The Arakan Sport News

  • Home
  • The Arakan Sport News

The Arakan Sport News Arakan Things! Stay tuned.📌

နည်းပြလောကရဲ့ ရယူဖို့ အခက်ခဲဆုံးသော အောင်မြင်မှုများ၁ ။ အိမ်ကွင်း ၉ နှစ်ဆက် ရှုံးပွဲမရှိစံချိန် - ဂျိုဆေး မော်ရင်ညို၂ ။ ...
14/01/2025

နည်းပြလောကရဲ့ ရယူဖို့ အခက်ခဲဆုံးသော အောင်မြင်မှုများ

၁ ။ အိမ်ကွင်း ၉ နှစ်ဆက် ရှုံးပွဲမရှိစံချိန် - ဂျိုဆေး မော်ရင်ညို

၂ ။ ချန်ပီယံလိဂ် ၃ နှစ်ဆက် ချန်ပီယံ - ဇီနဒင် ဇီဒန်း

၃ ။ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် - ကာလို အန်ဆယ်လော့တီ

၄ ။ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ် - ဆာ အဲလက်စ် ဖာဂူဆန်

၅ ။ ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ - ပက် ဂွာဒီယိုလာ



Globe Soccer Awardလက်ရှိကျင်းပနေတဲ့ Globe Soccer Award ဆုပေးပွဲမှာ ရိုနယ်ဒို ဟာ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကို ...
27/12/2024

Globe Soccer Award

လက်ရှိကျင်းပနေတဲ့ Globe Soccer Award ဆုပေးပွဲမှာ ရိုနယ်ဒို ဟာ အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူး ရရှိသွားခဲ့ပါတယ် ။


.

မက်ဆီကိုကြိုက်တာထက် ရော်နယ်ဒိုကိုပိုမုန်းနေကြတာ“လူတော်တော်များများ ရော်နယ်ဒိုကို အသိအမှတ်မပြုကြတာက သူက အရမ်းကြီးရိုးသားပ...
05/12/2024

မက်ဆီကိုကြိုက်တာထက် ရော်နယ်ဒိုကိုပိုမုန်းနေကြတာ

“လူတော်တော်များများ ရော်နယ်ဒိုကို အသိအမှတ်မပြုကြတာက သူက အရမ်းကြီးရိုးသားပြ‌နေတဲ့ကစားသမားမဟုတ်လို့ပါပဲ"
"သူက တခြားကစားသမားတွေလို လွယ်လွယ်အလျှော့မပေးတတ်တဲ့အတွက်ကြောင့်လူတွေက သူ့ကိုမကြိုက်ကြဘူး။ ဒါပေမယ့် ကျနော်လည်း ကလေးဘဝက သူ့လိုရုန်းကန်ခဲ့ရ‌တော့ ရော်နယ်ဒိုရဲ့စိတ်ကို နားလည်ပြီးကိုယ်ချင်းစာတယ်"
"မက်ဆီကပိုကောင်းတယ်လို့ ချီးကျုးနေတဲ့လူအများစုက သူတို့မက်ဆီကိုကြိုက်တာထက် ရော်နယ်ဒိုကို ပိုမုန်းနေကြတာပါ"
"ဒါပေမယ့် ကျွန်နော်ကတော့ ရော်နယ်ဒိုကိုပဲ ကြိုက်တယ်...”

ဒရော့ဘာ(ချဲလ်ဆီးဂန္ဓဝင်တိုက်စစ်မှူး)


 ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်ကြယ်ပွင့်တောင်ပံကစားသမား ဗင်နီစီယပ်စ်သည် ၂၀၂၄ Ballon d'Or ဆုအား ရယူနိုင်မည်ဟု သိရှိထားပြီး...
24/09/2024



ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်ကြယ်ပွင့်တောင်ပံကစားသမား ဗင်နီစီယပ်စ်သည် ၂၀၂၄ Ballon d'Or ဆုအား ရယူနိုင်မည်ဟု သိရှိထားပြီးဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၉)ပွဲကစားရာတွင် ဂိုးပါ၀င်ပတ်သက်မှု (၃၄)ကြိမ် (၂၄ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီး)အထိရှိခဲ့ပြီး အသင်းနှင့်အတူ လာလီဂါ၊ ချန်ပီယံလိဂ်၊ စပိန်စူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုများကိုရယူနိုင်ခဲ့သည်။

