OPENER FOR YOU
12/09/2022
ခုနောက်ပိုင်း ကျွန်တော် ပြုံးတာ ရယ်တာတွေ
အတော်ရှားပါးလာတယ်
ပျော်ရွှင်မှုတွေ ဆိတ်သုဥ်းလာတယ်
အဆင်မပြေမှုတွေ
ဥပေက္ခာတရားတွေ ကြုံတွေ့ရတာများလာတော့
ကျွန်တော် ပြုံးဖို့ ရယ်ဖို့ကို မေ့နေပြီ
ချစ်သူအစ သူငယ်ချင်းအဆုံး
လိုတဲ့အချိန်သာ ခေါ်သုံးကြတယ်
ကျန်တဲ့အချိန်တွေမှာ ကျွန်တော်ဟာ
အခြားကမ္ဘာက လူသားလို
အဖော်မရှိ အပျော်မရှိ
မြင်သမျှ အရာအားလုံးက ဗလာနတ္ထိ
အပျော်ဆိုတာ ကိုယ်တိုင်လုပ်ယူရမယ်ဆိုတဲ့ အသိ
ကျွန်တော့်ကိုယ်ကျွန်တော် မေ့တဲ့အထိပါပဲ
လောကကြီးက မတရားဘူးလို့
ခေါင်းစဥ်တပ်မိတဲ့အခါ
လူသားတွေဟာ အတ္တပိုဆန်တဲ့အကြောင်း၊
ချစ်ခြင်းမေတ္တာတရားဟာ အစစ်တွေရှားပြီး
အတုအယောင်တွေ ပေါလာတဲ့အကြောင်း ပြောပြဦးမယ်
မတည်မြဲတဲ့ ဒီလောကကြီးရယ်
မျက်နှာလိုက်တဲ့ ကံကြမ္မာရယ်
အတုယောင် ချစ်ခြင်းတွေရယ်
ခံစားချက်မပါတဲ့ မိတ်ဆွေတုတွေရယ်
တစ်ကြိမ်တစ်ခါလောက်တော့
ကျွန်တော် ဟားတိုက်ပြီး ရယ်ပြချင်သေးတယ်
21/03/2022
မတ်လ၂၂ရက်တွင် #မြန်မာနိုင်ငံလပွတ္တာမြို့ကိုဗဟိုပြုပြီးမုန်တိုင်းဖြတ်သန်းသွားမယ့်မြို့နယ်တွေကို
#မုန်တိုင်းဖြတ်သန်းမယ့်အချိန်နာရီနှင့်ဖော်ပြပေးလိုက်ပါတယ်
#အနည်းငယ်ပြောင်းလဲမှုသာရှိနိုင်ပါတယ်
08/03/2022
{စိတ်}
ရင်မဆိုင်ရဲတဲ့စိတ်က
ကိုယ့်ကိုရှုံးစေနိုင်တယ်။
မျှော်လင့်ချက်မရှိတဲ့စိတ်က
ကိုယ့်ဘဝကိုနိမ့်ကျစေနိုင်တယ်။
မပြတ်သားတဲ့စိတ်က
ကိုယ့်ကိုတွေဝေစေနိုင်တယ်။
မကြိုးစားတဲ့စိတ်က
ကိုယ့်ကိုညံ့ဖျင်းစေနိုင်တယ်။
ပျင်းရိတတ်တဲ့စိတ်က
ကိုယ့်ကိုဆင်းရဲစေနိုင်တယ်။
အပြောင်းအလဲမြန်တဲ့စိတ်က
တန်ဖိုးရှိတဲ့အရာတွေကိုဆုံးရှုံးရတတ်တယ်။
ဘဝမှာအကောင်းဆုံးတွေကိုလိုချင်ရင်
အခက်ခဲတွေကိုသည်းခံပြီးကျော်ဖြတ်ရဲတဲ့
စိတ်ရှိဖို့လိုအပ်တယ်။
လူလဲကျသွားတာထက်
စိတ်ဓာတ်လဲမကျသွားဖို့ကပိုအရေးကြီးပါတယ်။
ဒါကြောင့်
ဘဝကိုအကောင်းဆုံးဖြစ်စေချင်ရင်
အပြောင်းအလဲလုပ်မှဖြစ်မယ်။
အရာအားလုံးအတွက်ကိုယ့်စိတ်မှာ
ခွန်အားတွေရှိနေဖို့လိုတယ်။
စိတ်ကိုခွန်အားဖြစ်စေမယ့်စာတွေကိုဖတ်ပါ။
#စာအုပ်စာပေလူ့မိတ်ဆွေ
31/10/2021
သိပ့်ကောင်းတယ် ဖတ်ကြည့်ပါ 📖
အသုံးတည့်သူများအတွက် မျှဝေလိုက်ပါတယ်။
၁။ လူတစ်ယောက်ကို အသိဖြစ်ဖို့ ရေစက်လိုပါတယ်။
လူတစ်ယောက်ကို နားလည်ဖို့ဆိုရင် စိတ်ရှည်ဖို့လိုပါတယ်။
လူတစ်ယောက် ကို အနိုင်ယူဖို့ဆိုရင် ဉာဏ်ပညာလိုတယ်။
အဲ..လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပိုင်ပိုင်နိုင်နိုင် ရချင်ရင်တော့
စိတ်သဘောထားကြီးခြင်းနဲ့ ခွင့်လွတ်တတ်ခြင်းလိုပါလိမ့်မယ်။
၂။ ဘဝဆိုတာ ပင်ပန်းတယ်။ ယခု မပင်ပန်းရင် နှောင်ပိုပင်ပန်းမှာ၊
ဘဝဆိုတာ ဒုက္ခဖြစ်တယ်။ ယခုဒုက္ခမရောက်ရင် နှောင်ပိုဒုက္ခရောက်မှာ၊
ပင်ပန်းဖူးမှသာ အားလပ်ခြင်းကို ခံစားတတ်သလို
ဒုက္ခရောက်ဖူးပါမှ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာကို သိရှိကြတယ်။
၃။ ယုံကြည်မှုကို ရချင်ရင် ရိုးသားဖို့ လိုပါလိမ့်မယ်။
ရိုးသားမှုကို ရချင်ရင် လက်တွေ့ကျဖို့ လိုပါလိမ့်မယ်။
လက်တွေ့ကျကျနေတတ်ချင်ရင်တော့..
မိမိကိုယ်မိမိ အစစ်အမှန်နဲ့ အသက်ရှင်ရပ်တည်တတ်ဖို့ လိုပါလိမ့်မယ်။
၄။ လူအများကို ချစ်တတ်တဲ့လူဟာ၊ လူအများရဲ့ ချစ်ခြင်းကို ခံရပါမယ်။
သူများကို လေးစားတတ်တဲ့သူဟာ၊ သူများရဲ့ လေးစားခြင်းကို ခံရပါမယ်။
၅။ သူငယ်ချင်းကောင်းဆိုတာ...
သင့်ရဲ့ အတိတ်ကို နားလည်တယ်။
သင့်ရဲ့ အနာဂတ်ကို ယုံကြည်တယ်။
သင့်ရဲ့ ပစ္စုပန်ကို နားလည်ခွင့်လွတ်ပေးတဲ့လူဖြစ်တယ်။
၆။ ဘဝရဲ့ အနှစ်သာရဆိုတာ သင့်နောက်ဆုံး ဘာကိုရလိုက်သလဲ အပေါ် မမှီတည်ပါဘူး၊ သင်ဘယ်အရာတွေအပေါ် ကြိုးစားအားထုတ်ခဲ့သလဲ အပေါ် လုံးဝ မှီတည်နေပါတယ်။
၇။ ဒီလိုနေချင်တယ်။
ငိုသင့်တဲ့အခါ တစ်ဝါးဝါး
ရယ်သင့်တဲ့အခါ တစ်ဟားဟား
ပြောသင့်တဲ့အခါ ပွင်းပွင်းကြီး
လုပ်သင့်တဲ့အခါ စိတ်နှစ်ကိုယ်နှစ်
၈။ သင်အောင်မြင်သွားပြီဆိုရင်၊ လေချွန်နေရင်တောင်မှ အမှန်တရားကို ချွန်ပြနေတာတဲ့၊ သင်ကျဆုံးနေတဲ့ အချိန်ကျရင်၊ သင်အမှန်တရားကို ပြောနေတာတောင်မှ သင်လေရွှီးနေတာတဲ့။
၉။ ပိုက်ဆံဆိုတာ အတွင်းခံ အဝတ်အစားနဲ့ဆင်တူတယ်။ ရှိနေဖို့လိုတယ်။ ပြနေစရာမလိုဘူး။
၁၀။ ကြောင်ဟာ ငါးကို ကြိုက်တယ်။ ရေထဲမဆင်းရဲဘူး၊
ငါးဟာ တီကောင်ကို ကြိုက်တယ်။ ကုန်းပေါ်တက်လို့ မရဘူး၊
လောကကြီးဟာ ဒီလိုပါပဲ၊ စွဲမက်စရာတွေ အများကြီးပေးထားတယ်။ လွယ်လွယ်နဲ့တော့ မရဘူး၊
၁၁။ လွယ်လွယ်ကူကူနဲ့ ကိုယ့်ရင်တွင်းက အနာကို သူများကို မလှပ်ပြပါနှဲ့၊
လူအကြောင်းသိဖို့ ခက်ခဲလွန်းလို့ပါ။ ဘယ်သူတွေက သင့်ကို ဆေးထည့်ပေးမယ်။ ဘယ်သူတွေက သင့်ကို ဆားနဲ့ ငရုပ်မှုန့် ဖြူးပေးမယ်ဆိုတာ ခန့်မှန်းရတာ ခက်ခဲလို့ပါ။
မူရင်းတင်သူ Credit
# My Knowledge House By Myo Htun
Sai Nay(ရှမ်းမြေ)ပရိဟိတလူငယ်များ
နှင့်ဘဝသုတရသစာပေများ Group ကို
Join ဖိုဖိတ်ခေါ်ပါတယ်.....
👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/groups/1264545310573296/?ref=share
18/10/2021
ခွေးတစ်ကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တစ်ကောင်ကထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ပူတဲ့ကိစ္စကို
တစ်ခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့မွာ ဘာသာစကားမရွိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ
တို့တစ်တွေလူတွေမှာတော့
အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်
အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ
ဘာသာစကားရွိလို့
တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့
အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိူးရှိတယ်
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက
သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ
ဥပမာ
အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ
မင်းရလာမယ်
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ
ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး
ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း
ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိူက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိူက်ရင် ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိူး
များများဖတ်စေချင်တယ်။ ။
ဆရာအောင်သင်း
Credit to original writer
ပြန်လည်မျှဝေပေးပါသည်
18/10/2021
အမြဲတမ်းလည်း
လူတိုင်းအပေါ် ကောင်းမနေနိုင်ဘူး။
အမြဲတမ်းလည်း
စိတ်ထားက မြင့်မြတ်မနေနိုင်ဘူး။
အမြဲတမ်းလည်း
လူတိုင်းအပေါ် သဘောထားမကြီးပေးနိုင်ဘူး။
ကျနော့်မှာလည်း
မကောင်းတဲ့အချက်တွေ အများကြီးပဲ။
ဒါပေမယ့်
ဘယ်တော့မှ စိတ်ဓာတ် အောက်တန်းမကျဘူး။
သေချာတာတစ်ခုကတော့ . . .
