့ညတွေဆို ကောင်းကင်ကြီးက
သိပ်လှတာ ကလေးတွေပျော်ရွှင်စွာ
ကစားကြတယ်။ လူကြီးတွေဝိုင်းဖွဲ့
စကားပြောကြတယ်။ လူငယ်တွေ
ဂစ်တာတလက်နဲ့ သမီးရည်းစား
ပိုးပန်းကြတယ်။

ကျေးရွာတွေမှာ သူငယ်ချင်းတွေဆုံတွေ့ချိန်က
ညဘက်ဗီဒီယိုရုံထဲမှာ၊ ပွဲလမ်းသဘင်တွေ
တူတူသွား ကြတယ်။

ကောင်လေးတွေ ချစ်သူဆီက အဖြေရဖို့
အချိန်တော်တော်စောင့်ကြရတယ်။

ဆယ်ကျော်သက်အရွယ်မှာ
လွန်းထားထား၊လမင်းမိုမို၊ ပုညခင်၊
မီကိုဇူးဇင်၊နိုကိုဇူးဇင် သူတို့စာတွေ
သိပ်ရင်ခုန်ဖို့ကောင်း။

မင်းလူ တာရာမင်းဝေ
မင်းခိုက်စိုးစန် နီကိုရဲ ပို့စ်မော်ဒန်ကဗျာတွေ
တချို့ကဗျာတွေခုထိအလွတ်ရတုန်း ရူးသွပ်ခဲ့ရတာတွေ

ကာတွန်းဆိုရင် တွတ်ပီ(ဆွေမင်း ဓနုဖြူ)
ဆရာအောင်ရှိန် မိုးကြိုး တင်မောင်ဝင်း ကိုပူစီ
သူတို့စာတွေ ဖတ်နေရင်း လက်ကမချချင် ။

မင်းသိခ် ဆရာအောင်သင်း ဆရာဖေမြင့်
ဆရာသော်တာဆွေ ဆရာကြီးရွှေဥဒေါင်း
လယ်တွင်းသားစောချစ် တက္ကသိုလ်ဘုန်းနိုင်
သူတို့စာတွေ ခွန်အားသိပ်ဖြစ်စေတယ်။
PS:ဆရာသော်တာဆွေရဲ့စာအုပ်ဖတ်ရင်အရက်သောက်ချင်တယ်😁😁

ကျောင်းသူလေးတွေက သနပ်ခါးလေးတွေနဲ့
သိပ်လှကြတာ.... ကျောင်းမှာ Crush
ထားမိတဲ့သူက ကျောင်းအရမ်းပျော်ကြတာ။

မုန့်စားဆင်းချိန်ဆို ယောက်ကျားလေးက
ဘောလုံးကန်တယ်၊ မိန်းကလေးတွေက
ကြိုးခုန်တယ်၊ ထုတ်ဆီးထိုးတယ်၊
သိပ်ချစ်ကြ သိပ်ပျော်စရာကောင်းတာ
ဘာဟန်ဆောင်မှုမှမရှိ။

ဆင်းရဲ့ချို့တဲ့လွန်းတဲ့သူတွေမှာ အသိတချို့က
သိပ်လက်ရာမြောက်တာ။ လ္ဘက်ရည်ဆိုတာ
လူမမာတို့ရဲ ဓာတ်စာလို့ မှတ်ယူကြရတယ်။

သစ္စာတရားတွေ ခွန်အားကောင်းတုန်း
အိမ်ထောင်ဦးစီးတွေ အိမ်ပြန်ချိန်စောတယ်။
ဇနီးမယားတွေ စိတ်ချမ်းသာမှု
ပြည့်ဝနေကြတယ်။

အိမ်နီးချင်းတွေ သိပ်ချစ်ခင်ကြတာ
ပြိုင်ဆိုင်လိုစိတ်နည်းတယ် ၊
ချောက်တွန်းဖို့ဆိုဝေးသေး
ယုတ်မာမှုမရှိဘူး။ တိုက်ခိုက်မှုကင်းတယ်
ဣဿမစ္ဆရိယစိတ် မမွေးဘူး။

ဟိရိဩတ္တပတရားတွေ အင်အားကြီးတုန်း။
လူပျို၊ ၊အပျို စကားပြောရင် ခြေတုန်လက်တုန်
ဖြစ်ကြတုန်း