Photo: Fabrizio Romano

Ronaldo's road to 𝟵𝟬𝟬 🛣️⚽️🇵🇹 Cristiano Ronaldo ၏ ရာပြည့်သွင်းဂိုးများနှင့် သွင်းယူခဲ့သောပြိုင်ဘက်အသင်းများ 1️⃣0️⃣0️⃣ 🆚 T...
06/09/2024

Ronaldo's road to 𝟵𝟬𝟬 🛣️⚽️

🇵🇹 Cristiano Ronaldo ၏ ရာပြည့်သွင်းဂိုးများနှင့် သွင်းယူခဲ့သောပြိုင်ဘက်အသင်းများ

1️⃣0️⃣0️⃣ 🆚 Tottenham Hotspur (27.1.2008)
2️⃣0️⃣0️⃣ 🆚 Valencia (4.12.2010)
3️⃣0️⃣0️⃣ 🆚 Granada (5.5.2012)
4️⃣0️⃣0️⃣ 🆚 Celta Vigo (6.1.2014)
5️⃣0️⃣0️⃣ 🆚 Malmo (30.9.2015)
6️⃣0️⃣0️⃣ 🆚 Juventus (3.6.2017)
7️⃣0️⃣0️⃣ 🆚 Ukraine (14.10.2019)
8️⃣0️⃣0️⃣ 🆚 Arsenal (2.12.2021)
9️⃣0️⃣0️⃣ 🆚 Croatia (5.9.2024)



29/08/2024

BREAKING ❗

140 goals 🐐🇵🇹⚽

Cristiano Ronaldo recieves his Champions League's all-time top goal scorer award 🥇

BREAKING❗ချန်ပီယံလိဂ်မဲခွဲပွဲအခမ်းအနားတွင် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းဘုရင် စီရော်နယ်လ်ဒိုသည် UEFA Special Awar...
29/08/2024

BREAKING❗

ချန်ပီယံလိဂ်မဲခွဲပွဲအခမ်းအနားတွင် ပြိုင်ပွဲသမိုင်း
တစ်လျှောက် ဂိုးသွင်းဘုရင် စီရော်နယ်လ်ဒိုသည် UEFA Special Awardကို လက်ခံရယူခဲ့သည်။

Photos: B/R Football

UCL မဲခွဲပွဲ ကို ရောက်ရှိလာတဲ့ UCL Legend ကြီးရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေ က ပေးအပ် ချီးမြှင့်မယ့် ပြိုင်ပွဲ သမိုင်း တစ်လျှ...
29/08/2024

UCL မဲခွဲပွဲ ကို ရောက်ရှိလာတဲ့ UCL Legend ကြီး

ရော်နယ်ဒိုဟာ ယူအီးအက်ဖ်အေ က ပေးအပ် ချီးမြှင့်မယ့် ပြိုင်ပွဲ သမိုင်း တစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆုကို လက်ခံ ရယူဖို့ တက်ရောက် လာတာ ဖြစ်ပါတယ် ။


BREAKING!ဝက်ဘစ်ဆာကာ မှ ဝက်ဟမ်းသို့ ပေါင်(15) သန်း။မာဇာရာဝီ မှ ယူနိုက်တက် သို့ ယူရိုသန်း(20) အပိုဆုကြေး အပါအဝင်။ဒီလစ် ရဲ့...
10/08/2024

BREAKING!

ဝက်ဘစ်ဆာကာ မှ ဝက်ဟမ်းသို့ ပေါင်(15) သန်း။

မာဇာရာဝီ မှ ယူနိုက်တက် သို့ ယူရိုသန်း(20) အပိုဆုကြေး အပါအဝင်။

ဒီလစ် ရဲ့ ပြောင်းရွှေ့​ကြေး ယူရို(45)သန်းကို (3)နှစ်ဖြင့် အရစ်ကျ ခွဲပေးမည်ဖြစ်ကြောင်းသိရသည်။


[Fabrizio Romano]

ယူရို ၂၀၂၄ ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်နိုင်မလဲ?ကျနော်ကတော့ Bellingham ဖြစ်ဖို့များတယ်လို့ ထင...
14/07/2024

ယူရို ၂၀၂၄ ရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်နိုင်မလဲ?

