17/11/2024
🟥 #ကင်ဆာတို့၏ဘုရင်
______________________
✅ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ pancreatic cancer ပန်ကရိယကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပါတယ် ။ ဒီရောဂါ ဖြစ်ပြီဆိုရင် - များသောအားဖြင့် ၂လ မှ ၆လ လောက်ပဲ အသက်ရှင်ပါတယ် ။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။
👑👑👑
✅ကမ္ဘာပေါ်မှာ နာမည်ကြီး မင်းသားမင်းသမီး ၊ နိုင်ငံရေးသမား များဒီရောဂါကြောင့် ဆုံးပါးသွားကြသူများရှိရာ အိုင်ဖုန်း၊ အိုင်ပတ် ၊Apple တည်ထောင်သူ SteveJobs မှာ လူသိများပါတယ် ။ မြန်မာပြည်က အဆိုတော် ခိုင်ထူးဟာ ဒီရောဂါနဲ့ ဆုံးပါးတာ ဖြစ်ပါတယ် ။
☠️
ဒီကင်ဆာရောဂါဖြစ်နေတာကို စောစောစီးစီး မသိကြပါဘူး။ များသောအားဖြင့် ဗိုက်နာရင် ၊ ဗိုက်မကောင်းရင် .. ဗိုက်ကို အာထရာဆောင်း လုပ်ကြည့်တယ်။ ပန်ကရိယက အစာအိမ်ရဲ့ အနောက်ဖက် မှာရှိပြီး သူ့ရှေ့မှာ တခြား အင်္ဂါတွေ ရှိနေတာမို့ အာထရာဆောင်းနဲ့ ကြည့်ရင် ကောင်းကောင်း မမြင်ရပါဘူး။ အာထရာဆောင်းနဲ့ တွေ့တဲ့အချိန်မှာ ကင်ဆာ အလုံးက တော်တော် ကြီးနေပါပြီ။ 5-7cm အရွယ် လောက်ကြီးမှ တွေ့တာ များပါတယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ အင်္ဂါတွေဆီကို ပြန့်နှံ့နေပြီး အချို့က အဝေးက အင်္ဂါတွေဆီလည်း ကင်ဆာဆဲလ်တွေက ပြန့်နေပြီ ဖြစ်ပါတယ် ။
😢😢😢
အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာ ဖြစ်နေရင် လူနာက ဗိုက်နာပါတယ် ။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ် ၊ အစာအိမ်ရောဂါ ဖြစ်တယ် လို့ ဆရာဝန်တွေက ထင်ကြပါတယ် ။ အစာမကြေတာ၊ အစာအိမ်ရောင်တာ ၊ အစာအိမ် အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ် ။ ဒီရောဂါတွေကလည်း အဖြစ်များတယ်လေ။ အစာအိမ်ဆေးတွေ ပေးပြီး ကုသတဲ့အခါ ဗိုက်နာတာကို သက်သာတယ်ဆိုတာ တွေ့ရှိရတယ်။ အနောက်နိုင်ငံမှာ ပန်ကရိယကင်ဆာ ဖြစ်နေသူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ... ပန်ကရိယကင်ဆာလို့ မသိခင်မှာ လူနာတွေဟာ ဆရာဝန်ဆီသွားပြတာ ၁၈ ခေါက်ထက် မနည်းရှိပြီလို့ ဆိုပါတယ် ။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့ အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။
😭😭😭
ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့ အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း ၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာ အပေါ် ထိရောက်မှု မရှိပါဘူး ။ အခြား ကုသနည်းတွေ ၊ ဆေးဝါး အသစ်တွေ ကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
💉💉💉
အစပိုင်းမှာ ရောဂါလက္ခဏာတွေက.... နုံးနေမယ် ၊ အစားအသောက်ပျက်မယ် ၊ ပိန်သွားမယ်.... အလုပ်ပင်ပန်းလို့ နုံးတာပဲလေ လို့ ထင်တတ်ကြတယ် ။ တခါတလေ အစားအသောက်ပျက်တာ ဖြစ်မှာပါ ။ ပိန်သွားတာ ကောင်းတာပေါ့ ၊ ဝ ရင် ဆီးချို သွေးတိုး နှလုံးရောဂါတွေ ဖြစ်မယ် ၊ ပိန်တာ ကျန်းမာတယ် လို့ ထင်တတ်ကြပါတယ် ။ ဒီလို ရောဂါ လက္ခဏာတွေ ပြနေပေမယ့်လည်း အများစုက အလေးမထားဘဲ လစ်လျူရှုလိုက်ကြပါတယ်။
နောက်ပိုင်းမှာ ဗိုက်နာ လာမယ် ။ ဒါလည်း အစာအိမ် ရောဂါ ဖြစ်မှာပါ ။ ဒီလို ထင်ကြတယ် ။
ပန်ကရိယ ခေါင်းမှာ ကင်ဆာ ဖြစ်ရင် သည်းခြေလမ်းကြောင်းကို သွားပိတ်တဲ့ အတွက် မျက်စိဝါမယ် ၊ အသားဝါမယ် ။ လူနာက ပျို့ချင် အန်ချင်မယ်။
တချို့က.. ဝမ်းလျှောမယ် ၊ ဝမ်းသွားတဲ့အခါ အဆီတွေပါမယ် ၊ ကျောကုန်း နာမယ် ။
ဒီလက္ခဏာတွေပေါ်လာရင် လျစ်လျူမရှုဘဲ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
😇😇😇
ပန်ကရိကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့....