သမီးရည်းစားတစ်ခါတွေ့ဖို့ ၁၀ရက်လောက်
ကြာတယ် တွေ့ပြန်ရင်လည်း နာရီဝက်သာသာ
သိပ်လွမ်းလို့ကောင်းတာ

တခါတလေတော့လည်း အဲ့အချိန်တွေကို
လွမ်းမောမိပါတယ်။ ပြန်သွားချင် ပြန်လိုချင်လို့
မဟုတ်ရင်တောင် စူးစူးနစ်နစ် သတိရမိတယ်။

ဒါတွေက
တို့ရဲ့ ငယ်ဘဝတွေ .........
အဲ့ဒီအချိန်ကာလမှာ
လူတချို့ဆီကနေ အရောင်မပါ
စိတ်ထားဖြူစင်မှုတွေ
ရိုးသားမှုတွေ ရှာဖွေတွေ့ရှိခဲ့တယ်။

အပူအပင်ကင်းတဲ့
ကလေးလေးဘဝကို တခါပြန်ပြီး
ရချင်မိသေးပါ့ရဲ့

ငယ်ငယ် က ဘဝလေးကျို
ပြန်သတိရ မိပါတယ် ။


#ငယ်ဘဝတော့သတိရတယ်လူတိုင်းပြန်တော့မရောက်ချင်လောက်ဘူးစိတ်တော့ချမ်းသာတယ်မပြည့်စုံခဲ့ကြဘူး

မောင်နှမဆိုတာ...ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသောဆုလာဒ်တစ်မျိုးပါ။မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်မိဘတွေလည်း ပျော...
16/06/2024

မောင်နှမဆိုတာ...
ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသော
ဆုလာဒ်တစ်မျိုးပါ။

မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်
မိဘတွေလည်း ပျော်ရွှင်ကြည်နူးရပါတယ်။

အချိန်တန် အရွယ်ရောက်လို့
အိမ်ထောင်တွေ ကျသွားတဲ့အခါ
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်ဖြစ်သွားတာမျိုး
မလုပ်မိစေနဲ့။

ကိုယ့်ရဲ့အနားမှာ ကောင်းခြင်း ဆိုးခြင်းတွေကို
မောင်နှမကလွဲရင် တစိမ်းတွေက
ကြာကြာမျှဝေခံစားမပေးနိုင်ပါဘူး။

တချို့တစိမ်းတွေက ကိုယ်နဲ့အတူ
ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေယူပြီး
ထွက်သက်အချိန်ထိ အနားမှာ
အဖော်ပြုပေးသွားပေမယ့်။

တချို့တစိမ်းတွေကျတော့
ကိုယ်သာတဲ့အချိန် သဲ့ယူသွားပြီး
နာလာတဲ့အခါ ရှောင်ထွက်သွားတတ်ကြတယ်။

ဒါကြောင့်မို့
ဘေးတစိမ်း တစ်ယောက်အတွက်နဲ့
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်
စိမ်းသွားကြတာမျိုး မလုပ်မိပါစေနဲ့။

လောကကြီးမှာ
ကိုယ်အဆင်ပြေနေတာကို ဝမ်းသာမပေးတဲ့
မောင်နှမရယ်လို့ မရှိသလို

ကိုယ်ဒုက္ခရောက်နေတာကို
ပျော်ရွှင်နေတဲ့ မောင်နှမလည်း မရှိပါဘူး။

အနားမှာ ရှိနေမပေးပေမယ့်လည်း
အဝေးကနေ စိုးရိမ်စိတ်ပူပေးနေတာလည်း
မောင်နှမပါပဲ။

အခက်အခဲ ဒုက္ခတွေနဲ့ကြုံလည်း
ရင်ဆိုင်ဖြေရှင်း အားပေးကူညီမှာလည်း
မောင်နှမပါပဲ။

ဒါကြောင့်
ကိုယ်အိမ်ထောင်ကျသွားပေမယ့်
မောင်နှမချင်း သူစိမ်းလိုမနေပါနဲ့။

သူစိမ်းတွေကြောင့်လည်း မောင်နှမချင်း
သွေးမကွဲပါနဲ့။

သွေးကွဲရင် ဘေးဆွဲလိမ့်မယ်
ဘေးဆွဲရင် တစ်သက်လုံး နောင်တရနေပါလိမ့်မယ်။

မှတ်ချက် ။ ။ မောင်နှမတိုင်း သွေးစည်းနိုင်စေရန်ရည်ရွယ်မိပါသည်။

အချို့သော မောင်နှမများသည် လူစိတ်မရှိတတ်ကြပေ။
အားငယ်သူကို နှစ်သိမ့်ပေးဖို့နေနေသာသာ လျစ်လျူရှုတတ်ကြသူတွေ
ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါတယ်။