ကျနော်ကတော့ Bellingham ဖြစ်ဖို့များတယ်လို့ ထင်တယ်။

“ကမ္ဘာ့ဖလားကြီး ပြီးသွားတော့ ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်ဗျ ။ ဒီဆုံးဖြတ်ချက် ဟာ မက်ဆီ ကျွန်တေ...
13/07/2024

“ကမ္ဘာ့ဖလားကြီး ပြီးသွားတော့ ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်ဗျ ။ ဒီဆုံးဖြတ်ချက် ဟာ မက်ဆီ ကျွန်တော့ဆီ ဖုန်းမခေါ်ခင်အထိ ပြတ်သားနေခဲ့တုန်းပဲ”



“နိုင်ငံ အသင်းက ကျွန်တော့ကို လိုအပ်နေတုန်းပဲ ၊ ကျွန်တော် က အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နေတုန်းပဲလို့ သူက ပြောတယ် ၊ ပြီးတော့ ကျွန်တော့ ဆုံးဖြတ်ချက်ကိုလည်း လေးစားပေမယ့် သူနဲ့ အတူ အာဂျင်တီးနား အတွက် နောက်ဆုံး တစ်ခေါက်လောက် အတူ ကစားဖို့ စိတ်ကူးကို ပြန်ပြင်ပေးစေချင်တယ် လို့လည်း ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ နိုင်ငံ အသင်းအတွက် နောက်ထပ် အောင်မြင်မှုတွေ ပိုရယူပေးဖို့ သူ ဆန္ဒ ရှိနေခဲ့တာပါ”



“ကိုယ့် ခေါင်းဆောင်ကိုယ်တိုင်က တောင်းဆိုလာပြီဆိုရင်တော့ အရာအားလုံးက ပြောင်းလဲသွားပါပြီ ။ မက်ဆီ က ကျွန်တော့ဆုံးဖြတ်ချက်ကို ပြောင်းစေခဲ့တယ် ၊ အခု ကျွန်တော့ ရဲ့ နောက်ဆုံး ဖိုင်နယ်ပွဲ အတွက် အဆင်သင့် ဖြစ်နေပါပြီ”

_Angel Di Maria

လီယိုမက်ဆီ​၏ ( ၃၇ ) နှစ်အတွင်း အချက်အလက် မှတ်တမ်းများ• တစ်ဦးချင်း ဆုတံဆိပ်များBallon d'Or - ( ၈ ) ကြိမ်ဥရောပရွှေဖိနပ်ဆု ...
24/06/2024