၃၀% က ဆေးလိပ်သောက်လို့ ဖြစ်တာပါ။
၂၀% က အစားအသောက်နဲ့ ဆိုင်ပါတယ် ။ အဆီများတဲ့ အစာ ၊ ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အစာ ၊ အချိုများတဲ့ အစာတွေ က ဒီကင်ဆာရောဂါကို ဖြစ်စေပါတယ် ။
🐀🐀🐀🐀🐭🐭🐭
ထိုင်ဝမ် သုတေသန တစ်ခုက... ကြွက်တွေကို အုပ်စု နှစ်ခုခွဲပြီး တစ်စုကို သကြားများတဲ့ အစာတွေ ချည်းကျွေးပါတယ် ။ ရက်သတ္တပတ် ၂၀ အကြာမှာ ဒီကြွက်တွေကို စစ်ဆေးကြည့်တဲ့အခါ အချိုကျွေးတဲ့ ကြွက်တွေရဲ့ ပန်ကရိယမှာ DNA မှာပြောင်းလဲမှုတွေ ဖြစ်ပြီး အဲဒီကမှ ကင်ဆာဆဲလ် အဖြစ် ပြောင်းလဲနေတာကို တွေ့ရှိရပါတယ်။
အခု ၅ နှစ်အတွင်း ထိုင်ဝမ်မှာ ပန်ကရိယကင်ဆာ ဖြစ်ပွားမှုနှုန်း တက်လာခြင်းမှာလည်း လူတွေရဲ့ အချိုစားသုံးမှု များလာခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ပြောကြပါတယ်။
🍦🍨🎂🍩🍮🥤🥤🥮
အရက်သောက်ခြင်းကလည်း pancreatitis ပန်ကရိယကို ရောင်ရမ်းစေပြီး ပန်ကရိယကင်ဆာ ဖြစ်ပွားမှုကို တိုးပွားစေပါတယ်။
🍻🍺🥂🍷
မျိုးရိုးဗီဇကြောင့် ပန်ကရိယကင်ဆာ ဖြစ်တာ ၁၀% လောက် ရှိပါတယ်။ မိသားစုထဲမှာ ပန်ကရိယကင်ဆာ ဖြစ်ဖူးသူတယောက်ရှိပါက မိမိမှာ ဖြစ်နိုင်ခြေ ၃-၅ ဆ လောက် တက်လာပါတယ် ။
👨👩👧👧👨👩👧
၃၆% လူနာတွေကတော့ ဘာကြောင့်မှန်းမသိဘဲ အကြောင်းရင်း ကိုရှာလို့ မရပါဘူး ။ ဆေးလိပ် ၊အရက် မသောက်ဘူး ၊ အစားအသောက်လဲ ပုံမှန်ပဲ ၊ ဘာကြောင့် ဒီရောဂါ ဖြစ်လဲ မသိဘူး ။ တချို့က ယူဆတာက stress စိတ်ဖိစီးမှုများလို့ ထင်ကြပါတယ်။
🏨🏨🏨🏥
တချို့ရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ များတာတွေ့ရှိရပါတယ် ။
1. ဆီးချို သွေးချိုရောဂါ diabetes mallitus
2. အဝလွန်ခြင်း
3. ပန်ကရိယ တွင်ရေအိတ်များရှိခြင်း pancreatic cyst
4. နာတာရှည်ပန်ကရိယရောင်ရမ်းခြင်း chronic pancreatitis
ဒီရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ တခြားလူထက် ပိုများပါတယ်။
🔬🔬🔬
အမေရိကန် မှ ပညာရှင်တစ်ဦးက တွေ့ရှိရာမှာ...
ပန်ကရိယကင်ဆာ မဖြစ်ခင် ၂ နှစ်ခွဲမှ တနှစ်ခွဲကြားမှာ အဲဒီလူရဲ့ သွေးတွင်း သကြားဓာတ်က blood sugar level မြင့်နေပါတယ် ။ ဆီးချိုရောဂါလောက် မမြင့်ပေမယ့်ပုံမှန်ထက် ပိုမြင့် ပါတယ်။ တဖြည်းဖြည်း မြင့်လာပါတယ် ။ ကိုယ်အပူချိန်ကလည်း တက်လာပါတယ်။
🌡🌡🌡
ပန်ကရိယကင်ဆာမဖြစ်ခင် တနှစ်ခွဲက နေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ် ။ ကိုယ်လက်စထရော စတဲ့ သွေးတွင်း အဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာတယ်။ ကိုယ်အလေးချိန်က ကျမသွားဘူး။
🧪🧪🧪
ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်း အဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။
သွေးတွင်းအချိုဓာတ် blood glucose levels တဖြည်းဖြည်း တက်လာပြီး အကြောင်းထူး မရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန်ကျသွားရင် အထူး သတိထားဖို့ ကောင်းပါတယ်။
💊💊💊
ပန်ကရိယ ကင်ဆာကို ကုသခြင်းထက် ကြိုတင် ကာကွယ်ရေးက ပို အရေးကြီးပါတယ်။
1.ဆေးလိပ်ဖြတ်ပါ။
2.အရက်အလွန်အကျွံသောက်ခြင်း ၊ အချိုရည် အလွန်အကျွံ သောက်ခြင်းမှရှောင်ကျဉ်ပါ။
3.ပြုပြင်ထားသော အသားများ၊ အသားကင်များ လျှော့စားပါ။
4.သန့်ရှင်း လတ်ဆပ်သော အသီးအနှံ၊ အရွက်များ စားပေးပါ။
5.အသက် ၅၀ ကျော်ရင် သွေးတွင်းအချိုဓာတ် blood glucose levels ကို အမြဲတိုင်းပါ။
သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ် ၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ် ဆိုရင် အထူးဂရုစိုက်ရပါမယ်။
🥬🥒🥦🥑🍇🍓🍌🍒🍓
ဒေါက်တာမျိုးမြတ်သူ☀️ 🟥