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ...
16/06/2024

လက်လျှော့မယ်ကြံတိုင်း ဒါကိုဖတ်ပါ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်ဖတ်ဖူးတယ်။

တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


မူရင်းရေးသားသူအားလေးစားစွာဖြင့်

မြန်မာမှန်ရင် မြန်မာ့သမိုင်းကြောင်း ကိုသိထားသင့်ပါတယ်။မြန်မာဘုရင်မင်းအဆက်ဆက်အကြောင်းအကုန်စုစည်းဖော်ပြပေးထားပါတယ်။ပို့စ်က...
12/06/2024

မြန်မာမှန်ရင် မြန်မာ့သမိုင်းကြောင်း ကိုသိထားသင့်ပါတယ်။
မြန်မာဘုရင်မင်းအဆက်ဆက်အကြောင်းအကုန်စုစည်းဖော်ပြပေးထားပါတယ်။
ပို့စ်ကို save ထား share ထားပြီးသိမ်းထားကြပါလို့အကြံပေးချင်ပါတယ်။
စာကလည်းရှည်ပါတယ်။
#မန္တလေးနန်းတော်မြို့ရိုးတံခါးအဝင်အဝ
ဒုတိယကမ္ဘာစစ်အတွင်းက ခေတ်မီလက်နက်တို့ဖြင့်
တိုက်ခိုက်ခြင်းကို ၁၃ ရက် တိတိခံရသော
မန္တလေးနန်းတော် မြို့ရိုးတံခါး ဓါတ်ပုံပါ
မြန်မာ့သက်ဥိးဆံပိုင်ဘုရင်စနစ်ကသမိုင်းကြောင်းရာတွေကို ဘယ်မင်းကနေစ လေ့လာရမှန်းမသိ ဖြစ်နေမှာစိုးလို့ပါ
#မြန်မာရှေးဘုရင်မင်းဆက်များ
●ပထမတကောင်းမင်းဆက်၊
●ဒုတိယတကောင်းမင်းဆက်၊
●သရေခေတ္တရာပထမမင်းဆက်၊
●သရေခေတ္တရာဒုတိယမင်းဆက်၊
●ပုဂံမင်းဆက်၊
●ပင်းယမင်းဆက်၊
●စစ်ကိုင်းမင်းဆက်၊
●မဂဒူး မင်းဆက်၊
●အင်း၀မင်းဆက်၊
●တောင်ငူမင်းဆက်၊
●မွန်မင်းဆက်၊
●ရခိုင်မင်းဆက်၊
●ညောင်ရမ်းမင်းဆက်၊
●ကုန်းဘောင် မင်းဆက်
■ပထမ-တကောင်းမင်းဆက်■
----------------------------------
ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်းနယ်စပ်
နီပေါတနေရာတွင် ဖွားမြင်ခဲ့သည့် သာကီ၀င်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏အဘိုးသည် သာကီ၀င်မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ညာအရပ် တကောင်းတွင်
လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်
သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။
(အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့)
အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး
(ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။
အငယ်က အထက်အညာကို အနိုင်ရသည်။
အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။
တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့
မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက်
မလည်အရပ်တွင် နေထိုင်ကြသည်။
အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။
မင်းဆက်(၃၃)ဆက်
------------------------
1. အဘိရာဇာ
2. (သား) ကံရာဇာငယ်
3. (သား) ဇမဗြူဒီပရာဇာ
4. (သား) သင်္ဃသရာဇာ
5. (သား) ဝိပ်ပန်နရာဇာ
6. (သား) ဒေ၀တရာဇာ
7. (သား) မုနိကရာဇာ
8. (ဘထွေး) နာဂရာဇာ
9. (ညီ) ဣန္ဒရာဇာ
10. (သား) သမုတိရာဇာ
11. (သား) ဒေ၀ရာဇာ
12. (သား) မဟိန်ဒရာဇာ
13. (သား) ဝိမလရာဇာ
14. (သား) သီဟနုရာဇာ
15. (သား) မင်္ဂလရာဇာ
16. (သား) ကံသရာဇာ
17. (သား) ကလိင်္ဂရာဇာ
18. (သား) သင်းတွဲရာဇာ
19. (သား) သီဟဠရာဇာ
20. (ညီ) ဟံသရာဇာ
21. (သား) ဝရရာဇာ
22. (သား) အလောင်းရာဇာ
23. (သား) ကောလကရာဇာ
24. (သား) သူရိယရာဇာ
25. (သား) သင်ကြီးရာဇာ
26. (သား) တိုင်းချစ်ရာဇာ
27. (သား) မဓုရာဇာ
28. (သား) မင်းလှကြီးရာဇာ
29. (သား) သံသုသီဟရာဇာ
30. (သား) ဓနင်္ဂရာဇာ
31. (သား) ဟိန်ဒရာဇာ
32. (သား) မောရိယရာဇာ
33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။
*(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက်လေသည်။
■ဒုတိယ-တကောင်းမင်းဆက်■
------------------------------------
အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီ၀င်မင်းတစ်ပါးသည် သာကီ၀င်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး
ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။
ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက(၁၇) မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။
နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော်
ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။
ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည်
ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို
နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေ ခေတ္တရာ)
ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။
ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။
မင်းဆက်(၁၇)ဆက်
------------------------
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2. သတိုးတိုင်းသ ရာဇာမင်း
3. သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7. သတိုးဂဠုန်ရမင်း
8. သတိုးနဂါးရမင်း
9. သတိုးနဂါးနိုင်မင်း (ရာဇ၀င်လာ-မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
■သရေခေတ္တရာ-ပထမမင်းဆက်■
---------------------------------------
ဧရာဝတီမြစ်၏ အောက်ပိုင်း (အကြေအရပ်)တွင်
ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ
သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား
ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က
တိတ်တဆိပ်မွေးထား၍ အရွယ် ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ်အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။
ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့်
မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့်
ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။
ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။
မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။
သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ
ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။
ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ
သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။
ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများမှာ
သောကြမဘုရား၊ ညီးညီးဘုရား၊ စီးစီးဘုရား၊
ဘောဘောဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။
သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ
(ဘုန်းကြီး ကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို
ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။
မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍
အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍
မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော
မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။
မင်းဆက်(၂၇)ဆက်
------------------------
1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)
2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)
3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)
*[သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။]
17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)
21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)
*[ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။]
■သရေခေတ္တရာ-ဒုတိယမင်းဆက်■
-----------------------------------------
မင်းဆက်(၂၀)
1. သီဟသူ
2. (ညီ) ကျစွာ
3. စောရန်နောင်
4. မျက်နှာရှည်
5. မထီးလို (လု)
6. လုပ်ပြာ (ဖျာ)
7. စုကတေး
8. မင်းရဲကျော်စွာ
9. သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာ၀တီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော
■ပုဂံမင်းဆက်■
-------------------
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့
အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊
မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊
မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော
စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။
မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း
ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား
မရှိသောမင်း ၊ ကျောက်စာ တွင်ပါ၀င်သော်လည်း
ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ
အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး
၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည်
မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော
ပုဂံခေတ်၏ မင်းဆက် များကို (က) အထောက်အထား
ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
(ခ) အထောက်အထားများဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အ ထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်
မင်းဆက် (၅၈)ဆက်
------------------------
(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
(၆) ပိုက်သေဉ်လည် (ကောဇာသက္ကရာဇ် ၂၄၆ နှစ်)
(၇) သေဉ်လည်ကြောင်(ကောဇာသက္ကရာဇ်၂၆၆-နှစ်)
(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
(၁၀) မုက္ခမန် အမတ် (၂) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၁) သူရဲ အမတ် (၃) (ကောဇာသက္ကရာဇ် ၃၆၁-နှစ်)
(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ- ၄၁၆-နှစ်)
(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
(၁၆) ခန်းလောင်း (ခဲလောင်းမင်း)
(ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်)
မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
(၂၈) သိန်ခွန် (သိန်းစွန်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၉၆)
(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
(၃၂) ထွန်လတ် (မွန်လတ်-မှန်နန်း)(ကောဇာ သက္ကရာဇ် ၁၄၇)
(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉)
(ညောင်ဦး စောရဟန်းမင်း)
(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄)
(အနော်ရထာစော)
(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
(၄၇) မင်းရှင်စော
(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
(၅၄)သီဟသူ (ပြည်စား)
(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂)
(မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ
ပုဂံကို၀င်ရောက်တိုက်ခိုက်သည်။
(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။
■ပင်းယမင်းဆက်■
-----------------------
ပင်းယမင်းဆက် (၆)ဆက်
------------------------------
1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
2.မင်းဆက်(၁) တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊
ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
3.(၂) ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
4.(၃) ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
5.(၄) ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
6.(၅) နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
7.(၆) ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
(ဥစ္စနာပျောင်မင်း) ရှမ်း
■စစ်ကိုင်းမင်းဆက်■
-------------------------
စစ်ကိုင်းမင်းဆက် (၇)ဆက်
--------------------------------
(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)
(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)
(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်း မရှိပါ။
■မဂဒူး မင်းဆက်■
-----------------------
မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)
အေဒီ (၁၁) ရာစုတွင် သု၀ဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို
ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ
တထီးတနန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။
ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး
အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။
ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်)
ဝါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။
ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ
၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း
(၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး
(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊ အဲဗြပန်ု နှင့်
ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက်
မုတ္တမ မှ ဒုန်၀န်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။
သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ
စစ်ရှူံးပြန်သဖြင့် ဟံသာ၀တီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။
ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့
(ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏
အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်း၀တွင်
ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။
၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း
လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ
မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။
#မဂဒူးမင်းဆက် ၁၈ ဆက်
-----------------------------
1.ဝါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)
2.ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
3.စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
4.စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
ဇိတ်ပွန်(၇ ရက်)
5.စောအဲကံကောင်း(၄၉ ရက်)
6.ဗညားအဲလော(၁၃၃၁-၁၃၄၈)
7.ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
8.ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
9.ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
10.ပထမဗညားရံ(၁၄၂၆-၁၄၄၆)
11.ဗညားဗရူး(၁၄၄၆-၁၄၅၀)
11.ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
12.လိပ်မွတ်ထော(၇ လ)
13.ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)ဝိဟာရဒေဝီ(၁၄၅၃-၁၄၇၂)
14.ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
15.ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
16.သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့်
မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာ၀တီကို
သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီးအား
လုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ
တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ်ကိုပါ
လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။
သမိန်ထောရာမမှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။
■ #အင်း၀မင်းဆက်■
------------------------
အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော
ပုဂံသည် ၁၃-ရာစု အလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင်
မြောက်ဘက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဘက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ်
သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။
ပုဂံမင်းများ လုံး၀ သြဇာမရှိတော့နောက်တွင်
တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။ သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ
တနယ်တမင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက်
ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်း၀နန်းတည်ကာအင်း၀မင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်း၀မင်းဆက်မှ
မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။ တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ
ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး
မင်းနေပြည်တော်ဖြစ်လာခဲ့သည်။
ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။
ထိုမှအစပြုကာ အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့်
ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။
ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ
ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့်
အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့်
ရှမ်းစော်ဘွားများအင်အားကြီးလာသည်။
နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ
လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့်
ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်း၀ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။
ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွား
လုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့်
မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာ၀တီကို
သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့်
စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။
ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင်
ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။
#အင်း၀မင်းဆက် ၃၀ ဆက်
------------------------------
(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
(ဆင်ဖြူရှင် တရဖျား)
(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း)
(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈)
(ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇)
(မြစည်းခုံဒါယကာ မဟာသီဟသူရ)
(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉)
(တံတားဦးဘုရား ဒါယကာ)
(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း)
(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆)
(ရှမ်းစလုံစော်ဘွား)
(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁)
(ခုံမှိုင်းစော်ဘွား)
(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇)
(ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း)
(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁)
(စလင်း စည်သူကျော်ထင်)
(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄)
(လောကနာထစေတီ ဒါယကာ)
(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
(သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
(မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၂၆)နရာ၀ရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
(အိမ်ရှေ့မင်း)
(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
(၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
(မန်အောင်ရတနာ ဒါယကာ)
(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)
(ဟံသာ၀တီပါမင်း)
■ #တောင်ငူမင်းဆက်■
---------------------------
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာ၀တီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။
သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို
သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ကို
မွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာ၀တီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ
ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။
ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်း ပါ၀င်ပါတ်သတ်မှု ရှိနေပြသောကြောင့် ဖြစ်သည်။
#တောင်ငူရာဇ၀င်အကျဉ်း
-----------------------------
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့်
မင်းကြီညို လက်ထက်တွင် ဖြစ်သည်။
သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာ၀တီကို
အောင်နိုင်ပြီး ဟံသာ၀တီမှတဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း
တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။
တပင်ရွှေထီး ဟံသာ၀တီကို အောင်နိုင်ပြီးဟံသာ၀တီတွင်
နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင်
မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။
ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို
ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။
ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ
ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ
ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင်များကို
ပေးပြီး အုပ်စိုးစေခြင်း ဖြစ်သည်။
နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း
မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က
ပုန်ကန်ပြီး တောင်ငူ-ဟံသာ၀တီ ခေတ်ကို
အဆုံးသတ်ပေးခဲ့သည်။
သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင်
လက်ထက်တွင် တောင်ငူကို အင်း၀မှ အနောက်ဘက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ
သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။
တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ
မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာနှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့်
အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက်ခဲ့ရသည်။
ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။
#တောင်ငူမင်းဆက် ၈ ဆက်
-------------------------------
မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့
ဖြစ်ကြသည်။
■ညောင်ရမ်းမင်းဆက်■
----------------------------
တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့်
ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး
ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။
ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော်
တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား
ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက် (၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။
၄င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဘက်လွန်မင်း၊သာလွန်မင်း တို့သည် အင်း၀၊ပြည်၊တောင်ငူ၊ဟံသာ၀တီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ
မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။
ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်း၀ကို
ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။
ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။
နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ
(ဟံသာ၀တီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်၀န်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍
မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။
နောက်ဆုံး အင်း၀ကိုပါသိမ်းယူကာ အင်း၀ဘုရင်
မဟာဓမ္မရာဇာဓိပတိကို ဟံသာ၀တီသို့
ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။
ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက
အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ
တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးကို
တည်ထောင်ခဲ့သည်။
#ညောင်ရမ်းမင်းဆက် (၁၁)ဆက်
-------------------------------------
(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)
(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်)
(ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
(၇)နရာ၀ရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ)
(၀မ်းဘဲအင်းစံမင်း) (၀ရဇေယ)
(ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ)
(ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာ၀တီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)
■ကုန်းဘောင် မင်းဆက်■
------------------------------
ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ
ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ ပင်းယ၊ အ၀(အင်း၀)၊ တိုင်အောင်
သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ
ညောင်ရမ်း(၁၀)ဆက်မြောက်မင်းဖြစ်သော
ဟံသာ၀တီပါမင်းတရားကြီးလက်ထက် ရတနာပူရ
အဝနေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး
ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ်
ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော
ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကို
နောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။
စတင်ထူထောင်သူ အလောင်းမင်းတရားမှသည်
နောက်ဆုံး သီပေါမင်းအထိ မင်းဆက် (၁၁)ဆက်တိတိ
ရှိသည်။
ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင်
ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ
မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ
ကျဆင်းသွားသည်။
နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုတ်ဆောင်ရွက်သည်မရှိပဲ
ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့်
နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။
သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး
၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ ဖြစ်ကြသည်။
ပုဂံမင်းဆက် (၅၅) ဆက် ၊ ပင်းယမင်းဆက် (၆) ဆက် ၊
စစ်ကိုင်းမင်းဆက် (၇) ဆက် ၊ အင်းဝမင်းဆက် (၃၀) ဆက် ၊ ကုန်းဘောင်မင်းဆက် (၁၁) ဆက်

Source - Friendship Family World
မြန်မာ့သမိုင်းအကြောင်းအရာနှင့် မှတ်သားစရာများ

Address

Jalan Maharajarela
Petaling Jaya

Alerts

Be the first to know and let us send you an email when Leilum Vaang Khua posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Leilum Vaang Khua:

Videos

Share


Other Media/News Companies in Petaling Jaya

Show All