ဘယ်သူ့နောက်ကျောမှာမှ ကျနော့်ဓားရာ မရှိဘူး။
ဆယ်လာရီ
05/09/2021
သိပ်ကောင်းတယ်ဗျာ။
ဖတ်ကြည့်ပါ။ မူရင်းစာရေး
သူ ကိုကျော်မင်းထွန်းကိုအထူးကျေးဇူးတင်ပါတယ်။
==========
မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်
Education ဆိုတာက ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း သင်ယူတက်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ
အဲ့တာကို ပညာတက် educated person လို့ခေါ်ပါတယ်
နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်လခ
ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်
IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး
အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
...............................
နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်
ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်
တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်
တစ်နေ့ ၄ သောင်း ရပါတယ်
...................................................................
" Wisdom ရဲ့ အရေးကြီးပုံ''
ကျွှန်တော့တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်
ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်
ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်
ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့
လူ ချစ်ခံရတယ်
ကျွှန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်
သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်
ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွှမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့့ပေးတယ်
ကျွှန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့
လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်
နောက်တော့ ကျွှန်တော်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်
ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ
နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ် တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့
အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်
၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်
ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်...................................................................
၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''
ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်
သူက ဘဝ ကို Education မရှိပေမယ်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................
" Education '' ရဲ့ အရေးပါ ပုံ
Education ကလည်း အရမ်းအရေးပါ ပါတယ်
တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်
ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်
Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်
ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''
သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။
ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော
" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''
အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်
..................................................................
ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်
ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်
အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး
အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ
ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................
တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်
တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့
ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ္ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်
နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်
ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့
အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး
ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................
ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ
အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော
စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာခြင်း
ယဥ်ကျေးခြင်း
ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏
ကျော်မင်းထွန်း ( 24.3.2019)
Credit Ko Kyaw Min Tu
18/08/2021
လေ့လာမှတ်သားစရာ
အိမ်၏ခေါင်းရင်းနေအိမ်သည်
မိမိအိမ်ထက်မြင့်မည်………
ခြေရင်းအိမ်သည်လည်း
မိမိအိမ်ထက်မြင့်ပါက
ကိုယ်နေသောအိမ်သည် အမိုးနိမ့်နေလျှင်
အိမ်ပုခက် ဟုခေါ်သည်။
နေသောမိသားစုသည် စီးပွားတက်၏။
ကိုယ့်အိမ်ခေါင်းရင်းအိမ်က အမိုးနိမ့်မည်။
ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ……
ကိုယ့်အိမ်က အလယ်မှ အမိုးမြင့်မားနေပါက
အိမ်မြင့်မိုရ်ဟုခေါ်သည်။
လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍
ပြုစုလုပ်ကျွေးအား
သဒ္ဓါပြည့်က အထူးကောင်းမွန်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည်။
ကိုယ့်အိမ်၏ ခြေရင်းက
ကိုယ့်အိမ်ထက်နိမ့်နေပါက
အိမ်တောင်တန်းဟုခေါ်သည်။
တစ်စိမ့်စိမ့်စီးပွားဖြစ်၏။
ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍
ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါက
စီးပွားအသည်းအသန်ရှာရတတ်သည်။
ရေဆန်အိမ်ဟုခေါ်သည်။
ရှေးလူကြီးများက မဝယ်သင့်ဟုဆိုကြ၏။
ကိုယ့်အိမ်၏ ခေါင်းရင်းနားတွင်
မီးဖိုအကြီးကြီးဖြင့်
စီးပွားရှာသောအိမ်ရှိနေပါက
ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်း
သို့မဟုတ်
အိမ်အမိုးထပ်မြှင့်ခြင်းပြု အပ်၏။
မကျန်းမမာဖြစ်တတ်၏။
ဦးခေါင်း အပူတိုက်ဟုခေါ်ကြသည်။
သတိထားအပွ၏။
ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှ ဆူညံစကား
ပြင်းသောအသံချဲ့စက်ဆောင်းဘောက်စ်အသံ
အဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြု လုပ်နေပါက
ထိုအိမ်သည် နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။
အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်၏။
မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏။
အလွန်စပ်စပ်စုစုနိူင်သော အိမ်နီးပါးချင်း
ငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်
လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါက
မရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍
သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ်၍
အလိမ္မာဖြင့် ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထား
ပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှ ဟူသည်နှင့် အညီ ကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏။
. မူရင်းရေးသားသူ
06/08/2021
⚱ အပြစ်ထက် အကြောင်းအကျိုးကို
☁ ဆီလျော်အောင်တွေးတဲ့သူက
☁ သဘောထားကြီးတဲ့သူ ဖြစ်တယ် ။
⚱ အမုန်းထက် ခွင့်လွတ်ခြင်းကို
☁ ကျင့်သုံးတဲ့သူက
☁ အအေးချမ်းဆုံးသူ ဖြစ်တယ် ။
⚱ အငြိုးထက် လွတ်ချခြင်းကိုသာ
☁ ပြုတတ်တဲ့သူက
☁ လွတ်လပ်ပေါ့ပါးဆုံးသူ ဖြစ်တယ် ။
⚱ အလိုဆန္ဒထက် ရောင်ရဲခြင်းဖြင့်
☁ နေထိုင်တတ်တဲ့သူက
☁ အချမ်းသာဆုံးသူ ဖြစ်တယ် ။
⚱ သံသယထက် နားလည်ပေးခြင်းကို
☁ အစားထိုးနိုင်တဲ့သူက
☁ အဆင်ပြေပြေ နေနိုင်သူဖြစ်တယ် ။
⚱ တစ်ဘ၀စာထက် သံသရာကို
☁ မျှော်တွေးဆင်ခြင်တတ်တဲ့သူက
☁ ပညာရှိတဲ့သူ ဖြစ်ပါတယ် ။
⚱ ကိုယ့်အတ္တထက် စာနာသနားခြင်း
☁ ရှိကြတဲ့သူတွေဟာ
☁ နှလုံးသားလှတဲ့သူတွေ ဖြစ်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ 🙏🙏🙏
#အောင်မြင်သူ
05/08/2021
Crd
သိပ်မစိုးရိမ်ကြပါနဲ့တော့
#အကောင်းဘက်ကိုရောက်လာပါပြီ
#ကူးစက်မှုကျဆင်းလာပါပြီ
#သေဆုံးမှုလည်းကျဆင်းသွားပါပြီ
#ရောဂါဖြစ်နေသူတွေလည်းပြန်ကောင်းလာကြပြီ
ဗီတာမင်D3ကတော်တော်အလုပ်ဖြစ်ပါတယ်
Ventolin မှုတ်ဆေးကလည်းအသက်တော်တော်ကယ်ပါတယ်
မှောက်အိပ်တဲ့နည်းကလည်းအတော်အလုပ်ဖြစ်တယ်
ယိုးဒယားတွေပေးတဲ့ငရုတ်ခါးရွက်ကလည်းတအားစွမ်းတယ်
စိတ်ဓါတ်မာကြောမှုကြောင့်လည်းသေတွင်းကလွတ်ကြတယ်
ရောဂါကိုလူကနိုင်တော့မှာပါ
လမ်းမသလားကြပါနဲ့
အပြင်မှာလူတွေသွားလာတာကိုလျှော့ပေးပါ
မကြာခင် Normal ပြန်ဖြစ်လာပါလိမ့်မယ်
အားလုံးစည်းကမ်းရှိဖို့ပဲလိုပါတယ်။
#မလိုအပ်ဘဲအပြင်ထွက်တာကျွန်တော်တို့မြန်မာနိုင်ငံသားတွေ
#နောက်၂ပါတ်လောက်ဘဲသည်းခံပါ
အပြင်ထွက်ရင်လည်း စနစ်တကျ Mask တပ်ပါ
ပိုက်ဆံ အချိန်မရွေးပြန်ရှာလို့ ရပါတယ်
လူ့အသက်ဆုံးရှုံးသွားရင်ပြန်မရနိုင်ပါဘူး
#လူ့အသက်တစ်ချောင်းတန်ဖိုးထားသူတိုင်းလိုက်နာသင့်ပါတယ်
လူအများလိုက်နာနိုင်အောင်ကျေးဇူးပြုပြီးမျှဝေပေးပါ
03/08/2021
ဟိုးရှေးရှေးတုန်းက၊
ရွာတစ်ရွာ မှာ အိမ်ရှင် ယောင်္ကျား တစ်ယောက်ဟာ ညဥ့်တစ်ချက်တီးလောက်မှာ ဝမ်းသွားချင်လွန်းလို့ အိပ်ရာက နိုးလာပါတယ်။
လမိုက်ညကလည်း ဖြစိနေတော့ အပြင်လည်း မထွက်ချင်၊ ဝမ်းကလည်းအလွန်သွားချင်နေတော့ ဘုရားစင်ပေါ်က ညောင်ရေအိုးကြီး ကို လှမ်းကြည့်ပြီး "ညောင်ရေအိုးကြီး ကလည်း ဟောင်းလှပါပြီ မနက်မှ အသစ်ဝယ်ကပ်လိုက်ပါမယ်"လို့ တွေးမိပြီး ဘုရားညောင်ရေအိုးထဲ မစင်စွန့်လိုက်ပါတယ်။
မနက်မိုးလင်းလို့ ညောင်ရေအိုးစွန့်ဘို့ အလုပ်မှာညောင်ရေအိုးထဲမှာ မစင်တွေအစား ရွှေမန်ကျီးတောင့်တွေ ဖြစ်နေသတဲ့။
အဲဒီသတင်းဟာ တစ်ရွာလုံးပြန့်နှံ့ သွားပြီး။ ညဥ့်တစ်ချက်တီးမှာ အိမ်ရှင်ယောင်္ကျားတွေဟာ ဘုရားညောင်ရေအိုးထဲ မစင့်စွန့်ကြ။ မနက် ရွှေမကျီးတောင့်တွေရကြနဲ့ တစ်ရွားလုံး သူဌေး တွေ ဖြစ်ကုန်ကြသတဲ့။
ဒါပေမဲ့ အဲဒီရွာထဲက အိမ်တစ်အိမ်ကတော့ အိမ်ရှင်ယောင်္ကျားက ခရီးသွားနေလို့ ရွှေမန်ကျီးတောင့်မရသေးဘူးဖြစ်နေတယ်တဲ့။
နောက်သုံးလေးရက်အကြာ အိမ်ရှင်ယောင်္ကျား ပြန်လာတော့ မိန်းမဖြစ်သူက"ရှင့်မလဲ ခရီးသွားတာကြာ လိုက်တာတော်"လို့ဆီးပြောပြီး ရွာထဲကအဖြစ်တွေကို ပြောပြတယ်တဲ့။ မိန်းမစကားလည်းဆုံးရော အိမ်ရှင်ယောင်္ကျားက "ကဲရှင်မ ယူစရာရှိတာ ယူ၊ ကလေးတွေခေါ် ကျုပ်တို့ ဒီရွာက အမြန်ဆုံးထွက်ကြမှ ဖြစ်မယ်"လို့ ပြောသတဲ့။
မိန်းမ က "ဘယ့်နှယ်ကျုပ်တို့ ရွှေမကျီးတောင့်မရသေးဘူးလေ"လို့ ပြောပေမယ့် ယောင်္ကျားကြောက်ရသူမို့ ယောင်္ကျားပြောတဲ့အတိုင်း အထုပ်တွေထုပ်ပြီး ကလေးတွေ လက်ဆွဲပြီးရွာအပြင် ဘက်ကို အပြေးထွက်ခဲ့ကြပါသတဲ့။
သူတို့မိသားစု လည်း ရွာအပြင်ဘက်ရောက်ရော ရွာထဲ က ဝုန်းဆိုတဲ့ ကြီးမားတဲ့အသံကြီး ကြားလို့ လှည့်ကြည့်တော့ တရွာလုံးမြေမျို ပြီး သေဆုံးကုန်ကြသတဲ့ ။
တကယ်တော့ မလုပ်သင့်မလုပ်အပ်တာ လုပ်တဲ့ အတွက် တရွာလုံးမြေမျိုဘို့ ဖြစ်နေတာပါ။ ခရီးသွားတဲ့ အိမ်ရှင်ယောင်္ကျား တစ်ယောက်လိုနေသေးတဲ့အတွက် ကံကြမ္မာက တရားသဖြင့်ရှိဘို့ စောင့်နေခဲ့တာပါ။
မလုပ်သင့်တာ မလုပ်ဘူးဆိုတဲ့ ခရီးသွား အိမ်ရှင်ယောင်္ကျား ရဲ့ အဆုံးအဖြတ်က သူတို့မိသားစု အသက်ကို ကယ်တင်လိုက်တာပါ။
သည်ပုံပြင်လေးက အများမိုးခါးရေသောက်တိုင်း မလုပ်သင့်တဲ့ အကုသိုလ် အလုပ်တွေ မလုပ် မိကြ ပါစေနဲ့ လို့သတိပေးအပ်ပါတယ်။
Credit Original Uploader
Via : Dr Shwe Tun
ပြန်လည်မျှဝေပါသည်။
01/08/2021
အသက်ငယ်တဲ့သူတွေအများစု covid ဖြစ်လာရင် ဘာမှမဖြစ်ပါဘူး
အသက်ကြီးပိုင်း ၅၀ကျော် ၆၀ကျော် အရွယ်တွေက စိုးရိမ်ရပါတယ်
အဓိက လူအများစုရဲ့ကိုယ်ခန္ဓာခုခံအားစနစ်အများစုဟာ အသက်အရွယ်ကြီးလာလေ ကျဆင်းလေဖြစ်လာလို့ပါ
ခုချိန်မှာကူးစက်မြန် covid thitd waveဆေးဆိုင်အများစု/ဆေးရုံဆေးခန်းအများစုလည်း ပြင်ပလူနာသစ်လက်မခံဘဲပိတ်ထားတာကြောင့် ငွေရှိရင်တောင်ဆေးဝါးမလုံလောက်ခြင်း/ ကုသကြည့်ရှုမဲ့ ဆရာဝန် ရှားပါးခြင်း/အောက်ဆီဂျင်မလုံလောက်ခြင်း ပြဿနာပေါင်းများစွာကြောင့် ရခဲလှတဲ့ လူ့ဘဝ မှာ အသက်တွေ မသေဆုံးသင့်ဘဲ သေဆုံးနေရတာ ပတ်ဝန်းကျင်မှာ တွေ့ရတာများနေပါပြီ
ယခု ကျွန်တော်တို့ နိုင်ငံမှာ လူသားတိုင်းကြုံတွေ့လာနိုင်တဲ့ ကူးစက်မြန်ကိုဗစ်ကြောင့် ဖြစ်လာနိုင်တဲ့ဘေးအန္တရာယ် ဆေးဝါးပြတ်လတ်မှုဘေး အောက်ဆီဂျင် ပြဿနာတွေကို ဖြေရှင်းဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ကိုယ်စီရှိကြပါတယ်
ကြုံနေတဲ့ပြဿနာတွေဖြေရှင်းနိုင်ဖို့ အဖြေထုတ်ဖို့ ပညာရှင်တွေလိုအပ်နေပါပြီ
နိုင်ငံသား တစ်ဦးခြင်းစီရဲ့အကြံဥာဏ်ဟာ ယခုပြဿနာတွေကို ဖြေရှင်းဖို့ အဖြေတစ်ခု ထုတ်ပြီးသား ဖြစ်လာပါလိမ့်မယ်