လီယိုမက်ဆီ​၏ ( ၃၇ ) နှစ်အတွင်း အချက်အလက် မှတ်တမ်းများ

• တစ်ဦးချင်း ဆုတံဆိပ်များ

Ballon d'Or - ( ၈ ) ကြိမ်
ဥရောပရွှေဖိနပ်ဆု - ( ၆ ) ကြိမ်
IFFHS ကမ္ဘာ့အကောင်းဆုံး Playmaker ဆု - ( ၅ ) ကြိမ်
ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၂ ) ကြိမ်
ကမ္ဘာ့ဖလား ငွေဖိနပ် - ( ၁ ) ကြိမ်
FIFA ကလပ်ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၂ ) ကြိမ်
FIFA ကလပ်ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု - ( ၂ ) ကြိမ်
FIFA U20 ကမ္ဘာ့ဖလား ရွှေဘောလုံးဆု - ( ၁ ) ကြိမ်
FIFA U20 ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု - ( ၁ ) ကြိမ်
ကိုပါအမေရိကရွှေဘောလုံးဆု - ( ၂ ) ကြိမ်
ကိုပါအမေရိကရွှေဖိနပ်ဆု - ( ၁ ) ကြိမ်
ကိုပါအမေရိက အကောင်းဆုံး လူငယ်ကစားသမားဆု - ( ၁ ) ကြိမ်
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမား ( ၆ ) ကြိမ်
ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆု - ( ၆ ) ကြိမ်
လာလီဂါဂိုးသွင်းဘုရင်ဆု - ( ၈ ) ကြိမ်
Golden Boy ဆု - ( ၁ ) ကြိမ်
Laureus ကမ္ဘာ့အကောင်းဆုံး အားကစားသမားဆု - ( ၂ ) ကြိမ်
လာလီဂါ အကောင်းဆုံးကစားသမားဆု - ( ၆ ) ကြိမ်
လာလီဂါ အကောင်းဆုံး တိုက်စစ်မှူးဆု - ( ၇ ) ကြိမ်
UEFA အကောင်းဆုံးကစားသမားဆု - ( ၂ ) ကြိမ်
UEFA အကောင်းဆုံး တိုက်စစ်မှူးဆု - ( ၂ ) ကြိမ်
FIFPro တစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆု - ( ၁ ) ကြိမ်
FIFPro ကမ္ဘာ့အကောင်းဆုံးအသင်း၌ ပါဝင်မှု - ( ၁၇ ) ကြိမ်
FIFA Puskas ဆု ဆန်ခါတင် ပါဝင်မှု - ( ၇ ) ကြိမ်
UEFA တစ်ရာသီ အကောင်းဆုံး သွင်းဂိုးဆု - ( ၄ ) ကြိမ်
IFFHS ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု - ( ၁ ) ကြိမ်
IFFHS ဆယ်စုနှစ်​အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု - ( ၁ ) ကြိမ်
IFFHS ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး Playmaker ဆု - ( ၁ ) ကြိမ်
IFFHS ကမ္ဘာ့သွင်းဂိုးအများဆုံးဆု - ( ၂ ) ကြိမ်
IFFHS နိုင်ငံတကာသွင်းဂိုးရှင်ဆု - ( ၃ ) ကြိမ်
IFFHS ဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာသွင်းဂိုးရှင် - ( ၁ ) ကြိမ်
IFFHS ကလပ်အသင်းတစ်သင်းအတွက် ကမ္ဘာ့အကောင်းဆုံး ထာဝရဂိုးသွင်းရှင်ဆု - ( ၁ ) ကြိမ်
IFFHS အကောင်းဆုံးတောင်အမေရိက ကစားသမားဆု - ( ၃ ) ကြိမ်
IFFHS ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ပါဝင်မှု - ( ၆ ) ကြိမ်
တစ်နှစ်တာ အကောင်းဆုံး အာဂျင်တီးနားကစားသမားဆု - ( ၁၅ ) ကြိမ်
တစ်နှစ်တာ အကောင်းဆုံး အာဂျင်တီးနား အားကစားသမားဆု - ( ၃ ) ကြိမ်
ဆယ်စုနှစ်အတွင်း အကောင်းဆုံး အာဂျင်တီးနား အားကစားသမားဆု - ( ၁ ) ကြိမ်
TIME တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆု - ( ၁ ) ကြိမ်

• တစ်ဦးချင်း စံချိန်များ

- ကမ္ဘာ့ဖလား ရွှေဘောလုံးဆုကို နှစ်ကြိမ်ရရှိဖူးသည့် တစ်ဦးတည်းသော ကစားသမား
- ကမ္ဘာ့ဖလားတွင် ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမား ( ၂၁ ဂိုး )
- ကမ္ဘာ့ဖလားအတွင်း ပွဲအရေအတွက်အများဆုံး ဂိုးသွင်းယူနိုင်သော ကစားသမား ( ၁၁ ပွဲ )
- ကမ္ဘာ့ဖလားတွင် MOTM ရရှိမှု အများဆုံး ကစားသမား ( ၁၁ ကြိမ် )
- ကမ္ဘာ့ဖလားတစ်ကြိမ်အတွင်း MOTM ရရှိမှု အများဆုံးကစားသမား ( ၅ ကြိမ် - ၂၀၂၂ )
- ကမ္ဘာ့ဖလား​၏ အဆင့်တိုင်း(အုပ်စု+၁၆သင်း+ကွာတား+ဆီမီး+ဖိုင်နယ်)တွင် MOTM နှင့် သွင်းဂိုး ရယူသော ကစားသမား
- ကမ္ဘာ့ဖလားဖိုင်နယ်တွင် ဆယ်ကျော်သက် ၊ နှစ်ဆယ်ကျော် ၊ သုံးဆယ်ကျော်အရွယ်တို့၌ ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား
- ကမ္ဘာ့ဖလားတွင် ၅ ဂိုး ၊ ၆ ဂိုး ၊ ၇ ဂိုး သွင်းယူနိုင်သည့် အသက်အကြီးဆုံး တစ်ဦးတည်းသော ကစားသမား
- ကမ္ဘာ့ဖလားတစ်ကြိမ်တည်းတွင် သွင်းဂိုးနှင့် ဖန်တီးမှုပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးနှင့် အကြီးဆုံးကစားသမား
- ကလပ်ကမ္ဘာ့ဖလား ရွှေဘောလုံးဆု အများဆုံးကစားသမား ( ၂ ကြိမ် )
- Lauerus Sprotsman ဆုကို နှစ်ကြိမ်ရရှိဖူးသည့် တစ်ဦးတည်းသော ဘောလုံးသမားနှင့် အသင်းလိုက် အားကစားသမား
- နိုင်ငံတကာပြိုင်ပွဲသမိုင်းတွင် အကောင်းဆုံး ကစားသမားဆု အများဆုံးရရှိသည့် တစ်ဦးတည်းသော ကစားသမား ( ၄ ကြိမ် )
- နိုင်ငံတကာပြိုင်ပွဲတွင် တစ်ဦးချင်းဆုတံဆိပ် အများဆုံးရရှိသည့် ကစားသမား ( ၆ ကြိမ် )
- နိုင်ငံတကာပြိုင်ပွဲတွင် Best Player , Golden Boot , MOTM အများဆုံးနှင့် ဆုဖလားရရှိသည့် တစ်ဦးတည်းသော ကစားသမား
- အောင်မြင်သော လိမ်ခေါက်ဖြတ်ကျော်မှု အများဆုံး ကစားသမား
- နိုင်ငံတကာ Major Tourတို့တွင် သွင်းဂိုးအများဆုံး ကစားသမား - ၂၆ ဂိုး ( ကမ္ဘာ့ဖလားနှင့် အခြားအဓိကဖလား )
- နိုင်ငံတကာ Major Tourတို့တွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမား ( ၅၂ ) ဂိုး
- နိုင်ငံတကာ Major Tour တို့တွင် MOTM အများဆုံး ကစားသမား ( Copa America - 14 + World Cup - 11 )
- နိုင်ငံတကာ Major Tour တို့တွင် ဂိုးဖန်တီးမှု အများဆုံး ကစားသမား ( ၂၆ ) ဂိုး
- ဥရောပကလပ်အသင်းအတွက် သွင်းဂိုးအများဆုံး ကစားသမား ( ၇၀၄ ) ဂိုး
- ဥရောပ ရွှေဖိနပ်ဆု ဆက်တိုက်ရရှိသည့်အကြိမ်ရေ အများဆုံး ကစားသမား ( ၃ ကြိမ် )
- ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုသမိုင်းတွင် ဂိုးသွင်းအများဆုံးဆု ရရှိသည့် အကြိမ်ရေအများဆုံး ကစားသမား ( ၈ ကြိမ် )
- ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုတွင် ( ၁၃ ) ရာသီဆက် ဂိုး ( ၂၀ ) အထက် သွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား
- ဥရောပ ထိပ်ဆုံးလိဂ် ၅ ခုတွင် မတူညီသော ( ၉ ) ရာသီ၌ ဂိုး ( ၃၀ ) အထက် သွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား
- ဥရောပ လိဂ်တို့​၏ သမိုင်းတစ်လျှောက် လိဂ်သွင်းဂိုးအများဆုံး ကစားသမား ( ၄၉၆ ဂိုး )
- ချန်ပီယံလိဂ် သွင်းဂိုး ( ၁၀၀ ) ပြည့်ရန် ပွဲအနည်းဆုံး ကစားခဲ့သော ကစားသမား
- ချန်ပီယံလိဂ် ဟက်ထရစ် အများဆုံး ကစားသမားနှစ်ဦးထဲမှ တစ်ဦး ( ၈ ကြိမ် )
- ချန်ပီယံလိဂ် ပွဲတစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၅ ဂိုး )
- ချန်ပီယံလိဂ် ကွာတာဖိုင်နယ်တစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၄ ဂိုး )
- ချန်ပီယံလိဂ် 16 ရှုံးထွက်တစ်ပွဲအတွင်း သွင်းဂိုးအများဆုံး ကစားသမား ( ၆ ) ဂိုး
- ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၂၉ ဂိုး )
- ချန်ပီယံလိဂ် ၁၈ ရာသီဆက် ဂိုးသွင်းယူနိုင်သော ကစားသမား ( ဘန်ဇီမာနှင့်တူ )
- ပြက္ခဒိန်နှစ် ( ၁၈ ) နှစ်ဆက် ချန်ပီယံလိဂ် သွင်းဂိုးရယူနိုင်သော ကစားသမား