အားလုံး ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပါတယ်
ဆက်ရန်
28/07/2021
ဆရာတာတေရဲ့ စိတ်ကူးယဥ် ပရလောက စိတ်ဝင်စားစရဟ စာပေတွေကို Page မှာ တစ်ရက် ၄ ပုဒ် နှုန်းနဲ့ စာဖတ်သူတွေ Page အားပေးသူတွေဖတ်နိုင်ဖို့ယခု stay home covid ကာလတွေမှာ နေ့စဥ် တင်ဆက်ပေးသွားပါမယ်
အခြားသူများလည်း ဖတ်လို့ရအောင် Share ယူလို့ရပါတယ်
Admin တင်ထားသမျှ ဆရာတာတေရဲ့ စိတ်ကူးယဥ် ပရလောက စာပေများဟာ အခြား Page မှ ကူးယူဖော်ပြခြင်းသာဖြစ်ပါတယ်
အစဥ်တစိုက် Page ကိုအားပေးသူများကို အမြဲကျေးဇူးတင်ပါတယ်
Admin
28/07/2021
မဖဲဝါ၏ တောက်ခေါက်သံ(စ/ဆုံး)
"ဟဲ့ …ဟဲ့ ကြားပြီးပြီလား"
"ဘာကြားလာလို့လဲ"
"ရွာတောင်ပိုင်းက အေးစိန်မွေးတဲ့ကလေး
က နှုတ်ခမ်းကွဲကြီးပါလားလို့ အထူးအဆန်း
ဖြစ်နေကြတာ။ သွားနှစ်ချောင်းကလည်း
ပြူးပြီးထွက်နေလို့ ဘီလူးလေးလို့ ပြောနေ
ကြတယ်"
"ကလေးက အသက်ရော ပါလာသေးလား"
"အသေလေးမွေးပါဟယ်…မွေး,မွေးခြင်း
သွားတွေပါလာလို့ လူတွေ လန့်နေကြတာ"
"ဟဲ့ ဒီကိစ္စ ညွန့်ညွန့် မသိစေနဲ့ဦး"
"အခု ညွန့်ညွန့် ဘယ်မှာလည်း"
"အေးပု…နင့်ဒေါ်လေး ဘယ်သွားလည်း"
"စောစောက ခြံဝမှာ တွေ့လိုက်သေးတယ်။
ဘယ်ဘက်ထွက်သွားလဲ မသိဘူး"
"ဗိုက်က ငါးလကျော်လို့ ခြောက်လထဲ
ရောက်နေပြီ၊ တစ်ယောက်တည်း လျှောက်
မသွားနဲ့ ပြောထားတာ မရဘူး"
အစ်မကြီးဖြစ်သော ဒေါ်တင်လှနှင့်
အစ်မဝမ်းကွဲ စိုးစိုးမော်တို့က ကိုယ်ဝန်
သည် ညွန့်ညွန့်ကို မမြင်သဖြင့် ဒေါ်တင်လှ၏
သမီးကြီးအေးပုအား မေးလိုက်သည်။
ထိုအချိန် ညွန့်ညွန့်တစ်ယောက် ရွာထဲသို့
ထွက်လာရင်း နှုတ်ခမ်းကွဲနေသော ကလေး
သတင်းကိုကြားလိုက်ရသည်။
"မအေး ဘယ်သွားမလို့လဲ"
"ငါ့ညီမဝမ်းကွဲ အိမ်နားက ဗိုက်ကြီးသည်
ကလေးမွေးတာ နှုတ်ခမ်းကကွဲ၊ သွားတွေ
က ပြူးပြီး ထွက်နေလို့ ငါသွားကြည့်ဦးမယ်
ညည်း လိုက်မလား"
"အေး …လိုက်မယ် မွေးစကလေးမှာ
အခုလိုပါတာ …တစ်ခါမှ မမြင်ဖူးဘူး၊
လိုက်ကြည့်ဦးမယ်"
"ဟဲ့… ဟဲ့ …နေပါဦး၊ နင်သွားလို့
မဖြစ်ဘူးနဲ့ တူတယ်"
"ဘာလို့ မဖြစ်ရမှာလဲ"
"ညည်းက ဗိုက်ကြီးဗိုက်ပြဲနဲ့ ကလေးမွေး
တော့မှ မဟုတ်လား"
"အို…မွေးမွေးအေ…ငါလိုက်ကြည့်မယ်"
ညွန့်ညွန့်တစ်ယောက် မအေးနှင့်အတူ
နှုတ်ခမ်းကွဲကလေး၊အသေမွေးသောအိမ်သို့
ရောက်ခဲ့သည်။ သူတို့ရောက်သည့်အချိန်
မွေးကင်းစကလေး၏ အဖြစ်ကို မမြင်ရတော့။
အသေလေးမွေးသည့်အတွက် သွားမြှုပ်
လိုက်ပြီဟု သိရသည်။ ညွန့်ညွန့်လည်း
မအေးကို မစောင့်တော့ဘဲ တစ်ယောက်
တည်း ပြန်ခဲ့သည်။ မကြာခင် အိမ်သို့
ရောက်ခဲ့သည်။
ညွန့်ညွန့်အိမ်သို့ ပြန်ရောက်တော့
အစ်မကြီးက ရပ်ကွက်ထဲ လျှောက်သွား
နေသည့်အတွက် ဆူညံပူညံ လုပ်နေသည်။
ညွန့်ညွန့်လည်း ဘာမှ ပြန်ပြောမနေဘဲ
အိမ်ပေါ်သို့ တက်ခဲ့သည်။ ပထမဆုံးသားသမီး
ဦးဖြစ်သဖြင့် ကိုယ်ဝန်တစ်ခုခု ဖြစ်သွားမှာ
မိသားစုအားလုံး စိုးရိမ်နေကြသည်။
ညွန့်ညွန့်စိတ်ထဲ အားလုံး အကဲပိုသည်ဟု
ထင်သဖြင့် အိမ်သားများလစ်သည်နှင့်
သွားချင်ရာ လျှောက်သွားတော့သည်။
ယခု အသွားကောင်းသဖြင့် မျက်လုံးထဲမှာ
နှုတ်ခမ်းကွဲနေသော ကလေးများသဏ္ဌာန်
ကို အချိန်ပြည့် မြင်ယောင်နေတော့သည်။
တကယ်လို သူ့ကလေးသာ နှုတ်ခမ်းကွဲ
နေမည်ဆိုပါက မတွေးဝံ့စရာပင်။ စိုးရိမ်မှု
အတွေးက စိတ်ထဲမှာ ဖျောက်မရတော့။
အိပ်ရာဝင်၍ အိပ်မောကျသည့်အခါများမှာ
ပင် အိပ်မက်ထဲသို့ နှုတ်ခမ်းကွဲသည့်
ကလေးပုံရိပ်များ ဝင်ရောက်နေရာ
ယူလာသည်။
စားလည်း ထိုအတွေး၊ သွားလည်းထိုအတွေး၊
မည်သူ့အားမှ မပြော၊ ဝမ်းဗိုက်ထဲက မွေးလာ
မယ့်ကလေး ကိုယ်အင်္ဂါချို့တဲ့လာမှာကို အစိုး
ရိမ်ကြီး စိုးရိမ်နေခဲ့သည်။ သို့ဖြင့် တစ်ရက်ပြီး
တစ်ရက် ကုန်ဆုံးခဲ့သည်။ မွေးရက် ဖွားရက်
စေ့သဖြင့် မိန်းကလေးတစ်ယောက် မွေးခဲ့
ပါသည်။ ညွန့်ညွန့်၏ ဆန္ဒ မပြည့်ဝခဲ့ပါ။
ညွန့်ညွန့်ကို မွေးပေးသော လက်သည်နှင့်
အမေ၊ အစ်မကြီးတို့လည်း ကလေးကို
မြင်ပြီး မျက်လုံးပြူးသွားကြသည်။
"အို…ကလေးလေးက နှုတ်ခမ်းကွဲလေးပါလား"
သို့ကြောင့် မိခင်ဖြစ်သူအား မပြဘဲ
တစ်နေရာမှာ ဖွက်ထားသည်။ နှုတ်ခမ်းကွဲက
အတော်ဆိုးသည်၊ နှာခေါင်းအောက်မှနေပြီး
အာခေါင်အထိ ကွဲနေသည်။ မွေးပြီ တစ်ရက်
အထိ မိခင်ကို ပေးမပြ။
ညွန့်ညွန့်လည်း မွေးပြီးကတည်းက ကလေးငိုသံ
မကြားရသဖြင့် မိခင်ဖြစ်သူအား…
"ကလေးက ငိုသံလည်း မကြားရဘူး၊
ကျမကလေးအသက်မှ ပါရဲ့လား"
"အို…ကလေးက အသက်ရှင်ရက်ပါ
အားနည်းနည်း နည်းနေလို့ ခဏခွဲထားတာ"
ရုတ်တရက်ဆိုတော့ ပါးစပ်ထဲရှိတာ
ပြောလိုက်သည်။ ယုံ မယုံတော့ မသိ။
မိခင်ဖြစ်သူလည်း မည်သည့်အချိန်ထိ
ညာပြောနေရမည်ကို မစဉ်းစားဝံ့တော့။
"အမေ မှန်မှန်ပြောပါ၊ ကလေး အင်္ဂါချို့ယွင်း
တာများ ပါသေးလား"
"ညည်းအေ ပေါက်ပေါက်ရှာရှာ လျှောက်တွေး
နေတယ်"
"တော်ပါသေးရဲ့၊ ကျမမွေးတဲ့ကလေး
နှုတ်ခမ်းကွဲလေး ဖြစ်မှာ စိုးရိမ်နေတာ"
"ညည်း…ဟိုတလောကမွေးတဲ့ နှုတ်ခမ်းကွဲကလေး
ကို သွားကြည့်ခဲ့သေးလား"
"အင်း …သွားကြည့်မိလို့ သူ့လို မွေးမလာပါစေနဲ့
လို့ အချိန်နဲ့အမျှ ဆုတောင်းနေရတာ"
"ကဲ…အေ …တကယ်လို ညည်းမွေးလာတဲ့ကလေး
ကိုယ်လက်အင်္ဂါ ချို့တဲ့လာရင် စိတ်ထဲ ဘယ်လိုရှိမလဲ"
"ဒါတော့အမေရယ် မွေးပြီးမှတော့ ချစ်ရတော့
မွေပါ့"
ညွန့်ညွန့်က ကိုယ်အင်္ဂါချို့ယွင်းလာမည်ဆိုလျှင်
ပင် ချစ်ပါမည် ဟုဆိုသဖြင့် …
နောက်နေ့မှ မဝံ့မရဲနှင့် ကလေးကို ယူလာပြသည်။
"စိတ်မကောင်း မဖြစ်နဲ့ သမီး၊ သမီးရဲ့ကလေးက
သမီးစိတ်အစွဲအလမ်းကြောင့် နှုတ်ခမ်းက ကွဲရက်
ပါလာတယ်"
"ကိုယ်ဝန်သည်ဆိုတာ အနိဋ္ဌာရုံတွေကို
မကြည့်ရဘူး၊ သမီးသွားကြည့်ခဲ့လို့ တချိန်လုံး
စိတ်စွဲပြီး အခုလို အဖြစ်မျိုး မွေးလာရတာ"
မိခင်ဖြစ်သူက သမီးစိတ်အလွန်အကျံ မထိခိုက်စေရန်
သတိပေးစကား ပြောပြနေသည်။ ညွန့်ညွန့်ကလည်း
မဆင်မခြင် စပ်စုမှုကြောင့် ယခုလို အဖြစ်ဆိုးမျိုးမွေး
လာရတာဟုဆိုကာ ဖြေသိမ့်နေလိုက်သည်။ ကလေး
ကို နို့တိုက်လို့မရ၊ နို့သီးခေါင်းကို ငုံလို့မရ၊ အော်ငို
တော့သည်။ ကလေးငိုသံက စူးစူးရှရှ မရှိ၊ ရှတတ
အသံသြသြသာ ထွက်နေသည်။
သို့ဖြင့် နို့တိုက်၍မရတော့ဘဲ ဇွန်းဖြင့်သာ ခပ်၍
နည်းနည်းချင်း လောင်းချပေးမှသာ နို့က ပါးစပ်
အတွင်း ဝင်တော့သည်။ ထို့နောက်တော့ နှုတ်ခမ်း
ကွဲနှင့် မွေးလာသော ကလေးမလေးကို တနင်္ဂနွေ
သမီးဖြစ်၍ အေးအေးညွန့်ဟု အမည်ပေးထားသည်။
အေးအေးညွန့်သည် အသက်ကလေး တဖြည်း
ဖြည်း ကြီးလာခဲ့သည်။
ကိုယ်အင်္ဂါချို့ယွင်းနေပေမယ့် စိတ်ဓါတ်ကတော့
ကျခြင်းမရှိ၊ ကလေးများ ကစားရာ၊ ငြင်းကြ၊ ခုန်ကြ
အော်ကြဟစ်ကြ ထွက်လာသမျှ အသံအားလုံးထက်