- ချန်ပီယံလိဂ် ( ၁၅ ) ရာသီဆက် ဂိုးသွင်းယူနိုင်သော ပထမဆုံး ကစားသမား
- ချန်ပီယံလိဂ် အသင်းအရေအတွက် အများဆုံးကို ဂိုးသွင်းယူနိုင်သည့် ကစားသမား ( အသင်း ၄၀ )
- ဥရောပ လိဂ် ၅ ခု၌ ပြက္ခဒိန်တစ်နှစ် နှင့် တစ်ရာသီအတွင်း လိဂ်ဂိုးအများဆုံး သွင်းယူနိုင်သော ကစားသမား
- UEFA Super Cup တွင် ဖရီးကစ်သွင်းဂိုး အများဆုံး ကစားသမား
- FIFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မတူညီသော ဆယ်စုနှစ်သုံးခုမှာ ရရှိခဲ့သူ
- Ballon d'Or ဆက်တိုက်ရရှိမှု အများဆုံး ကစားသမား ( ၄ ကြိမ် )
- Ballon d'or နောက်ဆုံး ဆန်ခါတင် သုံးဦး၌ ပါဝင်မှု အများဆုံးကစားသမား ( ၁၄ ကြိမ် )
- မတူညီသော ဆယ်စုနှစ်သုံးခုမှာ Ballon d'Or ရရှိခဲ့သည့် တစ်ဦးတည်းသော ကစားသမား
- ပထမဆုံး နှင့် နောက်ဆုံး Ballon d'Or ရရှိသည့် ကာလအရှည်ကြာဆုံး ကစားသမား ( ၁၄ နှစ် )
- ပြက္ခဒိန်တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့သူ ( ၉၁ ဂိုး )
- ပြက္ခဒိန်တစ်နှစ်အတွင်း ကလပ်အသင်းပွဲစဉ်များတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၇၉ ) ဂိုး
- လိဂ်ပွဲစဉ် ( ၂၁ ) ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်သော ကစားသမား - ၃၃ ဂိုး ( အများဆုံး )
- ကလပ်အသင်းတစ်သင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူခဲ့သူ ( ၆၇၂ ဂိုး )
- နိုင်ငံနှင့် ကလပ်အသင်းအတွက် မတူညီသော ပြက္ခဒိန်နှစ် ( ၉ ) နှစ်အတွင်း ဂိုး ( ၅၀ ) အထက် သွင်းယူနိုင်ခဲ့သည့် တစ်ဦးတည်းသော ကစားသမား
- ပြက္ခဒိန်တစ်နှစ် / ဘောလုံးတစ်ရာသီ အတွင်း မတူညီသော ပြိုင်ပွဲ ( ၆ ) ခု၌ ဂိုးသွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမား ( ၂ ကြိမ် )
- ပြက္ခဒိန်တစ်နှစ်အတွင်း မတူညီသော ပြိုင်ပွဲ ( ၆ ) ခု၌ ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် တစ်ဦးတည်းသော ကစားသမား
- ကမ္ဘာ့ဖလားရွှေဘောလုံးဆုရရှိခဲ့သည့် အသက်အကြီးဆုံး ကစားသမား
- လာလီဂါသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ၊ ဂိုးဖန်တီးမှုအများဆုံး ၊ ဟက်ထရစ်အများဆုံး ၊ ဖရီးကစ်ဂိုးအများဆုံး ၊ ပီချီချီဆု အများဆုံး ကစားသမား
- အယ်ကလက်စီကိုပွဲများတွင် သွင်းဂိုးအများဆုံး ၊ ဟက်ထရစ်အများဆုံး ကစားသမား
- ပြင်သစ်လီဂူးတွင် တစ်နှစ်အတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်သည့် ကစားသမား ( ၂၀ ဂိုး )
- FIFA အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်သည့် တစ်ဦးတည်းသော PSG ကစားသမား
- အာဂျင်တီးနားအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ၊ ဂိုးဖန်တီးမှုအများဆုံး ၊ ဖရီးကစ်ဂိုးအများဆုံး ၊ ဟက်ထရစ်အများဆုံး ကစားသမား
- တောင်အမေရိကအသင်းအားလုံးကို ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော ကစားသမား
- အာဂျင်တီးနားအသင်း​၏ ကမ္ဘာ့ဖလားပွဲများတွင် သွင်းဂိုးအများဆုံး ကစားသမား ( ၁၃ ဂိုး )
- အာဂျင်တီးနားအသင်း​၏ ကမ္ဘာ့ဖလားပွဲများတွင် ဂိုးဖန်တီးမှုအများဆုံး ကစားသမား - ၈ ဂိုး ( မာရာဒိုနာနှင့်အတူ )
- ကမ္ဘာ့ဖလား ၅ ကြိမ်နှင့် ၆ ကြိမ်တွင် ဂိုးသွင်းယူနိုင်သည့် တစ်ဦးတည်းသော အာဂျင်တီးနားကစားသမား
- နိုင်ငံတကာ သွင်းဂိုးအများဆုံး တောင်အမေရိက ကစားသမား
- တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သွင်းဂိုးအများဆုံးကစားသမား
- ကိုပါအမေရိကသမိုင်းတွင် ဂိုးဖန်တီးမှု အများဆုံး ကစားသမား
- ကိုပါအမေရိကသမိုင်းတွင် ဖရီးကစ်ဂိုးအများဆုံး ကစားသမား
- ကိုပါအမေရိကသမိုင်းတွင် MOTM အများဆုံး ကစားသမား
- ဆုဖလား အများဆုံးဆွတ်ခူးနိုင်သည့် ကစားသမား ( ၄၄ လုံး )
- ဘောလုံးသမိုင်းတွင် ဂိုးပါဝင်ပတ်သက်မှု ၁၀၀၀ နှင့် ၁၁၀၀ ပြည့်မြောက်သည့် ပထမဆုံး ကစားသမား