မပီမသ နှာခေါင်းသံကြီးကသာ ဖုံးလွှမ်းနေလေ့ရှိသည်။
နှုတ်ခမ်းကွဲက အာခေါင်အထိ ရောက်နေသဖြင့်
သူပြောသမျှ စကားတိုင်း အချို့ကလေး လူကြီး
မသိကြ။သူနှင့် အနီးကပ်ပေါင်းသူ သူငယ်ချင်းများ၊
မိဘ၊ အဖိုး၊ အဖွားများသာ သူ၏အပြောအဆိုကို
သဘောပေါက် အဓိပ္ပါယ်ဖော်နိုင်ကြသည်။
ကျောင်းထားချိန်ရောက်တော့ နှုတ်ခမ်းကွဲကြောင့်
မိဘများကလည်း ကျောင်းမပို့သလို သူကိုယ်တိုင်
ကလည်း ကျောင်းမသွားချင်။ သူ့အသက် ဆယ့်နှစ်
အရောက်မှာတော့ နှုတ်ခမ်းကွဲကို ကုသပေးမည့်
ဆရာတစ်ယောက်နှင့်ကြုံလိုက်သည်။ ဆရာက
ဆေးပညာဘွဲ့ရ ဆရာမဟုတ်။
အကွဲအရှများကို ခွဲစိတ်ကုသနိုင်သော ကျွမ်းကျင်
ဆရာ တစ်ယောက် ဖြစ်သည်။ နှုတ်ခမ်းနှစ်ဘက်ကို
လှီးဖြတ်ပြီး ပြန်၍ တွဲချုပ်ပေးလိုက်သည်။ နှုတ်ခမ်းကွဲ
ကိုသာ ချုပ်ပြီး အာခေါင်ကွဲနေသည့်နေရာကို မချုပ်နိုင်။
တစ်လ အတွင်းမှာပင် နှုတ်ခမ်းအကွဲက ပြန်ဆက်
သွားသည်။ အမာရွတ်ကတော့ ပေါ်နေသည်။
အာခေါင်အကွဲကတော့ ကွဲရက်ပင်ရှိသဖြင့်
စကားပြောလိုက်တိုင်း နှာခေါင်းသံက ဆိုးဆိုးဝါးဝါး
ပေါ်နေသေးသည်။ အသက် ဆယ်ခုနှစ်အရွယ်သို့
ရောက်ခဲ့ပြီ။ နှုတ်ခမ်းကွဲသာ မရှိပါက ရုပ်ရည်က
ကြည့်ပျော်ရှုပျော် ရှိသည်။ ခန္ဓာကိုယ် အချိုး
အပေါက်ကလည်း အသင့်အတင့် ကြည့်ပျော်
ရှုပျော် ရှိသည်။ ရပ်ထဲရွာထဲ ရည်းစားပေါသော
မိန်းကလေးများတွင် တစ်ယောက်အပါအဝင်
ဖြစ်နေသည်ကတော့ စိတ်ဝင်စားဖွယ် ကောင်း
လှသည်။ မိဘများက ရည်းစားတစ်ယောက်ပြီး
တစ်ယောက် ထားနေသည့်အတွက် ဆုံးမသည်
ပြောမရလျှင် ဗိုက်ခေါက်ဆွဲလိမ်သည်။
"ညည်းကိုညည်း ပြန်ကြည့်စမ်း၊ စကားပြော
လေလုံးမကွဲဘူး၊ နှုတ်ခမ်းကလည်း ကြည့်ရဆိုးသေး၊
ညည်းကို ဘယ်သူက သားမှတ်မှတ် မယားမှတ်မှတ်
ယူမှာလဲ"
"အို အမေကလည်း အမေတို့ မျက်စိမှာ အရုပ်
ဆိုးပေမယ့်၊ ကျမကို ချောတယ်ထင်ပြီး သဘော
ကျနေတဲ့ ကောင်လေးတွေ အများကြီးပါ"
"သောက်ရူးမ ဘယ်သူက မြှောက်ပေးနေလို့
မြောက်နေလည်း မသိဘူး၊ နင်တစ်နေ့ ဒုက္ခ
ရောက်လိမ့်မယ်"
မိဘဆွေမျိုးသားချင်းများလည်း ဆူဆဲပြောဆို၍
မနိုင်သဖြင့် လွှတ်ထားလိုက်တော့သည်။
ထိုသို့ လွှတ်ထားသော်လည်း အေးအေးညွန့်ရည်စား
တစ်ယောက်ပြီးတစ်ယောက် ထားသည်။ မျက်နှာ
များသည်။ အများစိုးရိမ်သလို ပန်းကောင်း အညွန့်ကျိုး
ဖြစ်သည့်သတင်းမထွက်ခဲ့ပါ။ ဖြစ်လည်း မဖြစ်ခဲ့။
တစ်ရက်မှာ မိခင်ဖြစ်သူက သတင်းတစ်ခုကြား၍
သမီးဖြစ်သူအား ခေါ်မေးသည်။
"ဟဲ့ …အေးညွန့် …နင် ရွာတောင်ဘက်ပိုင်းက
စိုးဝင်းဆိုတဲ့ ကောင်လေးနဲ့ ကြိုက်နေတယ်ဆို"
"ဟုတ်တယ်လေ"
"အဲဒီကောင်က ရုပ်က လူချော၊ နင့်ကို
အတည်တကျ ယူမယ်ထင်လို့လား"
"အို …သူက သမီးကို ချစ်ပါတယ်၊ ကြိုက်ပါတယ်လို့
ပြောလာတာပဲ"
"ဟဲ့ နလဗိန်းတုံးကောင်မ …ဟိုက နင့်ကို
မကြာခင်ထားခဲ့မှာ၊ သူများမြှောက်ပေးတိုင်း
မြောက်နေတယ်၊ အဲဒီကောင်လေးက ရုပ်သာ
ဖြောင့်တာ လက်ကြောတင်းအောင် လုပ်တဲ့
ကောင် မဟုတ်ဘူးမိဘတွေက လယ်သမားတွေ၊
သူက လှေတစ်စီးနဲ့ချောင်းကြိုချောင်းကြား
ပိုက်တစ်လက်နဲ့ ငါးရှာနေတာ"
"အို သူဝါသနာပါတာ သူလုပ်နေတဲ့ပဲ လက်ကြော
မတင်းဘူး ဖြစ်ရော့လား"
"နင်ကတော့ စိုးဝင်းရဲ့ မှိုင်းမိနေပြီ"
"သူမဖြတ်ခင်…နင်က စဖြတ် ညည်းကို
ယူမယ်လို့ ငါ မထင်ဘူး"
"အမေတို့ ၊ အဖွားတို့က ကိုယ်စိတ်နဲ့
နှိုင်းပြီးလျှောက်ပြောနေတာပဲ၊ သူက
သမီးကိုပဲ ယူမယ်တဲ့"
"မဖြစ်ဘူး၊ နင့်ကို နင့်ကြီးမေမရှိတဲ့
သုံးဆယ်မြို့ကို ပို့ထားမှကို မသွားဘူး"
"မသွားဘူး၊ ကိုစိုးဝင်းနဲ့ ဝေးမယ့် ဘယ်နေရာ
ဘယ့်မြို့ကိုမှ မသွားဘူး"
ထိုစကားဆုံးတော့ ဒေါ်ညွန့်ညွန့်၏လက်က
အေးအေးညွန့်၏ ခေါင်းပေါ် ဒေါင်ခနဲ ကျသွား
လေတော့သည်။
"အေး…နာလိုက်တာ တကယ်ပဲ၊ အမေက
အကြင်နာ မရှိဘူး ၊ ခေါင်းကို ခေါက်လိုက်တာများ၊
မီးကိုပွင့်ရော"
"အေး…ငါခေါက်တာက နာလိုက်တာ၊
နင် သောက်ရူးထပြီး ဒူးနဲ့မျက်ရည် မသုတ်
ရအောင် တားနေတာ"
ထိုကဲ့သို့ အကြောင်းမျိုးစုံပြ၊ မဖြစ်နိုင်ကြောင်း
ပြောပြီးတားပေမယ့် အေးအေးညွန့် ဆယ့်ကိုးနှစ်
အရွယ်သို့အရောက်၊ လူကြီးများက မဖြစ်နိုင်ဟု
ထင်၍ တားနေရာမှ စိုးဝင်းနှင့် လိုက်ပြေးသွား
တော့သည်။ လူကြီးများ ရပ်မနေသည့်ကြားက
မထင်မှတ်ဘဲ လိုက်ပြေးသွားသည့်အတွက်
လက်လျော့လိုက်ရတော့သည်။
လင်နောက်သို့ ခိုးရာပြေးသွားပြီး တစ်ပတ်
အတွင်းမှာပင် ဦးထင်ကျော်၊ ဒေါ်ညွန့်ညွန့်ထံသို့
ကိုစိုးဝင်းနှင့် မအေးအေးညွန့်တို့ လင်မယားကို
လာပြန်အပ်ကြတော့သည်။ ဘုန်းကြီးငါးပါး
ဆွမ်းကပ်ပြီးနောက် ဖိတ်ကြားထားသူများကို
ဧည့်ခံကျွေးမွေးကာ နှစ်ဖက်လူကြီးများ၏
အသိအမှတ်ပြု မင်္ဂလာပွဲလေး ဖြစ်သွားသည်။
ဦးထင်ကျော်တို့က မအေးအေးညွန့်တို့ကို
ပြန်လက်ခံပြီး အိမ်မှာပင် ထားခဲ့သည်။
တစ်နှစ်ခန့်ကြာတော့ ခြံအတွင်းမှာပင်
ခြေရင်းဘက်၌ အိမ်လေးတစ်လုံး ဆောက်
လုပ်ပေးပြီး နေစေသည်။
စိုးဝင်းက ဦးထင်ကျော်တို့ လယ်ယာလည်း ဝင်မလုပ်၊
သူ့မိဘများ၏ လယ်မှာလည်း ဝင်မလုပ်။လှေတစ်စီးနှင့်
ကွန်တစ်လက်ယူပြီး မိုးလင်းမိုးချုပ် ငါးဖမ်းထွက်လေ့
ရှိသည်။ ရွာ၏ ဘေးမှာ ချောင်းကကပ်၍ စီးဆင်း
နေသည်။ သို့ကြောင့် ငါးရံ့၊ ငါးဘတ်၊ ငါးခူ၊ ငါးကြင်း၊
ငါးခုံးမ စသော ငါးမျိုးစုံ ဖမ်းယူရရှိသည်။
ရွာသားအတော်တော်များများက လယ်ယာအလုပ်
ကိုသာ ဇောက်ချလုပ်ကြသည်။ ငါးရှာသူနည်းသည်။
သို့ကြောင့် ငါးဖမ်းဝါသနာပါသော စိုးဝင်းအတွက်
ရှာ၍ မကုန်နိုင်သော ငါးရှာကွင်းကြီး ဖြစ်နေပါသည်။
စိုးဝင်းတစ်ယောက် ငါးရှာထွက်ပေမယ့် အေးအေးညွန့်
ကတော့ အိမ်မှာပင် ရေနွေးသောက် စကားပြောမပျက်၊
ဘာမှ မလုပ်စေရဘဲ ထားသည်။
"ကိုစိုးဝင်း တော် ငါးရှာမထွက်ခင် ရေခပ်ပေးသွားဦး
ပြီးတော့၊ အိမ်မှာ ဆီရယ်၊ ကြက်သွန်ဖြူရယ်
ကုန်နေပြီ ဝယ်ပေးသွားဦး"
"အေး …လိုတာစဉ်းစားဦး၊ ငါတစ်ခါတည်း
ဝယ်ပေးထားခဲ့မယ်"
"သြော် ငရုတ်သီးလည်း မရှိတော့ဘူး ဝယ်ခဲ့ဦး"
ဟင်းစားကတော့ ညက ကွန်ပစ်ပြီး ပြန်လာကတည်းက
မရောင်းဘဲ မနက်ဟင်းလျာအတွက် ဖယ်ထားသော
ငါးများ ရှိနေသည်။ ငါးစားရသည်ကို ငြီးငွေ့လာလျှင်
လမ်းမှာ ဝက်သား၊ အမဲသားသယ်နှင့် ကြုံလျှင်
ဝယ်လာတတ်သည်။
အေးအေးညွန့်ကို ဘယ်သောအခါမှ စျေးထွက်
မဝယ်ခိုင်း။ ကလေးများကို ခိုင်းနိုင်သည့်အရွယ်
ရောက်ပေမယ့် သူကိုယ်တိုင်ပင် ဝယ်ခြမ်းပေးသည်။
သို့မှပင် သူစိတ်တိုင်းကျသည်။ အိမ်နီးချင်းများရော၊
မိဘများကပါ၊ အထင်နဲ့အမြင် တလွဲဖြစ်နေ၍
အံ့သြနေကြသည်။ ငါတို့သမီး လင်ရကံ ကောင်းသား
ပဲဟု ကြိတ်ကြိတ်ပြီးဝမ်းသာနေကြသည်။
မကြာခင်ပစ်သွားမှာပဲဟု ထင်ထားကြပေမယ့်
ကလေးနှစ်ယောက်ပင် ရနေပြီ၊ လုပ်ကိုင်ကျွေးမွေး
မပျက်၊ ဇနီးဖြစ်သူအား ပင်ပင်ပန်းပန်း ဘာမှ
မလုပ်စေရ။ ဇနီးဖြစ်သူကို ရေတစ်ပုံးပင် မခပ်ခိုင်းဘဲ
အိမ်အလုပ်လည်း သူပဲ လုပ်ပြီး စားဝတ်နေရေး
အတွက် ငါးရှာကျွေးနေသည်။
မနက်တစ်ခါ ကွန်ပစ်သွားသည်။ သူဖမ်းလာသော
ငါးများကို ရွာထဲမှာ မလုံးတင်၊ ဒေါ်ဝိုင်းစိန်တို့က
ဖောက်သည်စောင့်ပြီး ယူကြသည်။ ညနေပိုင်း
ပြန်လာတော့ ညဘက်လာစောင့်ပြီး ယူကြသည်။
သို့ကြောင့် ရှာလာသမျှ ငါးများကို ဝယ်ယူက
အဆင်သင့် စောင့်နေကြသည်။
ငါးရှာမထွက်ခင် မနက်တစ်ခါ၊ နေ့တစ်ခါ
အေးအေးညွန့် ဝယ်ခိုင်းသမျှ အိမ်အတွက်
လိုသမျှ ဝယ်ပေးပြီး ပိုသောငွေများကိုလည်း
အေးအေးညွန့်ကိုပင် ပေးထားသည်။ အေးအေး
ညွန့်ကလည်း ထုံးစံမဖျက်၊ သူ့လက်ထဲမှာ
ပိုက်ဆံရှိပေမယ့် ဘယ်တော့မှ စျေးထွက်မဝယ်။
သို့ကြောင့် အေးအေးညွန့်တို့ လင်ရကံကောင်းပုံများ
တစ်ရွာလုံးမှာ တစ်ယောက်မရှိဘူးဟု ကွယ်ရာမှာရော
ရှေ့မှာပင် ချီးကျူးကြသည်။
အိမ်ထောင်သက် ဆယ်ငါးနှစ်ပင် ရောက်ခဲ့ပြီ။ အေးအေးညွန့်ကလေးလေးယောက်ရခဲ့သည်။
အငယ်ဆုံးမိန်းကလေးက အဖတ်မတင်ခဲ့။
ကလေးသုံးယောက်မှာ အကြီးဆုံးက ယောင်္ကျားလေး
အငယ်နှစ်ယောက်က မိန်းခလေး ၊ အားလုံး
ကျောင်းသားများဖြစ်နေပြီ။ ကလေးအားလုံး
ဖခင်ဘက်လိုက်၍ ချောချောလေးများပင်။
ငါးရှာ၍ရသော ပိုက်ဆံကို ချွေတာသုံးရင်း
ဇနီးအေးအေးညွန့်အား ဆွဲကြိုး၊ လက်ကောက်
နားကပ်များဝယ်ပြီး ဆင်နိုင်ခဲ့သည်။ သမီးနှစ်
ယောက်ကိုလည်း ရွှေဆင်နိုင်ခဲ့သည်။ အကုသိုလ်
အကျိုးပေးသန်လှသည်ဟု ယူဆနေကြသည်။
မအေးအေးညွန့်မှသည် အသက်လေးဆယ်
ဒေါ်အေးအေးညွန့်ဖြစ်လာသည်။
အာခေါင်ကွဲသော ဝဋ်ကြွေးကြောင့် စကားက
မပီမသ နှာခေါင်းသံက ယခုအရွယ်ထိ ပျောက်မသွား။
သားသမီးအားလုံး ကိုယ်အင်္ဂါချို့ယွင်းသူတစ်ယောက်
မှ ပါမလာချေ။ ဦးစိုးဝင်းတစ်ယောက် ကွန်ပစ်ထွက်
ရမှာ ပျင်းသောနေ့ဆိုလျှင် အိမ်မှာ မနေတတ်။
ငါးမျှားတံတစ်ချောင်းဆွဲပြီး ငါးမျှားထွက်တတ်သည်။
တစ်လကို အနည်းဆုံး လေးငါးရက်တော့ ငါးမျှား
ထွက်ဖြစ်သည်။ ယနေ့ လှေဝမ်းရေယိုနေသဖြင့်
ကုန်းပေါ်ဆွဲတင်လိုက်ပြီး ပုန်းညက်ကို ရေနံဆီနှင့်
နယ်၍ ၊ ပုန်းညက်အဟောင်းများကို ခြစ်ထုတ်
ပြန်ဖာထေးလိုက်သည်။
ပုန်းညက်ခြောက်ရန် လှေကို နှစ်ရက်ခန့်
ကုန်းပေါ်မှာ ထားရဦးမည်ဖြစ်သည်။ သို့ကြောင့်
နံနက်စာ စားပြီးကတည်းက ငါးစာထည့်သောဗူး၊
ပလိုင်းလွယ်၍ ငါးမျှားမည့်နေရာသို့ ထွက်ခဲ့သည်။
ဦးစိုးဝင်း ငါးမျှားသောနေရာက အရိပ်ကောင်း
ကောင်းရသော ရွာပြင်သင်္ချိုင်းအစပ်မှာ ဖြစ်သည်။
သင်္ချိုင်းက ရေတိုက်စား၍ ၊ ဂူတစ်ချို့ ရေထဲပါ
ကုန်ပြီ ကုန်းစပ်ချောင်းကမ်းပါးအနီးမှာ ဂူတချို့
ရှိနေသည်။ ဂူနှုတ်ခမ်းနှင့် ချောင်းစပ်က တစ်တောင်၊
နှစ်တောင်ခန့်သာ ကွာဝေးတော့သည်။
သို့ကြောင့် ထိုဂူများအပေါ်ကထိုင်ပြီး ငါးကို
စိတ်တိုင်းကျ မျှားသည်။
တစ်ခါတစ်ရံ အဖော်မရှိ၊ တစ်ခါတစ်ရံတော့
ရွာမှ သူနှင့်အတူအဖော်ပါလာတတ်သည်။
သူကဲ့သို့ပင် ငါးမျှားသူတစ်ယောက်စ၊ နှစ်
ယောက်စ သင်္ချိုင်းအနီး အရိပ်အောက်ထိုင်၍
ငါးလာမျှားကြသည် ။ ထိုနေ့က ဦးစိုးဝင်းနှင့်
အတူ ကျော်မြင့်ဆိုသော အသက်ဆယ်ရှစ်
နှစ်ခန့်ရှိ ကောင်လေးတစ်ယောက် ငါးအတူ
မျှားရန် ပါလာသည်။
ကိုယ်ကြိုက်သည့်နေရာ ကိုယ်ရွေးပြီး
ငါးထိုင်မျှားကြသည်။ ဦးစိုးဝင်းက ချောင်းစပ်နှင့်
သုံးပေခန့်အကွာရှိသော ဂူဟောင်းတစ်လုံးပေါ်
ထိုင်၍ ငါးမျှားတော့သည်။ ကျော်မြင့်က ချောင်း
စပ်မှာပင် ထိုင်ကာ ငါးမျှားနေသည်။ တစ်ယောက်
နှင့်တစ်ယောက် ပေငါးဆယ်ခန့်ခွာပြီးထိုင်ကြသည်။
ဆယ့်တစ်နာရီခန့်က စပြီး ထိုင်မျှားကြရာ နေ့တစ်
နာရီခန့်ကြာတော့ ဦးစိုးဝင်း ငါးဆယ်ကောင်
ဖမ်းမိသည်။
"ဦးစိုးဝင်း ငါးဘယ်လောက်ရပြီလဲ"
"အကြီးအသေး ဆယ်ကောင် ရနေပြီ"
"မင်းရော အခြေအနေကောင်းလား"
"ကျနော်လည်း ဦးစိုးလောက်ပဲ၊ ကျနော်တို့
ညနေ သုံးနာရီ မထိုးခင်ပြန်ကြမယ်ဖြစ်လား"
"ဖြစ်တာပေါ့ "
"စောစောက ငါးဘတ်တစ်ကောင် ရေထဲ
ပြန်ကျသွားတယ်၊ အတော်နာသွားတယ်"
"အကောင်ကြီးမယ်ထင်ရင် …အားစိုက်ပြီး
ဆွဲသုတ်လိုက်၊ ဒါမှ ငါးမျှားချိတ်မှာ စွဲစွဲ
မြဲမြဲ ငြိ်နေမှာ"
ထိုမျှပြောပြီး ငါး ဆက်မျှားနေကြသည်။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ ဦးစိုးဝင်း၏
ငါးမျှားတံမှာ ငါးလာတွတ်နေသည်ကို
သိလိုက်သည်။ လက်မှာကိုင်ထားသော
ငါးမျှားတံ၏ တုန့်ပြန်ချက်က ငါးအကြီးကြီး
လာတွတ်နေကြောင်း သိလိုက်သည်။
ငါးစာကို မျိုမချသေးကြောင်း သိနေသည့်
အတွက် ငါးမျှားတံကို မဆွဲသုတ်သေးဘဲ၊
အခြေအနေကို စောင့်နေရသည်။
စိတ်မရှည်တော့သည့် ငါးက ငါးစာအကုန်
ပါးစပ်ထဲ မျိုချလိုက်လျှင် မိမိအလှည့်မှာ
လက်မနှေးရန် သတိထားနေသည်။ မျှော်
လင့်ထားသည့်အတိုင်း မကြာခင်မှာပဲ
စိတ်မရှည်တော့သည့် ငါးက အစာကို
အားပါးတရ ဝါးမျိုစားသောက်လိုက်သည်။
အစာဝင်သွားသော်လည်း ကြိုးတန်းလန်း
ရှိနေခြင်းကြောင့် အဝေးသို့ ရုန်းကန်
ထွက်ပြေးလေတော့သည်။
"ကဲ…လာလေရော"
ငါးမျှားတံကို အားကုန်ဆွဲသုတ်လိုက်သည့်
အချိန်၊ နောက်သို့ အရှိန်လွန်၍
ဂူနှစ်လုံးကြား ပက်လက်ပစ်ကျသွားသည်။
"အား…ကျွတ်…ကျွတ်"
"ဟာ …ဦးစိုး ဂူပေါ်က အရှိန်ပြီး ပစ်ကျ
သွားတာပဲ၊ ဘယ်လိုလဲ ထလို့ရလား …မရရင်
အဲဒီအတိုင်းနေ ကျတော်လာပြီ"
"ဟား ဟား ဟား ထနိုင်ပါတယ် ကောင်လေးရ
ဒီလောက်တော့ အပျော့ပါပဲ"
လဲကျနေရာက ထလာပြီး ငါးမျှားတံမှာ
မိနေသော ငါးရံ့တစ်ကောင်ကို ဖြုတ်၍
ပလိုင်းထဲ ထည့်လိုက်သည်။
"ကောင်လေး…ငါပြန်တော့မယ်၊ မင်း
မပြန်သေးဘူးလား"
"ဦးစိုးပြန်ရင် ကျတော်လည်း ပြန်တော့မယ်"
ကိုစိုးဝင်းက ငါးမျှားတံကို တစ်ဖက်က ကိုင်ပြီး
ကျန်တစ်ဖက်က ပလိုင်းကို ကောက်ကိုင်လိုက်သည်။
"အား…ကျွတ် …ကျွတ်…"
"ဟင် …ဦးစိုး ဘာဖြစ်လို့လဲ"
"ဂူပေါ်က ကျတာ၊ ခါးနည်းနည်း မျက်သွားတယ်
ထင်တယ်"
"ဒါဆို ပလိုင်းနဲ့ ငါးမျှားတံပေး၊ ကျနော်ဝိုင်းသယ်ပေးမယ်၊
အိမ်ကိုဖြည်းဖြည်းချင်းလျှောက်ပြီး ပြန်ကြတာပေါ့"
"ဦးစိုးဝင်းရဲ့ဇက်တို့ လည်ဂုတ်တို့ကို
ထိခိုက်သွားသေးလား"
"မဖြစ်ပါဘူး ဘာတွေ့လို့လဲ"
"ဦးစိုးလမ်းလျှောက်တာ ဂုတ်က ပုဝင်နေတယ်
ဂုတ်ပုဝင်နေတဲ့ ပုံစံကြီး"
"မသိပါဘူးကွာ ခါးနည်းနည်း မျက်သွားလို့
ဖြစ်သွားတာလားမှ မသိတာ"
"ဒါဆိုလည်း ကျတော်တွဲသွားမယ်"
ကျော်မြင့်၏ ကူညီဆောင်မမှုနှင့် ဦးစိုးဝင်း
အိမ်ပြန်ရောက်လာသည်။ ကျော်မြင့်လည်း
ဒေါ်အေးအေးညွန့်အား အကျိုးအကြောင်း
ရှင်းပြပြီး ဦးစိုးဝင်းအား ထားခဲ့ကာ အိမ်ပြန်
သွားတော့သည်။
"မသေကောင်း၊ မပျောက်ကောင်း၊ တော်
ခါးနားသွားရင်လည်း ပရုပ်ဆီလိမ်းပေးမယ်၊
အဝတ်အစား အရင်လဲလိုက်ဦး"