• တစ်ဦးချင်းစွမ်းဆောင်ရည်များ

ပွဲပေါင်း - ( ၁၀၆၅ ) ပွဲ
သွင်းဂိုး - ( ၈၃၇ ) ဂိုး
ဂိုးဖန်တီးမှု - ( ၃၇၄ ) ကြိမ်
တစ်ပွဲပျမ်းမျှသွင်းဂိုး - ( ၀.၇၉ ) ဂိုး
ဂိုးပါဝင်ပတ်သတ်မှုတစ်ခုပြုလုပ်ရန်အတွက် လိုအပ်ချိန် - ( ၇၂.၂ ) မိနစ်
ကစားခဲ့သည့် မိနစ်ပေါင်း - ( ၈၇,၄၉၂ ) မိနစ်
တစ်ဂိုးသွင်းရန် လိုအပ်ချိန် - ( ၁၀၄.၅ ) မိနစ်
ဟက်ထရစ် - ( ၅၇ ) ကြိမ်

ပင်နယ်တီ - ( ၁၀၉ ) ဂိုး
ဖရီးကစ် - ( ၆၅ ) ဂိုး
ဂိုးဧရိယာပြင်ပမှ သွင်းဂိုး - ( ၉၅ ) ဂိုး
ဂိုးဧရိယာအတွင်းမှ သွင်းဂိုး - ( ၅၆၈ ) ဂိုး
ဘယ်ခြေဖြင့်သွင်းဂိုး - ( ၇၀၁ ) ဂိုး
ညာခြေဖြင့်သွင်းဂိုး - ( ၁၀၅ ) ဂိုး
ခေါင်းတိုက်ဂိုး - ( ၂၇ ) ဂိုး
အခြားကိုယ်ခန္ဓာအစိတ်အပိုင်းဖြင့် သွင်းဂိုး - ( ၄ ) ဂိုး
Man Of The Match - ( 395 ) ပွဲ

• အသင်းလိုက် အောင်မြင်မှုများ

- ကမ္ဘာ့ဖလား ( ၁ ) ကြိမ်
- ကိုပါအမေရိက ( ၁ ) ကြိမ်
- Finalissima ( ၁ ) ကြိမ်
- ယူ၂၀ကမ္ဘာ့ဖလား ( ၁ ) ကြိမ်
- အိုလံပစ် ရွှေတံဆိပ် ( ၁ ) ကြိမ်
- ချန်ပီယံလိဂ် ( ၄ ) ကြိမ်
- လာလီဂါ ( ၁၀ ) ကြိမ်
- ကိုပါဒယ်ရေး ( ၇ ) ကြိမ်
- စပိန်စူပါဖလား ( ၉ ) ကြိမ်
- UEFA Super Cup ( ၃ ) ကြိမ်
- ကလပ်ကမ္ဘာ့ဖလား ( ၃ ) ကြိမ်
- မေဂျာလိဂ် League Cup ( ၁ ) ကြိမ်
- ကလပ်အသင်းနှင့် Treble ( ၂ ) ကြိမ်
- နိုင်ငံအသင်းနှင့် Treble ( ၁ ) ကြိမ်
- ကမ္ဘာ့ဖလား ဒုတိယဆု ( ၁ ) ကြိမ်
- ကိုပါအမေရိက ဒုတိယဆု ( ၃ ) ကြိမ်
- ကိုပါအမေရိက တတိယဆု ( ၁ ) ကြိမ်
- ပြင်သစ်စူပါဖလား ( ၁ ) ကြိမ်
- ပြင်သစ်လီဂူးဖလား ( ၂ ) ကြိမ်

( Record တစ်ဝက်လောက်နဲ့ လာလီဂါ စံချိန်အများစုကို ချန်ခဲ့ပါတယ်။ ထင်သာမြင်သာရှိမယ့် အချက်အလက်တချို့ကိုသာ စုစည်းဖော်ပြထားပါတယ် ၊ အကုန်လုံးကိုသာ ချရေးရရင် မလွယ်ပါဘူး )


အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်ကိုအလိုအလျောက်ရရှိသွားခဲ့ပြီး လာမယ့်နှစ်ယူရိုပါလိဂ်ပြိုင်ပ...
25/05/2024

အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်ကိုအလိုအလျောက်ရရှိသွားခဲ့ပြီး လာမယ့်နှစ်ယူရိုပါလိဂ်ပြိုင်ပွဲကို စပါးစ်အသင်းနဲ့အတူဝင်ရောက်ယှဥ်ပြိုင်ခွင့်လက်မှတ်ရရှိသွားခဲ့ပါတယ်။

အမှတ်ပေးဇယားရပ်တည်မှုအရ ယူရိုပါလိဂ်ဝင်ခွင့်ရပြီးသားဖြစ်တဲ့ချဲလ်ဆီးအသင်းကတော့ ယူနိုက်တက်ကြောင့် ယူရိုပါကွန်းဖရင့်လိဂ်ကိုပြောင်းကန်ရမှာဖြစ်ပါတယ်။


BREAKING❗ မန်စီးတီး ကစားသမားတွေ လွှမ်းမိုးခဲ့ပေမယ့် ရိုဒရီ ပါဝင်ခြင်း မရှိတဲ့ FIFAPro Men's World XI
16/01/2024

BREAKING❗
မန်စီးတီး ကစားသမားတွေ လွှမ်းမိုးခဲ့ပေမယ့် ရိုဒရီ ပါဝင်ခြင်း မရှိတဲ့ FIFAPro Men's World XI

BREAKING❗၂၀၂၃ ခုနှစ် အတွက် ဖီဖာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမား အဖြစ် ရွေးချယ်ခံရတဲ့ မက်ဆီ
16/01/2024

BREAKING❗
၂၀၂၃ ခုနှစ် အတွက် ဖီဖာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ကစားသမား အဖြစ် ရွေးချယ်ခံရတဲ့ မက်ဆီ

Congratulations Haaland👏👏👏OFFICIAL :   မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အားလင်း ဟာလန်းဟာ အမ်ဘာပေ (ဒုတိယ) ၊ မက်ဆီ (...
27/12/2023

Congratulations Haaland👏👏👏

OFFICIAL :

မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အားလင်း ဟာလန်းဟာ အမ်ဘာပေ (ဒုတိယ) ၊ မက်ဆီ (တတိိယ) တို့ကို ကျော်ဖြတ်ပြီး 2023 အတွက် IFFHS ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါပြီ ။

1️⃣ Erling Haaland (208 points)

2️⃣ Kylian Mbappe (105 points)

3️⃣ Lionel Messi (85 points)

4️⃣ Rodri (55 points)

5️⃣ Jude Bellingham (34 points)

6️⃣ Kevin De Bruyne (27 points)

7️⃣ Harry Kane (18 points)

8️⃣ Bernardo Silva (9 points)

9️⃣ Vinicius (8 points)

🔟 Lautaro Martinez (7 points)

အမှတ်ကတော့ အပြတ်အသတ်ကွာနေခဲ့ပါတယ် ။

ရော်နယ်ဒိုရဲ့ ၂၀၂၃ ရာသီ သွင်းဂိုး၅၈ ပွဲကစား၅၃ ဂိုးသွင်း 🐐
27/12/2023

ရော်နယ်ဒိုရဲ့ ၂၀၂၃ ရာသီ သွင်းဂိုး
၅၈ ပွဲကစား
၅၃ ဂိုးသွင်း
🐐

၂၀၂၃ သွင်းဂိုးအများဆုံးက ဘယ်သူ ဖြစ်နိုင်မလဲ?
25/12/2023

၂၀၂၃ သွင်းဂိုးအများဆုံးက ဘယ်သူ ဖြစ်နိုင်မလဲ?

Address


Alerts

Be the first to know and let us send you an email when The Arakan Sport News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share