ထို့နောက်တော့ ဦးစိုးဝင်း အိပ်ရာပေါ်
လဲတော့သည်။ ညနေ ငါးနာရီခန့်ရောက်တော့ …
"အေးအေးညွန့် ဘာချက်လဲ"
"ငါးခူကြော်နှပ် ချက်ထားတယ် "
"ငါ ထမင်းစားချင်တယ်"
"မြင့်မြင့် ဘယ်ရောက်သွားလဲ"
"ရှင်…အမေ၊ သမီးအိမ်အောက်မှာရှိတယ်"
"လာ အိမ်ပေါ်တက်ခဲ့၊ နင့်အဖေကို
ထမင်းခူးပေး၊ ထမင်းစားတော့မယ်တဲ့"
ငါးကြော်နှပ် သုံးကောင်နဲ့ ထမင်းနှစ်ပန်းကန်
ထစားပြီး အိပ်ရာပေါ် ပြန်လှဲနေလိုက်သည်။
"စားမကောင်းဘူးလား"
"အေး ခံတွင်း သိပ်မတွေ့ဘူး"
"ဘာစားချင်လဲပြော၊ မနက်ချက်ကျွေးမယ်"
"ဆိတ်ကလီစာ စားချင်တယ်"
"ရှင် …ဘာ…ပြောတယ်"
"ဆိတ်ကလီစာ စားချင်တယ် ချက်ကျွေး"
"အင်း …ရှင်စားချင်တယ်ဆိုလည်း ကျွေးရတာပေါ့
ဒီနေ့တော့ ရှင်ခါးနာ သက်သာအောင်
အိပ်နေဦး"
ထို့နောက် ဒေါ်အေးအေးညွန့် အိမ်အောက်သို့
ဆင်းခဲ့သည်။ခြေရင်းဘက်ခြံမှ ဒေါ်ခင်စိန်အိမ်သို့
ထွက်ခဲ့သည်။
"အစ်မ …လာ…လာ အိမ်ပေါ်တက်၊ အစ်ကိုစိုးဝင်း
ခါးနာသက်သာသွားပြီလား"
"ထူးခြားပုံ မရသေးပါဘူး၊ မေးစရာရှိလို့ ညီမအိမ်ဘက်
ကူးလာခဲ့တာ"
"ကိစ္စရှိလို့လား အစ်မ"
"မေးစရာ ရှိလို့ပါအေ"
"ကိုစိုးဝင်းက ဆိတ်ကလီစာ စားချင်လို့တဲ့
ဆိတ်ကလီစာဆိုတာ ဘာကို ခေါ်တာလဲ"
"အင်း အစ်မတို့ကတော့ စံပဲ၊ ဦးစိုးဝင်းကြီး
ဝယ်ပေးရှာပေးသမျှ ခြေမွေးမီးမလောင်၊
လက်မွေးမီးမလောင် နေလာခဲ့တာ၊ ဆိတ်ကလီ
စာတောင် မသိတဲ့အဖြစ်ပါလား"
"ညည်းပြောလည်း ခံရမှာပေါ့ပဲအေ ငါက
အိမ်ထောင်ကျကတည်းက စျေးလည်း မရောက်ဘူး၊
လိုသမျှ ကိုစိုးဝင်း ဝယ်ပေးနေတာ။ ဟင်းဆို၊ငါးနဲ့
ငါးခြောက်နဲ့ပဲ လုံးလည်လိုက်နေတာ၊ အမဲသား၊
ကြက်သား၊ ဝက်သား၊ ဆိတ်သားကတော့ တစ်ခါ
တစ်ခါ အသည်နဲ့ကြုံလို့ ဝယ်လာခဲ့ရင် ချက်ပြုတ်
စားသောက်ကြတာပဲ၊ အဲ…ဆိတ်ကလီစာကျတော့ …"
"ဆိတ်ကလီစာဆိုတာ ဆိတ်ရဲ့အူ၊ အသည်း၊
နှလုံးတွေပေါ့၊ ဟိုလေ…ဆိတ်ဝမ်းတွင်းသားလို့
ပြောရင်လည်း ဖြစ်ပါတယ်"
"သိပါဘူးအေ၊ ကိုစိုးဝင်းက စားချင်တယ်ဆိုလို့
ပေါက်ပေါက်ရှာရှာ ပြောတယ်ထင်တယ်၊ငါ့နှယ့်
တုံးပါဘိ"
"အို၊ ဘယ်ဟုတ်မလဲ၊ ကိုယ်မစားဖူးတော့လည်း
အခေါ်အဝေါ် ဘယ်သိပါ့မလဲ"
"ဒါဆို မနက် ညီမစျေးသွားဖို့ ရှိလား"
"မနက် အိမ်မှာလိုတာ သွားဝယ်ရဦးမယ်"
"ဒါဆို ဆိတ်ကလီစာ ဝယ်ခဲ့ပေးပါဦး၊
မြင့်မြင့်ကို ပိုက်ဆံလာပေးခိုင်းလိုက်တယ်၊
သုံးဆယ်သားလောက်ဆိုရင် ရမယ်ထင်
တယ်"
"တစ်အိမ်လုံး စားဖို့ ဆိုရင် ငါးဆယ်သားလောက်
ဝယ်ပေါ့ "
"စားလို့ ကောင်းလား"
"အစ်မကလည်း စားကောင်းတာပေါ့ "
"ဒါဆို …ငါးဆယ်သားဝယ်ခဲ့၊ ပိုက်ဆံ လာပို့
ခိုင်းလိုက်မယ်"
နောက်နေ့ရောက်တော့ ဆိတ်ကလီစာ ငါးဆယ်
သားကို ဦးစိုးဝင်းတစ်ယောက်တည်းသာ မနက်ည
ကုန်အောင် စားလိုက်တော့သည်။ အမှန်က တစ်
အိမ်သားလုံးစားရန် ချက်ချင်းဖြစ်သည်။ ဦးစိုးဝင်း
ကို ထမင်းဦးစွာ ခူးကျွေးလိုက်ရာ ဟင်းရော ထမင်းပါ
တစ်ပန်းကန်ပြီး တစ်ပန်းကန် တောင်းနေသဖြင့်
ညနေစာအတွက် ဟင်းတစ်ဝက်ကျန်အောင်
မနည်းပြောယူရသည်။
ညနေလေးနာရီခန့် ထမင်းဆာသည်ဆို၍
ကျန်သောဟင်းနှင့် ထမင်းကို ချကျွေးရတော့သည်။
အိမ်သားများ ထိုနေ့က ငါးပိရည်၊ တို့စရာနှင့်သာ
ပြီးလိုက်ကြသည်။ ဆိတ်ကလီစာစားပြီး နောက်နေ့
အတွက် အမဲသားစားချင်သည်ဟု ဆိုပြန်သည်။
အမဲသား ဝယ်ချက်ကျွေးပြန်တော့ နောက်နေ့အတွက်
အသားဟင်းတစ်မျိုး မှာပြန်သည်။
ထိုကဲ့သို့ အစားသောင်းကျန်းလာသည့်အတွက်
မိသားစုအားလုံး မသင်္ကာဖြစ်လာသည်။ ထမင်းတစ်ခါ
စားရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန်မျှ စားသည်။
အိပ်ရာထဲ လဲနေသောရက်က တစ်ရက်၊
နှစ်ရက်နှင့် ခါးနာပျောက်မည်ဟု ထင်ထားသော်လည်း
ယခု တစ်ပတ်ခန့်ရှိပြီ၊ ပျောက်သည် ပုံစံမပြ။
အိပ်ရာအတွင်းမှ မထဘဲ လူမမာတစ်ယောက်
လို နေသည်။ ထမင်းစားမည်ဆိုသည့်အခါသာလျှင်
ရွှင်ရွှင်ပြပြနှင့် ထပြီး စားတော့သည်။ အိပ်ရာထဲ
လဲပြီး ထလာသည့်အခါ ခါးကုန်းပြီး ဇက်က
ပုနေသည်။ ဒေါ်အေးအေးညွန့်က ခါးနာမပျောက်
သေးဟု ထင်နေသည်။
လူကသာ ဇက်ပုနေပေမယ့် အစားစားသောအခါ
ရွှင်ရွှင်ပြပြနှင့် ရောဂါသည်ပုံစံမဟုတ်တော့။ အားရ
ပါးရ စားသောက်ပြီးနောက်၊ ပန်းကန်သိမ်းသွားပြီး
သည်နှင့် လူမမာလို အိပ်ရာထဲ ပြန်လှဲနေတော့
သည်။ တစ်ရက်မှာ ဒေါ်အေးအေးညွန့်ကို ခြေရင်း
အိမ်မှာ ဒေါ်ခင်စိန်က အိမ်သို့ ခေါ်ပြီး…
"အစ်မ စိတ်မဆိုးနဲ့နော်၊ အစ်မရဲ့ ယောင်္ကျား
သင်္ချိုင်းထဲမှာ ချော်လဲပြီး ဖုတ်များ ဝင်နေတာလား၊
နားလည်တဲ့ ဆရာတစ်ယောက်ပင့်ပြီး ပြကြည့်ပါလား"
"အင်း …သူ ထမင်းတွေ၊ ဟင်းတွေ စား
သောက်တာပုံမှန်မဟုတ်တော့ကတည်းက
စိတ်ထဲ မသင်္ကာဖြစ်နေတာ၊ ညည်းယော
င်္ကျားမှာ ဆရာကောင်းကောင်း အဆက်
အသွယ်ရှိရင် ပင့်ခိုင်းပေးပါလား"
ထိုအချိန် ဒေါ်အေးအေးညွန့်၏ အစ်မယောင်္ကျား
ခဲအိုတော်သူ ဦးအောင်တင်ကို မြင်လိုက်သဖြင့်…
"အစ်ကိုကြီး၊ ဘယ်ကိုလဲ"
"နင်တို့ အိမ်ကိုလာတာ၊ စိုးဝင်းသက်သာရဲ့လား၊
လာကြည့်တာ"
"အစ်ကိုကြီး ဒီကို ခဏလောက်"
ဦးအောင်တင် ဝင်လာပြီး ဒေါ်ခင်စိန်တို့အိမ်ရှေ့
ကွပ်ပျစ်မှာ ထိုင်ကြသည်။
"သက်သာလား၊ မသက်သာလား၊ မဝေခွဲတတ်
တော့ပါဘူး၊ တစ်ချိန်လုံး အိပ်ရာပေါ်မှာ စားချိန်
ကျမှ ထစားတယ်၊ စားတဲ့ဟင်းက အမဲသား၊
ကြက်သား၊ ဆိတ်သား၊ ဝက်သား တစ်နေ့တစ်မျိုး
ချက်ခိုင်းနေတာပဲ၊ ချက်သမျှလည်း သူပဲ စား
ပစ်တာ ဟင်းကျန်သေးတယ်ဆိုလည်း သူသိတာပဲ
ဟင်းကျန်လို့ ညရောက်ရင် နင်တို့ ဟင်းခန်ထား
တယ် မဟုတ်လား၊ ငါ့ကို သွားထည့်ပေးဆိုပြီး
ထစားတယ်၊ တစ်ညမှာ အိပ်ချင်ယောင်ဆောင်
နေတုန်း မီးဖိုထဲဝင်သွားပြီး ဟင်းတွေ စားနေတယ်။
ချောင်းဟန့်သံလည်း ပေးလိုက်ရာ ပြန်လာပြီး
အိပ်ရာထဲ အသာလေးဝင်အိပ်နေတယ်"
"အင်း …သူ ထမင်းတွေ၊ ဟင်းတွေ စား
သောက်တာပုံမှန်မဟုတ်တော့ကတည်းက
စိတ်ထဲ မသင်္ကာဖြစ်နေတာ၊ ညည်းယော
င်္ကျားမှာ ဆရာကောင်းကောင်း အဆက်
အသွယ်ရှိရင် ပင့်ခိုင်းပေးပါလား"
ထိုအချိန် ဒေါ်အေးအေးညွန့်၏ အစ်မယောင်္ကျား
ခဲအိုတော်သူ ဦးအောင်တင်ကို မြင်လိုက်သဖြင့်…
"အစ်ကိုကြီး၊ ဘယ်ကိုလဲ"
"နင်တို့ အိမ်ကိုလာတာ၊ စိုးဝင်းသက်သာရဲ့လား၊
လာကြည့်တာ"
"အစ်ကိုကြီး ဒီကို ခဏလောက်"
ဦးအောင်တင် ဝင်လာပြီး ဒေါ်ခင်စိန်တို့အိမ်ရှေ့
ကွပ်ပျစ်မှာ ထိုင်ကြသည်။
"သက်သာလား၊ မသက်သာလား၊ မဝေခွဲတတ်
တော့ပါဘူး၊ တစ်ချိန်လုံး အိပ်ရာပေါ်မှာ စားချိန်
ကျမှ ထစားတယ်၊ စားတဲ့ဟင်းက အမဲသား၊
ကြက်သား၊ ဆိတ်သား၊ ဝက်သား တစ်နေ့တစ်မျိုး
ချက်ခိုင်းနေတာပဲ၊ ချက်သမျှလည်း သူပဲ စား
ပစ်တာ ဟင်းကျန်သေးတယ်ဆိုလည်း သူသိတာပဲ
ဟင်းကျန်လို့ ညရောက်ရင် နင်တို့ ဟင်းခန်ထား
တယ် မဟုတ်လား၊ ငါ့ကို သွားထည့်ပေးဆိုပြီး
ထစားတယ်၊ တစ်ညမှာ အိပ်ချင်ယောင်ဆောင်
နေတုန်း မီးဖိုထဲဝင်သွားပြီး ဟင်းတွေ စားနေတယ်။
ချောင်းဟန့်သံလည်း ပေးလိုက်ရာ ပြန်လာပြီး
အိပ်ရာထဲ အသာလေးဝင်အိပ်နေတယ်"
"ဒါဆို…နင့်ယောင်္ကျားမှာ ဖုတ်ဝင်နေပြီနဲ့တူတယ်"
"ကျမလည်း မသင်္ကာဘူး၊ ဂူပေါ်က
ကျပြီးကတည်းက အိပ်ရာထဲ လဲနေတာ။
အခုထိ ပြန်မကောင်းတော့ဘူး"
"နေဦး …ဒီရောဂါမျိုး ကုသနိုင်တဲ့၊ ဆရာတစ်
ယောက် ငါသိတယ်၊ ပန်းတနော်ကို သွားရမယ်
အဲဒီဆရာနာမည်က ဆရာဦးထက်အောင်ရှိုင်းတဲ့၊
ပန်းတနော်မှာနေတယ် …ငါ ညနေ သွားလိုက်မယ်
ဟိုမှာ ညအိပ်ပြီး မနက် ဆရာပင့်ပြီး ပြန်ခဲ့မယ်"
"အဲဒီဆရာကို မပါ ပါအောင် ပင့်ခဲ့ပါ အစ်ကိုကြီး"
"စိတ်ချ …ဆရာ မတွေလည်း တွေ့အောင်
စောင့်ပြီး ပင့်ပြီး ပြန်ခဲ့မယ် ဒါဆို ငါ နင်တို့
အိမ်ပေါ် မတက်တော့ဘူး၊ ညနေ ငါ ပန်း
တနော်ကို သွားလိုက်မယ် "
"ဟုတ်ကဲ့ "
ဦးအောင်တင် ထွက်သွားပြီးနောက် ဒေါ်အေးအေးညွန့်
လည်း ဒေါ်ခင်စိန်အိမ်မှ ပြန်ခဲ့သည်။
###XX
ဦးအောင်တင်နှင့်အတူ ပန်းတနော်မှ ပယောဂကု
ဆရာ ထက်အောင်ရှိုင်းတို့ နေ့ခင်းတစ်နာရီခန့်
ရောက်လာကြပါသည်။ ဒေါ်အေးအေးညွန့်၏
အိမ်သို့ တစ်ခါတည်း လိုက်ပါလာသည်။ အိမ်
အောက်မှာ ဒေါ်အေးအေးညွန့်နှင့် သားသမီးများ
စကားထိုင်ပြောနေကြသည်။
"ဟော သမီးတို့ဘကြီးနဲ့အတူ ဆရာကြီးပါလာပြီ"
ကွပ်ပျစ်ပေါ်က ဆင်းပြီ…
"အိမ်ပေါ်ကို တစ်ခါတည်း ကြွပါဆရာ"
"စိုးဝင်း ဘာလုပ်နေလဲ၊ အိပ်ရက်ပဲလား"
"သူ အိပ်ပျော်နေတယ် အစ်ကိုကြီး"
"အားလုံး ကွပ်ပျစ်မှာပဲ ထိုင်နေကြပါ၊
ဆရာအိမ်ပေါ်တက်ပြီး အကဲခတ်ကြည့်
လိုက်ဦးမယ်"
ဆရာထက်အောင်ရှိုင်းလည်း အိမ်ပေါ်သို့
လှေကားပေါ် ခြေသံမကြားအောင် နင်းတက်ရင်း
အိပ်နေသော လူနာ ဦးစိုးဝင်းကို အသေအချာ
အကဲခတ်ကြည့်ရှုလိုက်သည်။
"အင်း …အင်း …အင်း"
ဆရာရောက်နေသည်ကို ဦးစိုးဝင်းခန္ဓ္ဓာကိုယ်မှာ
တွယ်ကပ်နေသူသိက သိပုံရသည်။ ခြေသံမကြား
အောင် တက်ခဲ့ပေမယ့် သူသိကြောင်း အသံပြုသည်။
"အင်း ငါထင်တဲ့အတိုင်း မှန်နေပြီ"
ဆရာထက်အောင်ရှိုင်းလည်း အိမ်ပေါ်မှ ပြန်ဆင်း
လာသည်။
"လူနာအသက်ရှိသေးတယ်၊ သိပ်ကံကောင်းတယ်။
ဒီကပ်ပါးကောင် ဥာဏ်များတဲ့အကောင်ပဲ။ကြာရင်
လူနာ လုံးပါး ပါးတော့မယ်"
ဆရာလည်း ဦးအောင်တင် ရှင်းပြထားသဖြင့်
ဦးစိုးဝင်း ယခုကဲ့သို့ အိပ်ရာထဲ လဲသည့်အကြောင်း
အစုံအလင် သိထားပြီး ဖြစ်သည်။
"ဆရာ ကယ်ပေးပါ၊ ဆရာ့ကို အပ်ပါတယ်"
"သင်္ချိုင်းက သရဲတစ်ကောင်က သူ့ခန္ဓ္ဓာမှာ
ပူးကပ်နေပြီး အစားတွေ ကပ်စားနေတာ၊
သူ့ကို နှင်ထုတ်ရင် လူနာရဲ့ အသက်ကို
နှုတ်သွားမှာ စိုးရိမ်ရသလို အခြားသူတွေ
ကိုလည်း ဒုက္ခလိုက်ပေးနိုင်တယ်၊ ဒီတော့
လူနာလည်း အန္တရာယ်ကင်းအောင် သူ့ကို
အုပ်ချုပ်တဲ့ သူဆီသွားပြီး ပြန်ခေါ်ဖို့ တောင်း
ပန်ရမယ်"
"သူ့ကို အုပ်ချုပ်တာ ဘယ်သူပါလဲ ဆရာကြီး"
"သင်္ချိုင်းတွေကို အပိုင်စားရလို့ အုပ်ချုပ်နေတဲ့
မဖဲဝါလေ…သူ့ရဲ့သင်္ချိုင်းကနေပြီး
လူတွေကို လိုက်ပါဒုက္ခပေးနေတဲ့အကြောင်း
မဖဲဝါကို တိုင်ရမှာပေါ့ သူ ဆုံးမပြီး ပြန်ခေါ်လိမ့်မယ်
ကိုယ်တွေ ဘာမှလုပ်စရာ မလိုဘူး၊ သူ့ဟာနဲ့သူ
ပြီးသွားလိမ့်မယ်။ ဦးစိုးဝင်းကို ဒီနေ့ ဘာဟင်း
ချက်ကျွေးထားလဲ"
"မနက်က အမဲသား ဝယ်ပြီး ချက်ကျွေးထားတယ်၊
တစ်ဝက် ညစာ ချန်ထားတယ် "
"ဒါဆို အမဲကကလီစာ ဖြစ်ဖြစ်၊ အခုညနေပိုင်း
ဝယ်ချက်ပေးနိုင်လား"
"ဟုတ်ကဲ့ ရအောင် ဝယ်ချက်ပေးပါမယ့်…ဟဲ့
အေးအေးညွန့် နင့်သမီးကို စျေးလွှတ်လိုက်၊
ညနေသုံးနာရီဆို စျေးပြန်ဖွင့်ပြီ"
"ဟုတ်ကဲ့ …သမီး သွားလိုက်မယ်ဘဘ"
ဆရာက သူဝယ်စေချင်သော အလေးချိန်ကို
သေချာစွာ မှာကြားလိုက်သည်။
"အမဲသားနဲ့ ကလီစာနှစ်မျိုးပေါင်း ငါးဆယ်သား
ဝယ် ထမင်းကို နို့ဆီဗူးနှစ်လုံးချက်"
ထို့နောက် ဦးအောင်တင်အပါအဝင်
ဒေါ်အေးအေးညွန့်တို့အား
"ညရှစ်နာရီကျော်ရင် ဦးအောင်တင်ရယ်။
ကျုပ်ရယ်၊ နတ်ဝင်သည်တစ်ယောက်ရယ်
သင်္ချိုင်းထဲ သွားကြမယ် နတ်ဝင်သည်ကို
အကျိုးအကြောင်း ပြောပြထား၊ ဦးအောင်
တင် လိုက်ရဲတယ် မဟုတ်လား"
"ဟာ …ဆရာပါနေမှာပဲ လိုက်ရဲတာပေါ့"
"ဟင်းချက်ရင် ဒီအိမ်မှာ မချက်နဲ့ "
"ဟုတ်ကဲ့၊ ခြေရင်းက မခင်စိန်တို့အိမ်မှာ
သွားချက်လိုက်ပါ့မယ်"
အားလုံး စီစဉ်ပြီး ညရှစ်နာရီရောက်တော့
ဆရာထက်အောင်ရှိုင်း ဦးဆောင်ပြီ
သင်္ချိုင်းသို့ သွားကြသည် ။ သင်္ချိုင်းအတွင်း
ရောက်တော့ ဆရာက ပါလာသော ထမင်း၊
အမဲသားဟင်းလျာများနှင့် ရေ၊ ဆေးလိပ်
ိတို့ကို ဂူတစ်လုံးပေါ် တင်လိုက်သည်။
နတ်ဝင်သည်အား ဂူဘေးမှ ဒူးထောက်ထိုင်နေစေသည်။
ဆရာ၏ အောင်မြင်သော အသံနှင့် …
"သင်္ချိုင်းအပေါင်း အစိုးရပါသော သင်္ချိုင်းတို့ရဲ့
အရှင် အမေ မဖဲဝါ ရောက်ရာအရပ် ရှိသည့်နေရာမှ
ဤနေရာသို့ အရောက်လာပြီး စားသောက်ဖွယ်ရာ
များကို သုံးဆောင်ပါ မေ မဖဲဝါ ကြွရောက်စားသုံးပါ"
ဆရာစကားဆုံးသည်နှင့် နတ်ဝင်သည်က
တုန်တုန်ရီရီဖြစ်ကာ ဂူပေါ်ခုန်တက်ပြီး…
"ငါလာပြီဟေ့ …ကောင်းတယ်…ငါစားမယ်"
ထမင်းနှင့် ဟင်းတို့ကို အားပါးတရ စားသောက်သည်။
ထိုအချိန်မှာ နတ်ဝင်သည်၏ မျက်နှာက ခက်ထန်
မာကြောနေသည်။ ပလုတ်ပလောင်းစားရင်း
ကုန်ကာနီးသောအခါ …
" က
Address
Yangon
Website
Alerts
Be the first to know and let us send you an email when EYE Opener for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
ကိုဖိုးချစ်ရဲ့နောင်မှရတဲ့နောင်တတွေ ကမ္ဘာပေါ်ကသားသမီးတိုင်းမရပါစေနဲ့ အချိန်မှီသိကြပါစေ
ကိုဖိုးချစ်ရဲ့နောင်မှရတဲ့နောင်တတွေ ကမ္ဘာပေါ်က သားသမီးတိုင်းမရပါစေနဲ့
ခဏအချိန်ပေးပြီးနားထောင်ကြည့်ပါ #တစ်စုံတစ်ခုတော့သင်ရရှိမှာပါ
ခဏအချိန်ပေးပြီးနားထောင်ကြည့်ပါ #တစ်စုံတစ်ခုတော့သင်ရရှိမှာပါ
#နဂါးနီ မြန်မာလူမျိုးတွေအတွက် အဓိပ္ပါယ်ပြည့်ဝပြီး ကျက်သရေရှိစေတဲ့သီချင်းလို့ ယူဆပါတယ်
#နဂါးနီ မြန်မာလူမျိုးတွေအတွက် အဓိပ္ပါယ်ပြည့်ဝပြီး ကျက်သရေရှိစေတဲ့သီချင်းလို့ ယူဆပါတယ်
ချစ်စဖွယ် ဆင်ပေါက်လေးတွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး တခဏတာ ဘဝအမောပြေ ကြည်နူးကြပါစေ
ချစ်စဖွယ် ဆင်ပေါက်လေးတွေရဲ့ လှုပ်ရှားမှုကိုကြည့်ပြီး တခဏတာ ဘဝအမောပြေ ကြည်နူးကြပါစေ
ယနေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ "ကဆုန်လပြည့်နေ့" နေ့ထူးနေ့မြတ်ဖြစ်ပါတယ်
ယနေ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ "ကဆုန်လပြည့်နေ့" နေ့ထူးနေ့မြတ်ဖြစ်ပါတယ်
Shortcuts
Category
Other Media in Yangon
-
Dagon Thiri Street
-
11101
-
Main Road
-
South Okkalapa
-
11231
-
Yangon Airport Road